အခန်း (၈၇၇-၈၇၈)
Vol. 88 Ch. 877-878
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၇၇ + ၈၇၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
နန်းတော်၏ မြို့ရိုးကြီးများသည်ပင် မော့ကြည့်ရလောက်အောင် အလွန်မြင့်မားလှပြီဖြစ်သော်လည်း ပင်မခံတပ်ကြီးမှာမူ ထိုမြို့ရိုးထက်ပင် သုံးဆခန့် ပိုမိုမြင့်မားနေသေးကာ အံ့မခန်း မီတာ ၂၉၀ အထိပင် ထိုးတက်နေလျက်ရှိသည်။
ဤသည်ကား သာမန်နန်းတော်တစ်ခု လုံးဝမဟုတ်ပေ။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည့် ဧရာမ စစ်ရေးခံတပ်ကြီးတစ်ခုပင် ဖြစ်လေ၏။
နန်းတော်အတွင်း၌ တပ်ဆင်ထားသော ဧရာမအမြောက်ကြီးများနှင့် ဒုံးကျည်များမှာ အခြေခံအကျဆုံး လက်နက်များသာဖြစ်ကြကာ မရေမတွက်နိုင်သော စွမ်းအင်အစီအရင်များစွာကလည်း နေရာအနှံ့ ရှိနေသေးသည်။
မည်သူမဆို ဤနန်းတော်အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လောကတစ်ခုလုံးအား လွှမ်းမိုးအုပ်စိုးထားနိုင်သည့် ကြီးမားလှသော ခံစားချက်ကြီးတစ်ခုက ရုတ်တရက် ဖိစီးဝင်ရောက်လာမည်မှာ အသေအချာပင် ဖြစ်၏။
ဤမျှ ကြီးမားခမ်းနားလှသော နန်းတော်ကြီးကို မည်သို့တည်ဆောက်ခဲ့သည်ကို တုပိုင်တစ်ယောက် သူ၏ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်တော့ချေ။ ကမ္ဘာပျက်ကပ်ကာလအတွင်း လူသားတို့၏ လုပ်အားသက်သက်ဖြင့် ဤမျှ ကြီးမားလှသော စီမံကိန်းကြီးအား အကောင်အထည်ဖော်ရန်ဟူသည် လုံးဝကို မဖြစ်နိုင်သော ကိစ္စရပ်ပင်ဖြစ်လေသည်။
ကျန်းရှောင်မန်နှင့် တုရှောင်တို့သည်လည်း ထိုခမ်းနားထည်ဝါလှသော မြို့ရိုးကြီးနှင့် ဧရာမခံတပ်ကြီးကို မြင်တွေ့လိုက်ရသောအခါ စကားပင် မဟနိုင်တော့ဘဲ အလွန်အမင်း မှင်သက်အံ့ဩသွားကြလေတော့၏။
ထိုအချိန်တွင် အင်ပါယာမြို့တော်တစ်ခုလုံး၏ ကောင်းကင်ယံထက်၌ အမျိုးအစားစုံလင်လှသော ယာဉ်ပျံများစွာက ထူထပ်စွာ ပျံသန်းလျက်ရှိနေကြသည်။ ကမ္ဘာပျက်ကပ်မတိုင်မီက ရှိခဲ့ဖူးသော တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပါဝင်သကဲ့သို့ တုပိုင်တစ်ခါမှ မမြင်ဖူးခဲ့သည့် လုံးဝ မမှတ်မိနိုင်သော လေယာဉ်အချို့လည်း ပါဝင်နေလေ၏။
ဧကရာဇ်ထိုက်ခန်က လေးနက်သော အသံဖြင့် ဆို၏။ "ဒီမြို့တော် ဒါမှမဟုတ် နန်းတော်ကြီးကို မြင်လိုက်ရသူတိုင်းက အံ့ဩမှင်သက်သွားကြမှာ ကျိန်းသေပဲ။ ဒါက လောကမှာ အလုံခြုံဆုံး ခံတပ်ကြီးလို့လည်း ထင်မှတ်သွားကြလိမ့်မယ်..."
သူက ခေတ္တရပ်ကာ သက်ပြင်းတစ်ချက်ချလျက် ဆက်ပြောလာသည်။ "ဒါပေမဲ့ တကယ်တမ်းကျတော့... ဒါက အရမ်းကို ထိခိုက်လွယ်လွန်းပါတယ်။"
တုပိုင် သူ၏ စိတ်ကူးထဲတွင် ပုံဖော်ကြည့်လိုက်မိ၏။ မိစ္ဆာစစ်တပ်ကြီးကို မဆိုထားနှင့် ၊ ကံကြမ္မာမိစ္ဆာ၏ မသေမျိုးဖုတ်ကောင်စစ်တပ်ကို ရင်ဆိုင်ရမည်ဆိုလျှင်ပင် ဤမြို့တော်ကြီးက လုံးဝ ခုခံနိုင်စွမ်းရှိမည် မဟုတ်ချေ။ မသေမျိုး သောင်းမှူးအဆင့်ရှိ ဧရာမ ဖုတ်ကောင်ကြီးသည်ပင် အမြင့် မီတာ ၁၃ ကျော်ခန့် ရှိနေပြီ ဖြစ်လေ၏။
သောင်းမှူးထက် ဆယ်ဆ ၊ အဆတစ်ရာခန့် ပိုမိုကြီးမားသော မသေမျိုးသခင်များနှင့် မသေမျိုးအရှင်သခင်များပင် ရှိနေသေးသည် မဟုတ်ပါလော။
ဧကရာဇ်ထိုက်ခန်က တုပိုင်အား ကြည့်ကာ ရှင်းပြလာ၏။ "ငါ့ရဲ့ သိုင်းပညာတိုးတက်မှုက အဆုံးစွန်ထိ ရောက်နေပြီ။ ဒါကြောင့် ငါတို့ရဲ့ မျှော်လင့်ချက်တွေကို မင်းအပေါ်မှာပဲ ပုံအပ်ထားရတာပဲ..."
ထို့နောက် သူသည် ဧကရာဇ်နန်းတော်အတွင်းသို့ ဆင်းသက်ခြင်းမပြုတော့ဘဲ အနောက်ဘက်ဆီသို့သာ ဦးတည်ကာ ဆက်လက်ပျံသန်းသွားပြီး ထိုက်ခန်အင်ပါယာ မြို့တော်ကြီးကို ဖြတ်ကျော်သွားလေတော့၏။
ထိုက်ခန်က လေးနက်စွာဖြင့် ပြောလာ၏။ "ငါတို့ ငရဲမျှော်စင်ကို တိုက်ရိုက်သွားကြမယ်... မင်းက အမြန်ဆုံးအချိန်အတွင်းမှာ ပိုပြီး အစွမ်းထက်လာဖို့ လိုအပ်တယ်။ မင်းသာ ငရဲမျှော်စင်ကနေ အောင်အောင်မြင်မြင် ထွက်လာနိုင်ခဲ့ပြီဆိုရင်တော့ ငါ မင်းကို ထိုက်ခန်အင်ပါယာက အရာရှိတွေနဲ့ တွေ့ဆုံပေးမယ်။ ပြီးတော့ မင်းက ထိုက်ခန်အင်ပါယာရဲ့ အမွေဆက်ခံသူဖြစ်တယ်ဆိုတဲ့ သတင်းကိုပါ တရားဝင် ကြေညာပေးမယ်။ အကယ်၍ အခုချက်ချင်း ကြေညာလိုက်ပြီးမှ မင်းသာ ငရဲမျှော်စင်မှာ သေသွားခဲ့မယ်ဆိုရင်... ဒါက ထိုက်ခန်အင်ပါယာတစ်ခုလုံးရဲ့ စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်သွားစေနိုင်တယ်။"
ငရဲမျှော်စင်...။ ထိုအရာက မည်သည်နည်း။
ဧကရာဇ်ထိုက်ခန်က ဆက်လက်ရှင်းပြ၏။ "ငရဲမျှော်စင်ဆိုတာက တခြားကမ္ဘာကနေ ကမ္ဘာမြေပေါ်ကို ကျဆင်းလာခဲ့တာပဲ။ အဲဒါက တခြားကမ္ဘာကလူတွေ သိုင်းပညာကျင့်ကြံကြတဲ့ လျှို့ဝှက်နယ်မြေတစ်ခုပေါ့။ ငါ့စွမ်းအားတွေ ချက်ချင်းမြင့်တက်လာရတဲ့ အကြောင်းရင်းကလည်း ဒီငရဲမျှော်စင်ကြောင့်ပဲလေ..."
အနောက်ဘက်သို့ ဆက်လက်ပျံသန်းလာပြီးနောက်တွင်တော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း တုပိုင် တွေ့လိုက်ရလေ၏။
မြို့ပြများလည်း မရှိတော့ချေ။ အခြေချနေထိုင်ရာ ဒေသများနှင့် မြို့ရွာများလည်း ရှိမနေတော့ပေ။
လူသားများကို မဆိုထားနှင့် ၊ အပင်တစ်ပင် ၊ မြေကြီးတစ်စပင် ရှိမနေတော့ချ။
မြေပြင်တစ်ခုလုံး အနက်ရောင်ကျောက်သားများအဖြစ် ပြောင်းလဲသွားပြီး တုပိုင်မှာ ကျောက်ဂြိုဟ်တစ်ခုပေါ်သို့ ရောက်ရှိနေသကဲ့သို့ပင် ခံစားလိုက်ရသည်။
ထို့အပြင် အပြင်ဘက်တွင် နေ့ခင်းဘက်ဖြစ်နေသော်ငြား ဤနယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် လုံးဝ မှောင်မိုက်သွားကာ ညအချိန်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားလေတော့သည်။
ဧကရာဇ်ထိုက်ခန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ဆိုလာလေ၏။ "ငရဲမျှော်စင်က မိုင်ရာပေါင်းများစွာ ပတ်လည်မှာရှိတဲ့ မြေနေရာတွေ အားလုံးကို လုံးဝ သက်ရှိကင်းမဲ့တဲ့ သေမင်းနယ်မြေတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ... ဒီနယ်မြေထဲမှာ လူသားတွေရော သားရဲဆန်းတွေရော လုံးဝ မရှိဘူး..."
တုပိုင်က ခပ်တိုးတိုး မှတ်ချက်ချလိုက်သည်။ "ဒီနယ်မြေကြီးက အသက်စွမ်းအင် လုံးဝမရှိတော့ဘဲ လုံးဝကို သေဆုံးသွားတဲ့ပုံပဲ..."
ဧကရာဇ်ထိုက်ခန်က လေးနက်စွာ တုံ့ပြန်လာ၏။ "ဘာလို့လဲဆိုတော့ ငရဲမျှော်စင်ကြောင့် အသက်စွမ်းအင်တွေ အားလုံး စုပ်ယူဝါးမျိုခံလိုက်ရလို့လေ..."
ငရဲမျှော်စင်တစ်ခုက မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော နေရာအား လုံးဝတိတ်ဆိတ်ခြောက်ကပ်နေသည့် ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်နိုင်ပြီး ၊ နေ့အချိန်မှ ညအချိန်သို့ပင် ပြောင်းလဲသွားစေနိုင်မည်ဟု တုပိုင် စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်ခဲ့ချေ။
ဤမျှော်စင်ကြီးသည် မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းနေမည်နည်း။ မကြာမီမှာပင် တုပိုင် ဤငရဲမျှော်စင်ကြီးကို ကိုယ်တိုင် မြင်တွေ့လိုက်ရလေတော့၏။
ဤအရာကြီးက မျှော်စင်တစ်ခုနှင့် လုံးဝ မတူလေဘဲ ပင်လယ်ရေမျက်နှာပြင်အထက် ခုနစ်ကီလိုမီတာကျော် မြင့်မားသော ဧရာမ တောင်ကြီးတစ်တောင်နှင့် ပို၍ပင် တူနေလေ၏။
သို့သော် ပုံသဏ္ဌာန်မှာ စလင်ဒါပုံစံဖြစ်နေပြီး အထက်သို့ မြင့်တက်သွားလေလေ ပို၍ သေးသွယ်ချွန်ထက်သွားလေလေ ဖြစ်သည်။ ငရဲမျှော်စင်ကြီး တစ်ခုလုံး၏ အောက်ခြေအချင်းမှာ သုံးကီလိုမီတာကျော်ရှိပြီး ထိပ်ဘက်ပိုင်း၏ အချင်းမှာမူ မီတာတစ်ရာခန့်သာ ရှိလေ၏။
ထိုစဉ်က ဤအရာကြီးသည် အခြားကမ္ဘာမှနေ၍ ကမ္ဘာမြေပေါ်သို့ မည်သို့မည်ပုံ ပျံသန်းလာခဲ့သည်ကို တုပိုင် စိတ်ကူးနှင့်ပင် မတွေးတတ်တော့ချေ။
ဤငရဲမျှော်စင်ကြီးကား အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလွန်းလှ၏။ ဧကရာဇ်ထိုက်ခန်က ငရဲမျှော်စင်ကြီး၏ အောက်ခြေဆီသို့ ဖြည်းညင်းစွာ ဆင်းသက်သွားလိုက်သည်။
လက်ရှိအချိန်တွင် ငရဲမျှော်စင်ကြီးတစ်ခုလုံးအား လုံးဝ မြင်တွေ့နိုင်စွမ်း မရှိတော့ချေ။ အကြောင်းမှာ မျှော်စသ်ကြီးက အလွန်တရာ မြင့်မားကြီးမားလွန်းလှပြီး တရုတ်ပြည် အရှေ့ပိုင်း တစ်ခုလုံးတွင်ပင် ဤမျှ မြင့်မားသော တောင်မျိုး ရှိမနေသောကြောင့်ပင် ဖြစ်၏။
အစောက ထိုက်ခန်အင်ပါယာ မြို့တော်ကို ဖြတ်သန်းလာစဉ်က ကျန်းရှောင်မန်နှင့် တုရှောင်တို့မှာ ကြီးမားသော အမြင်အာရုံ တုန်လှုပ်ချောက်ချားမှုနှင့် သက်ရောက်မှုများကို ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရသည်။
သို့သော် ယခုအခါ ဤငရဲမျှော်စင်ကြီးနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ထိုအရာများမှာ လုံးဝ ဘာမှမဟုတ်တော့သကဲ့သို့ပင် ဖြစ်သွားလေတော့၏။
ငရဲမျှော်စင်တွင် တံခါးများ မရှိလေဘဲ ဝင်ပေါက်တစ်ခုတည်းသာ ရှိလေသည်။ ထိုဝင်ပေါက်ကြီးမှာ လုံးဝကို အမှောင်အတိ ကျနေပြီး ငရဲဘုံသို့ တိုက်ရိုက် ဦးတည်သွားနေသကဲ့သို့ပင် ဖြစ်နေ၏။
ဧကရာဇ်ထိုက်ခန်က လေးနက်သောအမူအရာဖြင့် သတိပေးသည်။ "ငရဲမျှော်စင်ထဲ မဝင်ခင် မင်းကို ငါ အချက်အနည်းငယ် ပြောပြချင်တယ်... ပထမအချက်က ကံကြမ္မာမိစ္ဆာရဲ့ မသေမျိုးစစ်တပ်ကြီး လာနေပြီဆိုတာပဲ။ ဒီတိုက်ပွဲမှာ ငါတို့အနေနဲ့ အိပ်မက်ဆိုးအင်ပါယာ စစ်တပ်ရဲ့ အကူအညီကို မဖြစ်မနေ လိုအပ်တယ်။ ဒါမှမဟုတ်ရင်တော့ မျှော်လင့်ချက် လုံးဝ ရှိမှာမဟုတ်ဘူး။ အိပ်မက်ဆိုးဧကရာဇ်က တခြားကမ္ဘာက လာတာဖြစ်ပြီး သူ့ရဲ့ စစ်တပ်က ငါတို့စစ်တပ်ထက် အများကြီး ပိုပြီး အစွမ်းထက်တယ်..."
သူက ဆက်လက်ပြောဆို၏။ "ဒါကြောင့် မင်းက အိပ်မက်ဆိုးအင်ပါယာရဲ့ မင်းသမီးကို မဖြစ်မနေ လက်ထပ်ရလိမ့်မယ်။ ပြီးတော့ မင်းမှာ ပြိုင်ဘက်တွေလည်း ရှိနေလိမ့်မယ်။ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်ရဲ့ သားနဲ့ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိရဲ့ သားပဲ။ အဲဒီနှစ်ယောက်က မင်းရဲ့ အကြီးမားဆုံး ပြိုင်ဘက်တွေဖြစ်တယ်။ ဒါကြောင့် အဲဒီမှာ လက်ရည်ယှဉ်ပြိုင်ပွဲတစ်ခု ရှိလာလိမ့်မယ်။ မင်းက သူတို့နှစ်ယောက်ကို ကျော်ဖြတ်ပြီး အနိုင်ရဖို့ လိုတယ်။ ဒါကြောင့် မင်းက အတိုတောင်းဆုံး အချိန်အတွင်းမှာ အစွမ်းထက်လာဖို့ လိုအပ်တာပဲ..."
တုပိုင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ငါ ဘယ်လောက်အထိ အစွမ်းထက်လာဖို့ လိုအပ်တာလဲ..."
ဧကရာဇ်ထိုက်ခန်က တည်ငြိမ်စွာ ဖြေ၏။ "သိုင်းသူတော်စင်အဆင့်လောက်ပေါ့..."
တုပိုင်က နားမလည်ဟန်ဖြင့် ဆက်လက်မေးခွန်းထုတ်လိုက်၏။ "သိုင်းသူတော်စင်ဆိုတာ ဘာလဲ..."
ဧကရာဇ်ထိုက်ခန်က ရှင်းပြလာသည်။ "နင်တောက်ရွှမ်ရဲ့ သိုင်းပညာအဆင့်ကို မင်း သိလား..."
တာ့နင်အင်ပါယာ၏ နံပါတ်တစ် မဟာဆရာသခင်အကြောင်းကို တုပိုင် သိနေသည်မှာ အသေအချာပင် ဖြစ်၏။
ဧကရာဇ်ထိုက်ခန်က ဆက်ပြောလေ၏။ "သူက အထွတ်အထိပ် မဟာဆရာသခင်အဆင့်ကို ကျော်လွန်ပြီး ဝူဇွန်းနယ်ပယ်ကို ဝင်ရောက်သွားခဲ့ပြီ။ အခြားကမ္ဘာတွေရဲ့ အဆင့်သတ်မှတ်ချက်တွေအရဆိုရင် ဝူဇွန်းအဆင့်ရဲ့ အထက်မှာ သူတော်စင်တစ်ပိုင်းအဆင့် ရှိပြီး သူတော်စင်တစ်ပိုင်းအဆင့်ရဲ့ အထက်မှာမှ သိုင်းသူတော်စင်အဆင့် ရှိတာပဲ..."
တုပိုင် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိ၏။ ဆိုလိုသည်မှာ သူသည် နင်တောက်ရွှမ်ထက်ပင် အဆင့်သုံးဆင့်ခန့် ပိုမိုမြင့်မားနေရန် လိုအပ်သည်။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ထက် အဆဆယ်ဆမက ပိုမိုမြင့်မားနေရမည်လော။
ထိုက်ခန်က ဆက်လက်သတိပေးလိုက်၏။ "ဒုတိယအချက်က... ငရဲမျှော်စင်ရဲ့ စမ်းသပ်မှုက သေနိုင်လောက်တဲ့အထိကို အန္တရာယ်များတယ်။ ဒါကြောင့် မင်းရဲ့ အလိုအလျောက်သိစိတ်က လုံးဝ ကျော်ဖြတ်နိုင်စွမ်း မရှိတော့ဘူးလို့ ခံစားရတဲ့အခါ မဖြစ်မနေ ရပ်တန့်လိုက်ရမယ်။ မဟုတ်ရင် မင်း တကယ်ကို သေသွားလိမ့်မယ်... အခုအချိန်အထိ ငရဲမျှော်စင်ကနေ အောင်အောင်မြင်မြင် စမ်းသပ်မှုခံယူပြီး အသက်ရှင်လျက် ထွက်လာနိုင်တဲ့သူက ဆယ်ယောက်ထက် မပိုသေးဘူး"
"ဒီကမ္ဘာပေါ်မှာကို ဆယ်ယောက်တောင် မပြည့်သေးဘူး။ ဒါကြောင့် ကျင့်ကြံခြင်းနယ်ပယ်ကို အမြန်ဆုံး ဖောက်ထွက်နိုင်မယ်ဆိုတာကို လူမရေမတွက်နိုင်အောင် သိထားကြပေမဲ့ ဘယ်သူကမှ မဝင်ရဲကြဘူး။ ပျမ်းမျှအားဖြင့် လူတစ်ထောင် ဝင်သွားရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူက တစ်ယောက်တောင် ရှိမှာမဟုတ်ဘူး..."
"တတိယအချက်ကတော့ ငရဲမျှော်စင်အတွင်းက အချိန်ကုန်ဆုံးမှုက အပြင်ဘက်ကမ္ဘာနဲ့ လုံးဝကို ကွာခြားနေတာပဲ။ အဆင့်မြင့်လေလေ အချိန်စီးဆင်းမှုက ပိုပြီး နှေးကွေးလေလေပဲ။ အထဲမှာ ဆယ်နှစ်ကြာသွားရင်တောင် အပြင်ဘက်ကမ္ဘာမှာ သုံးရက်တောင် မပြည့်သေးတာမျိုး ဖြစ်နိုင်တယ်..."
ထိုအချက်သုံးချက်ကို ပြောပြပြီးနောက် ဧကရာဇ်ထိုက်ခန်က တုပိုင်အား စိုက်ကြည့်ကာ မေးလိုက်၏။ "မင်း ဘာမေးချင်သေးလဲ..."
တုပိုင်က မျှော်စင်ကြီးအား မော့ကြည့်ရင်း မေးလိုက်သည်။ "ဒီငရဲမျှော်စင်မှာ အထပ်ပေါင်း ဘယ်လောက်ရှိလဲ..."
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၇၇ + ၈၇၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။