အခန်း (၂၃၅၇-၂၃၅၈)
Vol. 169 Ch. 2357-2358
အပိုင်း(၂၃၅၇)
သို့စေကာမူ... အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ မှ သူများ မှန်ကန်နေခဲ့သော အချက်တစ်ချက် ရှိလေသည်။ ဝေ့ဝူယင် ကျင့်ကြံထားသော အင်ပါယာ ဥပဒေသသည် နယ်မြေ သို့မဟုတ် အခြားသူများအပေါ် ကြီးစိုးအုပ်ချုပ်ခြင်း သက်သက် မဟုတ်တော့ချေ။ ဆေဘာ ရည်ရွယ်ချက် ဖြင့် တည်ဆောက်ထားသော သူ၏ ရည်မှန်းချက်များက ၎င်းကို ပိုမို နက်ရှိုင်းသွားစေခဲ့ပြီး၊ အရာခပ်သိမ်းကို နောက်ဆုံး အဆုံးသတ်ဆီသို့ ခေါ်ဆောင်သွားကာ နောက်ဆုံးအချိန်ထိ တိုင်အောင် တိုက်ခိုက်မည့် သူ၏ အရှုံးမပေးသော ဆန္ဒကို သယ်ဆောင်ထားလေသည်။ ဤသည်မှာ သာမန် သေမျိုး တစ်ဦးအနေဖြင့် ငရဲဘုံ ကိုပင် ဆန့်ကျင် တိုက်ခိုက်လိုသော ကျင့်ကြံခြင်း နှလုံးသား တစ်ခုက ကျောထောက်နောက်ခံ ပြုထားသည့် ဆန္ဒတစ်ခု ပင် ဖြစ်ပေသည်။
ဆေဘာ၊ ပျက်သုဉ်းခြင်း နှင့် အင်ပါယာ ဥပဒေသ များသည် ပါရဂွန် တစ်ဦး၏ ကြီးစိုးအုပ်ချုပ်မှု အဖြစ် သတ်မှတ်နိုင်သော အာဟာရ ဖြည့်တင်းပေးသည့် သဘောတရားများနှင့် လမ်းကြောင်းများ ရောယှက်နေခြင်း ဖြစ်သည်ဟု ဆိုလျှင် ပို၍ တိကျမှန်ကန်ပေလိမ့်မည်။
ကောင်းကင်ဘုံ၊ ငရဲ နှင့် နတ်ဘုရားများ ကို ဆန့်ကျင်၍ လက်ထဲတွင် ဆေဘာ တစ်လက်ဖြင့် တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်း နှင့် စောင့်ရှောက်ခြင်းများ ပြုလုပ်သည်ဖြစ်စေ...
မိမိ၏ ချိုးဖျက်၍မရနိုင်သော နှလုံးသားနှင့် ဆန္ဒဖြင့် ဖန်တီးခြင်း အားလုံးကို ကြီးစိုးလွှမ်းမိုးသည်ဖြစ်စေ၊ သို့မဟုတ် ပြီးပြည့်စုံခြင်းဆီသို့ သွားရာ သူ၏ လမ်းကြောင်းကို တားဆီးလာသည့် သူ၏ လမ်းကြောင်းပေါ်ရှိ အရာခပ်သိမ်းကို ဖျက်ဆီးပစ်သည်ဖြစ်စေ...
ဝေ့ဝူယင်သည် သူ၏ ရဲတင်းမှုနှင့် ဖန်တီးနိုင်စွမ်းတို့နှင့် အတူ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော လုံးလုံးလျားလျား ဖီဆန်သည့် လမ်းကြောင်းတစ်ခုကို တမင်သက်သက် မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။ တစ်နည်း ပြောရလျှင် ၎င်းမှာ ဘုရင်၏ ထူးခြားမှုကြောင့်သာ ဖြစ်နိုင်ခဲ့ခြင်း ပင် ဖြစ်လေသည်။
ထို့အပြင်... လျှို့ဝှက်ကြယ်တာရာ အဆင့်သို့ တက်လှမ်းချိန်တွင် ဖြစ်ပေါ်လာခဲ့သော မျိုးဗီဇပြောင်းလဲမှုသည် သူ၏ သာမည ဥပဒေသများ ကို အဓိက အာဏာများ နှင့် အနည်းနှင့်အများ ယှဉ်ပြိုင်နိုင်စွမ်း ရှိစေခဲ့ပြီး၊ နက်နဲသော သဘောတရား အနည်းငယ်ဖြင့်သာ ကန့်သတ်ခံထားရခြင်း ဖြစ်ပေသည်။ ယခုအခါတွင် ၎င်းတို့သည် အဓိက ဥပဒေသများ ဖြစ်လာခဲ့ပြီဟု ဆိုရမည်။
ဝေ့ဝူယင် ကြယ်တာရာ ဝိညာဉ်များကို ခေတ္တမျှ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့လေ၏။ လက်ရှိ၌ ဘုရင်သည် မျိုးဗီဇပြောင်းလဲနေသော အဓိက ဥပဒေသများ နှင့် ပေါင်းစပ်သွားတော့မည့်ဆဲဆဲ ဖြစ်နေပုံရပေသည်။ ဤသည်မှာ ကောင်းသော တိုးတက်မှုလား၊ ဆိုးရွားသော တိုးတက်မှုလား ဆိုသည်ကို သူ သေချာ မသိခဲ့ချေ။
ထိုအခိုက်တွင်ပင် ဧဒင်က အရေးပေါ် ဆက်သွယ်မှုတစ်ခု ပေးပို့လာခဲ့လေ၏။
"ကျွန်တော်တို့ အဲဒါတွေကို... ချိတ်ပိတ်လိုက်လို့ ရမလား..."
၎င်း၏ အသံမှာ ရုန်းကန်နေရပေသည်။ ထို့ကြောင့် ဆိုးရွားသော တိုးတက်မှု တစ်ခု ဖြစ်ကြောင်း သေချာသွားလေသည်။
ဖီဆန်လေးသည် ဖိနှိပ်မှုတွင် အားထုတ်မှု ၉၀ ရာခိုင်နှုန်းခန့်ကို ထည့်သွင်းထားကြောင်း ဝေ့ဝူယင် သိရှိနိုင်ပေသည်။ မဟာ တာအို သုံးခုနှင့် ပုံမှန်ထက် ကျော်လွန်သော ထူးခြားသည့် တာအိုများ၏ ကောင်းချီးများ ပါဝင်နေသော ဖီဆန် အရွယ်အစားရှိ နေကြယ်သည် မျိုးဗီဇပြောင်းလဲနေသော အဓိက ဥပဒေသ သုံးခုကို ဖိနှိပ်ရန် ၎င်း၏ အရာအားလုံးကို ပေးဆပ်နေခဲ့လေသည်။ မည်ကဲ့သို့သော မျိုးဗီဇပြောင်းလဲမှုမျိုး ဖြစ်ပေါ်နေသနည်း။
ဧဒင် က ကမန်းကတန်း ရှင်းပြလာခဲ့လေ၏။
"အဓိက ဥပဒေသ တွေက ဘုရင်ရဲ့ အနှစ်သာရ အပေါ်မှာ ကပ်ပါးရပ်တည်နေကြတယ်... သူတို့က အရမ်းကို ကြမ်းတမ်းလွန်းတယ်... တကယ်လို့ ကျွန်တော်တို့ အဲဒါကို ချိတ်မပိတ်ထားဘူးဆိုရင်၊ ဘုရင် သေသွားနိုင်ချေ ရှိတယ်... အဲဒီ ကောင်းကင် နယ်မြေ တွေနဲ့ ချိတ်ဆက်မှုတစ်ခု တည်ဆောက်ဖို့ သူ လုံလောက်အောင် မစွမ်းအားကြီးသေးဘူး..."
"ကလန့်..."
ဘုရင်က အလျှော့မပေးသည့် လေသံဖြင့် ထိုအကြံကို ငြင်းဆန်လိုက်လေသည်။
သို့သော်လည်း... ဝေ့ဝူယင်ကတော့ တွေဝေမနေခဲ့ချေ။ အခြား ဘဝတစ်ခုတွင် သူ၏ ဆုံးဖြတ်ချက်နှင့် ပျင်းရိမှုတို့က ခရာတို ၏ သေဆုံးမှုဆီသို့ ဦးတည်သွားစေခဲ့ဖူးလေသည်။ ထိုအရာကို ထပ်မံ ဖြစ်ပွားခွင့် ပြုရန် သူ ငြင်းဆန်ခဲ့ပေသည်။ ဤ အဓိကဥပဒေသများ သည် ဘုရင်၏ အသက်လောက် အရေးမကြီးချေ။
"ခွင့်ပြုတယ်..."
သူက အော်ဟစ်လိုက်လေသည်။
ဧဒင်၊ အိုရီ နှင့် ခရာတို တို့သည် ဖီဆန်လေး ၏ ပံ့ပိုးမှုဖြင့် ချက်ချင်း လှုပ်ရှားလိုက်ကြလေသည်။
ဘုန်း...
ချပ်ချင်းပင် စိတ်မျက်လုံး အတွင်းရှိ သူ၏ စိတ်ကိုယ်ပွားမှာ ကြောက်မက်ဖွယ်ကောင်းသော အော်ရာ လှိုင်းလုံးတစ်ခုကြောင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရလေ၏။ ဝေ့ဝူယင် အနေဖြင့် ဆက်လက် စောင့်ကြည့်ရန်ပင် မစွမ်းဆောင်နိုင်ခဲ့ချေ။ မိမိ၏ ကိုယ်ပိုင် စိတ်အမြင် မှနေ၍ နှင်ထုတ်ခံလိုက်ရပြီးနောက်၊ ဝေ့ဝူယင်သည် အတွေးများ တဖျပ်ဖျပ် လင်းလက်နေသော အလင်းတန်းများနှင့်အတူ သူ၏ မျက်လုံးများကို ဖွင့်လိုက်လေသည်။ အကယ်၍ မျိုးဗီဇပြောင်းလဲနေသော အဓိက ဥပဒေသများ ၏ အသွင်ပြောင်းလဲမှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေသူမှာ ဘုရင်သာ မဟုတ်ခဲ့လျှင်၊ သူ၏ ကိုယ်ပိုင် ဝိညာဉ်သည် ကပ်ပါးရပ်တည်ခံရမည့် ခြိမ်းခြောက်မှုအောက်သို့ ကျရောက်သွားမည်လော ဟုပင် တွေးတောလိုက်မိသည်။
သူ၏ ကျင့်ကြံခြင်း အခြေခံသည် ရိုးရှင်းစွာပင် နိမ့်ကျလွန်းနေခဲ့လေသည်။ သာမည အာဏာ တစ်ခုကို ပုံမှန် အသုံးပြုရန်အတွက်ပင် ဝိညာဉ် စွမ်းအင် လိုအပ်သည်။အကယ်၍ ကြယ်တာရာ ဝိညာဉ် လေးခုနှင့် ငရဲဘုံ ကို ရင်ဆိုင်ရသည့် စိန်ခေါ်မှုများသာ မရှိခဲ့လျှင်၊ ၎င်းတို့ထဲမှ မည်သည့်အရာကိုမျှ သူ အသုံးပြုနိုင်စွမ်း ရှိခဲ့မည် မဟုတ်ချေ။
နောက်တစ်ခဏ အတွင်းမှာပင် သူ၏ အင်ပါယာ ဥပဒေသ ၏ အော်ရာ သည် လုံးလုံးလျားလျား ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ လှုပ်ရှားမှုတိုင်းရှိ ထက်မြက်မှုများ မှေးမှိန်သွားခဲ့ပေသည်။ ကောင်းကင်အောက်ရှိ အရာများနှင့် ချိတ်ဆက်ထားသည့် အံ့ဖွယ် ခံစားချက်မှာ၊ အာကာသဖြစ်စေ၊ အချိန်ဖြစ်စေ၊ သို့မဟုတ် ဖန်တီးခြင်း၏ မူလအစတွင် မွေးဖွားလာခဲ့သော သဘာဝ စွမ်းအင် အမျိုးအစား အားလုံးဖြစ်စေ၊ အားလုံးမှာ သိသိသာသာ လျော့ကျသွားခဲ့လေသည်။
ဝေ့ဝူယင် ၎င်းကို ခံစားနိုင်ပေသည်။ သူ၏ ဥပဒေသ အာဏာများ အားလုံး ချိတ်ပိတ်ခံလိုက်ရပြီ ဖြစ်လေသည်။ ၎င်းတို့သည် သာမည ဖြစ်စေ အဓိက ဖြစ်စေ၊ သူ ဝင်ရောက် အသုံးပြုနိုင်သော အရာများ မဟုတ်တော့ချေ။
သူ ထိုအရာကို မျှော်လင့်မထားခဲ့ချေ။
"ချီးပဲ..."
ထိုအတွေးက မိုးကြိုး တစ်ထောင်၏ အင်အားဖြင့် သူ၏ နှလုံးသားနှင့် ဝိညာဉ်ကို ရိုက်ခတ်သွားချိန်မှာပင်၊ ဝင်ရောက်လာသော အထွတ်အထိပ် ဖြစ်တည်မှု တစ်ခု၏ အော်ရာ ကို သူ အာရုံခံလိုက်ရလေသည်။
တုန်းဖန်ယွဲ့ သည် သူ့ဆီသို့ ပျံသန်းလာနေခဲ့ပေသည်။ ၎င်းသည် ကိုယ်ပွား တစ်ခုမျှသာ ဖြစ်သော်လည်း၊ သူမသည် ပွင့်လင်းစွာ ချဉ်းကပ်လာနေခြင်း ဖြစ်လေသည်။
ရုတ်တရက် သူ၏ ခန္ဓာကိုယ်သည် ဖီဆန်လေး ၏ ပံ့ပိုးမှုကို ရရှိလိုက်ပြီး ကင်း၊ အိုရီ၊ ခရာတို နှင့် ဧဒင် တို့၏ တည်ရှိမှုကို သူ ပြန်လည် အာရုံခံနိုင်လာခဲ့လေသည်။ နေကြယ်အမတေ ၏ စီးဝင်မှု တစ်ခုက သူ၏ ကုန်ခမ်းနေသော အခြေအနေကို ချက်ချင်းနီးပါး ပြန်လည် ဖြည့်တင်းပေးလိုက်ပြီး၊ သူ၏ သွေးမျိုးဆက် စွမ်းရည်များ ပြန်လည် ရောက်ရှိလာခဲ့ပေသည်။ ဟင်းလင်းပြင်နှင့် တူသော သူ၏ ခန္ဓာကိုယ် အရည်အသွေးများ ပြန်လည် တည်ထောင်ခံလိုက်ရပေသည်။
"လောကရှန့်ထို အာရုဏ်ဦး..."
'ပြဇာတ်ကတော့ ဆက်သွားရမှာပဲ…’
…
"လောကရှန့်ထို အာရုဏ်ဦး..."
စူးဟောင်ရန်၏ အစစ်အမှန် ခန္ဓာကိုယ်ထံမှ အသံသည် စွမ်းအင်များဖြင့် အပြင်ဘက်သို့ ပေါက်ကွဲထွက်လာပြီး၊ ဝိညာဉ် လှိုင်းတစ်ခုမှတစ်ဆင့် အမှောင် ဟင်းလင်းပြင် တစ်ခွင်လုံးသို့ ချက်ချင်း ပြန့်နှံ့သွား၏။ ၎င်းက ဝေ့ဝူယင်ထံသို့ ချဉ်းကပ်လာနေသော တုန်းဖန်ယွဲ့ ၏ ကိုယ်ပွား ကို အရှိန်နှေးသွားစေခဲ့လေသည်။ သူမ၏ မျက်လုံးများသည် ပုံမှန်မဟုတ်သော တောက်ပမှုတစ်ခုဖြင့် လင်းလက်နေပြီး တွန့်ဆုတ်နေသည့်အလား ထင်ရပေသည်။
ဝေ့ဝူယင်၏ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်၏ ပြန်လည် မွေးဖွားခြင်း စွမ်းအားနှင့် ဖီဆန်လေး၏ စွမ်းအင် ပြန်လည် ဖြည့်တင်းခြင်းတို့ ပြီးပြည့်စုံစွာ ပူးပေါင်းလုပ်ဆောင်သောအခါ ရလဒ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လှပေသည်။ အားလုံး အံ့အားသင့်နေကြသော ထိုတိုတောင်းသည့် ငြိမ်သက်ချိန်လေး အတွင်းမှာပင် သူ၏ မွေးရာပါ ပါရဂွန် စွမ်းအင်များမှာ အပြည့်အဝ ပြန်လည် နာလန်ထူလာခဲ့သည်။ အပျက်အစီး မန်နာများကို သန့်စင်ကာ ချီ၊ ကြယ်တာရာ အင်အား၊ သို့မဟုတ် လျှို့ဝှက်အင်အား အဖြစ်သို့ ပြောင်းလဲပေးနိုင်သော သူ၏ ကြယ်တာရာ ဝိညာဉ်များ ၏ စွမ်းရည်မှာ အမြဲတမ်း အလွန်အမင်း လျင်မြန်လှပေသည်။
လျှို့ဝှက်အင်အားများ တဖြည်းဖြည်း ပြန်လည် ပြည့်ဝလာသည်နှင့်အမျှ၊ သူသည် အားအင် ကုန်ခမ်းနေသည့် အခြေအနေတွင် မရှိတော့ချေ။ ထို့ကြောင့်.. မျိုးဗီဇပြောင်းလဲနေသော အဓိက အာဏာများ ဖြစ်သည့် အင်ပါယာ၊ ပျက်သုဉ်းခြင်း နှင့် ဆေဘာ တို့အပြင် သာမည အာဏာများ ဖြစ်သည့် မူလ၊ အာကာသ နှင့် အချိန် တို့ ချိတ်ပိတ်ခံထားရလျှင်တောင်မှ၊ တုန်းဖန်ယွဲ့ ၏ ချဉ်းကပ်လာမှုမှာ သိပ်ပြီး ကြောက်မက်ဖွယ် မကောင်းလှတော့ချေ။ ဝေ့ဝူယင်သည် အရေးပေါ် အစီအစဉ်များ မရှိဘဲ ဘယ်သောအခါမျှ နေလေ့ရှိသူ မဟုတ်ချေ။
"စက်ဆုပ်ဖွယ် ကောင်းကင် အရှင်သခင် ရဲ့ ကံကြမ္မာနဲ့ အတူ ကျုပ်တို့ ဂလက်ဆီရဲ့ ခွန်အားကို မင်းအတွက် သက်သေပြနိုင်ခဲ့ပြီလား..."
စူးဟောင်ရန် က ယခုလေးတင် မြင်တွေ့လိုက်ရသည့်အရာအပေါ် သံသယ၊ မသင်္ကာမှုနှင့် မယုံကြည်နိုင်မှုများကို တွန်းဖယ်ကာ ဦးဆောင်၍ မေးမြန်းလိုက်လေသည်။
အကယ်၍ အရာအားလုံးကို ကာလရှည်ကြာကတည်းက စီစဉ်ထားခြင်း မရှိခဲ့လျှင်... ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံခြင်း နှင့် နှစ်တစ်သန်း နီးပါးရှိသော အတွေ့အကြုံများ ရှိနေသည့်တိုင် စူးဟောင်ရန် ကောင်းစွာ တုံ့ပြန်နိုင်ခဲ့မည် မဟုတ်ချေ။ ထို့အပြင်... တုန်းဖန်ယွဲ့ သို့မဟုတ် လုံရှီယာတို့နှင့် ခြားနားစွာပင် စူးဟောင်ရန် သည် ကောင်းကင်ငယ် တမန်တော် တစ်ဦးအနေဖြင့် သူ၏ ခွန်အားကို ခိုင်မာအောင် တည်ဆောက်ထားပြီး ဖြစ်ပေသည်။
သို့မဟုတ်ပါက အစောပိုင်းက ထျန်းရှီယာ အတွက် လုံရှီယာကို သူ မည်သို့ စိန်ခေါ်ရဲမည်နည်း။ အတိတ် မျိုးဆက်၏ မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း အဂ္ဂိရတ် ရှန့်ထို သည် ကျင့်ကြံခြင်း အဆင့် ကို တိုက်ရိုက် ဦးတည်သော အဂ္ဂိရတ် အမွေအနှစ် အနည်းငယ်ထဲမှ တစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် ထိုပုဂ္ဂိုလ်၏ ပြုစုပျိုးထောင်မှု ရရှိထားသော စူးဟောင်ရန်သည် မည်သည့် ကြီးမားသော ဂလက်ဆီတွင်မဆို ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူများ အကြား ရှားပါးလှသော တည်ရှိမှု တစ်ခု ဖြစ်လေသည်။ ထို့အပြင်... ထျန်းရှီကျောက်ရွှမ်သည်လည်း ထိုထုတ်ကုန်များကို ဖော်စပ်ရန် အတိုင်းအတာတစ်ခုအထိ သိရှိထားပြီး၊ သူသည် ထိုပုဂ္ဂိုလ် နှစ်ယောက်စလုံးအတွက် အလုပ်အကျွေးပြုနေခြင်း ဖြစ်ပေသည်။
ထျန်းရှီ မျိုးနွယ်စု သည် ဂလက်ဆီ အတွင်း၌ မျိုးဆက်အလိုက် မိုးကုပ်စက်ဝိုင်းများ ရှိခဲ့ဖူးသော မျိုးနွယ်စု အနည်းငယ်အနက်မှ တစ်ခု ဖြစ်သည်။ ပြောရလျှင်... သူတို့သည် အဂ္ဂိရတ် တာအို နှင့် ပတ်သက်၍ လူတိုင်း၏ ဂလက်ဆီ တစ်ခွင် အတည်ပြုချက်အောက်တွင် ရာထူးကို ရရှိခဲ့သော ဆက်ခံသူ မိုးကုပ်စက်ဝိုင်းများ ရှိသည့် တစ်ခုတည်းသော မျိုးနွယ်စု ပင် ဖြစ်လေသည်။
စူးဟောင်ရန်၏ စကားကို ကြားပြီးနောက်မှသာ တုန်းဖန်ယွဲ့ သည် သူမ၏ ပျံသန်းမှု အရှိန်ကို လျှော့ချလိုက်၏။ နောက်ဆုံးတွင် သူမ၏ တွန့်ဆုတ်နေမှုက အနိုင်ရသွားကာ၊ ဝေ့ဝူယင်ထံသို့ စူးစိုက်ကြည့်နေစဉ် သူမ၏ မျက်ဝန်းများ တဖျပ်ဖျပ် လင်းလက်သွားပြီး နှုတ်ခမ်းကို ဖွဖွလေး ကိုက်လိုက်လေသည်။
ဝေ့ဝူယင်သည် သူမကို ခေတ္တမျှ ကြည့်လိုက်ပြီး၊ မျက်တောင်တစ်ချက် ခတ်လိုက်ပြီးနောက် စူးဟောင်ရန် ၏ အစစ်အမှန် ခန္ဓာကိုယ်ထံသို့ လှည့်ကြည့်လိုက်၏။
"တိုက်ကွက် နှစ်ကွက်တည်းပါ..."
"..."
"..."
"..."
***
အပိုင်း(၂၃၅၈)
"ဘာလဲ..."
ချက်ချင်းပင် လူအုပ်ကြီးမှာ ရူးသွပ်သွားခဲ့ကြလေသည်။ လုံရှီယာသည် တိုက်ကွက် သုံးကွက်အနက် နှစ်ကွက်ကိုသာ ခံနိုင်ရည် ရှိခဲ့သည်လော။ သူ... ကျရှုံးသွားခဲ့ပြီလော။
မိုးကုပ်စက်ဝိုင်း ထိန်းချုပ်ခြင်း မျှော်စင် ၏ တာအို စည်းမျဉ်းထိန်းသိမ်းသူ ဖြစ်သော မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အာဏာရှင် သည် ပါးစပ်အဟောင်းသား ဖြစ်နေပြီး၊ သူမ၏ လက်ဝါးများနှင့် ကျောပြင်တွင် ချွေးအေးများ ပြန်နေခဲ့လေသည်။ သူမသည် ဝေ့ဝူယင်ကို စေတနာ အလျောက် တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့လေသည်။ လုံရှီယာ၏ နေရရာတွင် သူမ ဖြစ်လုနီးပါးပင်။
အကယ်၍ စူးခိုင်မင် ၏ သတိထားမှုနှင့် ငြင်းဆန်မှုတို့သာ မရှိခဲ့လျှင်၊ သူမသည် သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆုံးရှုံးသွားနိုင်ပြီး ထွက်ပြေးရန် အတင်းအကျပ် ဖိအားပေးခံရနိုင်ပေသည်။ ၎င်းကို သန့်စင်ရန် မည်မျှ အားထုတ်မှုများ ထည့်သွင်းထားရကြောင်းကို ထည့်သွင်းစဉ်းစားပါက၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အရ သေဆုံးခြင်း ဆိုသည်မှာ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူများ အတွက် ပြန်လည် ကုစား၍မရနိုင်လုနီးပါး ဖြစ်သော အခြေအနေ တစ်ခုပင် ဖြစ်လေသည်။
စူးဟောင်ရန် ပင်လျှင် မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့ပြီး သူ၏ အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။ ဤနယ်ခြားသားသည် လုံရှီယာကို တိုက်ကွက် နှစ်ကွက်တည်းဖြင့် ဝိညာဉ်အစောင့်အရှောက် လွတ်မြောက်ခြင်း လုပ်ဆောင်ရန် မည်သို့ အတင်းအကျပ် ဖိအားပေးနိုင်ခဲ့သနည်း။ စူးဟောင်ရန် ကဲ့သို့ပင်... မိုးကုပ်စက်ဝိုင်းများ အားလုံးလည်း အသက်ရှူကျပ်လုမတတ် တိတ်ဆိတ်မှု တစ်ခု အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း.. သူမ၏ အလိုအလျောက် သိစိတ်ကြောင့်ဖြစ်စေ သို့မဟုတ် အခြား တစ်စုံတစ်ရာကြောင့်ဖြစ်စေ၊ စူးခိုင်မင် က ရှုတ်ချပြောဆိုလိုက်လေသည်။ "
“ကျွန်မတို့ ဂလက်ဆီက အာဏာရှင် သူရဲကောင်း တစ်ယောက်ကို ထိခိုက်စေဖို့ ပြင်ပ နည်းလမ်းတွေကို အသုံးပြုတာက ရှင့်အတွက် တော်တော်လေး ကောက်ကျစ်စဉ်းလဲလွန်းရာ ကျတယ်... လောကရှန့်ထို အာရုဏ်ဦး..."
တိကျသော သက်သေအထောက်အထား မရှိဘဲ အနည်းငယ် မှန်းဆပြောဆိုထားသော်လည်း၊ သူမ၏ စကားလုံးများသည် လူတိုင်း၏ နှလုံးသားများကို ဖြည်းညင်းစွာ တည်ငြိမ်သွားစေခဲ့လေသည်။ ဝေ့ဝူယင်၏ လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံခြင်းသည် လုံးဝ မဖြစ်နိုင်တာ ထင်ရှားပေသည်။ သို့သော်လည်း... သူ ပဲ့တင်ထပ် ဝိညာဉ် အဆင့် တစ်ယောက် မဟုတ်သေးကြောင်းကိုတော့ သူတို့အားလုံး အနည်းနှင့် အများ လက်ခံထားကြပေသည်။ ထို့ကြောင့်ပင် သူသည် လုံရှီယာနှင့် ယှဉ်ပြိုင်ရာတွင် ပြင်ပ ရတနာများကို အသုံးပြုကာ နှစ်ကွက်တည်းနှင့် အနိုင်ယူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင်သည် စူးခိုင်မင် ၏ စွပ်စွဲချက်ကို မငြင်းဆိုခဲ့ချေ။
"သူ ဒီလောက် အားနည်းမှန်း ငါ သိခဲ့ရင်တော့..."
သူက ထိုဝါကျကို အဆုံးမသတ်ဘဲ ချန်ထားရစ်ခဲ့ကာ ရယ်မောရင်း တုန်ဖန်းယွဲ့ထံသို့ စတင် ပျံသန်း သွားလိုက်သည်။ ချက်ချင်းပင်... သူမ၏ မျက်နှာ အမူအရာမှာ ပြောင်းလဲ သွားခဲ့၏။
အားလုံး၏ အကြည့်များ အောက်တွင်ပင် သူသည် သူမနှင့် ပခုံးချင်းယှဉ်လျက် နီးပါး ရပ်တန့်လိုက်သည်။ ထို့နောက် ဝေ့ဝူယင်က ရှားရှားပါးပါး လေးနက်သော အမူအရာဖြင့် စတင်ကာ စကားပြောလိုက်လေသည်။
"ပြီးမှ မင်း ငါ့ကို စကားပြောလို့ ရတယ်..."
ဝေ့ဝူယင်၏ စကားများမှာ ဖုံးကွယ်ထားခြင်း မရှိသဖြင့်၊ စောင့်ကြည့်နေသူများမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။ ဝေ့ဝူယင်က ဆင်ကျားမ အာဏာရှင် ကို တိုက်ခိုက်ရန် ဖိတ်ခေါ်ကာ သူမကို ပညာပေးမည်ဟု ခြိမ်းခြောက်ခဲ့ခြင်း တို့ကို သူတို့ ပြန်လည် သတိရလိုက်ကြသည်။ သူတို့ အားလုံးသည် တုန်းဖန်ယွဲ့ ၏ ဒေါသသဘာဝကို အလွန် ကောင်းစွာ သိရှိထားကြသော်လည်း၊ ဤနယ်ခြားသားသည် သူမ၏ ထက်မြက်မှုကို ပျော့ပျောင်းသွားစေပြီး သူမ၏ ကြမ်းတမ်းသော အရှိန်အဟုန်ကို အားနည်းသွားစေနိုင်ပုံ ရပေသည်။
တုန်ဖန်းယွဲ့သည် ဒေါသအလျောက် ကောင်းဟန် ကို ထာဝရ သတ်ဖြတ်ခဲ့ဖူးပြီး၊ ၎င်းမှာ သူမ၏ စိတ်လိုက်မာပါ တတ်သော ကိုယ်ရည်ကိုယ်သွေး လက္ခဏာရပ် တစ်ခုပင် ဖြစ်လေသည်။
"ပြီးမှ..."
တုန်းဖန်ယွဲ့ တစ်ယောက် သူမ၏ စိတ်ထဲတွင် အမျိုးမျိုးသော အတွေးများ လှည့်ပတ်နေစဉ် တိုးညှင်းစွာ မေးမြန်းလိုက်သည်။ သူမသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားနိုင်ခဲ့၏။ ဝေ့ဝူယင်၏ ခွန်အား၊ ပါရမီ နှင့် နည်းလမ်းများ၏ အမှန်တရားနှင့် ပတ်သက်၍ သူမ၏ ခံစားချက်များသည် အခြားသူများအတွက် ယုတ္တိမတန်လောက်အောင် ယုံကြည်နိုင်စရာ မရှိဖြစ်နေနိုင်ကြောင်းကို သဘောပေါက်သွားခဲ့သည်။ သူမနှင့် တူညီသော သူများ ရှိနိုင်မည်ဟု တွေးကာ ဤနေရာသို့ အပြေးအလွှား လာခဲ့သော်လည်း၊ ဤအခြေအနေသို့ ရောက်ရှိလာသည့်တိုင်အောင် မည်သူကမျှ လိုက်ပါမလာခဲ့ဘဲ သူတို့၏ တုံ့ပြန်မှုများတွင် အတော်လေး တိတ်ဆိတ်နေပုံ ရပေသည်။
အရင်က အဘယ်ကြောင့်ဆိုသည်ကို သူမ နားမလည်နိုင်ခဲ့သော်လည်း၊ ယခုအခါတွင် စူးခိုင်မင် နှင့် အခြားသူများသည် ဝေ့ဝူယင်က သူ၏ ခွန်အားအတွက် ပြင်ပ နည်းလမ်း အမျိုးမျိုးကို အသုံးပြုနေသည်ဟူသော အထင်အမြင်မျိုး ရရှိနေကြကြောင်းကို သူမ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်က ပြုံးလိုက်ပြီး၊ အစွမ်းကုန် ပေါင်းစည်းခြင်း စိတ်အာရုံ နယ်မြေ တည်ရှိရာ နေရာဆီသို့ သူ၏ အကြည့်ကို ပြောင်းရွှေ့လိုက်သည်။
"ဟုတ်တယ်... မင်းတို့ရဲ့ မိုးကုပ်စက်ဝိုင်း တွေကို ဆန့်ကျင်ပြီး ဒီအောင်ပွဲကို ငါ ရယူပြီးတဲ့ နောက်မှပေါ့..."
ထိုကဲ့သို့ ရဲတင်းစွာ ကြေညာလိုက်ပြီးနောက် ဝေ့ဝူယင်သည် သံချပ်ကာကောင်းချီး ကြယ်ကွင်းပြင် ဆီသို့ ပြန်လည် ပျံသန်းသွားခဲ့လေသည်။
ထိုကဲ့သို့သော ကြေညာချက်မျိုးက မိုးကုပ်စက်ဝိုင်း များအပေါ် ကြည်ညိုလေးစားသော လူအုပ်ကြီးကို ချက်ချင်း ရူးသွပ်သွားစေခဲ့သည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ မှ နေထိုင်သူ အားလုံးသည် သူတို့ကို နတ်ဘုရားများ နှင့် တန်းတူအဆင့်တွင် သဘောထားကြသော်လည်း၊ သူတို့သည် မည်သည့် လျှော့ပေါ့မှုမျှ မပါဘဲ သူတို့၏ ရာထူးကို စနစ်တကျ ရယူခဲ့ကြသူများ ဖြစ်လေရာ ပိုမို များပြားလှသော လေးစားမှုများကို လက်ခံ ရရှိခဲ့လေသည်။ နယ်ခြား အဂ္ဂိရတ်ပညာရှင် တစ်ဦးက သူတို့ကို အနိုင်ယူမည်ဟု ရဲရဲဝံ့ဝံ့ ပြောဆိုရဲခြင်းဟူသော အတွေးသက်သက်ကပင် ရယ်စရာ ကောင်းလှပေသည်။
အစွမ်းကုန် သန့်စင်ခြင်း နယ်မြေတွင် ခွန်အားမှာ အရေးမပါချေ။ ဤနေရာတွင် အဂ္ဂိရတ် တာအို သည် အမြင့်မြတ်ဆုံး ဖြစ်လေသည်။ ခမ်းနားကြီးကျယ်ကာ အကန့်အသတ်မဲ့သော အဂ္ဂိရတ် တာအို ၏ ရှေ့မှောက်တွင် မည်သည့် ကျင့်ကြံခြင်း အဆင့် ကမျှ အရေးပါလိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ သူတို့၏ မျက်လုံးများထဲတွင် ထိုသို့ပင် ဖြစ်လေသည်။
ဝေ့ဝူယင်သည် လူအုပ်ကြီးကို တမင်သက်သက် ဆွပေးလိုက်ခြင်း ဖြစ်ပြီး၊ သူ့အကြောင်း သိလိုစိတ်ကိုလည်း တွန်းအားပေးလိုက်ခြင်း ဖြစ်သည်။ ထို့အပြင်... တုန်းဖန်းယွဲ့သည် သူ၏ ခွန်အား နှင့် ကျင့်ကြံခြင်း အဆင့် အကြား ကိုက်ညီမှုမရှိခြင်းကို အကြောင်းပြချက် ပေးနိုင်မည့် မည်သည့် အကြောင်းပြချက်ကိုမျှ ရှာဖွေရန် မကြိုးစားဘဲ၊ သူမ၏ ယုံကြည်မှုအပေါ် အဘယ်ကြောင့် အခိုင်အမာ ရပ်တည်နေရသနည်း ဆိုသည်ကို သူ နားမလည်နိုင်ခဲ့ချေ။
သို့သော် ဤအရာက သူ့ကို အကြံဉာဏ် တစ်ခုလည်း ရရှိသွားစေခဲ့သည်။ သူသည် တွေဝေမနေဘဲ ခန္ဓာကိုယ်နှင့် အသက်အရွယ်ကို လွှမ်းခြုံထားသော ဟင်းလင်းပြင် ဖုံးကွယ်မှုကို ဖယ်ရှားပစ်လိုက်လေသည်။ သူ တစ်စုံတစ်ရာကို စမ်းသပ်ကြည့်ချင်နေခဲ့သည်။
ချက်ချင်း ဆိုသလိုပင်... ဝေ့ဝူယင်ကို စောင့်ကြည့်ကာ ဒေါသထွက်နေကြသော၊ ဒေါသတကြီး ရယ်မောနေကြသော၊ သို့မဟုတ် မိုးကုပ်စက်ဝိုင်း များရှေ့တွင် နယ်ခြားသား၏ အဂ္ဂိရတ် တာအို သည် မလွဲမသွေ ယိုင်နဲ့သွားလိမ့်မည်ဟု ကြွေးကြောကာ ရူးသွပ်နေသည့် လူအုပ်ကြီးသည် ရုတ်တရက် ရုတ်ချည်း တိတ်ဆိတ်သွားခဲ့ကြလေသည်။
ဝေ့ဝူယင်သည် တောက်ပသော အပြုံးတစ်ခုနှင့်အတူ သူ၏ အသက် တစ်ရာ အနည်းငယ်မျှသာ ကျော်ရုံ ရှိသေးသည့် သက်စောင့်အင်အား နှင့် လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံခြင်း တို့ကို ပွင့်လင်းစွာ ဖော်ထုတ်ပြသလိုက်လေ၏။ သူ အသံထွက်၍ပင် ရယ်မောလိုက်လေသည်။ သူ မည်သည့် အရာကိုမှ ထပ်ပြီး ဖုံးကွယ်မထားတော့ချေ။
တုန်းဖန်ယွဲ့၏ နှလုံးသားသည် သူမ၏ ရင်ဘတ်အတွင်း၌ ပြင်းထန်စွာ စတင် ခုန်ပေါက်လာခဲ့လေ၏။ စူးဟောင်ရန်ကတော့ စိတ်ရှုပ်ထွေးသွားခဲ့လေသည်။
အခြားသော တာအို ဥပဒေသ ထိန်းသိမ်းများတွင်လည်း မသေချာမရေရာမှု၊ ဂရုမစိုက်မှု သို့မဟုတ် မယုံကြည်နိုင်မှုတို့မှစ၍ အမျိုးမျိုးသော မျက်နှာအမူအရာများ ရှိနေကြသည်။ မိုးကုပ်စက်ဝိုင်း များသည်လည်း မကွာခြားလှချေ။
"ကဲ... ပြောပါဦး... အခု ငါတို့ ဘာလုပ်ကြမလဲ..."
ဝေ့ဝူယင်က ရယ်မောရင်း မေးလိုက်လေသည်။
...
တစ်နာရီ ကြာပြီးနောက်...
ဝေ့ဝူယင်သည် အစွမ်းကုန် ပေါင်းစည်းခြင်း စိတ်အာရုံ နယ်မြေ ၏ ပင်မ ခန်းမဆောင်ကြီး အတွင်း၌ ရပ်နေခဲ့လေသည်။ သူသည် နယ်မြေ၏ အမျိုးမျိုးသော ဂုဏ်သတ္တိများကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်နေခဲ့ပြီး၊ အတွင်းရှိ ပေါင်းစည်းခြင်း အမတေ ကို ခွဲခြမ်းစိတ်ဖြာလိုက်သည်နှင့်အမျှ ပိုမို၍ စိတ်ကူးဉာဏ်များ ပွင့်လန်းလာကာ၊ သူ၏ ဒုတိယ စိတ် ကို ဤစွမ်းအားတွင် အလွန်အမင်း နစ်မြုပ်သွားစေရန် ခွင့်ပြုထားလိုက်လေသည်။
သူ၏ ရှေ့မှောက်တွင်မူ ထိုင်နေကြသော မိုးကုပ်စက်ဝိုင်း များ ရှိနေကြပေသည်။
လက်ရှိ ရှိနေသည့် ဝေ့ဝူယင်မှာ စိတ်အာရုံ ကိုယ်ပွား တစ်ခုသာ ဖြစ်ကာ သူ၏ စိတ်ပိုင်းဆိုင်ရာ အတက်အကျများသည်လည်း အခြေခံအားဖြင့် ပိုမို နိမ့်ကျသော အဆင့်တွင် ရှိနေလင့်ကစား၊ တည်ငြိမ်မှုနှင့် ခွန်အား ရှုထောင့်မှ ကြည့်လျှင် ဤနေရာတွင် ရှိနေသော အချို့သော မိုးကုပ်စက်ဝိုင်း များနှင့် မကွာခြားဘဲ သို့မဟုတ် ပိုမို သာလွန်နေခဲ့လေသည်။
သူတို့ တစ်ဦးစီတိုင်းသည် ထူးကဲသော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး၊ တာအို ဥပဒေ ထိန်းသိမ်းသူများ အားလုံးကလည်း သူ့ကို စူးစိုက် စောင့်ကြည့်နေကြပေသည်။ ထိုအခိုက်၌ ဝိညာဉ်ကိုပင် ထိုးဖောက်နိုင်လောက်သော အကြည့်များကို သူ ခံစားနေရလေသည်။
"ကျုပ်တို့ရဲ့ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ရဲ့ အဂ္ဂိရတ် တာအို ကို ကျော်လွန်ဖို့ မင်းရဲ့ ကြိုးပမ်းမှုမှာ မင်းသာ အောင်မြင်ခဲ့မယ် ဆိုရင်... ဘာကို ရယူချင်သလဲ ဆိုတာ မင်း ဆုံးဖြတ်ပြီးပြီလား..."
မိုးကုပ်စက်ဝိုင်း ပေါင်းစပ်ခြင်း အဂ္ဂိရတ် ရှန့်ထိုက လှောင်ပြောင်မှုကို ဖုံးကွယ်ကာ တည်ငြိမ်သည့် အသံဖြင့် မေးမြန်းလိုက်လေသည်။ လုံရှီယာသည် တိုက်ကွက် နှစ်ကွက်သာ ခံနိုင်ရည် ရှိခဲ့ပြီး ဝေ့ဝူယင်၏ စံနှုန်းများကို အတော်လေး ရှက်ဖွယ်ကောင်းသော နည်းလမ်းဖြင့် မရည်ရွယ်ဘဲ ကျရှုံးသွားခဲ့သည်။ ထို့ကြောင့်ပင်.. သဘောတူညီချက် အရ တိုက်ကွက်သုံးကွက်တွင် သူတို့ကိုယ် သူတို့ သက်သေပြပြီးမှသာ အဂ္ဂိရတ် တာအိုတွင် စိန်ခေါ်ရမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့်... ဝေ့ဝူယင်သည် ထိုအကြောင်းပြချက်ကို အသုံးပြုကာ သူတို့၏ စိန်ခေါ်မှုကို ပယ်ချခြင်း မပြုခဲ့ပဲ အဂ္ဂိရတ် တိုက်ပွဲကို ဆက်လက် ဆင်နွှဲရန် ဆန္ဒရှိကြောင်း ချက်ချင်း အရိပ်အမြွက် ပြသခဲ့ပေသည်။ တစ်နည်းအားဖြင့်... ဤထူးဆန်းသည့် အင်ပါယာ တာအို ကျင့်ကြံသူသည် စိန်ခေါ်မှု အများစုကို ငြင်းဆန်လိမ့်မည် မဟုတ်ကြောင်းကိုလည်း သူတို့ သိရှိထားကြလေသည်။ ထို့ကြောင့် သူတို့သည် လုံရှီယာ၏ တိုက်ကွက် တစ်ကွက် အစား ကြီးမားလှသော စည်းစိမ်ချမ်းသာများဖြင့် အစားထိုးပေးလျက်၊ အလျော့ပေးမှုများ ပြုလုပ်ရန် လွန်ခဲ့သော တစ်နာရီ၏ အချိန် အတော်များများကို အသုံးပြုခဲ့ကြပေသည်။
၎င်းမှာ အတော်လေး ရယ်စရာကောင်းသော ဖြစ်ရပ် တစ်ခု ဖြစ်သော်လည်း၊ အဂ္ဂိရတ်ပညာရှင်များသည် စည်းစိမ်ချမ်းသာ ကင်းမဲ့မည်ကို မည်သည့်အချိန်ကများ ကြောက်ရွံ့ဖူးပါသနည်း ။ အထူးသဖြင့် ကောင်းကင် ရှန့်ထို အဂ္ဂိရတ်ပညာရှင် များအတွက် ပို၍ပင် မှန်ကန်လှပေသည်။
***