ပြောင်းလဲခြင်း
Vol. 10 Ch. 905
ထို့ကြောင့် ဘုရင်မကြီးက လွိလော်ကို မင်းသား၏အိမ်တော်တစ်ခုလုံးကို လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့ခြင်း ဖြစ်လေသည်။
လွိလော်က ဆန်းလျန်၏ မိတ်ဆွေဟောင်းဖြစ်ရုံသာမက ကျီဝေးဧကရာဇ်နှင့်လည်း ပတ်သက်နေသူ ဖြစ်လေသည်။
ထို့ကြောင့် သူမသာ ဝေ့မင်းသား၏မိသားစုကို သတ်ဖြတ်မည်ဆိုလျှင် ဆန်းလျန်က ဝင်ရောက်မစွက်ဖက်မည်မှာ (၅၀)ရာခိုင်နှုန်း သေချာလေသည်။
ထို့ပြင် ဘုရင်မကြီးက ဝေ့မင်းသား၏မိသားစုတစ်ခုလုံးကို သတ်ဖြတ်ရန် အမိန့်ပေးရသည်မှာ အကြောင်းရှိလေသည်။ အဘယ်ကြောင့်ဆိုသော်… ဝေ့မင်းသား၏မိသားစုသည် ဆန်းလျန်နှင့် တစ်စုံတစ်ခုပတ်သက်နေသည်ကို သူမ ရိပ်မိနေသောကြောင့် ဖြစ်သည်။
ဘုရင်မကြီးက စိတ်ဓာတ်ပြင်းထန်သူတစ်ယောက်ဖြစ်သလို အမြဲတမ်း လက်ဦးရယူတတ်သူတစ်ယောက်လည်း ဖြစ်လေရာ သူမက ဆန်းလျန် အနိုင်ရသွားမည်ကို မလိုလားပေ။ သူမ၏ စိတ်ထဲတွင် ဆန်းလျန်ကို သူမ၏ ပြိုင်ဘက်ဟု သတ်မှတ်ထားလေသည်။
***
ထိုအချိန်မှာပင်…
မိုးကောင်းကင်ခုံရုံးတွင် ရောင်စဉ် (၅)မျိုး အလင်းတန်းများထွက်ပေါ်လာပြီး ထိုအလင်းတန်းများအလယ်တွင် ရွှေကြုတ်တစ်ခု ရှိနေလေသည်။
ထို ရောင်စဉ် (၅)မျိုး အလင်းတန်းများကြောင့် မိုးကောင်းကင်ခုံရုံးတစ်ခုလုံးပင် တုန်လှုပ်လာလေသည်။ ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်မှ နတ်ဘုရားများပင်လျှင် ထိုနေရာသို့ ကပ်ရဲခြင်း မရှိကြပေ။
အနည်းငယ် သတ္တိကောင်းပြီး စူးစမ်းလိုသည့် နတ်ဘုရားတစ်ပါးက ထိုနေရာသို့ အသာတိုးကပ်သွားလေသည်။
ထိုအခါ ရောင်စဉ် (၅)မျိုး အလင်းတန်းများက ချက်ချင်းပင် ထိုနတ်ဘုရားကို စုပ်ယူပစ်လိုက်လေသည်။ ခဏအကြာတွင်တော့ ထိုနတ်ဘုရားသည် ရောင်စဉ် (၅)မျိုး အလင်းတန်းများအတွင်းမှ ပြန်လည်လွင့်စင်ထွက်လာပြီး မြေပြင်ထက်တွင်လဲကျကာ နာကျင်စွာဖြင့် အော်ဟစ်ညည်းတွားလျှက် ရှိလေတော့သည်။
ထိုနတ်ဘုရား၏အဖြစ်အပျက်ကို တွေ့မြင်လိုက်ရသည်နှင့် တန်ခိုးစွမ်းအားမြင့်မားသည့် ရှေးဟောင်းနတ်ဘုရားများပင် ထိုနေရာသို့ တိုးကပ်သွားရဲခြင်း မရှိကြတော့ပေ။ နောက်ဆုံးတော့ မည်သို့မှ မတတ်နိုင်တော့ဘဲ ရွှမ်ဟွမ်မိုးနတ်မင်းနှင့် တာအိုဆရာယွိတင်ကို အကြောင်းကြားလိုက်ရလေတော့သည်။
ရွှမ်ဟွမ်မိုးနတ်မင်းနှင့် တာအိုဆရာသခင်ယွိတင်တို့ ရောက်မလာမီအချိန်တွင် မိုးကောင်းကင်ခုံရုံးမှနတ်ဘုရားများက တန်ခိုးစွမ်းအားအရံအတားများဖန်ဆင်းကာ ရွှေကြုတ်ပတ်ဝန်းကျင်တွင် အရံအတားများ ပြုလုပ်ထားကြလေသည်။
ခဏကြာသည့်အခါ… ရွှမ်ဟွမ်မိုးနတ်မင်းနှင့် တာအိုဆရာယွိတင်တို့ ရောက်ရှိလာကြလေသည်။
"ခုံရွှမ်း ၊ ယွင်ရှောင်း … မင်းတို့က မိုးကောင်းကင်ခုံရုံးကိုတောင် ပြဿနာရှာရဲတယ်ပေါ့…"
ရွှမ်ဟွမ်မိုးနတ်မင်းက ရင်ပတ်ထက်တွင် ထိုက်ချိယင်ယန်သင်္ကေတပါဝင်သည့် ဧကရာဇ် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ၏နဖူးထက်တွင် ထိုကချိယင်ယန်သင်္ကေတကိုတွေ့မြင်နိုင်ပြီး သူ၏မျက်နှာကတော့ အေးစက်ခက်ထန်လျှက် ရှိလေ၏။
တာအိုဆရာယွိတင်ကတော့ လက်ထဲတွင် ဖန်ကူအလံကိုကိုင်ထားပြီး ရွှမ်ဟွမ်မိုးနတ်မင်း၏ဘေးတွင် ရပ်နေလေသည်။
ဖန်ကူအလံမှ ထူးဆန်းသည့် ရှေးဟောင်းတန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ရောင်စဉ် (၅)မျိုး အလင်းတန်းများကို မှေးမှိန်သွားအောင် ဖိနှိပ်ထားလိုက်လေသည်။
"အစ်ကိုယွိတင်က နှစ်ပေါင်းများစွာ စောင့်ရှောက်ထားခဲ့တာတော့ ကျေးဇူးတင်ပါတယ် ၊ ဒါပေမဲ့ ဒီနေ့တော့ ကျွန်မက ခွန်လွန်တောင်အောက်မှာ အချုပ်ခံနေရတာ အရမ်းပျင်းလာပြီ ၊ ဒါကြောင့် အစ်ကိုယွိတင်ကို နှုတ်ဆက်စကားဆိုရတော့မယ်…"
တည်ငြိမ်သည့်မိန်းကလေးသံတစ်သံ ထွက်ပေါ်လာလေသည်။
ထိုအသံကို မိုးကောင်းကင်ခုံရုံးတစ်ခုလုံးမှ လူများအားလုံး ကြားလိုက်ကြရလေသည်။
မိုးကောင်းကင်ခုံရုံးတွင် ပြဿနာလာရှာသူများမှာ တာအိုဆရာယွိတင်က ခွန်လွန်တောင်အောက်တွင် နှစ်ပေါင်းများစွာကြာအောင် ဖမ်းဆီးချုပ်နှောင်ထားခဲ့သည့် ဒေါင်းစိမ်းမင်းကြီးခုံရွှမ်းနှင့် ယွင်ရှောင်းနတ်သမီးတို့ပင် ဖြစ်လေသည်။
သူတို့က ယခုတော့ ခွန်လွန်တောင်အောက်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြပြီ ဖြစ်လေသည်။
တာအိုဆရာယွိတင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…
"မင်းတို့က ထွက်သွားချင်တယ်ပေါ့လေ…"
"ယွင်ရှောင်းနတ်သမီး ၊ မင်းကဘာလို့ ဒီအဓိပ္ပါယ်မရှိတဲ့စကားတွေကို သူတို့နဲ့ ပြောနေသေးတာလဲ…"
တည်ငြိမ်သည့် ယောကျ်ားလေးတစ်ယောက်အသံထွက်ပေါ်လာလေသည်။
ထိုသူ၏အသံကိုကြားလိုက်ရသည်နှင့် နတ်ဘုရားများမှာ အေးခဲသွားမတတ် ခံစားလိုက်ကြရလေသည်။ ထိုအသံမှာ ဒေါင်းစိမ်းမင်းကြီး ခုံရွှမ်း၏ အသံပင် ဖြစ်လေသည်။
စကားသံဆုံးသွားသည်နှင့် မိုးကောင်းကင်ခုံရုံးတစ်ခုလုံး တုန်ခါသွားပြီး ကောင်းကင်ဘုံ (၉)ထပ်နှင့် အသူရာချောက် (၉)ထပ်တစ်ခွင်တွင် ခေါင်းလောင်းသံတစ်သံ ဆူညံစွာ ထွက်ပေါ်လာလေသည်။
ထိုခေါင်းလောင်းသံထွက်ပေါ်လာသည်နှင့် အဆက်မပြတ်ကျယ်ပြန့်လျှက်ရှိသည့် မိုးကောင်းကင်ခုံရုံးသည် ချက်ချင်းပင် ရပ်တန့်သွားလေသည်။
တစ်ချိန်တည်းမှာပင် ရွှမ်ဟွမ်မိုးနတ်မင်း နေ့ရက်ပေါင်းများစွာ ကြိုးစားဖန်ဆင်းခဲ့သည့် မိုးကောင်းကင်ခုံရုံးသည်လည်း အလကား ဖြစ်သွားခဲ့ရလေတော့သည်။ အဘယ်ကြောင့်ဆိုသော်… မိုးကောင်းကင်ခုံရုံးမှ မည်သည့်တန်ခိုးစွမ်းအားကိုမှ သူ ရယူသုံးစွဲနိုင်ခြင်း မရှိတော့သောကြောင့် ဖြစ်သည်။
ထိုအချက်က သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေလေသည်။
ထိုအချိန်မှာပင်… မိုးကောင်းကင်တောင်ဘက်တံခါးမှ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာလေသည်။ ဓားဝိညာဉ်မှာ အနက်ရောင်တောက်ပနေပြီး ပင်လယ်လှိုင်းလုံးများကဲ့သို့ တဖြည်းဖြည်းမြင့်တက်လာလေရာ လောကတစ်ခုလုံးကို သိမ်းကြုံးဖျက်စီးတော့မည့်အလား ထင်မှတ်ရလေသည်။
ထို့နောက်… ရွှမ်ဟွမ်မိုးနတ်မင်း၏ စိတ်အာရုံထဲတွင် ပုံရိပ်တစ်ခုကိုတွေ့မြင်လိုက်ရလေသည်။ ထိုပုံရိပ်မှာ ကျန်းဝူနတ်ဘုရား၏ ပုံရိပ်ပင် ဖြစ်လေသည်။
ကျန်းဝူနတ်ဘုရားက ခုံရွှမ်းတို့ကို တိတ်တဆိတ်ပူးပေါင်းကာ ကူညီနေခဲ့သည်ကို သူလုံးလုံး သတိမထားခဲ့မိဘူးပဲ။
ကျန်းဝူနတ်ဘုရား၏ ရွှမ်ထျန်းဓားဝိညာဉ်သည် မရဏဓားများလောက် အစွမ်းမထက်သော်လည်း အဆုံးမရှိသည့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်လေသည်။ ထို့ကြောင့် ခုခံနိုင်ရန် ခက်ခဲလွန်းလှသည်။
တာအိုဆရာယွိတင်က ဖန်ကူအလံကို တစ်ချက်ဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ကျန်းဝူနတ်ဘုရား၏ ရွှမ်ထျန်းဓားဝိညာဉ်ကို ခုခံထားလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော်… အနက်ရောင်ဓားဝိညာဉ်နှင့် ရောင်စဉ် (၅)မျိုးအလင်းတန်းများကြားမှ ရွှေကြုတ်တို့ ပေါင်းစပ်သွား၍ မဖြစ်ပေ။
အဘယ်ကြောင့်ဆိုသော် ရောင်စဉ် (၅)မျိုးအလင်းတန်းများက ဒေါင်းစိမ်းမင်းကြီး ခုံရွှမ်း၏ တန်ခိုးစွမ်းအားများဖြစ်ပြီး ရွှေကြုတ်ကတော့ ယွင်ရှောင်းနတ်သမီး၏ တန်ခိုးစွမ်းအား ဖြစ်လေသည်။ ထိုတန်ခိုးစွမ်းအားများ ပေါင်းစည်းသွားပါက တာအိုဆရားများ အဆုံးသတ်ရာ နေရာတစ်ခုဖြစ်လာပြီး အရာအားလုံးကို တစ်ကြိမ်တည်းဖြင့် ဖျက်စီးပစ်နိုင်စွမ်း ရှိလေသည်။
ကျောက်စိမ်းဝိညာဉ်နန်းတာ်နှင့် ဘုရင်ရှစ်ပါးနန်းတော်မှ နတ်ဘုရားများ၏ တန်ခိုးစွမ်းအားများအားလုံးကို အဆုံးသတ်ပေးသွားနိုင်စွမ်း ရှိလေသည်။
ထို့ကြောင့် ရွှမ်တုတောက်ကျွင်း သဘောမကျဖြစ်ရသည်မှာ မဆန်းလှပေ။
တာအိုဆရာယွိတင်၏လက်ထဲရှိ ဖန်ကူအလံမှ ထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်းများနှင့် ကျန်းဝူနတ်ဘုရား၏ အနက်ရောင်ဓားဝိညာဉ် ပြင်းထန်စွာ ရိုက်ခတ်မိသွားလေသည်။
ရွှမ်တုတောက်ကျွင်းမှာလည်း အလွန်အမင်း ဒေါသထွက်နေပြီး အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ အနက်ရောင်ဓားဝိညာဉ်ကို ရိုက်ချလိုက်လေတော့သည်။
ပင်လယ်လှိုင်းလုံးများအလား မြင့်တက်လာသည့် အနက်ရောင်ဓားဝိညာဉ် ချက်ချင်းပျောက်ကွယ်သွားပြီး ရှည်လျားသည့် အက်ကွဲသံတစ်ချက် ထွက်ပေါ်လာလေသည်။
ထို့နောက်တွင်တော့ ကျန်းဝူနတ်ဘုရား၏ နတ်ဘုရားခန္ဓာကြီးထွက်ပေါ်လာလေသည်။ သူ၏နောက်တွင် လိပ်သတ္တဝါနှင်မြွေသတ္တဝါများ ရစ်ခွေနေသည်ကို တွေ့မြင်ကြရမည် ဖြစ်လေသည်။
ကျန်းဝူနတ်ဘုရားက…
"တာအိုရောင်းရင်း (၂)ယောက်… ၊ ကျုပ် သွားဖို့ စောင့်နေပါတယ်…"
ကျန်းဝူနတ်ဘုရားက ဒေါင်းစိမ်းမင်းကြီးခုံရွှမ်းနှင့် ယွင်ရှောင်းနတ်သမီးတို့ကို ပြောလိုက်ခြင်း ဖြစ်လေသည်။
"ကျုပ်က မိုးနတ်မင်းပဲ ၊ လူ့လောကကို ကျုပ်ပဲ ပြုပြင်ပြောင်းလဲမယ် ၊ တောတောင်ရေမြေတွေက ကျုပ်ရဲ့ အမိန့်ကို နာခံရမယ်… ၊ နတ်ဘုရားအားလုံးက ကျုပ်အမိန့်ကိုပဲ နာခံရမယ် … ၊ ကျုပ်ကို ဘယ်သူမှ ဆန့်ကျင်လို့မရဘူး…"
တန်ခိုးစွမ်းအားဖြင့်ပြည့်ဝသည့် အသံကြီးတစ်သံထွက်ပေါ်လာပြီး မိုးကောင်းကင် (၉)ထပ်နှင့် အသူရာချောက် (၉)ထပ်သို့ ပျံ့နှံ့သွားလေသည်။
မိုးကောင်းကင်ခုံရုံးတစ်ခုလုံးပင် တုန်လှုပ်သွားရလေသည်။
မိုးနတ်မင်းဆိုသည်က တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ ထို့ကြောင့် တောစောင့်နတ် ၊ တောင်စောင့်နတ်များက မိုးနတ်မင်း၏ အမိန့်အာဏာကို နားထောင်ရလေသည်။
ရွှမ်တုတောက်ကျွင်း အလွန်အမင်း ဒေါသထွက်နေလေသည်။ သူလိုမိုးနတ်မင်းတစ်ပါးရှိနေပါလျက်နှင့် နတ်ဘုရားများ ယခုကဲ့သို့ စိတ်ဝမ်းကွဲပြားနေကြသည်ကို သူ လုံး၀ သည်းခံနိုင်ခြင်း မရှိပေ။
ရုတ်တရက် ကောင်းကင်ဘုံ (၉)ထပ်မှ လက်ဖဝါးတစ်ဖက် ထွက်ပေါ်လာပြီး မိုးကောင်းကင်ခုံရုံးတွင် ရောင်စဉ် (၉)မျိုး ရစ်သိုင်းလွှမ်းခြုံထားသည့် ပလ္လင်တစ်ခုပေါ်လာလေသည်။
ပလ္လင်ထက်တွင် ဘုရင်ဝတ်စုံဝတ်ဆင်ထားပြီး သရဖူကိုဆောင်းထားသည့် ဘုရင်မကြီးထိုင်နေလေ၏။
သူမက သူမကိုထောက်ခံသည့် လူသားနှင့်နတ်ဘုရားများ၏ စွမ်းအားကို အသုံးပြုကာ ကောင်းကင် (၉)ထပ်မှ ထွက်ပေါ်လာသည့် လက်ဖဝါးကြီးကို သမုဒ္ဒရာရေပြင်အလား ပိတ်ဆို့ထားလိုက်လေသည်။
ရွှမ်တုတောက်ကျွင်းက ဘုရင်မကြီးကို ထပ်မံတိုက်ခိုက်လိုသော်လည်း မိုးကောင်းကင်ခုံရုံးသည် စွမ်းအားများ တဖြည်းဖြည်းလျော့နည်းနေသည့်အလား ခံစားလိုက်ရလေသည်။
သူ့တွင် ရွေးခြယ်စရာ မရှိတော့ပေ။
ထိုခဏအတွင်းမှာပင်… ရွှမ်တုတောက်ကျွင်းမှာ ခုံရွှမ်းနှင့် ယွင်ရှောင်းတို့ကိုပင် အရေးမစိုက်နိုင်တော့ပေ။
ခေါင်းလောင်းသံထွက်ပေါ်လာသည်ကိုကြားလိုက်ရသည်နှင့် တာအိုဆရာယွိတင်က ဖန်ကူအလံကိုကိုင်ကာ အသံထွက်ပေါ်လာရာနေရာသို့ ထွက်ခွာသွားလေသည်။
ခေါင်းလောင်းသံထွက်ပေါ်လာရာနေရာမှာ မိုးကောင်းကင်တံခါးပင် ဖြစ်လေသည်။ အစစ်အမှန်နှင့်ကင်းလွတ်ပြီး အချိန်ရေစီးကြောင်းကိုပင် ကျော်လွန်သွားသည့်အလား ထင်မှတ်ရလေသည်။
မိုးကောင်းကင်တံခါးဆိုသည်မှာ ပထမမိုးနတ်မင်း၏ ရတနာပစ္စည်းဖြစ်လေသည်။
ခေါင်းလောင်းသံထွက်ပေါ်လာရာနေရာတွင် ယန်ကျန်း ရှိနေလေသည်။ ယန်ကျန်းသည် လက်နှစ်ဖက်ကို မြှောက်ထားကာ သူ၏ဦးခေါင်းထက်တွင် ကြီးမားသည့် ခေါင်းလောင်းကြီးတစ်ခုကို ကိုင်ထားလေသည်။ ထိုခေါင်းလောင်းကြီးကို ထိန်းချုပ်ရန်အတွက် ယန်ကျန်းမှာ အတော်လေး ကြိုးစားနေရလေသည်။
ခုံရွှမ်း၏ ရောင်စဉ် (၅)မျိုးအလင်းတန်းများက ယန်ကျန်း၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် လှည့်ပတ်နေလေသည်။
တာအိုဆရာယွိတင်က အော်ဟစ်လိုက်သည်။
"ယန်ကျန်း… ကျုပ်လာကူမယ်…"
သူက ပြောပြီးသည်နှင့် ဖန်ကူအလံကိုဝှေ့ယမ်းလိုက်လေရာ လေထုတစ်ခုလုံး ပရမ်းပတာဖြစ်သွားလေသည်။
ထို့နောက်… တာအိုဆရာယွိတင်က ခုံရွှမ်းနှင့်အ ခြားသူများကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်လေသည်။
ခုံရွှမ်းက ရယ်မောလိုက်ရင်း…
"ဒီနေ့တော့ ဖန်ကူအလံရော မိုးကောင်းကင်တံခါးရော တစ်ခါတည်း သိမ်းပစ်လိုက်မယ်…"
ခုံရွှမ်းထံမှ ရောင်စဉ် (၅)မျိုးလင်းလက်လာပြီး ပရမ်းပတာဖြစ်သွားသည့်လေထုက ချက်ချင်းပြန်လည်တည်ငြိမ်သွားလေသည်။
တာအိုဆရာယွိတင်က ကြောက်လန့်ခြင်း မရှိဘဲ ဖန်ကူအလံကို ထပ်မံ ဝှေ့ယမ်းလိုက်လေသည်။
ဖန်ကူအလံမှ တန်ခိုးစွမ်းအားများက ယန်ကျန်းကိုင်မြှောက်ထားသည့် ခေါင်းလောင်းသံနှင့်ပေါင်းစပ်သွားလေသည်။ ထိုအခါ ရောင်စဉ် (၅)မျိုးအလင်းတန်းများရော ရွှေကြုတ်သည်ပါ အနည်းငယ် တုန်လှုပ်သွားလေသည်။
ထိုအခါမှ ယန်ကျန်းစိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ထိုအချိန်မှာပင်… အတောင်တစ်စုံပေါ်လာပြီး မိုးကောင်းကင်ခုံရုံးတစ်ခုလုံးကို မမျှော်လင့်စွာပင် ဖုံးအုပ်ထားလိုက်လေသည်။ ထိုအတောင်တစ်စုံမှာ ခုံရွှမ်း၏ ဒေါင်းစိမ်းတောင်ပံတစ်စုံဖြစ်လေသည်။
ယန်ကျန်း ကြီးမားသည့် ဖိအားကြီးကို ခံစားလိုက်ရပြီး မည်သို့မှ မတတ်နိုင်တော့ဘဲ ဧရာမခေါင်းလောင်းကြီးကို စတင်တီးခတ်လိုက်ရလေည်။
"ယန်ကျန်း… လောင်စွန်း မင်းကို ကူညီမယ်…"
အော်ဟစ်သံနှင့်အတူ ကြီးမားသည့်သံတုတ်ကြီးတစ်ချောင်းထွက်ပေါ်လာပြီး လေထုတစ်ခုလုံးကို အပိုင်းပိုင်းကွဲအောင် ရိုက်ချလိုက်လေသည်။
ပြင်းထန်လှသည့် သံတုတ်ကြီးက အတောင်ပံကြီးကို ရိုက်ချလိုက်ပြီး မရေမတွက်နိုင်သည့် မီးပွားများ ဖြာထွက်လာကာ လေထုတစ်ခုလုံး လင်းထိန်တောက်ပသွားလေသည်။ ထိုသို့ လင်းလက်တောက်ပသွားသည်ကို လူ့လောကမှ သာမန်လူများပင်လျှက် တွေ့မြင်ရမည် ဖြစ်လေသည်။
ထိုအချိန်မှာပင်… ရှေးဟောင်းနတ်ဘုရားများစွာ ထွက်ပေါ်လာကြလေသည်။ အဘယ်ကြောင့်ဆိုသော် မိုးကောင်းကင်တံခါးက ရွေ့လျားရန် အဆင်သင့်ဖြစ်နေသောကြောင့် ဖြစ်လေသည်။ လောကတွင် မည်သည့်နတ်ဘုရားမဆို မိုးကောင်းကင်တံခါးကို လိုချင်ကြသည်ပဲ ဖြစ်သည် မဟုတ်ပါလား။
ဘုရင်မကြီးသည်လည်း ဆုံးဖြတ်ချက်ပြောင်းလဲရန် အချိန်မရှိတော့ပေ။ ထို့ပြင် ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအားများကိုလည်း ဖမ်းဆုပ်နိုင်ရန် ခက်ခဲလေသည်။
သူမက တန်ခိုးစွမ်းအားများကို အသုံးပြုကာ အသင်္ချေသောအလင်းတန်းများကို ဖန်ဆင်းလိုက်လေသည်။ ဘုရားစာရွတ်ဖတ်သံများကလည်း အဆက်မပြတ်ထွက်ပေါ်လာပြီး သူမ၏အခြေအနေက တည်ငြိမ်သွားလေသည်။
***
ထိုအချိန်မှာပင်… မင်သား၏အိမ်တော်မှ ကလေးငယ်တစ်ယောက်အော်ဟစ်ငိုယိုသံထွက်ပေါ်လာလေသည်။
အစေခံမလေးက…
"မင်းသား… သားတော်လေးဖွားမြင်ပါတယ်…."
သားတော်လေးမွေးဖွားသည့်စကားကြောင့် ဝေ့မင်းသား အရမ်းပျော်သွားသည့်အချိန်မှာပင် အိမ်တော်အတွင်းသို့ လူတစ်စုက ချိုးဖျက်ဝင်ရောက်လာလေတော့သည်။
ဝင်လာသူများမှာ လွိလော်ဦးဆောင်လာသည့် နတ်သမီးအုပ်စုပင် ဖြစ်လေတော့သည်။
***