← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉)

ဟယိုတေးအဖွဲ့ ထွက်သွားပြီးနောက် ဖုန်းပုကြွယ်သည် ဈေးအတွင်း ဆက်လက် လှည့်လည်ကြည့်ရှုနေခဲ့သည်။ စနစ်ဈေးဆိုင်ရှိ ပစ္စည်းများမှာ သူ မျှော်လင့်ထားသည့်အတိုင်း အဓိကအားဖြင့် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများသာ ဖြစ်သည်။

အဝတ်အစားအကြောင်း ပြောရလျှင် ၎င်းမှာ ကောင်းမွန်သောအချက် တစ်ခုဖြစ်သည်။ ကစားသမားကို ကိုယ်ပိုင်အသွင်အပြင် ထူးခြားအောင် လုပ်ပေးနိုင်ရုံသာမက မည်သည့်ကိရိယာနေရာကိုမျှ ယူထားခြင်း မရှိဘဲ အပိုဆောင်းဂုဏ်သတ္တိများလည်း ပါဝင်သေးသည်။ သို့သော် သည်းထိတ်ရင်ဖို သုခဘုံ၏ ကစားသမား စွမ်းရည်အချက်အလက်များကို ဝေဝါးအောင် ပြုလုပ်ထားသည့်ပုံစံကြောင့် ကိန်းဂဏန်း အခြေခံများ မပါရှိချေ။ ဂုဏ်သတ္တိ ဖော်ပြချက်များသည် ပုံမှန်အားဖြင့် 'အသက်အမှတ်ကို အနည်းငယ် တိုးမြင့်ပေးသည်'၊ 'ပစ်မှတ်ထိမှန်နှုန်းကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးသည်'၊ 'ခုန်နိုင်သည့် အမြင့်ကို အနည်းငယ် တိုးပေးသည်' စသဖြင့်သာ ရှိတတ်ကြသည်။

အဝတ်အစား အမျိုးအစားများကို အဓိကအားဖြင့် အပေါ်အင်္ကျီ၊ ဘောင်းဘီ၊ ဝတ်စုံပြည့်၊ ဦးထုပ်၊ ဖိနပ်နှင့် အသုံးအဆောင်များဟူ၍ ခွဲခြားထားသည်။ ဂိမ်းထဲတွင် စကတ်များကို ထည့်သွင်းပေးမထားပေ။ အကြောင်းရင်းကတော့ ပြောနေစရာပင် မလိုတော့ပါ။ သို့သော် အသုံးအဆောင်ကဏ္ဍအောက်တွင် ခြေအိတ်များကို တွေ့ရှိနိုင်သည်။ ခြေအိတ်ရှည်များပင် ပါဝင်သေးသည်။ အကယ်၍ အမျိုးသမီး ကစားသမားများက သူတို့၏ ခြေတံများကို ပြသလိုသည့် ဆန္ဒပြင်းပြနေပါက ဘောင်းဘီတိုတစ်ထည် သို့မဟုတ် အတွင်းခံဘောင်းဘီတစ်ထည် ဝယ်ယူနိုင်ပေသည်။

ကစားသမား၏ ခန္ဓာကိုယ်ပေါ်ရှိ ကိရိယာတစ်ခုစီတိုင်းသည် ဂုဏ်သတ္တိတစ်ခုခုကို 'အနည်းငယ်' တိုးမြင့်ပေးနိုင်၏။ ဝတ်စုံတစ်စုံလုံး ဝယ်ယူဝတ်ဆင်ခြင်းက ဘာမှမရှိခြင်းထက် များစွာ ပိုကောင်းသည်မှာ အသေအချာပင်။ ကစားသမားများအနေဖြင့် မိမိတို့ လိုချင်သော ဂုဏ်သတ္တိများကို ရွေးချယ်ရာတွင် အသွင်အပြင်ကို အလျှော့ပေးစရာ မလိုစေရန်အတွက် အဝတ်အစားများ၏ ဂုဏ်သတ္တိများအားလုံးကို ရွေးချယ်နိုင်ခွင့် ပေးထားသည်။ ဥပမာအားဖြင့် ကစားသမားတစ်ဦးက ဘားရက်(စစ်ဗိုလ်များဆောင်းသည့် တစ်ခြမ်းစောင်းဦးထုပ်) ဦးထုပ်တစ်လုံး ဝယ်ယူသည့်အခါ ဝယ်ယူစဉ်၌ ထိုအဝတ်အစားတွင် မည်သည့်ဂုဏ်သတ္တိ အပိုဆောင်းမှ ပါဝင်ဦးမည် မဟုတ်ပေ။ သို့သော် ထိုပစ္စည်း ကစားသမား၏ အိတ်ထဲသို့ ရောက်ရှိသွားသည့်အခါ ဂုဏ်သတ္တိသုံးမျိုးကို ကျပန်းထုတ်ပေးမည် ဖြစ်သည်။ ကစားသမားက ၎င်းတို့အနက် တစ်ခုကို ရွေးချယ်ပြီးနောက်တွင်မှ ဝတ်ဆင်နိုင်မည် ဖြစ်သည်။

အဝတ်အစားသည် လဲလှယ်မရသော အိုင်တမ်တစ်ခု ဖြစ်သည်။ အကယ်၍ ကစားသမားတစ်ဦးက သီးခြားဂုဏ်သတ္တိတစ်ခုကို ရရှိရန် လိုအပ်ပါက ၎င်းကို ထပ်ခါတလဲလဲ ဝယ်ယူနေရမည် ဖြစ်သည်။ လဲလှယ်ခြင်းက မဖြစ်နိုင်ပေ။ အမှန်တကယ်တော့ ထိုသို့ဖြစ်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ဂုဏ်သတ္တိ အပိုဆောင်းမှာ အသုံးဝင်သည့်အပြင် သုံးခုအနက်မှ တစ်ခုကိုလည်း ရွေးချယ်နိုင်သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သည်းထိတ်ရင်ဖို သုခဘုံသည် ကစားသမားများအား သူတို့နှစ်သက်သည့် အသွင်အပြင်ပေါ် မူတည်၍ အဝတ်အစားများကို ရွေးချယ်ရန် တိုက်တွန်းနေခြင်း ဖြစ်သည်။

ဤကျပန်းရွေးချယ်မှုက ထိုရည်ရွယ်ချက်အတွက် ရည်ရွယ်၍ ပြုလုပ်ထားခြင်းသာ ဖြစ်သည်။ ဤအချက်ကြောင့် ကစားသမားများ အဝတ်အစားချင်း တူညီသွားရန် အခွင့်အလမ်းမှာ မများလှပေ။ အကြိုက်တူသည့် ကစားသမားချင်း ဆုံတွေ့ခဲ့လျှင်ပင် ရရှိသည့် အကျိုးကျေးဇူးများ ကွဲပြားနေပေလိမ့်မည်။

ထို့နောက်တွင် အသုံးဆောင်ပစ္စည်းများ ရှိ၏။ အသုံးအများဆုံး အရာများမှာ အသက်အမှတ် ပြန်လည်ဖြည့်တင်းသည့် ဆေးရည်များ၊ သက်လုံအမှတ် ပြန်လည်ဖြည့်တင်းသည့် ဆေးရည်များ၊ သွေးတိတ်စေသည့် ပတ်တီးများ၊ အဆိပ်ဖြေဆေးများနှင့် ထုံကျင်ခြင်း၊ မီးလောင်ခြင်း၊ ဖျားနာခြင်းနှင့် အခြားသော မူမမှန်သည့် အခြေအနေများအတွက် ဖြေဆေးများ ဖြစ်ကြသည်။ ၎င်းတို့အပြင် ကျည်ဆန်များ၊ ကြိုးများ၊ မြားများ၊ ဘက်ထရီများနှင့် ဖောက်ခွဲရေး ပစ္စည်းများကဲ့သို့သော အမျိုးမျိုးသော ပစ္စည်းများလည်း ရှိသေးသည်။

အသုံးဆောင်ပစ္စည်း အမျိုးအစားများစွာ ရှိပြီး အကြီး၊ အလတ်နှင့် အသေးဟူ၍ ဖြည့်စွက်ဆေး အမျိုးအစား သုံးမျိုးရှိသည်။ ပြန်လည်ပြည့်တင်းနှုန်း ကွဲပြားသကဲ့သို့ ဈေးနှုန်းမှာလည်း ကွဲပြားသည်။ အခြားသော ပစ္စည်းများလည်း ပုံစံနှင့် အရေအတွက်ပေါ် မူတည်၍ ပတ်တီး တစ်လက်မနှင့် ကျည်ဆန် တစ်တောင့်အထိ တိကျသော ဈေးနှုန်းများ ရှိကြသည်။

နောက်ဆုံးအနေဖြင့် စနစ်ဆိုင်တွင် ကိရိယာများကိုလည်း ရောင်းချသေးသည်။ သို့သော် ဤနေရာမှာ ခြောက်ခြားသေတ္တာမဟုတ်သဖြင့် ရောင်းချသော ကိရိယာများသည် အထူးအာနိသင်မပါသော သာမန်ကိရိယာများသာ ဖြစ်ပြီး ပုံမှန်အဆင့်အောက်၌သာ ရှိကြသည်။ လူသစ်လေ့ကျင့်ရေးကို ပြီးမြောက်ခါစ ကစားသမားများ၊ အဆင့် ၁ သာ ရှိသေးပြီး အထွေထွေကျွမ်းကျင်မှု F မှလွဲ၍ အခြား မည်သည့် အထူးပြုကျွမ်းကျင်မှုကိုမျှ မဖွင့်ရသေးသူများပင် ဖြစ်ပါစေ... ဘာမှမဖြစ်ပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင်လည်း ကစားသမားများသည် စနစ်ဈေးဆိုင်၌ အသုံးပြုနိုင်သော ကိရိယာများကို ရှာဖွေနိုင်ဆဲဖြစ်သည်။ အရည်အသွေး ညံ့ဖျင်းလှသော်လည်း ဘာမှမရှိတာထက်စာလျှင် ပိုကောင်းပါသေးသည်။

ထို့ကြောင့် ဇာတ်လမ်းထဲတွင် မည်သည့်ကိရိယာမှ ရှာမတွေ့သော ကစားသမားများအတွက်မူ ငွေကို အသုံးပြုရပေလိမ့်မည်။ သင့်အဆင့်က ဘာပဲဖြစ်ဖြစ်၊ သင့်ကျွမ်းကျင်မှုအဆင့်က ဘာပဲဖြစ်ဖြစ် စနစ်ဈေးဆိုင်တွင် အသုံးပြုနိုင်သော သာမန်အဆင့် ကိရိယာအစုံလိုက်ကို အမြဲတမ်း ရှာတွေ့နိုင်ပေသည်။

ဖုန်းပုကြွယ်သည် စနစ်ဈေးဆိုင်အတွင်းရှိ အကြောင်းအရာများကို အမြန်လှည့်လည်ကြည့်ရှုလိုက်ပြီး အသုံးဆောင်ပစ္စည်းများကိုတော့ တစ်ချက်သာ ကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ကျည်ဆန်များ၊ အသက်ဆေးရည်များ စသည်တို့ကိုတော့ သိပ်အာရုံစိုက်နေစရာ မလိုချေ။ သူ ဘာလိုအပ်နိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ဖို့ လိုတာပါ။

ဝတ်စုံများနှင့် ပတ်သက်လာလျှင်မူ ဝယ်ယူရန် စဉ်းစားခဲ့သော်လည်း ဈေးနှုန်းမှာ မသက်သာလှပေ။ ထို့အပြင် ဤဝတ်စုံများ၏ ဈေးနှုန်းများသည် ၎င်းတို့၏ အသွင်အပြင်ပေါ်တွင်သာ အခြေခံထားပုံရသည်။ ဥပမာအားဖြင့် 'ပန်ဒါဝတ်စုံ' တစ်ခုကို ဂိမ်းဒင်္ဂါး ၃၀၀,၀၀၀ ဖြင့် ရောင်းချသည်။ ဂိမ်းဒင်္ဂါး ၃၀၀,၀၀၀ ပေးရသည့် ထိုဝတ်စုံ၏ ဂုဏ်သတ္တိများမှာလည်း ဂိမ်းဒင်္ဂါး ၃၀,၀၀၀ ပေးရသည့် အခြားဝတ်စုံများကဲ့သို့ပင် ကျပန်းစနစ်ဖြင့်သာ ဖြစ်သည်။

ဒါ့အပြင် ဒီဝတ်စုံကြီးကိုဝတ်ပြီး ဟိုဟိုဒီဒီ သွားလာရတာက ဘယ်လောက် အဆင်မပြေဖြစ်လိုက်မလဲ။ ဒါက ကိုယ့်ရဲ့ခြေလက်တွေကို ချည်နှောင်ထားသလို ဖြစ်မနေပေဘူးလား။ အိပ်မက်ကုမ္ပဏီအနေဖြင့် လာဘ်ကောင်ကဲ့သို့ ဝတ်ဆင်တာက ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေကို လျော့ပါးစေမယ်လို့ တွေးတောနေလို့ ဒီလိုထူးဆန်းသော ဝတ်စုံတွေကို ဈေးကြီးကြီးတင်ထားတာများ ဖြစ်နေမလား။

ဟုတ်သားပဲ၊ ငွေကြေးပြဿနာလည်း ရှိသေးသည်။ ဂိမ်းတရားဝင်ကာလ စတင်သည့်အခါ အိပ်မက်ကုမ္ပဏီက ဂိမ်းအတွင်း၌ မည်သည့် 'အမှတ်ဘောင်ချာ' မှ ရှိမည်မဟုတ်ကြောင်း ရုတ်တရက် ကြေညာခဲ့သည်။ ခြောက်ခြားသေတ္တာအတွင်း ဝယ်ယူရန် စကေးအမှတ်လိုအပ်သည့် အိုင်တမ်နှစ်ခု (အထူးကိရိယာနှင့် ဂိမ်းဒင်္ဂါး) မှလွဲ၍ ကျန်အရာအားလုံးကို ဂိမ်းဒင်္ဂါးဖြင့်သာ ဝယ်ယူရမည် ဖြစ်သည်။ အိပ်မက်ကုမ္ပဏီသည် ယွမ်ငွေနှင့် ဂိမ်းဒင်္ဂါးကြား လဲလှယ်ရေးဝန်ဆောင်မှုကို ထောက်ပံ့ပေးထား၏။

အစပိုင်းတွင် ၎င်းမှာ ကိစ္စကြီးတစ်ခု မဟုတ်သော်လည်း အိပ်မက်ကုမ္ပဏီတွင် အလွန်ထက်မြက်သော မူဝါဒတစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ သည်းထိတ်ရင်ဖို သုခဘုံ၏ ဂိမ်းဒင်္ဂါးနှင့် ပြင်ပလောက ငွေကြေးကြား လဲလှယ်နှုန်းမှာ ပုံသေမဟုတ်ခြင်းပင်။ ဂိမ်းအတွင်း ငွေလဲလှယ်နှုန်းသည် ဈေးကွက်ပေါ် မူတည်၍ ပြောင်းလဲနေမည် ဖြစ်သည်။

ထို့ကြောင့် 'ငွေရှာဂိမ်း' ကုမ္ပဏီများက ဆုံးဖြတ်ရမည့် ဤဂိမ်းတွင်း ငွေလဲလှယ်နှုန်းကို ယခုအခါ ကုမ္ပဏီက တိုက်ရိုက်ထိန်းချုပ်ထားခြင်း ဖြစ်သည်။

လဲလှယ်နှုန်းကို အပတ်စဉ် တနင်္လာနေ့ နံနက် ၈ နာရီတွင် အသစ်ပြင်ဆင်မည်ဖြစ်ပြီး ထိုအခါမှသာ အိပ်မက်ကုမ္ပဏီက ထိုအပတ်အတွက် လဲလှယ်နှုန်းကို ထုတ်ပြန်မည် ဖြစ်သည်။ ဥပမာအားဖြင့် ပြီးခဲ့သည့်အပတ်က ၁ ယွမ်လျှင် ဂိမ်းဒင်္ဂါး ၁၀၀ ဝယ်နိုင်သော်လည်း ယခုအပတ်တွင်မူ ဂိမ်းဒင်္ဂါး ၁၂၀ သို့မဟုတ် ၈၅ ဒင်္ဂါး ဖြစ်သွားနိုင်သည်။

အမြတ်အစွန်း ရှုထောင့်မှကြည့်လျှင် ဂိမ်းကုမ္ပဏီသည် လဲလှယ်နှုန်းကို တတ်နိုင်သမျှ မြင့်မားစေရန် သဘာဝအတိုင်း မျှော်လင့်ပေလိမ့်မည်။ ယွမ် ၁၀၀ လျှင် ဂိမ်းဒင်္ဂါး ၁ ပြားသာ ဝယ်နိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သို့သော် ၎င်းက မဖြစ်နိုင်ပေ။ ထိုသို့ဆိုပါက ဘယ်သူက ဂိမ်းဒင်္ဂါး ဝယ်တော့မှာလဲ။

ထို့ကြောင့် ဤပြောင်းလဲမှုကို စနစ်က လုံးဝဆုံးဖြတ်ထားခြင်း ဖြစ်သည်။ စနစ်သည် ကစားသမား အရေအတွက်၊ ထုတ်ပေးထားသော ဂိမ်းဒင်္ဂါး ပမာဏ၊ စနစ်ဈေးဆိုင်တွင် ပြန်လည် အသုံးပြုထားသော ဂိမ်းဒင်္ဂါး စုစုပေါင်းပမာဏ စသည်တို့ကို အခြေခံ၍ တွက်ချက်မည် ဖြစ်သည်။ ယင်းကို အခြေခံ၍ နောက်အပတ်အတွက် လဲလှယ်နှုန်းကို ညှိနှိုင်းမည် ဖြစ်သည်။

ဤကဲ့သို့ လဲလှယ်နှုန်း အမြဲပြောင်းလဲနေခြင်းက 'ဈေးကစားခြင်း' ဖြစ်ရပ်ကို ဖြစ်ပေါ်စေနိုင်သော်လည်း ၎င်းမှာ အိပ်မက်ကုမ္ပဏီနှင့် ဘာမှမသက်ဆိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့ပေးသော လဲလှယ်နှုန်းမှာ တစ်ဖက်သတ်သာ ဖြစ်သည်။ ဂိမ်းကုမ္ပဏီသည် ယွမ်ငွေကိုသာ လက်ခံပြီး လက်ရှိလဲလှယ်နှုန်းအတိုင်း ဂိမ်းဒင်္ဂါးများကို ရောင်းချပေးခြင်း ဖြစ်သည်။ ကစားသမားများက ထိုဂိမ်းဒင်္ဂါးများဖြင့် ဘာလုပ်မည်ဆိုသည်မှာ သူတို့အပိုင်းသာ ဖြစ်သည်။ အကယ်၍ သူတို့က အရမ်းတော်နေပါက ၁:၁၀၀၀၀ နှုန်းဖြင့် ဂိမ်းဒင်္ဂါးများကို ဝယ်ယူထားပြီး လဲလှယ်နှုန်း ၁:၁၀၀ ဖြစ်လာသည့်အချိန်အထိ စောင့်ကာ ဂိမ်းဒင်္ဂါးများကို အသုံးပြုနိုင်ပေသည်။

နောက်ပိုင်းတွင်မူ ဒင်္ဂါးဈေးကွက်တွင် ဈေးကစားရန် အလွန်ခက်ခဲကြောင်း လက်တွေ့က သက်သေပြခဲ့သည်။ အကြောင်းမှာ စနစ်က ထိန်းချုပ်ထားသော လဲလှယ်နှုန်းမှာ တစ်နှစ်ပတ်လုံးအတွင်း ထိုမျှအထိ အတက်အကျ မရှိသောကြောင့်ပင်။ ၎င်းမှာ ၁:၂၀၀၀ မှ ၁:၃၀၀၀ ကြားတွင်သာ အမြဲရှိနေတတ်သည်။ အပတ်စဉ် အသစ်ပြင်ဆင်သည့်နှုန်းနှင့်ဆိုလျှင် ငွေရှိသော ကစားသမားများသည် ဈေးကစားသူများနှင့် ဈေးညှိရန် ပျင်းရိနေကြသော်လည်း ငွေကို စေ့စေ့စပ်စပ် သုံးစွဲသူများကမူ... တရားဝင် လဲလှယ်နှုန်းထက် အနည်းငယ် သက်သာသော ဂိမ်းဒင်္ဂါးများကို ဝယ်ယူရမလား သို့မဟုတ် နောက်အပတ်တွင် လဲလှယ်နှုန်းက ဈေးကစားသူများ၏ ကမ်းလှမ်းချက်ထက် ပိုနိမ့်သွားမလားဆိုသည်ကို စောင့်ကြည့်ရန် စဉ်းစားကြပေလိမ့်မည်။

သေချာသည်က ယွမ်ငွေကို အသုံးပြု၍ ဂိမ်းဒင်္ဂါး ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဖုန်းပုကြွယ်အနေဖြင့် အလိုရှိခဲ့လျှင်ပင် ဝယ်ယူရန် မတတ်နိုင်ပေ။

အကယ်၍ သူတစ်ခုခု ဝယ်လိုပါက ဆုလာဘ်ကို မိမိကိုယ်တိုင် ရှာဖွေရမည် ဖြစ်သည်။ အဆင့် ၁၃ ကစားသမားတစ်ဦးအတွက် ဖုန်းပုကြွယ်တွင် ချမ်းသာကြွယ်ဝမှု အတော်လေး ရှိနေခဲ့သည်။ သူ့တွင် ဂိမ်းဒင်္ဂါး ၁၆၄,၃၀၀ နှင့် စကေးအမှတ် ၈၄၃ အမှတ် ရှိပေသည်။

ထိုစဉ် သူသည် လွန်ခဲ့သည့် အခိုက်အတန့်က သူဖျက်ဆီးပစ်ခဲ့သော ကြက်သွန်ဖြူထုပ်ကို ရုတ်တရက် သတိရသွားသည်။ ဖြစ်နိုင်သည်မှာ ၎င်းကို ဂိမ်းဒင်္ဂါးအချို့ဖြင့် ရောင်းချနိုင်ပေလိမ့်မည်။ သူ တကယ့်ကို ပေါ့ပေါ့ဆဆ လုပ်မိခဲ့ပုံရသည်။ သို့သော် သူ ပြန်စဉ်းစားကြည့်သောအခါ ဇာတ်လမ်းထဲတွင် မည်သည့်နေရာမဆို ရှာတွေ့နိုင်သော ထိုအရာများသည် ကိရိယာများ မဟုတ်သဖြင့် တန်ဖိုး များများစားစား ရှိမည် မဟုတ်ပေ။ အကယ်၍ ထိုအရာများကို ဂိမ်းဒင်္ဂါး ထောင်ဂဏန်းဖြင့် ရောင်းချနိုင်မည်ဆိုလျှင် ဇာတ်လမ်းထဲတွင် သူ အခြားဘာမှ လုပ်နေစရာ မလိုတော့ပေ။ ပုံရိပ်ယောင်ကမ္ဘာထဲက ဘက်ထရီတစ်လုံးကို ဖြုတ်ခိုးလာရုံသာ ရှိတော့သည်။ သူက တစ်လုံးကို ဖြုတ်ယူပြီး အိတ်ထဲထည့်လာကာ ဂိမ်းဒင်္ဂါး ထောင်ဂဏန်းနှင့် ရောင်းချနိုင်ပေလိမ့်မည်။

"အင်း... လေလံခန်းမကို အရင်သွားကြည့်သင့်တယ်၊ အဝတ်အစားတွေက အရမ်းဈေးကြီးလွန်းတယ်"

ဖုန်းပုကြွယ် သက်ပြင်းချလိုက်သည်။ သူ လှည့်ထွက်လာခဲ့ပြီး ဈေးအလယ်ဗဟိုရှိ သတင်းအချက်အလက် မျှော်စင်ထံသို့ လျှောက်သွားလိုက်သည်။

သူ အနီးသို့ ရောက်ရှိသွားသောအခါ မျှော်စင်ပတ်လည်ရှိ ယပ်တောင်ပုံစံ အရာဝတ္ထုလေးခုပေါ်တွင် လေလံပစ္စည်းများကို အဆက်မပြတ် ပြသနေသည့် စခရင်များအပြင် ဂိမ်းတွင်း အဆင့်သတ်မှတ်ချက်ကို ပြသနေသည့် သီးသန့်စခရင်တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။

ထိုအရာဝတ္ထုလေးခု၏ အပေါ်ဆုံးတွင် "အရှေ့၊ အတောင်၊ အနောက်၊ အမြောက်" ဆိုသည့် စာသားများ ရှိနေ၏။ ၎င်းမှာ ကစားသမားများအနေဖြင့် ပန်းကန်လုံးပုံစံ နေရာကျယ်ကြီးအတွင်း လမ်းကြောင်းရှာဖွေနိုင်ရန် ကူညီပေးခြင်း ဖြစ်ကြောင်း ထင်ရှားသည်။

ဖုန်းပုကြွယ်သည် အရှေ့ဘက် ယပ်တောင်ထံ လျှောက်သွားပြီး မော့ကြည့်လိုက်သည်။ ထိုနေရာရှိ အဆင့်သတ်မှတ်ချက်သည် အဆင့်အလိုက် အဆင့်သတ်မှတ်ချက် ဖြစ်သည်။ ထိပ်ဆုံးမှ ကစားသမား အယောက် ၂၀ အနက် နှစ်ယောက်မှာ 'အမည်မဖော်လိုသူ'ဟု ပြသထားကြသည်။ ကျန်ရှိသော ကစားသမား ၁၈ ဦးသည် သူတို့အမည်များကို ပြသထားပြီး စနစ်က သူတို့အမည်များ၏ နောက်ကွယ်တွင် လက်သည်းကွင်းများ ထည့်သွင်းပေးထား၏။ ထိုလက်သည်းကွင်းများသည် သူတို့ပိုင်ဆိုင်သည့် အစည်းအရုံး သို့မဟုတ် ဂိမ်းစတူဒီယို၏ အမည်ကို ဖော်ပြထားခြင်း ဖြစ်သည်။ အစည်းအရုံး(ဂိုဏ်း)စနစ်ကို မိတ်ဆက်လိုက်သည်နှင့် ဂိမ်းစတူဒီယိုများ အားလုံးကို တည်ထောင်ထားပြီးဖြစ်ပုံရသည်။

ဖုန်းပုကြွယ်သည် ဂိုဏ်းစနစ်နှင့်အတူ ပါလာမည့် အကျိုးကျေးဇူးများနှင့် စည်းကမ်းချက်များကို မသိရှိသေးသဖြင့် လော့ဂ်အင်ဧရိယာသို့ ပြန်ရောက်သည့်အခါမှသာ စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ ယခုအချိန်တွင်မူ သူသည် အဆင့်သတ်မှတ်ချက်ဇယားမှ ကစားသမား အမည်များနှင့် စတူဒီယို အမည်များကို တစ်ချက်မျှသာ ကြည့်ရှုလိုက်သည်။

ထို့နောက် ဖုန်းပုကြွယ်သည် တောင်ဘက်ယပ်တောင်ထံသို့ လျှောက်သွားလိုက်သည်။ ထိုနေရာရှိ အဆင့်သတ်မှတ်ချက် ခေါင်းစဉ်မှာ 'တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်' ဖြစ်သည်။ သူ အံ့အားသင့်သွားရသည်မှာ အဆင့်သတ်မှတ်ချက်တွင် ပါဝင်သော အမည် ၁၈ ခုအနက် ၅ ခုသာ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး အယောက် ၂၀ အတွင်း ပါဝင်နေခြင်းပင်။

အခန်း (၇၀)

အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတွင် ရှိနေသော ကစားသမားမှာ ဖန်တွမ်ဒေါင်းအမည်ရှိ ကစားသမား ဖြစ်သော်လည်း ဤအမည်သည် အဆင့်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး အယောက် ၂၀ စာရင်းတွင် မပါဝင်ပေ။ သူ့အမည်နောက်တွင် ‘စည်းကမ်းထိန်းသိမ်းရေး’ ဟူသည့် စာသား ပါရှိနေသဖြင့် သူသည် ဂိမ်းစတူဒီယိုတစ်ခု၏ အဖွဲ့ဝင်ဖြစ်ကြောင်း သိသာလှသည်။ ထို့ကြောင့် သူသည် အဆင့်သတ်မှတ်ချက်တွင် ပါဝင်နေသော အမည်မဖော်လိုသူ ကစားသမားနှစ်ဦးအနက် တစ်ဦး မဟုတ်သည်မှာ သေချာပါသည်။ ဤမျှ ကြီးမားသော စတူဒီယိုတစ်ခုမှ ပရော်ဖက်ရှင်နယ် ကစားသမားများအနေဖြင့် လူမသိသူမသိနေရန် မလိုအပ်ပေ။ အဆင့်သတ်မှတ်ချက်တွင် ပေါ်လာသော အမည်တိုင်းသည် စတူဒီယို၏ အင်အားကို ထင်ဟပ်စေသည့်အတွက် သူတို့အထက်လူကြီးများကလည်း အမည်ဝှက်ထားရန် ခွင့်ပြုမည် မဟုတ်ပေ။

"အင်း... ကြည့်ရတာ ဒီဂိမ်းမှာ အဆင့်တစ်ခုလောက် ကွာခြားတာက ဘာမှမဟုတ်သေးဘူးပဲ"

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။

"အဆင့်သတ်မှတ်ချက်ဆိုတာ ကစားသမားတွေအနေနဲ့ ဆာဗာထဲမှာ ဘယ်သူတွေ အမြန်ဆုံး အဆင့်တက်နေလဲဆိုတဲ့ အဆင့်အတိုင်းအတာကို သိအောင် ပြသထားတဲ့ ကိုးကားချက်သက်သက်ပါပဲ... တကယ့်သန်မာတဲ့ ကစားသမားတွေကတော့ ဒီအဆင့်သတ်မှတ်ချက်ပေါ်က လူတွေပဲ ဖြစ်လိမ့်မယ်"

ဖုန်းပုကြွယ် အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်သည်။ ထိုစာရင်းတွင် အမည်မဖော်လိုသူ ကစားသမား တစ်ယောက်မှမရှိဘဲ ထိပ်ဆုံးအယောက် ၂၀ လုံးမှာ သူတို့၏ အမည်နောက်တွင် ဂိုဏ်းအမည်များ ပါရှိနေကြသည်။ ဂိုဏ်းတစ်ခု၏ ထောက်ပံ့မှုရှိနေသူများကို 'တစ်ကိုယ်တော်' အင်အားဖြင့် ယှဉ်ပြိုင်ရန် ခက်ခဲကြောင်း ထင်ရှား၏။ ၎င်းမှာ ဂိမ်း၏ အစောပိုင်းကာလများတွင် ပို၍ သိသာထင်ရှားသည်။ 'တိုက်ခိုက်ရေးစွမ်းရည်' ဟု ခေါ်ဆိုရာတွင် ကစားသမား၏ ကိုယ်ပိုင်အရည်အချင်းအပြင် အဓိကအားဖြင့် သူတို့၏ ကျွမ်းကျင်မှုအဆင့်၊ စကေးများနှင့် ကိရိယာများပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ စတူဒီယိုတစ်ခု၏ ထောက်ပံ့မှုရှိသော ကစားသမားများသည် ကိရိယာအရည်အသွေးနှင့် စကေးအရေအတွက်တို့တွင် များစွာ ပိုမိုသာလွန်နေမည်မှာ အသေအချာပင်။ အဆင့် ၂၀ ဝန်းကျင်တွင် လူတိုင်း၏ ကျွမ်းကျင်မှုအဆင့်သည် ပုံမှန်အားဖြင့် အဆင့် D တွင်သာ ရပ်တန့်နေတတ်သဖြင့် ကွာခြားချက်က သိသာထင်ရှားလှသည်။

သတိပြုစရာအချက်မှာ ထိပ်ဆုံးတွင်ရှိနေသော ဖန်တွမ်ဒေါင်းမှလွဲ၍ စည်းကမ်းထိန်းသိမ်းရေးမှ အခြားကစားသမားများသည် နံပါတ် ၆ နောက်ပိုင်းတွင်သာ ရှိနေကြခြင်း ဖြစ်သည်။ နံပါတ် ၆ နေရာမှ ကစားသမားမှာ လက်ရှိ အဆင့်အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး၌ ရှိနေသူဖြစ်ပြီး ဂိမ်းစမ်းသပ်ကာလက ပထမဆုံး ထိပ်ဆုံးသို့ ရောက်ရှိခဲ့သူ အကြောက်တရားမဲ့ ချန်ပီယံ ဖြစ်သည်။

အဆင့်သတ်မှတ်ချက်၏ ဒုတိယမှ ပဉ္စမနေရာများမှာမူ အခြားဂိုဏ်းတစ်ခုမှ ဖြစ်သည်။ သူတို့၏ အမည်များသည် သျှီဝ၊ ဗိဿနိုး၊ ဗြဟ္မာနှင့် ရာမတို့ ဖြစ်ကြသည်။ ဤလူလိမ်လေးယောက်လုံးသည် "ဗြဟ္မာ"ဟုခေါ်သော စတူဒီယိုမှ လာကြသူများ ဖြစ်သည်။ ဤစတူဒီယိုသည်လည်း အလွန်သန်မာပုံရသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၁၀ ဦးစာရင်းတွင်လည်း ဤလေးယောက်မှာ အထင်အရှား ပါဝင်နေသောကြောင့် ဖြစ်သည်။

ဖုန်းပုကြွယ်သည် တောင်ဘက်ယပ်တောင်တိုင်ကို ကြည့်ပြီးနောက် အနောက်ဘက်နှင့် မြောက်ဘက် အဆင့်သတ်မှတ်ချက်များကို သွားရောက်ကြည့်ရှုလိုက်သည်။ ဤအဆင့်သတ်မှတ်ချက် နှစ်ခုမှာ ဂိုဏ်းတစ်ခုလုံး၏ စုစုပေါင်းအင်အား အဆင့်သတ်မှတ်ချက်နှင့် ဂိုဏ်း၏ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်တို့ ဖြစ်ကြသည်။ မမျှော်လင့်ဘဲ ဤစာရင်းနှစ်ခုလုံး၏ ထိပ်ဆုံးနှစ်နေရာမှာ အမိန့်အဖွဲ့နှင့် နတ်ဘုရားများအဖွဲ့ တို့ ဖြစ်နေကြသည်။ နတ်ဘုရားများအဖွဲ့က ပိုမိုသန်မာသော်လည်း အလုံးစုံအင်အားအရမူ အမိန့်အဖွဲ့က အသာစီးရထားသည်။

အမှန်တကယ်တော့ "အလုံးစုံအင်အား" ဆိုသည့် စကားလုံးမှာ အတော်လေး စဉ်းစားစရာ ကောင်းလှသည်။ ၎င်းမှာ တိုက်ခိုက်ရေးစွမ်းရည်နှင့် မတူညီသော အယူအဆတစ်ခုဖြစ်သဖြင့် အဖွဲ့အစည်းတစ်ခု၏ ဘက်စုံအရည်အချင်းကို ရည်ညွှန်းခြင်း ဖြစ်ပေလိမ့်မည်။ ဘဏ္ဍာရေးအရင်းအမြစ်နှင့် လူဦးရေအပြင် အမိန့်၏ အသန်မာဆုံးသော လက္ခဏာရပ်မှာ ၎င်းတွင် မည်သည့်အားနည်းချက်မျှ မရှိခြင်းပင် ဖြစ်သည်။

ဥပမာအားဖြင့် ဖုန်းပုကြွယ် အရင်က တွေ့ဖူးခဲ့သည့် မရှုံးနိမ့်သော ချန်ပီယံသည် ဂိမ်းစမ်းသပ်ကာလအတွင်းက တိုက်ခိုက်ရေးကျွမ်းကျင်မှုကို တာဝန်ယူရသူများအနက် တစ်ဦးဖြစ်သည်။ သူ့အဆင့်၊ ကိရိယာနှင့် အခြားကျွမ်းကျင်မှုများမှာ သူ့အတွက် အရေးမကြီးပေ။ သူ လုပ်ဆောင်လိုသည်မှာ သူတာဝန်ယူထားသော လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး စတူဒီယိုအတွက် ကိုယ်တွေ့သတင်းအချက်အလက်နှင့် အတွေ့အကြုံများကို ပံ့ပိုးပေးရန်သာ ဖြစ်သည်။

အခြား အထူးပြုကျွမ်းကျင်မှုများအတွက်လည်း သက်ဆိုင်ရာ စူးစမ်းရှာဖွေသူများ ရှိနေမည်မှာ သဘာဝပင်။ အမိန့်သည် တန်ဖိုးရှိသော သတင်းအချက်အလက်များကို ရရှိရန် ဤလက်တွေ့ကျသော နည်းလမ်းကို အသုံးပြုသည်။ သူတို့၏ ပင်တိုင်ကစားသမားများ (ဂိမ်းတရားဝင်ကာလတွင် ဂိမ်းထဲသို့ ဝင်ရောက်လာသူများ) ဂိမ်းထဲသို့ ရောက်ရှိလာသည့်အခါ သူတို့သည် အားစိုက်မှုတစ်ဝက်ဖြင့် ရလဒ် နှစ်ဆကို ရရှိနိုင်မည်ဖြစ်ပြီး လမ်းမှားခြင်းများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

အမိန့်တွင် ဂိမ်းအချက်အလက်များကို ဆုပ်ကိုင်ထားနိုင်မှု အထူးသဖြင့် ပြီးပြည့်စုံလုနီးပါးရှိပြီး ထိရောက်သော စနစ်တစ်ခု ရှိနေပြီဟု ဆိုနိုင်သည်။ သူတို့သည် အရာအားလုံးကို ခြုံငုံမိနေကြသည်။ ထို့ပြင် ၎င်းမှာ ဂိမ်းအပေါ် အခြေခံနားလည်မှုရှိသည့် အဆင့်မျိုး မဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်း သုတေသနပြုခြင်းမှ ရရှိလာသော ကောက်ချက်များ ဖြစ်သည်။ သူတို့သည် ကုမ္ပဏီအတွင်းပိုင်း အချက်အလက်များကို ပေါ့ပေါ့ပါးပါး ထုတ်ပြန်လိုက်ရုံဖြင့် ဖိုရမ်ပေါ်က မရေမရာ ကစားသမားများကို အံ့အားသင့်သွားစေရန် လုံလောက်ပေသည်။ အမှန်စင်စစ် သူတို့သည် ငွေပေးလျှင်ပင် သူတို့၏ အရင်းအမြစ်များကို အခြားသူများအား မျှဝေမည် မဟုတ်ပေ။

သို့သော် နတ်ဘုရားများ စတူဒီယိုသည်လည်း အရည်အချင်းမရှိသော အဖွဲ့အစည်းတစ်ခု မဟုတ်ပေ။ သူတို့၏ ထူးခြားချက်မှာ သူတို့လက်အောက်ရှိ ကစားသမားတစ်ဦးချင်းစီ၏ အင်အား ဖြစ်သည်။ အခြားစတူဒီယိုများက မည်သို့အကွက်ချနေပါစေ သူတို့ ဂရုမစိုက်ကြပေ။ နတ်ဘုရားများ၏ မဟာဗျူဟာက အလွန်ရိုးရှင်းပေသည်။ ဂိမ်းတရားဝင်ကာလ စတင်သည်နှင့် သူတို့၏ အဓိက ကြယ်ပွင့်ကစားသမားများ အားလုံးကို ဂိမ်းထဲသို့ ထည့်သွင်းပြီး အရင်ဆုံး လေ့ကျင့်ပေးလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့လက်ထဲတွင် အေ့စ်ကတ်များ အပြည့်ရှိနေသဖြင့် စောစောကစားသည်ဖြစ်စေ၊ နောက်ကျမှ ကစားသည်ဖြစ်စေ ထူးခြားမှု မရှိပေ။

ဖုန်းပုကြွယ်သည် အဆင့်သတ်မှတ်ချက် ဇယားနှစ်ခုလုံးရှိ ထိပ်ဆုံး ဂိုဏ်း ၂၀ ကိုလည်း ကြည့်ရှုခဲ့သည်။ ဤဇယားနှစ်ခုမှာ အတော်လေး ထပ်တူကျနေခဲ့သည်။ အမိန့် နှင့် နတ်ဘုရားများအပြင် အဆင့်သတ်မှတ်ချက် ဇယားများတွင် ကစားသမားများ ပါဝင်နေသော ဂိုဏ်း ၇ ခု ရှိနေသည်။ ကျန်ရှိသော ဂိုဏ်းများ၏ အခြေအနေကိုမူ မသိရပေ။ မည်သို့ပင်ဖြစ်စေ ဤဇယားနှစ်ခုလုံးတွင် ရေခဲအင်ပါယာ မရှိပေ... ယင်းမှာ ဤဂိုဏ်းများ၏ ယုံကြည်ကိုးစားထိုက်မှုကို ပြသနေခြင်း ဖြစ်သည်။

အဆင့်သတ်မှတ်ချက် လေးခုစလုံးကို ကြည့်ပြီးနောက် ဖုန်းပုကြွယ်သည် လေလံခန်းမအတွင်းရှိ အခြေအနေများကို ကြည့်ရှုရန် ဗဟိုသတင်းအချက်အလက် မျှော်စင်ထံသို့ သွားရောက်ခဲ့သည်။ ရလဒ်များက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ ဈေးနှုန်းများမှာ မတန်တဆ မြင့်မားလွန်းနေခြင်းဖြစ်သည်။ အလယ်အလတ်တန်းစား ကိရိယာအချို့သည် အဝတ်အစားများထက်ပင် ပို၍ ဈေးကြီးနေသေးသည်။

အဆင့် ၁၀ ထူးချွန်အဆင့် ကိရိယာတစ်ခု၏ အစပျိုးလေလံဈေးသည် ၁၂၀,၀၀၀ ဖြစ်ပြီး နောက်ဆုံးလေလံဈေးကို ၂၀၀,၀၀၀ ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ အစပျိုးဈေးမှာတင် ၆၀ ယွမ်နီးပါး ရှိနေသည်။ ဖုန်းပုကြွယ်တစ်ယောက် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ဤဈေးနှုန်းဖြင့်ဆိုပါက အခြားသူများသည် ခေါင်းအစ ခြေအဆုံး ဈေးသက်သာသော အဝတ်အစား တစ်စုံကို ဝယ်ယူနိုင်ပြီး စိတ်ကြိုက် ဝတ်ဆင်နိုင်ပေသည်။ သို့သော် ကိရိယာများကိုမူ မည်သည့်အဆင့်အထိ အသုံးပြုနိုင်မည်နည်း။ အဆင့် ၂၀ ရောက်လျှင် သူတို့သည် ဆိုင်မှ သာမန်ပစ္စည်းတစ်ခုကို ဝယ်ယူပြီး အခြားတစ်ခုနှင့် လဲလှယ်နိုင်ရုံသာ ရှိတော့သည်။

ဂိမ်းတရားဝင်ဖွင့်လှစ်သည့်ကာလအစတွင် ကစားသမားများသည် သူတို့ လေလံတင်မည့် ပစ္စည်းများ ဈေးပေါပေါဖြင့် ရောင်းထွက်သွားမည်ကို စိုးရိမ်နေကြသည်။ ၎င်းမှာ နားလည်ပေးနိုင်စရာ ရှိပါသည်။ အွန်လိုင်းဂိမ်းကစားရာတွင် အဆိုးဆုံးသော အခြေအနေတစ်ခုမှာ... တစ်နေ့တွင် သင်အမှိုက်အဖြစ် လွှင့်ပစ်လိုက်သော ပစ္စည်းတစ်ခုက တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်နေကြောင်း သိရှိသွားခြင်းပင် ဖြစ်သည်။

လေလံခန်းမသို့ တစ်နေ့လုံး လာရောက်သူများတွင်လည်း ဤကဲ့သို့သော စိတ်ဓာတ်မျိုး ရှိနေတတ်သည်။ ဈေးပေါပေါနှင့် ဝယ်ပြီး ဈေးကြီးကြီးနှင့် ပြန်ရောင်းရန် ဖြစ်သည်။ သူတို့ ပစ္စည်းဝယ်ယူသည့်အခါ ဈေးကွက်ကို မသိဘဲ တကယ့်တန်ဖိုးထက် ဈေးလျှော့ရောင်းနေသူနှင့် ဆုံတွေ့ရန်သာ အကောင်းဆုံး မျှော်လင့်ကြသည်။ သူတို့ ပစ္စည်းရောင်းသည့်အခါတွင်မူ တစ်စုံတစ်ယောက်က ၎င်းကို ဝယ်ယူသွားလိမ့်မည်ဟု မျှော်လင့်လျက် တတ်နိုင်သမျှ ဈေးတင်ရောင်းကြသည်။

လူတိုင်းက ထိုသို့ တွေးတောနေကြသော လောကကြီးတွင် လူအများစုမှာ မိမိကိုယ်ကိုယ် တော်သည်ဟု ထင်နေကြသဖြင့် လူအ အများကြီး ရှိနေမည် မဟုတ်ပေ။ နောက်ဆုံးတွင် ပစ္စည်းရောင်းထွက်သွားသူများမှာ ဈေးနှုန်းကို သင့်တင့်မျှတစွာ သတ်မှတ်သူများသာ ဖြစ်ပေလိမ့်မည်။

သည်းထိတ်ရင်ဖို သုခဘုံကဲ့သို့သော ကိရိယာများကို ကျပန်းစနစ်ဖြင့် ထုတ်ပေးသည့် ဂိမ်းမျိုးတွင် ကိရိယာချင်းတူညီရန် ခဲယဉ်းပေသည်။ ထို့ကြောင့် ပစ္စည်းများကို စုဆောင်းထားရန် နည်းလမ်းမရှိပေ။ ကိရိယာများကို ပြန်လည်ရောင်းချသည့် စီးပွားရေးလုပ်သူများအတွက် အလွန်ခက်ခဲလှသည်။ သူတို့သည် ပစ္စည်းများကို ပုံမှန်ဈေးဖြင့် ဝယ်ယူပြီး ဈေးကြီးကြီးဖြင့် ပြန်ရောင်းရန် မျှော်လင့်ကြသော်လည်း ၎င်းက မဖြစ်နိုင်ပေ။

၎င်းအပြင် မရိုးသားသော ကုန်သည်များက စနစ်ဈေးဆိုင်မှ အသုံးဆောင်ပစ္စည်းများကို ဝယ်ယူပြီး လေလံခန်းမတွင် ဈေးတင်ရောင်းခြင်းကို တားဆီးရန်အတွက် စနစ်က စနစ်ဈေးဆိုင်မှ ပစ္စည်းများကို (ခြောက်ခြားသေတ္တာမှ ပစ္စည်းများမှလွဲ၍) လေလံခန်းမတွင် ရောင်းချခြင်းကို ပိတ်ပင်ထားသည်။ 'အမှိုက်' သို့မဟုတ် 'ပျက်စီးနေသော' အရည်အသွေးရှိသည့် ပစ္စည်းများ၊ အကယ်၍ ၎င်းတို့တွင် အထူးအာနိသင် သို့မဟုတ် ဂုဏ်သတ္တိများ မပါရှိပါက လေလံခန်းမက လက်ခံမည် မဟုတ်ပေ။ ဇာတ်လမ်းထဲမှ 'ကျောက်ခဲ'၊ 'ကိုယ်တွင်းအင်္ဂါ' နှင့် 'ခွေးချေး' ကဲ့သို့သော ပစ္စည်းများကို ကောက်ယူပြီး ဈေးကြီးကြီးဖြင့် ရောင်းရန် ကြိုးစားသူများအတွက်မူ လက်လျှော့လိုက်ရုံသာ ရှိတော့သည်။

ဗဟိုဧရိယာ၏ မည်သည့်ထောင့်တွင်မဆို ရပ်နေရင်း လေလံခန်းမ၏ မီနူးကို ဖွင့်လှစ်ကြည့်ရှုနိုင်သည်။ ဖုန်းပုကြွယ်သည် ၎င်းကို အချိန်အတော်ကြာအောင် ကြည့်ရှုခဲ့သည်။ စခရင်ကြီးပေါ်တွင် အဆက်မပြတ် ပေါ်လာသော ပစ္စည်းများဖြစ်စေ၊ ဦးစားပေးအလိုက် စီစဉ်ထားသော မီနူးဖြစ်စေ သူ တစ်မျက်နှာချင်းစီ လှန်ကြည့်ခဲ့သည်။ မည်သည့်ပစ္စည်းမှ သင့်တင့်သော ဈေးနှုန်းမရှိဘဲ အားလုံး လက်ခံနိုင်စရာမရှိအောင် ဈေးကြီးလွန်းနေခဲ့သည်။ ဤလူများ ဈေးသတ်မှတ်သည့် ပုံစံအရဆိုလျှင် ဖုန်းပုကြွယ်ကသာ အံကြိတ်ပြီး မာရီယို၏ ဂွ၊ ဂျက်ဇ်ဖိနပ်နှင့် အက်ခိုးချပ်ဝတ်တို့ကို ၆၀၀,၀၀၀ ဖြင့် ရောင်းချလိုက်မည်ဆိုပါက လုယက်ဝယ်ယူကြမည်မှာ အသေအချာပင်။ တစ်မိနစ်မပြည့်မီအတွင်း ၎င်းတို့မှာ ပုံသေဈေးဖြင့် ရောင်းထွက်သွားမည်ဖြစ်ပြီး အောင်အောင်မြင်မြင် ဝယ်ယူနိုင်ခဲ့သူများသည် "ကံကောင်းလိုက်တာ၊ လူအတစ်ယောက်နဲ့ ဆုံခဲ့တယ်" ဟု သူတို့စိတ်ထဲမှ ချီးကျူးနေကြပေလိမ့်မည်။

ထိုသို့ တွေးလိုက်မိသောအခါ ဖုန်းပုကြွယ်စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာတော့သည်...။ အင်း... ကောင်းတဲ့ အစီအစဉ်ပဲ။

သူသည် လှည့်ထွက်လိုက်ပြီး ဓါတ်လှေကား တံခါးများဆီသို့ လျှောက်သွားလိုက်သည်။ သူသည် မရောက်ဖူးသေးသည့် နောက်ဆုံးသော နေရာသစ်ဖြစ်သော ခြောက်ခြားသေတ္တာထံသို့ သွားရန် ပြင်ဆင်လိုက်တော့သည်။

ဖုန်းပုကြွယ်အနေဖြင့် ကိရိယာများနှင့် ပတ်သက်၍ ဖိအားမရှိသကဲ့သို့ စကေးအမှတ်များလည်း အမြောက်အမြား ရှိနေသည်ဟု ဆိုနိုင်သည်။ သူသာ အရည်အသွေး ကောင်းမွန်သော ကိရိယာအချို့ကို ဝယ်ယူပြီး လေလံခန်းမတွင် သင့်တင့်သော ဈေးနှုန်းဖြင့် တင်ရောင်းလိုက်မည်ဆိုပါက ၎င်းတို့မှာ ပုံသေဈေးဖြင့် မလွဲမသွေ ရောင်းထွက်သွားမည် ဖြစ်သည်။ ထိုအခါ သူ့အိတ်ထဲတွင် ဂိမ်းဒင်္ဂါး သိန်းချီ ရှိလာမည်ဖြစ်ရာ အဝတ်အစား ဝယ်ယူရန်မှာ အေးဆေးအလုပ်ပင်။

...

ဖုန်းပုကြွယ် လော့ဂ်အင်ဧရိယာသို့ ပြန်ရောက်သည့်အခါ ပထမဦးဆုံး သိုလှောင်ခန်းသို့ သွား၍ ဓါတ်မီးကို သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်အတွက် ဆုလာဘ်ထုတ်ယူရန် သွားရောက်ခဲ့သည်။ သူသည် အတွေ့အကြုံ (EXP) ရယူရန် အလျင်မလိုသလို ဂိမ်းဒင်္ဂါး ၅၀,၀၀၀ မှာလည်း သူ့အတွက် ဘာမှမဟုတ်ပေ။ ထို့ကြောင့် ဂိမ်းဒင်္ဂါးယူမည့်အစား ကိရိယာကိုသာ ရယူရန် ဆုံးဖြတ်လိုက်လေသည်။

ထို့ကြောင့် ယခုတစ်ကြိမ် သူ ရရှိခဲ့သော ကျပန်းပစ္စည်းမှာ-

ပစ္စည်းအမည် - ကီး၏ ဟူဒီဂျာကင်

ပစ္စည်းအမျိုးအစား - ချပ်ဝတ်

အရည်အသွေး - ထူးကဲ

ကာကွယ်ရေး အမှတ် - အားနည်း

ဓာတ်သဘာဝ - မရှိ

အထူးအာနိသင် - သတ်မှတ်ထားသော အကွာအဝေးအတွင်း ဝတ်ဆင်သူသည် အဖွဲ့၏ ပျက်စီးဆုံးရှုံးမှုအားလုံးအတွက် အဓိကပစ်မှတ် ဖြစ်လာမည် ဖြစ်သည် (မကောင်းဆိုးဝါး တိုက်ခိုက်မှုများ၊ မတော်တဆမှုများနှင့် သဘာဝဘေးအန္တရာယ်များ အပါအဝင်)။ အဖွဲ့လိုက် ရှင်သန်ခြင်းမုဒ်(သာမန်) တွင် ဝတ်ဆင်သူသည် သေဆုံးပြီးနောက် ထိုနေရာ၌ပင် တစ်ကြိမ် ပြန်လည် အသက်ရှင်နိုင်မည် ဖြစ်သည်။

ဝတ်ဆင်ရန် လိုအပ်ချက် - အမျိုးသား ကစားသမား

မှတ်ချက် - အို ဘုရားသခင်၊ သူတို့ ကီးကို သတ်လိုက်ကြပြီ

ဤချပ်ဝတ်မှာ ခန္ဓာကိုယ် အပေါ်ပိုင်းအတွက်ဖြစ်ပြီး အဝတ်အစားနှင့် ဘာမှမသက်ဆိုင်ပေ။ ကိရိယာသည် ကိရိယာသာဖြစ်ပြီး အဝတ်အစားမှာမူ 'Skin' ကဲ့သို့သော အရာသာ ဖြစ်သည်။ နှစ်မျိုးလုံးကို တစ်ပြိုင်နက်ဝတ်ဆင်နိုင်သော်လည်း အပြင်ဘက်တွင်မူ တစ်မျိုးကိုသာ ပြသနိုင်မည် ဖြစ်သည်။ ဖုန်းပုကြွယ်သည် ကီး၏ ရုပ်ပြောင်အဓိပ္ပာယ်ကို နားလည်သဖြင့်... အက်ခိုးချပ်ဝတ်ကို မဝတ်နိုင်သေးသော်လည်း ၎င်းကိုလည်း မတော်တဆ ဝတ်ဆင်မိရန် အစီအစဉ် မရှိပေ။

ထိုကဲ့သို့သော အရာမျိုးကို ဝတ်ဆင်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် တူပြီး အခြားသူအား ပေးခြင်းမှာလည်း သူတို့အသက်ကို အန္တရာယ်ပြုခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းကို လေလံပွဲတွင် သူစိမ်းတစ်ယောက်အား ရောင်းချလိုက်ခြင်းက ပိုကောင်းမွန်ပေလိမ့်မည်။

လက်ရှိတွင် သူ၏ သိုလှောင်အိတ်အတွင်း နေရာလွတ်မှာ ၈/၁၀ ရှိနေသဖြင့် နောက်ထပ် ပစ္စည်းနှစ်ခု ထပ်မံ သိမ်းဆည်းနိုင်သေးသည်။ ဖုန်းပုကြွယ်၏ တွက်ချက်မှုအရ ခြောက်ခြားသေတ္တာအတွင်းရှိ အဆင့်မြင့်ကိရိယာများမှာ တစ်ခုလျှင် စကေးအမှတ် ၃၀၀ ခန့် တန်ဖိုးရှိသင့်သည်။ အကယ်၍ ပစ္စည်းတစ်ခုက စကေးအမှတ် ၅၀၀ ပေးရမည်ဆိုပါက သူအလိုရှိလျှင်ပင် ပစ္စည်းနှစ်ခုကို ဝယ်ယူနိုင်မည် မဟုတ်သဖြင့် နေရာလွတ် နှစ်နေရာမှာ လုံလောက်သည်ထက် ပိုနေပါသည်။ ဘာပဲဖြစ်ဖြစ် ဤနေရာတွင် ကိစ္စပြီးသွားလျှင် ၎င်းတို့ကို လေလံတင်ရန် စင်တာသို့ ယူဆောင်သွားမည် ဖြစ်သည်။

ဓါတ်လှေကားသို့ ပြန်လာပြီး တံခါးပိတ်သွားသောအခါ ဖုန်းပုကြွယ်သည် ခြောက်လှန့်သေတ္တာ ခလုတ်ကို နှိပ်လိုက်လေသည်။ ယခုတစ်ကြိမ်တွင်မူ ထူးဆန်းနေခဲ့သည်။ သူ ခလုတ်နှိပ်ပြီးနောက် တံခါး ပွင့်မလာသလို စနစ်၏ ကြေညာချက်လည်း ထွက်မလာပေ။ စက္ကန့်အနည်းငယ်အကြာတွင် ဓါတ်လှေကားက စတင် ရွေ့လျားလာ၏။ အထူးဆန်းဆုံး အချက်မှာ ဓါတ်လှေကားသည် အပေါ်သို့ သို့မဟုတ် အောက်သို့ ရွေ့လျားနေခြင်း မဟုတ်သလို ဖုန်းပုကြွယ် ခံစားနေရခြင်းပင်။ ရိုလာကိုစတာကဲ့သို့ပင် ၎င်းသည် မည်သည့်ပုံစံမှမရှိဘဲ အရပ်မျက်နှာ အနှံ့အပြားသို့ ရွေ့လျားနေခြင်းဖြစ်သည်။

တစ်မိနစ်ခန့်အကြာတွင် ဓါတ်လှေကားက နောက်ဆုံး၌ ရပ်တန့်သွားတော့သည်။ တံခါးသည် သူ့အလိုလို ပွင့်လာပြီး ဖုန်းပုကြွယ်၏ မျက်လုံးရှေ့တွင် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာတော့သည်။

All Chapters