← Chapters

အခန်း (၂၃၆၃-၂၃၆၄)

Vol. 169 Ch. 2363-2364

အခန်း (၂၃၆၃-၂၃၆၄)

Vol. 169 Ch. 2363-2364

အပိုင်း(၂၃၆၃)

"..."

လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားခဲ့ကြလေသည်။ ကောင်းကင် ရှန့်ထို အဂ္ဂိရတ်ပညာရှင်များ၏ မျက်လုံးသူငယ်အိမ်များ သည် ကျုံ့ဝင်သွားခြင်း သို့မဟုတ် ပြူးကျယ်လာခြင်းများ ဖြစ်ပေါ်ခဲ့ပြီး၊ ဤကြေညာချက်ကြောင့် သူတို့၏ နှလုံးသားများအထိ တုန်လှုပ်သွားခဲ့ကြပေသည်။

မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်းက အလားအလာ ဆိုသည်မှာ တန်းတူညီမျှသူ တစ်ဦးအဖြစ် အရည်အချင်းပြည့်မီရန် မလုံလောက်ကြောင်း ပြောဆိုတော့မလို ပြင်လိုက်သော်လည်း ထိုစကားလုံးများသည် သူ၏ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး ပြန်လည် ထွက်ပေါ်လာနိုင်ခြင်း မရှိတော့ချေ။ သူတို့သည် ဤနေရာတွင် သတိလက်လွတ် မည်သည့်အရာကိုမျှ မပြောဆိုရဲကြတော့ပေ။

"သူက ကျုပ်တို့ အင်ပါယာ ရဲ့ အကြီးကျယ်ဆုံးသော ဂုဏ်ယူစရာပဲ၊ ကျုပ်ရဲ့ အင်ပါယာ အတွင်းမှာရှိတဲ့ လူတိုင်းက သူ့ကို ကိုးကွယ်ပြီး ရိုသေလေးစားကြတယ်... ကျုပ်ရဲ့ ဧကရီ ကတောင် သူ့ကို အဆုံးအစမရှိ မြတ်နိုးသေးတယ်..."

ဝေ့ဝူယင်က တောက်ပစွာ ပြုံးရင်း ပြောလိုက်လေသည်။ သူတို့သည် ထိုကဲ့သို့သော အခိုင်အမာ ပြောဆိုချက်များကို ချက်ချင်း ငြင်းပယ်လိုကြသော်လည်း၊ သူတို့ အားလုံးသည် စိတ်အာရုံ ကိုယ်ပွားများ အဖြစ် ရှိနေကြပြီး၊ လိမ်လည်ပြောဆိုရန် မည်သည့် အကြောင်းပြချက်မျှ မရှိခဲ့ချေ။

အာရုဏ်ဦး အင်ပါယာသည် အဂ္ဂိရတ် တာအိုတွင် ထိုမျှအထိ ဖွံ့ဖြိုးတိုးတက်နေသလော။ သို့မဟုတ် သူတို့ တစ်ခါမျှ မမြင်တွေ့ဖူးလောက်အောင် များစွာ သာလွန်သည့် ကြီးမားလှသော အဂ္ဂိရတ် ပါရမီ ကို ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ် တစ်ဦးတည်းကို ပိုင်ဆိုင်ထားခြင်းဖြင့် သူတို့ ကံကောင်းသွားခဲ့ခြင်းလော။

မိုးကုပ်စက်ဝိုင်း အသွင်ပြောင်းခြင်းကတော့ လုံးလုံးလျားလျား မယုံကြည်နိုင်ဖြစ်နေ၏။ သူ့ကိုပင် ယုတ်ညံ့သော ပါရမီရှင် တစ်ဦးအဖြစ် ခိုင်မာစွာ သတ်မှတ်ပေးလိုက်သော ထိုကဲ့သို့ အံ့အားသင့်ဖွယ် ပါရမီ တစ်ခုကို လက်ခံရန် မစွမ်းဆောင်နိုင်ခဲ့ချေ။

"လုံးဝ မဖြစ်နိုင်တာ... မတရားတဲ့ လောင်းကြေးတစ်ခု ရဖို့အတွက် မင်းရဲ့ ပါရမီတစ်ခု အကြောင်း လိမ်ပြောနေဖို့ မလိုပါဘူး... လောကရှန့်ထို အာရုဏ်ဦး…”

“ဟ... ဟ...”

ဝေ့ဝူယင်သည် တိုးညှင်းစွာ ရယ်မောလိုက်စဉ်၊ အခြားသော မိုးကုပ်စက်ဝိုင်းများက မိုးကုပ်စက်ဝိုင်း အသွင်ပြောင်းခြင်းကို ထူးဆန်းသော မျက်လုံးများများဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

'စိတ်အေးအေးထားပါ... ကောင်းကင်ရှန့်ထို အသွင်ပြောင်းခြင်း... လောင်းကြေး တစ်ခုကို မသတ်မှတ်ခင်မှာ သူပြောတဲ့ စကားတွေရဲ့ မှန်ကန်တာ သေချာစေဖို့ ဒီပြောဆိုချက်တွေကို အတည်ပြုဖို့ လျှို့ဝှက်ကျိန်စာတွေ ပြုလုပ်ဖို့က အရမ်းကို လွယ်ကူလွန်းပါတယ်...'

မိုးကုပ်စက်ဝိုင်း ထုတ်ယူခြင်း က မိုးကုပ်စက်ဝိုင်း အသွင်ပြောင်းခြင်း ကို တည်ငြိမ်စွာ အသိပေးလိုက်လေသည်။ အကယ်၍ ထိုကဲ့သို့သော ပုဂ္ဂိုလ် အမှန်တကယ် မရှိပဲ လိမ်လည် ပြောဆိုခြင်း ဆိုပါက အရှက်ရမည့်သူမှာ ဝေ့ဝူယင် ကိုယ်တိုင်သာ ဖြစ်ပေလိမ့်မည်။ အကယ်၍ ရှိနေခဲ့လျှင်လည်း... ဤပုဂ္ဂိုလ် တည်ရှိနေခြင်း ဟူသောအချက်ကပင် ကောင်းကင်ကို တုန်လှုပ်သွားစေနိုင်သော ရှာဖွေတွေ့ရှိမှု တစ်ခု ဖြစ်နေခဲ့လေသည်။

"တကယ်လို့ မင်းပြောတာသာ အမှန်ဆိုရင်၊ နှစ်ဖက်စလုံးရဲ့ အရှုံးနဲ့ အနိုင် အခြေအနေတွေမှာ တစ်ခုခု ထပ်ပေါင်းထည့်ကြရအောင်..."

ထျန်းရှီကျောက်ရွှမ်က ပြုံးရင်း ပြောလိုက်၏။ ညှိနှိုင်းမှု အတွင်း၌၊ ဤသည်မှာ သူတို့၏ နောက်ဆုံး ရည်မှန်းချက် ပင် ဖြစ်လေသည်။

စူးဟောင်ရန် ၏ နှလုံးသားသည် အပြင်းအထန် ခုန်ပေါက်လာခဲ့လေ၏။ ၎င်းက အစစ်အမှန် လောင်းကြေးကို ပြုလုပ်လိုက်သော အခိုက်အတန့် ပင် ဖြစ်လေသည်။

"မင်းက ဘာတွေ ထပ်ပေါင်းထည့်ဖို့ အကြံပြုချင်တာလဲ... ကောင်းကင်ရှန့်ထို ဖန်တီးခြင်း..."

မိုးကုပ်စက်ဝိုင်းများ သည် စိတ်ပိုင်းဆိုင်ရာအရ ဆက်သွယ်ပြီးဖြစ်ကာ၊ ထျန်းရှီကျောက်ရွှမ် ၏ အဆိုပြုချက်ကို အများအားဖြင့် သဘောတူပြီး ဖြစ်နေကြလေသည်။

"တကယ်လို့ ငါတို့က ဒီ အဂ္ဂိရတ် တာအို စိန်ခေါ်မှုမှာ ရှုံးနိမ့်သွားခဲ့မယ် ဆိုရင်၊ မင်းရဲ့ မျှော်စင်ကို တည်ဆောက်နိုင်ဖို့ နယ်မြေ ရယူခွင့်အပြင်၊ မင်းရဲ့ ပါရမီရှင်ကိုပါ မိုးကုပ်စက်ဝိုင်း မျှော်စင်တွေ အားလုံးရဲ့ အဂ္ဂိရတ် အမွေအနှစ် တွေ ပေးအပ်သွားမယ်..."

"ဒါပေမဲ့... တကယ်လို့ ငါတို့က အနိုင်ရရှိပြီး ငါတို့ရဲ့ အဂ္ဂိရတ် တာအို က သာလွန်ကြောင်း သက်သေပြနိုင်ခဲ့မယ် ဆိုရင်၊ မင်းရဲ့ ပါရမီရှင် က နောက်ထပ် ပျိုးထောင်မှုတွေ ရယူဖို့ ငါတို့ရဲ့ အဂ္ဂိရတ် မျှော်စင် နဲ့ ပူးပေါင်းရမယ်... ငါတို့ သူ့ကို သင်ကြားပေးမယ်၊ ပြီးတော့ ငါတို့ရဲ့ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ရဲ့ တရားဝင် နိုင်ငံသား တစ်ယောက်အဖြစ် သွတ်သွင်းမယ်... သူ ငါတို့ဆီက သင်ယူထားတဲ့ အရာတွေကို တခြားသူတွေဆီ ဖြန့်ဝေခွင့် မရှိဘူး၊ တကယ်လို့ သူသာ ဆန္ဒရှိခဲ့မယ် ဆိုရင်၊ နှစ်ပေါင်း နှစ်သိန်းခွဲ ကြာပြီးတဲ့နောက် မင်းရဲ့ အင်ပါယာ ဆီကို သူ ပြန်သွားနိုင်ပါတယ်..."

ထျန်းရှီကျောက်ရွှမ် က တည်ငြိမ်စွာ ပြောဆိုလိုက်၏။ အခြားသော မိုးကုပ်စက်ဝိုင်းများ မှာ တည်ငြိမ်နေပုံ ရသော်လည်း၊ ပုဂ္ဂိုလ် တစ်ဦးကို မှန်ကန်သော လမ်းကြောင်းပေါ်တွင် သင်ကြားပြသပေးရမည့် အလားအလာမှာ အလွန်တရာ ဆွဲဆောင်မှု ရှိလွန်းလှပေသည်။ နောက်ပိုင်းတွင် အဂ္ဂိရတ် တိုက်ပွဲ တစ်ခုအတွင်း သူတို့ထဲမှ မည်သူက သူ့ကို ဆက်ခံသူအဖြစ် သိမ်းပိုက်မည်ဆိုသည်ကို သူတို့ နောက်ဆုံးတွင် ဆုံးဖြတ်နိုင်ပေလိမ့်မည်။

နောက်ဆက်တွဲ အကျိုးဆက်များကို တွေးတောနေသည့်အလား ဝေ့ဝူယင်၏ မျက်မှောင်များ တွန့်ချိုးသွားခဲ့လေ၏။ အပေါ်ယံအားဖြင့် ကြည့်လျှင် ၎င်းမှာ နှစ်ဖက်စလုံးအတွက် အကျိုးရှိသော အခြေအနေ တစ်ခု ဖြစ်သော်လည်း၊ သူ၏ အင်ပါယာ အတွက် ထိုကဲ့သို့သော အလားအလာရှိသည့် ပါရမီရှင် တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းမှာ ကြီးမားသော ဆုံးရှုံးမှု တစ်ခုပင် ဖြစ်လေသည်။

ဆိုးကျိုးများနှင့် ကောင်းကျိုးများကို ချိန်ဆရန် ကြိုးစားရင်း သူ ပွင့်လင်းစွာ ပြသနေသော ခံစားချက်များ သို့မဟုတ် သူ၏ တွေးတော တွန့်ဆုတ်နေသော အသွင်အပြင်အတွက် သူတို့ထဲမှ မည်သူကမျှ သူ့ကို အပြစ်မတင်ခဲ့ကြချေ။

စူးခိုင်မင် က ထပ်လောင်း ပြောဆိုလိုက်လေသည်။

"နင်က နင့်ကိုယ်နင် ရှုံးမယ်လို့ ထင်နေတာလား... တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်... အိပ်ရာထဲမှာ ရပ်မသွားဖို့ နင့်ကို တောင်းပန်လာအောင် လုပ်မယ်ဆို..."

သူမက ထိုစကားများကို ဝေ့ဝူယင်ထံသို့ သိုသိုသိပ်သိပ် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းမှာ သီးသန့် ဖြစ်ပုံရသော်လည်း၊ အခြားသူများက ခိုးနားထောင်နေခဲ့ကြလေသည်။

ဒေါသကြောင့် ဝေ့ဝူယင်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့လေ၏။ သူက သူမဘက်သို့ လှည့်လိုက်သည်။

"ဒါဆိုရင် သီးသန့် လောင်းကြေးတစ်ခု ထပ်လုပ်ရင်ကော ဘယ်လိုလဲ... တကယ်လို့ ကျုပ် နိုင်ရင်..."

စူးခိုင်မင်သည် ဝေ့ဝူယင်၏ ထပ်တိုးမှုကို လုံးဝ ဂရုမစိုက်ဘဲ ပစ်ပယ်လိုက်၏။ ဤနေရာတွင် ရှုံးနိမ့်စရာ အကြောင်း မရှိသောကြောင့်၊ အဘယ်ကြောင့် အပင်ပန်းခံနေမည်နည်း ဟုသာ တွေးမိပေသည်။

ဝေ့ဝူယင် ပိုမို၍ ဒေါသထွက်လာသည်ကို သူမက ပျော်ရွှင်စွာ စောင့်ကြည့်နေခဲ့၏။ သူမက မတုန်မလှုပ် ရှိနေကာ၊ အကယ်၍ သူ အနိုင်ရခဲ့မည်ဆိုလျှင် မည်သည့်အရာကိုမျှ ထပ်ပေါင်းထည့်ရန် ငြင်းဆန်ခြင်းဖြင့် သူ့ကို လုံးလုံးလျားလျား စော်ကားလိုက်လေသည်။

ထို့ကြောင့်ပင်... သူတို့၏ နောက်ဆုံး လောင်းကြေး သတ်မှတ်ချက်မှာ အတည်ဖြစ်သွားခဲ့လေသည်။

မိုးကုပ်စက်ဝိုင်းများ အောင်မြင်ပါက- စုရီ၏ လက်ရှိ တည်နေရာနှင့် ဟင်းလင်းပြင် အစီအရင်များ ဖြင့် သူ ပြောင်းရွှေ့သွားမည့် မည်သည့် တည်နေရာကိုမဆို ပေးအပ်ရမည်။ အာရုဏ်ဦး အင်ပါယာ တွင် ဌာနခွဲ ခုနစ်ခု တည်ထောင်ခွင့် ရရှိမည်။ အာရုဏ်ဦး အဂ္ဂိရတ် မျိုးဆက်များ အားလုံးကို ရယူကာ၊ ဝေ့ဝူယင်၏ အဂ္ဂိရတ် တာအို ကို အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းသို့ စုပ်ယူခြင်း ခံရမည်။ အာရုဏ်ဦး အင်ပါယာ၏ ယုတ္တိမတန်သော ပါရမီရှင်ကို အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ နိုင်ငံသား တစ်ဦးအဖြစ် ရယူကာ၊ မိုးကုပ်စက်ဝိုင်းများ အားလုံးက အနည်းဆုံး နှစ်ပေါင်း နှစ်သိန်းခွဲ ကြာအောင် သင်ကြားပေးမည်ဖြစ်ပြီး၊ နောင်တစ်ချိန်တွင် ဤပါရမီရှင် ကို သူတို့၏ ဆက်ခံသူအဖြစ် မည်သူက လက်ခံရရှိမည်ကို သူတို့ ဆုံးဖြတ်မည် ဖြစ်လေသည်။

အကယ်၍ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို အနိုင်ရရှိခဲ့ပါက- မိုးကုပ်စက်ဝိုင်း မျှော်စင်များ၏ အဂ္ဂိရတ် မျိုးဆက်များ အားလုံးကို ရယူမည် ဖြစ်သည်။ သို့သော်... ခွင့်ပြုချက် အတိအကျ မရှိဘဲ အခြား မည်သည့် အင်ပါယာ၊ ဂလက်ဆီ သို့မဟုတ် အဖွဲ့အစည်း ကိုမျှ မျှဝေခွင့် မရှိချေ။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း၌ မျှော်စင် တစ်ခု တည်ဆောက်ခွင့် ရရှိပြီး၊ နှစ်ပေါင်း နှစ်သိန်းခွဲ ကြာအောင် အရင်းအမြစ်များကို ဝယ်ယူ၊ ရောင်းချ၊ ဖလှယ်ရန်အတွက် အမျိုးမျိုးသော ကာကွယ်မှုများနှင့် အာဏာပိုင်များ၏ အထောက်အပံ့ကို ခံစားခွင့် ရရှိမည်။ အံ့မခန်း ပါရမီရှင် အနေဖြင့်လည်း မိုးကုပ်စက်ဝိုင်း မျှော်စင် ခုနစ်ခု ၏ အဂ္ဂိရတ် အမွေအနှစ်များ ကို တစ်ဦးတည်း ရယူပိုင်ဆိုင်ခွင့် ရှိမည် ဖြစ်သည်။ သို့သော်လည်း... ထိုအဂ္ဂိရတ် မျိုးဆက် ကို အနည်းဆုံး အဆင့်နိမ့် အရည်အသွေး အထိ ကျွမ်းကျင် ပိုင်နိုင်မှသာ အခြားလူများကို မျှဝေခွင့် ရှိမည် ဖြစ်သည်။

ဤလောင်းကြေးတွင် အဂ္ဂိရတ် မျိုးဆက် နှင့် အဂ္ဂိရတ် အမွေအနှစ်များ အကြား ကွာခြားချက်မှာ အလွန် အရေးကြီးလှပေသည်။ အဘယ်ကြောင့်ဆိုသော် မျိုးဆက် တစ်ခုတွင် ထုတ်ကုန်များနှင့် ဖော်စပ်နည်းများ ပါဝင်သော်လည်း၊ အမွေအနှစ်များ တွင် သင်ကြားမှုများနှင့် နည်းစနစ်များ၊ လေ့လာမှုများ နှင့် မျိုးဆက်များစွာက သင်ယူခဲ့သော သို့မဟုတ် တီထွင်ခဲ့သော ရှာဖွေတွေ့ရှိမှုများ ပါဝင်သောကြောင့် ပင် ဖြစ်လေသည်။ ဥပမာအားဖြင့်၊ အထူးပြု ထုတ်ကုန်များကို ဖန်တီးရန်အတွက် အထူးပြု နည်းလမ်းများမှတစ်ဆင့် ထူးခြားသော ပစ္စည်းများကို ကျင့်ကြံမွေးမြူခြင်းကို မကြာခဏ အသုံးပြုလေ့ ရှိကြပေသည်။

ဥပမာ တစ်ခုမှာ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း ၏ နိုဗာအမြုတေ အဂ္ဂိရတ် မျိုးဆက် ပင် ဖြစ်သည်။ ၎င်းသည် လျှို့ဝှက်-လောက နှင့် လျှို့ဝှက်-ကောင်းကင် အဆင့် ဖြစ်လာနိုင်ချေရှိသော ပစ္စည်းတစ်ခုကို ဖန်တီးရန်အတွက် နေကြယ် စွမ်းအင် နှင့် နေကြယ် အမတေ ကို သန့်စင်ရန် ထူးခြားသော နည်းလမ်းတစ်ခု လိုအပ်လေသည်။ ၎င်း မရှိပါက၊ လူတစ်ဦးတွင် သွေးမျိုးဆက် နှင့် တွဲဖက် ဖော်စပ်နည်းများ ရှိနေလျှင်တောင်မှ၊ မည်မျှပင် ကြိုးစားစေကာမူ ထိုထုတ်ကုန်ကို သူတို့ ဖော်စပ်နိုင်မည် မဟုတ်ချေ။ ၎င်းသည် ပန်းသီးများကို ရယူနိုင်စွမ်း မရှိဘဲ ပန်းသီးမုန့် တစ်ခုကို ဖုတ်ရန် ကြိုးစားနေသည်နှင့် တူညီနေမည် ဖြစ်လေသည်။

အရာအားလုံး ပြောဆိုပြီး လုပ်ဆောင်ပြီးသွားသောအခါ၊ သူတို့သည် အလွန် ထူးခြားသော ကျိန်စာ တစ်ခုကို ပြုလုပ်ခဲ့ကြလေသည်။ အဂ္ဂိရတ် တာအို အပေါ် သစ္စာဆိုခြင်း ပင် ဖြစ်လေသည်။

နောက်ဆုံး၌ ဝေ့ဝူယင်၏ နှလုံးသားက ပြေလျော့သွားခဲ့လေသည်။

သူက တောက်ပစွာ ပြုံးလိုက်ရင်း ဝိညာဉ်အထိ လင်းထိန် သွားသလို ခံစားလိုက်ရလေသည်။

‘တွေးကြည့်စမ်း... ဒါက အလုပ်ဖြစ်သွားခဲ့တာပဲ... တကယ့်ကို နှစ်ဖက်စလုံး အကျိုးရှိတဲ့ အခြေအနေပဲ...’

‘ကဲ... နောက်ဆုံး ပြကွင်းကို စတင်လိုက်ကြစို့…’

***

အပိုင်း(၂၃၆၄)

'ဒါက တကယ်ကို အလုပ်ဖြစ်သွားခဲ့တာပဲ...'

စူးဟောင်ရန် တစ်ယောက် စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သို့သော်လည်း... ဤနယ်ခြားသားသည် အဘယ်ကြောင့် ယုတ္တိမတန်လောက်အောင် များပြားလှသော စည်းစိမ်ချမ်းသာများအား မတောင်းဆိုခဲ့သည်ကိုတော့ သူ စဉ်းစားလို့ မရပါချေ။ သူ၏ တောင်းဆိုမှုများမှာ ရိုးရှင်းလှသည်။

သီးခြား ပါရမီရှင် တစ်ဦးအတွက် မိုးကုပ်စက်ဝိုင်းများ၏ အမွေအနှစ်များကို တောင်းဆိုရင်း သူ့ အင်ပါယာ အတွင်းသို့ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အဂ္ဂိရတ် တာအို ကို မိတ်ဆက် သွတ်သွင်းပေးရန် သူ ဆန္ဒရှိနေခဲ့ခြင်း ဖြစ်သည်။ သူ့ဘက်က နိုင်နိုင်ရှုံးရှုံး သူ့အတွက် ရလဒ်က အများကြီး ကွာဟနေခြင်း မဟုတ်ပါချေ။

ဘယ်လိုပဲ ဖြစ်ဖြစ် လက်ခံလို့ ရပေသည်။ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုသည် ရေတို အကျိုးအမြတ်များထက် ရေရှည် အောင်မြင်မှုဆိုင်ရာ လမ်းကြောင်း တစ်ခုကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ ဤနယ်ခြားသားသည် သူ၏ ရည်မှန်းချက်ကို ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။

အကယ်၍ သူ့ဘက်မျ ရှုံနိမ့်သွားခဲ့လျှင်ပင် သူ့ အင်ပါယာက များစွာ ထိခိုက်လိမ့်မည် မဟုတ်ချေ။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၊... မဟုတ်သေး... မိုးကုပ်စက်ဝိုင်း မျှော်စင် ခုနစ်ခု သည် ကျူးကျော်ဝင်ရောက်တတ်သော အင်အားစု တစ်ခု မဟုတ်သကဲ့သို့ နယ်မြေ ကြီးစိုးအုပ်ချုပ်မှုနှင့် နယ်နိမိတ် သတ်မှတ်ချက်များအပေါ် အလွန်အမင်း စွဲလမ်းနေခြင်း မရှိကြပေ။ သူတို့ကိုယ် သူတို့အတွက် နယ်မြေကို အကြမ်းဖျင်း သတ်မှတ်ထားကြသော်လည်း၊ ထိုနယ်မြေသတ်မှတ်မှုမှာ အင်ပါယာ ကြီးစိုးမှု မဟုတ်ဘဲ အဂ္ဂိရတ် ကြီးစိုးမှု အပေါ်တွင်သာ မူတည်နေခြင်း ဖြစ်သည်။ ၎င်းကို နေထိုင်သူများက အနည်းနှင့်အများ ရိုးရှင်းစွာ လက်ခံထားကြခြင်း ဖြစ်သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းရှိ အခြားသော အင်အားစုများသည် သူတို့၏ အင်အားခြေကုပ်ကို ကြီးထွားလာစေရန် ကြိုးစားလေ့ ရှိသော်လည်း မိုးကုပ်စက်ဝိုင်း မျှော်စင် ခုနစ်ခု သည် ကြီးမားသော ဂလက်ဆီများ နှင့်သာ အလုပ်လုပ်လေ့ရှိကာ အလွန်အမင်း ရွေးချယ်မှု စိစစ်တတ်သော အင်အားစု တစ်ခု ဖြစ်သည်။ ပြောရလျှင်... ကြီးမားသော ဂလက်ဆီများ ကသာ သူတို့ထံသို့ လာရောက်ကြရခြင်း ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ၊ ပစ္စည်းများ နှင့် အခြားသော အလားတူ အရာများ၊ ထို့အပြင် ဂလက်ဆီများ အကြားရှိ အမှောင် ဟင်းလင်းပြင် နှင့် နတ္ထိ ဟင်းလင်းပြင် နေရာလွတ်များ အတွင်းရှိ အန္တရာယ်များ အပါအဝင် အခြား အရာအားလုံးကို သူတို့၏ ဖောက်သည်များ ကသာ တာဝန်ယူရခြင်း ဖြစ်သည်။

ဤဖောက်သည်များတွင် လျှို့ဝှက် အရှင် များ ဦးဆောင်သော အဖွဲ့အစည်းများနှင့် ယင်းထက် ပိုမို ကြီးမားသော ဂလက်ဆီ အထွတ်အထိပ် အင်အားစုများ ကဲ့သို့သော ထူးကဲသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

သူတို့သည် ပြင်ပ ဌာနခွဲများကို ဘယ်သောအခါမျှ တည်ထောင်လေ့ မရှိကြပေ။ လုံးဝ တည်ထောင်လေ့ မရှိကြခြင်း ပင် ဖြစ်သည်။ ၎င်းမှာ သူတို့ မလုပ်နိုင်သောကြောင့် မဟုတ်ဘဲ၊ ရိုးရှင်းစွာပင် သူတို့ မလုပ်ချင်သောကြောင့် ဖြစ်သည်။ မဟုတ်သေး... ပိုမို တိကျစွာ ဆိုရလျှင် သူတို့ လုပ်ရန် မလိုအပ်သောကြောင့် ပင် ဖြစ်သည်။

သူတို့သည် ထိပ်တန်း အဆင့်ရှိ အဂ္ဂိရတ် ပါရမီရှင်များ အားလုံးကို သူတို့ထံသို့ ခေါ်ဆောင်ကြသည်။ အစစ်အမှန် အဂ္ဂိရတ် တာအို လမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းခွင့် ရရှိရန် အခွင့်အရေးလေး တစ်ခုအတွက် အခြားသော ဂလက်ဆီများ နှင့် ထိပ်တန်း အဆင့်ရှိ အဖွဲ့အစည်းများကို ဘုရားဖူး ခရီးစဉ်များ လာရောက်ရန် သူတို့က မက်လုံးပေးထားကြသည်။ ထို့အပြင်... သူတို့သည် ယုတ္တိမတန်လောက်အောင် ရွေးချယ် စိစစ်လွန်းကြသည်။

အကယ်၍ အခြား ဂလက်ဆီများမှ စေလွှတ်လိုက်သော ကိုယ်စားလှယ်လောင်းများသည် ဝင်ရောက်ရန် အရည်အချင်း မပြည့်မီပါက၊ သူတို့သည် နေရပ်သို့ ပြန်နိုင်သည်၊ သို့မဟုတ်ပါကလည်း အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းရှိ အကယ်ဒမီများ နှင့် အဖွဲ့အစည်းများ ကဲ့သို့သော ပိုမို သေးငယ်သည့် အဖွဲ့အစည်းများကို ဝင်ရောက်နိုင်သည်။

သို့သော်လည်း... သူတို့သည် ထိုကဲ့သို့ သမာရိုးကျ ထုံးတမ်းစဉ်လာများကို ပိုမို သေးငယ်သော ဂလက်ဆီများ အပေါ်တွင်သာ ပြုလုပ်လေ့ ရှိကြပြီး၊ ကြီးမားသော ဂလက်ဆီ ပါရမီရှင်များ နှင့် အထက်တန်းလွှာများ၊ အထူးသဖြင့် စွမ်းအားကြီးမားသော ကျင့်ကြံသူများ ၏ သားစဉ်မြေးဆက်များ အပေါ်တွင်မူ အတော်လေး လက်ခံနိုင်သော မူဝါဒ တစ်ခု ရှိကြသည်။

ဥပမာအားဖြင့်၊ ပြတ်သားသော ဆည်းဆာ ဂလက်ဆီ ဖြစ်စေ၊ ကောင်းကင်ဘုံ၏ တားမြစ်ချက် ကို မချမှတ်မီ အတိတ်က ကောင်းကင် နှလုံးသား ဂလက်ဆီ ဖြစ်စေ၊ သို့မဟုတ် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ ဖြစ်စေ၊ မိုးကုပ်စက်ဝိုင်း မျှော်စင် ခုနစ်ခုကို မည်သည့်နေရာတွင်မျှ မတွေ့မြင်ရပေ။

အင်အားနည်းသော အဖွဲ့အစည်းများကို ပုပ်ဟောင်နေသော ဒိန်ခဲဖြင့် မျှားကာ ပြောင်တလင်းခါအောင်သာ လုယက်ရင်း၊ မတရားသော လိမ်လည်သူများ အဖြစ် တံဆိပ်ကပ်ခံရကာ သူတို့၏ ဂုဏ်သတင်းကို ညစ်နွမ်းစေမည့် ယုတ်ညံ့သော လျှို့ဝှက် ကောင်းကင် အမွေအနှစ် တစ်ခုကို သူတို့သည် ဘယ်သောအခါမျှ ရောင်းချမည် မဟုတ်သလို ဖလှယ်မည်လည်း မဟုတ်ပေ။ သူတို့သည် ထိုကဲ့သို့သော အဓိပ္ပာယ်မဲ့မှုများထက် သာလွန်နေကြသည်။

ထို့အပြင်... သူတို့သည် မည်သည့် အင်ပါယာ တာအို ဖွံ့ဖြိုးတိုးတက်မှုကိုမဆို တညီတညွတ်တည်း တားဆီးခဲ့ကြပြီး၊ ၎င်း၏ လက္ခဏာရပ် မှန်သမျှကို အစပျိုးချိန်မှာပင် ကြိုတင် သတ်မှတ်ချက်များဖြင့် ရက်စက်စွာ ချေမှုန်းပစ်ခဲ့ကြလေသည်။

ပုံမှန်အားဖြင့်... အင်ပါယာ တာအို ကျင့်ကြံသူများ အပေါ် ထားရှိသော သူတို့၏ ကန့်သတ်ချက်များကြောင့် ဝေ့ဝူယင်သည် လွတ်လပ်စွာ ဝင်ရောက်နိုင်ခဲ့မည် မဟုတ်သော်လည်း၊ သူသည် သာလွန်သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ ပိုင်ဆိုင်သည့် အဂ္ဂိရတ်ပညာရှင် တစ်ဦး၏ အမှတ်အသားဖြင့် ရောက်ရှိလာခဲ့သောကြောင့်၊ သူတို့၏ အမြင်တွင် အခြား မည်သည့် အဆင့်အတန်း သို့မဟုတ် အမှတ်အသားကိုမဆို အနိုင်ယူနိုင်ခဲ့ပြီး၊ အချို့သော သွယ်ဝိုက်သည့် အခွင့်အရေးများကိုပင် ပေးသနားထားခဲ့ပေသည်။

ယခုအချိန်အထိ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၊ ဥပမာအားဖြင့် ဝေ့ဝူယင်၏ ရန်လိုသော လုပ်ရပ်များ အားလုံးသည် ဤ သိသာထင်ရှားသော မျက်နှာလိုက်မှု၏ သက်သေပင် ဖြစ်လေသည်။

သာမန် ကျင့်ကြံသူ တစ်ဦးသာဆိုလျှင် ဟိုးယခင်တည်းက ရှင်းလင်းခံလိုက်ရမည်သာ ဖြစ်သည်။ သို့သော် မိုးကုပ်စက်ဝိုင်းများ အတွက်မူ၊ ဝေ့ဝူယင်သည် တန်းတူညီမျှသူ တစ်ဦးအဖြစ် ပြုမူနိုင်သော အရည်အချင်းများကို ကိုင်စွဲထားသည်။ ၎င်းမှာ သူ၏ အထွတ်အထိပ် သူတော်စင်-အဆင့် ခွန်အားကြောင့် မဟုတ်ဘဲ၊ သူ၏ အဂ္ဂိရတ် ကြယ်တာရာများ က ပြသနေသော အဂ္ဂိရတ် တာအို ကိုယ်တိုင်က သက်သေပြပြီး လက်ခံထားသည့် သူ၏ အဂ္ဂိရတ်ပညာ ကျွမ်းကျင်မှုကြောင့် ပင် ဖြစ်ပေသည်။

ဝေ့ဝူယင်၏ ကျင့်ကြံခြင်းသည် အပြင်ပန်းတွင် လျှို့ဝှက် ကြယ်တာရာ အဆင့် အဖြစ် ပြသနေသော်လည်း၊ သူတို့ထဲမှ မည်သူကမျှ ၎င်းမှာ အစစ်အမှန် ဖြစ်သည်ဟု မခံစားခဲ့ကြချေ။ ဝေ့ဝူယင်၏ အစစ်အမှန် ဝိညာဉ်သည် မျိုးဆက် တစ်ဦး၏ ခန္ဓာကိုယ် အတွင်း ယာယီ ပူးကပ်ထားခြင်း ဖြစ်စေ၊ သို့မဟုတ် ယုတ္တိတန်သော အကြောင်းပြချက် အတွင်းရှိ အခြား တစ်စုံတစ်ရာ ဖြစ်စေ၊ အရေးမကြီးလှပေ။

အားလုံးထဲ၌ တုန်းဖန်းယွဲ့ တစ်ယောက်သာလျှင် အထွတ်အထိပ် ဖြစ်တည်မှု-အဆင့် ခွန်အား၊ သာမည ဥပဒေသ အာဏာ များစွာ နှင့် အတူ လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်သော လောကရှန့်ထို အာရုဏ်ဦး သည် အသက် တစ်ရာပင် မပြည့်သေးသော လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်ဟု ယုံကြည်နေခဲ့လေသည်။

ဝေ့ဝူယင်သည် အလွန် လျှို့ဝှက်ဆန်းကြယ်ကာ ဖော်ထုတ်လို့ မရနိုင်ဟု မိမိကိုယ်ကို ယုံကြည်ထားကြသော နည်းလမ်းများဖြင့် မိုးကုပ်စက်ဝိုင်းများ ဆက်သွယ်နေကြစဉ် သူတို့၏ အတွေးများကို စောင့်ကြည့်နေခဲ့ပြီး၊ သူ၏ နှလုံးသားမှာ သိသိသာသာ ပြေလျော့သွားခဲ့လေသည်။

'ငါ လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်းက၊ မသိမသာရော ပွင့်ပွင့်လင်းလင်းပါ၊ ဒီနေရာကို ရောက်ဖို့ချည်းပဲ... ဒီအဆင့်ရှိတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ စွမ်းဆောင်ရည် အပေါ်မှာ အကြွင်းမဲ့ ယုံကြည်မှု ရှိနေကြတာက တကယ်ကို ကျင့်ကြံခြင်းရဲ့ သက်သေတစ်ခုပဲ... တချို့ ရှုထောင့်တွေကနေ ကြည့်ရင်၊ အနာဂတ်ကို နိမိတ်ဖတ်တဲ့ မှော်အစီအရင်တွေကို ဖြတ်တောက်လိုက်ပြီးတဲ့နောက်၊ သူတို့ကို ကြိုးကိုင်ခြယ်လှယ်ရတာက သာမန် သေမျိုးတွေထက်တောင် ပိုလွယ်ကူသေးတယ်...'

ဝေ့ဝူယင်သည် တွေးတောရင်း ကောင်းကင်ရှန့်ထို သန့်စင်ခြင်း ၏ မောက်မာသော အပြုံးကို ခေတ္တမျှ လှမ်းကြည့်လိုက်လေသည်။ မိုးကုပ်စက်ဝိုင်းများမှာ သူတို့၏ အဂ္ဂိရတ် တာအို အပေါ် အလွန်အမင်း ယုံကြည်ချက် ရှိနေကြသည်။ အရေးပေါ် အစီအစဉ်များလည်း သေချာပေါက် ရှိရမည် ဖြစ်ပြီး၊ အောင်မြင်မှုကို ပိုမို မြှင့်တင်ရန်အတွက် လှုံ့ဆော်ပေးသော အရာများကိုလည်း ရှိနေတာ ကျိန်းသေပေသည်။

ကျန်းကျန်းဝမ် နှင့် ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင် တို့၏ မှတ်ဉာဏ်များဖြင့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အကြောင်း စသိခဲ့သည့် အစောပိုင်း ကတည်းက၊ ဝေ့ဝူယင်သည် သူတို့၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်သော ကစားပွဲ တစ်ခုကို ကစားနေခဲ့ခြင်း ဖြစ်လေသည်။ သူ၏ ကိုယ်ပိုင် လျှို့ဝှက်ကစားပွဲပင်။

ရည်ရွယ်ချက်လား...။ အတိအကျပင် ဤအခိုက်အတန့် အတွက် ဖြစ်လေသည်။

ထို့ကြောင့်သူ ပြီးမြောက်ရန် တာဝန် တစ်ခုသာ ကျန်ရှိတော့ပေသည်။ တိုက်ပွဲအား အနိုင်ယူရန်ပင်။

...

"ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ဘယ်လို အဂ္ဂိရတ် တိုက်ပွဲ ကြားခံနယ် ကို အသုံးပြုကြမလဲ..."

မိုးကုပ်စက်ဝိုင်း အသွင်ပြောင်းခြင်း က စိတ်အားထက်သန်သော အကြည့်ဖြင့် မေးလိုက်လေသည်။ ဤသည်မှာ သူတို့ ခုနစ်ပါးစလုံး၏ အဂ္ဂိရတ် တာအို ပြိုင်ပွဲ တစ်ခု ပင် ဖြစ်ပေသည်။

ထို့အပြင်... သူတို့သည် ဤနယ်ခြားသားကို အလေးအနက်ထား စဉ်းစားခြင်းပင် မရှိချေ။ ၎င်းအား သူတို့အချင်းချင်း အကြား လောင်းကြေးထပ်ရန် စင်မြင့်တစ်ခုအဖြစ်ပင် အသုံးပြုရန် စိတ်ပိုင်းဆိုင်ရာအရ ဆုံးဖြတ်ပြီး ဖြစ်နေကြလေသည်။ တစ်နည်းအားဖြင့် ကြည့်လျှင်၊ သူရဲကောင်း တာအို မဏ္ဍပ် နှင့် ပတ်သက်သော လွဲချော်သွားခဲ့သည့် လျှို့ဝှက် ကစားပွဲ အပြီးတွင်၊ ဤသည်မှာ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို ဖြေရှင်းရန်အတွက် ကောင်းမွန်သော နိဂုံးချုပ်မှု တစ်ခု ပင် ဖြစ်လေသည်။

"စစ်မှန်တဲ့ အဂ္ဂိရတ် တိုက်ပွဲကသာ တစ်ခုတည်းသော အဖြေပဲ... ဒါက ငါတို့ အားလုံး ပါဝင်ပတ်သက်နေတဲ့ တိုက်ပွဲ တစ်ခု ဖြစ်နေတဲ့အတွက်၊ အခြားသူတွေထက် သာလွန်တဲ့ ငါတို့ရဲ့ အဂ္ဂိရတ်ပညာ ကျွမ်းကျင်မှုကို သက်သေပြဖို့ ငါတို့ တစ်ယောက်ချင်းစီက ပြိုင်ပွဲဝင်တွေ အဖြစ် ပါဝင်တာကသာ မှန်ကန်တယ်... မင်း ဘယ်လိုထင်လဲ... လောကရှန့်ထို အာရုဏ်ဦး..."

မိုးကုပ်စက်ဝိုင်း ပေါင်းစပ်ခြင်း က ပြုံးလျက် အကြံပြုလိုက်လေသည်။

ဝေ့ဝူယင်သည် ခေါင်းညိတ်မှု တစ်ခုဖြင့် တိတ်ဆိတ်စွာ သဘောတူလိုက်လေသည်။

"ဒီအခြေအနေမှာ စစ်မှန်တဲ့ အဂ္ဂိရတ် တိုက်ပွဲ တစ်ခုက မင်းပြောသလို သင့်လျော် ပေမယ့်၊ ကောင်းကင်ရှန့်ထို အသွင်ပြောင်းခြင်း က သူ့ရဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံ မရှိမှုတွေကြောင့် အားနည်းချက်တစ်ခု ဖြစ်နေလိမ့်မယ်လို့ ငါ ထင်တယ်... သူ့ကို အခွင့်အရေး တစ်ခု ပေးဖို့အတွက် ငါတို့က ရွှင်းစု တာအို တိုက်ပွဲ ကို အသုံးပြုသင့်တယ်..."

မိုးကုပ်စက်ဝိုင်း ထုတ်ယူခြင်းက ကောင်းစွာ ဖုံးကွယ်ထားသည့်ကြားမှပင် လှောင်ပြောင်မှုများ ရောယှက်နေသည့် လေသံဖြင့် ကြင်နာစွာ ကမ်းလှမ်းလိုက်လေသည်။

မိုးကုပ်စက်ဝိုင်း အသွင်ပြောင်းခြင်း ၏ မျက်နှာအမူအရာက ခေတ္တမျှ မျက်မှောင်ကြုတ်သွားကာ ထို့နောက် ပြန်လည် ပြေလျော့ သွားခဲ့လေသည်။

"ဘယ်လို အမျိုးအစားပဲဖြစ်ဖြစ် အဂ္ဂိရတ် တိုက်ပွဲ တစ်ခုမှာ ဘယ်လို ပြိုင်ဘက်မျိုးကိုမဆို ရင်ဆိုင်ဖို့ ငါ့မှာ ကိုယ်ပိုင် စွမ်းရည် အပြည့်အဝ ရှိပါတယ်..."

သူက ဂရုမစိုက်သည့်အလား ပြောလိုက်လေသည်။ သူသည် မည်သည့် စိန်ခေါ်မှုကိုမဆို ရဲရင့်စွာ ရင်ဆိုင်ရဲသော အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်ပေသည်။

ရွှင်းစု တာအို တိုက်ပွဲ တစ်ခုသည် အများအားဖြင့် ရက်အနည်းငယ်၊ ရက်သတ္တပတ် အနည်းငယ်၊ သို့မဟုတ် လအနည်းငယ်အထိသာ ကြာမြင့်လေ့ ရှိပြီး ဖော်စပ်ရမည့် ထုတ်ကုန်မှာ ပါဝင်ယှဉ်ပြိုင်ကြသော အဂ္ဂိရတ်ပညာရှင်များ၏ အဆင့်ထက် လေးဆင့် ပိုမို နိမ့်ကျလေ့ ရှိလေသည်။

သို့သော် အဂ္ဂိရတ် ရှန့်ထိုများ အတွက်မူ ၎င်းမှာ နှစ်ဆင့်အထိ လျော့ကျသွားပြီး၊ မြေကြီးရှန့်ထို အဂ္ဂိရတ်ပညာရှင်များ က အဋ္ဌမ-အဆင့် ထုတ်ကုန်များကို အသုံးပြုကြစဉ် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်များ က နဝမ-အဆင့် ထုတ်ကုန်များကို အသုံးပြုကြရပေသည်။ ကောင်းကင် ရှန့်ထို အဂ္ဂိရတ်ပညာရှင်များ အတွက်ဆိုလျှင် လျှို့ဝှက်မြေကြီး အဆင့် ထုတ်ကုန်များကို အသုံးပြုကြမည် ဖြစ်ပြီး၊ အချိန်ကန့်သတ်ချက်မှာ လအနည်းငယ်မှ တစ်နှစ်အထိ ရှည်ကြာမည် ဖြစ်လေသည်။

"ကောင်းတယ်..."

မိုးကုပ်စက်ဝိုင်း ပေါင်းစပ်ခြင်း က တောက်ပစွာ ပြုံးလိုက်လေသည်။ ထိုစကားလုံးများနှင့်အတူ၊ ရွှင်းစု တာအို တိုက်ပွဲ တစ်ခုအတွက် ငြင်းခုံမှုများ အားလုံး ဖယ်ရှားခံလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် မိုးကုပ်စက်ဝိုင်း အသွင်ပြောင်းခြင်း ၏ ငယ်ရွယ်မှု တစ်ခုတည်းကသာ ၎င်းကို အသုံးပြုသင့်သည့် သိသာထင်ရှားသော အကြောင်းရင်း တစ်ခု ဖြစ်နေသောကြောင့် ပင် ဖြစ်ပေသည်။

စူးခိုင်မင်က ဝေ့ဝူယင်ကို တိုက်ရိုက် ကြည့်ရှုနေရင်း ပြုံးလိုက်လေသည်။

"ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ တစ်ခု ဆိုရင်ရော မင်းမှာ ဘာပြဿနာမှ မရှိဘူးမလား..."

***

All Chapters