အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း ၇၇ - မီးဝိညာဉ်သီးကို လုယူခြင်း မျောက်ဖြူစစ်သူကြီးလေးကောင်နှင့်ထူးဆန်းသော ငှက်ဆန်းတစ်ကောင် ပေါ်လာခြင်း။
“ဖြူကြီး... ဒီအောက်ဆုံးက မျောက်အရက်အိုးတွေက နှစ်တစ်ရာကျော်နေပြီ မဟုတ်လား။”
လုပေါင်သည်မျောက်အရက်အိုးများကို ရွှေ့ပြောင်းရင်း ကျောက်အိုးများကို တစ်လုံးချင်း ရေဆေးနေသည်။
အောက်ခြေရှိ အိုးများမှာ ကြည့်မကောင်းလောက်အောင် ညစ်ပတ်နေပြီး မည်မျှကြာအောင် ထားရှိထားသည်ကို မသိနိုင်ပေ။ သောက်သုံး၍ ရ မရကိုလည်း သူ သေချာမသိပါ။
“အောက်ဆုံးက ဆယ်အိုးကျော်လောက်က နှစ်ငါးဆယ်သက်တမ်းရှိတယ်။ အဲဒီထက် ဟောင်းတဲ့အိုးတွေကိုတော့ သောက်ပြီးကုန်ပြီ။”
ဖြူကြီးကလက်ထဲတွင် ဘီးတစ်ချောင်းကို ကိုင်ရင်း လှည့်ကြည့်ကာ ပြန်ဖြေသည်။
၎င်းမှာ လုပေါင်က ဖြူကြီးကို လက်ဆောင်ပေးထားသည့် သစ်သားဘီး အကြီးစားကြီး ဖြစ်သည်။ပေါင်ရှင်းကျီနှင့် သွားရောက်တွေ့ဆုံရမည် ဖြစ်သောကြောင့် အမွှေးအမျှင်များကို သေသပ်အောင် ဖြီးသင်ခြင်းက တွေ့ဆုံပွဲအတွက် ဂုဏ်သရေရှိစေသည်ဟု သူ ယူဆသည်။
မျောက်အရက်များအားလုံးကို လုံခြုံစွာ ပိတ်ဆို့ထားသည်။ပုပ်သိုးသွားခြင်း ရှိ မရှိကိုမူ လုပေါင်က ပြန်ရောက်မှ ဖြည်းဖြည်းချင်း လေ့လာရန် ဆုံးဖြတ်လိုက်သည်။မည်သို့ပင်ဖြစ်ဖြစ် သူ့ထံတွင် အောက်ခြေမရှိသောတွင်းနက်ကြီး ဟုခေါ်သည့် ဟင်းလင်းပြင်နေရာ အကျယ်ကြီး ရှိနေသည်မဟုတ်ပါလား။
သူသည် အိုးများကို အရင်သုတ်သင်ပြီး ပြန်ခါနီးတွင် ထိုဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းသွားမည် ဖြစ်သည်။အောက်ခြေမရှိသောတွင်းနက်ကြီး၏ လျှို့ဝှက်ချက်ကို ဖြူကြီးအား ဖုံးကွယ်ထား၍ မရပေ။အဘယ်ကြောင့်ဆိုသော် ဖြူကြီးကဲ့သို့ ဖြူဖွေးကြီးမားသော မျောက်ကြီးတစ်ကောင်ကို မြို့ထဲသို့ ခေါ်ဆောင်သွားရန်မှာ ထိုတွင်းထဲ၌ ဝှက်ထားမှသာ ဖြစ်နိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ပေါင်ရှင်းကျီ နှင့် သွားတွေ့ရန်ပင် မလွယ်ကူနိုင်ပေ။
“နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မီးဝိညာဉ်သီး က မှည့်တော့မယ်။ အဲဒီဘေးမှာ ပေါက်နေတဲ့ နှစ်တစ်ရာသက်တမ်းရှိတဲ့ အသီးတွေကလည်း လုပွဲတစ်ခုကို ဖန်တီးတော့မှာပဲ။ပေါင်ရှင်းကျီ...မင်း အဲဒီနှစ်တစ်ထောင် မီးဝိညာဉ်သီးကို မလိုချင်တော့ဘူးလား။”
ဖြူကြီး၏ တိုးတိုးရေရွတ်သံကြောင့် အရက်အိုးသုတ်နေသော လုပေါင် တုန်လှုပ်သွားသည်။
ဖြူကြီးက မြစိန်သီး မှည့်တော့မည့်အကြောင်းကို တကယ် သိနေလေသည်။
ခဏအကြာတွင် ဖြူကြီးသည် မတ်တက်ထရပ်ကာ အပြင်သို့ ထွက်သွားသည်။အပြင်တွင် လဲလျောင်းနေသော အသွင်ပြောင်းကျားကလည်း ထိုင်လိုက်ပြီး သူ့ကို စူးစိုက်ကြည့်နေသည်။
“ဝေါင်းးးးး”
ဝှိုက်ကြီးက မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးကို လွှတ်လိုက်သည်။
“တောက်”
အရက်အိုးသုတ်နေသောလုပေါင် လက်ချော်သွားပြီး ကျောက်အိုးကြီးက သူ့ခြေထောက်ပေါ်သို့ အရှိန်ဖြင့် ကျသွားသည်။ကံကောင်းထောက်မစွာဖြင့် ကျောက်အိုးက ခိုင်ခံ့သဖြင့် ကွဲမသွားပေ။
လုပေါင်က အံကြိတ်ကာ မျောက်အရက်အိုးကို အမြန်ပြန်ကောက်လိုက်သည်။
“ကောင်းကင်ဘုံရဲ့ ကံတရားက တရားမျှတပါပေတယ်... ငါ မင်းကို တစ်ခါလောက် ဟောက်ပြီး လန့်အောင်လုပ်ခဲ့ဖူးလို့ အခု မင်းက ငါ့ကို ပြန်လန့်အောင် လုပ်တာပေါ့လေ...”
လုပေါင်သည် မျောက်ဝံသဏ္ဌာန်တိုက်ကွက်ကို စတင်နားလည်စဉ်က သူ ဟိန်းဟောက်ခဲ့ပုံကို ပြန်သတိရသွားသည်။ဤဖြူကြီးမှာ တကယ်ကို နောက်ပြောင်တတ်သူဖြစ်ပြီး တမင်သက်သက် လုပ်ခြင်းသာ ဖြစ်ပေလိမ့်မည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ကြည့်ရှုသူများမှာ ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။ လူတိုင်းက လုပေါင်၏ ယခင်ဟိန်းဟောက်သံကို မှတ်မိနေကြပြီး ဝဋ်လည်တာ မြန်လိုက်တာဟု ပြောနေကြသည်။
အသွင်ပြောင်းကျားမှာ အမွှေးအမျှင်များ ထောင်ထလာပြီး အလွန်ပင် ဂနာမငြိမ် ဖြစ်နေသည်။သို့သော်လည်း အဝေးမှ ပြန်လည်ဟိန်းဟောက်သံများ ကြားလိုက်ရသည့်အခါ ၎င်းသည် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး ဂူထဲသို့ ပြေးဝင်ကာ လုပေါင်ကို အချက်ပြရင်း အပြင်ဘက်ကို စိုးရိမ်စွာ စောင့်ကြည့်နေသည်။
“ဘာဖြစ်လို့လဲ။”
လုပေါင်က သိချင်စိတ်ဖြင့် အရက်အိုးကို ချထားကာ အပြင်သို့ ထွက်လာသည်။အသွင်ပြောင်းကျားကလည်း သူ့နောက်ကပ်၍ လိုက်လာသည်။
အပြင်သို့ ရောက်သည့်အခါ လုပေါင် အံ့အားသင့်သွားသည်။အဖြူရောင် ဧရာမမျောက်ဝံကြီး လေးကောင် ပေါ်လာသည်။ ၎င်းတို့သည် ဖြူကြီးထက် နှစ်ဆခန့် သေးသော်လည်း လက်မောင်းများမှာ မြေကြီးပေါ်တွင် တရွတ်တိုက်လုနီးပါး ရှည်လျားသည်။ ပို၍ မယုံနိုင်စရာကောင်းသည်မှာ ၎င်းတို့သည် ထူထဲသော သံချပ်ကာအင်္ကျီ များကို ဝတ်ဆင်ထားခြင်းပင်။
“သံချပ်ကာ အင်္ကျီလား တကယ်ကြီးလား”
သံတုတ်များကို ကိုင်ဆောင်ကာ ငွေရောင်ဝတ်စုံများ ဝတ်ဆင်ထားသော ထိုမျောက်ဝံကြီး လေးကောင်သည်ဖြူကြီး၏ ရှေ့တွင် ဗာဂျရာ နတ်စစ်သူကြီးများကဲ့သို့ ဒူးထောက်လိုက်ကြသည်။၎င်းတို့သည် ကြီးမားသော လက်သီးများဖြင့် ရင်ဘတ်ကို ထုကာ အလေးပြုသည့်အနေဖြင့် အသံမြည်အောင် လုပ်နေကြသည်။
အခြား မျောက်ဖြူအို အချို့လည်း ခုန်ပျံရောက်ရှိလာသည်။ခေါင်းဆောင်ဖြစ်သူက ငွေရောင်သံချပ်အင်္ကျီ တစ်စုံကို သယ်ဆောင်လာပြီး နောက်မှလိုက်လာသူများက သံတုတ်အရှည်ကြီးကို သယ်လာကြသည်။သူတို့အားလုံး ဖြူကြီးရှေ့တွင် ရိုသေစွာ ဒူးထောက်ကာ ခေါင်းငုံ့နေကြသည်။
“ဖြန်းးး”
လုပေါင်သည် မိမိပါးကို မိမိ ပြန်ရိုက်ကြည့်သည်။ နာကျင်သည်... အိမ်မက်မဟုတ်ပေ။
“ဖြူကြီး... ဒီပစ္စည်းတွေက ဘယ်က ရတာလဲ။”
လုပေါင်ခေါင်းနားပန်းကြီးသွားသည်။
မျောက်ကြီးက စကားပြောနိုင်ခြင်းမှာ တစ်ကိစ္စ မျောက်ဖြူအချို့က တူးရွင်းများ ကိုင်ထားသည်ကို မြင်ရသည်မှာလည်း တစ်မျိုး သို့သော် အခု ငွေရောင်သံချပ်အင်္ကျီနှင့် သံတုတ်များက ဘယ်က ရောက်လာသနည်း။ ဤသည်ကို မျောက်ဖြူတပ်ရင်း ဟု ခေါ်နိုင်မည်လော။
“ဒါတွေက ငါတို့အတွက် ပေါင်ရှင်းကျီက လုပ်ပေးထားတာ။”
ဝှိုက်ကြီးသည် ငွေရောင်သံချပ်အင်္ကျီကို ဖြည်းဖြည်းချင်း ဝတ်ဆင်ကာ မည်းနက်ပြောင်လက်နေသော သံတုတ်ကို ကောက်ကိုင်လိုက်သည်။ သူ၏ ထွက်ပေါ်လာသော အရှိန်အဝါ မှာ ပိုမို ပြင်းထန်လာသည်။
‘ပေါင်ရှင်းကျီက လုပ်ပေးထားတာလား။’
“အဲ... အခု မင်းတို့ ဘယ်သွားကြမလို့လဲ။”
လုပေါင်က ဖြူကြီး ဝတ်ထားသော သံချပ်အင်္ကျီကို ခေါက်ကြည့်သည်။ မာကျောသော ခံစားချက်ကြောင့် ဤသံချပ်အင်္ကျီမှာ ထင်ထားသလို ရိုးရိုးရှင်းရှင်း မဟုတ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။ထို့ပြင် ဤစစ်သူကြီး လေးကောင်မှာလည်း အလွန်အစွမ်းထက်ပုံရသည်။
“ရတနာ သွားလုမလို့။”
ဖြူကြီးသည် မီးတောင်ရှိရာဘက်သို့ စူးစိုက်ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ အရိုးသံများ မြည်အောင် မတ်မတ်ရပ်လိုက်သည်။
‘ထင်တဲ့အတိုင်းပဲ။’
လုပေါင်၏ ရင်ထဲ တုန်လှုပ်သွားသည်။
ဤအံ့ဖွယ် မြင်ကွင်းကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် ပရိသတ်များမှာလည်း မှင်တက်နေကြသည်။ ဤသည်မှာ ရုပ်ရှင်မဟုတ်ဘဲ တကယ်လက်တွေ့ပင်ဖြစ်သည်။
“ဒါဝူခုန်းလား။”
“ရတနာနတ်ဘုရား ကိုယ်တိုင် ပါးရိုက်ပြနေတာဆိုတော့ အိမ်မက်မဟုတ်တာ သေချာပြီ...”
“အမလေး... ကြောက်စရာကြီး...”
“ရတနာလုမယ် ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဝူချန်အင်းက အနောက်ဘက်သို့ ခရီးသွားခြင်းဝတ္ထု မရေးခင် ဒီကို ရောက်ဖူးတာလား။”
“ရတနာနတ်ဘုရား ပါးရိုက်လိုက်တာ ဟားဟားဟား”
လူတိုင်း အံ့အားသင့်နေကြသည်။အဖြူရောင်မျောက်ဝံဖြူ လေးကောင်မှာ ဖြူကြီးလောက် မကြီးသော်လည်း ကြမ်းတမ်းခက်ထန်ပုံမှာ သိသာလှသည်။သံချပ်ကာအင်္ကျီများ ဝတ်ပြီး သံတုတ်များ ကိုင်ထားသော ၎င်းတို့၏ မျက်နှာများကို ကြည့်ရုံနှင့်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
လုပေါင်သည် အိပ်ပျော်နေသော မုန့်ဖင်းအန် ကို ပြန်ကြည့်လိုက်ပြီး ဝှိုက်ကြီးအား တိုးတိုးလေး မေးလိုက်သည်။
“မင်းတို့ မီးတောင်က မီးဝိညာဥ်သီးကို သွားလုမလို့လား။ ငါလည်း လိုက်လို့ရမလား။”
“မင်းလည်း အဲဒါကို သိနေတာလား။”
ဖြူကြီးသည်လုပေါင် သိနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
“သိတာပေါ့ ငါ မီးတောင်က အခုလေးတင် ပြန်လာတာ။ ငါ့ကိုပါ ခေါ်သွားပါ။”
လုပေါင်သည် မီးဝိညာဉ်သီး မှည့်မည့်အချိန်ကို တွက်ဆကြည့်သည်။ သူ အရင်သွားပြီး လက်မှတ်ထိုးဝင်လျှင် အဆင်ပြေမည်ဟု ထင်သည်။
သူ ချက်ချင်းပင် စဉ်းစားမိသွားသည်။
‘လုယူသည် ဆိုပါလားဘာလို့ လုရမှာလဲ မြစိန်သီးကို စောင့်ကြပ်နေတဲ့ သတ္တဝါ ရှိနေလို့လား။’
သို့သော်ဖြူကြီး စစ်သူကြီး လေးကောင် အသွင်ပြောင်းကျားနှင့် လုပေါင်၏ အိတ်ထဲက အစွမ်းထက် မြွေဟောက်နက်ကြီး တို့ ရှိနေလျှင် မည်သည့် သတ္တဝါကိုမဆို အလွယ်တကူ နှိမ်နင်းနိုင်မည် မဟုတ်ပါလော။
မုန်ဖင်းအန်မှာ နိုးရန် အချိန်အတော်လိုသေးသဖြင့် လုပေါင်က သူ့ကို ကျောက်ကုတင်ပေါ်သို့ ရွှေ့ပေးပြီး စာတစ်စောင် ချန်ထားခဲ့သည်။ဖြူကြီးကလည်း သူ့ကို စောင့်ရှောက်ရန် မျောက်အိုတစ်ကောင်ကို ထားခဲ့သည်။
“ငါ ဖြူကြီးနဲ့အတူ ပေါက်ကွဲနေတဲ့ မီးတောင်ဆီ ရတနာသွားလုမလို့။ ဒီနေ့ Live ကတော့ အတော်ကြာလိမ့်မယ်။”
လုပေါင်သည်ပရိသတ်ကို အချက်ပြရင်း အသွင်ပြောင်းကျားကို စီးကာ ရှေ့သို့ ထွက်ခွာခဲ့သည်။
ဖြူကြီး၏ ကြီးမားသော ခန္ဓာကိုယ်မှာ အံ့သြဖွယ်ကောင်းလောက်အောင် လျင်မြန်လှပြီး သူ့နောက်မှ အရိပ်လေးခုကလည်း ကပ်ပါလာသည်။သူတို့ ဖြတ်သန်းသွားရာလမ်းရှိ ငှက်များနှင့် တောရိုင်းတိရစ္ဆာန်များမှာ ကြောက်လန့်တကြား ထွက်ပြေးကြကုန်သည်။
“ဝေါင်းး”
အသွင်ပြောင်းကျားသည်အကြာကြီး အောင့်ထားရသမျှကို အားရပါးရ ဟိန်းဟောက်လိုက်ပြီး အရှိန်ကို မြှင့်လိုက်သည်။
“ကျွီးးးး”
ကောင်းကင်ယံမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။လုပေါင် မော့ကြည့်လိုက်ရာ သူတို့အထက်တွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ပျံသန်းနေသော သတ္တဝါတစ်ကောင် ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။
“အဲဒါ ဘာကြီးလဲ။”
လုပေါင်သည် ၎င်း၏ ပုံသဏ္ဌာန်ကို ဝေဝါးဝါး မြင်လိုက်ရသဖြင့် မိမိ မျက်စိမှားသလားဟုပင် ထင်မှတ်ရသည်။ဖြူကြီးက ကျောက်ခဲတစ်လုံးဖြင့် ပစ်လိုက်ရာ ကြယ်တံခွန်ကဲ့သို့ ပြေးထွက်သွားသော်လည်း ထိုသတ္တဝါက အရှိန်မြှင့်ကာ မီတာ တစ်ရာခန့် အကွာသို့ ချက်ချင်း ရောက်ရှိသွားသည်မှာ မယုံနိုင်စရာပင်။
“ဝိညာဉ်စွမ်းအင်တွေက တကယ်ပဲ ပြန်လည် နိုးထလာပြီပဲ။”
လုပေါင်၏ မျက်လုံးများ ပြူးသွားသည်။ဤအရာများမှာ ပုံမှန်မဟုတ်တော့ပေ။ ကောင်းကင်မှ ငှက်ဆန်းမှာ အလွန်မကြီးသော်လည်း ပျံသန်းမှု အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်။၎င်းသည် မြေခွေး သို့မဟုတ် ရှဉ့်အရွယ်ခန့် ရှိသော်လည်း ကြီးမားသော အတောင်ပံများ၊ ဦးခေါင်းပေါ်တွင် သမင်ချိုများရှိပြီး အေးစက်သော အလင်းတန်းများ ထွက်နေသည့် အစွယ်များ ရှိနေသည်။
‘ဒါက ဘယ်လို သတ္တဝါမျိုးလဲ။’
ထိုငှက်ဆန်း ပျောက်ကွယ်သွားသည်နှင့် ဖြူကြီးက ထပ်မံဟိန်းဟောက်ကာ သူတို့၏ အရှိန်ကို မြှင့်လိုက်ပြန်သည်။
“ဒီကောင်လည်း မီးဝိညာဉ်သီးကို လုချင်နေတာလား။”
လုပေါင်၏ ခေါင်းထဲတွင် ထိုအတွေး ဝင်လာမိတော့သည်။
အခန်း ၇၈ - ဒဏ္ဍာရီလာ သတ္တဝါများနှင့် ချော်ရည်တောင်ထဲမှ ရတနာ။
“အဲဒါ သမင်ချိုပါတဲ့ ယုန်ပျံပဲ။ သူ့ကို အထိမခံနဲ့ဦး သူ့ဆီကပါတဲ့ မကောင်းတဲ့အငွေ့အသက်တွေက ကိုယ်ပေါ်ကပ်သွားရင် ပျောက်ဖို့ အတော်ကြာတတ်တယ်။”
လုပေါင်မော့ကြည့်နေသည်ကို မြင်သောအခါ ဖြူကြီးက သတိပေးရန် အနားသို့ ပြေးလာသည်။
‘သမင်ချိုပါတဲ့ ယုန်ပျံလား။’
လုပေါင်သည် ဖြူကြီးကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ကောင်းကင်မှ ထူးဆန်းသော ငှက်ဆန်းကို ပြန်ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သမင်ချိုပါတဲ့ ယုန်ပျံဆိုတာ ဒဏ္ဍာရီလာ သတ္တဝါ မဟုတ်ဘူးလား။စာအုပ်ထဲက ဖော်ပြချက်တွေနဲ့တော့ မတူဘူး သူ့အတောင်ပံတွေက လင်းယုန်နဲ့ တူပြီး ခန္ဓာကိုယ်ကလည်း အများကြီး ပိုကြီးတယ်။”
ဖြူကြီးက ဘာမှပြန်မပြောပေ။
တိုက်ရိုက်ထုတ်လွှင့်မှု မှာမူ ပေါက်ကွဲထွက်မတတ် ဖြစ်နေချေပြီ။ဧရာမ မျောက်ဝံဖြူကြီး၊ လျှို့ဝှက်ဆန်းကြယ်သော ဒဏ္ဍာရီလာ သတ္တဝါနှင့် ကြောက်မက်ဖွယ်ကောင်းသော အသွင်ပြောင်းကျားကြီးကို အစီးအနင်းအဖြစ် မြင်တွေ့ရခြင်းက ကြည့်ရှုသူတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစေသည်။
နာရီဝက်ခန့်အကြာတွင် သူတို့သည် မီးတောင်အနီးသို့ ချဉ်းကပ်မိကြသည်။လေထုထဲတွင် ယမ်းစိမ်းနံ့များနှင့်အတူ သင်းပျံ့နူးညံ့သော ရနံ့တစ်ခု ရောယှက်နေသည်။လုပေါင်သည် အနီးအနားတွင် လှည့်လည်နေသော ဝံပုလွေအုပ်များ၊ တောအုပ်ထဲတွင် ပုန်းအောင်းနေသော ဝက်ဝံနက်များနှင့် ကောင်းကင်တွင် ဝဲပျံရင်း ရံဖန်ရံခါ သာယာသော အသံများပြုနေသည့် ငှက်များကို တွေ့လိုက်ရသည်။
သူတို့အားလုံးသည် မီးဝိညာဉ်သီး၏ ရနံ့ကြောင့် ဆွဲဆောင်ခြင်း ခံထားရသူများ ဖြစ်သည်။
ပူပြင်းသော ချော်ရည်များမှာ တဖြည်းဖြည်း စီးဆင်းနေဆဲ ဖြစ်သည်။ထိုစဉ် လုပေါင်သည် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရပ်ကာ အရာအားလုံးကို အပေါ်မှ ငုံ့ကြည့်နေသော သမင်ချိုပါတဲ့ ယုန်ပျံကို ထပ်မံတွေ့ရှိလိုက်ရသည်။
“ဝေါင်းးး”
ဖြူကြီးသည် သူ၏ သံတုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရောက်ရှိလာသည်။သူသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီးကို လွှတ်လိုက်ရာ ဝံပုလွေအုပ်များ ထွက်ပြေးကုန်ကြပြီး ဝက်ဝံနက်များ လှည့်ပြန်သွားကြကာ ကောင်းကင်မှ ငှက်အချို့ပင် မြေပေါ်သို့ လိမ့်ကျလာကြသည်။
ဤသည်မှာ မိမိနယ်မြေဖြစ်ကြောင်း ကြေညာခြင်းလော။
“ဝုန်းးးး”
“ဝုန်းးး”
ဖြူကြီးနောက်မှ လိုက်လာသော စစ်သူကြီး လေးကောင်ကလည်း လိုက်၍ ဟိန်းဟောက်ကြသည်။ ထိုအသံများအပြီးတွင် မီးတောင်ဒေသတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသလို ခံစားရတော့သည်။
သစ်ပင်ပေါ်ရှိ ယုန်ပျံသည် ရုတ်တရက် အောက်သို့ ထိုးဆင်းလာပြီး မြားတစ်စင်းအလား မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။ ထိုခဏ၌ပင် သူဆင်းသွားသည့်နေရာမှ အနီရောင် မြူခိုးများ ရုတ်တရက် ပျံ့နှံ့လာတော့သည်။
“ကျွီးးးး”
“ရှူးးး”
ရုန်းရင်းဆန်ခတ်ဖြစ်သံနှင့် ထူးဆန်းသော အော်သံများ ထွက်ပေါ်လာသည်။ယုန်ပျံသည် ပြန်လည်ပျံတက်လာပြီး သစ်ပင်ထိပ်သို့ ပြန်ရောက်သွားသည်။
အနီရောင် အဆိပ်မြူများထဲတွင် အနက်ရောင် အရိပ်တစ်ခု တွားသွားနေသည်။လုပေါင် အနီးကပ် မြင်လိုက်ရသည့်အခါ သူ ရတနာတွေ့ပြီဟု ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းမှာ တစ်မီတာကျော် ရှည်လျားပြီး ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်ပြောင်လက်ကာ သံချပ်ကာကဲ့သို့ အခွံရှိသော ကင်းခြေများကြီးပင် ဖြစ်သည်။
နှစ်တစ်ရာကျော် သက်တမ်းမရှိဘဲ ဤမျှ ရှည်လျားနိုင်မည်လော။ဤအရာမှာ အဆင့်မြင့် ဆေးဖက်ဝင် ပစ္စည်းတစ်ခု ပင်ဖြစ်သည်။
လုပေါင်သည် အသွင်ပြောင်းကျားပေါ်မှ အမြန်ဆင်းကာ အနီရောင် မြူခိုးများဆီသို့ ချဉ်းကပ်သွားနေသည်။သူ နီးကပ်သွားသည့်အခါ တောသမင်တစ်ကောင်ကို ဝါးမြိုနေသော ဧရာမ ကင်းခြေများကြီးကို တွေ့လိုက်ရသည်။ ကြည့်ရှုနေသော ပရိသတ်များမှာလည်း ငြိမ်မနေနိုင်ကြတော့ပေ။
“မြန်မြန်... အဲဒါကို ဖမ်းပြီး ဆေးအရက်စိမ်လို့ရတယ်။”
“ဒါ ပစ္စည်းကောင်းပဲ ရတနာနတ်ဘုရား လုလိုက် လုလိုက်။”
“မင်းတို့တွေ Live ကြည့်ရင်း ရူးသွားကြပြီလား။အဲဒါက အန္တရာယ်ရှိတယ် ရတနာနတ်ဘုရား သူတို့ပြောတာ နားမထောင်နဲ့။ မြန်မြန်... အနားသွားပြီး ပွတ်သပ်ပေးလိုက်စမ်းပါ ဒီကောင်လေးက ချစ်စရာလေး။”
“….”
“ဒါကို ဖမ်းလိုက်ရင် မင်းရဲ့ ရတနာဖြစ်သွားမှာ။”
ပရိသတ်များမှာ ပုံမှန်မဟုတ်တော့ပေ။သူ၏ ပရိသတ်များသည် ထူးဆန်းသော အရာများကို နေသားကျနေကြပြီ ဖြစ်သည်။ ဧရာမ ကင်းခြေများသည်သံချပ်ကာအင်္ကျီဝတ်ကာ သံတုတ်ကိုင်ပြီး စကားပြောနေသည့်ဖြူကြီးနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
ပင်လယ်မြွေဟောက်ကြီး သို့မဟုတ် အောက်ခြေမရှိသော တွင်းနက်ကြီးထဲမှကိုယ်ယောင်ဖျောက်နိုင်သော မြွေကြီးနှင့် နှိုင်းယှဉ်လျှင် ဤအရာများက ဘာမျှ မထူးဆန်းတော့ပါ။
“ဒါကို ငါ ယူမယ်။”
“စားနေတာလား။”
လုပေါင်ကစိတ်အားထက်သန်စွာဖြင့် အနားကပ်ကာ
“မင်း ဘာကောင်းတာတွေ စားနေလဲ ငါ့ကို ပြပါဦး။”
“ရှူး ရှူး”
ကင်းခြများကြီး၏ အာရုံခံ အမွှေးအမျှင်များ လှုပ်ရှားလာသည်။၎င်း၏ မျက်လုံးများမှာ အမြင်အာရုံ သိပ်မကောင်းလှပေ။အန္တရာယ်ကို အာရုံခံနိုင်သော်လည်း လုပေါင်၏ တည်ရှိမှုက ၎င်းကို ထိတ်လန့်စရာဟု မခံစားရစေပေ။
အသွင်ပြောင်းကျားက အနားသို့ အမြန်ပြေးလာပြီး ဖြူကြီးနှင့် စစ်သူကြီးများကလည်း နောက်မှ လိုက်လာကြသည်။ကင်းခြေများကြီးသည် သူတို့ကို အာရုံခံမိသွားပြီး သူ၏ ခြေလက်များကို တုန်ခါစေလိုက်သည်။လုပေါင်သည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး အသွင်ပြောင်းကျားကလည်း တိုးတိုးလေး ဟိန်းဟောက်နေသည်။
“ရှူး ရှူး ရှူး ရှူး”
“ဘုတ်”
တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
လုပေါင်က အမြန်နောက်ဆုတ်လိုက်ပြီး အသွင်ပြောင်းကျားက သူ့ရှေ့တွင် အကာအကွယ်ပေးနေသည်။ထိုခဏ၌ ကင်းခြေများကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အနည်းငယ် ကြည်လင်နေသော အတောင်ပံတစ်စုံ ပေါ်လာသည်။အတောင်ပံများမှ မီးတောက်များ ထွက်လာပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် ပိုရှည်လာသည်။
“သူက အတောင်ပံနှစ်ဖက်ပါ မီးကင်းခြေများအဖြစ် အသွင်ပြောင်းလဲသွားတာပဲ။ပြီးခဲ့တဲ့တစ်ခေါက်က မီးဝိညာဉ်သီးက မင်းကို အများကြီး ကူညီပေးလိုက်ပုံရတယ်။”
ဖြူကြီး၎င်းကို မထိဘဲ စစ်သူကြီးများနှင့်အတူ ထွက်ခွာရန် လှည့်လိုက်သည်။
“အခုတော့ အရင်ကလောက် မချစ်စရာတော့ဘူးပဲ။”
အရင်က ခြိမ်းခြောက်မှုကို မခံစားရသော်လည်း ယခုအခါ ၎င်း၏ ပါးစပ်မှ ထွက်လာသော မီးတောက်များနှင့် ရံဖန်ရံခါ အနီရောင်တောက်ပနေသည့် ဗိုက်ပိုင်းကို ကြည့်ရင်း ဤအရာမှာ မီးမှုတ်နိုင်သည်ဟု လုပေါင် ခန့်မှန်းလိုက်သည်။
“သွားကြစို့။”
လုပေါင်သည် အသွင်ပြောင်းကျားကို ပုတ်ကာ ဖြူကြီးနောက်မှ မီးတောင်ဆီသို့ လိုက်တော့သွားသည်။မီးတောင်ချော်ရည်များမှာ ဆက်လက်ပျံ့နှံ့နေသဖြင့် ရပ်စရာနေရာ ရှားပါးလှသော်လည်း ဖြူကြီးတို့အတွက်မူ ကျောက်တုံးများပေါ်သို့ ကျွမ်းကျင်စွာ ခုန်ကူးရန်မှာ ပြဿနာ မဟုတ်ပေ။
လုပေါင်သည်လည်း ဖြူကြီးတို့နောက်မှ ကပ်၍ လိုက်ပါလာပြီး ချော်ရည်များ စီးဆင်းနေသော မီးတောင်အနီးသို့ ရောက်ရှိလာသည်။ခဏအကြာတွင် သူသည် Live လွှင့်နေဆဲဖြစ်ကြောင်း သတိရသွားသည်။ သူ နောက်လှည့်ကြည့်လိုက်ရာ Live ထဲမှ ပရိသတ်များမှာ ထိတ်လန့်နေကြသည်ကို တွေ့ရသည်။
“ရူးနေပြီ တကယ်ကို ရူးနေတာပဲ။”
“ဘုရားရေ... ခြေတစ်လှမ်း မှားတာနဲ့ သူ သေပြီ ရတနာနတ်ဘုရားတော့ ရူးသွားပြီ။”
“မျောက်ကြီးနောက်ကို လိုက်မလုပ်နဲ့ မင်းက မျောက်မဟုတ်ဘူး။”
“မီးတောင်ချော်ရည်တွေက တကယ်လှတာပဲ။ တစ်ခုခုက ပိုလှလေ ပိုအန္တရာယ်များလေပဲ ဆိုတာ တကယ်ပဲ။”
“သူ ဘာလုပ်နေတာလဲ။ မီးတောင်ဝဆီကို သွားပြီး သေကြောင်းရှာနေတာလား အဲဒီက အပူချိန်က အနည်းဆုံး ၅၀၀ ဒီဂရီစင်တီဂရိတ် ရှိတယ်။ လူတစ်ယောက်က ဒါကို ဘယ်လို ခံနိုင်မှာလဲ။”
လုပေါင်လည်း အပူကိုခံစားနေရသည်။ဤနေရာတွင် အပူချိန်မှာ အလွန်မြင့်မားလှသည်။ အကယ်၍ မီးတောင်ဝသို့ ရောက်ပါက သူ၏ အဝတ်အစားများမှာ ချက်ချင်းပင် မီးလောင်သွားနိုင်ပါသည်။
“ဖြူကြီး... ငါတို့ ဘယ်ကနေ ဝင်ရမှာလဲ။”
သူ အော်မေးလိုက်သည်။ သူတို့က မီးတောင်ဝကနေ ခုန်ချကြမှာတော့ မဟုတ်ပါဘူးနော်။
“တောင်စောင်းနားမှာ အဝင်ဝ တစ်ခု ရှိတယ်။”
ဖြူကြီးကချော်ရည်များကို မော့ကြည့်ရင်း ပြောသည်။
“အနားမှာပဲ ကပ်နေ။ အထဲမှာ အရမ်းကြောက်စရာကောင်းတဲ့ သားရဲ တစ်ကောင် ရှိတယ်။”
“ဗျာ...အထဲမှာ တစ်ကောင်ကောင် ရှိနေသေးတာလား။”
ဖြူကြီးကရတနာလုဖို့ စစ်သူကြီး လေးကောင်ကို ဘာကြောင့် ခေါ်လာရသလဲဆိုသည်ကို လုပေါင် နားလည်သွားတော့သည်။ မီးတောင်ထဲတွင် ထိုမျှ ကြောက်စရာကောင်းသော အရာရှိနေသည်ကိုး။သို့ဆိုလျှင် ပြိုင်ဘက်မှာ မီးတောင်ထဲတွင် သို့မဟုတ် ချော်ရည်များထဲတွင် နေထိုင်သည်ဟု ဆိုလိုခြင်းလော။
“ဝေါင်းး”
အသွင်ပြောင်းကျားကသူ့ကို တိုက်တွန်းနေသည်။၎င်းမှာ အနည်းငယ် စိတ်မရှည် ဖြစ်နေပုံရပြီး မီးဝိညာဉ်သီး၏ ရနံ့ကြောင့် စိတ်တိုနေပုံရသည်။
“သွားမယ် သွားပါ့မယ်။ မျောက်အရက်ထဲမှာလည်း မီးဝိညာဉ်သီး ပါတာပဲ အဲဒီတုန်းကတော့ မင်း ဒီလောက် စိတ်မလောပါဘူး...”
လုပေါင်သည် အသွင်ပြောင်းကျားကို တစ်ချက်ပုတ်ကာ ဖြူကြီးနောက်သို့ ခုန်၍ လိုက်သွားသည်။
ထိုစဉ် ချော်ရည်များထဲတွင် တောက်ပနေသော အနီရောင် ကျောက်မျက်တစ်ခု၏ အရောင်ဟပ်မှုကို သူ မြင်လိုက်ရသည်။၎င်းမှာ ပတ္တမြားအရိုင်းတုံး တစ်တုံး ဖြစ်သည်။
လုပေါင်သည် ရေပေါ်မှ ပုစဉ်းရင်ကွဲလေး ပျံသန်းသလိုမျိုး ကျောက်တုံးပေါ်မှ ကျွမ်းကျင်စွာ ခုန်ကူးလိုက်သည်။လက်မအရွယ်ခန့်ရှိသော ပတ္တမြားတုံးမှာ နေရောင်အောက်တွင် တောက်ပနေသည်။သူသည် ၎င်းကို မြေပေါ်သို့ အမြန်ပစ်ချကာ လက်ကို မှုတ်လိုက်ပြီး ကင်မရာကို ပတ္တမြားတုံးဆီသို့ ချိန်ပြလိုက်တော့သည်။
“ကြည့်ရတာတော့ ဒါက ထိပ်တန်းအရည်အသွေးရှိတဲ့ ပတ္တမြားပဲ အတွင်းထဲမှာလည်း အပြစ်အနာအဆာ မရှိသလောက်ပဲ။ မီးတောင်ထဲမှာ ကျောက်မျက်ရတနာ သိုက် ရှိနေပုံရတယ်။”
လုပေါင်က၎င်းကို ပြန်ကောက်ယူကာ နေရောင်တွင် ကြည့်လိုက်သည်။
“ဖြူကြီး... မီးတောင်ထဲမှာ ဒါမျိုးတွေ အများကြီး ရှိသေးလား။”
လုပေါင်ကပတ္တမြားတုံးကို မြှောက်ပြရင်း လှမ်းမေးသည်။
ဖြူကြီးက အဝေးမှ နောက်လှည့်ကြည့်လိုက်ပြီး
“ဒီလို ကျောက်မျက်တွေ အများကြီး ရှိတယ်။”
“ဝါးးးး”
လုပေါင်မျက်လုံးများ တောက်ပသွားသည်။ သူ အမြန်လိုက်သွားပြီး
“ဝှိုက်ကြီး... နောက်ကျရင် အဲဒီအရာတွေကို ငါ့ကို ပေးနော်။”
“ဒါတွေက...”
“သိတယ် သိတယ်”
လုပေါင်က စကားဖြတ်ပြောလိုက်သည်။ ကောင်းကင်ဘုရင်ကိုယ်တိုင် ဆင်းလာပါစေဦး ဤအရာများမှာ သူ၏ လူကြီးသူမဖြစ်သူ ဖြူကြီးပေးသော လက်ဆောင်များ ဖြစ်သည်။ Live လွှင့်ရသည်မှာ ခက်ခဲလှသည်။သူ၏ ရတနာများကို အာဏာပိုင်များထံ မအပ်ရအောင် နည်းလမ်းမျိုးစုံ ရှာရပေဦးမည်။
ယုန်ပျံသည်လည်း သူတို့အထက်မှ ဝဲပျံနေသည်။
ချော်ရည်များထဲတွင် ပတ္တမြားများ ရှိနေလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။၎င်းမှာလည်း အလွန်ကြီးမားသော ပတ္တမြားများ ဖြစ်သည်။ထိပ်တန်း သဘာဝပတ္တမြားများမှာ နိုင်ငံတကာတွင် တစ်ကရက်လျှင် ယွမ် နှစ်သိန်းနီးပါးအထိ ဈေးပေါက်နိုင်သည်။ ယလုပေါင်တွေ့သော ကျောက်မှာ ကျောက်သားခွံများ ရှိနေသော်လည်း အချောထည်လုပ်လိုက်လျှင် တန်ဖိုးကြီးကျောက်မျက်များဖြစ်လာပေလိမ့်မည်။
“ဒါက Live လွှင့်နေတာ မဟုတ်ဘူး လူတွေကို ကြွားနေတာပဲ။”
“ဒီလောက် အဆင့်မြင့်တဲ့ ပတ္တမြားတွေကို ဒီလောက် လွယ်လွယ်လေး ကောက်ရတယ်လား။ပြီးတော့ မီးတောင်ထဲမှာ ပတ္တမြားသိုက် ရှိနေတယ်ဆိုတာကော။ပြီးတော့ အများကြီး ဟုတ်လား။”
တစ်စုံတစ်ယောက်သည် ive ကြည့်နေရင်း မေ့လဲသွားတောသည်။သူသည်းသတိလစ်နေရင်း ပတ္တမြားတွေ ပတ္တမြားတွေ ဟုတ်အော်နေသေးသည်။