မဟာကျိုးမြို့တော်
Vol. 34 Ch. 470
"ဒီတစ်ခေါက် တာအိုဆွေးနွေးပွဲကနေ ကျုပ် တော်တော်လေး အသိအမြင်တွေ ရလိုက်တယ်"
ကုချင်းဖန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
သူတော်စင်ဘုရင်နှင့်အတူ တာအိုအကြောင်း ဆွေးနွေးခြင်းက သူ၏ ယခင်ကျင့်ကြံမှု လမ်းစပျောက်နေသည့် အချက်များကို ရှင်းလင်းသွားစေခဲ့သည်။ ဆွေးနွေးမှုမှာ အချိန်ကြာမြင့်ခြင်း မရှိသော်လည်း ကုချင်းဖန်အတွက် နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း ပင်ပန်းကြီးစွာ ကျင့်ကြံရမည့် အချိန်များကို သက်သာစေခဲ့သည်မှာ ထင်ရှားလှသည်။
ထို့ကြောင့်ပင် ကုချင်းဖန်မှာ စိတ်ကြည်လင် လန်းဆန်းနေခဲ့သည်။ ဤဆွေးနွေးမှုကြောင့် သူ၏ ကျင့်ကြံမှုအဆင့် ရုတ်တရက် တက်လှမ်းသွားခြင်း သို့မဟုတ် အစွမ်းများ သိသိသာသာ တိုးတက်လာခြင်း မရှိသော်လည်း ရရှိလာသည့် အကျိုးကျေးဇူးများမှာ အချိန်နှင့်အမျှ တဖြည်းဖြည်း သက်ရောက်မှု ရှိလာမည် ဖြစ်သည်။
"အချိန်လည်း တော်တော်ရှိသွားပြီဆိုတော့ ကျုပ် ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ဖို့ ခွင့်ပြုပါဦး"
လော့ယန်က နှုတ်ဆက်ကာ ထရပ်လိုက်သည်။ ၎င်းကို မြင်သောအခါ ကုချင်းဖန်ကလည်း ဆွဲမထားတော့ပေ။ လော့ယန် ထွက်သွားပြီးနောက် ကုချင်းဖန်၏ အကြည့်မှာ ချင်းချင်းရန်ထံသို့ ကျရောက်သွားသည်။
သူမမှာ သိမြင်ခြင်းအခြေအနေထဲတွင် ရှိနေဆဲပင်။ ပတ်ဝန်းကျင်ရှိ သဘာဝဝိညာဉ်စွမ်းအင်များကို သူမက အလိုအလျောက် သန့်စင်စုပ်ယူနေသဖြင့် သူမ၏ သွေးသားစွမ်းအားများမှာ ဟုန်းဟုန်းတောက်နေပြီး ကျင့်ကြံမှုအဆင့်မှာလည်း မသိမသာ တဖြည်းဖြည်း တက်လှမ်းလာနေသည်။
၎င်းကို မြင်သောအခါ ကုချင်းဖန်က စိတ်ထဲမှ ရည်ရွယ်လိုက်သည်နှင့် မမြင်ရသော လက်တစ်ဖက်က သဘာဝဝိညာဉ်စွမ်းအင် အမြောက်အမြားကို ဖမ်းယူပေးလိုက်ရာ ချင်းချင်းရန် ကျင့်ကြံမှုအဆင့် တက်လှမ်းရန် လိုအပ်သော စွမ်းအင်များကို ရရှိသွားစေခဲ့သည်။
"ဘုန်း"
ခဏအကြာတွင် ချင်းချင်းရန်၏ အရှိန်အဝါများမှာ လှိုင်းထလာပြီး သူမ၏ ကျင့်ကြံမှုမှာ အဆင့်တက်သွားကာ ဝိဉာဉ်ထိန်းချုပ်နယ်ပယ်၏ ၄ ဆင့်မြောက်သို့ ရောက်ရှိသွားခဲ့သည်။
သူမ မျက်လုံးကို ဖွင့်လိုက်ချိန်တွင် ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ ဝင်းပသော မျက်လုံးများဖြင့် ကုချင်းဖန်ကို ကြည့်လိုက်ပြီး ရှက်သွေးဖြာသော မျက်နှာဖြင့် စကားပြောလိုက်သည်။
"ကျွန်တော်မျိုးမရဲ့ တာအိုတက်လှမ်းမှုကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်"
ချင်းချင်းရန်မှာ သိမြင်ခြင်းအခြေအနေထဲ ရောက်နေသော်လည်း အပြင်လောကတွင် ဘာဖြစ်နေသည်ကို မသိခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူမ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ မူလက သူမ၏ အဆင့်တက်မှုမှာ ဤမျှ လွယ်ကူမည် မဟုတ်သော်လည်း ကုချင်းဖန်က သဘာဝဝိညာဉ်စွမ်းအင်များကို စုစည်းပေးခဲ့သောကြောင့် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ချင်းချင်းရန်အတွက် ဤသိမြင်ခြင်းမှ အကြီးမားဆုံး ရလဒ်မှာ ကျင့်ကြံမှုအဆင့် တက်ခြင်းမဟုတ်ဘဲ သူမ၏ နတ်ဘုရားစွမ်းရည်များ တိုးတက်လာခြင်းပင် ဖြစ်သည်။ ယခင်က တက်လှမ်းရန် ခက်ခဲနေသော စစ်မှန်သောရည်ရွယ်ချက်မှာ ယခုအခါ နယ်ပယ်တစ်ခု၏ အစပျိုးပုံစံသို့ ရောက်ရှိသွားခဲ့သည်။ စစ်မှန်သောရည်ရွယ်ချက်အဆင့် တိုးတက်ခြင်းမှာ ကျင့်ကြံမှုအဆင့် တိုးတက်ခြင်းထက် များစွာ ပိုမို တန်ဖိုးရှိလှသည်။
"အချိန်တန်ပြီ၊ မင်းက အခုမှ အဆင့်တက်ထားတာဆိုတော့ မင်းရဲ့ အခြေခံကျင့်ကြံမှုကို တည်ငြိမ်အောင် ဒီမှာပဲ နေခဲ့လိုက်ပါ၊ အခု မင်းရဲ့ အစွမ်းနဲ့ ရှေးဟောင်းကုယွဲ့ပြည်နယ် တိုက်ပွဲမှာ ပါဝင်ဖို့ မလိုအပ်သေးဘူး"
ကုချင်းဖန်က သူမကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ ဝိဉာဉ်ထိန်းချုပ်နယ်ပယ် ၄ ဆင့်။ ဤကဲ့သို့သော တိုက်ပွဲကြီးတွင် ထိုအဆင့်မှာ အမြှောက်စာအဆင့်သာ ရှိပေလိမ့်မည်။ သို့သော်လည်း ထိုစကားများကြောင့် ချင်းချင်းရန်၏ ပါးပြင်များမှာ အနည်းငယ် နီမြန်းသွားပြီး ရှင်းပြမရသော ချိုမြိန်မှုကို နှလုံးသားထဲတွင် ခံစားလိုက်ရသည်။
"..."
ကုချင်းဖန်မှာ ခေါင်းငုံ့ထားသော ချင်းချင်းရန်ကို ကြည့်ကာ ခဏမျှ စကားမပြောနိုင် ဖြစ်သွားရသည်။ သို့သော်လည်း သူ သိပ်ပြီး ဂရုမစိုက်တော့ဘဲ တရားထိုင်ရန်အတွက် ချက်ချင်း ပြန်ဝင်သွားခဲ့သည်။ တာအိုဆွေးနွေးပွဲမှ ရရှိထားသော အသိအမြင်များကို ခြေဖျက်ရန်အတွက် သူ အချိန်လိုအပ်နေသောကြောင့်ပင်။
နောက်တစ်နေ့တွင် ကုချင်းဖန် တရားထိုင်ရာမှ ပြန်ထွက်လာခဲ့သည်။ သူသည် ချင်းဧကရာဇ်မြို့၏ ခန်းမဆောင်ကြီးအတွင်းသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် လော့ယန် အပါအဝင် အင်အားစုအသီးသီးမှ သူတော်စင်ဘုရင်အဆင့် ဘိုးဘေးများမှာ ဤနေရာတွင် စုဝေးနေကြပြီ ဖြစ်သည်။
ကုချင်းဖန် ရောက်လာသည်ကို မြင်သောအခါ ချင်းရှုန်းထောင်းက ချက်ချင်း ပြောလိုက်သည်။
"လူစုံပြီဆိုတော့ ကျုပ်တို့ တိုက်ရိုက် ထွက်ခွာကြစို့"
ကျန်ရှိသူများမှာလည်း ကန့်ကွက်ရန် မရှိကြပေ။ ထို့နောက် ချင်းရှုန်းထောင်း ဦးဆောင်ကာ အစွမ်းထက်သော ကျင့်ကြံသူများအုပ်စုမှာ ကောင်းကင်သို့ ပျံတက်သွားပြီး ချင်းဧကရာဇ်မြို့၏ မြို့ရိုးပေါ်တွင် ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ချင်းဧကရာဇ်မြို့အတွင်းရှိ အင်အားစုအသီးသီးမှ ကျင့်ကြံသူ အမြောက်အမြားမှာလည်း ဤနေရာတွင် စုဝေးနေကြပြီ ဖြစ်သည်။ ဤအင်အားစုများမှာ အလယ်ပိုင်းနယ်မြေမှ လာကြခြင်းဖြစ်သည်။ သို့သော်လည်း ပြည်နယ်တစ်ခုလုံးကို ဖျက်ဆီးခဲ့သော ကောင်းကင်လှည့်ဖြားဧကရာဇ်ဟု ခေါ်သည့် နတ်ဆိုးနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ယခုတစ်ကြိမ် ပါဝင်သော ကျင့်ကြံသူများမှာ အနည်းဆုံး ဝိဉာဉ်ထိန်းချုပ်နယ်ပယ်အဆင့် ရှိကြရမည် ဖြစ်သည်။ ဝိဉာဉ်ထိန်းချုပ်နယ်ပယ်အောက်ရှိ သူများမှာ ဤတိုက်ပွဲတွင် ပါဝင်ရန် အရည်အချင်းပင် မပြည့်မီကြချေ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သိုင်းအရှင်သခင် တစ်ဦးပင်လျှင် အမြှောက်စာအဖြစ် ပါဝင်ရန် အရည်အချင်း မရှိပေ။
ချင်းရှုန်းထောင်းနှင့် အခြားသူများ ရောက်ရှိလာချိန်တွင် ဆူညံနေသော မြင်ကွင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ အားလုံး၏ အကြည့်များမှာ ဝေဟင်ရှိ လူ ၅ ဦးထံသို့ ရိုသေလေးစားစွာ ကျရောက်နေကြသည်။
"ချင်မိသားစုရဲ့ ဘိုးဘေး ချင်းရှုန်းထောင်းက သူတော်စင်ဘုရင်အဆင့်လို့ သတင်းကြီးနေတာပဲ"
"ဟိုတစ်ယောက်ကတော့ လောကီမသေမျိုးဂိုဏ်းရဲ့ ဘိုးဘေး လော့ယန်ပဲ၊ သူကလည်း သူတော်စင်ဘုရင်အဆင့် ပညာရှင်တစ်ယောက်ပဲ"
ရှေးဟောင်း အစွမ်းထက် ပုဂ္ဂိုလ်များအားလုံးကို အင်အားစုအသီးသီးမှ ပညာရှင်များက မှတ်မိကြသည်။ ထိုပုဂ္ဂိုလ်များမှာ ဤခေတ်မှ မဟုတ်သော်လည်း အချို့မှာ နိုးထလာချိန်တွင် သတင်းများမှာ ပျံ့နှံ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ချင်းရှုန်းထောင်းနှင့် အခြားသူများကို ကိုယ်တိုင် မြင်တွေ့ရချိန်တွင် ကျင့်ကြံသူများမှာ တစ်ချက်ကြည့်ရုံနှင့် မှတ်မိကြခြင်း ဖြစ်သည်။
သို့သော်လည်း အကြည့်အများအပြားမှာ ကုချင်းဖန်ထံသို့ ပိုမို ရောက်ရှိနေကြသည်။ အကြောင်းရင်းမှာ သူက ဆွဲဆောင်မှု အရှိဆုံး ဖြစ်နေသောကြောင့်ပင်။
လူငါးဦးအနက်လေးဦးမှာ ရှေးဟောင်း သူတော်စင်ဘုရင်များ ဖြစ်ကြသော်လည်း ကုချင်းဖန်တစ် ဦးတည်းသာ ငယ်ရွယ်သော ပုံစံရှိနေပြီး ရှေးဟောင်းပညာရှင်များတွင် တွေ့ရလေ့ရှိသော အိုမင်းရင့်ရော်သည့် အငွေ့အသက်များ လုံးဝ မရှိပေ။ ကျင့်ကြံသူတစ်ဦးမှာ ငယ်ရွယ်သော ပုံစံ ရှိ၊ မရှိ ဆိုသည်မှာ သူတို့၏ ရုပ်ရည်အပေါ်တွင်သာ မူတည်သည်မဟုတ်ဘဲ သူတို့၏ အသက်နှင့် အရှိန်အဝါအပေါ်တွင်လည်း မူတည်နေသည်ကို သိထားရမည်။
ကျင့်ကြံသူ အများအပြားမှာ နှစ်ပေါင်း ထောင်ချီအောင် ငယ်ရွယ်သော ရုပ်ရည်ကို ထိန်းသိမ်းထားနိုင်သော်လည်း အချို့မှာမူ ငယ်ရွယ်သော ပုံစံကို မနှစ်သက်ဘဲ အသက် ၁၀၀ မပြည့်မီမှာပင် အိုမင်းသော ပုံစံကို ယူထားကြသည်။ ထို့ကြောင့် ကျင့်ကြံသူတစ်ဦး၏ အသက်ကို ရုပ်ရည်တစ်ခုတည်းနှင့် ဆုံးဖြတ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ကျင့်ကြံသူတစ်ဦး၏ အသက်ကို အတိအကျ သိရှိရန်အတွက် သူတို့၏ အရိုးအသက် သို့မဟုတ် သူတို့ဆီမှ ထွက်ပေါ်နေသော အိုမင်းရင့်ရော်မှု အငွေ့အသက်များကို ကြည့်ရှုရမည် ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးသည် အသက်အရွယ် တစ်ခုသို့ ရောက်ရှိလာပါက သူတို့၏ မျက်နှာမှာ ငယ်ရွယ်နေဦးမည် ဖြစ်သော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ဆွေးမြည့်အိုမင်းသော အရှိန်အဝါကိုမူ ဖုံးကွယ်ထား၍ မရနိုင်ပေ။
ကုချင်းဖန်၏ အရိုးအသက်မှာ ၁၀၀ အောက်သာ ရှိပြီး သူ၏ကိုယ်ပေါ်တွင် အိုမင်းသော အငွေ့အသက်များ လုံးဝ မရှိချေ။ ထိုကဲ့သို့သော အသက်အရွယ်ဖြင့် ရှေးဟောင်း သူတော်စင်ဘုရင်လေးဦးနှင့်အတူ ရပ်နေခြင်းမှာ လူအများ၏ အာရုံစိုက်မှုကို မရရှိဘဲ မနေနိုင်ခဲ့ပေ။