ကောင်းကင်လှည့်ဖြားဧကရာဇ်ကို နှိမ်နင်းခြင်း (အပိုင်း ၂)
Vol. 34 Ch. 475
ကောင်းကင်လှည့်ဖြားဧကရာဇ်၏ ဦးခေါင်း ပေါက်ကွဲသွားသည့်နှင့် တစ်ပြိုင်နက်
အနက်ရောင်အလင်းတန်းတစ်ခုက ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ရှေးဟောင်းကုယွဲ့ပြည်နယ် ပြင်ပသို့ ဦးတည်ထွက်ပြေးသွားခဲ့သည်။
"မကောင်းတော့ဘူး"
"နတ်ဆိုးက ထွက်ပြေးသွားပြီ"
ချင်းရှုန်းထောင်းနှင့် အခြားသူများမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေသော အနက်ရောင်အလင်းတန်းကို မြင်မှ အံ့အားသင့်နေရာမှ သတိဝင်လာပြီး ချက်ချင်းပင် ကြားဖြတ်တားဆီးရန် ကြိုးစားကြသည်။ သို့သော်လည်း ထိုအလင်းတန်းမှာ အလွန်ပင် မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ကြားဖြတ်တားဆီးရန် ကြိုးစားသော်လည်း ရပ်တန့်ရန်မှာ မဖြစ်နိုင်တော့ပေ။ နောက်ဆုံးတွင် သူတို့အားလုံးမှာ ကောင်းကင်လှည့်ဖြားဧကရာဇ် ထွက်ပြေးသွားသည်ကို ကြည့်နေရုံမှအပ အခြားမရှိတော့ပေ။
"သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုတော့ ကျုပ်တို့ ချေမှုန်းနိုင်ခဲ့ပြီ၊ သူ ထွက်ပြေးသွားနိုင်ရင်တောင် အဲဒါက ဝိညာဉ်အကြွင်းအကျန်ပဲ ရှိတော့တာ၊ ကြီးကြီးမားမား ပြဿနာရှာနိုင်မှာ မဟုတ်ပါဘူး"
ချင်းရှုန်းထောင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။ ကောင်းကင်လှည့်ဖြားဧကရာဇ် ထွက်ပြေးသွားခြင်းဖြင့် အခြေအနေမှာ ရှောင်လွှဲမရသော အဆုံးသတ်သို့ ရောက်ရှိသွားခဲ့သည်။ ဤကဲ့သို့သော နတ်ဆိုးမျိုးမှာ ခန္ဓာကိုယ် ပျက်စီးသွားသည့်တိုင် ထွက်ပြေးနိုင်သည့် နည်းလမ်းရှိလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
တစ်ခုတည်းသော သတင်းကောင်းမှာ ကောင်းကင်လှည့်ဖြားဧကရာဇ်၏ စစ်မှန်သော ကိုယ်ထည်မှာ ပျက်စီးသွားပြီဖြစ်၍ ထွက်ပြေးသွားသော ဝိညာဉ်အကြွင်းအကျန်မှာ ခြိမ်းခြောက်မှု နည်းပါးသွားခြင်းပင်။ သို့သော်လည်း အင်အားစုကြီးများမှာ ၎င်းကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ထိုဝိညာဉ်ကို လိုက်လံဖမ်းဆီးရမည် ဖြစ်သည်။
ထို့နောက် သူတို့၏ အကြည့်များမှာ ကုချင်းဖန်ထံသို့ ကျရောက်လာသည်။
"ကုမိသားစုခေါင်းဆောင်ရဲ့ အစွမ်းက တကယ်ပဲ ကြောက်စရာကောင်းပါတယ်၊ ခင်ဗျားသာ ဝင်မတိုက်ရင် ကောင်းကင်လှည့်ဖြားဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ဒီလောက်လွယ်လွယ်နဲ့ နှိမ်နင်းနိုင်မှာ မဟုတ်ဘူး"
ချင်းရှုန်းထောင်းက အနည်းငယ် ပြုံးကာ ကုချင်းဖန်ကို အလွန်ကျေနပ်ပြီး လေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤလေးစားမှုမျိုးမှာ အဆင့်တူ ကျင့်ကြံသူများအကြားတွင်သာ ရှိတတ်သော အရာမျိုးပင်။ ဤတိုက်ပွဲ မတိုင်မီက ချင်းရှုန်းထောင်းသည် ကုချင်းဖန်ကို သူနှင့်တန်းတူဟု အမှန်တကယ် မသတ်မှတ်ခဲ့ကြောင်းမှာ ထင်ရှားလှသည်။ သို့သော် ယခုအခါ ကုချင်းဖန်၏ အစွမ်းက ချင်းရှုန်းထောင်း၏ အသိအမှတ်ပြုမှုကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
"ကုမိသားစုခေါင်းဆောင် အချိန်ရတဲ့ တစ်နေ့ကျရင် ကျုပ်တို့ လောကီမသေမျိုးဂိုဏ်းကို လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်"
လော့ယန်ကလည်း ဖိတ်ကြားစကား ဆိုလာခဲ့သည်။ ထို့နောက်တွင် ရှန့်ရှန်းထုန်နှင့် ကျီဝူရှန်းတို့ကလည်း ကုချင်းဖန်အပေါ် ရင်းနှီးဖော်ရွေမှုများ ပြသလာကြသည်။ ဓမ္မဆုတ်ယုတ်သောခေတ်မှ ပညာရှင်တစ်ဦးအနေဖြင့် ဤအဆင့်သို့ ရောက်ရှိလာခြင်းကပင် သူ၏ ထူးကဲလှသော ပါရမီနှင့် အခြေခံအုတ်မြစ်ကို သက်သေပြနေခြင်းပင်။
ထိပ်သီးမဟာခေတ်ရောက်လာချိန်တွင် သူသည် ပြိုင်ဘက်ကင်းသော မဟာဧကရာဇ် တစ်ဦး ဖြစ်လာမည်မှာ အသေအချာပင်။ ဤအချက်ကို မည်သူမျှ သံသယမရှိကြပေ။ သူ၏ ပါရမီမျိုးဖြင့်သာ ဧကရာဇ်အဆင့်သို့ မတက်လှမ်းနိုင်ပါက ဤခေတ်တွင် မည်သူမျှ အရည်အချင်း ပြည့်မီလိမ့်မည်မဟုတ်ပေ။ အနာဂတ်၏ မဟာဧကရာဇ်တစ်ဦးနှင့် မိတ်ဆွေဖွဲ့ခြင်းမှာ သူတို့အတွက် ဆိုးကျိုးထက် ကောင်းကျိုးက ပို၍ များပြားလှသည်။
၎င်းနှင့်ပတ်သက်၍ ကုချင်းဖန်က ပြုံးကာ ခေါင်းညိတ် တုံ့ပြန်လိုက်သည်။
"ကောင်းကင်လှည့်ဖြားဧကရာဇ် ကိစ္စက ယာယီအားဖြင့် ပြေလည်သွားပြီဆိုပေမယ့် တခြားနတ်ဆိုးတွေကိုတော့ မကိုင်တွယ်ရသေးဘူး၊ ကျုပ်တို့ အရင်ဆုံး ရှေးဟောင်းကုယွဲ့ပြည်နယ်ထဲက နတ်ဆိုးအားလုံးကို အမြစ်ပြတ် သုတ်သင်ကြစို့"
ချင်းရှုန်းထောင်းက အခြားနေရာများသို့ လှည့်ကြည့်လိုက်ရာ နတ်ဆိုးများမှာ အမြောက်အမြား ရှိနေဆဲ ဖြစ်သည်။ အစပိုင်းတွင် ရှေးဟောင်းကုယွဲ့ပြည်နယ်ရှိ နတ်ဆိုးများမှာ ကောင်းကင်လှည့်ဖြားဧကရာဇ်၏ စေခိုင်းမှုကြောင့် ပေါ်လာခြင်းဟု သူ ထင်ခဲ့သည်။ ထို့ကြောင့် သူ သေသွားပါက တခြားနတ်ဆိုးများလည်း အလိုအလျောက် ပျက်စီးသွားလိမ့်မည်ဟု ယူဆခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ ထိုသို့မဟုတ်ဘဲ တခြားနတ်ဆိုးများနှင့် ကောင်းကင်လှည့်ဖြားဧကရာဇ်အကြား တိုက်ရိုက်ပတ်သက်မှု မရှိပုံရပေ။
သို့မဟုတ်ပါကလည်း ကောင်းကင်လှည့်ဖြားဧကရာဇ်မှာ နတ်ဆိုးများစွာထဲတွင် အစွမ်းအထက်ဆုံး တစ်ဦးသာ ဖြစ်ပေလိမ့်မည်။ သူ ထွက်ပြေးသွားသော်လည်း အခြားနတ်ဆိုးများမှာ ပြည်နယ်အတွင်း သောင်းကျန်းနေဆဲ ဖြစ်သည်။ အင်အားစုအသီးသီးမှာ နတ်ဆိုးများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြရပြီး အချိန်တိုင်းတွင် အကျအဆုံးများ ရှိနေသည်။ ထိုသို့သော အခြေအနေတွင် သူတို့ ငြိမ်နေ၍ မရပေ။ ချက်ချင်းပင် သူတို့အားလုံးသည် ပြည်နယ်၏ အရပ်မျက်နှာအသီးသီးသို့ ခွဲခွာကာ လှုပ်ရှားလိုက်ကြသည်။
"ဘုန်း"
သွေးရောင်ဓားအလင်းတန်းက ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး တောင်တန်းများ ပြိုလဲကာ မြေပြင်ကြီး အက်ကွဲသွားသည်။ နတ်ဆိုးပေါင်းများစွာမှာ အော်ဟစ်ရန်ပင် အချိန်မရဘဲ ခဏချင်းအတွင်း ချေမှုန်းခြင်း ခံလိုက်ရသည်။
ကုချင်းဖန်သည် ခြောက်သွေ့နေသော မြေပြင်ပေါ်တွင် လျှောက်လှမ်းနေပြီး သူ၏ မျက်နှာမှာ အေးစက်ကာ တည်ငြိမ်နေသည်။ သူနှင့် တွေ့သမျှ မည်သည့်နတ်ဆိုးမျှ သူ၏ ဓားချက်ကို မခုခံနိုင်ကြပေ။ ယခုအခါ ကုချင်းဖန်၏ အစွမ်းမှာ သူတော်စင်ဘုရင်အဆင့်သို့ ချဉ်းကပ်နေပြီဖြစ်ရာ သာမန် ဧကရာဇ်တစ်ပိုင်း တစ်ဦးပင်လျှင် သူ၏ ဧကရာဇ်လက်နက်၏ ထက်မြက်မှုကို မခုခံနိုင်ပေ။
ထို့ကြောင့် သူ၏ ဓားတစ်ချက် ဝေ့ယမ်းလိုက်တိုင်း နတ်ဆိုး ရာနှင့်ချီ၍ သုတ်သင်ပစ်နိုင်သည်။ ကုချင်းဖန်အနေဖြင့် ဤမျှများပြားသော နတ်ဆိုးများကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ရှေးဟောင်းကုယွဲ့ပြည်နယ်တစ်ခုလုံးမှာ နတ်ဆိုးများအတွက် ဘုံကြီး ဖြစ်နေသကဲ့သို့ပင်။ တစ်ချိန်က စည်ကားခဲ့သော မြို့ကြီးများမှာ အသက်မဲ့နေပြီး ကျေးရွာများမှာလည်း တိတ်ဆိတ်နေသော သင်္ချိုင်းဂူများအဖြစ် ပြောင်းလဲသွားခဲ့သည်။ နေရာတိုင်းတွင် နတ်ဆိုးများသာ ရှိနေသဖြင့် ဤရှေးဟောင်းပြည်နယ်ကြီးမှာ အလွန်ပင် ခြောက်ခြားဖွယ် ကောင်းလှသည်။
"ဒီနတ်ဆိုးတွေက ဘယ်ကနေ ရောက်လာတာလဲ"
ကုချင်းဖန်က နောက်ထပ် ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ သူတော်စင်အဆင့်နှင့် ညီမျှသော အစွမ်းထက်သည့် နတ်ဆိုးတစ်ကောင်မှာ နေရာတင် ကွယ်ပျောက်သွားသည်။ နတ်ဆိုး၏ ပျက်စီးသွားသော ခန္ဓာကိုယ်ကို ကြည့်ကာ ကုချင်းဖန်၏ မျက်နှာတွင် ဝမ်းသာရိပ်မရှိဘဲ ပို၍ပင် လေးနက်လာခဲ့သည်။ နတ်ဆိုးများ ပေါ်ပေါက်လာခြင်းမှာ ခိုင်လုံသော အကြောင်းပြချက် မရှိသကဲ့သို့ပင်။
၎င်းကို တွေးတောရင်း ကုချင်းဖန်က အထက်ရှိ ဟင်းလင်းပြင်ဆီသို့ မော့ကြည့်လိုက်သည်။
"စကြဝဠာ ကြယ်တာရာ ကောင်းကင်ယံလား"
ထိုအတွေးမှာ သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ အကယ်၍ ဤနတ်ဆိုးများမှာ စကြဝဠာ ကောင်းကင်ယံမှ လာခြင်းဆိုပါက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ စကြဝဠာကြီးမှာ ကျယ်ပြောလှပြီး ရှေးဟောင်းမြင့်မြတ်သောသီးခြားနယ်မြေမှာ ထိုကျယ်ပြောမှုကြီးထဲတွင် ဖုန်မှုန့်တစ်စမျှသာ ဖြစ်သည်။ အကယ်၍ နတ်ဆိုးများက အဆုံးမဲ့သော စကြဝဠာထဲမှ ပေါ်ထွက်လာပြီး ဤနယ်မြေကို ကျူးကျော်ကာ ရှေးယခင်ကတည်းက ဆူပူသောင်းကျန်းမှုများ ဖြစ်စေခဲ့သည်ဆိုပါက ယုတ္တိရှိပေသည်။ သို့သော် ဤအရာများမှာ ကုချင်းဖန်၏ ခန့်မှန်းချက်သာ ဖြစ်ပြီး သူကိုယ်တိုင်လည်း အသေအချာ မသိနိုင်ပေ။
အချိန် မည်မျှ ကုန်ဆုံးသွားသည် မသိရ။ ကုချင်းဖန်မှာ သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ၏ ရှေ့မှောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ကျင်းကြီးတစ်ခု ပေါ်လာပြီး ထိုကျင်း၏ အလယ်တွင် ကျောက်စာတိုင်တစ်ခု စိုက်ထူထားသည်မှာ အလွန်ပင် ရင်းနှီးနေသည်။
"နတ်ဆိုးများကို ထာဝရ နှိမ်နင်းခြင်း"
ရင်းနှီးနေသော ထိုစာလုံး ၄ လုံးကို မြင်လိုက်ရချိန်တွင် ဤနတ်ဆိုးများမှာ ထိုက်ရိနတ်ဘုရားမင်းဆက်နှင့် အမှန်တကယ် ပတ်သက်မှုရှိကြောင်း ကုချင်းဖန် အတည်ပြုနိုင်ခဲ့သည်။ ဤကျောက်စာတိုင်မျိုးကို ရှေးဟောင်းသားရဲတောင်တန်းတွင် သူ တစ်ကြိမ် မြင်ဖူးခဲ့သည်။ ကွာခြားချက်မှာ ဤကျောက်စာတိုင်မှ အရှိန်အဝါမှာ ရှေးဟောင်းသားရဲတောင်တန်းရှိ ကျောက်စာတိုင်ထက် များစွာ ပိုမို အားကောင်းနေခြင်းပင်။
ကုချင်းဖန်၏ အကြည့်က ကျောက်စာတိုင်ပေါ်တွင် ခဏတာ တည်ရှိနေစဉ်မှာပင် ကျောက်စာတိုင်မှ ဖျော့တော့သော အလင်းရောင်များ ထွက်ပေါ်လာပြီးနောက် သတင်းစကားတစ်ခုမှာ သူ၏ စိတ်ထဲသို့ စီးဝင်လာခဲ့သည်။
၎င်းမှာ နောင်လာနောက်သားများအတွက် သတိပေးချက်တစ်ခုသာ ဖြစ်သည်။ ဤကျောက်စာတိုင်၏ အောက်တွင် နတ်ဆိုးအသိုက်အအုံတစ်ခု ရှိနေသည်။ နောင်လာမည့်သူများအနေဖြင့် ဤကျောက်စာတိုင်ကို လုံးဝ မဖျက်ဆီးရဘဲ အတွင်းရှိ နတ်ဆိုးများကို အပြင်သို့ လွှတ်မပေးရဟု ဆိုထားသည်။
"နတ်ဆိုးအသိုက်အအုံ"
ကုချင်းဖန်က သူ၏ရှေ့မှ ကျောက်စာတိုင်ကို ကြည့်လိုက်ပြီး ကျောက်စာတိုင်၏ နောက်ကွယ်တွင် အလွန်ထူထပ်သော ထူးဆန်းသည့် အရှိန်အဝါများ ထွက်ပေါ်နေသည့် မည်းနက်သော တွင်းပေါက်ကြီးတစ်ခုကို သတိပြုမိလိုက်သည်။ ၎င်းမှာ ကျောက်စာတိုင်ရှိ သတင်းစကားတွင် ဖော်ပြထားသော နတ်ဆိုးအသိုက်အအုံ၏ အဝင်ဝ ဖြစ်နေသည်မှာ ထင်ရှားလှသည်။ သို့သော် ကုချင်းဖန်၏ စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာတွင် ထိုနတ်ဆိုးအသိုက်အအုံအတွင်း၌ မည်သည့်နတ်ဆိုးမျှ မရှိတော့ကြောင်း တွေ့ရှိရသည်။
"ထိုက်ရိနတ်ဘုရားမင်းဆက်ကနေ ဒီကျောက်စာတိုင်ကို ထားခဲ့တဲ့ ပညာရှင်က နောင်လူတွေ ကျောက်စာတိုင်ရဲ့ တံဆိပ်ကို ဖျက်ဆီးပြီး နတ်ဆိုးတွေကို လွှတ်ပေးမိမှာကို စိုးရိမ်လို့ သတိပေးခဲ့တာပဲ၊ ဒါပေမဲ့ အခုကြည့်ရတာ ကျောက်စာတိုင်ရဲ့ တံဆိပ်ကို လူတွေက ဖျက်ဆီးခဲ့တာ မဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ တံဆိပ်က အားနည်းသွားပြီး ပျက်စီးသွားတာပဲ ဖြစ်ရမယ်"
သူ့ရှေ့မှ ကျောက်စာတိုင်ကို ကြည့်ရင်း ကုချင်းဖန် ရှင်းလင်းစွာ နားလည်သွားသည်။ ဤကျောက်စာတိုင်ရှိ တံဆိပ်မှာ ရှေးဟောင်းသားရဲတောင်တန်းရှိ တံဆိပ်နှင့် ဆင်တူလှသည်။ ကျန်ရှိနေသော အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် ဤကျောက်စာတိုင်ကို ထားရစ်ခဲ့သူမှာ အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသူ ဖြစ်ရမည်။
သို့သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ ကျောက်စာတိုင်၏ စွမ်းအားမှာ ယိုယွင်းပျက်စီးလာခဲ့ပြီး နတ်ဆိုးအသိုက်အအုံမှ ဆူပူသောင်းကျန်းမှုများကို မနှိမ်နင်းနိုင်တော့ပေ။ ၎င်းမှာ ရှေးဟောင်းကုယွဲ့ပြည်နယ်တွင် ကျရောက်ခဲ့သော ဘေးဒုက္ခ၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။
ထိုက်ရိနတ်ဘုရားမင်းဆက်က အဘယ်ကြောင့် ထိုစဉ်က ဤနတ်ဆိုးများကို အမြစ်ပြတ် မသုတ်သင်ခဲ့သနည်းဆိုသည်ကို ကုချင်းဖန် နားမလည်နိုင်ပေ။ ၎င်းမှာ မဖြစ်နိုင်၍လား သို့မဟုတ် အခြားစဉ်းစားချက်များ ရှိနေ၍လား။ အကယ်၍ နတ်ဆိုးများကို အပြတ်အသတ် သုတ်သင်ခဲ့ပါက ယခုကဲ့သို့သော ပြဿနာများ ရှိလာမည်မဟုတ်ပေ။ သို့သော် ထိုကိစ္စများမှာ အလွန်ပင် ရှေးကျလှသဖြင့် အသေအချာ ခန့်မှန်းရန် ခက်ခဲလှသည်။
ထို့ကြောင့် ထိုအတွေးမှာ ကုချင်းဖန်၏ စိတ်ထဲတွင် ပေါ်လာပြီးနောက် ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ သူ့ရှေ့မှ ကျောက်စာတိုင်ကို ကြည့်ကာ ကုချင်းဖန်က သူ၏ လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။ အသိုက်အအုံထဲမှ နတ်ဆိုးအားလုံး ထွက်ပေါ်လာပြီဖြစ်၍ နှိမ်နင်းရန် ကျောက်စာတိုင်မှာ မလိုအပ်တော့ပေ။ ထို့ကြောင့် ဤကဲ့သို့သော အဖိုးတန်ပစ္စည်းကို အလဟဿ အဖြစ်မခံလိုပေ။
အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦး ချန်ရစ်ခဲ့သော အရာဖြစ်၍ ၎င်း၏ စွမ်းအားမှာ လျော့နည်းသွားသော်လည်း အချို့သော တာအိုစီးချက်တွေကတော့ ကျန်ရှိနေသေးသည်။ ထိုတာအိုစီးချက်များမှာ သာမန်ကျင့်ကြံသူများအတွက် အလွန်ပင် အကျိုးရှိလှသည်။ ဤနေရာတွင် အလကား ပစ်ထားမည့်အစား ယူသွားခြင်းက ပိုကောင်းပေသည်။
ကျောက်စာတိုင် မရှိတော့သည့်အခါ နတ်ဆိုးအသိုက်အအုံအတွင်းမှ ထူးဆန်းအေးစက်သော စွမ်းအင်များမှာ ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင်၏ အပူချိန်မှာ ချက်ချင်းပင် ကျဆင်းသွားခဲ့သည်။ သို့သော် ၎င်းမှလွဲ၍ အခြားပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပေ။