← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်းး ၇၃ - ဖြူကြီးကို အောက်ခြေမရှိသောတွင်းထဲထည့်ခြင်းနှင့် ပေါင်ရှင်းကျီကို အံ့အားသင့်သွားစေခြင်း။

လုပေါင်သည် ဤခွေးနှစ်ကောင်ကို အောက်ခြေမရှိသောတွင်း ထဲသို့ ပစ်ထည့်ရန် မဝံ့ရဲပေ ၎င်းတို့ ပြဿနာရှာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

မြွေဟောက်မည်းကြီးအတွက်မူ အစားမစားဘဲ နေရသည်မှာ ပြဿနာမဟုတ်ပေ။၎င်းသည် မည်မျှကြာအောင် အစာငတ်ခံခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။အသွင်ပြောင်းကျား မှာလည်း အချိန်အတော်ကြာအောင် အစာမစားဘဲ နေနိုင်သလို မီးပုရွက်ဆိတ်နီများ၏ အခြေအနေမှာမူ ရှင်းလင်းစွာ မသိရသေးသော်လည်း ၎င်းတို့သည် အစားအစာအပေါ် တောင့်တမှု မရှိကြပုံရသည်။

သို့သော် ဤခွေးနှစ်ကောင်မှာမူ ထိုသို့ လုံးဝလုပ်နိုင်မည် မဟုတ်ပေ။

“ဝုတ်”

ဒါပေါင်ကလုပေါင်ပြောသည်ကို နားလည်သွားပုံရသည်။ပိုက်ဆံကိုကြည့်လိုက် လုပေါင်ကိုကြည့်ပြီးနောက် သူ၏ခေါင်းထဲတွင် ဝက်ခြေထောက်များအကြောင်းသာ ပြည့်နှက်နေပြီး ခေါင်းကို အဆက်မပြတ် ငြိမ့်ပြနေတော့သည်။

ဟေးမီ ၏ မျက်လုံးများမှာမူ ပြူးကျယ်သွားသည်။

‘ပိုက်ဆံတွေအများကြီးပါလား ဒါ... ဒါဆို ဝက်ခေါင်းသားတွေ ဘယ်လောက်တောင် ဝယ်လို့ရမလဲ။’

“ဂူး...”

ကြက်တူရွေးကြီးမှာလည်း လည်ပင်းကို ဆန့်ပြီး စူးစမ်းစွာ ကြည့်နေသည်။

ထိုငမွှေထိုး သုံးကောင်မှာ ပိုက်ဆံပုံကြီးကို ကြည့်ကာ ကြောင်အမ်းအမ်းဖြင့် ရပ်နေကြသည်။

လုပေါင်မှာ ၎င်းတို့ကို ကြည့်နေရန် အချိန်မရှိသဖြင့် ၎င်းတို့ဘာသာ ပစ္စည်းသွားဝယ်ရန်သာ လွှတ်ထားလိုက်ရသည်။ သူသည် ပင်လယ်အောက်က ရတနာများနှင့် သင်္ဘောပျက်များထဲက ရွှေငွေများကို အောက်ခြေမရှိသောတွင်းထဲသို့ အရင်ထည့်ရန် စီစဉ်ထားသည်။ဤမျှ အစွမ်းထက်သော စနစ် ရှိနေပါလျက်နှင့် ကုဋေပေါင်းများစွာသော ကြွယ်ဝမှု မရှိလျှင် တကယ်ကို သနားစရာ ကောင်းနေပေလိမ့်မည်။

ထိုအချိန်တွင် အမုန့်ရောက်လာပြီး လုပေါင်ကို အိမ်တွင် တွေ့သောအခါ အာ အာ နှင့် ဝမ်းသာအားရ နှုတ်ဆက်လေသည်။

“ဦးလေး ဖင်းအန်။”

လုပေါင် အပြင်သို့ ထွက်ကြိုကာ ပြုံးပြလိုက်သည်။

“ဒီနေ့Live မလွှင့်ဘူးလား။”

“အာ အာ အာ အာ။”

ဦးလေးဖင်းအန်မှာလက်ဟန်ခြေဟန်များဖြင့် အတင်းအသီး ပြုမူကာ သူ၏ဖုန်းထဲက WeChat မက်ဆေ့ချ်အချို့ကို ထုတ်ပြလေသည်။

“ဘာလဲ ကြည့်ပါရစေဦး။ ဟင်... ဒါ ဘာတွေလဲ...”

လုပေါင် အံ့အားသင့်သွားသည်။

‘Dragon Cat Live က တကယ်ပဲ ဦးနှောက်ထဲမှာ ပြဿနာ ရှိနေတာလား။ဒါ ဘယ်လို လုပ်ရပ်မျိုးလဲ။’

ဦးလေးဖင်းအန်၏ Live အကောင့်မှာ ရိုင်းစိုင်းသော အကြောင်းအရာများ လွှင့်သည်ဟုဆိုကာ ပိတ်ပင် ခံထားရသည်။ WeChat မှ ပေးပို့ထားသော မက်ဆေ့ချ်အချို့မှာ ဦးလေးဖင်းအန်ကို စာချုပ်ချုပ်ရန် အတင်းအကျပ် ဖိအားပေးနေခြင်းများဖြစ်သည်။အကယ်၍ မချုပ်ဆိုလျှင် ယခင်က လုပေါင် ကူညီပေးစဉ်က ရရှိခဲ့သော ငွေ ယွမ် နှစ်သိန်းနီးပါးကို ထုတ်ယူခွင့်ပေးမည်မဟုတ်ဟု ဆိုထားသည်။

ထို့အပြင် စာချုပ်မချုပ်လျှင် အကောင့်ကို အပြီးတိုင် ပိတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ထားသေးသည်။နောက်ထပ် မက်ဆေ့ချ်တစ်ခုတွင်မူ ဦးလေးဖင်းအန်အနေဖြင့် လုပေါင်နှင့် ဆက်သွယ်ပေးရန်နှင့် လုပေါင်ကို Dragon Cat နှင့် ပူးပေါင်းဆောင်ရွက်စေရန် မျှော်လင့်ကြောင်း စည်းကမ်းချက်အားလုံးကို ညှိနှိုင်းနိုင်ကြောင်း ပေးပို့ထားသည်။

ဦးလေးဖင်းအန်မှာ အလွန် စိုးရိမ်နေပုံရပြီး ခေါင်းကို တရစပ် ငြိမ့်ပြကာ လက်ဟန်ခြေဟန်များဖြင့် ထပ်မံ ပြသနေသည်။

“ဦးလေးဖင်းအန် ဒါကို ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်။”

လုပေါင် နားလည်လိုက်သည်မှာ တစ်ဖက်လူက ဦးလေးဖင်းအန်ကို လုံးဝ ဂရုမစိုက်ခြင်းပင်ဖြစ်သည်။ဦးလေးဖင်းအန်မှာ အထူးတလည် ပါရမီမရှိသလို စကားလည်း မပြောနိုင်ပေ။သူသည် အများအားဖြင့် သနားစိတ်ကို အခြေခံကာ ငွေရှာနေခြင်း ဖြစ်သည်။လုပေါင်၏ အကူအညီ ရှိလျှင်တောင်မှ နောင်တွင် သူ ဆက်လက် အောင်မြင်နေရန်မှာ မလွယ်ကူပေ။အစောပိုင်းက ဦးလေးဖင်းအန် သူ့ကို လာရှာခဲ့ခြင်းမှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။

လုပေါင် ခဏစဉ်းစားပြီးနောက် အကြံတစ်ခု ရလာသည်။ သူသည် လုလင်းဟွာ ထံသို့ တိုက်ရိုက် ဖုန်းဆက်လိုက်သည်။ ဤကိစ္စမှာ လုလင်းဟွာမှတစ်ဆင့်ဆိုလျှင် ဖြေရှင်းရန် လွယ်ကူလိမ့်မည်။

“အိုး... ငါတို့ရဲ့ နာမည်ကြီး Streamer ကြီးက ငါ့အတွက် ဘာသတင်းကောင်းများ ပါလာလို့လား။ဒါနဲ့ မင်း မနေ့က လွှင့်ခဲ့တဲ့ Live က နိုင်ငံခြားမှာပါ ပေါက်သွားပြီနော်။ ငါတို့ ပလက်ဖောင်းက Streamer အများကြီးက မင်းကို ဆရာတင်ချင်နေကြတာ။”

လုလင်းဟွာသည် လုပေါင် သူ့ဆီ ဖုန်းဆက်လိမ့်မည်ဟု မထင်ထားပေ။သူသည် ရွှင်ရွှင်ပျပျ ရှိနေသော်လည်း ဘာကိစ္စလဲဆိုသည်ကိုမူ အတော်လေး စူးစမ်းလိုနေသည်။

“တပည့်ခံတာကိုတော့ ထားလိုက်ပါဦး။ ဒါနဲ့ သူဌေး... Dragon Catမှာ ကျွန်တော် လက်ဆောင်တွေ ပေးခိုင်းခဲ့တဲ့ Streamer ကို မှတ်မိသေးလား။”

လုပေါင်ကဦးလေးဖင်းအန်ကို တစ်ချက် ကြည့်လိုက်သည်။

“မှတ်မိတာပေါ့ ဘာဖြစ်လို့လဲ။”

ထိုတစ်ကြိမ် လက်ဆောင်ပေးပြီးကတည်းက လုလင်းဟွာသည် ဦးလေးဖင်းအန်ကို အာရုံမစိုက်မိတော့ပော

“Dragon Cat က အခု သူ့အကောင့်ကို ပိတ်ချလိုက်ပြီ။သူ့ကို အသုံးချပြီး ကျွန်တော့်ကို ဆက်သွယ်ခိုင်းကာ ကျွန်တော့်ကို စာချုပ်ချုပ်ခိုင်းဖို့ ကြိုးစားနေတာ။သူ့အကောင့်ထဲက ငွေ ယွမ် နှစ်သိန်းနီးပါးကိုလည်း ထုတ်ယူခွင့် မပေးဘူး။သူ့ကို Ocean Live Streamကို ခေါ်လာချင်တယ်။ခင်ဗျား သူ့ကို စာချုပ်ချုပ်ပေးလို့ ရမလား။”

‘ဒီလို လှည့်ကွက်တွေ သုံးနေတာလာ။မင်းတို့ကို နောင်တရပြီး ငိုသွားအောင် ငါ လုပ်ပြမယ်။’

လုပေါင်သည်ဦးလေးဖင်းအန်အတွက် တရားမျှတမှုကို ရှာဖွေပေးရန် ဆုံးဖြတ်လိုက်သည်။

“ဘာပြောတယ်သူတို့က အဲဒီလိုတောင် လုပ်ရဲတာလား။”

လုလင်းဟွာမှာ ဤစကားကို ကြားသောအခါ ရယ်ပင်ရယ်ချင်သွားပြီး အမြန် ပြောလိုက်သည်။

“ချုပ်မယ် တိုက်ရိုက်ချုပ်မယ် ပြီးတော့ Streamer အကြီးစားတစ်ယောက်ရဲ့ ခံစားခွင့်တွေပါ ပေးမယ်။မင်းရဲ့ ဦးလေးဖင်းအန်ကို အဲဒီကနေ စာချုပ်ဖျက်ပြီး ထွက်လာခိုင်းလိုက်။ဒဏ်ကြေးကို ငါတို့ ပေးမယ်။ အကောင့်ပိတ်တာနဲ့ ငွေတွေ မတရားသိမ်းထားတဲ့ ကိစ္စကိုတော့ ငါတို့ ဥပဒေရေးရာဌာနကို ကိုင်တွယ်ခိုင်းလိုက်မယ်။အခြေအနေကို ပိုသိသွားတာနဲ့ မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေး အသင်းကိုလည်း ဆက်သွယ်ပြီး မင်းဦးလေးရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တောင်းဆိုလိုက်မယ်။ အဲဒီပိုက်ဆံ တစ်ပြားတစ်ချပ်မှ မပျောက်စေရဘူး။”

‘Dragon Cat က ရူးနေတာလား။မင်းတို့က ငါတို့ရဲ့ ထိပ်တန်း streamer ကိုတောင် လာပြီး နှိုက်ချင်နေတာလား။’

“သူက စာချုပ် မချုပ်ထားပါဘူး။အလွတ်တန်း Streamer တစ်ယောက်ပါပဲ။”

ဦးလေးဖျင်အန်းမှာ ယခင်က စာချုပ်ချုပ်ချင်သော်လည်း မည်သူကမျှ သူ့ကို မလိုချင်ခဲ့ကြပေ။

“ဒါဆို ပိုတောင် ကောင်းသေးတာပေါ့။ဒါဆိုရင် ဒဏ်ကြေးပေးစရာတောင် မလိုတော့ဘူး။ စိတ်မပူနဲ့ ငါ အဲဒီကို အဖွဲ့တစ်ဖွဲ့ ချက်ချင်း လွှတ်လိုက်မယ်။အခြေအနေကို စုံစမ်းပြီး ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးမယ်။”

လုလင်းဟွာသည် လုပေါင်၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး ဤကိစ္စကို အစွမ်းကုန် ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။

စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် လုလင်းဟွာက လုပေါင်အနေဖြင့် ဦးလေးဖင်းအန်ကို မြှင့်တင်ပေးရန်အတွက် live တစ်ခု အတူတူ လွှင့်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ထို့နောက်ပိုင်း ဖြစ်လာမည့်အရာများကမူ အရေးမကြီးတော့ပေ။လုလင်းဟွာသည် ယခုအခါ Ocean live stream၏ တိုးတတ်ရေးကို အသေအချာ ထိန်းချုပ်နေသည်။မကောင်းသော ရည်ရွယ်ချက်များ ဖြန့်ဝေသည့် Streamer အားလုံးကို ဖယ်ရှားပစ်ခဲ့သည်။လုပေါင်ရှိနေလျှင် Ocean live stream မှာ ပို၍ ပို၍ ကောင်းမွန်လာမည်ကို သူ သိနေသည်။

လုပေါင်ကလည်း သဘာဝကျကျပင် သဘောတူလိုက်သည်။

သို့သော် ဘာလွှင့်ရမည်နည်း။

စားသောက်တာ လွှင့်တာကလည်း စိတ်လှုပ်ရှားစရာ မကောင်းလှပေ။အမဲလိုက်တာကလည်း အခုဆိုရင် အကောင်တိုင်းက ကာကွယ်ထားတဲ့ သတ္တဝါတွေ ဖြစ်နေပြီဖြစ်သည်။ဦးလေးဖင်းအန်ကလည်း ပင်လယ်အောက်ကို ဆင်းလို့မပေ။လုပေါင် ခဏစဉ်းစားလိုက်ပြီး အချိန်ကို တွက်ချက်ကြည့်ရာ အကြံတစ်ခု ရလာသည်။

သူသည် ဦးလေးဖင်းအန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ဦးလေးဖင်းအန် ကျွန်တော်တို့ အပြင်ထွက်ပြီး Live လွှင့်ရင် ဘယ်လိုလဲ။တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ တောနက်ကြီးထဲကို သွားကြမယ်။”

သူသည် ဖြူကြီးကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။တစ်ဆက်တည်းမှာပင် ဖြူကြီး၏ ရတနာများကိုလည်း ရွှေ့ပြောင်းပေးမည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ပေါင်ရှင်းကျီကို ရှာတွေ့သွားပြီဖြစ်ရာ အဘိုးအိုပိုင်က သူ့ကို ရတနာအချို့ သေချာပေါက် ပေးပေလိမ့်မည်။

“အာ အာ။”

ဦးလေးဖျင်အန်းကဝမ်းသာအားရ ခေါင်းငြိမ့်ပြသည်။

“Dragon Cat ဘက်ကိုတော့ စိတ်မပူနဲ့တော့။ နောက်ဆိုရင် ဦးလေးက ကျွန်တော်နဲ့အတူ Ocean live မှာပဲ ရှိနေတော့မှာ။”

တောနက်ထဲကိုသွားလျှင် အသွင်ပြောင်းကျားကို စီးတော်ယဉ်အဖြစ် အသုံးပြုပါက လူနှစ်ယောက်ကို အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။ဖြူကြီးကို သွားရှာရသည်မှာ ဦးလေးဖင်းအန် ပါလာလျှင်တောင် လုံးဝ မခက်ခဲသည့်ကိစ္စပင်။Ocean live ကလည်း ဦးလေးဖင်းအန်ကို မတရား ပြုမူမည် မဟုတ်ပေ။

မနက်ဖြန် ထွက်ခွာမည်။

ဦးလေးဖင်းအန်သည်လည်း ပြင်ဆင်ရန်အတွက် အိမ်ပြန်သွားသည်။လုပေါင်ဘက်တွင်မူ သူသည် မျောက်ဖြူဂူ နှင့် ကျားတွင်း ဆီသို့ ပြန်သွားမည်ဖြစ်ကြောင်း ကြေညာသည့် ဗီဒီယိုတစ်ခုကို နှင်းလုံးလေးအား ရိုက်ကူးခိုင်းကာ တင်လိုက်သည်။သို့သော် ဘာအတွက်ကြောင့် သွားသည်ကိုမူ မပြောခဲ့ပေ။

ညနေစောင်းလာသောအခါ လုပေါင်သည် မီးပုရွက်ဆိတ်နီများအတွက် စားစရာ တစ်ခုခု လိုအပ်မလားဟု သွားကြည့်ရာ အောက်ခြေမရှိသောတွင်းနက်ကြိးထဲသို့ ရောက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်တက်သွားရသည်။

တွင်းကြီးအတွင်း၌ မီးနီပုရွက်ဆိတ် အသေကောင်ပေါင်း တစ်သန်းနီးပါး ရှိနေသည်။တစ်ဖက်တွင်မူ အပေါ်ဘက်၌ ပြည့်နှက်နေသော မီးနီပုရွက်ဆိတ်များမှာ အနည်းငယ် ပိုမို ကြီးထွားလာကြပြီး ပထမအဆင့် မျိုးဗီဇ‌ပြောင်း ပုရွက်ဆိတ်များပင် ပိုမို ပေါ်ထွက်လာခဲ့သည်။

ထို့အပြင် ၎င်းတို့ထဲတွင် ဒုတိယအဆင့် မျိုးဗီဇပြောင်း ပုရွက်ဆိတ်များကိုလည်း သူ တွေ့ရှိခဲ့သည်။၎င်းတို့မှာ လုံးဝ အသစ်စက်စက် ဒုတိယအဆင့် အသွင်ပြောင်း ပုရွက်ဆိတ်များဖြစ်ပြီး ခဏအတွင်းမှာပင် သုံးကောင်အထိ သူ တွေ့လိုက်ရသည်။

“ဒီ အောက်ခြေမရှိသောတွင်းနက်ကြီး က တကယ်ကို အံ့ဩစရာ ကောင်းလွန်းတယ်...”

သူ၏ အနိုင်မခံနိုင်သော ပုရွက်ဆိတ် စစ်တပ်ကြီး ပေါ်ထွက်လာပြီဖြစ်ကြောင်း လုပေါင် သိလိုက်ရသည်။ဒုတိယအဆင့် အသွင်ပြောင်း ပုရွက်ဆိတ်များ၏ ဉာဏ်ရည်မှာ ကလေးတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်။ အကယ်၍သာ ၎င်းတို့ကို စစ်သားများ သို့မဟုတ် ရဲများနှင့် တွဲဖက်ပေးလိုက်လျှင် မည်ကဲ့သို့ အံ့ဩဖွယ်ကောင်းသော ရလဒ်များ ထွက်ပေါ်လာမည်နည်း။

အသွင်ပြောင်းကျားမှာ ကျင့်ကြံနေဆဲဖြစ်ပြီး နီနီလေးကလည်း ၎င်း၏ရှေ့တွင် သွား၍ လှဲနေသည်။လုပေါင်သည် ခေါင်းပြူထွက်လာသော မြွေဟောက်မည်းကြီးကို ကြည့်လိုက်သည်။ဤမြွေကြီးမှာ အစပိုင်းက အောက်ခြေမရှိသောတွင်းနက် ထဲသို့ မှားယွင်းဝင်ရောက်မိပြီး ပိတ်မိနေခဲ့ရာမှ ဤမျှအထိ ကြီးထွားလာခဲ့သည့် မြွေငယ်လေးတစ်ကောင်သာ ဖြစ်နိုင်မည်လော။

“နီနီလေး မင်းတို့ တခြား အစားအစာတွေကော စားဖို့ လိုသေးလား။”

လုပေါင်ကနီနီလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

“ကျိ...”

နီနီလေးက အသိပေးချက်တစ်ခု ပေးပို့လိုက်သည်။ဤအတွင်းထဲ၌ မီးနီပုရွက်ဆိတ်များမှာ အချိန်တိုအတွင်း အစားအစာ မလိုအပ်ပေ။

“ကောင်းပြီ ဒီအတိုင်း ဆက်လုပ်ကြ။”

လုပေါင် နားလည်လိုက်သည်။ခဏတာအတွက် မလိုအပ်သော်လည်း အချိန်တန်လျှင်တော့ ၎င်းတို့ကို ကျွေးမွေးခြင်း သို့မဟုတ် အပြင်ထွက် အစာရှာခိုင်းခြင်းတို့ လုပ်ပေးရဦးမည်ဖြစ်သည်။

သူသည် တောနက်ထဲသို့သွားကာ ဖြူကြီးကို ရှာဖွေမည်ဖြစ်ပြီး မီးပုရွက်ဆိတ်နီစစ်တပ်ကြီးကိုလည်း အပြင်ထွက် အစာရှာခိုင်းမည်ဖြစ်သည်။ဖြူကြီး၏ ရတနာများကို အရင်သိမ်းဆည်းပြီးမှ ပင်လယ်အောက်က ရတနာများကို ဆက်လက် သိမ်းဆည်းမည်။

‘မျောက်အရက်နဲ့ ရွှေတုံး တွေရေ... ငါ လာနေပြီ။’

ပေါင်ရှင်းကျီငိုမည် မငိုမည်မှာမူ သူနှင့် မသက်ဆိုင်ပေ။

အခန်း ၇၄ - ခွေးများ ထောင်ချောက်ထဲသို့ ကိုယ်တိုင်ဝင်လာခြင်း။

မျောက်အရက်က တန်ဖိုးဖြတ်မရနိုင်သလို ထိုရွှေတုံး များသည်လည်း အလွန်တန်ဖိုးကြီးလေသည်။ယခုအခါ လုပေါင်သည် အောက်ခြေမရှိသောတွင်းနက်ကြီးကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ယခင်က သယ်မသွားနိုင်သည့်သမျှ အရာအားလုံးကို အတိုးရောအရင်းပါသိမ်းကျုံးယူတော့မည်ဖြစ်သည်။

ထိုစဉ်က စနစ် ၏ မြေပုံအမှတ်အသားများကို ချန်ထားခဲ့သည့် အကြံမှာ အလွန်ပင် အကျိုးရှိလှသည်။ယခုအခါ ၎င်းတို့ကို သွားရောက်ရယူရန် အလွန်ပင် အဆင်ပြေစေသည်။

ကြက်တူရွေးကြီး မှာမူ ခွေးနှစ်ကောင်ကို အဖော်ပြုပေးရန် ရွာတွင်ပင် ကျန်ရစ်ခဲ့ရသည်။၎င်းသည် ယခုအခါ အလွန်ပျော်ရွှင်နေသည်ကို လုပေါင် မြင်တွေ့ရသဖြင့် သေချာစဉ်းစားပြီးနောက် ၎င်း၏သခင်ဟောင်းနှင့် တွေ့ဆုံရန် ခေါ်မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။

လုပေါင်သည် ထိုနေ့မှာပင် မုန့်ဖင်းအန်နှင့်အတူ တောနက်ထဲသို့ ထွက်ခွာခဲ့သည်။ခရီးက အလွန်ဝေးလွန်းလှပြီး ယခုတစ်ခေါက်တွင် ရွှေများ သို့မဟုတ် ကြက်တူရွေးကြီး ပါမလာသဖြင့် ကားငှားစရာမလိုတော့ဘဲ တောနက်ကြီး ဆီသို့ လေယာဉ်ဖြင့် တိုက်ရိုက် ပျံသန်းခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ရတနာသိုက်များကို သိမ်းဆည်းရခြင်းထက် ပို၍ စိတ်လှုပ်ရှားစရာကောင်းသောအရာ ဘာရှိဦးမည်နည်း။ မြန်မြန်သိမ်းနိုင်လေကောင်းလေဖြစ်၏။

မွန်းလွဲပိုင်းတွင် မျက်နှာဝိုင်းလေးရွာသို့ရောက်ရှိလာသည်။

“ဒီကလေးမကတော့ မလာခင် ဖုန်းတောင် မဆက်ဘူး။ တစ်ယောက်တည်း လာတာလား။”

အဘွားအိုသည် သူမ၏ အဖိုးတန်မြေးမလေး ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် မျက်နှာဝင်းပသွားတော့သည်။

သူမက စူးစမ်းစွာဖြင့် မျက်နှာဝိုင်းလေး၏ ပါးကို ဆွဲလိုက်ပြီး

“ဒီရက်ပိုင်းအတွင်း မင်း ဝလာသလိုပဲလား မြေးမလေး... စားကောင်းတာတွေစားနေရလို့လား။”

မျက်နှာဝိုင်းလေးမှာ အဆီတစ်လွှာ တက်လာပုံရသည်။

“သမီးလည်း မသိဘူး။ သမီးက ဘာစားစား ဝမလာတဲ့ ကိုယ်ခန္ဓာမျိုးပါ။ဒါပေမဲ့ ဒီမနက် ကိုယ်အလေးချိန် ချိန်ကြည့်တော့ ၅ ပေါင်တောင် တက်နေတယ်။”

မျက်နှာဝိုင်းလေးမှာ ထိုစကားကို ကြားသည်နှင့် စိတ်မကောင်းဖြစ်သွားရသည်။ဘာတွေဖြစ်နေမှန်း မသိသဖြင့် သူမမှာ မွန်းလွဲစာကိုပင် မစားရဲတော့ပေ။

ဤသည်မှာ လုပေါင် ပေးခဲ့သော တောသီးများကြောင့် ဖြစ်သည်။သူမ၏ အစားရွေးတတ်ခြင်းနှင့် အစာအိမ်ပြဿနာများ ပျောက်ကွယ်သွားပြီးနောက် မြင်သမျှအရာအားလုံးကို စားချင်စိတ် ပေါက်နေခြင်းပင်

“ဒီလိုလေးက ပိုပြီး ချစ်စရာကောင်းပါတယ်။”

အဘွားအိုကပြုံးပြီး သူမ၏ခေါင်းကို ပုတ်ပေးလိုက်သည်။

ထိုစဉ် ဟေးမီ သည် ပါးစပ်တွင် ပိုက်ဆံကို ကိုက်လျက် အိမ်ထဲမှ ပြေးထွက်လာပြီးမျက်နှာဝိုင်းလေး၏ အံ့ဩနေသော မျက်လုံးများရှေ့မှာပင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

“ဝုတ်”

ဒါပေါင်က နောက်ကလိုက်လာပြီး မျက်နှာဝိုင်းလေးကို မြင်သောအခါ ဝမ်းသာအားရ ဟောင်ကာ အမြီးနံ့ပြသည်။ထို့နောက် နှင်းလုံးလေးကို ခေါ်ကာ ဟေးမီနောက်သို့ လိုက်သွားတော့သည်။သူတို့ ဝက်ခေါင်းသား သွားဝယ်ကြတော့မည်ဖြစ်သည်။

“အဘွား... ဟေးမီရဲ့ ပါးစပ်ထဲမှာ တစ်ရာတန် တစ်ရွက် ပါသွားသလိုပဲ...”

“မဖြစ်နိုင်တာတာ မြေးရယ် ခွေးက ဘာလို့ ပိုက်ဆံ သယ်မှာလဲ။သူတို့က အသား သွားဝယ်စားမှာမို့လို့လား။”

“…”

တာရှမ်းချွဲ ရွာ၊ အသားအရောင်းဆိုင်။

ရှောက်မီသည် ပိုက်ဆံဖြင့် ရောက်ရှိလာပြီး နောက်ခြေနှစ်ဖက်ဖြင့် ရပ်ကာ ပါးစပ်ထဲမှ ပိုက်ဆံကို ကောင်တာပေါ်သို့ တင်လိုက်သည်။ထို့နောက် ခြေဖဝါးဖြင့်ပင် အသာ တို့လိုက်သေးသည်။

“ဝုတ်”

‘သူဌေး ဝက်ခေါင်းသား တစ်ခု ဝယ်မယ်အကြီးဆုံးတစ်ခု ပေး။’

“ဝုတ်”

ဒါပေါင်နှင့်နှင်းလုံးလေးတို့လည်း ရောက်လာကြသည်။

နှင်းလုံးလေးသည် မှန်ကောင်တာပေါ်သို့ ပျံတက်နားလိုက်ပြီး ဒါပေါင်မှာမူ နောက်ခြေဖြင့်ရပ်ကာ အရသာရှိသော အစားအစာများကို ကြည့်ရင်း အမြီးကို အဆက်မပြတ် နံ့နေတော့သည်။

“ဟေးမီ ဒါပေါင် ဟင်... မင်းတို့ ဘယ်သူနဲ့ လာတာလဲ။”

ဆိုင်ရှင်က အသံကြားသဖြင့် မော့ကြည့်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

‘လူကဘယ်မှာလဲ။’

“ဝုတ်”

ဒါပေါင်ကဝက်ခေါင်းသားတစ်ခုကို ခြေဖဝါးဖြင့် ညွှန်ပြကာ ဆိုင်ရှင်ကို ဟောင်ပြလိုက်သည်။ထို့နောက် နှင်းလုံးလေးကို နှာခေါင်းဖြင့် တို့ကာ အချက်ပြလိုက်သည်။

“ဝက်ခေါင်းသား ဝယ်မယ်။”

“ဒါလေး...ဂူး”

နှင်းလုံးလေး ကောင်တာပေါ်မှာရပ်ပြီး စကားပြန်အဖြစ် လုပ်ပေးနေသည်။၎င်းသည် ခေါင်းကိုစောင်းကာ မိမိစားချင်သည့်အရာ ရှိမလား လိုက်ကြည့်နေရင်း နောက်ဆုံးတွင် မြေပဲများကို မျက်စိကျသွားတော့သည်။

“ဘုရားရေ... ဒါတွေက တကယ့်ကို နတ်ဝင်နေသလိုပဲ...”

ကြက်တူရွေး စကားပြောနိုင်တာက ဘယ်သူ့ကိုမှ ခြောက်လှန့်ဖို့ မလုံလောက်သော်လည်းဆိုင်ရှင်မှာ ပတ်ဝန်းကျင်ကို ကြည့်ပြီး လူကို ရှာမတွေ့သဖြင့် မျက်ခွံများ တလှုပ်လှုပ် ဖြစ်လာရသည်။

“ဝုတ်”

“ဂူး... ဝက်ခေါင်းသား ဝယ်ပါမယ်ဆို”

“ဒါက... “

ဆိုင်ရှင်ကပိုက်ဆံကို ကြည့်လိုက်ရာ အစစ်ဖြစ်နေသည်။သူက ခွေးနှစ်ကောင်နှင့် ကြက်တူရွေးကို ကြည့်ကာ

“မင်းတို့ ဒီဝက်ခေါင်းသားကို လိုချင်တာလား။တစ်ပိဿာကို ယွမ် ၃၀ ပေးရမယ်။ ဘယ်လောက်ဖိုး လိုချင်လဲ။ ခြင်းတောင်းရော ပါလား။”

ကြက်တူရွေးကြီးမှာ ထိုမေးခွန်းကြောင့် အနည်းငယ် ကြောင်သွားပြီး ဒါပေါင်ကို ပြန်ကြည့်လိုက်သည်။

“ဝုတ်”

‘အကုန်လုံးအိတ်နဲ့ထုပ်ပေးလိုက်။’

“…”

မိနစ်အနည်းငယ်အကြာတွင် ဆိုင်ရှင်က အလေးချိန် ချိန်လိုက်သည်။

သူက ချိန်ခွင်ကိုကြည့် ခွေးနှစ်ကောင်ကိုကြည့်ပြီးနောက် ဓားဖြင့် ဝက်ခေါင်းသား အတုံးကြီးတစ်ခုကို လှီးဖြတ်လိုက်သည်။ဒါပေါင်က ဂဏန်းများကို ကြည့်ရန် ခေါင်းကို အနီးကပ် ဆန့်ကြည့်လိုက်ပြီး ဆိုင်ရှင်ကို သွားဖြဲပြလိုက်သည်။

‘မင်းငါတို့ကို အလေးခိုးဖို့ ကြိုးစားနေတာလား။’

“ဝုတ် ဝုတ် ဝုတ်”

ကြက်တူရွေးကြီးက ခဏနားထောင်ပြီးနောက် လည်ပင်းကို ဆန့်ကာ အော်လိုက်သည်။

“မင်းစာမတက်ဘူးလားအလေးချိန် လျော့နေတယ်လေ။ ဂူးး...”

“ငါတော့ သရဲမြင်နေရပြီထင်တယ်...”

ရွာထဲတွင် ထူးဆန်းသော အဖြစ်အပျက်များ အမြဲဖြစ်ပျက်နေသဖြင့် ရွာသားများမှာ စိတ်ဓာတ် ကြံ့ခိုင်ကြသည်။ဆိုင်ရှင်သည် ဝက်ခေါင်းသား ၁၂ ယွမ်ဖိုးခန့် လိုနေသည်ကို မြင်သောအခါ အမြန်ပင် အသားတစ်တုံး ထပ်လှီးကာ ဖြည့်ပေးလိုက်သည်။

‘ဒါတွေက ဘာလို ခွေးမျိုးတွေလဲ။’

“တစ်ပိဿာ ၃၀ ယွမ်။ ယဒါက ၃ ပိဿာကျော်ကျော် ရှိတယ်။ ငါ ထုပ်ပေးလိမ့်မယ်။”

ဆိုင်ရှင်ကဝက်ခေါင်းသားကို အိတ်ထဲ အမြန်ထည့်ပေးလိုက်ပြီး ခဏစဉ်းစားပြီးနောက် အိတ်တစ်လုံး ထပ်စွပ်ပေးလိုက်သည်။

ဒါပေါင်က ခေါင်းကိုစောင်းပြီး တွက်ချက်ကြည့်ကာ အမြီးနံ့လျက် ခေါင်းကို တရစပ် ငြိမ့်ပြသည်။ဟေးမီမှာ ပို၍ပင် စိတ်လှုပ်ရှားနေပြီး ဟိုပြေးဒီပြေး လုပ်နေတော့သည်။သူတို့ ဝက်ခေါင်းသား စားရတော့မည်ဖြစ်သည်။စနိုးဘောက ပျံလာပြီး မြေပဲတစ်စေ့ကို ပါးစပ်ဖြင့် ကိုက်ကာ ပျံထွက်သွားသည်။

မကြာမီ နောက်ဖေးတောင်ကုန်းပေါ်က ကျောက်တုံးကြီးတစ်ခုပေါ်တွင်။

ခွေးနှစ်ကောင်မှာ ဝက်ခေါင်းသားကို အငမ်းမရ ကိုက်စားနေကြပြီး တစ်ခါတစ်ရံ မော့ကြည့်ကာ ဟောင်လိုက်သေးသည်။ပိုက်ဆံ ဘယ်လိုရှာရမလဲဆိုသည်ကို ဆက်သွယ်နေခြင်း ဖြစ်ပေလိမ့်မည်။ ပိုက်ဆံရှိမှသာ အသားတွေ ပိုဝယ်စားနိုင်မည် မဟုတ်လော။

“ဝုတ်”

‘အမဲလိုက်ပြီး ပိုက်ဆံလို့ရတယ် ငါသိတယ်။’

ဟေးမီသည် ယခင်က အမဲလိုက်မှုကြောင့် အဖမ်းခံခဲ့ရသည်ကို လုံးဝ မေ့သွားပုံရသည်။၎င်း၏ ခေါင်းထဲတွင် ပိုက်ဆံရှာရန်သာ ပြည့်နှက်နေသည်။ပိုက်ဆံရှိမှ အသားစားရမည်ဖြစ်သည်။ဒါပေါင်ကလည်း ခေါင်းကို အဆက်မပြတ် ငြိမ့်ပြနေသည်။သူတို့မှာ ကာကွယ်ထားသော သတ္တဝါများ အကြောင်းကို ဘာမှ နားမလည်ကြပေ။

ထိုညတွင် ဟေးမီနှင့် ဒါပေါင်တို့သည် တောင်ပေါ်သို့ တက်သွားကြသည်။တစ်ညလုံး ကြိုးစားပြီးနောက် တောဆိတ်ငယ်တစ်ကောင်ကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့ပြီး ဒါပေါင်က တောဝက်အကောင်လတ် တစ်ကောင်ကိုပင် ကိုက်သတ်လိုက်သေးသည်။

အရုဏ်မတက်မီ ခွေးနှစ်ကောင်မှာ တိုင်ပင်ပြီး ရဲခွေးလေ့ကျင့်ရေးစခန်းသို့ သွားကာ ပိုက်ဆံနှင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်ကြသည်။သူတို့က တခြားနေရာတွေကို မသိကြသော်လည်း ထိုနေရာက လူတွေကတော့ အရမ်းကောင်းကြသည်။လူတိုင်းက ကြင်နာတတ်ပြီး စိတ်နှလုံး ကောင်းကြသည်။အကုန်လုံး လူကောင်းတွေချည်းဖြစ်ကြသည်။

“ဝုတ် ဝုတ်”

ချက်ချင်းပင် သဘောတူညီမှု ရသွားပြီး ခွေးနှစ်ကောင်မှာ မှောင်မည်းနေသော ညကောင်းကင်အောက်တွင် ရဲခွေးစခန်းဆီသို့ ပြေးထွက်သွားကြတော့သည်။

ထို့ကြောင့်... အရုဏ်တက်ချိန်တွင် အလုပ်ဆင်းလာကြသော ရဲအရာရှိများသည် ပါးစပ်တွင် တောဆိတ်ငယ်တစ်ကောင်ကို ကိုက်ထားသော ခွေးတစ်ကောင်နှင့် တောဝက်တစ်ကောင်ကို ကိုက်ထားသော ခွေးတစ်ကောင်တို့သည် ပြည်သူ့ရဲတပ်ဖွဲ့၏ ပင်မဂိတ်ဝတွင် ထိုင်နေကြပြီး ယန်လီလီကို စောင့်မျှော်နေကြသည်ကို မြင်လိုက်ရတော့သည်။

“သူတို့ ဘာလုပ်နေကြတာလဲ။ဒါ တောဆိတ်လား...”

“ဘုရားရေ... ဒါ ပထမတန်းစား ကာကွယ်ထားတဲ့ သတ္တဝါပဲ...”

“တောဝက်တွေကလည်း အခုဆိုရင် ကာကွယ်ထားတဲ့ သတ္တဝါတွေ ဖြစ်ကုန်ပြီ။ သူတို့က လာပြီး အဖမ်းခံတာလား။”

“ဒါ ရဲခွေးစခန်းကို လာပြီး နှောင့်ယှက်နေတဲ့ ခွေးနှစ်ကောင် မဟုတ်လား။”

ထိုသို့ဖြင့် ခွေးနှစ်ကောင်မှာ ရဲအရာရှိများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

“ဝုတ်...”

ဟေးမီကဒါပေါင်ကို ကြည့်ကာ မျက်တောင်တခတ်ခတ် လုပ်နေသည်။

‘ဒါပေါင်... တစ်ခုခုတော့ မှားနေပြီထင်တယ်။ သူတို့က ငါတို့ကို ဘာလို့ ဝိုင်းထားကြတာလဲ။’

ဒါပေါင်လည်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။သူ၏ ဉာဏ်ရည် မည်မျှပင် မြင့်မားစေကာမူ ဟေးမီသည် ဤကိစ္စကြောင့် ယခင်က အဖမ်းခံခဲ့ရသည်ကို သူ မသိပေ။သူကတော့ ပိုက်ဆံရဖို့အတွက် လာရောင်းခြင်းသာ ဖြစ်သည်။မကြာမီ ရဲအရာရှိတစ်ဦးက ၎င်းတို့မှာ တောရိုင်းတောဆိတ်နှင့် တောဝက်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။

“သူတို့ကို အထဲခေါ်သွားလိုက်။”

ထိုသို့ဖြင့် ခွေးနှစ်ကောင်မှာ အထိန်းသိမ်းခံလိုက်ရတော့သည်။လုပေါင်မှာမူ သူ၏ ခွေးနှစ်ကောင်မှာ ယခုတစ်ကြိမ်တွင် ထောင်ချောက်ထဲသို့ ကိုယ်တိုင်ဝင်သွားပြီး ကာကွယ်ထားသော သတ္တဝါများကို သယ်ဆောင်မှုဖြင့် အထိန်းသိမ်းခံလိုက်ရသည်ကို မသိရှိပေ။ သူသည် မုန့်ဖင်းအန်နှင့်အတူ တောနက်ကြီးထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

“ဒါက ဘာမျိုးစိတ်လဲ...”

ယခုအချိန်တွင် သူသည် အသွင်ပြောင်းကျား၏ ကျောပေါ်တွင် ထိုင်နေပြီး မုန့်ဖင်းအန်မှာ သူ့နောက်တွင် ထိုင်နေသည်။အသွင်ပြောင်းကျားသည် တောအုပ်အတွင်းသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။

လုပေါင်၏ လက်ထဲတွင် တစ်ကိုယ်လုံး နီရဲနေသော်လည်း ရွှေရောင်ဖျော့ဖျော့ အတောင်ပံတစ်စုံပါရှိသော မီးပုရွက်ဆိတ်နီ တစ်ကောင် ရှိနေသည်။၎င်းမှာ ဒုတိယအဆင့် အသွင်ပြောင်းခြင်း မဟုတ်သော်လည်း ပထမအဆင့် အသွင်ပြောင်း မီးနီပုရွက်ဆိတ်နှင့် နှိုင်းယှဉ်လျှင် ရွှေရောင်အတောင်ပံတစ်စုံ ပိုပါလာခြင်း ဖြစ်သည်။ထိုအတောင်ပံများမှာ အလွန်မာကျောပြီး ဓားသွားကဲ့သို့ ထက်မြက်လှသည်။

တစ်ညတည်းမှာပင် ဤ ရွှေတောင်ပံ မီးပုရွက်နီဆိတ်ထောင်ပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် ဒုတိယအဆင့် အသွင်ပြောင်း ပုရွက်ဆိတ် ၃၀ ကျော်နှင့် မရေမတွက်နိုင်သော ပထမအဆင့် အသွင်ပြောင်း ပုရွက်ဆိတ်များလည်း ရှိနေသေးသည်။

မနေ့ညက သူနှင့် မုန့်ဖင်းအန်တို့ ဟိုတယ်တွင် တည်းခိုခဲ့ကြသည်။ညအချိန်တွင် သူသည် အောက်ခြေမရှိသောတွင်နက်ကြီး ထဲသို့ဝင်ကာ တောင်နတ်စောင့်နတ် ပုံရိပါယောင်ကျင့်စဉ် ကို အသုံးပြု၍ ကျင့်ကြံခဲ့သည်။

အောက်ခြေမရှိသောတွင်းနက်ကြီး၏ ထူးခြားသော ပတ်ဝန်းကျင်နှင့် တောင်နတ်စောင့်နတ် ပုံရိပ်ယောင် ကျင့်စဉ်တို့ ပေါင်းစပ်လိုက်သောအခါ ပထမအဆင့် အသွင်ပြောင်း မီးနီပုရွက်ဆိတ် အများအပြားမှာ အတောင်ပံများ ထွက်ပေါ်လာခဲ့သည်။လုပေါင်၏ လက်ထဲရှိ ရွှေတောင်ပံ မီးပုရွက်ဆိတ်နီများကဲ့သို့ပင်ဖြစ်သည်။

“ရပ်ဦး ခဏ နားကြစို့။”

လုပေါင်က သူတို့၏ တည်နေရာကို စစ်ဆေးပြီး အသွင်ပြောင်းကျား၏ ခေါင်းကြီးကို ပုတ်ပေးလိုက်သည်။အသွင်ပြောင်းကျားက ရပ်တန့်လိုက်ပြီး လုပေါင်ကို ပြန်ကြည့်သည်။၎င်း၏ ခန္ဓာကိုယ်မှာ အလွန်ပင် ကြီးမားလှသဖြင့် လူကြီးနှစ်ယောက် ကျောပေါ်မှာ ထိုင်နေလျှင်တောင် လုံးဝ မကျပ်ပေ။ဤသတ္တဝါကြီးမှာ Porsche သို့မဟုတ် Ferrari များထက်တောင် အဆပေါင်း ထောင်ချီ၍ ပိုကောင်းနေသည် မဟုတ်လော။

“အာ...”

မုန့်ဖင်းအန်သည် အသွင်ပြောင်းကျားကို စစ်ဆေးရန် အမြန်ဆင်းလိုက်ပြီး ၎င်း ပင်ပန်းသွားမည်ကို စိုးရိမ်သဖြင့် သတိထားကာ ပွတ်သပ်ပေးနေသည်။ရုပ်ရည်မှာ ကြောက်စရာကောင်းသော်လည်း တကယ်တမ်းတွင် အလွန်နူးညံ့သိမ်မွေ့သော ဤသူငယ်ချင်းကြီးအပေါ် မုန့်ဖင်းအန်မှာ ယခုအခါတွင် လုံးဝ မကြောက်တော့ပေ။

“ဒီမှာ တစ်ခုခု စားကြရအောင်။”

သူတို့မှာအလွန်စောစော ထွက်လာခဲ့ကြသဖြင့် မနက်စာ မစားရသေးပေ။ထို့အပြင် လုပေါင်သည် ယခုအခါ မီးပုရွက်ဆိတ်နီများကို လွှတ်ပေးပြီး တစ်ခုခု စားခိုင်းစေလိုသည်။

ဥက္ကာခဲ စွမ်းအင်တစ်ခုတည်းအပေါ် အားကိုးခြင်းက ၎င်းတို့ကို အစာမစားဘဲ နေနိုင်စေသော်လည်း ၎င်းမှာ အလွန်ပင် နာကျင်ဖွယ်ကောင်းလှပြီး သေဆုံးသွားသော ပုရွက်ဆိတ်အလောင်းများကို အချင်းချင်း ပြန်လည်စားသောက်သည့် ဖြစ်စဉ်များပင် ဖြစ်ပေါ်လာစေနိုင်သည်။

မုန့်ဖင်းအန်ကို နားရန် နေရာရှာပေးပြီးနောက် လုပေါင်သည် အသွင်ပြောင်းကျားကို အနီးအနားတွင် အမဲလိုက်ခိုင်းလိုက်ပြီး သူကိုယ်တိုင်မှာမူ တောအုပ်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားတော့သည်။

All Chapters