← Chapters

အခန်း (၄၃၈)

Vol. 44 Ch. 438

အခန်း (၄၃၈)

Vol. 44 Ch. 438

အခန်း။ ၄၃၈

လီမြစ် အခြေစိုက်စခန်း ဗီလာဧရိယာ …

ဝုန်း...

လျှပ်စီးကြောင်းတစ်ခုအလား လျင်မြန်လှသော လူရိပ်တစ်ခုသည် မြေကွက်လပ်ပေါ်တွင် ဟိုမှသည်သို့ ရွေ့လျားနေခဲ့သည်။ ရှေ့သို့ တိုးဝင်နေစဉ်အတွင်း အပြာနုရောင် အလင်းတောင်ပံတစ်စုံမှာ ကောင်းကင်ယံကို ပိုင်းဖြတ်နေသကဲ့သို့ ရှိနေပြီး နားကွဲလုမတတ် ပြင်းထန်လှသော လေတိုးသံများမှာလည်း တရွှီရွှီ ထွက်ပေါ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် စီးဆင်းနေသော စမ်းချောင်းတစ်ခုအလား သွေးရောင်လွှမ်းနေသည့် ဓားအလင်းတန်းမှာ လေထုထဲ၌ ဟုန်ခနဲ ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်ကိုပင် ဆွဲဖြတ်တော့မည့်အတိုင်း ထင်မှတ်ရသည်။

လောကကြီးကို အပိုင်းပိုင်းခွဲပစ်တော့မည့် ရေခဲပုဆိန်သွားတစ်ခုကဲ့သို့ အေးစက်လှသော အကြည့်ဖြင့် လုချွမ်းသည် သူ၏ခန္ဓာကိုယ်ကို အရှိန်အဟုန်ဖြင့် လှုပ်ရှားလိုက်ရင်း အတွင်းပိုင်းရှိ ဝိညာဉ်အနှစ်သာရ များကို ပြင်းထန်စွာ ပေါက်ကွဲထွက်စေလျက် သူ၏ ညာလက်ကို ရှေ့သို့ အားမာန်ပါပါ ဝေ့ယမ်းလိုက်သည်။

ခဏချင်းမှာပင် သွေးရောင်လွှမ်းသော မိစ္ဆာအငွေ့အသက်များ ပြည့်နှက်နေသည့် စစ်ဓားမှာ ကောင်းကင်ယံကို ပိုင်းဖြတ်သွားခဲ့ပြီး အခဲလိုက်ဖြစ်တည်နေသကဲ့သို့ ထင်ရသော သွေးရောင်ဓားအလင်းတန်းတစ်ခုမှာ လျှပ်ခနဲ ဖြတ်သန်းသွားခဲ့သည်။

ဝုန်း...

မျက်တောင်တစ်ခတ်အတွင်းမှာပင် မီတာရာနှင့်ချီ၍ ဝေးကွာသော နေရာရှိ အုတ်တံတိုင်းကာထားသော ပန်းခင်းကြီးမှာ ပေါက်ကွဲထွက်သွားခဲ့ပြီး အုတ်ခဲများနှင့် မြေကြီးများ လွင့်စင်လျက် နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

သွေးရောင်ဓားအလင်းတန်းမှာ ပန်းခင်းတစ်ခုလုံးကို အတင်းအဓမ္မ နှစ်ခြမ်းခွဲပစ်လိုက်ပြီးနောက် မီတာဝက်ခန့် ကျယ်ဝန်းသော ဧရာမဓားရာကြီးတစ်ခုကို ချန်ရစ်ထားခဲ့သည်။

ပန်းခင်းပေါ်ရှိ အပင်များမှာ ခဏချင်းမှာပင် အစအနမကျန် ပျက်စီးသွားခဲ့ရပြီး သန်မာလှသော ပရုတ်ပင်ကြီး၏ အောက်ခြေမှာ ပေါက်ကွဲထွက်သွားကာ မရေမတွက်နိုင်သော သစ်သားစအနများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုဧရာမ သစ်ပင်စည်ကြီးမှာ ဝုန်းခနဲ အသံနှင့်အတူ လဲပြိုသွားခဲ့ပြီး သစ်ကိုင်းသစ်ရွက်များမှာ ပြန့်ကျဲသွားခဲ့ရသလို ပတ်ဝန်းကျင်ရှိ ချုံပုတ်များမှာလည်း လုံးဝဥဿုံ ပျက်စီးခြင်းနှင့် ရင်ဆိုင်လိုက်ရသည်။

လုချွမ်း၏ အပြာရောင်ငှက်တောင်ပံဖြန့်ကျက်ခြင်းအတတ်နှင့် သွေးမိစ္ဆာဓားသိုင်းတို့မှာ ရက်အတော်ကြာ လေ့ကျင့်ပြီးနောက်တွင် ပိုမိုကျွမ်းကျင်ပိုင်နိုင်လာခဲ့ပြီ ဖြစ်သည်။

ဖေဖေရဲ့ ပါရမီက သမီးနဲ့ယှဉ်ရင်တောင် အထင်ကြီးစရာပဲ။ အခုဆိုရင် ကိုယ်ခံပညာရော၊ ဓားသိုင်းရောက အောင်မြင်မှုအဆင့်ကို ရောက်လုနီးပါး ဖြစ်နေပြီ

အဝေးမှ စောင့်ကြည့်နေသော ကျိရုရွှယ်က ပြုံးရယ်လျက် စိတ်ထဲမှနေ၍ ချီးကျူးလိုက်မိသည်။

သို့သော်လည်း ထိုခဏ၌ပင် လုချွမ်းသည် ဓားဝေ့ယမ်းနေသည့် လှုပ်ရှားမှုကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားခဲ့တော့သည်။

လီမြစ်မြို့တစ်ခုလုံးတွင် ဇွန်ဘီရုပ်သေးများကို ဖြန့်ကျက်ထားရှိရာ မည်သည့်လှုပ်ရှားမှုမျိုးမဆို လုချွမ်း၏ အာရုံမှ လွတ်မြောက်ရန် ခဲယဉ်းလှသည်။

ယခုလေးတင်ပင် ရဟတ်ယာဉ်တစ်စင်းသည် မျှော်လင့်မထားဘဲ လီမြစ်မြို့အတွင်းသို့ တိုက်ရိုက် ပျံသန်းကာ ဝင်ရောက်လာခဲ့သည်။

ဘာတွေဖြစ်နေတာလဲ။ ဒီရဟတ်ယာဉ်က ဘယ်ကနေ ရောက်လာတာလဲ။

လီမြစ်မြို့ဆိုတာ ငါ့ရဲ့ နယ်မြေပဲ။ လူသားတွေက ဒီမှာ လာပြီး အသေခံချင်နေတာလား။

လုချွမ်း မျက်မှောင်ကြုတ်လိုက်မိသည်။

ယုတ္တိအရဆိုလျှင် သူသည် လူသားအာဏာပိုင်များနှင့် တိတ်တဆိတ် နားလည်မှုတစ်ခု ရယူထားပြီးသား ဖြစ်သည်။ အကယ်၍ သူတို့ဘက်က လုချွမ်းကို လာရောက် မနှောင့်ယှက်ပါက သူကလည်း လူသားများကို ရန်မူမည်မဟုတ်ပေ။

ဒါပေမဲ့ ဒီနေ့မှ ဒီရဟတ်ယာဉ်က ဘာလာလုပ်နေတာလဲ. လူသားတွေက စိတ်ပြောင်းသွားကြပြီလား။ ဒါမှမဟုတ် ငါ့ကို ပြန်ဆန့်ကျင်ဖို့ ယုံကြည်ချက်တွေတောင် ရှိနေကြပြီလား။

နောက်တစ်ခဏ၌ လုချွမ်းသည် ကောင်းကင်ယံတွင် ကင်းလှည့်နေသော ပျံသန်းနိုင်သူ ၁ ကို ထိုရဟတ်ယာဉ်ဆီသို့ ဦးတည်၍ ပျံဆင်းရန် စေခိုင်းလိုက်တော့သည်။

မကြာမီမှာပင် ပျံသန်းနိုင်သူ ၁ သည် ရဟတ်ယာဉ်အနီးသို့ ချဉ်းကပ်သွားခဲ့သည်။

"ဝူး..."

ရဟတ်ယာဉ်အနီးသို့ ရောက်ရှိသွားချိန်တွင် ပျံသန်းနိုင်သူ ၁ ထံမှ ဟိန်းဟောက်သံကြီး တစ်

ချက်ထွက်ပေါ်လာပြီး ၎င်း၏ ဧရာမတောင်ပံကြီးများကို ဖြန့်ကျက်လိုက်သည်။ ကြောက်မက်

ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါများမှာ ပျံ့နှံ့သွားခဲ့ပြီး ထူထပ်သိပ်သည်းလှသော အနက်ရောင် အကြေးခွံများမှာလည်း အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရဟတ်ယာဉ်ကို ကိုယ်တိုင်မောင်းနှင်လာသော ကျောက်လင်းမှာ ထိတ်လန့်သွားခဲ့သည်။ ရင်းနှီးနေသော ပျံသန်းနိုင်သူ ၁ ကို မြင်လိုက်သည်နှင့် သူမကို လုချွမ်း တွေ့သွားပြီဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။

အမှန်စင်စစ် လီမြစ် အခြေစိုက်စခန်းတစ်ခုလုံးမှာ လုချွမ်း၏ သတင်းပေးများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤမြေခွေးအိုကြီး လုချွမ်းကို တိတ်တဆိတ် ချဉ်းကပ်ဖို့ဆိုသည်မှာ အလွန်အမင်း ခက်ခဲလှသည်။

ကျန်းကျိုးမြို့၏ ဇွန်ဘီဘုရင်ကို တစ်ကိုယ်တော် သုတ်သင်နိုင်ခဲ့ပြီးကတည်းက ကျောက်

လင်း၏ ကျော်ကြားမှုမှာ တစ်ရှိန်ထိုး မြင့်တက်လာခဲ့သည်။ ယခုအခါ နဂါးပြည်နယ်၌သာမက အနီးနားရှိ ပြည်နယ်များရှိ အခြေစိုက်စခန်းတိုင်းကပင် ကျောက်လင်း၏ အမည်ကို သိရှိနေကြပြီ ဖြစ်သည်။

ဤကဲ့သို့သော စွမ်းဆောင်မှုမျိုးကို ပြုလုပ်နိုင်ခဲ့သဖြင့် ကျောက်လင်း၏ အဆင့်အတန်းမှာလည်း သိသိသာသာ မြင့်မားလာခဲ့သည်။ ယွီဟွာ အခြေစိုက်စခန်း၌ပင် အခြေစိုက်စခန်းခေါင်းဆောင်ကိုယ်တိုင် သူမကို ရိုရိုသေသေနှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရတော့သည်။

တကယ်တော့ အဆင့် ၅ ဆင့်ကဲပြောင်းလဲသူ တစ်ဦးဆိုသည်မှာ ယွီဟွာ အခြေစိုက်စခန်းမှလွဲ၍ အခြားသာမန်အခြေစိုက်စခန်းများတွင် ကံကောင်းထောက်မစွာဖြင့် ပိုင်ဆိုင်နိုင်ရန် ခဲယဉ်းလွန်းလှသည်။ ထို့ကြောင့်လည်း သူမမှာ နေ့စဉ်နှင့်အမျှ လူအများ၏ ရိုသေလေးစားမှုကို ခံနေရခြင်းပင်။

ဤတစ်ခါတွင်မူ ကျောက်လင်းသည် လုချွမ်းနှင့် ချီချီလေးထံသို့ လာရောက်လည်ပတ်ရန် ရဟတ်ယာဉ်ကို ကိုယ်တိုင်မောင်းနှင်ခဲ့ပြီး လုချွမ်းအတွက် သူမ စုဆောင်းထားသည့် လက်ဆောင်များကိုပါ တစ်ပါတည်း သယ်ဆောင်လာခဲ့ခြင်းပင်။

ကျန်းကျိုးသို့ မသွားမီကတည်းက သူမသည် အမြုတေ အတော်များများကို စုဆောင်းမိထားပြီးသားဖြစ်သလို ကျန်းကျိုးမြို့ တိုက်ပွဲအပြီးတွင်မူ ပိုမိုများပြားသော ပမာဏကို ရရှိခဲ့သည်။

တိုက်ခိုက်မခံရစေရန်အတွက် ကျောက်လင်းသည် သူမ၏ ဦးထုပ်ကို အလျင်အမြန်ချွတ်လိုက်ပြီး မျက်နှာကို ဖော်ပြကာ အပြင်ဘက်သို့ လှမ်း၍ အော်ပြောလိုက်သည်။

“လုချွမ်း... ဒါ ကျွန်မပါ”

ထိုစကားကို ကြားလိုက်ရသည့်အခါ ပတ်ဝန်းကျင်မှ အနက်ရောင်အကြေးခွံများဖြင့် ပစ်ခတ်တော့မည့် ပျံသန်းနိုင်သူ ၁ မှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။

“ကျောက်လင်းလား...”

“သူ ဘာလို့ ပြန်ရောက်လာတာလဲ”

ရဟတ်ယာဉ်ထဲတွင် ကျောက်လင်းကို မြင်လိုက်ရသောအခါ လုချွမ်း အတော်လေး အံ့ဩသွားမိသည်။ ပင်ကိုယ်အသိစိတ်ဖြင့်ပင် သူ စိတ်ကို ထိန်းချုပ်လိုက်သည့်အခါ အဆင်သင့်ဖြစ်နေသော အနက်ရောင်အကြေးခွံများသည် တောက်ပသည့် ဝိညာဉ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး လေထဲမှာတင် ပျောက်ကွယ်သွားခဲ့သည်။

ယခင်က ကျောက်လင်း အခြားသို့ ပြောင်းရွှေ့သွားပြီဟု ကြားသိထားရသဖြင့် သူမကို အချိန်

အတော်ကြာ မြင်တွေ့ရတော့မည် မဟုတ်ဘူးဟု သူ ထင်မှတ်ထားခဲ့ခြင်းပင်။ ယခုကဲ့သို့ ကျောက်လင်း ဤမျှအမြန် ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

...

လီမြစ်အခြေစိုက်စခန်း…

ပျံသန်းနိုင်သူ ၁ သည် လက်တစ်ဖက်တွင် သံသေတ္တာတစ်လုံးကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်ကမူ ကျောက်လင်းကို မကာ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။ ဤအချိန်တွင် လုချွမ်းမှာ ပြုံးရယ်လျက် ချီချီလေးနှင့်အတူ အပြင်ဘက်၌ စောင့်ဆိုင်းနေခဲ့သည်။

“အန်တီကျောက်လင်း”

ကျိရုရွှယ်သည် ကျောက်လင်းကို မြင်သည်နှင့် ဝမ်းသာအားရ ပြေးသွားပြီး ကျောက်လင်း၏ လက်မောင်းကို နွေးထွေးစွာ ဆုပ်ကိုင်ကာ ရွှင်ရွှင်ပြပြ ပြုံးပြလိုက်သည်။ သူမအနေဖြင့် ကျောက်လင်းကို အတော်လေး တန်ဖိုးထားဆဲဖြစ်ပြီး နောင်တစ်ချိန်တွင် သူမ၏ လက်ရုံးတစ်ဦးအဖြစ် အားကိုးနိုင်ရန် မျှော်လင့်ထားခြင်းပင်။ ခရီးဝေးကွာနေသဖြင့် သူတို့ကြားမှ သံယောဇဉ်များ မလျော့ပါးသွားစေရန် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားလိုသည်မှာ သဘာဝပင်။

“ချီချီလေး... အန်တီ့ကို လွမ်းနေလား”

ကျောက်လင်းက ချီချီလေး၏ ခေါင်းကို ချစ်ခင်မြတ်နိုးစွာ ပွတ်သပ်ပေးရင်း ညင်သာစွာ ပြောပြောလိုက်သည်။

“အရမ်းလွမ်းတာပေါ့ အန်တီ့ကို”

"..."

လုချွမ်း မှာမူ မတ်တတ်ရပ်လျက် သူတို့နှစ်ဦး စကားပြောနေသည်ကို ပြုံးရယ်ကြည့်ရှုနေပြီးနောက် ပျံသန်းနိုင်သူ ၁ သယ်ဆောင်လာသည့် သံသေတ္တာကြီးထံသို့ အကြည့်ရွှေ့လိုက်သည်။

ကျောက်လင်း ပြန်လာရခြင်း၏ ရည်ရွယ်ချက်ကို အသေအချာ မသိရသေးသော်လည်း ဤသံသေတ္တာနှင့် တစ်စုံတစ်ရာ ပတ်သက်နေမည်ကို လုချွမ်း ရိပ်မိနေခဲ့သည်။

ထိုစဉ် ကျောက်လင်းမှာ ချီချီလေးကို ပွေ့ချီလျက် လုချွမ်းထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ လုချွမ်းကလည်း သူမကို ခေါင်းညိတ်ပြလိုက်သည်။

"လုချွမ်း... မတွေ့ရတာ ကြာပြီနော်။ ရှင့်အတွက် ဘယ်လိုကောင်းတဲ့ ပစ္စည်းတွေ သယ်လာပေးလဲဆိုတာ ကြည့်လိုက်ဦး"

"ကြည့်ဦး... ဘယ်လိုလဲ ဒီလက်ဆောင်ကို သဘောကျရဲ့လား"

ပြောပြောဆိုဆိုဖြင့် ကျောက်လင်းသည် ဘေးတွင်ချထားသော သံသေတ္တာကြီးကို မယူလာပြီး သေတ္တာပေါ်ရှိ လေးလံလှသော သော့ခလောက်လေးခုကို သော့ဖြင့် ဖွင့်လှစ်လိုက်ရာ အတွင်း၌ ရှိနေသော ပစ္စည်းများမှာ ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ တောက်ပပြောင်လက်နေသော အမြုတေများဖြင့် ပြည့်နှက်နေသည့် သေတ္တာတစ်လုံးပင်။

ဤအမြုတေ အများစုမှာ အဆင့် ၃ နှင့် အဆင့် ၄ ကဲ့သို့သော အဆင့်မြင့် အမြုတေများဖြစ်ကြပြီး တစ်ခုချင်းစီတွင် စွမ်းအင်များ ပြည့်လျှံနေကာ ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေခဲ့ရာ လုချွမ်းအတွက် များစွာ အသုံးဝင်လှသည်။

ဤမျှများပြားလှသော အမြုတေများကို မြင်လိုက်ရသောအခါ လုချွမ်း၏ မျက်ဝန်းများမှာ အရောင်တောက်သွားခဲ့ပြီး ကျောက်လင်းကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

ဒီမိန်းမက ငါ့အတွက် အမြုတေတွေ ဒီလောက်တောင် အများကြီး ပြင်ဆင်ပေးလာလိမ့်မယ်လို့ ငါ လုံးဝမထင်ထားဘူး။

"ဟားဟား... အံ့ဩသွားတယ်မလား။ ဒီအမြုတေတွေကို စုဆောင်းဖို့ ကျွန်မ တော်တော်လေး အားစိုက်ခဲ့ရတာနော်"

လုချွမ်း၏ အမူအရာကို ကြည့်ကာ ကျောက်လင်းမှာ အလွန်ကျေနပ်သွားပုံရပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

သူမ လိမ်ပြောနေခြင်းမဟုတ်ပေ။ ဤအမြုတေ အနည်းငယ်မှာ သူမ ကိုယ်တိုင် အမဲလိုက်ရာမှ ရရှိခဲ့ခြင်းဖြစ်ပြီး အများစုမှာမူ ကျန်းကျိုးအခြေစိုက်စခန်း၏ ဇွန်ဘီဘုရင်ကို သုတ်သင်ရာတွင် ကူညီပေးခဲ့သည့်အတွက် ရရှိလာသော ဆုလာဘ်များ ဖြစ်ကြသည်။

"ဒါတွေ အားလုံးက တကယ်ပဲ ငါ့အတွက်လား"

လုချွမ်းက မသေချာသကဲ့သို့ မေးမြန်းလိုက်သည်။

သို့သော်လည်း ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင် ကျောက်လင်းမှာ မှင်တက်သွားခဲ့ပြီး မသိစိတ်ဖြင့် နောက်သို့ ဆုတ်လိုက်မိကာ မျက်လုံးအစုံ ပြူးကျယ်လျက် လုချွမ်းကို တုန်လှုပ်ခြောက်ခြားစွာ စိုက်ကြည့်နေခဲ့တော့သည်။

"ရှင်... ရှင် စကားပြောတတ်နေပြီလား"

ကျောက်လင်းက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဟုတ်တယ်... နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲပြီးတဲ့နောက်မှာ ငါ စကားပြောလို့ ရနေပြီ"

လုချွမ်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ကျောက်လင်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ကျောက်လင်း၏ တုံ့ပြန်မှုကို သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သလို သူမအနေဖြင့်လည်း အတိုင်းအထက်အလွန် အံ့ဩသွားမည်ကို သူ သိရှိနေခဲ့သည်။

All Chapters