← Chapters

နန်ယန်သို့ ပြန်လည်ရောက်ရှိခြင်းနှင့် နဂါးနန်းတော်မှ ဖိတ်ကြားစာ

Vol. 79 Ch. 786

နန်ယန်သို့ ပြန်လည်ရောက်ရှိခြင်းနှင့် နဂါးနန်းတော်မှ ဖိတ်ကြားစာ

Vol. 79 Ch. 786

တောင်ထိပ်တို့သည် မတ်စောက်လွန်းလှရာ တိမ်တိုက်များအထိ ထိုးတက်နေပေ၏။ ထိုနေရာတွင် နန်ယန်၏ ရုပ်ကြွပန်းပုများဖြင့် တန်ဆာဆင်ထားသော၊ ကျောက်စိမ်းဖြူသဖွယ်ကျယ်ဝန်းလှသည့် ကုန်းပြင်စင်မြင့်တစ်ခုသည် မားမားမတ်မတ် တည်ရှိနေလေသည်။

တောင်ပိုင်းဟုန်၏ ထောင့်တစ်နေရာတွင် ဤကဲ့သို့သောနေရာမျိုး ခုနစ်ခု တည်ရှိသည်။

ကျင့်ကြံသူများစွာတို့သည် အလျင်အမြန်သွားလာလှုပ်ရှားနေကြပြီး၊ ယခင်အချိန်များနှင့် နှိုင်းယှဉ်ပါက သူတို့၏မျက်နှာအမူအရာများမှာ အနည်းငယ် တင်းမာနေကာလေးနက်တည်ကြည်မှုများ ပိုမိုလွှမ်းမိုးနေသည်ကို တွေ့ရလေသည်။

ယနေ့အချိန်အထိ လေထုအခြေအနေ ပြောင်းလဲသွားသည်ကို လူတိုင်းခံစားသိရှိနေကြသော်လည်း၊ တောင်ပိုင်း နဂါးနန်းတော်သည် တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးနှင့် မည်သည့် တိုက်ရိုက်ပဋိပက္ခမျိုးကိုမျှ မဖန်တီးသေးချေ။

သို့သော်လည်း မသေမျိုးဂိုဏ်းများမှလွဲ၍ ကျန်သော လက်အောက်ခံအင်အားစုများမှာမူ၊ သူတို့ မည်သို့ပင် အသက်မွေးဝမ်းကျောင်းပြုကြစေကာမူ၊ အခြေအနေများမှာ ပိုမို ခက်ခဲကျပ်တည်းလာနေပြီကို စတင် သတိထားမိလာကြ၏။

နဂါးနန်းတော်၏ နတ်ဆိုးစစ်သည်များနှင့် ဆက်ဆံရသည်မှာ ပို၍ ခက်ခဲလာပြီး၊ တပည့်များအကြား မတော်တဆမှုများမှာလည်း တဖြည်းဖြည်း မကြာခဏဖြစ်ပွားလာလေသည်။

ရှင်းလင်းနေသည်မှာ၊ တောင်ပိုင်းနဂါးနန်းတော်သည် သားတော်ခုနစ်ပါး၏ လက်ဆောင်ပသမှုများကို ဖြတ်တောက်ရန်ရည်ရွယ်ထားပြီး၊ ဤမသေမျိုးဂိုဏ်းများ၏ မျက်စိနှင့် နားများကို ထပ်မံ၍ ပိတ်ဆို့ထားရန် ကြံရွယ်နေခြင်းဖြစ်သည်။

တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်းကို ထောင့်ကျဉ်းလေးထဲသို့ အမှန်တကယ်ပြန်လည်ရောက်ရှိသွားစေရန် ဖိအားပေးနေခြင်းပင်။

ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာသော တာအိုကလေးငယ်များ သယ်ဆောင်လာသည့် သတင်းမှာ သိပ်တော့မကောင်းလှချေ။ အကျိုးအမြတ်အချို့ ရရှိခဲ့သည် ဆိုသော်ငြားလည်း၊ အနောက်ပိုင်းဟုန်မှ အခြေအနေကို အဆုံးအဖြတ်ပေးနိုင်လောက်သည့် အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးအား သူတို့ စည်းရုံးသိမ်းသွင်းနိုင်ခဲ့ခြင်း မရှိပေ။

ယင်းအစား အနောက်ပိုင်း နဂါးနန်းတော်၏ သဘောထားကို ဖော်ပြလိုက်သကဲ့သို့သာ ဖြစ်သွားခဲ့လေ၏။

အနောက်ဘက်မှ ထိုကျောက်စိမ်းဦးချိုရှိသော ငွေနဂါးများသည် ဝမ်ရှန်းစံအိမ်နှင့် ပူးပေါင်းကာ တောင်ပိုင်းဟုန်၏ တာအိုကလေးငယ်များအား ထောင်ချောက်ဆင်တိုက်ခိုက်ရန် ဝံ့ကြွားခဲ့ကြသည်ဟု ဆိုရာ၊ ၎င်းမှာ အသေအလဲ တိုက်ပွဲဝင်မည့် သဘောပင် ဖြစ်နေပေသည်။

အကယ်၍ နဂါးနန်းတော် နှစ်ခုသာ ပူးပေါင်းပြီး တိုက်ခိုက်လာပါက၊ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးအနေဖြင့် မည်သို့မျှမတုံ့ပြန်ဘဲ ခုခံရုံသက်သက်ခုခံနေမည် ဆိုလျှင်ပင်၊ ကြီးမားလှသော ပေးဆပ်မှုမျိုးကို မလွဲမသွေပေးဆပ်ရလိမ့်မည်။

တောင်ပိုင်း နဂါးနန်းတော်၏ ဖားကို ရေနွေးအိုးထဲ ထည့်ပြုတ်သည့် နည်းဗျူဟာ၊ တုံးနေသော ဓားဖြင့်အသားကို လှီးဖြတ်နေသည့် လုပ်ရပ်မှာ အလွန်ပင်ရှင်းလင်းပေါ်လွင်လွန်းလှရာ သာမန် အကြီးအကဲများနှင့် တပည့်များပင်လျှင် မြင်တွေ့နိုင်ပေသည်။

သို့ဖြစ်ရာ ဂိုဏ်းချုပ်များနှင့် တာအိုကလေးငယ်များက မည်ကိ့သို့လုပ် နားမလည်ဘဲ နေပါမည်နည်း။

သူတို့သည် သေချာပေါက်လှုပ်ရှားကြမည် ဖြစ်သော်လည်း၊ အချိန်အခါကောင်းကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

စောင့်ဆိုင်းရင်းဖြင့်...

ကျင့်ကြံသူအများအပြားသည် မော့ကြည့်လိုက်ကြရာ ချင်းယွဲ့ဂိုဏ်းချုပ်၏ ရတနာသင်္ဘောကြီး ကောင်းကင်ယံတွင် ဖြတ်သန်းပျံသန်းလာသည်ကို မြင်တွေ့လိုက်ကြရပြီး၊ သင်္ဘောဦးပိုင်းတွင် ပုံရိပ်နှစ်ခုယှဉ်တွဲရပ်နေကြသည်ကို တွေ့လိုက်ရလေသည်။

ချင်းယွဲ့ဂိုဏ်းချုပ်အပြင် နောက်ထပ် တစ်ယောက် ဖြစ်သူကား နန်ယန်၏ ဂိုဏ်းချုပ်ဖြစ်ပြီး၊ တာအိုကလေးငယ်အများအပြားကို မည်သို့မည်ပုံ စွမ်းဆောင်၍ ရိုးသားဖြူစင်စွာယုံကြည်သက်ဝင်သွားစေခဲ့သနည်းဆိုသည်မှာတော့ စဉ်းစား၍ပင် မရနိုင်သော သူပင်တည်း။

"သူ ပြန်လာပြီ" ခဏတာမျှ၊ သူတို့၏ အဆင့်အတန်းများကို ပဓာနမထားတော့ဘဲ၊ ရတနာသင်္ဘောကြီးကို မြင်တွေ့လိုက်ရသော ကျင့်ကြံသူအားလုံးသည် သူတို့၏ ဂိုဏ်းချုပ်များ ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုသည့်အနေဖြင့် ရိုသေလေးစားစွာအရိုအသေပေးလိုက်ကြလေသည်။

ရတနာသင်္ဘောကြီး ဖြတ်သန်းသွားပြီးနောက်။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လာကြကာ၊ရင်ထဲတွင် မတူညီသော အတွေးအသီးသီးဖြင့် အချင်းချင်းအဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။

ယခုအခါ ထိုသူနှစ်ဦးသည် အနောက်ပိုင်းဟုန်မှ ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ၊ ဂိုဏ်းခုနစ်ဂိုဏ်း၏ အင်အားစုများစုစည်းပြီးနောက် တောင်ပိုင်း နဂါးနန်းတော်၏ ပြင်းထန်သော ဖိအားပေးမှုများကို ဆန့်ကျင်ရန်တိကျပြတ်သားသော ရပ်တည်ချက်တစ်ခုကို ယူရတော့မည်။

သူတို့သည် ငြိမ်းချမ်းရေး ညှိနှိုင်းကြမည်လော၊ သို့မဟုတ် မသေမျိုးဂိုဏ်းများ၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူကြမည်လော။ မကြာမီမှာပင် အဖြေပေါ်လာတော့မည်။

"..."

ကောင်းကင်ဓားဂိုဏ်း၏ ခန်းမဆောင်ကြီးအတွင်း၌ တံခါးများကို တင်းကျပ်စွာ ပိတ်ထား၏။

သာမန်အားဖြင့် ဂိုဏ်းများကို ဦးဆောင်လေ့ရှိသော တာအိုကလေးငယ်များသည် ယခုအခါ ဘေးနှစ်ဖက်တွင် တိတ်ဆိတ်စွာထိုင်နေကြပြီး၊ ယွီတောင်တွင် ဖြစ်ပျက်ခဲ့သမျှကို ဂိုဏ်းချုပ်ကျိ ပြန်လည်ပြောပြနေသည်ကို နားထောင်နေကြသည်။

"ကောင်းကင်ဘုံနယ်ပယ်က နဂါးမင်းသား တစ်ယောက် ကျဆုံးသွားတယ် ဟုတ်လား" ပိဟိုင်ဂိုဏ်းချုပ် သည် အံ့အားသင့်စွာ မေးလိုက်ပြီးနောက်၊ စဉ်းစားတွေးတောကာ ဆက်ပြောလေသည်။ (Bi Hai Sect Master/ ပေါ်ဟိုင်ဂိုဏ်းချုပ်။ မကြိုက်လို့ပြင်ထားပါတယ်)

"ဒါဆိုရင် လအနည်းငယ်အတွင်းမှာ၊ ချီမိသားစုရဲ့ သားအကြီးဆုံးကို မလွဲမသွေ ပြန်ခေါ်လိမ့်မယ်"

ပွင့်ပွင့်လင်းလင်း ပြောရလျှင်၊ တောင်ပိုင်းနဂါးနန်းတော်၏ ရုတ်တရက် ရူးသွပ်လာမှုသာ မရှိခဲ့ပါက၊ သားတော်ခုနစ်ပါးအနေဖြင့် နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ချေ။

သူတို့၏ မူလကတည်းက ပေါကြွယ်ဝခြင်း မရှိလှသောအခြေခံအုတ်မြစ်များသည် နှစ်သိန်းပေါင်းများစွာကြာမြင့်လာသောအခါ ပို၍ပင် ပါးလျလာခဲ့ပြီ ဖြစ်သည်။

အဓိက မေးခွန်းမှာ... တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာခြင်း၏ ရည်ရွယ်ချက်က အဘယ်နည်း ဟူသည်ပင်။

ဟုန်ကျယ်၏ ထိပ်တန်း အင်အားစုအဖြစ် မိမိကိုယ်မိမိ ပြန်လည် တည်ဆောက်ရန်လော။

တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏ ကျန်ရစ်နေသေးသော ခွန်အားများဖြင့်ပင်လျှင်၊ သူတို့သာ မတ်တပ်ရပ်ရန် ဆန္ဒရှိပါက၊ အရှေ့ပိုင်း နဂါးနန်းတော်နှင့် အနန္တတာအိုအင်ပါယာဂိုဏ်းကဲ့သို့သော အင်အားကြီးများနှင့် တန်းတူပြန်ဖြစ်ရန် မဆိုလျှင်ပင်၊ အနည်းဆုံးတော့ အနောက်ပိုင်း နဂါးနန်းတော်နှင့် ယွဲ့မိသားစုတို့ထက်တော့ ညံ့ဖျင်းနေမည် မဟုတ်ချေ။

သူတို့တွင် လုံလောက်သော ဆုံးဖြတ်ချက်နှင့် တိုက်ခိုက်ရဲသော သတ္တိရှိနေသရွေ့ပင်။

မြောက်ပိုင်းဟုန် သို့မဟုတ် အရှေ့ပိုင်းဟုန်ရှိ တာအိုပေါင်းစည်းခြင်းရတနာနယ်မြေ အချို့ကို သိမ်းပိုက်ကာ၊ သူတို့၏ တပည့်များနှင့် လက်အောက်ခံ အင်အားစုများကို ပြန်လည်နာလန်ထူခွင့် ပေးလိုက်ခြင်းက လက်ရှိအခြေအနေထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်ပေလိမ့်မည်။

သို့သော် ပြဿနာမှာ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးကို အစပိုင်းကတည်းက အကျယ်ချုပ်ချထားခဲ့သူမှာ အရှေ့ပိုင်း နဂါးဘုရင်ပင် ဖြစ်နေခြင်းဖြစ်၏။

ကျစ်လင်၏ အမည်နာမကို အသုံးပြုကာ၊ သူသည် သားတော်ခုနစ်ပါးကို မသေမျိုးများ၏ အမျက်ဒေါသမှ ကာကွယ်ပေးခဲ့ပြီး၊ ကျန်ရှိနေသောဂိုဏ်းခြောက်ဂိုဏ်းကိုလည်း ဘေးမဖြစ်အောင် စောင့်ရှောက်ပေးခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဟုန်ကျယ်၏ မသေမျိုးသည် ကောင်းကင်ဘုံသို့ တက်လှမ်းသွားသော ကျစ်လင်သည် ဟုန်ကျယ်မှ လူများကို ဂရုစိုက်ဆဲ ဟုတ်မဟုတ် အတည်မပြုနိုင်ခဲ့ချေ။ အများအားဖြင့်တော့ သူမ ဂရုစိုက်နေဦးမည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံသည် အလွန်အမင်းအထီးကျန်ဆန်လှပြီး၊ အချိန်ကြာလာသည်နှင့်အမျှ အတိတ်က မိသားစုသံယောဇဉ်များကို မလွမ်းဆွတ်ဘဲနေရန် ခက်ခဲလှသောကြောင့် ဖြစ်သည်။

ကျစ်လင်ကို အထက်သို့ ပို့ဆောင်ရန် အလွန်အမင်း ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ရပြီးနောက်၊ ဤမျှ ဂိုဏ်းခြောက်ဂိုဏ်းအတွက်နှင့် သူမ၏ စိတ်ငြိုငြင်မှုကို ခံယူရမည့်အန္တရာယ်မျိုးကို မည်မျှပင် ရာခိုင်နှုန်း နည်းပါးနေပါစေ၊ သူ အရဲစွန့်မည် မဟုတ်ချေ။

ယင်းကပင် လက်ရှိ အခြေအနေကို ဖြစ်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးကသာဦးဆောင်၍ ထွက်ခွာသွားမည် ဆိုပါက၊ ၎င်းမှာ သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်သွားမည် ဖြစ်ပြီး၊ ဟုန်ကျယ်၏ ကြီးမြတ်သောမသေမျိုးကြီး မည်သို့တုံ့ပြန်မည် ဆိုသည့် ကိစ္စတစ်ခုတည်းတင် မဟုတ်တော့ချေ။

မသေမျိုးကြီး၏ မျက်နှာသာပေးမှုကို အစဉ်တစိုက် အလိုလိုက်အလိုကျလုပ်ဆောင်နေတတ်သော ဖားတတ်သည့်သူများက မသေမျိုးကြီး၏ အပြုံးတစ်ချက် ရရှိရန်အတွက် ကိုယ့်တောင်ပိုင်းဟုန် ကျင့်ကြံသူအချင်းချင်းကိုပင် တိုက်ခိုက်ရန် ဝန်လေးကြမည် မဟုတ်ချေ။

ထို့ကြောင့် လက်ရှိ အခြေအနေမှာ အမှန်တကယ်တော့ ဟုန်ကျယ်ရှိ အင်အားစုအားလုံးက သားတော်ခုနစ်ပါးအတွက် ချန်ထားပေးသော နောက်ဆုံး လက်ကျန်မျက်နှာကလေးပင် ဖြစ်ပြီး၊ ဤ အရာမှာ အရှေ့ပိုင်း နဂါးနန်းတော်ကိုငဲ့ညှာသောကြောင့်သာ အများစုဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

ယခုအခါ ချီမိသားစု၏ သားအကြီးဆုံးကို ပြန်ခေါ်တော့မည် ဖြစ်ရာ၊ ထိုအချိန်အထိသာ သူတို့ တောင့်ခံထားနိုင်ပါက၊ တောင်ပိုင်းဟုန်၏ ပဋိပက္ခများမှာ ကလေးကလားဆန်ဆန်လွယ်ကူစွာဖြင့် အဆုံးသတ်သွားတော့မည့်ပုံ ပေါ်နေ၏။

မည်သို့ပင်ဆိုစေကာမူ ခယ်မိသားစု အိမ်ရှေ့မင်းသား ရူးသွပ်သွားလျှင်ပင်၊ တောင်ပိုင်း နဂါးနန်းတော် တစ်ခုတည်းနှင့် သားတော်ခုနစ်ပါးကို အမှန်တကယ်ယှဉ်ပြိုင်နိုင်မည်ဟု သူ လုံးဝ ထင်မှတ်ထားမည် မဟုတ်ပေ။

ထို နဂါးဘုရင်အိုကြီးသည် နဂါးသိုက်မှ ထွက်လာခဲ့လျှင်ပင်၊ ကျွမ်းကျင်သူအမြောက်အမြားကို ဖိနှိပ်ထားနိုင်မည့် ခွန်အားမျိုးရှိမည်မဟုတ်ချေ။

"..."

အခြားသော ဂိုဏ်းချုပ်များပင်လျှင် သူတို့၏ အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ချိန်တွင် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်နေကြလေသည်။

လင်းယွင် နှင့် တုနှိုင်းမဲ့ဂိုဏ်းချုပ်ကဲ့သို့သော သူများသည် မသိမသာလေးသက်ပြင်းချလိုက်ကြ၏။

လင်းယွဲ့ ဂိုဏ်းချုပ်မှာမူ တိတ်ဆိတ်စွာပင် ရှိနေခဲ့သည်။

သို့သော်၊ ကောင်းကင်ဓားဂိုဏ်းချုပ်သည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ချိန်တွင်၊ သူ၏ မျက်လုံးများထဲ၌ စိတ်ပျက်အားငယ်မှု အရိပ်အယောင်လေးများ ခပ်ရေးရေး လက်လွတ်သွားခဲ့၏။

တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏ ဓားတစ်လက်အဖြစ်၊ တောင်ပိုင်းဟုန်အတွက် ရတနာများကို သိမ်းပိုက်ရန်တာဝန်ယူထားရပြီး၊ နန်ယန်၏ နေမင်းကြီး ဤကုန်းမြေနှင့် ရေပြင်များအပေါ် ငြိမ်းချမ်းစွာတောက်ပနိုင်စေရေးအတွက် လမ်းတွင် ရပ်တန့်နှောင့်ယှက်သူအားလုံးကို ခုတ်ထစ် ရှင်းလင်းရန်ဖြစ်ပေသည်။

ယခုအခါ ဓားသည် ပိုမို ထက်မြက်လာခဲ့ပြီ ဖြစ်သော်လည်း၊ ၎င်းကို အိမ်မှဆွဲထုတ်ရန် အခွင့်အရေးမရှိတော့သကဲ့သို့ ဖြစ်နေပေသည်။

ယဲ့ကျိုး အတွက်တော့၊ ဤသည်မှာ သံသယဖြစ်ဖွယ်မရှိသော ဝမ်းနည်းပူဆွေးမှု တစ်ခုပင်။

"ကျွန်တော့်မှာ ဖြေရှင်းစရာကိစ္စလေးတစ်ခု ရှိနေလို့၊ အရင်ဆုံး ဂိုဏ်းကို ပြန်ရပါဦးမယ်" ဟု ရှန်းယီက ဖြည်းညင်းစွာ မတ်တပ်ရပ်ရင်းပြောလိုက်သည်။

သူသည် ဤကဲ့သို့ အလကားသက်သက် လေပေါနေခြင်းမျိုးကို သိပ်ပြီး အသားမကျလှချေ။ ဤကဲ့သို့ အချိန်အကြာကြီးထိုင်ပြီး စကားပြောနေရခြင်းမှာ အသက်ရှည်ကြသော ဤဂိုဏ်းချုပ်ကြီးများအတွက် မျက်တောင်တစ်ခတ်စာ အခိုက်အတန့်လေးသာ ဖြစ်နိုင်သော်လည်း၊ ရှန်းယီအတွက်မူ အမှန်တကယ်ပင်အနည်းငယ် ပျင်းစရာကောင်းလှပေသည်။

All Chapters