အခန်း (၂၃၅၅-၂၃၅၆)
Vol. 169 Ch. 2355-2356
အပိုင်း(၂၃၅၅)
တဖြည်းဖြည်း ပျောက်ကွယ်သွားသော ပြင်ပ အခွံကို ကြည့်ရှုနေစဉ် စူးဟောင်ရန် ၏ အကြည့်များမှာ လေးနက်နေခဲ့ပေသည်။ ဤနေရာသို့ ရောက်ရှိလာကတည်းက၊ ဝေ့ဝူယင်၏ လှုပ်ရှားမှုများနှင့် လုပ်ရပ်များသည် သူတော်စင်များ နှင့် အခြားသော ထူးကဲသည့် အာရုံခံနိုင်စွမ်းရှိသော ကျင့်ကြံသူများ ၏ ပြင်းထန်သော စစ်ဆေးစောင့်ကြည့်မှု အောက်တွင် ရှိနေခဲ့လေသည်။ ဤနယ်ခြားသားသည် ကိုယ်ပိုင် အနေဖြင့်ဖြစ်စေ သို့မဟုတ် ကောင်းကင် ရတနာ တစ်ခုမှတစ်ဆင့် ဖြစ်စေ သူ၏ ထိန်းချုပ်မှုအောက်တွင် ဥပဒေသ လေးခု ရှိနေကြောင်းကို သူတို့ ကာလရှည်ကြာကတည်းက အတည်ပြု ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်ပေသည်။
ထို့အပြင်... အထွတ်အထိပ် အင်အားစု အသီးသီးသည် သူ၏ ကျင့်ကြံခြင်း အဆင့် မှာ ပဲ့တင်ထပ် ဝိညာဉ် အဆင့် တွင် မရှိကြောင်း ကောက်ချက်ချထားခဲ့ကြလေသည်။ အနည်းဆုံးတော့ ဤ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို သည် အထွတ်အထိပ် သူတော်စင် နှင့် တန်းတူညီမျှရှိသော စွမ်းအားတစ်ခုကို အသုံးပြုကာ ပဲ့တင်ထပ် ဝိညာဉ်အဆင့်၏ ဂုဏ်သိက္ခာကို အတုယူနေခြင်း ဖြစ်နိုင်ချေ ရှိပေသည်။ သူ ထိုစွမ်းဆောင်ရည်ကို မည်သို့ ရရှိခဲ့သည်ဖြစ်စေ၊ အစောပိုင်းက ထုတ်ပြန်ခဲ့သော အဂ္ဂိရတ် ဥပဒေသ က အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို သည် အထွတ်အထိပ် သူတော်စင် တစ်ပါး မဟုတ်ကြောင်းကို အနည်းနှင့်အများ အတည်ပြုပေးပြီး ဖြစ်လေသည်။
သို့သော်လည်း... ထိုတူညီသော ယုတ္တိဗေဒ သဘောတရားအရ ဝေ့ဝူယင်သည် ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်ကာ၊ လွတ်လပ်သော အာကာသ တစ်ခုကို ထွင်းထုပြီး၊ အင်အားစု အသီးသီးနှင့် ရဲရင့်စွာ ညှိနှိုင်းခဲ့ချိန်တွင်၊ သူ့၌ အဓိက အာဏာ အဆင့်ရှိ စွမ်းအားများကို အသုံးပြုနိုင်လုနီးပါး ဖြစ်နေသော အာကာသနှင့် အချိန် ဆိုင်ရာ အထွတ်အထိပ် ကောင်းကင် ရတနာ သို့မဟုတ် အထွတ်အထိပ် ကောင်းကင် တစ်ပိုင်း ရတနာ ရှိနေကြောင်း စူးဟောင်ရန် သိရှိခဲ့လေသည်။ ထို့အပြင်... အခွံ ကမ္ဘာ ပုလဲ ကို သက်ရောက်မှု ရှိစေခဲ့သော အော်ရာ နှင့် အတိအကျ တူညီသည့် လုံးဝ ပျက်သုဉ်းခြင်း အော်ရာ တစ်ခုကို ဖြာထွက်နေစေသော မသေချာမရေရာသည့် တတိယမြောက် ဥပဒေသ တစ်ခုလည်း ရှိနေသေးပေသည်။
အင်ပါယာ ဥပဒေသ နှင့် ပတ်သက်၍မူ... ၎င်းသည် သေချာပေါက် သူ၏ ကိုယ်ပိုင် ဖြစ်ပေသည်။ ဤနေရာသို့ ရောက်ရှိလာကတည်းက၊ ဝေ့ဝူယင်သည် ထို အင်ပါယာ ဥပဒေသ အာဏာ ကို ဖုံးကွယ်မထားခဲ့ချေ။ ၎င်းသည် သူ၏ အဓိက ဥပဒေသ အဖြစ် တက်ကြွစွာ လုပ်ဆောင်နေသည်။ အင်ပါယာ ဥပဒေသ အပေါ် သူ၏ အသုံးပြုမှုမှာ အရန် ပံ့ပိုးမှုအဖြစ် လုပ်ဆောင်ပေးနေသော အခြား ဥပဒေသ သုံးခုထက် များစွာ ပိုမို တိုက်ရိုက်ကျလှပေသည်။ ထို့အပြင်... အာရုဏ်ဦး အင်ပါယာ ၏ တည်ရှိမှုကို အလွယ်တကူ အတည်ပြုနိုင်လေသည်။
သူတို့မြင်တွေ့ရသလောက် ယခုအချိန်အထိ ဝေ့ဝူယင်၏ ထူးဆန်းသော လုပ်ရပ်များသည် အင်ပါယာ ဥပဒေသ ၏ ကြီးစိုးအုပ်ချုပ်မှု သဘောတရားအပေါ်တွင်လည်း မူတည်နေပြီး၊ သူ လုပ်ဆောင်ခဲ့သည့် ယခင် လုပ်ရပ်များ အားလုံးကလည်း သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း လမ်းစဉ်ကို တိုးတက်စေရန် ပဋိပက္ခ အတွင်းသို့ ဝင်ရောက်လိုသော ဆန္ဒကို အနည်းနှင့်အများ အတည်ပြုပေးနေခဲ့လေသည်။
စူးဟောင်ရန် သည် သူ၏ အာရုံစိုက်မှုကို ထျန်းရှီယာ ထံသို့ ခေတ္တမျှ ပြောင်းရွှေ့လိုက်လေသည်။ သူမသည် ကျင့်ကြံခြင်းတွင် နစ်မြောလျှက် ရှိနေ၏။ သူမသည် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားကာ၊ သူမ၏ ဝိညာဉ်မှာလည်း အမျိုးမျိုးသော အပြောင်းအလဲများကို ခံစားနေရပေသည်။
"လုံရှီယာက သူ့ရဲ့ တိုက်ကွက်တွေကို ခုခံရင်း လောကရှန့်ထို အာရုဏ်ဦး ကို မတော်တဆ သတ်မိသွားရင် ဘယ်လိုလုပ်မလဲ..."
ပျောက်ကွယ်သွားသော လောကပုလဲ အခွံကို စူးစိုက်ကြည့်နေရင်း ရွှေရောင် ညဉ့်ဦးယံ အရှင်သခင် က တိုးညှင်းစွာ မေးလိုက်လေသည်။ ဆင်ကျား အရှင်သခင် ၏ မျက်လုံးများ ခေတ္တမျှ ပြူးကျယ်သွားပြီးနောက် သူမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ သို့သော် သူမ မည်သည့် မှတ်ချက်မျှ မပေးခဲ့ချေ။
လုံရှီယာ ထိုသို့သော လုပ်ရပ်မျိုး ပြုလုပ်နိုင်ချေ ရှိခြင်းကလည်း တရားဝင် စိုးရိမ်ပူပန်စရာ တစ်ခုပင် ဖြစ်လေသည်။ သူသည် အဟုန် ဥပဒေသ ကို ကျင့်ကြံထား၏။ သူ၏ ကာကွယ်ရေး နည်းဗျူဟာများတွင် တန်ပြန် တိုက်ခိုက်မှု ရှုထောင့်တစ်ခု ပါဝင်နိုင်သည်။ အကယ်၍ ဤနယ်ခြားသားသာ သတိလက်လွတ် ဖြစ်သွားခဲ့လျှင် (သူတို့ ခန့်မှန်းထားသလို သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ၏ အောက်တွင် အမှန်တကယ် ရှိနေခဲ့လျှင်...) ဤသည်မှာ တကယ့် အန္တရာယ် တစ်ခုပင် ဖြစ်ပေသည်။ ထိုသို့သာ ဖြစ်သွားပါက စုရီ ၏ တည်နေရာကို ဆုံးရှုံးသွားရမည် ဖြစ်လေသည်။
ထို့အပြင်... သူတို့သည် ဤ အာရုဏ်ဦး အင်ပါယာ တည်ရှိရာ မည်သည့် အဖွဲ့အစည်း သို့မဟုတ် ဂလက်ဆီကိုမဆို စော်ကားမိသလို ဖြစ်သွားနိုင်ပေသည်။ သူတို့၏ အသက်မွေးဝမ်းကျောင်းမှုနှင့် ခွန်အားတို့ကြောင့် မည်သည့် ပြင်ပ ရန်သူများကိုမျှ သူတို့ မကြောက်ရွံ့သော်လည်း၊ ၎င်းသည် အနှောင့်အယှက် ဖြစ်စေမည်မှာ သေချာလှပေသည်။
ပဲ့တင်ထပ် ဝိညာဉ် အဆင့်သည် ကောင်းကင်ငယ် တမန်တော် အဆင့် တွင် ခိုင်မာမှု မရှိသေးသူများပင် ဖြစ်စေကာမူ၊ အခြားသော သူများ အားလုံးနှင့် နှိုင်းယှဉ်ပါက ပြိုင်ဘက်ကင်း ဖြစ်နေလေသည်။
စုရီ သည် ပုံမှန်မဟုတ်သော်လည်း အလွန်အမင်း အံ့သြစရာ မကောင်းသော ခြွင်းချက်တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း... သူက နှစ်ဘဝ ရှင်သန်ပြီးသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထို့အပြင်... သူ ယခင်ဘဝက ကျင့်ကြံခဲ့သော ကျင့်ကြံခြင်း အဆင့်မှာ ကောင်းကင်ငယ် တမန်တော် အဆင့် တွင်သာ မဟုတ်ဘဲ သိသိသာသာ ပိုမို မြင့်မားနေခဲ့ပေသည်။ သူ၏ နည်းလမ်းများနှင့် စွမ်းဆောင်ရည်များသည် မည်သို့များ သာမန် ဖြစ်နိုင်မည်နည်း။
အကယ်၍ သူတို့ ကိုယ်တိုင်လည်း အတိတ်ဘဝမှ ပိုင်ဆိုင်ထားသည့် အသိပညာများ၊ ရတနာများ အားလုံးဖြင့် အစကနေ ပြန်လည် စတင်ရန် အခွင့်အရေး တစ်ခုသာ ပေးအပ်ခံရမည်ဆိုလျှင်၊ သူတို့သည်လည်း အံ့မခန်း ကျင့်ကြံခြင်း အခြေခံနှင့် ခွန်အားများကို ပိုင်ဆိုင်လာကြမှာ သေချာပေသည်။
အစွမ်းကုန် ပေါင်းစည်းခြင်း စိတ်အာရုံ နယ်မြေ သို့ ပြန်သွားရလျှင်... ကောင်းကင် အဂ္ဂိရတ် ရှန့်ထို ခုနစ်ပါးတို့သည် စားပွဲဝိုင်းတွင် စုဝေးနေကြပြီး၊ သူတို့၏ စောင့်ကြည့်ရေး အစီအရင် မှတစ်ဆင့် ပျောက်ကွယ်သွားသော အခွံ ကမ္ဘာ ပုလဲကို ကြည့်ရှုနေကြလေသည်။ သူတို့ထဲမှ မည်သူကမျှ အထူးတလည် တင်းမာနေခြင်း မရှိကြချေ။
မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း အဂ္ဂိရတ် ရှန့်ထိုမှာ အခြား ကိစ္စတစ်ခု အတွက် တွေးတောရင်း အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ပေသည်။ လုံရှီယာနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် (သူ၏ လက်ရှိ ကိုယ်ပိုင် မိုးကုပ်စက်ဝိုင်း မျှော်စင်၏ အခြေအနေများကြောင့်ပင်) သူသည် ကောင်းကင် သန့်စင်ခြင်း နိုဗာအမြုတေ သိပ်သည်းဆီ ကို မလိုလားဘဲ ပေးအပ်ခဲ့ရပြီး အလျော့ပေးမှု အချို့ကို ပြုလုပ်ခဲ့ရလေသည်။
ကောင်းကင် သန့်စင်ခြင်း နိုဗာအမြုတေ သိပ်သည်းဆီ သည် အလွန်တရာ တန်ဖိုးကြီးမားလှပြီး ဝိညာဉ် ဆေးလုံး အနည်းငယ်ထက် အဆပေါင်းများစွာ ပိုမို တန်ဖိုးရှိကာ၊ ကောင်းကင် ဥပဒေသများ၏ လောက နယ်မြေ သုံးထောင် နှင့် ပိုမို ခိုင်မာသော ဆက်သွယ်မှုများကို တည်ဆောက်ရန် လူတစ်ဦး၏ ခန္ဓာကိုယ်ကို သန့်စင်ရာတွင် ကူညီပေးနိုင်စွမ်း ရှိပေသည်။ ၎င်းသည် သိုင်းကျင့်ကြံသူများ အတွက် နတ်ဘုရားဆန်သော ပစ္စည်းတစ်ခု ဖြစ်လေသည်။
"ငါတို့ကြားက ဆက်ဆံရေးကို ပြေလည်သွားစေဖို့ လောကရှန့်ထို အာရုဏ်ဦး ရဲ့ ဆန္ဒကို လိုက်လျောပေးလိုက်တာက နည်းနည်းလေးများ..."
စူးခိုင်မင် သည် ဤရလဒ်အပေါ် သူမ၏ မကျေနပ်မှုကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။ ဝေ့ဝူယင်သည် အထွတ်အထိပ် သူတော်စင် တစ်ပါး၏ အဆင့်အတန်းရှိ ပဋိပက္ခတစ်ခုကို ရှာဖွေနေကြောင်းနှင့်၊ ၎င်းသည် တစ်နည်းနည်းဖြင့် သူ၏ ကျင့်ကြံခြင်း နှင့် ဆက်စပ်နေကြောင်းကို သူတို့ အားလုံး ကောင်းစွာ သိရှိထားကြသော်လည်း၊ သူတို့သည် သူ၏ ဆန္ဒများကို လိုက်လျောပေးခဲ့ပြီး ကိုယ်စားလှယ် တစ်ဦးကို စေလွှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။
၎င်းက အပေးအယူလုပ်ဖို့ သက်သက် ဖြစ်ပေသည်။
...
အခွံ ကမ္ဘာ ပုလဲ ၏ လောကနယ်မြေ ပြိုကွဲပျက်စီးသွားမှုသည် ပြင်ပမှ စောင့်ကြည့်နေသူများ အားလုံးအတွက် မြင်တွေ့ခဲ့ရသည်။ ကျယ်ပြောလှသော ဂလက်ဆီ နယ်မြေ တစ်ခွင်လုံးတွင် အသက်အောင့်ကာ စောင့်ဆိုင်းနေကြသော လူအုပ်ကြီး၏ အာရုံစိုက်မှုကို ဖမ်းစားထားနိုင်ခဲ့လေသည်။။
သို့သော်လည်း ၎င်းမှာ ကြီးကျယ်ခမ်းနားလှသည့် အဂ္ဂိရတ် တိုက်ပွဲကြီး တစ်ခု၏ အစပျိုး အဆင့်သာ ဖြစ်ပေသည်။ ထိုနယ်ခြားသားမှာ အလွန်တရာပင် ထူးချွန်လှပါပေသည်။
သို့သော်လည်း... အဂ္ဂိရတ် တာအို စိန်ခေါ်မှုနှင့် ပတ်သက်၍၊ တရားဝင် အသိအမှတ်ပြုထားသော ကောင်းကင် ရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ပါးထက် ဤနယ်ခြားသားက အဂ္ဂိရတ်ပညာတွင် ပိုမို ကျွမ်းကျင်မှု ရှိသည်ဟု တစ်စုံတစ်ယောက်က ရဲတင်းစွာ ဆိုလာပါက ၎င်းမှာ လုံးလုံးလျားလျား အဓိပ္ပာယ်မဲ့သော စကားသာ ဖြစ်ပေမည်။
မဟာ လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်များ နှင့် အနိမ့်ဆုံး အဆင့်ရှိ ကောင်းကင် ရှန့်ထို အဂ္ဂိရတ်ပညာရှင်များ အကြား ကွာခြားချက်မှာ ပိုးစုန်းကြူး တစ်ကောင်နှင့် နေမင်း ကြယ်တာရာ ၏ တောက်ပမှုတို့ကို နှိုင်းယှဉ်နေသကဲ့သို့ ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။ ၎င်းမှာ ရိုးရှင်းစွာပင် နှိုင်းယှဉ်၍ မရနိုင်ချေ။။
အချို့လူများ အနေဖြင့် ဝေ့ဝူယင်၏ တောင်းဆိုချက်များအား အလျော့ပေးလိုက်ရခြင်းအတွက် တစ်စုံတစ်ရာ ခံစားခဲ့ရသော်လည်း၊ မိုးကုပ်စက်ဝိုင်းများကတော့ မည်သည့် အရာကပ ပထမ ဦးစားပေး ဆိုတာကို သိပေသည်။ မည်သို့ပင်ဆိုစေ သူတို့၏ နောက်ဆုံး ရည်မှန်းချက်မှာ စုရီ သာ ဖြစ်ပေသည်။။ ထို့ကြောင့်ပင် မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်းသည် သူ့ သွေးမျိုးဆက် ၏ အဓိက ထုတ်ကုန်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်လေသည်။
ဤအချိန် တစ်လျှောက်လုံးတွင် ထျန်းရှီကျောက်ရွှမ် သည် မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့လေသည်။ သူသည် အတော်လေး သံသယ ဝင်နေခဲ့၏။ အထူးသဖြင့် သူတို့၏ လျှို့ဝှက်စာချုပ်ကို စုရီ က ရှာတွေ့ခဲ့ပြီး သူတို့ကြားတွင် အပေးအယူများ ရှိခဲ့ပုံ ပေါ်သည်။ စုရီ က ယုတ္တိမတန်လောက်အောင် များပြားလှသော ပမာဏတစ်ခုကို အတင်းအဓမ္မ တောင်းဆိုခဲ့ခြင်းများ ဖြစ်နိုင်မည်လော။
"တစ်ယောက်ယောက် ထွက်လာပြီ..."
မိုးကုပ်စက်ဝိုင်း ထိန်းချုပ်ခြင်း တာအို တရားဥပဒေ ထိန်းသိမ်းသူ က ရုတ်တရက် အော်ဟစ်လိုက်လေ၏။ သူတို့ အားလုံးသည် ကျောက်စိမ်း စင်မြင့် အတွင်း ပြသထားသော အခွံ ကမ္ဘာ ဆီသို့ သူတို့၏ အာရုံစိုက်မှု အပြည့်အဝကို ပြောင်းရွှေ့သွားကြလေသည်။ တင်းမာသော တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်လာခဲ့ပေသည်။
အစောပိုင်းက ဝေ့ဝူယင်ထံတွင် အထွတ်အထိပ် သူတော်စင်များ ကို သတ်ဖြတ်ရန် သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရစေရန် နည်းလမ်းတစ်ခုခု ရှိနေနိုင်သည်ဟူသော ဖြစ်နိုင်ချေကြောင့်၊ မိုးကုပ်စက်ဝိုင်း ထိန်းချုပ်ခြင်း သည် သူမ၏ တာအို တရားဥပဒေ ထိန်းသိမ်းသူ ကို စွန့်စားစေရန် ငြင်းဆန်ခဲ့သည်။ သူမသည် လုပ်ဖော်ကိုင်ဖက် ဆိုသူများအတွက် အနည်းငယ်မျှသော ဆုံးရှုံးမှုကိုပင် ခံစားရန် ဆန္ဒမရှိခဲ့ချေ။
ထို့ကြောင့်ပင်... သူတို့သည် လုံရှီယာကို ကိုယ်စားလှယ် တစ်ဦးအဖြစ် စေလွှတ်ခဲ့ပြီး၊ သူ၏ လောဘကို မြှားကာ သူ၏ အင်ပါယာ တာအို ကို တိုးတက်စေရန် ပဋိပက္ခကို အလွန်အမင်း လိုအပ်နေသော ဝေ့ဝူယင်၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် သူတို့ အစား သူ့ကို စေလွှတ်ခဲ့ခြင်း ဖြစ်လေသည်။
ယခုအခါတွင် ရလဒ် ထွက်ပေါ်လာတော့မည် ဖြစ်လေသည်။
"အဲဒါက..."
မိုးကုပ်စက်ဝိုင်း ပေါင်းစပ်ခြင်း က အော်ဟစ်လိုက်လေသည်။ ကောင်းကင် တောက်ပမှုများဖြင့် လွှမ်းခြုံထားသော ဝိညာဉ် အလင်းတန်း တစ်ခုသည် ဖန်တီးခြင်း ကန့်လန့်ကာကို ထိုးဖောက်သွားပြီး၊ အလင်းအလျင်ထက် ကျော်လွန်သော အရှိန်နှုန်းများဖြင့် အာကာသကို ဖြတ်သန်း ဆုတ်ဖြဲသွားခဲ့လေသည်။
သူတို့သည် ထိုဝိညာဉ်အလင်းတန်းကို ခတ္တမျှသာ လှမ်းမြင်လိုက်ရ၏။ ၎င်းသည် မျဉ်းဖြောင့် လမ်းကြောင်း တစ်ခု အတိုင်းပင် သံချပ်ကာကောင်းချီး ကြယ်ကွင်းပြင်၏ နတ္ထိ ဟင်းလင်းပြင် နေရာမှနေ၍ ပျောက်ကွယ်သွားခဲ့လေသည်။
အားလုံးသည် ကိုယ်ပိုင် စောင့်ကြည့်လေ့လာရေး နည်းလမ်းများမှတစ်ဆင့် ၎င်း ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေခဲ့ကြလေသည်။ သို့သော်လည်း... တဒင်္ဂ အတွင်းမှာပင် သူတို့သည် ၎င်းကို ဆက်လက် အာရုံခံနိုင်စွမ်း မရှိတော့ချေ။
"ဝိညာဉ်အစောင့်အရှောက် လွတ်မြောက်ခြင်းလား..."
***
အပိုင်း(၂၃၅၆)
"ဝိညာဉ်အစောင့်အရှောက် လွတ်မြောက်ခြင်းလား..."
စူးဟောင်ရန် အပါအဝင် မိုးကုပ်စက်ဝိုင်းများ ၏ တာအို တရားဥပဒေ ထိန်းသိမ်းသူ တိုင်းက တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ ၎င်းမှာ ကြိုတင် လေ့ကျင့်ထားသည့်အလား ဖြစ်နေပြီး၊ သူတို့၏ ဝိညာဉ်များ အတွင်း ခံစားလိုက်ရသော အံ့အားသင့် တုန်လှုပ်မှု၏ စစ်မှန်မှုကို သက်သေပြနေခဲ့ပေသည်။
ဝိညာဉ်အစောင့်အရှောက် လွတ်မြောက်ခြင်း သည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူများ အတွက် ထူးခြားသော အသက်ရှင်သန်ရေး စွမ်းရည် တစ်ခု ဖြစ်သည်။ သူတို့ကို သတ်ဖြတ်ရန် နာမည်ဆိုးဖြင့် ကျော်ကြားလောက်အောင် ခက်ခဲရခြင်း၏ အကြောင်းရင်းများအနက် တစ်ခုမှာ၊ သူတို့၏ အစစ်အမှန် ဝိညာဉ်များသည် ခြိမ်းခြောက်ခံရချိန်တွင် သူတို့၏ ကျင့်ကြံခြင်း အခြေခံနှင့် ချိတ်ဆက်ထားသော မည်သည့် ကောင်းကင်ကမဆို ဆွဲငင်ကာ ခေါ်ဆောင်သွားခြင်း ခံရသောကြောင့် ပင် ဖြစ်လေသည်။
ထိုစွမ်းရည်ကို ထုတ်လွှတ်ရန်အတွက် ယုတ္တိမတန်လောက်အောင် များပြားလှသော သက်စောင့်အင်အား နှင့် သက်တမ်း ကို ကုန်ဆုံးစေသည်။ ၎င်းမှာ မိမိကိုယ်ကိုယ် ထိခိုက်စေသော လွတ်မြောက်ရေး နည်းလမ်း တစ်ခု ဖြစ်ကာ၊ သိသာထင်ရှားသော နောက်ဆက်တွဲ အကျိုးဆက်များ ရှိနေပေသည်။
အကြောင်းရင်း တစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆုံးရှုံးရခြင်းပင် ဖြစ်လေသည်။ ရှင်းလင်း တိကျစွာ ဆိုရသော်...တစ်စုံတစ်ယောက်က အထွတ်အထိပ် သူတော်စင် တစ်ပါး၏ ခန္ဓာကိုယ်ကို သတ်ဖြတ်လိုက်ခြင်း ပင် ဖြစ်ပေသည်။
အကယ်၍ ကောင်းကင်ဘုံ၏ ပဲ့တင်ထပ် ချီ အမှုန်အမွှားလေး တစ်ခုကို သဘာဝအလျောက် သန့်စင်ရန်အတွက်ပင် မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဆိုပါက၊ သူတို့၏ ခန္ဓာကိုယ်ကို ပြန်လည် မွေးဖွားရန် မည်မျှ အချိန်ယူရမည်ကို လူတစ်ဦး အနေဖြင့် စိတ်ကူးဖြင့်ပင် မှန်းဆကြည့်နိုင်ပေသည်။
အားလုံး မျက်လုံးများ ပြူးကျယ်နေကာ နှလုံးသားများ ပြင်းထန်စွာ ခုန်ပေါက်နေရင်း သူတို့၏ အတွေးများကို မစီမံနိုင်မီမှာပင်... ပုံရိပ် တစ်ခုသည် အိုမီဂါ ဆေဘာ အလင်း ထဲမှနေ၍ တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့၏။ ၎င်းသည် အော်ရာနှင့် သက်စောင့်အင်အားတွင် မတည်ငြိမ်မှု အနည်းငယ်မျှပင် မရှိပဲ အထင်ကြီးစရာကောင်းပြီး မေ့ဖျောက်၍မရနိုင်သည့် ပုံရိပ်တစ်ခုကို ဖန်တီးပေးလိုက်လေသည်။
သို့သော်... သူတို့သည် သူတို့၏ ဝိညာဉ် အာရုံခံနိုင်စွမ်း သို့မဟုတ် ဝိညာဉ် အာရုံ များဖြင့် သူ့ကို စစ်ဆေးကြည့်လိုက်သောအခါ၊ ငြင်းဆန်၍မရနိုင်သော အရည်အသွေး နှစ်ခုကို သတိမထားမိဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြလေသည်။
ပထမအချက်အနေဖြင့်... သာမည ဥပဒေသ အာဏာ ထက် များစွာ ကျော်လွန်နေသော အာဏာရှင်ဆန်သည့် ဖိနှိပ်မှု စွမ်းအားတစ်ခု ဖြစ်သည့်... အဓိက အာဏာ ကို သူတို့ အာရုံခံလိုက်ရခြင်း ပင် ဖြစ်လေသည်။
ဝေ့ဝူယင်၏ ပတ်လည်တွင် လှည့်ပတ်နေသော အဓိက အင်ပါယာ ဥပဒေသ ၏ အော်ရာ မှာ ဖုံးကွယ်ထားခြင်း မရှိတော့ချေ။ အမှန်တကယ်တွင် ၎င်းသည် မည်သည့် ကန့်သတ်ချက်မျှ မရှိဘဲ ပွင့်လန်းနေခဲ့ပြီ ဖြစ်လေသည်။
ဝေ့ဝူယင်သည် ခေတ်အဆက်ဆက် စစ်မှန်သော အင်ပါယာ တစ်ပါး၏ အယုံအကြည်မဲ့လောက်အောင် ခမ်းနားသော တည်ရှိမှုကို ထုတ်လွှတ်နေခဲ့ပေသည်။
ဒုတိယ အချက်အနေဖြင့်... သူတို့၏ နှလုံးသားများကို လုံးလုံးလျားလျား ရူးသွပ်မှု အခြေအနေတစ်ခု အတွင်းသို့ တွန်းပို့လိုက်သော အရာမှာ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အဆင့် ပင် ဖြစ်လေသည်။
အပြည့်အဝ ကူးပြောင်းခြင်း မရှိသေးဘဲ သေမျိုး တာအို နှင့် ချိတ်ဆက်ထားဆဲ ဖြစ်သော စွမ်းအင်များကို သူတို့ အာရုံခံမိလိုက်ကြလေသည်။ ၎င်းမှာ တစ်ခုတည်းသော ကျင့်ကြံခြင်း အဆင့် ဖြစ်သည့်... လျှို့ဝှက် ကြယ်တာရာ အဆင့် ၏ သေချာရေရာသော လက္ခဏာတစ်ခု ပင် ဖြစ်ပေသည်။
ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
ဝေ့ဝူယင် ကိုယ်တိုင်သည် အပြောကျယ်လှသော ဟင်းလင်းပြင် အတွင်း လျှောက်လှမ်းလာခဲ့၏။ သူ၏ မျက်နှာအမူအရာမှာ လုံးဝ တည်ငြိမ်အေးချမ်းမှု၏ ပြယုဂ်တစ်ခု ဖြစ်နေပေသည်။
သို့သော် စိတ်နှလုံး အတွင်းပိုင်းတွင်မူ သူ၏ စိတ်နှစ်ခုစလုံးသည် လုံးလုံးလျားလျား တုန်လှုပ်နေခဲ့လေသည်။ ထိုဆေဘာ ခုတ်ပိုင်းမှု တစ်ချက်တည်းကို ထုတ်လွှတ်ရန်အတွက်၊ သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များ နှင့် လျှို့ဝှက်အင်အား အားလုံးသည် အိုမီဂါ ဆေဘာ အင်အား အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့အပြင် သူ၏ ကြယ်တာရာ ဝိညာဉ် လေးခုနှင့် ဖီဆန်လေး တို့သည်လည်း လုံးလုံးလျားလျား အာရုံစိုက်ထားမှု အခြေအနေ တစ်ခုတွင် ရှိနေကြသည်။ ၎င်းတို့သည် သူ၏ ဝိညာဉ်အတွင်း တစ်ပြိုင်နက်တည်း တိုးတက်လာခဲ့သော အဓိက အာဏာ သုံးခုကို ဖိနှိပ်ရန် ဦးစားပေး၍ ကြိုးစား နေခဲ့ကြသည်။ အကယ်၍ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ပေါ်တွင် အမျိုးမျိုးသော ရတနာများသာ မရှိခဲ့လျှင်၊ သူသည် အပျက်အစီး မန်နာ များ၏ စီးဆင်းမှု အတွင်းသို့ မျောပါသွားကာ၊ အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်း၍ အားကိုးရာမဲ့စွာ လွင့်မျောသွားမည်သာ ဖြစ်လေသည်။
ဝေ့ဝူယင်သည် အင်အား ကုန်ခမ်းနေပြီ ဖြစ်လေသည်။ မည်သည့် ခွန်အားကိုမျှ မဖော်ထုတ်နိုင်သကဲ့သို့၊ သူ၏ ကြယ်တာရာ ဝိညာဉ်များ နှင့်လည်း ဆက်သွယ်နိုင်စွမ်း မရှိတော့ချေ။ ထိုအခြေအနေမှာ ကြယ်တာရာ ဝိညာဉ်များ နှင့် ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ် တို့ကြောင့် ယာယီသာ ဖြစ်သော်ငြား၊ ဤအရာကပင် သူ၏ ကျင့်ကြံခြင်း အခြေခံကို လုံးလုံးလျားလျား ဖော်ထုတ်ပြသပြီး ဖြစ်သွားစေခဲ့လေသည်။
'ဘာပဲဖြစ်ဖြစ်... ကောင်းမွန်တဲ့ အချိန်တစ်ခုပဲလေ... နောက်ထပ် ပြကွင်း တစ်ခုအတွက် ဆက်လိုက်တာပေါ့...'
ဝေ့ဝူယင် တွေးလိုက်လေ၏။
...
အရာအားလုံး ပေါ်လွင် ထင်ရှားသွားခဲ့ပြီ ဖြစ်လေသည်။ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံး လုံးလုံးလျားလျား ဖော်ထုတ်ပြသခံလိုက်ရခြင်း ပင် ဖြစ်ပေသည်။ လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင်၊ ဝေ့ဝူယင်၏ လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံခြင်း သည် တုန်ခါနေပြီး၊ ကုန်ခမ်းသွားသော ခွန်အားများကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းရန်အတွက် ပတ်ဝန်းကျင်ရှိ အပျက်အစီး မန်နာ များကို စုပ်ယူလိုက်စဉ် အနည်းငယ် ဆူပွက်နေခဲ့လေသည်။
ဆင်ကျား အရှင်သခင် ဟုလည်း လူသိများသော တုန်းဖန်ယွဲ့ထံတွင် အလွန်အကျူးဟု ဆိုနိင်သည့် တုံ့ပြန်မှုတစ်ခု ရှိနေခဲ့ပေသည်။ သူမ၏ ပါးစပ်မှာ ဟောင်းလောင်းပွင့်နေ၏။ သူမသည် ဝိညာဉ် အာရုံ နှင့် ဝိညာဉ် အာရုံခံနိုင်စွမ်း ကို မြှင့်တင် အားဖြည့်ရန်အတွက် မတူကွဲပြားသည့် အမြင်အာရုံ အစီအရင် သုံးခုကို အဆက်မပြတ် အသုံးပြုနေသဖြင့် သူမ၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်နေလေသည်။ ဝေ့ဝူယင်သည် လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်းကို သူမ ထပ်ခါတလဲလဲ အတည်ပြုလိုက်လေသည်။
အကန့်အသတ်မဲ့ ယုံကြည်မှုနှင့် အာဏာရှင်ဆန်သော အရှိန်အဟုန်များဖြင့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ ဝင်ရောက်လာကာ၊ ထိုသို့ လုပ်ဆောင်ရန် လွတ်လပ်ခွင့် ရှိနေသည့်အလား နေရာအနှံ့တွင် ဝင်ရောက် စွက်ဖက်ခဲ့သော ဤချောမောသည့် အမျိုးသားသည် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်သာ ဖြစ်နေသည်လော။
စူးဟောင်ရန်မှာလည်း လုံးလုံးလျားလျား ဆွံ့အ နေခဲ့လေ၏။ ဤနေရာတွင် လှည့်ကွက်တစ်ခု ရှိနေသလော။ ဟုတ်သည်။ လှည့်ကွက်တစ်ခု သေချာပေါက် ရှိရမည် ဖြစ်လေသည်။
သူ၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ကိုယ်ပွား နှစ်ခုစလုံးသည် မျောလွင့်နေသော ဝေ့ဝူယင်ထံမှ ဝိညာဉ်အစောင့်အရှောက် လွတ်မြောက်ခြင်း ဖြင့် ထွက်ပြေးသွားသော လုံရှီယာထံသို့ လှမ်းကြည့်လိုက်လေသည်။
ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူများ ၏ အသက်ရှင်သန်ရေး စွမ်းရည်မှာ မှန်းဆ၍မရနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်လှပြီး၊ လုံရှီယာမည်သည့် နေရာသို့ ထွက်ပြေးသွားကြောင်းကို သူကိုယ်တိုင်ပင် အတိအကျ မထောက်ပြနိုင်ခဲ့ချေ။ ရှုထောင့်များစွာမှ ကြည့်လျှင် ၎င်းသည် ပိုမို ကြီးမားသော စွမ်းအားတစ်ခု၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရပြီး၊ ကောင်းကင်ဘုံ အတွင်း၌ပင် ပုန်းကွယ်သွားသကဲ့သို့ ဖြစ်နေပေသည်။
စူးဟောင်ရန် သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို မည်သူကမျှ ဖျက်ဆီးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမျိုး မခံခဲ့ရဖူးချေ။ သို့သော်လည်း... အကယ်၍ လုံရှီယာသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆုံးရှုံးသွားခဲ့မည်ဆိုလျှင်၊ ၎င်းမှာ ဤနယ်ခြားသားသည် တိုက်ရိုက် တာဝန်ရှိနေကြောင်း အဓိပ္ပာယ်သက်ရောက်လေသည်။
အထွတ်အထိပ် ကောင်းကင် ရတနာများ မှတစ်ဆင့်ဖြစ်စေ သို့မဟုတ် ကိုယ်စားလှယ် တစ်ဦးမှတစ်ဆင့် ဖြစ်စေ... ဝေ့ဝူယင်သည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် မဟုတ်ကြောင်းနှင့် ထိုအဆင့် ခွန်အား နည်းလမ်းများကို ပိုင်ဆိုင်ထားကြောင့် အမျိုးမျိုးသော အင်အားစုများက အနည်းနှင့်အများ အတည်ပြုထားပြီး ဖြစ်သည်။ သို့သော်လည်း... လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံခြင်း အခြေခံကို ဖော်ထုတ်ပြသမှုမှာမူ ရှုပ်ထွေးလွန်းလှပြီး လုံးလုံးလျားလျား စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ဖြစ်နေပေသည်။
စူးဟောင်ရန် အသက်ကို အနည်းငယ် ရှူသွင်းလိုက်ပြီး သူ၏ ခံစားချက်များကို ထိန်းချုပ်လိုက်လေသည်။ သူသည် စိတ်အတွင်း ဖြစ်ပေါ်နေသည့် မယုံကြည်နိုင်စရာ အတွေးများကို ရှင်းလင်းပစ်လိုက်ပြီး၊ အခြားသူများစွာ ကဲ့သို့ပင် 'ယုတ္တိတန်သော' အကြောင်းပြချက် တစ်ခုကို ကောက်ချက်ချရန် ကိုယ့်ကိုယ်ကို တွန်းအားပေးလိုက်ကြလေသည်။
ဥပမာအားဖြင့်... ယခု သူတို့နှင့် ဆက်သွယ်နေသည့် နယ်ခြားသားသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ၏ ကောင်းကင်ငယ် တမန်တော် အဆင့်ထက် ကျော်လွန် ခမ်းနားကြီးကျယ်သည့် ဖြစ်တည်မှု တစ်ခု၏ တမန်တော် တစ်ဦးမျှသာ ဖြစ်ပြီး၊ နောက်ကွယ်ရှိ အစစ်အမှန် ပုံရိပ်၊ ဤအဖြစ်အပျက် တစ်ခုလုံး၏ အစစ်အမှန် ကြိုးကိုင်သူသည် မသိရသေးသော အကြောင်းပြချက်များကြောင့် သူ၏ ဝိညာဉ် အတွင်း၌ ပုန်းကွယ်နေခြင်း ဖြစ်လေသည်။
ထိုကဲ့သို့ တွေးလိုက်မိတော့ အခြား ဖြစ်နိုင်ချေ အနည်းငယ်လည်း ပေါ်ထွက်လာခဲ့ပေသည်။ အဖြစ်နိုင်ဆုံး အကြောင်းရင်းမှာ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ဖြစ်တည်မှုသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိဘဲ၊ ခန္ဓာကိုယ်သစ် တစ်ခုကို ရှာဖွေနေခြင်း ဖြစ်ကာ၊ လုံရှီယာမှာ ခန္ဓာကိုယ်မှ ဆွဲခွာ ခံလိုက်ရခြင်း ဖြစ်နိုင်ပေသည်။
လူတစ်ဦး၏ နားလည်နိုင်စွမ်းနှင့် ယုံကြည်နိုင်စွမ်း ကန့်သတ်ချက်များကို များစွာ ကျော်လွန်သော ကိစ္စရပ်များ ဖြစ်ပေါ်လာသောအခါ၊ ယုတ္တိရှိသော စိတ်သည် 'ဖီဆန်ခြင်း' ကို လက်ခံမည့်အစား 'ယုတ္တိတန်သော' အရာများဖြင့် ကွက်လပ်များကို ဖြည့်ဆည်းပေးရန် အမြဲတမ်း ခံစားရလေ့ ရှိပေသည်။
စူးဟောင်ရန် နှင့် မိုးကုပ်စက်ဝိုင်းများ၊ ထိပ်တန်း အဆင့်ရှိ အဖွဲ့အစည်းများမှ ကျင့်ကြံသူများ အပါအဝင် အထွတ်အထိပ် ဖြစ်တည်မှု အများစုကြီးသည် ဤအဖြစ်အပျက်ကို အကြောင်းပြချက် ပေးနိုင်မည့် အမျိုးမျိုးသော ကောက်ချက်များဆီသို့ ဖြည်းညင်းစွာ ရောက်ရှိလာကြသော်လည်း၊ ၎င်းကို အပေါ်ယံ အတိုင်းသာ လက်ခံလိုက်သူ တစ်ဦး ရှိလေသည်။
ဝေ့ဝူယင်၏ မျက်လုံးများသည် သီးခြား ဒေသတစ်ခုဆီသို့ သဘာဝအလျောက် ရွေ့လျားသွားပြီး၊ အဖြူရောင် ပင်လယ်ကြီးထဲတွင် ရွှေရောင်များ ထင်ရှားနေသကဲ့သို့ အခြားအရာများနှင့် များစွာ ကွာခြားနေသော ထူးခြားသည့် စိတ်ပိုင်းဆိုင်ရာ အတက်အကျ တစ်ခုကို သူ အာရုံခံလိုက်ရလေသည်။
တုန်းဖန်ယွဲ့ ၏ မျက်လုံးများသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ သူ၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံတွေ့သွားခဲ့ပေသည်။ ၎င်းသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ရှိ အမျိုးသမီး တစ်ဦး၏ ရှင်းပြ၍မရနိုင်သော အလိုအလျောက် သိစိတ် တစ်ခုဖြစ်ပြီး၊ အလွန်အမင်း ယုတ္တိမတန်သော်လည်း အမှားအယွင်း ကင်းမဲ့စွာ တိကျနေလေသည်။ အာရုဏ်ဦး လောကရှန့်ထိုသည် လုံရှီယာ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့ခြင်း ပင် ဖြစ်လေသည်။ သူမ သေချာပေါက် သိနေခဲ့ပေသည်။ သူမ လုံးဝကို သေချာနေခဲ့သည်။
သူမ၏ စိတ်ကို မည်သည့်အရာကမျှ မပြောင်းလဲစေနိုင်ချေ။
ဝေ့ဝူယင် မျက်လုံးများကို မှိတ်ကာ၊ သူ၏ ကြယ်တာရာ ဝိညာဉ်များ နှင့် ဖီဆန်လေး ကို စစ်ဆေးလိုက်လေသည်။ သူတို့သည် လက်ရှိတွင် သူ၏ စိတ်မျက်လုံး အတွင်း၌ တည်ရှိနေကြပြီး၊ ဆေဘာ၊ ပျက်သုဉ်းခြင်း နှင့် အင်ပါယာ တို့၏ အဓိက အာဏာ ကို ဖိနှိပ်ရန်အတွက် သူတို့ ပိုင်ဆိုင်ထားသော သာမည ဥပဒေသ အာဏာများ နှင့် တွဲဖက် လုပ်ဆောင်နေကြပေသည်။
ကြယ်တစ်ပွင့် ဂလက်ဆီ မှ မထွက်ခွာမီ၊ ဝေ့ဝူယင် နှင့် ကောင်းကင်စစ်ဝိညာဉ် တို့သည် ဥပဒေသများ နှင့် ပတ်သက်၍၊ အထူးသဖြင့် သူ ဖြတ်သန်းနေသော အင်ပါယာ ဥပဒေသ လမ်းကြောင်း အမျိုးအစားကို စူးစမ်းလေ့လာသည့် ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ သူ၏ အင်ပါယာ ဥပဒေသ သည် အခြားသူများအပေါ် ကြီးစိုးအုပ်ချုပ်ခြင်း နှင့် နယ်မြေအပေါ် ကြီးစိုးအုပ်ချုပ်ခြင်း တို့ဖြင့် တစ်ပြိုင်နက်တည်း အာဟာရ ဖြည့်တင်းခံနေရကာ၊ အတူတကွ ကြီးထွားလာပြီး၊ မျိုးဗီဇပြောင်းလဲပြီးနောက်တွင် ဤအရာသည် ပိုမို ကြီးမားလာခဲ့ကြောင်း သူ ကောက်ချက်ချခဲ့လေသည်။
ထိုအချိန်က ဝေ့ဝူယင်သည် ဘုရင်ကို မေးခွန်းတစ်ခု မေးခဲ့ဖူးပေသည်။
"အင်ပါယာ ဥပဒေသ ကို အာဟာရ ဖြည့်တင်းပေးနေတဲ့ စွမ်းအား နှစ်ခုကို ရှိတယ် မလား... အဲ့တာတွေကို သုံးပြီး မင်းရဲ့ ဆေဘာ အသွားကို ထက်မြက်အောင် လုပ်လိုက်... မင်း အဲဒီလို လုပ်နိုင်မလား..."
ဘုရင်က ပြတ်သားပြီး တိုက်ရိုက်ပင် တုံ့ပြန်ခဲ့ကာ၊ အာဟာရ ဖြည့်တင်းပေးနေသော အော်ရာ ၏ ခွန်အားကို ဆေဘာ ဥပဒေသ ထံသို့ လမ်းကြောင်းပြောင်းပေးခဲ့လေသည်။ ဘုရင်သည် သူ၏ အိုမီဂါ ဆေဘာ ဝိညာဉ် အလင်း ကို ဖန်တီးထားသည့် ဥပဒေသ သုံးခုအပေါ်တွင် ထိန်းချုပ်မှု တစ်မျိုး ရှိနေပြီး၊ ၎င်းက အလွန်တရာ အံ့ဖွယ်ကောင်းသော ကျင့်စဉ်နည်းလမ်းများသို့မဟုတ် မှော်အစီအရင်များ မပါဘဲ ကောင်းကင်ငယ် တမန်တော်များ ပင်လျှင် ပိုင်ဆိုင်နိုင်မည် မဟုတ်သော နတ်ဘုရားဆန်ဆန် ထိန်းချုပ်မှု အဆင့်တစ်ခုကို သူ့အား ခွင့်ပြုပေးခဲ့လေသည်။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ၊ ဘုရင်သည် အင်ပါယာ ဥပဒေသ မှ အာဟာရကို ဆေဘာ ဥပဒေသ ထံသို့ လမ်းကြောင်းပြောင်းပေးရုံသာမက၊ ပျက်သုဉ်းခြင်း ဥပဒေသ ကိုပါ သူ၏ ဆေဘာ ဥပဒေသ ထံသို့ လမ်းကြောင်းပြောင်းပေးခဲ့ပေသည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့်၊ အံ့ဖွယ် တိုးတက်မှု တစ်ခု ဖြစ်ပေါ်လာကာ ဆေဘာ မှ ဦးဆောင်သော ဥပဒေသ သုံးခုသည် ရှင်းပြ၍မရနိုင်အောင် ချိတ်ဆက်သွားကြပြီး၊ တစ်ခုနှင့်တစ်ခု၏ စွမ်းဆောင်ရည်များကို အပြန်အလှန် ထပ်မံ မြှင့်တင်ပေးခဲ့ကြလေသည်။
ဆေဘာ ရည်ရွယ်ချက်ကို အခြေခံ အုတ်မြစ်အဖြစ် ထားရှိကာ၊ ဝေ့ဝူယင်သည် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့ပြီး၊ သူ၏ ကျင့်ကြံခြင်း အခြေခံထက် အဆများစွာ ကျော်လွန်သော အထွတ်အထိပ် ဖြစ်တည်မှု တစ်ခုကို ရင်ဆိုင်ရန် ဆေဘာ ကို ဆွဲထုတ်လိုက်သောအခါ၊ စုဆောင်းထားသော အာဟာရများ အားလုံးသည် သဘာဝအလျောက် ပေါက်ကွဲထွက်လာပြီး၊ ဆေဘာ ဥပဒေသ ကို အဓိက အာဏာ အဖြစ်သို့ ပြောင်းလဲသွားစေကာ၊ ချိတ်ဆက်နေသည့် အခြား ဥပဒေသ နှစ်ခုကိုပါ လမ်းပြခွင့် ပြုလိုက်ခြင်း ပင် ဖြစ်လေသည်။
***