← Chapters

အခန်း (၆၃၇-၆၃၈)

Vol. 59 Ch. 637-638

အခန်း (၆၃၇-၆၃၈)

Vol. 59 Ch. 637-638

အခန်း (၆၃၇) - နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်အရက်၊ ချန်လန်ပင်လယ်ပြင်ကို ပေါင်းစည်းခြင်း၊ စတုတ္ထမြောက် နှလုံးသားမျက်လုံးဖြင့် အတွင်းစိတ်ရှုမြင်ခြင်း(၅)။

“ရွှမ်ဟွမ်ဂိုဏ်းက အင်အားစုတိုင်းဆီကနေ အခွန်ကောက်တာတောင် သိပ်ပြီး ဆန့်ကျင်တဲ့သူမရှိတာ မဆန်းတော့ပါဘူး...”

“ရွှမ်ဟွမ်ဂိုဏ်းမှာ နတ်ဆိုးမိစ္ဆာအားလုံးကို ဖိနှိပ်နိုင်တဲ့ စွမ်းအားရှိရုံတင် မကဘူး...”

“တစ်ချိန်တည်းမှာပဲ ကျင့်ကြံခြင်းအရင်းအမြစ် အမြောက်အမြားကိုလည်း ပိုင်ဆိုင်ထားတာကိုး...”

“ရေမှုတ်တစ်ဖက်၊ ကွမ်းတစ်ဖက်နည်းနဲ့ အင်အားစုအများကြီးကို အသေအချာ ချုပ်ကိုင်ထားနိုင်တာပဲ...”

ပိုင်ဟုန်ကျစ်တစ်ယောက် များစွာ ထိရှသွားရသည်။

ယခုတွင်မူ ရွှမ်ဟွမ်ဂိုဏ်း၏ အစွမ်းထက်မြက်မှုကို သူ ကောင်းကောင်းကြီး သဘောပေါက်သွားချေပြီ။

ထင်ရှားသည်မှာ ဤဂိုဏ်းသည် ချန်လန်ပင်လယ်ပြင်တစ်ခွင်တွင် ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော အရှင်သခင်ဂိုဏ်းကြီးပင် ဖြစ်ပေသည်။

ရွှမ်ဟွမ်ဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်းအဆင့်သခင်ကြီးများ ပျောက်ကွယ်မသွားသရွေ့ ရွှမ်ဟွမ်ဂိုဏ်းက အရှင်သခင်နေရာမှ ဆင်းပေးမည် မဟုတ်ပေ။

“ဘိုးဘေး... ကျွန်တော်တို့ ရွှမ်ဟွမ်ကျွန်းကိုသွားပြီး ဝိညာဉ်သန္ဓေသားအဆင့် မိသားစုအဖြစ် မှတ်ပုံတင်ရပါမယ်...”

“ဘိုးဘေးအနေနဲ့ ကျွန်တော်တို့နဲ့အတူ တစ်ခေါက်လောက် လိုက်ခဲ့ပေးဖို့ လိုလိမ့်မယ်ထင်ပါတယ်...”

အကြီးအကဲတစ်ယောက်က ဖွင့်ဟလာလေသည်။

“ကောင်းပြီ... ဒါဆိုလည်း သွားကြည့်ကြတာပေါ့...”

ထိုစကားကို ကြားသောအခါ ပိုင်ဟုန်ကျစ်က ခေါင်းညိတ်လိုက်ပြီး ယခုလက်ရှိ ရွှမ်ဟွမ်ကျွန်းက မည်သို့ပုံစံမျိုး ဖြစ်နေမည်ကို သူကိုယ်တိုင်လည်း အလွန် သိချင်နေတော့သည်။

သိသာစွာဖြင့် ရွှမ်ဟွမ်ကျွန်းသည် ချန်လန်ပင်လယ်ပြင်တစ်ခုလုံး၏ ဗဟိုချက်ကျွန်းတစ်ကျွန်း ဖြစ်လာခဲ့ချေပြီ။

တစ်ချိန်တည်းမှာပင် ၎င်းသည် အဆုံးမဲ့သော ကျင့်ကြံခြင်းအရင်းအမြစ်များ ကိန်းအောင်းနေပြီး အစည်ကားအဖွံ့ဖြိုးဆုံးကျွန်းလည်း ဖြစ်လေသည်။

မိမိတို့၏အဆင့်ကို ထပ်မံမြှင့်တင်လိုသော ကျင့်ကြံသူတိုင်း ရွှမ်ဟွမ်ကျွန်းသို့ သွားရောက်ကာ ကံကြမ္မာအခွင့်အရေးများကို ရှာဖွေကြပေမည်။

…

ရက်အနည်းငယ် ကြာပြီးနောက်။

ပိုင်ဟုန်ကျစ်သည် ပိုင်မိသားစု အကြီးအကဲများစွာကို ခေါ်ဆောင်ကာ အနီးနားရှိ တည်နေရာပြောင်းအစီအရင်မှတစ်ဆင့် ရွှမ်ဟွမ်ကျွန်းသို့ တိုက်ရိုက်ရောက်ရှိလာခဲ့၏။

ယခုအခါတွင် ရွှမ်ဟွမ်ကျွန်းသည် ချန်လန်ပင်လယ်ပြင်၏ ကြားခံအပြောင်းအရွှေ့စခန်းတစ်ခု ဖြစ်လာခဲ့လေပြီ။

ယေဘုယျအားဖြင့် ချန်လန်ပင်လယ်ပြင် ဒေသအသီးသီးမှ ကျင့်ကြံသူများသည် ရွှမ်ဟွမ်ကျွန်းသို့ အရင်ဆုံး လာရောက်ကြရသည်။

ထို့နောက်မှသာ ရွှမ်ဟွမ်ကျွန်း၏ ရှေးဟောင်း တည်နေရာပြောင်းအစီအရင်မှတစ်ဆင့် ချန်လန်ပင်လယ်ပြင်ရှိ အခြားသောကျွန်းများဆီသို့ တည်နေရာ ပြောင်းရွှေ့သွားကြလေ၏။

ထို့ကြောင့် ကျွန်းတစ်ကျွန်းလုံးသည် အပြိုင်အဆိုင် စည်ကားနေပြီး ပင်လယ်ပြင်အရပ်ရပ်မှ ကျင့်ကြံသူများ စုဝေးရာ နေရာဖြစ်နေပေသည်။

သူတို့ ရောက်ရှိလာသည့် နေရာမှာ ချင်းလုံမြို့တော် ဖြစ်၏။

၎င်းသည် ရွှမ်ဟွမ်ကျွန်းရှိ အစည်ကားဆုံး မြို့တော်များထဲမှ တစ်ခုလည်း ဖြစ်လေ၏။

ချင်းလုံမြို့တော်အတွင်း နေထိုင်ကြသော ကျင့်ကြံသူများမှာ ရေတွက်၍ပင် မရနိုင်အောင် များပြားလှပေသည်။

“ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စည်ကားနေရတာလဲ...”

ပိုင်ဟုန်ကျစ်တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားရ၏။

သူသည် အခြားသောကျွန်းကြီးများဆီသို့ မရောက်ဖူးခဲ့သည်တော့ မဟုတ်ပေ။

သို့သော် ရွှမ်ဟွမ်ကျွန်းနှင့် ယှဉ်လိုက်ပါက ယခင်က သူသွားခဲ့ဖူးသော ကျွန်းများမှာ အမှိုက်များနှင့်ပင် တူနေတော့သည်။

ဤနေရာတွင် ရှိနေသော ကျင့်ကြံသူများက အလွန်အမင်း များပြားလွန်းလှ၏။

ထို့အပြင် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကလည်း အလွန်မြင့်မားကြပြီး အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပေသည်။

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများကိုပင် ရံဖန်ရံခါ တွေ့မြင်နိုင်သေးသည်။

ဤမျှများပြားသော အဆင့်မြင့်ကျင့်ကြံသူများ တစ်စုတစ်ရုံးတည်း ရှိနေကြသည့် မြင်ကွင်းမျိုးကို သူ မည်သည့်အချိန်ကများ မြင်တွေ့ခဲ့ဖူးပါသနည်း။

“ဒါက သေချာပေါက် ရွှမ်ဟွမ်ကျွန်းမှာ ပစ္စည်းတွေ အများကြီး စုဝေးနေလို့ပေါ့ဗျာ...”

“ဥပမာအနေနဲ့ အမျိုးအစားစုံလင်တဲ့ ဆေးလုံးတွေ၊ ဝိညာဉ်ဆေးမြစ်တွေနဲ့ သတ္တုရိုင်းတွေ စတာတွေပေါ့...”

“အဆောင်လက်ဖွဲ့တွေ၊ အစီအရင်တွေနဲ့ မှော်ရတနာတွေကိုလည်း ဝယ်လို့ရတယ်...”

“အတိုချုပ်ပြောရရင် ဒီမှာရတနာတွေက လိုချင်တာ အကုန်ရနိုင်ရုံတင်မကဘဲ ဈေးနှုန်းကလည်း သက်သာသေးတယ်...”

ပိုင်မိသားစု အကြီးအကဲတစ်ယောက်က ရှင်းပြလေသည်။

“ဆေးလုံးဈေးနှုန်းတွေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သက်သာနေရတာလဲ...”

“စတုတ္တအဆင့် အဖိုးတန်ဆေးလုံးတွေတောင် လေလံပွဲအထိ ရောက်နေပြီး လွတ်လွတ်လပ်လပ် ဝယ်လို့ရနေတာလား...”

ပိုင်ဟုန်ကျစ်ခမျာ မယုံကြည်နိုင် ဖြစ်သွားရ၏။

အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ ဆေးလုံးများသည် လွန်ခဲ့သော နှစ်တစ်ရာကျော်ကထက်များစွာ ပို၍ ဈေးသက်သာနေပြီး အနည်းဆုံး ထက်ဝက်ကျော်ခန့် ဈေးကျနေသည်ကို သူ သတိထားမိလိုက်သောကြောင့်ပင်။

အမျိုးမျိုးသော အဆောင်လက်ဖွဲ့များနှင့် မှော်ရတနာများ၏ ဈေးနှုန်းများကလည်း ထိုနည်းတူပင် များစွာ သက်သာနေခဲ့၏။

ပေးရသည့်ဈေးနှင့် တန်လွန်းလှသဖြင့် သူသည် ထိုရတနာအားလုံးကိုသာ သိမ်းကြုံးဝယ်ယူလိုက်ချင်စိတ် ပေါက်နေတော့သည်။

“အားလုံးက ကမ္ဘာလောကပေါင်းစည်းခြင်း ဖြစ်စဉ်ကြောင့်ပါပဲ...”

“ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာနဲ့ ပေါင်းစည်းသွားတဲ့အတွက် မိစ္ဆာသားရဲ အမြောက်အမြားရဲ့ ကျူးကျော်တာကို ခံခဲ့ရတယ်လေ...”

“ဒါကြောင့် ကျွန်တော်တို့ လူသားကျင့်ကြံသူတွေက မိစ္ဆာသားရဲ အများအပြားကို အမဲလိုက်သတ်ဖြတ်နိုင်ပြီး သူတို့ဆီကနေ ပစ္စည်းတွေကို ရယူနိုင်ခဲ့ကြတယ်...”

“ဒီမိစ္ဆာသားရဲတွေဆီက ရတဲ့ ပစ္စည်းတွေက ဆေးဖော်စပ်ဖို့တင်မကဘဲ အဆောင်လက်ဖွဲ့တွေနဲ့ မှော်ရတနာတွေ ဖန်တီးရာမှာလည်း သုံးလို့ရတယ်...”

“ကုန်ကြမ်းတွေက ဈေးသက်သာတော့ သဘာဝကျကျပဲပေါ့… ကုန်ချောတွေလည်း အများကြီး ဈေးပေါသွားတာပေါ့...”

ပိုင်မိသားစု အကြီးအကဲများစွာက ပြောလိုက်ကြသည်။

“ကြည့်ရတာ ကမ္ဘာလောကပေါင်းစည်းခြင်း ဖြစ်စဉ်က တစ်ခါတလေတော့လည်း ဆိုးရွားတဲ့ကိစ္စရပ် မဟုတ်လောက်ဘူး...”

“တကယ်လို့ အင်အားက လုံလောက်အောင် ကြီးမားနေမယ်ဆိုရင် ဒါက ကောင်းတဲ့ကိစ္စတောင် ဖြစ်နေဦးမယ်...”

“ဘာလို့လဲဆိုတော့ လူသားတွေက ရှေးဟောင်းကမ္ဘာတွေဆီကနေ အရင်းအမြစ် အမြောက်အမြားကို လုယူနိုင်လို့ပဲ...”

“အခုခေတ်မှာ မွေးဖွားလာမယ့် အခြေတည်အဆင့်၊ ရွှေအမြုတေအဆင့်နဲ့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေက အရင်ကထက် ပိုများလာလိမ့်မယ်လို့ ထင်တယ်...”

ပိုင်ဟုန်ကျစ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရ၏။

ဤသည်မှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော ကျင့်ကြံခြင်းဆိုင်ရာ ခေတ်သစ်ကြီးဖြစ်ပြီး ရှေးဟောင်းခေတ်ကြီးနှင့်ပင် ယှဉ်နိုင်ကြောင်း သူ ချက်ချင်း သဘောပေါက်သွားလေသည်။

အားနည်းသူများအတွက်မူ ဤခေတ်ကြီးသည် ဘေးအန္တရာယ်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။

သို့သော် အားကြီးသူများအတွက်တော့ အထွတ်အထိပ်သို့ ရောက်ရှိရန် အလွန်ကောင်းမွန်သော အခွင့်အရေးကြီးပင် ဖြစ်ပေသည်။

ကြီးကျယ်ခမ်းနားလှသော ကျင့်ကြံခြင်းခေတ်ကြီးတစ်ခု ရောက်ရှိလာသည်ကို သူ မြင်တွေ့လိုက်ရသကဲ့သို့ပင်။

တတ်အပ်မပြောနိုင်သေးသော်လည်း အနာဂတ်တွင် သူကိုယ်တိုင်ပင်လျှင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက် ရှိလာနိုင်ပေသည်။

…………

မှန်ပေသည်၊ ပိုင်ဟုန်ကျစ်ကဲ့သို့သော ကျင့်ကြံသူများမှာ ချန်လန်ပင်လယ်ပြင် နေရာတိုင်းတွင် ရှိနေကြသည်။

သူတို့သည်လည်း ကြီးမားကျယ်ပြန့်လှသော ခေတ်ကြီးတစ်ခု ရောက်ရှိလာသည်ကို သတိထားမိနေကြ၏။

အကယ်၍ တစ်စုံတစ်ယောက်ကသာ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ပါက ကောင်းကင်ထက်သို့ တဟုန်ထိုး တက်လှမ်းသွားနိုင်ပေလိမ့်မည်။

ဤအခိုက်အတန့်တွင် ရွှမ်ဟွမ်ဂိုဏ်း၊ ရွှမ်ဟွမ်တောင်ထွတ်ရှိ ဂူနန်းတော်တစ်ခု၌…။

ကျိုးစွေ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ‘အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်း’ကို ကျင့်ကြံနေလေသည်။

အပြည့်အစုံဖြစ်သော ‘အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်း’ကို ရရှိပြီးသည့်အချိန်မှစ၍ သူသည် သေချာပေါက် အခွင့်အရေးကို လက်လွှတ်မခံတော့ဘဲ ကျန်ရှိနေသည့် နှလုံးသားမျက်လုံးလေးလုံးကို ပုံဖော်ကာ သူ၏ ခွန်အားများကို မြှင့်တင်လိုခဲ့သည်။

နှမြောစရာကောင်းသည်မှာ နောက်ပိုင်းရောက်လေလေ နှလုံးသားမျက်လုံးများကို ပုံဖော်ရသည့် အခက်အခဲက နှစ်ဆ ပိုများလာလေလေ ဖြစ်နေခြင်းပင်။

ထို့ကြောင့် သူသည် နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် ကြိုးစားပန်းစား ကျင့်ကြံခဲ့ရပြီး နောက်ဆုံးတွင်မှ စတုတ္ထမြောက် နှလုံးသားမျက်လုံးဖြစ်သည့် ‘စိတ်အာရုံရှုမြင်ခြင်း’ နှလုံးသားမျက်လုံးကို ပုံဖော်နိုင်တော့မည် ဖြစ်၏။

ထိုနှလုံးသားမျက်လုံးသည် အခြားသူများ၏ အတွင်းစိတ်မှ အသံများကို နားထောင်နိုင်ပြီး အကောင်းနှင့် အဆိုးကိုလည်း ခွဲခြားသိမြင်နိုင်စွမ်း ရှိပေသည်။

ဤနှလုံးသားမျက်လုံးကို ကျွမ်းကျင်ပိုင်နိုင်သွားသည်နှင့်တစ်ပြိုင်နက် အခြားသူများစိတ်ထဲတွင် မည်သို့ တွေးတောနေသည်ဖြစ်စေ သူ့ကို လျှို့ဝှက်ထားနိုင်မည် မဟုတ်တော့။

မှန်ပေသည်၊ ကျင့်ကြံခြင်းအဆင့် မြင့်မားနက်နဲသူများသည် သူတို့၏ အတွင်းစိတ်ကို ဖုံးကွယ်ထားနိုင်ပြီး အခြားသူများ သူတို့၏အတွေးများကို ထိုးထွင်းသိမြင်နိုင်မည် မဟုတ်ပေ။

သို့သော် မိမိထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော ရန်သူများကို ရင်ဆိုင်ရာတွင်မူ ၎င်းသည် နတ်ဘုရားအတတ်တစ်ခုပမာ ဖြစ်နေပြီး မအောင်မြင်နိုင်စရာ အကြောင်းမရှိချေ။

အခြားသူများ စိတ်ထဲ၌ မည်သို့တွေးနေသည်ကို သူက ကန်ရေပြင်ကို ကြည့်သကဲ့သို့ ရှင်းလင်းစွာ သိမြင်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ဤနှလုံးသားမျက်လုံးကို ပုံဖော်နိုင်ရန် မည်မျှခက်ခဲမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပြီး အခက်အခဲမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုနေခဲ့တော့သည်။

ဘန်း…။

ဤအခိုက်အတန့်၌ ကျိုးစွေ့၏ အတွင်းစိတ်နှလုံး နက်ရှိုင်းရာတစ်နေရာတွင် ထူးခြားသော နှလုံးသားမျက်လုံးတစ်လုံးက အဆက်မပြတ် ပုံဖော်ရေးဆွဲခံနေရသည်။

ထိုသို့ နှလုံးသားမျက်လုံးကို ပုံဖော်ရေးဆွဲသည့်လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သူသည် ‘စာအုပ်ကူ’၏ စွမ်းအားကို အသုံးပြုကာ အကြိမ်ပေါင်းသောင်းနှင့်ချီ၍ ပုံစံတူ ဖန်တီးလေ့ကျင့်ခဲ့ပြီး ဖြစ်သည်။

သူ့အနေဖြင့် စောစောစီးစီးကပင် ယုံကြည်မှုအပြည့်ရှိနေခဲ့ပြီဟု ဆိုနိုင်ပေသည်။

ဝုန်း...။

ထိုခဏ၌ပင် နောက်ဆုံးသော ဝိညာဉ်အမှတ်အသားကို ပုံဖော်ရေးဆွဲလိုက်ချိန်တွင် ၎င်းသည် နောက်ဆုံးကျန်နေသည့် ပဟေဠိအပိုင်းအစ၊ နောက်ဆုံးအစိတ်အပိုင်းကို ရှာတွေ့သွားသကဲ့သို့ တစ်မုဟုတ်ချင်းမှာပင် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့လေသည်။

ထူးခြားသော နှလုံးသားမျက်လုံးတစ်လုံးက ရုတ်တရက် ပုံပေါ်လာ၏။

၎င်းသည် တောက်ပနေသော နေမင်းကြီးပမာ ရွှေရောင်အလင်းတန်းများကို ဖြာထွက်စေခဲ့သည်။

မျက်လုံးအိမ်၏ နက်ရှိုင်းသောနေရာတွင် ပြည့်နှက်နေသည့် လျှို့ဝှက်ဆန်းကြယ်သော မှော်ရုန်းသင်္ကေတများ ပေါ်ထွက်လာပြီး အတိုင်းအဆမသိ နက်နဲလှသည်။

ထိုအခိုက်အတန့်တွင် သူ၏ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ပြောင်းလဲသွားပြီး ကမ္ဘာကြီးကို ရှုမြင်သည့် နည်းလမ်းသည်လည်း ယခင်နှင့် လုံးဝကွဲပြားသွားကြောင်း ကျိုးစွေ့ ခံစားလိုက်ရသည်။

သူ၏ နတ်ဘုရားအာရုံမှာ အဆက်မပြတ် ဖြန့်ကျက်သွားပြီး မိုင်တစ်သိန်းပတ်လည် ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။

ရွှမ်ဟွမ်ဂိုဏ်း အထက်အောက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများအားလုံးမှာ သူ၏ အာရုံခံနိုင်သည့် နယ်ပယ်အတွင်းသို့ ရောက်ရှိနေကြသည်။

လူသားကျင့်ကြံသူများစွာ၏ စိတ်တွင်းအသံများသည်လည်း ရေဒီယိုမှ အသံလွှင့်နေသကဲ့သို့ သူ၏ သိစိတ်ပင်လယ် အနက်ပိုင်းထဲသို့ ချက်ချင်း ရောက်ရှိလာတော့သည်။

‘ဒီတစ်ခေါက် ဂိုဏ်းပြိုင်ပွဲမှာ ငါက ထိပ်ဆုံးဆယ်ယောက်စာရင်းထဲ မဖြစ်မနေဝင်ရမယ်… ဘယ်သူ့ထက်မှ မညံ့ဘူးဆိုတာကို ငါ သက်သေပြရမယ်’

‘တောက်... ဂိုဏ်းတူအစ်ကိုလျိုက ဘာတွေများ ကောင်းနေလို့လဲ… ဘာလို့ ဂိုဏ်းတူညီမလေးယောင်းက သူ့ကိုပဲ သဘောကျပြီး ငါ့ကို မကြိုက်ရတာလဲ’

‘ထူးဆန်းလိုက်တာ... ကုယုံကျင့်စဉ်က တကယ်ပဲ ဒီလောက်တောင် ခက်ခဲနေတာလား… ဘာကြောင့် ငါ ဘယ်လောက်ပဲ နားလည်အောင်လုပ်လုပ် ပိုမြင့်တဲ့အဆင့်ကို မတက်လှမ်းနိုင်ရတာလဲ… ကြည့်ရတာ ‘သိဒ္ဓိဝင်ကျမ်းစာတောင်’ထဲကို နောက်တစ်ခေါက် ထပ်ဝင်ပြီး နားလည်အောင် လုပ်မှဖြစ်မယ်ထင်တယ်… နှမြောစရာကောင်းတာက ငါ့ဆီမှာ ဂိုဏ်းအတွက် စွမ်းဆောင်မှုအမှတ်တွေ သိပ်မကျန်တော့တာပဲ’

‘ဟူး... ရွှမ်ဟွမ်ဂိုဏ်းမှာ ပါရမီရှင်တွေက အရမ်းကို များလွန်းတယ်… ငါက ရွှမ်ဟွမ်ဂိုဏ်းမှာ တကယ်ပဲ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါ့မလား… ဆရာကတော့ ငါ့ရဲ့ ကံကြမ္မာက အံ့မခန်းဖြစ်ပြီး အနာဂတ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ ပြောတာပဲ… ငါ့ကို လိမ်ပြောနေတာများလား မသိဘူး’

‘ဟားဟား... ရွှမ်ဟွမ်ဂိုဏ်းကို ဝင်လိုက်တာ မှန်သွားတယ်… ဒီမှာက စားစရိတ် နေစရိတ်ပါ အငြိမ်းပဲ… နောက်ဆုံးတော့ ဗိုက်ဆာခံစရာ မလိုတော့ဘူး… ညစာစားချိန် ရောက်တော့မယ်ထင်တယ်… ငါ သွားပြီး နေရာဦးထားမှ… မဟုတ်ရင် တခြား ဂိုဏ်းတူအစ်ကိုတွေ လုသွားတာ ခံရမှာ သေချာတယ်’

‘ယောက်ျားက ဘယ်တော့များမှ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာမှာလဲ… တကယ်ကို ပျင်းစရာကောင်းလွန်းတယ်’

ချက်ချင်းပင် ကျင့်ကြံသူများ၏ အသံတစ်ခုပြီးတစ်ခုသည် ကျိုးစွေ့၏ သိစိတ်ပင်လယ် အနက်ပိုင်းထဲသို့ ဝင်ရောက်လာတော့သည်။

“စိတ်ဝင်စားစရာပဲ... ဒါက စိတ်အာရုံရှုမြင်ခြင်း နှလုံးသားမျက်လုံးဆိုတာလား...”

“တကယ်ကြီး တခြားသူတွေရဲ့ စိတ်တွင်းအသံတွေကို နားထောင်နိုင်ပြီး တခြားသူတွေရဲ့ အကောင်းအဆိုးကိုပါ အာရုံခံနိုင်တာပဲ...”

ကျိုးစွေ့မှာ သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ရင်း ရုတ်တရက် အံ့အားသင့်သွားရသည်။

သိသာစွာပင် ဤနှလုံးသားမျက်လုံး၏ စွမ်းရည်မှာလည်း အတော်လေးကို အံ့မခန်း ဖြစ်နေခဲ့သည်။

အကယ်၍ သေသေချာချာ အသုံးချနိုင်မည်ဆိုပါက ဘက်စုံတော်ပြီး လူမှုဆက်ဆံရေးနယ်ပယ်တွင် ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်ချေရှိ၏။

တစ်ချိန်တည်းမှာပင် သူငယ်ချင်းကောင်းများကို ပေါင်းသင်းနိုင်ကာ လူမှုဆက်ဆံရေးအဖုံဖုံကို ထိုးထွင်းသိမြင်နိုင်ပြီး မည်သည့်နေရာတွင်မဆို ရေနှင့်ငါးပမာ သဟဇာတဖြစ်အောင် နေထိုင်နိုင်ပေလိမ့်မည်။

ဤကဲ့သို့သော စွမ်းရည်မှာ တွေးထင်ထားသည်ထက်ပင် သာလွန်နေသည်ဟု မပြောဘဲ မနေနိုင်တော့ချေ။

အစွမ်းထက်မြက်လှသည့် ထူးကဲစွမ်းရည်တစ်ခုနှင့်ပင် တူညီနေတော့သည်။

“တကယ်ပဲ ဒီကျင့်စဉ်က သာမန်ထူးကဲတဲ့ စွမ်းရည်တစ်ခုမဟုတ်ဘဲ အင်မော်တယ်ပညာရပ်တစ်ခု ဖြစ်နေတာပဲ...”

“ကျင့်ကြံရတာ ဒီလောက်တောင် ခက်ခဲနေတာ မဆန်းတော့ဘူး… သာမန်လူတွေ ကျင့်ကြံနိုင်တဲ့ အရာမျိုးမှ မဟုတ်တာ...”

“နှစ်ပေါင်းသန်းချီ ကြာလာတာတောင် အင်မော်တယ် ကျင့်ကြံခြင်းလောကမှာ ဒီပညာရပ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်တဲ့သူ မရှိခဲ့တာကိုလည်း အပြစ်ဆိုလို့ မရဘူး...”

ကျိုးစွေ့ များစွာ စိတ်လှုပ်ရှားမိသွားသည်။

စတုတ္ထမြောက် စိတ်အာရုံရှုမြင်ခြင်း နှလုံးသားမျက်လုံးကို သူ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လျှင်ပင် ဤကျင့်စဉ်သည် အလွန်တရာ ခက်ခဲလှသည်ဟု သူ ခံစားနေရဆဲပင်။

အခန်း (၆၃၈) - အလင်းမျက်လုံးခုနစ်လုံးနှလုံးသား၊ ဆဋ္ဌမအဆင့် ‘စာအုပ်ကူ’၊ ချိပ်ပိတ်ခြင်းစာအုပ်၊ နယ်ပယ်တံခါး ပြည့်စုံသွားခြင်း(၁)။

အကြောင်းသည်ကား ကျန်ရှိနေသော နှလုံးသားဉာဏ်မျက်စိသုံးလုံးမှာ အလွန်တရာစွမ်းအားကြီးမားလှသောကြောင့် ဖြစ်၏။ သာမန်ကျင့်ကြံသူများအတွက် အောင်မြင်အောင် ကျင့်ကြံရန်မှာ လုံးဝမဖြစ်နိုင်သလောက် ဖြစ်နေသောကြောင့်ပင်။

"ပဉ္စမမြောက် နှလုံးသားဉာဏ်မျက်စိက သေစေနိုင်တဲ့အစွမ်းရှိတယ်… ဒီဉာဏ်မျက်စိက မရဏမျဉ်းတွေကို မြင်နိုင်ပြီး ရန်သူရဲ့ အားနည်းချက်တွေကို သိမြင်နိုင်တယ်… အဲ့ဒီမရဏမျဉ်းအတိုင်းသာ ခုတ်ပိုင်းလိုက်မယ်ဆိုရင် ရန်သူကို အသေသတ်နိုင်လိမ့်မယ်… ရန်သူက မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရင်တောင်မှ ဘာမှမထူးဘူး...”

"ဆဋ္ဌမမြောက် နှလုံးသားဉာဏ်မျက်စိက ကြိုတင်သိမြင်နိုင်တဲ့အစွမ်းရှိတယ်… ဒီဉာဏ်မျက်စိက ခဏတာအနာဂတ်ကို ခန့်မှန်းနိုင်ပြီး ရန်သူရဲ့ လှုပ်ရှားမှုတွေကို ကြိုသိနိုင်တယ်… မိနစ်အနည်းငယ်အတွင်း ရန်သူရဲ့ ဘယ်လှုပ်ရှားမှုကိုမဆို လက်ဖဝါးပေါ်က အရာတစ်ခုလို အကုန်သိနိုင်တယ်...”

"သတ္တမမြောက် နှလုံးသားဉာဏ်မျက်စိက တာအိုကို သိမြင်နိုင်စွမ်းရှိတယ်… ဒီဉာဏ်မျက်စိက ကောင်းကင်တာအိုကို သိမြင်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်...”

ကျိုးစွေ့၏မျက်လုံးများမှာ အရောင်လက်သွားလေ၏။

ဤသည်မှာ သူသည် အလင်းမျက်လုံးခုနှစ်လုံးလျှို့ဝှက်ကျမ်းမှ ရရှိခဲ့သော နှလုံးသားမျက်လုံးခုနစ်လုံး၏ စွမ်းရည်အားလုံးပင် ဖြစ်ပေသည်။

နှလုံးသားဉာဏ်မျက်စိတိုင်းတွင် စိတ်ကူးအတွေးနှင့်ပင် မမှန်းဆနိုင်လောက်သော စွမ်းအားများ ပါဝင်နေလေသည်။

အထူးသဖြင့် နောက်ပိုင်းရှိ နှလုံးသားဉာဏ်မျက်စိအနည်းငယ်မှာ တစ်လုံးချင်းစီတိုင်းသည် အလွန်တရာစွမ်းအားကြီးမားပြီး ထင်ထားသည်ထက် ပိုမိုပြင်းထန်နေပေ၏။

အနှိုင်းမဲ့တန်ခိုးစွမ်းရည်တစ်ခုစီနှင့်ပင် တူညီနေချေသည်။

သွားလေသူ ချန်ချွန်းတာအိုအရှင်သည် သူ၏တပည့်များကို စမ်းသပ်ရန်အတွက် ဤအလင်းမျက်လုံးခုနှစ်လုံးလျှို့ဝှက်ကျမ်းကို အသုံးပြုခဲ့သည်မှာလည်း အံ့သြစရာမဟုတ်တော့ပေ။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤအင်မော်တယ်ပညာရပ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ပါက ထိုသူသည် ဤလောကတွင် ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦး ဖြစ်လာမည်မှာ အသေအချာပင်။

အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားနိုင်ခဲ့လျှင်ပင် ထိပ်တန်းအင်မော်တယ်တစ်ပါး ဖြစ်လာပေလိမ့်မည်။

ဝမ်းနည်းစရာကောင်းသည်မှာ လက်ရှိတွင် ကျိုးစွေ့မှလွဲ၍ မည်သူကမျှ ဤကျင့်စဉ်ကို အောင်မြင်အောင် မကျင့်ကြံနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

အများဆုံးအနေဖြင့် နှလုံးသားမျက်လုံးတစ်လုံးကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့လျှင်ပင် အလွန်တရာ မှတ်ကျောက်တင်လောက်သည်။

ဝုန်း…။

ဤသို့တွေးမိသွားပြီးနောက် ကျိုးစွေ့၏အတွေးတစ်ချက်ဖြင့် သူ၏အချက်အလက်ပြမျက်နှာပြင်ကို ချက်ချင်းဖွင့်လိုက်တော့သည်။ လက်ရှိသူ၏ ခန္ဓာကိုယ်အချက်အလက်များက မည်သို့ရှိနေသည်ကို သိချင်သွားမိ၏။

[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံခြင်းအဆင့် - နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်း (တိုးတက်မှု ၂၀%)၊ သက်တမ်း - ၄၀၀ (၈၃၀၀၀ နှစ်) ]

[ ပင်ကိုပါရမီ - ပထမအဆင့် စိတ်ဝိညာဉ်အမြစ် (၉၉%) ]

[ ဓားသိုင်းပညာ - ပဉ္စမအဆင့် အောက်ခြေအဆင့် (၁၀%) ]

[ အဆောင်ပညာ - ပဉ္စမအဆင့် အောက်ခြေအဆင့် (၇%) ]

[ အစီအရင်ပညာ - ပဉ္စမအဆင့် အထွတ်အထိပ် (၉၉%) ]

[ ဆေးဖော်စပ်ပညာ - ပဉ္စမအဆင့် အောက်ခြေအဆင့် (၇၀%) ]

[ လက်နက်သွန်းလုပ်ခြင်း - ပဉ္စမအဆင့် အောက်ခြေအဆင့် (၁၁%) ]

[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - မဟာဆရာသခင်အဆင့် ]

[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - မဟာဆရာသခင်အဆင့် ]

[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းပညာရပ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း ]

[ အလင်းမျက်လုံးခုနှစ်လုံးလျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်ခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကားနားလည်ခြင်း၊ နှလုံးသားမျက်လုံး စိတ်အာရုံဖတ်ခြင်း ]

[ ကျူးရှန်းဓားသိုင်း - ပထမပုံစံ သဏ္ဌာန်မဲ့ဓားအလင်း၊ ဒုတိယပုံစံ သတ်ဖြတ်ခြင်းဓားအလင်း ]

[ ဓာတ်ငါးပါးမိုးကြိုးပညာရပ် - ကျွမ်းကျင်အဆင့်၊ ကုယုံဆန်းကြယ်အလင်း - မဟာဆရာသခင်အဆင့်၊ ရှေးဟောင်းလိပ်နက်ပညာရပ် - တတိယအလွှာ၊ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး - မဟာဆရာသခင်အဆင့်၊ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့်၊ လေဓားသွားပညာ - မဟာဆရာသခင်အဆင့်၊ ရွှေအလင်းပညာ - မဟာဆရာသခင်အဆင့်၊ ရေခဲနှင်းပညာ - မဟာဆရာသခင်အဆင့်၊ နွေလေမိုးပညာ - မဟာဆရာသခင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - မဟာဆရာသခင်အဆင့်... ]

[ 'ချစ်ခြင်းမေတ္တာကူ' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'ကိုယ်ပွားကူ' - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ 'အရက်ကူ' - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ 'ရွှေစားကူ' - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ '‘စာအုပ်ကူ’' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'အိပ်မက်ဝိညာဉ်ကူ' - ပဉ္စမအဆင့် အလယ်အလတ်၊ 'နဂါးဆင်ကူ' - ပဉ္စမအဆင့် အလယ်အလတ်၊ 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ' - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ 'တည်နေရာပြောင်းကူ' - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ 'အစီအရင်နှလုံးသားကူ' - ပဉ္စမအဆင့် အထွတ်အထိပ်၊ 'ပစ္စည်းရှာဖွေကူ' - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ 'မိုးကြိုးကပ်ဘေးကူ' - ပဉ္စမအဆင့် အလယ်အလတ်၊ 'ဆေးဝါးကူ' - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ 'ကံကြမ္မာကူ' - ပဉ္စမအဆင့် အောက်ခြေအဆင့် ]

“တကယ်ပဲ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်သွားပြီးတဲ့နောက်မှာ ကျင့်ကြံတဲ့အမြန်နှုန်းက အတော်လေး နှေးသွားတာပဲဟ…”

ကျိုးစွေ့ တွေးလိုက်မိကာ မျက်လုံးများကို မှေးကျဉ်းလိုက်လေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့်တွင် ကျင့်ကြံရခြင်း၏ ခက်ခဲမှုအတိုင်းအတာကို သူ သတိထားမိနေပြီ ဖြစ်၏။

သိထားရမည်မှာ သူ၏ကျင့်ကြံမှုတွင် ပဉ္စမအဆင့် စိတ်ဝိညာဉ်အရက်များရှိနေပြီး သူ၏တာအိုလက်တွဲဖော်များ၏ အကူအညီပါ ရှိနေသေးသည်။ သို့သော်ငြား နှစ်တစ်ရာတိုင်တိုင် အပြင်းအထန် ကျင့်ကြံခဲ့သော်လည်း တိုးတက်မှုက ၂၀ %သာ တက်လာခဲ့သည်။

အကယ်၍ သာမန်နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းကျင့်ကြံသူတစ်ဦးသာ ဆိုပါက နှစ်တစ်ထောင်တိုင်တိုင် အပြင်းအထန် ကျင့်ကြံလျှင်ပင် နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်သို့ တက်လှမ်းနိုင်မည် မဟုတ်ချေ။

လက်တွေ့တွင်လည်း ထိုအတိုင်းပင် ဖြစ်ပေ၏။

ကျင့်ကြံခြင်းလောကတွင် ပေါ်ထွက်လာခဲ့သော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ အမြောက်အမြားရှိသော်လည်း အများစုကြီးမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းတွင်သာ ရပ်တန့်နေကြရသည်။

ဤတစ်သက်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်မည့် အခွင့်အရေး လုံးဝမရှိကြပေ။

ဤသို့သော အခြေအနေမျိုး ပေါ်ပေါက်လာရခြင်းမှာ သဘာဝအားဖြင့် ကျင့်ကြံခြင်းလောက၏ ပတ်ဝန်းကျင်သည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ကျင့်ကြံရန်အတွက် အနည်းငယ် မသင့်တော်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စိတ်ဝိညာဉ်လောကသို့ တက်လှမ်းမှသာလျှင် ကျင့်ကြံခြင်းစွမ်းရည်ကို တိုးတက်စေနိုင်မည် ဖြစ်ပြီး နောင်တစ်ချိန်တွင် ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းရန် အခွင့်အရေးရလာမည် ဖြစ်၏။

ကျင့်ကြံခြင်းလောက၏ အဆင့်အတန်း မြင့်တက်လာပြီး စိတ်ဝိညာဉ်လောကနှင့် တစ်တန်းတည်းဖြစ်လာမည်ဆိုလျှင်မူ ချွင်းချက် ဖြစ်ပေလိမ့်မည်။

ထိုသို့ဖြစ်လာပါက ကျင့်ကြံခြင်းလောကရှိ ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်က အလွန်လျင်မြန်စွာ တိုးတက်လာနိုင်သည်။

“ဒါပေမယ့်လည်း အလောတကြီး လုပ်စရာမလိုပါဘူးလေ… လောကသုံးခုကိုသာ ပေါင်းစည်းနိုင်ခဲ့မယ်ဆိုရင် ကျင့်ကြံခြင်းလောကရဲ့ အဆင့်ကို တိုးမြှင့်နိုင်လိမ့်မယ်… ဒီလိုဆိုရင် စိတ်ဝိညာဉ်လောကကို မတက်လှမ်းဘဲ ကျင့်ကြံခြင်းလောကမှာ ဆက်နေရင်တောင်မှ ပိုမြင့်မားတဲ့အဆင့်တွေကို တက်လှမ်းနိုင်လိမ့်မယ်…”

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်ရင်း တွေးတောမိလေသည်။

အမှန်အတိုင်းဆိုရလျှင် သူသည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို အချိန်မရွေး ထုတ်ယူကာ လောကသုံးခုကို ပေါင်းစည်းနိုင်စွမ်း ရှိသည်။ သို့သော် သူသည် ပိုမိုကောင်းမွန်သော အချိန်အခါကောင်းတစ်ခုကို ရွေးချယ်ရန် လိုအပ်နေ၏။

အကောင်းဆုံးမှာ မိစ္ဆာမိစ္ဆာသားရဲမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ အသေအလဲ တိုက်ခိုက်ကြပြီး နှစ်ဖက်လုံး အထိနာသွားချိန်တွင် လူသားမျိုးနွယ်က ကြားဝင်အမြတ်ထုတ်နိုင်မည့် အခြေအနေမျိုးပင် ဖြစ်သည်။

ထိုသို့သာဖြစ်ခဲ့လျှင် လူသားမျိုးနွယ်အနေဖြင့် တစ်လောကလုံးကို စည်းလုံးနိုင်မည့် အခွင့်အရေး ရရှိလာမည်ဖြစ်ပြီး မိစ္ဆာမိစ္ဆာသားရဲမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ကို ဖိနှိပ်ထားနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ပေါင်းစည်းပြီးနောက် ကမ္ဘာကြီးကို မည်သူက ကြီးစိုးမည်ဆိုသည်မှာ သေချာမည် မဟုတ်ချေ။

“မဆိုးဘူး မဆိုးဘူး… ကျင့်ကြံခြင်းပညာရပ်တွေ အကုန်လုံးလည်း တိုးတက်လာခဲ့တာပဲ…”

ကျိုးစွေ့က သူ၏ခန္ဓာကိုယ်ရှိ အမျိုးမျိုးသော စွမ်းရည်များကို ဆက်လက်စစ်ဆေးကြည့်ရင်း တွေးလိုက်မိသည်။

သူ၏ ဆေးဖော်စပ်ပညာ၊ အဆောင်လက်ဖွဲ့ပညာ၊ လက်နက်သန့်စင်ခြင်း၊ ဓားသိုင်းပညာ စသည့် အတတ်ပညာများအားလုံးသည် ပဉ္စမအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာမှုက သူ၏အတတ်ပညာများကိုပါ တစ်ပါတည်း မြင့်တက်လာစေခဲ့ပြီး သူ့ကို များစွာတိုးတက်လာစေခဲ့သည်မှာ ထင်ရှားပေ၏။

များစွာ တိုးတက်မှုမရှိခဲ့သည့် တစ်ခုတည်းသောအရာမှာ အစီအရင်ကျင့်ကြံမှုပင်။ သို့သော် ဤသည်မှာလည်း တတ်နိုင်သည့်ကိစ္စ မဟုတ်ပေ။ အကြောင်းမှာ 'အစီအရင်နှလုံးသားကူ'၏ ကျင့်ကြံမှုကို တိုးမြှင့်ချင်ပါက ပိုမိုမြင့်မားသော အစီအရင်များကို ဝါးမြိုရန် လိုအပ်နေသောကြောင့် ဖြစ်လေသည်။

ပြဿနာမှာ ကျင့်ကြံခြင်းလောကရှိ အမြင့်ဆုံးအဆင့် အစီအရင်များသည် ပဉ္စမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေခြင်းပင်။ ထို့ကြောင့် 'အစီအရင်နှလုံးသားကူ'သည် မည်မျှပင် စွမ်းအားကြီးမားစေကာမူ ဆဋ္ဌမအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန်မှာ မဖြစ်နိုင်ချေ။

ဤသည်မှာ ဆန်မရှိလျှင် မည်မျှကျွမ်းကျင်သော ထမင်းချက်ဖြစ်စေ ထမင်းချက်၍ မရနိုင်သကဲ့သို့ပင် ဖြစ်ပေသည်။ သေချာသည်မှာ လက်ရှိကျင့်ကြံခြင်းလောကရှိ ပဉ္စမအဆင့် အစီအရင်ကျင့်ကြံသူများသည်ပင် လုံလောက်နေပြီ ဖြစ်သည်။

အကယ်၍ ဆဋ္ဌမအဆင့်အထိ တက်လှမ်းသွားနိုင်ခဲ့လျှင်ပင် ကျင့်ကြံခြင်းလောကတွင် ဆဋ္ဌမအဆင့် အစီအရင်များကို ခင်းကျင်းနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ဆဋ္ဌမအဆင့် ဝိညာဉ်သွေးကြောမရှိပါက ဆဋ္ဌမအဆင့် အစီအရင်များကို ခင်းကျင်းထားသည့်တိုင် အလှပြသက်သက်သာ ဖြစ်နေချေမည်။

“ရှေးဟောင်းလိပ်နက်ပညာရပ်က နောက်ဆုံးတော့ တတိယအလွှာကို ရောက်လာခဲ့ပြီပဲ…”

ကျိုးစွေ့ ခပ်ဖွဖွ ပြုံးလိုက်မိသည်။

ဤနှစ်တစ်ရာကာလအတွင်း အလင်းမျက်လုံးခုနှစ်လုံးလျှို့ဝှက်ကျမ်းကို ကျင့်ကြံခြင်းအပြင် ရှေးဟောင်းလိပ်နက်ပညာရပ်ကိုလည်း အဓိကထား၍ ကျင့်ကြံခဲ့၏။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ အလွန်တရာ အစွမ်းထက်သော ကာကွယ်ရေးပညာရပ်တစ်ခုဖြစ်ပြီး နက်နဲမှုများ အဆုံးအစမရှိချေ။

သူကဲ့သို့သော သတိကြီးသူမျိုးအနေဖြင့် သဘာဝကျကျ ဤကျင့်စဉ်ကို အလွန်မြင့်မားသော အဆင့်တစ်ခုအထိ ရောက်အောင် မြှင့်တင်ချင်နေခဲ့သည်။ ထိုသို့ပြုလုပ်နိုင်ပါက သူ၏လုံခြုံရေးမှာ ကြီးမားစွာ မြင့်တက်လာမည် ဖြစ်၏။

All Chapters