← Chapters

ဗောဓိပင်အောက်တွင်ကျင့်ကြံရန်

Vol. 9 Ch. 889

ဗောဓိပင်အောက်တွင်ကျင့်ကြံရန်

Vol. 9 Ch. 889

ဆန်းလျန်က "မိုးကောင်းကင်လမ်းစဉ်ကို ကုသိုလ် အကုသိုလ်အတိုင်း ပြည့်စုံစေရပါမယ်" ဆိုသည့်စကားကို ပြောခဲ့လေသည်။

တကယ်တော့ ခေတ်အဆက်ဆက် ၊ အချိန်ကာလတစ်လျှောက်လုံး သက်ရှိအားလုံး ဖြစ်စေချင်သည့် ဆန္ဒမှာ ထိုစကားအတိုင်းပင် ဖြစ်လေသည်။

ထို့ပြင် ရဲ့လျိုယွင်၏ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုလည်း ဖြစ်လေ၏။

ရဲ့လျိုယွင်က ဆန်းလျန်ကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး…

"မင်းဘက်က သင့်တော်တဲ့ကျေးဇူးပြုမှုကိုလုပ်ပေးချင်တယ်ဆိုရင်တော့ မင်းအတွက် သိပ်လွယ်မယ် မထင်ဘူး…"

ဆန်းလျန်က သိမ်မွေ့သည့်လေသံဖြင့်…

"ဖြစ်နိုင်ပါတယ်…"

ရဲ့လျိုယွင်က ပြုံးလိုက်ရင်း…

"မင်း ကျုပ်ကိုကူညီပြီး တိကျန်ဗောဓိသကျကို တားဆီးပေးပါ ၊ သူက အသူရာချောက်ကို လူ့လောက ကနေ ခွဲထုတ်ပြီးသီးခြားရပ်တည်ချင်တာ ၊ သူ့ရဲ့ ကြီးမားတဲ့စွမ်းအားနဲ့ဆိုရင်  အချိန်ရေစီးကြောင်းကို ဖြတ်ကျော်ပြီး အတိတ်တစ်ချိန်က သူ့ရဲ့ မူလခန္ဓာကို ပြန်ပြီးရှာဖွေလိမ့်မယ် ၊ သူသာ ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်သွားနိုင်ရင် မင်းထက်တောင် သာသွားဦးမှာကို ကျုပ် စိတ်ပူနေတာ…"

ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…

"အဲဒါကြောင့်ပဲ ဒီလောကကို နည်းနည်းလေးပိုကောင်းလာဖို့ ကျုပ်က မျှော်လင့်မိတာပါ…"

ရဲ့လျိုယွင်က…

"ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ၊ မင်းတို့တွေထဲက တစ်ယောက်ယောက်က သံသရာကိုကျော်လွန်ပြီး တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သွားရင် အခု စကြာဝဠာကြီးလည်း ပျက်စီးသွားမှာပဲ ၊ အရာအားလုံးလည်း အဆုံးသတ်သွားမှာပဲ မဟုတ်လား…"

ဆန်းလျန်က…

"တကယ်တော့ အဲဒါ ခန့်မှန်းချက်တစ်ခုပဲ မဟုတ်ဘူးလား ၊ ဘယ်သူမှ အတိအကျ မသိနိုင်ဘူး ၊ တာအိုဆရာသခင်ကြီး (၉)ပါးပေါ်ထွက်လာရင် စကြာဝဠာကြီး တကယ်ပျက်စီးသွားမယ်ဆိုတာ အပြောဘဲရှိတာ ၊ ဘာသက်သေမှ မသိဘူး ၊ ဘယ်သူမှလည်း အမှန်ကို မသိနိုင်ဘူး ၊ ဘာမှ သေချာတာတွေလည်း မဟုတ်ဘူး…"

ရဲ့လျိုယွင်က…

"အင်း… ဒါတော့ အမှန်ပဲ ၊ ဒါနဲ့ မင်းအကြံတွေကို ပြောပြပါဦး…"

စကားပြောနေရင်းဖြင့်ပင် ရဲ့လျိုယွင် ဒေါသပြေသွားလေသည်။ သူဆန်းလျန်ကို သိပ်ပြီး ဒေါသထွက်မနေတော့ပေ။

လက်ရှိအချိန်အထိ ကျင့်ကြံခဲ့ပြီးမှတော့ သူ့စိတ်ကိုသူ ထိန်းချုပ်နိုင်စွမ်း မရှိစရာလည်း အကြောင်းမရှိပေ။ အချို့အရာများက အမှန်တရားဖြစ်ပြီ ၊ အချို့အရာများကတော့ လုပ်ဆောင်ချက် ဖြစ်လေသည်။ ထိုအကြောင်းများကို အနည်းနှင့်အများတော့ သူလည်းသိရှိထားလေသည်။

ဆန်းလျန်က…

"ဟမ်ချွမ်နတ်ဆိုးဂိုဏ်းဟာ တကယ်တော့ တာအိုဆရာသခင်ငရဲလမ်း တည်ထောင်ခဲ့တဲ့ ဂိုဏ်းပဲ ၊ ဒါနဲ့ စကားမစပ် မင်း ငရဲလမ်းဓားကိုတော့ ဘယ်တော့မှ ပြန်ရဖို့ မမျှော်လင့်နဲ့တော့ ၊ ကျုပ် အဲဒီဓားကို ကျောက်ရှောင်ယွီကို ပေးလိုက်ပြီ ၊ ပြီးတော့ အခု မင်းဆီမှာလည်း တခြားလက်နက်တစ်ခု ရှိနေပြီမဟုတ်လား ၊ မင်းမှာသာ လက်နက်မရှိရင် တုန်းဟွာတောက်ကျွင်းနဲ့ ထိုက်ယိလို့ခေါ်တဲ့ ယီနတ်ဘုရားရဲ့ ကိုယ်ခွဲဉာဏ်စဉ်တွေအကုန်လုံး မင်းဆီလာပြီး တိုက်ခိုက်ကြမှာပဲ ၊ အဲဒါဆို ပြဿနာတွေရှင်းလို့ရမှာ မဟုတ်တော့ဘူး ၊ ပြီးတော့ အဲဒီကိုယ်ခွဲတွေကလည်း မင်းနဲ့ သက်ဆိုင်တဲ့သူတွေပဲ ၊ မင်းတင်မဟုတ်ဘူး ၊ ချင်းတိဧကရာဇ်နဲ့လည်း သက်ဆိုင်တယ် မဟုတ်လား ၊ မင်းလည်း သူတို့နဲ့ရုန်းကန်နေရရင်းနဲ့ ဘယ်တော့မှ အောင်မြင်မှုရမှာ မဟုတ်တော့ဘူး…"

ရဲ့လျိုယွင်က…

"ဒါဖြင့် မင်းက ဘာလုပ်ဖို့ စီစဉ်ထားလဲ…"

ဆန်းလျန်က…

"တကယ်တော့ ကျုပ်က မင်းကို ဖန်သားကောင်းကင်ဘုံကိုရော ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင်သခင်ဆိုတဲ့ရာထူးကိုရော ပေးလိုက်လို့ ရပါတယ် ၊ ဒါပေမဲ့ မင်းအခု အဲဒါတွေရသွားလည်း အလုပ်ဖြစ်မှာမဟုတ်ဘူး ၊ ကျုပ်က အသုံးဝင်နေတုန်းပဲ…"

ဆန်းလျန်က ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

"အခု မင်းက အရင်ဘဝက ချင်းတိဧကရာဇ်ဖြစ်ခဲ့တယ်ဆိုတာ ပြန်မှတ်မိနေပြီ မဟုတ်လား ၊ ပြီးတော့ ကျုပ်ကလည်း အရင်ကလောက် တန်ခိုးစွမ်းအားတွေ ပြန်မရသေးဘူး ၊ တကယ်တော့ လင်ပေါင်ထျန်းကျွင်း ၊ ထိုက်စန့်လောင်ကျွင်း ၊ တာအိုဆရာသခင်ထိုက်ယီတို့လိုမျိုး ပြီးပြည့်စုံတဲ့ ဟွင့်ယွမ်ဝူကျီအဆင့်ကိုလည်း ကျုပ် မတက်ရောက်နိုင်သေးဘူး ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ကျုပ် လင်စန်းတောင်ကိုသွားပြီး အကြောင်းအကျိုးနဲ့ ပတ်သက်တဲ့ ကျင့်စဉ်တွေကို သိခဲ့ရတယ် ၊ ဒါပေမဲ့ ကျုပ်က ဖတ်ပဲဖတ်ခဲ့ရတာ ၊ ယူသွားလို့ မရခဲ့ဘူး ၊ အဲဒီတုန်းက ကျုပ်က ဟွင့်ယွမ်ဝူကျီအဆင့်ဆိုတော့ အဲဒီ ကျင့်စဉ်ရဲ့ အနှစ်သာရကို ချက်ချင်းနားလည်ခဲ့တယ် ၊ ကျုပ်နားလည်သမျှကိုလည်း ပြန်ပြီး အသုံးချနိုင်ခဲ့တယ် ၊ ဒါပေမဲ့ အခုတော့ ကျုပ်အဆင့်က အဲဒီအဆင့် မဟုတ်တော့ဘူး ၊ ဒါကြောင့် အကြောင်းအကျိုးနဲ့ပတ်သက်တဲ့ကျင့်စ်သတွေကို ကျုပ် အပြည့်အဝပြန်ပြီး နားမလည်နိုင်တော့ဘူး…"

"အဲဒါကြောင့် ကျုပ် သုခဘုံကို သွားဖို့ လုပ်နေတာ ၊ အဲဒီ အကြောင်းအကျိုးနဲ့ပတ်သက်တဲ့ ကျင့်စဉ်ကို ပြန်သိချင်လို့ ၊ ပြီးတော့ ဗောဓိပင်အောက်မှာ (၄၉)ရက်တိတိ အာလာယဝိညာဏတရားကို ဆင်ခြင်သုံးသပ်ပြီးရင် ကျုပ်အဆင့်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကလို ပြန်ဖြစ်သွားလိမ့်မယ်…"

"သုခဘုံကို သွားဖို့က မခက်ပါဘူး ၊ ဒါပေမဲ့ ဗောဓိပင်အောက်မှာ (၄၉)ရက်တိတိ ကျင့်ကြံဖို့က အခက်အခဲရှိနိုင်တယ်…"

"အဲဒါကြောင့် အရင်ဆုံး မင်း ကျုပ်ကို ကူညီပါကွာ ၊ ကျုပ် သုခဘုံကို သွားတဲ့အခါ တာအိုဆရာယွိတင်နဲ့ ရွှမ်တုတောက်ကျွင်းတို့က နှောက်ယှက်ကြမယ်ဆိုရင် မင်းက ကာကွယ်ပေးပါ…"

ရဲ့လျိုယွင် စိတ်ထဲမှ နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။ ဒီဆန်းလျန် သူ့ထံသို့ ရောက်လာသည်က အသားလိုလို့ အရိုးတောင်းခြင်းပေပဲ။

ရဲ့လျိုယွင်က…

"မင်းကို ကူညီဖို့ ကျုပ်က ဘာကိစ္စ အဲဒီလူ (၂)ယောက်နဲ့ ရင်ဆိုင်ရမှာလဲ ၊ ရင်ဆိုင်မယ်ဆိုဦးတော့ သူတို့ (၂)ယောက်ကို ကျုပ်အဆင့်နဲ့ ဘယ်လိုလုပ် ထိန်းထားနိုင်မှာလဲ…"

ဆန်းလျန်က…

"ဒါပေါ့ ၊ မင်းတစ်ယောက်တည်းဆိုရင်တော့ အလုပ်မဖြစ်ဘူးပေါ့ ၊ ဒါပေမဲ့ မိုးကောင်းကင်တံခါးနဲ့ဆိုရင်ရော…"

ဆန်းလျန်၏ စကားကိုကြားသည်နှင့် ရဲ့လျိုယွင်၏ မျက်နှာအမူအရာပြောင်းလဲသွားလေသည်။

"မိုးကောင်းကင်တံခါး ဘယ်မှာလဲဆိုတာ မင်းသိလို့လား…"

ဆန်းလျန်၏ အပြုံးက ပြုံးသည်ထက်ပိုလေသည်။

"မင်း ဘယ်လိုထင်လဲ…"

ရဲ့လျိုယွင်က…

"မင်း မိုးကောင်းကင်တံခါးကို ကျုပ်ကိုပေးမယ်ဆိုရင် ကျုပ်မင်းကို ဒီတစ်ကြိမ် ကူညီမယ် ၊ ဒါပေမဲ့ ဒီလိုကူညီလိုက်လို့ မင်းနဲ့ကျုပ်နဲ့ကြားထဲက ကိစ္စတွေ ရှင်းသွားတာတော့မဟုတ်ဘူးနော်…"

ဆန်းလျန်က…

"ပေးလို့တော့ မဖြစ်ဘူး ၊ ငှားမယ်လေ ၊ ငှားပြီးရင် ပြန်ပေးပေါ့…"

ရဲ့လျိုယွင်က ဒေါသတကြီးဖြင့်…

"ဒါဖြင့်လည်း မင်း တခြားတစ်ယောက်ကို သွားရှာလိုက်တော့…"

ယခုတော့ ရဲ့လျိုယွင်မှာ အလွန်အမင်း ဒေါသထွက်နေပြီ ဖြစ်လေသည်။

သူက ဆန်းလျန်ကိုသူ့ပိုင်နက်အတွင်းမှ ချက်ချင်းတိုက်ခိုက်မောင်းထုတ်ရန်ဟန်ပြင်လိုက်သည်။

ထိုအချိန်မှာပင်…

ခန်းမဆောင်အတွင်းသို့ အဖြူရောင်အရိပ်တစ်ရိပ် ဝင်ရောက်လာပြီး ရဲ့လျိုယွင်ကို တားဆီးထားလိုက်သည်။

"မလုပ်နဲ့…"

ရဲ့လျိုယွင်က…

"အစ်ကိုလူ ၊ အစ်ကိုလူက ဆန်းလျန်နဲ့ အရင်က ခင်မင်ခဲ့တာတွေကို ပြန်အမှတ်ရနေသေးတာလား ၊ ချင်းရွှမ်နတ်တံခါး ပြိုလဲခဲ့ရတဲ့ အဓိကတရားခံဆိုတာ ဆန်းလျန်ဆိုတာ အစ်ကိုလူ မသိဘူးလား…"

လူစောယိက တည်ကြည်သည့်မျက်နှာထားဖြင့်…

"ဂိုဏ်းချုပ် ၊ ကြီးမားတဲ့အောင်မြင်မှုကိုလိုချင်တယ်ဆိုရင် ကိုယ်ရေးကိုယ်တာတွေကို ဦးစားမပေးပါနဲ့ ၊ ဂိုဏ်းတူအစ်ကိုဆန်း… အဲလေ… ဆန်းလျန်ရဲ့စကားကို ဆုံးအောင် နားထောင်လိုက်ပါဦး…"

ပြောပြီးသည်နှင့် လူစောယိက အေးချမ်းသည့်အကြည့်ဖြင့် ဆန်းလျန်ကို ကြည့်လိုက်လေသည်။ သူ၏ မျက်ဝန်းများက ပကတိအေးချမ်းလျှက် ရှိလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဂိုဏ်းတူညီလေးလူစောယိ ပြောတာမှန်ပါတယ် ၊ ကျုပ် မိုးကောင်းကင်တံခါးကို မင်းကို ငှားရတယ်ဆိုတာက ချင်းရွှမ်နတ်တံခါးနဲ့ ပတ်သက်တဲ့ ကိစ္စလေးတွေလည်း ရှိနေသေးလို့ပါ ၊ ကျုပ် ချင်းရွှမ်နတ်တံခါးအပေါ် အကြွေးတင်နေခဲ့တာ ၊ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်သွားရင်တောင် ချင်းရွှမ်နတ်တံခါးမှာ မျိုးဆက်ကျန်ရစ်စေချင်မိတယ် ၊ အစ်ကိုလျိုယွင်က ချင်းရွှမ်နတ်တံခါးကို လိုချင်တယ်ဆိုရင်လည်း ကျုပ် သံသရာကို ကျော်လွန်သွားတဲ့တစ်နေ့ကျရင် ချင်းရွှမ်နတ်တံခါးကို အစ်ကိုလျိုယွင်လက်ထဲကို ထည့်ပေးခဲ့ပါ့မယ်…"

ထိုစကားများသည် ဆန်းလျန် စိတ်ရင်းဖြင့် ပြောလိုက်သည့် စကားများ ဖြစ်လေသည်။

ထို့ပြင် အခြားအကြောင်းတစ်ခုလည်း ရှိသေးသည်။ တာအိုဆရာသခင်ထိုက်ယီနှင့် ချင်းတိဧကရာဇ်တို့ကြားမှ ဆက်ဆံရေးက နီးစပ်သလို အလွန်လည်း ရှုတ်ထွေးဟန်ရှိသည်။ ထို့ပြင် မိုးကောင်းကင်တံခါးကလည်း တာအိုဆရာသခင်ထိုက်ယီနှင့် အနည်းငယ် ပတ်သက်ဟန်ရှိသည်။

ဆန်းလျန်က ရဲ့လျိုယွင်ကို မိုးကောင်းကင်တံခါးကို အပိုင်ပေးလိုက်လျှင် သေသေချာချာ မကိုင်တွယ်နိုင်မည်ကို ဆန်းလျန်က စိတ်ပူနေမိခြင်း ဖြစ်သည်။

ယနေ့အချိန်ထိ တာအိုဆရာသခင်ထိုက်ယီက သူ့ကို သနားငဲ့ညှာနေသေးသည့်တိုင် ဆန်းလျန်၏ စိတ်ထဲတွင် သံသယများရှိနေဆဲ ဖြစ်လေသည်။ သူ့အနေဖြင့် မည်သူ့ကိုမှာ အပြည့်အ၀ ယုံကြည်ရဲခြင်း မရှိသေးပေ။

စန့်ချင်တာအိုဆရာသခင်လင်ပေါင်ထျန်းကျွင်းနှင့် ပတ်သက်၍ပင် သူ့ရင်ထဲတွင် သံသယများစွာ ရှိနေဆဲ ဖြစ်လေသည်။

သို့သော်… လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က သူ့ဘ၀ ဒုက္ခအရောက်ဆုံးအချိန်တွင် စန့်ချင်တာအိုဆရာသခင်က သူ့ကို အဘယ့်ကြောင့် ကယ်တင်ခဲ့သည်ကို သူ နားမလည်နိုင် ဖြစ်နေရဆဲ ဖြစ်သည်။

ရဲ့လျိုယွင်က…

"မင်း ချင်းရွှမ်နတ်တံခါးကို အရေးစိုက်သေးလို့လား…"

ဆန်းလျန်က…

"အရေးစိုက်တာပေါ့ကွာ…"

ရဲ့လျိုယွင်က…

"မယုံနိုင်စရာပဲ…"

ဆန်းလျန်က တိုးတိတ်သည့်လေသံဖြင့်…

"ကျုပ်ကိုယ်ကျုပ် လိမ်လည်လို့ မရပါဘူး ၊ ကျုပ်လုပ်ခဲ့တဲ့ အပြစ်တွေကြောင့် ချင်းရွှမ်နတ်တံခါး စတေးခံရတာမျိုး မဖြစ်စေရပါဘူး ၊ ကျုပ် ချင်းရွှမ်နတ်တံခါးကို အဆုံးမသတ်ပစ်နိုင်ပါဘူး ၊ ချင်းရွှမ်ကိုသာ ပြန်မတည်ထောင်ပေးနိုင်ခဲ့ရင် ကျုပ် သံသရာကိုကျော်လွန်သွားခဲ့ရင်တောင် စိတ်ဖြောင့်မှာ မဟုတ်ဘူး…"

ဆန်းလျန်ပြောသည့်စကားများကို ရဲ့လျိုယွင် ယုံကြည်လိုက်မိသည်။

ဤစကားများသည် နောင်တတရားတို့ဖြင့်ပြည့်နေပြီး အပြစ်ကိုဝန်ခံနေသည့် ဆန်းလျန်၏ သစ္စာစကားများပင် ဖြစ်လေသည်။

ဆန်းလျန်သာ ချင်းရွှမ်နတ်တံခါးကို အရေးမစိုက်တော့ပါက သူသည် ထိပ်တန်းနတ်မိစ္ဆာတစ်ပါးထက်ပင် ဆိုးရွားသူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ မည်သူက ထိုသို့ နှလုံးသား ကင်းမဲ့နိုင်ပါမည်နည်း။

ရဲ့လျိုယွင်က…

"ဒါဖြင်း မင်း ကျုပ်ကို မိုးကောင်းကင်တံခါး ဘယ်လောက်ကြာကြာ ငှားမှာလဲ…"

ဆန်းလျန်က…

"မင်း လူပြန်ဝင်စားခြင်းလမ်းစဉ်ရဲ့ အရှင်သခင်ဖြစ်လာတဲ့အချိန်ထိ မိုးကောင်းကင်တံခါးကို မင်း ယူထားခွင့်ရှိတယ်…"

လူစောယိက…

"သိပ်ကောင်းတယ် ၊ ဒါပေမဲ့ ဆန်းလျန် … မင်းက ဂိုဏ်းချုပ်ကို ဘယ်တော့လောက် မိုးကောင်းကင်တံခါးကိုငှားမှာလဲ…"

ဆန်းလျန်က ခပ်အေးအေးလေသံဖြင့်…

"အခု မိုးကောင်းကင်တံခါးက ကျုပ်လက်ထဲမှာ မရှိဘူး ၊ ကျုပ် အဲဒါကိုရအောင်ယူပြီးရင် အစ်ကိုလျိုယွင်ကို ပေးပါ့မယ် ၊ ဂိုဏ်းတူညီလေးလူစောယိက ဒီကိစ္စအတွက် သက်သေလုပ်ပေးပါ…"

ဆန်းလျန်၏ လွှမ်းမိုးနိုင်စွမ်းရှိမှုကို ရဲ့လျိုယွင် မအံ့သြဘဲ မနေနိုင်ခဲ့ပေ။

လူစောယိကတော့ ဆန်းလျန်ပြောသည့်စကားကို လက်ခံသည့်အနေဖြင့် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

သူ စိတ်မကောင်းဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။

အမှန်တော့ အတိတ်တစ်ချိန်က ချင်းရွှမ်နတ်တံခါးတွင် ဆန်းလျန်နှင့် ပတ်သက်ခဲ့သည့် အကြောင်းအရာများကို သူမမေ့နိုင်သေးပေ။ သူ့ခံစားချက်များကို ရဲ့လျိုယွင်သည်ပင် အပြည့်အဝနားလည်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

***

All Chapters