အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်းး ၇၅ - မီးဝိညာဉ်သီးမှည့်ခြင်းနှင့် မျောက်ဖြူဂူသို့ရတနာရှာရန် ပြန်လာခြင်း
တစ်ကီလိုမီတာအကွာတွင် ငှက်များမှာ လန့်ဖျန့်ပျံတက်သွားကြပြီး သားရဲတိရစ္ဆာန်များမှာလည်း အော်ဟစ်ကုန်ကြသည်။ မီးပုရွက်ဆိတ်နီ များမှာ မီးတောက်အလွှာတစ်ခုကဲ့သို့ အောက်ခြေမရှိသောတွင်းနက် ထဲမှ အဆက်မပြတ် တိုးထွက်လာကာ တောနက်ကြီးထဲသို့ ပျံ့နှံ့သွားတော့သည်။
လုပေါင် အနေဖြင့် ၎င်းတို့ကို အောက်ခြေမရှိသောတွင်းနက် ထဲသို့ အစားအစာများ ပစ်ထည့်ပေးကာ ကူညီနိုင်သော်လည်း ၎င်းတို့အတွက် လေ့ကျင့်ခန်းလည်း လိုအပ်ပေသည်။ဤကဲ့သို့ လွှတ်ကျောင်းသည့် နည်းလမ်းမှာ အတော်လေး ကောင်းမွန်လှသည်။
ပစ်မှတ် - အင်းဆက်အမျိုးမျိုး။ အခြားတိရစ္ဆာန်အားလုံးကို ချန်လှပ်ထားရန်။
မီးပုရွက်ဆိတ်နီ စစ်တပ်ကြီးမှာ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ငါးမိနစ်အကြာတွင်။
အနှစ်တစ်ထောင်ကျော် သက်တမ်းရှိနိုင်သော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ ထိပ်တွင် ရပ်နေရင်း လုပေါင်သည် မီးပုရွက်ဆိတ်များနီ၏ နယ်ပယ်ကို အကဲခတ်နေသည်။နီနီလေးက သူ၏ ပုခုံးပေါ်တွင် ရပ်ကာ အချိန်မရွေး အမိန့်ပေးရန် အသင့်ရှိနေသည်။
“မီးခိုးတွေလား။”
လုပေါင် အဝေးသို့ လှမ်းကြည့်လိုက်ရာ မည်းမှောင်နေသော မီးခိုးလုံးကြီးများ တက်လာသည်ကို တွေ့လိုက်ရသည်။သူ၏ အမြင်အာရုံမှာ အံ့ဩစရာကောင်းလှသဖြင့် ထိုနေရာမှ ထွက်ပြေးနေကြသော ငှက်အချို့ကိုပင် မြင်နေရသည်။
ဤမျှ ဝေးကွာသော နေရာမှဆိုလျှင် ၎င်းမှာ ထမင်းချက်သည့် မီးခိုး လုံးဝမဖြစ်နိုင်ပေ။
“ဒါဆိုရင်... တောမီးလောင်တာလား။”
စနစ် မြေပုံကို ဖွင့်ကြည့်လိုက်ရာ ထိုနေရာတွင် တောင်တန်းတစ်ခု ရှိနေသည်ကို လုပေါင် တွေ့လိုက်ရသည်။ဤတောနက်ကြီး၏ အထဲမှာ လူတွေ နေထိုင်နေကြခြင်းလားသို့မဟုတ် မီးတောင်ပေါက်ကွဲတာခြင်းလော။
မီးပုရွက်ဆိတ်နီတပ်မကြီးကို ကြည့်ရင်း လုပေါင် ခဏစဉ်းစားလိုက်ပြီးနောက် ၎င်းတို့ကို လေ့ကျင့်ခန်း ပိုရစေရန် နောက်ထပ် ငါးမိနစ်ခန့် စောင့်ပြီးမှ ပြန်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
လွှတ်ကျောင်းခြင်း ပြီးဆုံးသွားကာ မီးပုရွက်ဆိတ်နီစစ်တပ်ကြီး ပြန်လာကြသည်။
ပုရွက်ဆိတ်အများအပြားမှာ အစားအစာ အမျိုးမျိုးကို သယ်ဆောင်လာကြသည် ၎င်းတို့၏ ပုရွက်ဆိတ် ဗီဇအရ အစားအစာ သိုလှောင်ရန် သိနေကြပုံရသည်။အခွင့်အရေးရလျှင် သူတို့အတွက် အစားအစာ အမြောက်အမြား ပြင်ဆင်ပေးရမည်ဟု လုပေါင် တွေးလိုက်သည်။
အသွင်ပြောင်းကျား မှာမူ တောဝက်ကြီးတစ်ကောင်ကို ကိုက်ခဲနေပြီး အသားတုံးကြီးများကို ဆွဲဖဲ့ကာ တစ်လုပ်တည်းနှင့် မျိုချနေသည်။ဘေးတွင်ရှိသော မုန့်ဖင်းအန်မှာ ကြောင်ကြည့်နေရုံမှတစ်ပါး အခြားမရှိပေ။
မိနစ်အနည်းငယ်အကြာတွင် လုပေါင်နှင့် အဖွဲ့မှာ ထိုနေရာမှ ထွက်ခွာခဲ့ကြပြီး သွေးအိုင်ထဲတွင် ကျန်ရစ်ခဲ့သော တောဝက်အကြွင်းအကျန်များမှာမူ အခြားအသားစားသတ္တဝါများကို စောင့်ကြိုနေသကဲ့သို့ ရှိနေတော့သည်။ခုနက မီးနီပုရွက်ဆိတ်တပ်မကြီး၏ ပေါ်ထွက်လာမှုကြောင့် ၎င်းတို့၏ အရှိန်အဝါ မှာ ဤနယ်မြေရှိ အသားစား သတ္တဝါအားလုံးကို ခြောက်လှန့် မောင်းထုတ်လိုက်ပြီးသား ဖြစ်သည်။
“အရမ်းလှတာပဲ။”
၎င်းမှာ တကယ်ပင် မီးတောင်ပေါက်ကွဲခြင်း ဖြစ်နေသည်။
လုပေါင်နှင့် အဖွဲ့ မီးခိုးထွက်နေသော တောင်တန်းသို့ ရောက်သောအခါ မီးတောင်ဝမှ စီးကျလာသော ချော်ရည်များကို တွေ့လိုက်ရသည်။ချော်ရည်များမှာ ဖြည်းညှင်းစွာ စီးကျလာပြီး ထိမိသမျှ သစ်ပင်တိုင်းမှာ ချက်ချင်းပင် မီးလောင်ကျွမ်းသွားတော့သည်။
ဤနေရာရှိ အပူချိန်မှာ မနိမ့်လှပေ။၎င်းမှာ တိတ်ဆိတ်သော မီးတောင်ပေါက်ကွဲမှုမျိုးဖြစ်ပြီး မြင်ကွင်းမှာ တကယ့်ကို အံ့မခန်းပင်။
“ငါ အပေါ်တက်ပြီး ကြည့်လိုက်ဦးမယ်။”
လုပေါင်မှာသူ၏ အစွမ်းအစကို ယုံကြည်သဖြင့် ရဲရဲဝံ့ဝံ့ပင် အချက်ပြကာ အန္တရာယ်ဇုန်ထဲသို့ လျှောက်ဝင်သွားသည်။မုန့်ဖင်းအန်မှာ အလွန်လန့်သွားပြီး အာ အာ နှင့် အော်ကာ အကယ်၍သာ ချော်ရည်ထဲ ချော်ကျသွားလျှင် တစ်ခဏချင်း ပြာဖြစ်သွားနိုင်ကြောင်း အချက်ပြနေသည်။
ချော်ရည်များမှာ စီးဆင်းနေပြီး ၎င်းအတွင်း၌ နီရဲနေသော အရာဝတ္ထုများစွာ တဖျတ်ဖျတ် တောက်ပနေသည်။
“ကျောက်မျက်ရတနာတွေပါလား။”
စီးဆင်းနေသော ချော်ရည်များအကြားတွင် အလွန်သေးငယ်သော အနီရောင် ကျောက်မျက်ရတနာလေးတစ်ခုကို လုပေါင် မြင်လိုက်ရသည်။အကယ်၍ ၎င်း၏ သိသာထင်ရှားသော အလင်းပြန်မှုသာ မရှိလျှင် သူ မြင်နိုင်မည် မဟုတ်ပေ။
ထို ပတ္တမြားမှာ ချော်ရည်များနှင့်အတူ ပွင့်ထွက်လာခြင်း ဖြစ်ပုံရသည်။၎င်းမှာ ကျောက်ရိုင်းဖြစ်ပြီး အလွန်သေးငယ်သော်လည်း တန်ဖိုးမှာတော့ မဆိုးလှပေ။ ရတနာရှာဖွေသူ တစ်ယောက်အတွက်မူ ၎င်းမှာ မျှော်လင့်မထားသော လက်ဆောင်တစ်ခုပင်ဖြစ်နေ၏။
မုန့်ဖင်းအန်မှာမူ ၎င်းကို မမြင်ရသဖြင့် လုပေါင်ကို အပေါ်သို့ပြန်လာရန်သာ တတွတ်တွတ် အမူအရာ ပြနေသည်။
“ရပါတယ် ငါ နည်းနည်းလောက် ထပ်ရှာကြည့်ဦးမယ်။”
လုပေါင်သည် အန္တရာယ်ရှိသော အနားသတ်တွင် မိနစ်အနည်းငယ်ကြာ စောင့်ကြည့်နေသည်။ချော်ရည်ထဲတွင် တစ်ဝက်တစ်ပျက် ပေါ်နေပြီး သူနှင့် နီးကပ်လာသော ထိုပတ္တမြားလေးမှလွဲ၍ အခြားကျောက်မျက်ရတနာ တစ်ခုမှ မတွေ့ရပေ။
ဆယ်မိနစ်ခန့် စောင့်ပြီးနောက်တွင် စနစ်၏ မစ်ရှင်မှာ ရောက်မလာခဲ့သော်လည်း သူသည် လက်မဝက်ခန့် အရွယ်အစားရှိသော ပတ္တမြားရိုင်းလေးကို ရရှိခဲ့သည်။၎င်းမှာ တန်ဖိုး အလွန်ကြီးပုံတော့ မရပေ။
“Live လွှင့်ဖို့လည်း ဘာမှ စိတ်ဝင်စားစရာ မရှိဘူးပဲ။”
လုပေါင်ကပတ္တမြားလေးကို ကိုင်ကြည့်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ဤသည်မှာ ဦးလေးဖင်းအန်ကို Live ထဲ ပထမဆုံးအကြိမ် တရားဝင် ခေါ်လာခြင်းဖြစ်ရာ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်နေဖို့ လိုသည် မဟုတ်လော။ဤနေရာမှာတော့ သိပ်ပြီး အဆင်မပြေလှပေ။
လုပေါင် ပြန်လာသည်ကို မြင်သောအခါ မုန့်ဖင်းအန် နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။ထို့နောက် ဤနေရာမှာ အန္တရာယ်ကြီးလွန်းသဖြင့် အမြန်ထွက်ခွာရန် အချက်ပြလေသည်။
“ဖြူကြီးဆီသွားကြစို့။”
လုပေါင်သည် အသွင်ပြောင်းကျား၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။သူသည် ဖြူကြီး၏ နေရာသို့ အရင်သွားကာ ရတနာများ ပြန်လည်ရယူပုံကို Live လွှင့်မည်ဖြစ်ပြီးထို့နောက်မှ ရွှေရောင်ကျား ကို သွားတွေ့မည် ဖြစ်သည်။
လုပေါင် ထွက်ခွာသွားပြီး မကြာမီမှာပင် မီးတောင်ဝမှ သင်းပျံ့သော ရနံ့တစ်ခု စတင်ပျံ့လွင့်လာသည်။
တစ်နာရီအကြာတွင် တစ်ကိုယ်လုံး မည်းနက်ပြောင်လက်နေပြီး တစ်မီတာခန့် ရှည်လျားသော ဧရာမ ကင်းခြေများကြီး တစ်ကောင် ရောက်လာသည်။၎င်းသည် ချော်ရည်များဘေးတွင် လှည့်ပတ်နေရင်း အတွင်းထဲသို့ ဝင်နိုင်မည့် လမ်းကို ရှာဖွေနေသည်။ ကောင်းကင်တွင်လည်း ထူးဆန်းသော ငှက်တစ်ကောင် ပေါ်လာပြီး မီးတောင်ဝ၏ အပေါ်တွင် ဝဲပျံနေတော့သည်။
မျောက်ဖြူဂူ။
မျောက်ဖြူဘုရင်သည် ဂူဝတွင် ရပ်ကာ အဝေးသို့ ငေးကြည့်နေသည်။၎င်း၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မတ်လာပြီး ၎င်း၏ အရှိန်အဝါမှာလည်း ပိုမို ပြင်းထန်လာသည်။
“ပေါင်ရှင်းကျီ မီးဝိညာဥ်သီး ကလည်း မှည့်တော့မယ်။ မင်း ဘယ်မှာလဲ...။”
၎င်းသည် မီးဝိညာဦကို သွားရောက် ခူးယူရန် ပြင်ဆင်နေစဉ်မှာပင် အခြားတစ်ဖက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ရင်းနှီးသော အရှိန်အဝါတစ်ခုသည် သားရဲတိရစ္ဆာန် တစ်ကောင်၏ အရှိန်အဝါနှင့်အတူ သူ၏ နယ်မြေထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
“ဒါ...အဲဒီကလေးပဲ။”
ထိုအချိန်တွင် လုပေါင်မှာမူ Live ကို စတင်လိုက်ရုံရှိသေးသော်လည်း စနစ်ထံမှ ရုတ်တရက် မြည်လာသော မစ်ရှင်တစ်ခုကြောင့် လန့်သွားရသည်။စနစ်က တမင်တကာ လုပ်နေတာလားဟု သူ သံသယဝင်မိသည်။
“တိုက်ဆိုင်မှု မစ်ရှင်စတင်ပြီ - နှစ်တစ်ထောင် မီးဝိညာဥ်သီးကို ခူးဆွတ်ပါ။ နှစ်တစ်ထောင် မီးဝိညာဉ်သီး မှည့်ရန် ကျန်ရှိချိန် ၂၁၁ နာရီ ၄၅ မိနစ်။
ဤနေရာမှာ သူ ခုနက သွားခဲ့သော မီးတောင်ပင် ဖြစ်သည်။
‘ငါအဲဒီမှာ တစ်ချိန်လုံး ရပ်နေတုန်းကတော့ မပေါ်လာဘဲအခုမှ ပေါ်လာရလား။’
သို့သော် ဤမစ်ရှင်၏ အချိန်မှာ အတော်လေး ကြာနေသေးသည်။မှည့်ရန် နောက်ထပ် ကိုးရက်ခန့် လိုသေးသည်။ထိုချော်ရည်များ ခဲသွားရန်မှာလည်း အချိန်အတော်ကြာပေလိမ့်မည်။
မျောက်ဖြူဂူသို့ ပြန်ရောက်လာခြင်းနှင့် အသွင်ပြောင်းကျားကြီးကို စီးလာခြင်းကြောင့် Live လွှင့်ပြီး တစ်မိနစ်ပင် မပြည့်သေးခင်မှာတင် Comment များမှာ လက်ဆောင်များနှင့်အတူ ရူးသွပ်စွာ တက်လာတော့သည်။
“အသွင်ပြောင်းကျားကြီးကို ယဉ်ပါးအောင် လုပ်လိုက်တာလား။”
“ဘုရားရေ... အသွင်ပြောင်းကျားကြီးက စီးစရာ တိရစ္ဆာန် ဖြစ်သွားပြီလား။”
“နတ်ဘုရားပဲ။*
“ဒါ Dragon Cat က ဆွံအ Streamer မဟုတ်လား။သူက ဘယ်လိုလုပ် ရတနာနတ်ဘုရားနဲ့အတူ မျောက်ဖြူဂူကို ရောက်နေတာလဲ ဟင်း... ဒီနေ့ ခေါင်းစဉ်က စိတ်ဝင်စားစရာပဲ ဖြူကြီးရဲ့ မျောက်အရက်နဲ့ ရွှေတွေကို လုယူခြင်း တဲ့။”
အသွင်ပြောင်းကျားကြီးကို စီးလာသည်ကို Live ကြည့်ရှုသူများမှာ လက်ခံရန် အနည်းငယ် ခက်ခဲနေကြသည်။
“မင်းက ထူးဆန်းတဲ့ကောင် ဖြစ်နေတာ ထားပါဦး ဒါပေမဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ အသွင်းပြောင်းကျားကြီးကိုတောင် ဘယ်လိုလုပ် ယဉ်ပါးအောင် လုပ်နိုင်ရတာလဲ။”
လုပေါင်နှင့် မုန့်ဖင်းအန် ခြင်္သေ့ကျားပေါ်မှ ဆင်းကာ နှုတ်ဆက်လိုက်သည်။
“ပရိတ်သက်တို့ရေ ဒီနေ့တော့ ဖြူကြီးရဲ့ ရတနာတွေကို အရင်လုမယ် ပြီးမှ အသွင်ပြောင်းကျားကြီးအတွက် မိန်းမချော ရွှေရောင်ခြင်္သေ့မတစ်ကောင် သွားရှာပေးမယ်။ကျွန်တော့် ဦးလေးဖင်းအန်ကတော့ Dragon Cat live ဆက်လွှင့်မှာ မဟုတ်တော့ဘူး။Dragon Cat က သူက စာချုပ်ချုပ်ထားတဲ့ Streamer မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ Live က ရထားတဲ့ လက်ဆောင်ငွေ ယွမ် သိန်းချီကို ထုတ်ယူခွင့်မပေးဘဲ ပိတ်ထားတယ်။ အားလုံးပဲ နောင်မှာ ကျွန်တော့် ဦးလေးဖင်းအန်ကို ပိုပြီး အားပေးကြပါဦး။ဦးလေးဖင်းအန်တစ်ယောက် Streamer ကြီး ဖြစ်လာပြီး ရွာကို ချမ်းသာအောင် ဦးဆောင်နိုင်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ်။”
Dragon Cat အပေါ် မုန်းတီးစိတ်လေး နည်းနည်း မွေးပေးလိုက်သည်။
‘သွားစမ်းပါ အမှိုက် ပလက်ဖောင်းကြီး။’
မုန့်ဖင်းအန်မှာမူ ကောင်းကင်ရှိ သတ္တုလုံးလေးကို ကြောင်ကြည့်နေသည်။အခုခေတ် နည်းပညာက ဒီလောက်တောင် တိုးတက်နေတာလား။
“ဝေါင်းးး”
ထိုစဉ် ခြင်္သေ့ကျားကြီးမှာ ရုတ်တရက် ဒေါသတကြီး ဟောက်လိုက်သည်။၎င်း၏ အမွှေးများမှာ ထောင်ထလာပြီး အဝေးတစ်နေရာကို ပြင်းထန်သော အရှိန်အဝါဖြင့် စိုက်ကြည့်နေသည်။
“ကျိ ကျိ ကျိ”
“ကျိ ကျိ”
မျောက်ဖြူများ၏ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။တစ်ချိန်တည်းမှာပင် ဧရာမ ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ဖြူကြိီးပင်ဖြစ်သည်။ထိုသန်မာလှသော မျောက်ဖြူဘုရင်သည် တောအုပ်ထဲမှ ထွက်လာခဲ့ပြီဖြစ်သည်။
“ဖြူကြီး ကျွန်တော် ရောက်ပြီ။”
လုပေါင်က တက်ကြွသော မျက်နှာဖြင့် ပြောလိုက်သည်။
“ဖြူကြီး ကျွန်တော် ပေါင်ရှင်းကျီကို ရှာတွေ့ပြီ သူ့ကို ရှာဖို့အတွက် ကျွန်တော် ခွန်အားတွေ အများကြီး စိုက်ထုတ်ခဲ့ရသလို ပိုက်ဆံတွေလည်း အများကြီး ကုန်ခဲ့တယ်။”
အသွင်ပြောင်းကျားကြီးကို ကြည့်နေသော ဖြူကြီး၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာသည်။၎င်း၏ အသံမှာ ကျယ်လောင်သော်လည်း အနည်းငယ် တုန်ယင်နေလျက် မေးလိုက်သည်။
“ပေါင်ရှင်းကျီ... သူ ဘယ်မှာလဲ။”
မျှော်လင့်ထားတဲ့အတိုင်းပင်သူ တကယ်ကို စိတ်လှုပ်ရှားနေသည်။သူ့ယောကျ်ား ပြန်လာမှာကို စောင့်နေတဲ့ ဇနီးသည်တစ်ယောက်လိုပင်ဖြစ်သည်။အကယ်၍သာ ဖြူကြီးက ပေါင်ရှင်းကျီနှင် တာအိုကျင့်စဥ် တွဲကျင့် ချင်နေသည်ဆိုတာကို ချင်ပိုင်လျဲ့ထံမှ မသိခဲ့လျှင် သူ့ကို သေအောင်ရိုက်လျှင်တောင် ဒီအချက်ကို ယုံကြည်မည် မဟုတ်ပေ။
“သူ နောက် ကိုးရက် ဆယ်ရက်လောက်နေရင် ပြန်လာလိမ့်မယ်။သူက အရမ်းဝေးတဲ့ နေရာမှာ ရောက်နေတာ။ချင်ပိုင်လျဲ့ကို သိတယ်မလား။သူ ပြောပြတာ။ပေါင်ရှင်းကျီ တကယ်ပဲ လမ်းပျောက်သွားပြီး ဒီနေရာကို ရှာမတွေ့ခဲ့တာ ဖြစ်ပုံရတယ်။”
“ဝေါင်းးး”
ကောင်းကင်ကို မော့ကာ အကြာကြီး ဟိန်းဟောက်လိုက်သည်နှင့် မျောက်ဘုရင်ကြီး၏ အရှိန်အဝါမှာ ချက်ချင်းပင် အဆပေါင်းများစွာ မြင့်တက်သွားသည်။စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်သောအသံမှာ ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ရွှေကိုပင် အရည်ပျော်စေကာ ကျောက်တုံးကိုပင် အက်ကွဲစေနိုင်လောက်အောင် ကျယ်လောင်လှသည်။
အသွင်ပြောင်းကျားကြီးမှာ ခန္ဓာကိုယ်ကို ကွေးလိုက်ပြီး ၎င်း၏ အရှိန်အဝါမှာလည်း ပိုမို ပြင်းထန်လာသည်။၎င်းသည် မျောက်ဘုရင်ကို အနည်းငယ် ကြောက်လန့်နေပုံရသည်။
“ရပါတယ် ဘာမှမဖြစ်ဘူး ဖြူကြီးက ပျော်လွန်းလို့ပါ။”
လုပေါင်ကအသွင်ပြောင်းကျားကို ပုတ်ပေးရင်း အနည်းငယ် အားနာသလို ခံစားလိုက်ရသည်။အချိန်တန်လျှင် ပေါင်ရှင်းကျီက ကျေးဇူးကန်းပြီး အဘိုးအိုပိုင်ရဲ့ နှလုံးသားကို မခွဲပစ်ဖို့ သူ မျှော်လင့်မိသည်။
‘နေ့ညမပြတ်နှစ်ပေါင်း ၁၆၀တောင် စောင့်စားခဲ့ရတာ တောက် အဲဒီ ပေါင်ရှင်းကျီကတော့ တကယ်ကို လူကောင်း မဟုတ်ဘူးပဲ။’
‘ဖြူကြီးကတော့ ဘယ်လောက်တောင် သစ္စာလိုက်သလဲ။’
“ဝူး ဝူး ဝူး”
“ဝူး ဝူး”
မရေမတွက်နိုင်သော မျောက်ဖြူများမှာလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်ကာ ဂုဏ်ပြုရန် ပြေးထွက်လာကြသည်။သူတို့၏ ဘုရင် ပျော်ရွှင်နေသည်ကို သူတို့ ခံစားမိကြပြီးအကြောင်းရင်းကို မသိသော်လည်း သူတို့ပါ လိုက်ပြီး ပျော်ရွှင်နေကြခြင်း ဖြစ်သည်။
အခန်း ၇၆ - ရွှေတွေက ငါ့ဟာ မျောက်အရက်ကလည်း ငါ့ဟာ အားလုံးက ငါ့ဟာ ငါ့ဟာတွေချည်းပဲ။
ဖြူကြီး သည် အသွင်ပြောင်းကျားထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်သည်မှာ ထင်ရှားလှသည်။ပေါင်ရှင်းကျီသည် တစ်ညတည်းနှင့် ရထားတစ်တွဲလုံးစာ ပစ္စည်းများသယ်ကာ ထွက်ပြေးသွားသည်မှာလည်း မဆန်းတော့ပေ။သူသည်ပင် ပေါင်ရှင်းကျီကို အနိုင်မတိုက်နိုင်ခဲ့ပုံရသည်။
မုန့်ဖင်းအန် မှာမူ ဟိန်းဟောက်သံကြောင့် ခေါင်းနားပန်းကြီးသွားပြီး မျက်လုံးများ ပြူးထွက်ကာ သတိပြန်ဝင်လာရန် အတော်လေး အချိန်ယူလိုက်ရသည်။
မျောက်ဘုရင်ကြီး စိတ်ကြည်လင်နေသည့်အခါ မျောက်ဖြူများအားလုံး ပျော်ရွှင်နေကြသည်။မျောက်ဖြူများအားလုံးက အူးဝူး အူးဝူး ဟု အော်ဟစ်ကာ အောင်ပွဲခံနေကြသည်။ ၎င်းကို ကြည့်ရင်း လုပေါင်၏ နှုတ်ခမ်းမှာ တွန့်ချိုးသွားတော့သည်။ဤမျောက်ဖြူများသည် ဘာမှနားမလည်ဘဲ လူအုပ်လိုက် ပျော်နေကြခြင်းသာ ဖြစ်မည်ဟု သူ အသေအချာ သိလိုက်သည်။
မရေမတွက်နိုင်သော မျောက်ဖြူများသည် သစ်သီးများကို စတင်ခူးဆွတ်ခြင်း ကခုန်ခြင်းနှင့် အပေါ်အောက် ပြေးလွှားဆော့ကစားခြင်းတို့ဖြင့် အောင်ပွဲခံနေကြသဖြင့် ထိုနေရာတစ်ခုလုံးမှာ ကခုန်ပွဲကြီးတစ်ခုအလား ပြောင်းလဲသွားသည်။
ဖြူကြီး၏ဂူ ထဲတွင်မူ အသွင်ပြောင်းကျားသည် အဝင်ဝ၌သာ ထိုင်နေပြီး အတွင်းသို့ ဝင်မလာရဲပေ။ဖြူကြီး ချန်ထားခဲ့သော ကျန်ရှိနေသည့် အရှိန်အဝါများက သူ့ကို ဂနာမငြိမ်ဖြစ်စေပြီး သူစိမ်းတစ်ယောက်၏ နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်နေသလို ခံစားနေရသောကြောင့် ဖြစ်သည်။
လုပေါင်သည် မုန့်ဖင်းအန်ကို ခေါ်၍ ဂူထဲသို့ ဝင်လာသည်။ ယပြီးခဲ့သည့်တစ်ခေါက်ကကဲ့သို့ပင် ရွှေများမှာ နေရာအနှံ့ ပျံ့ကျဲနေသည်။
မုန့်ဖင်းအန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဤနေရာတွင် တကယ့်ကို ရတနာသိုက်ကြီး ရှိနေသည်။
“ချင်ပိုင်လျဲ့ က လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ်တုန်းက ကမ္ဘာမြေရဲ့ ရတနာ တစ်ခု မှည့်မယ့်အချိန်ကို လာကြည့်ခဲ့ဖူးတယ်။မင်းဆီကနေ ပေါင်ရှင်းကျီရဲ့ သတင်းကို တကယ် ကြားရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”
ဖြူကြီးသည် မျောက်အရက်အိုးများရှိရာသို့ လမ်းလျှောက်သွားသည်။
“ချင်ပိုင်လျဲ့က ဒီကို လာခဲ့ဖူးတာလား။”
ဖြူကြီးကြီးကသူ့ကို အလွယ်တကူ ဘာကြောင့် ယုံကြည်ခဲ့သလဲဆိုသည်မှာမဆန်းတော့ပေ။ချင်ပိုင်လျဲ့ ဤနေရာသို့ ရောက်ဖူးခဲ့သည်ကိုး။
‘ကမ္ဘာမြေရဲ့ရတနာလားခဏနေဦး... အဲဒါကဘာများ... ‘
လုပေါင်သည်နှစ်တစ်ထောင် မီးဝိညာဉ်သီးကို ချက်ချင်းပင် တွေးမိသွားတော့သည်။
ဖြူကြီးသည် အလွန်ဝမ်းသာနေတော့သည်။ သူသည် မျောက်အရက်အိုးတစ်လုံးကို ဆွဲယူကာ အဖုံးကို လှည့်ဖွင့်ပြီး လုပေါင်ထံ ကမ်းပေးလိုက်သည်။
သစ်သီးနံ့နှင့် ပြင်းရှရှ အရက်နံ့တို့ ရောယှက်နေသော ရနံ့တစ်ခု ပျံ့လွင့်လာသည်။
“အို... ဒါကို ငါ ဘယ်လို လက်ခံနိုင်ပါ့မလဲ။ ကျေးဇူးတင်ပါတယ် ဖြူကြီ။”
လုပေါင်ကထိုသို့ပြောလိုက်သော်လည်း သူ၏လက်များမှာမူ အလွန်သွက်လက်နေသည်။သူသည် ကျွမ်းကျင်စွာပင် ထိုအရက်ကို သူ၏ ကျောပိုးအိတ်ထဲမှ ရေဘူးထဲသို့ စတင်ပြောင်းထည့်လေတော့သည်။
“ဦးလေးဖင်းအန... ဒါ ဦးလေးရဲ့ ရေဘူး။ ဒါလေး မြည်းကြည့်စမ်းပါ တကယ့် ပစ္စည်းကောင်းပဲ။”
ဤပစ္စည်းမှာ တန်ဖိုးဖြတ်၍မရပေ သောက်ချင်တိုင်း သောက်ခွင့်ရသော အရာမျိုး မဟုတ်ပါ။ထို့ပြင် ဤသည်မှာ မျောက်ဘုရင်ကြီး ကိုယ်တိုင် နှစ်ပေါင်းများစွာကြာအောင် ချက်လုပ်ထားခြင်း ဖြစ်ပြီး သူကိုယ်တိုင်ပင် တစ်အိုးတည်းသာ သောက်ရန် သိမ်းထားခြင်း ဖြစ်သည်။
အရည်မှာ အနီရောင်နှင့် အစိမ်းရောင် ရောယှက်နေပြီး ပယင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေသည်။
“ဟင်...”
မုန့်ဖင်းအန်သည် ရေဘူးထဲမှ မျောက်အရက်ကို ကြည့်လိုက် လုပေါင်ကို ကြည့်လိုက်နှင့် တံတွေးမြိုချလိုက်သည်။
“လာ... သောက်ကြစို့။”
လုပေါင်က အရိပ်အယောင်ပြကာ တစ်ငုံမျှ မြည်းကြည့်လိုက်ရာ ချက်ချင်းပင် အေးမြသလိုလိုနှင့် ပူလောင်သွားပြီး မွှေးကြိုင်ကာ နူးညံ့ပျော့ပျောင်းသော အရသာကို ခံစားလိုက်ရသည်။လုပေါင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ချီစွမ်းအားများ အနည်းငယ် ပိုမိုအားကောင်းလာသလို ခံစားလိုက်ရသည်။
‘ဒါက ကျင့်စဉ်စွမ်းအားကို တကယ်ပဲ တိုးတက်စေတာလား။’
လုပေါင်သည် မုန့်ဖင်းအန်ကို အမြန်လှည့်ကြည့်လိုက်သည်။သာမန်လူတွေက ဒါကို ခံနိုင်ရည်ရှိမည်လော။
မုန့်ဖင်းအန်၏ မျက်နှာမှာ နီမြန်းလာသည်ကို သူ မြင်လိုက်ရသည်။သူသည် ယိမ်းယိုင်နေရင်း အဖုံးကို ပြန်ပိတ်လိုက်ကာ မျက်လုံးများမှာ ဝေဝါးသွားပြီး ထူးထူးဆန်းဆန်း ပြုံးပြကာ လဲကျသွားတော့သည်။
“ဘုတ်”
လုပေါင်သည်ဖြူကြီး ကို အားနာစွာ ကြည့်လိုက်သည်။
“သာမန်လူတွေက တစ်ခါသောက်ရင် တစ်ငုံပဲ သောက်နိုင်တယ်။ဘာလို့လဲဆိုတော့ အထဲမှာ နှစ်တစ်ရာ မီးဝိညာဉ်သီး ကို ထည့်ထားလို့ပဲ။ဒီဖော်မြူလာကို ပေါင်ရှင်းကျီက ကျင့်စဉ်စွမ်းအား တိုးတက်ဖို သုတေသနလုပ်ပြီး ဖော်စပ်ထားတာ။”
“နှစ်တစ်ရာ မီးဝိညာဥ်သီးလား။”
လုပေါင်သည် တစ်ခုခုကို သတိရသွားပြီး ကျောက်ကျင်းကြီးများဆီသို့ ချက်ချင်း လမ်းလျှောက်သွားကာ အထဲတွင် ရှိနေသော အနီနှင့် အစိမ်းရောင် ရောနေသည့် ဂျယ်လီကဲ့သို့ အရည်များကို ကြည့်လိုက်သည်။သူ နားလည်သွားပြီ။ထိုအနီရောင်မှာ မီးဝိညာဥ်သီးပါဝင်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
“ဖြူကြီး... ပေါင်ရှင်းကျီက ဒီမျောက်အရက်တွေအားလုံးကို သောက်ကုန်မှာ မဟုတ်ပါဘူး။ ငါ့ကို နည်းနည်းလောက် ထပ်ပေးလို့ ရမလား။”
ဤပစ္စည်းမှာအလွန်တန်ဖိုးကြီးရုံသာမက သောက်သုံးခြင်း၏ အကျိုးကျေးဇူးမှာလည်း တကယ့်ကို တန်ဖိုးဖြတ်၍ မရနိုင်လောက်အောင်ပင် ဖြစ်သည်။
‘အကုန်ယူမယ် အကုန်ယူမယ်။’
ဖြူကြီးက သူ့ကို ကြည့်ကာ တောင်ငယ်လေးတစ်ခုအလား ပုံထားသည့် မျောက်အရက်များကို ညွှန်ပြရင်း
“မင်း လိုသလောက် ယူသွားပါ ဒါပေမဲ့ အရက်ပင်မတွင်းကိုတော့ မယူနဲ့။”
အဖိုးတန်ဆုံး အစိတ်အပိုင်းမှာ ထိုအရက်ပင်မတွင်း ဖြစ်ပြီး ၎င်းမှနေ၍ တန်ဖိုးကြီး မျောက်အရက်ကို စဉ်ဆက်မပြတ် ချက်လုပ်ပေးနိုင်ခြင်း ဖြစ်သည်။
“ကျေးဇူးပါ ဖြူကြီး။ အော်... ဒါနဲ့ ရွှေတွေကကော။”
လုပေါင်က နေရာအနှံ့ ပြန့်ကျဲနေသော ရွှေများကို ညွှန်ပြရင်း ပြုံးစိစိဖြင့် မေးလိုက်သည်။သူ အကုန်ယူချင်နေသောကြောင့်ဖြစ်၏။
“ယူသွားလိုက်လေ။”
ဖြူကြီးက ဤအရာများကို ဂရုမစိုက်တော့ပေ။ပေါင်ရှင်းကျီကို ရှာတွေ့ဖို့ကသာ အဓိကဖြစ်ပြီး မျောက်အရက်ကိုပင် သူ ဂရုမစိုက်တော့ပါ။ရွှေများမှာမူ ထိုစဉ်က ပေါင်ရှင်းကျှချန်ထားခဲ့ခြင်း မဟုတ်လျှင် သူသည် လွန်ခဲ့သော အချိန်ကတည်းက အပြင်သို့ လွှင့်ပစ်လိုက်မိမှာ ကြာလှပြီ ဖြစ်သည်။
မူးမေ့သွားသော မုန့်ဖင်းအန်မှာ ချက်ချင်းပင် အိပ်မောကျကာ ဟောက်သံများ စတင်ထွက်ပေါ်လာသည်။သူ နိုးလာရန် အနည်းဆုံး ဆယ်နာရီခန့် ကြာလိမ့်မည်ဟု ဖြူက လုပေါင်ကို ပြောပြသည်။ဤတိုက်ရိုက်ထုတ်လွှင့်မှု ကတော့ အလကား ဖြစ်သွားပြီဖြစ်သည်။
“ငါ အိတ်တွေ သွားယူလိုက်ဦးမယ်။”
လုပေါင်သည် အပြင်သို့ အမြန်ပြေးထွက်သွားပြီး မကြာမီမှာပင် ထူထဲသော နွားသားရေအိတ်ကြီး တစ်လုံးကို ကိုင်ကာ ပြန်ပြေးဝင်လာသည်။ဖြူကြီးပင်လျှင် ထူးဆန်းသော မျက်နှာထားဖြင့် ထိုအိတ်ကို အကြိမ်အနည်းငယ် လှည့်ကြည့်မိသည်။
‘ငါ့ဟာ ငါ့ဟာ အကုန်လုံး ငါ့ဟာတွေ။’
လုပေါင်သည် ချောက်ချောက်မြည်အောင်ပင်ရွှေတုံးများကို စတင်ထုပ်ပိုးတော့သည်။ အကြီးအသေး ရွှေတုံး ထောင်ပေါင်းများစွာကို ထုပ်ပိုးနေပုံမှာ ကြည့်ရှုသူများကို မှင်တက်သွားစေသည်။
‘မင်းတကယ်ပဲ အကုန်သိမ်းနေတာလား။”
‘သူ ဘယ်လိုများ လုပ်နိုင်ရတာလဲ။’
“ဒါတွေအားလုံးက ငါ့ရဲ့ လူကြီးသူမတွေက ပေးတာ ဒါကြောင့် အကုန်လုံးက ငါ့ဟာတွေပဲ။”
လုပေါင်သည်ဤအရာများမှာ လူကြီးသူမများထံမှ ရရှိသော လက်ဆောင်ဖြစ်ကြောင်းကောက်ရသည့်ပစ္စည်း မဟုတ်ကြောင်း အထူးအလေးပေး ပြောကြားလိုက်သည်။ ကောက်ရသည့် ပစ္စည်းဆိုလျှင် အပ်ရမည်ဖြစ်သော်လည်း လူကြီးသူမများ ပေးသည့်ပစ္စည်းကို ဘာကြောင့် အပ်ရမည်နည်း။
ကြည့်ရှုသူများက သူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်ကြသည်။
“ဒီလူက ရွှေတွေအားလုံးကို တကယ်ပဲ သိမ်းတော့မှာလား။”
“ဟားဟားဟား ဒီလောက်ကြီးတဲ့ နွားသားရေအိတ်ကြီးက အတည်ကြီးလား။”
“ဟယ်လီကော်ပတာ တစ်စီးလောက် သွားခေါ်လိုက်ပါ မျောက်အရက်က ပိုတန်ဖိုးရှိတယ် ပြီးတော့ မင်းမှာ ပင်လယ်အောက်က ရတနာသိုက်ကို စောင့်နေတဲ့ ပင်လယ်မြွေဟောက်ကြီး ဆိုတဲ့ လူကြီးသူမလည်း ရှိသေးတယ်မဟုတ်လား။သူ့ဆီကပါ ရတနာတွေ အကုန်တောင်းလိုက်လေ။”
“မုန့်ကတော့ သနားပါတယ် ချက်ချင်းကြီး မူးမေ့သွားတာ...”
“ငါ အရမ်း မနာလိုဖြစ်နေပြီ မနာလိုဖြစ်နေပြီ။”
“မေးခွန်းတစ်ခုပဲမေးချင်တယ်... အဲဒါကြီးက အရမ်းလေးမှာပဲ မင်း သယ်နိုင်ပါ့မလား။”
မြင်ရသူတိုင်း မနာလို ဖြစ်နေကြသည်။ရွှေတုံးတစ်တုံးချင်းစီ ချောက်ချောက် ဟု မြည်ကာ အိတ်ထဲသို့ ကျသွားသံမှာ လူတိုင်းအတွက် ခံရခက်လှသည်။ဤရွှေတုံးများသာ ဈေးကွက်ထဲ ရောက်သွားပါက ရွှေတုံးဈေးနှုန်းများ ကျဆင်းသွားပေလိမ့်မည်အလွန်အကျွံ များလွန်းလှသည်။
ရှားပါးမှသာ တန်ဖိုးရှိခြင်း ဖြစ်သည်။ယခုခာတ်တွင်ရှေးဟောင်း ရွှေတုံး အနည်းငယ်သာ ကျန်ရစ်လေ့ရှိသော်လည်း ဤပမာဏမှာ အလွန်အံ့အားသင့်ဖွယ် ဖြစ်သဖြင့် တန်ဖိုးဖြတ်၍ မရနိုင်ပေ။
နွားသားရေအိတ် တစ်အိတ် ပြည့်သွားပြီဖြစ်သည်။
လုပေါင်သည် ဖြူကြီး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် နောက်ထပ် နွားသားရေအိတ်အသစ် တစ်လုံးကို သွားယူပြီး ဆက်လက်ထုပ်ပိုးပြန်သည်။ ရတနာများကို သိမ်းဆည်းရန် ကောင်းမွန်သော စနစ် နှင့်အောက်ခြေမရှိသော တွင်းနက်ကြီး ရှိနေပါက ဤအရာများကို မသိမ်းဆည်းခြင်းမှာ မိမိကိုယ်ကိုယ် အားမနာရာ ကျပေလိမ့်မည်။
မိနစ်နှစ်ဆယ်အကြာတွင် မျောက်ဂူတစ်ခုလုံး၌ ရွှေတုံးတစ်တုံးမျှ မကျန်တော့ပေ။လုပေါင်သည် တစ်တုံးမျှ မချန်ဘဲ အကုန်လုံးကို သန့်စင်အောင် လုယူသိမ်းဆည်းလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် Dragon Cat Live ပလက်ဖောင်းသည်လည်း ပြဿနာကြီးနှင့် ရင်ဆိုင်နေရသည်။
တိုက်ရိုက်ထုတ်လွှင့်သူ မုန့်ဖင်းအန်၏ အကောင့်ကို Dragon Cat ပလက်ဖောင်းမှ တိတ်တဆိတ် ပိတ်ပင်လိုက်သဖြင့် သူ၏ ဝင်ငွေများကို ထုတ်ယူ၍မရဘဲ စာချုပ်ချုပ်ဆိုရန် အကျပ်ကိုင်ခံနေရသည်။အခြား Streamer အသေးစားလေးများအတွက်မူ ဤသည်မှာ ဘာမှမဟုတ်သော်လည်း ယခုအခါ လုပေါင်က ၎င်းကို ဖွင့်ချလိုက်ပြီ ဖြစ်သည်။
ထို့ပြင် မုန့်ဖင်းအန်သည် Ocean Live Stream သို့ တိုက်ရိုက် ပြောင်းရွှေ့သွားခဲ့သည်။
Dragon Cat ၏ ဖောက်သည် ဝန်ဆောင်မှု ဌာနသို့ ဖုန်းခေါ်ဆိုမှုများစွာဖြင့် ပြည့်နှက်သွားသည်။
“ဘယ်သူက သူ့ကို ခြိမ်းခြောက်ခိုင်းလို့လဲ။ခြိမ်းခြောက်ရင်တောင် ဘယ်သူက မက်ဆေ့ခ်ျတွေ ပို့ပြီး သက်သေတွေ ချန်ထားခိုင်းလို့လဲ။”
ထိုအချိန်တွင်Dragon Cat ၏ သူဌေး ကျန်းဖုန်းယန်မှာ အလွန်ဒေါသထွက်နေပြီး သူ၏ လက်အောက်ငယ်သားများကို အော်ဟစ်နေသည်။
“သူ... သူက စကားမပြောနိုင်ဘူးလေ။ ကျွန်တော် သူ့ကို ဖုန်းခေါ်တုန်းက သူက အာ... အာ ပဲ လုပ်နေတာ အဲဒါကြောင့် ကျွန်တော်... ကျွန်တော်က မက်ဆေ့ခ်ျပဲ ပို့လိုက်ရတာ...”
ဤအလုပ်ကို အမြဲလုပ်နေကျဖြစ်သော လက်အောက်ငယ်သားကလည်း သူ သင်ထားသည့်အတိုင်း လုပ်ခြင်းသာ ဖြစ်ကြောင်း အားငယ်စွာ ပြန်ပြောသည်။
စကားမပြောနိုင်သူတစ်ယောက်အား ဖုန်းဖြင့် မည်သို့ ဆက်သွယ်နိုင်မည်နည်း
ဒါဟာ ရတနာနတ်ဘုရားကို အရေးယူလာအောင် လုပ်မိလိမ့်မည်မှန်းမည်သူမှမသိချေ။
“မင်း အလုပ်ပြုတ်ပြီ အခု ထွက်သွားတော့လူမှုဆက်ဆံရေးဌာနက လူတွေ အခုချက်ချင်း ပြသနာတွေအားလုံးကို သွားရှင်းလင်းကြ တောင်းပန်လွှာကို အမြန်ထုတ်ပြန်ကြ။ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် မင်းတို့အားလုံး အလုပ်ထွက်ကြတော့။”
တောင်းပန်ရန်မှာ အလွန်နောက်ကျသွားပြီ ဖြစ်ကြောင်း ကျန်းဖုန်းယန်လည်း နားလည်ပါသည်။သူ၏ ကံတရားက အနည်းငယ် ကောင်းမွန်ပြီး အံ့ဖွယ်တစ်ခုခု ဖြစ်ပေါ်လာရန်သာ သူ မျှော်လင့်နေရတော့သည်။
လုပေါင်၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသည့်အခါ သူတို့၏ ဒုက္ခများ စတင်တော့မည် ဖြစ်သည်။