← Chapters

မီးအိမ်သုံးခု

Vol. 9 Ch. 898

မီးအိမ်သုံးခု

Vol. 9 Ch. 898

ရွှမ်တု၏ခြေထောက်အောက်မှ ရွှေရောင်တံတားကြီးမှာ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။

သူက တံတားထက်မှာ အသာအယာခုန်ဆင်းလာလေသည်။ သူ၏အသွင်အပြင်ကတော့ ထုံးစံအတိုင်း အေးစက်တည်ကြည်လျှက်ရှိလေ၏။

ပျော်ရွှင်မှုမရှိ ၊ ဒေါသမရှိ။

သူ့မျက်နှာအမူအရာကိုကြည့်ပြီး တိုက်ပွဲတွင် မည်သူ့ဘက်က အသာရနေသည်လဲဆိုသည်ကို ခန့်မှန်းနိုင်ခြင်း မရှိပေ။

ဆန်းလျန်နှင့် လီချင်းဆွေ၏ ခြေဖဝါးအောက်မှ မြစ်ရေက အနည်းငယ် ငြိမ်သက်သွားလေသည်။

ဆန်းလျန်က အနည်းငယ်ပြုံးလိုက်ရင်း…

"ရွှမ်ဟွမ်မိုးနတ်မင်း ဒဏ်ရာရသွားပြီ မဟုတ်လား…"

ရွှမ်တုတောက်ကျွင်းက စကားတစ်ခွန်းမှ မပြောခဲ့ပေ။

ထို့နောက် နောက်သို့ ချာခနဲလှည့်ထွက်သွားပြီး ဘုရင်ရှစ်ပါးနန်းတော်အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။ သူ၏အပြုအမူကိုကြည့်ခြင်းအားဖြင့် ဆန်းလျန်နှင့်တိုက်ပွဲတွင် ရွှမ်ဟွမ်မိုးနတ်မင်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်မှာ သေချာသလောက်ရှိလေသည်။

ဆန်းလျန်က တာအိုဆရာလီချင်းဆွေကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

ဆန်းလျန်၏လက်ချောင်းထိပ်လေးများ အနည်းငယ်တုန်ခါနေသည်ကို လီချင်းဆွေ ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရလေသည်။

သို့သော်… အခြားသူများကတော့ မည်သည့်နည်းနှင့်မှ တွေ့မြင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

ထို့နောက် ရေလှိုင်းများလှိုင်းထန်လာပြီး ဆန်းလျန်နှင့် လီချင်းဆွေ ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ဝင်ရောက်သွားလေတော့သည်။

ကျောက်နံရံကြီးများ ၊ စီးဆင်းနေသည့်စမ်းချောင်းလေးနှင့် ကျောက်တုံးကျောက်ခဲများ ရှိနေလေသည်။

ဆန်းလျန်နှင့် လီချင်းဆွေတို့ စမ်းချောင်းလေးနံဘေးရှိ ကျောက်ဆောင်တစ်ခုထက်တွင် ထိုက်လိုက်ကြသည်။ ပတ်ဝန်းကျင်တွင် မြူခိုးများဝေနေပြီး နတ်ဘုရားနယ်မြေက သာယာလှပလွန်းလှလေသည်။

ချင်းဆွေက…

"မင်းလည်း ဒဏ်ရာရသွားတယ်မဟုတ်လား ၊ မင်းရဲ့ဒဏ်ရာရော ပြန်သက်သာလာဖို့ ဘယ်လောက်ကြာမှာလဲ…"

ဆန်းလျန်က…

"နည်းနည်းလောက်နားလိုက်ရင် ကောင်းသွားမှာပါ ၊ ဒီတစ်ခေါက် ရွှမ်တုတောက်ကျွင်းနဲ့ တိုက်ခိုက်တာ အကျိုးရှိပါတယ် ၊ အနည်းဆုံးတော့ ကျွန်တော့်ရဲ့ တန်ခိုးစွမ်းအားအဆင့်ကို ခန့်မှန်းကြည့်နိုင်တယ်လေ…"

လီချင်းဆွေက…

"မင်းတို့ (၂)ယောက် အခုဆိုရင် ဘယ်သူက ပိုသာသလဲ…"

ဆန်းလျန်က …

"ပြောရတော့ခက်တယ် ၊ သူက ထိုက်ချိယင်ယန်ပန်းချီကားကိုအသုံးပြုပြီး ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်ထားတဲ့သူဆိုတော့ လောကမှာ သူ့ကိုသတ်နိုင်တဲ့သူ မရှိနိုင်လောက်ဘူး…"

လီချင်းဆွေက…

"အင်းပေါ့… ထိုက်ချိယင်ယန်ပန်းချီကားကို သန့်စင်ပြီး ကျင့်စဉ်လမ်းအဆင့်တက်ထားမှတော့ သူ့ကိုသတ်ဖို့ဆိုတာ တော်ရုံဘယ်လွယ်ပါ့မလဲ ၊ အခု တာအိုဆရာယွိတင်ကလည်း သူနဲ့ ပူးပေါင်းသွားပြီ ၊ အဲဒီတော့ တစ်လောကလုံးရဲ့ အထွတ်ထိပ်နေရာကို ရောက်နေပြီ ၊ ဒါပေမဲ့ သူဒီလောက်လွယ်လွယ်နဲ့ မိုးနတ်မင်းတစ်ပါးဖြစ်သွားမှာကို မင်းကတော့ ခွင့်မပြုနိုင်ဘူး မဟုတ်လား…"

ဆန်းလျန်က ပေါ့ပါးသည့်လေသံဖြင့်…

"ကျွန်တော် အခု အတော်လေး ပျော်နေမိတာပါ ၊ ရှေ့ဆက်ရမယ့်လမ်းမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရဦးမလဲ မသိပေမယ့် အဲဒါ အရမ်းကို အံ့သြစရာကောင်းတယ် ၊ ချင်းဆွေက ကျွန်တော့်ကို နားလည်ပေးမယ်မဟုတ်လား…"

လီချင်းဆွေက…

"ငါ မင်းကို နားလည်ပါတယ် ၊ ဒါပေမဲ့ မင်းငါ့ကို ကတိပေးထားတဲ့ကိစ္စကိုတော့ မေ့မနေနဲ့ဦးနော်…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျွန်တော် ချင်းဆွေကို ကတိပေးထားတာကို မမေ့ပါဘူးဗျာ…"

မိုးနှင့်မြေတွင် မီးအိမ် (၃)လုံးရှိလေသည်။

ယခု လီချင်းဆွေ၏ လက်ထဲသို့ မီးအိမ် (၁)လုံးက ရောက်ရှိနေပြီ ဖြစ်လေသည်။ သို့သော်… အခြားသော မီးအိမ် (၂)လုံးကတော့ ဘုရင်ရှစ်ပါးနန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်များတွင် ရှိနေလေသည်။

ဆန်းလျန်မှလွဲပြီး ထိုမီးအိမ် (၂)လုံးကို မည်သူမှ ရယူပေးနိုင်မည် မဟုတ်ပေ။

ဆန်းလျန်က ထိုမီးအိမ် (၂)လုံးကို မည်သို့ရယူရမည်ကို တွေးမနေမိပေ။ ထိုမီးအိမ် (၃)လုံးစလုံး ရသွားလျှင် လီချင်းဆွေ မည်သို့ဖြစ်သွားမည်ကိုသာ တွေးနေမိလေသည်။

လီချင်းဆွေ မီးအိမ် (၃)လုံးကိုသာ ရသွားလျှင် သူမသည် အားလုံးကို ကျော်တက်သွားနိုင်လေသည်။ ထိုအခါ ဆန်းလျန် ၊ ရွှမ်တုတောက်ကျွင်းနှင့် တိကျန်ဗောဓိသကျတို့အားလံးသည် ရယ်စရာဟာသများဖွယ် နောက်ကောက်ကျ ကျန်ရစ်ခဲ့ပေလိမ့်မည်။

သို့သော်… ထိုသို့ဆိုလျှင်တောင်မှ ဆန်းလျန်က လီချင်းဆွေကို ပေးထားသည့်ကတိအတိုင်း မီးအိမ်များကို ယူပေးမည် ဖြစ်လေသည်။

ဆန်းလျန်၏ နေရာတွင် ရွှမ်တုတောက်ကျွင်းနှင့် တိကျန်ဗောဓိသကျသာ ဖြစ်နေပါက ပေးထားသည့်ကတိကို တည်နိုင်ကြတော့မည် မဟုတ်ပေ။

ဤသည်က ဆန်းလျန်နှင့် ထိုသူတို့အကြား ကွာခြားမှုပင် ဖြစ်လေသည်။

စစ်မှန်သောကျင့်ကြံသူတစ်ယောက်သည် ဖြောင့်မတ်ရမည် ဖြစ်သည်။ ဖြောင့်မတ်ခြင်း၏ နောက်ကွယ်တွင် ဆန်းလျန်က မည်သူမှ မသိနိုင်သည့် ရူးသွပ်မှုတစ်ခုကို ကွယ်ဝှက်ထားခဲ့လေသည်။

ဆန်းလျန်က ဘဝကို ကစားပွဲတစ်ခုဟု သတ်မှတ်ခဲ့ပြီး စွဲစွဲလန်းလန်း ပါဝင်ပတ်သက်ခဲ့သူ ဖြစ်လေသည်။

သူက ချင်းဆွေသည် မီးအိမ် (၃)ခုလုံး ရရှိသွားလျှင် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသူတစ်ယောက် ဖြစ်လာမည်ကို အလွန်သိချင်လှသည့် ရူးသွပ်မှုမျိုးဖြင့် ချင်းဆွေကို ပေးထားသည့်ကတိကို တည်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။

ထိုအကြောင်းများကြောင့် ဆန်းလျန်က လီချင်းဆွေကို ပေးထားသည့် ကတိကို တည်မည်ဖြစ်ကြောင်း တည်တည်ကြည်ကြည်ဖြင့် ပြောလိုက်မိခြင်း ဖြစ်လေသည်။

ချင်းဆွေကတော့ စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။

သူတို့ စကားပြောနေရင်းဖြင့်ပင် ဆန်းလျန်၏ ဒဏ်ရာလည်း ပြန်လည် သက်သာလာလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန် ဒဏ်ရာမည်မျှပြင်းထန်ပါစေ အလျှင်အမြန် ပြန်လည်သက်သာနိုင်သည့် အစွမ်းရှိသည်ကို ဆန်းလျန် သိလိုက်ရလေသည်။

ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာက ထိုသို့သော ထူးဆန်းသည့်အစွမ်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ထို့ပြင်… ဤသည်မှာ ဟွင့်ယွမ်ဝူကျီအဆင့်၏ လက္ခဏာလည်း ဖြစ်လေသည်။

ဟွင့်ယွမ်ဝူကျီအဆင့်ပင် ဤမျှတန်ခိုးစွမ်းအားမြင့်မားလှလျှင် တာအိုဆရာသခင်ကြီးတစ်ပါးသာ ဖြစ်သွားလျှင် မည်သူမှ သူ့ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်တော့မည်မဟုတ်ဟု ဆန်းလျန်တွေးလိုက်မိသည်။

နောက်ပိုင်း သူနှင့် ချင်းဆွေ ပြောနေကြသည့်စကားများကတော့ ရောက်တက်ရာရာများ ဖြစ်လေသည်။

ဆန်းလျန်က ချင်းဆွေကို သစ်ပင်ပန်းမာလ်စိုက်နည်းများပြောပြနေခဲ့ပြီး ချင်းဆွေထျန်းကောင်းကင်ဘုံမှာ အလွန်လှပသည့်တိုင် သစ်ပင်ပန်းပင်များ များစွာလိုအပ်နေသေးသည်ဆိုသည့်အကြောင်းများ ဖြစ်လေသည်။

ဤသည်မှာ သူမနှင့် ဆန်းလျန်ကြားမှ ကွာခြားချက်ဖြစ်လေသည်။

သူမက အလှအပများကို သိပ်ပြီး မနှစ်သက်သော်လည်း ဆန်းလျန်ကတော့ နူးညံ့သူတစ်ယောက် ဖြစ်လေသည်။ အလှအပများကိုခံစားရသည်က ဆန်းလျန်ဘဝ၏ အစိတ်အပိုင်းများဖြစ်နေသလားဟု ချင်းဆွေ တွေးလိုက်မိသည်။

သို့သော်… သူတို့ နှစ်ယောက်စကားဝိုင်းက အေးအေးဆေးဆေးပင် ဖြစ်ပြီး အငြင်းအခုံများ မဖြစ်ခဲ့ကြပါချေ။

နောက်ဆုံးတွင်တော့ ဆန်းလျန်က လေထဲတွင် သစ်ပင် ၊ ပန်းပင် မျိုးစေ့များကို ဖန်ဆင်းလိုက်ကာ ချက်ချင်းပင် ချင်းဆွေထျန်းကောင်းကင်ဘုံတွင် စိုက်ပျိုးပေးလိုက်လေတော့သည်။

ပန်းပင်များက ချက်ချင်းပွင့်လန်းလာပြီး သစ်ပင်များကလည်း ချင်းချင်းပင် သစ်သီးများသီးလာကြလေသည်။

ချင်းဆွေက ဆန်းလျန်ကို တားဆီးခဲ့ခြင်း မရှိပေ။ ပထမဆုံး ဆန်းလျန် ချင်းဆွေထျန်း ကောင်းကင်ဘုံသို့ ရောက်လာစဉ်က သူမကို ငါးကင်ပေးစဉ်ကပင် ဆန်းလျန်၏ ထူးဆန်းမှုများကို သူမ သိရှိလက်ခံခဲ့ပြီးပြီ ဖြစ်လေသည်။

အခြားသူများအမြင်ဆိုလျှင်တော့ ဆန်းလျန်နှင့် ချင်းဆွေကြားတွင် ထူးဆန်းသည့် ချစ်မှုရေးရာ ပတ်သက်မှု တစ်ခုခု ရှိနေကြမည်ဟု ယူဆကြပေလိမ့်မည်။

သို့သော်… တကယ်တမ်းတွင် သူတို့ နှစ်ယောက်သည် ရိုးရိုးသားသားသာ ဖြစ်ကြလေသည်။

ချင်းဆွေကို စကားဖြင့် ဖော်ပြရမည်ဆိုလျှင် "သန့်စင်သူ" ဆိုသည့် စကားလုံး (၃)လုံးဖြင့် ဖော်ပြနိုင်မည် ဖြစ်သည်။ သူမသည် အလွန်လွတ်လပ်ပြီး သံယောဇဉ်လည်း ထားတတ်သူ မဟုတ်ပေ။

ဆန်းလျန်သည် သူမထံတွင် တာအိုဆရာသခင် ထိုက်ယီ၏ ပုံရိပ်ကို တွေ့မြင်ရလေသည်။

လီချင်းဆွေသည် အမြဲတမ်း တာအိုဆရာသခင်ထိုက်ယီအပေါ်တွင် မကျေမနပ်ဖြစ်နေဟန်ရှိသော်လည်း သူမသည် တာအိုဆရာသခင်ထိုက်ယီကိုလည်း သဘောကျဟန် ရှိလေသည်။

ချင်းဆွေကိုယ်တိုင် နားမလည်နိုင်သည့်အရာများကို ဘေးလူဖြစ်သည့် ဆန်းလျန်က နားလည်ပေးနိုင်လေသည်။

သို့သော်… ဆန်းလျန်က ဤအကြောင်းများကို မည်သည့်အခါမှ ထုတ်ဖော်ပြောမည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူသည် ချင်းဆွေ၏ ထာဝရသူငယ်ချင်း ဖြစ်နေပေလိမ့်မည်။

ဆန်းလျန်က…

"ချင်းဆွေ… ၊ ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်မနဲ့ တွေ့ခွင့်ရနိုင်မလား…"

ကူးဝေေ၀ ချင်းဆွေထျန်းကောင်းကင်ဘုံတွင် ရှိနေသည်ကို ဆန်းလျန် သိထားလေသည်။

သူမအနေဖြင့် ဆန်းလျန်နှင့်အတူနေလျှင် အန္တရယ်မကင်းနိုင်သော်လည်း ချင်းဆွေထျန်းတွင်ဆိုလျှင်တော့ အန္တရယ်ကင်းနိုင်လေသည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ကျင့်စဉ်လမ်းအဆင့်သည် ကျောက်ရှောင်ယွီလောက် မမြင့်မားသောကြောင့် ဖြစ်လေသည်။

ထို့ပြင်… သူမကိုယ်တိုင်ကလည်း ဆန်းလျန်ကို တွယ်ကပ်နေရန် ဆန္ဒမရှိတော့သောကြောင့် ဖြစ်လေသည်။ သူမအတွက်ဖြင့် ဆန်းလျန်ကို အလုပ်မပိုစေချင်မိပေ။

လီချင်းဆွေက ခေါင်းတစ်ချက် ညိတ်လိုက်သည်။

ထို့နောက် သူမက ဆန်းလျန်ကို ကူးဝေေ၀ရှိရာသို့ ခေါ်ဆောင်သွားလေသည်။

ချင်းဆွေထျန်းကောင်းကင်ဘုံတွင် ပင်လယ်တစ်ခု ရှိလေသည်။ ပင်လယ်လှိုင်းများကထန်နေပြီး ကမ်းခြေကို ရိုက်ခတ်နေလေသည်။

ထိုနေရာတွင်…

ကူးဝေေ၀ ရှိနေခဲ့လေသည်။

***

All Chapters