← Chapters

အခန်း (၉၇၉-၉၈၁)

Vol. 66 Ch. 979-981

အခန်း (၉၇၉-၉၈၁)

Vol. 66 Ch. 979-981

အခန်း (၉၇၉) ဖိတ်ခေါ်ခြင်း

လူငယ်က မိုးသည်းထဲတွင် ခြေကုန်သုတ်၍ ကြောက်လန့်တကြားပြေးလွှားနေသည်။ အလောင်း‌ကောင်တစ်စုက သူ့နောက်မှ တရကြမ်းလိုက်လာသည်။ သွေးများက မိုးရေနှင့်ရောသွားပြီး မြေပြင်တွင်အနီရောင်စွန်းထင်းသွားသည်။

သစ်သားတံခါးကို သူတွန်းဖွင့်လိုက်သည်။ သူ့ညီမငယ် ဘေးကင်းသည်ကိုမြင်ရသဖြင့် ရွှံ့ပေနေသည့်မြေပြင်ကို အရေးမစိုက်တော့ဘဲ တံခါးဝတွင်ထိုင်ချလိုက်ပြီး တဟားဟားအော်ရယ်နေသည်။

ရယ်နေရင်းမှာပင် သူစငိုသည်။ ထို့နောက် ထရပ်၍ သူ့ညီမငယ်ကို ခပ်တင်းတင်းဖက်ထားသည်။ ဆုံးရှုံးပြီးမှ ပြန်ရလိုက်သည့် ရတနာတစ်ခုလို သူခံစားရသည်။

"ညီမလေး၊ မင်းအန္တရာယ်ကင်းပါပြီ"

ကောင်မလေးက လူငယ်၏လုပ်ရပ်ကြောင့် မင်သက်မိနေသည်။ တစ်ခုခုပြောချင်သော်လည်း ဘာပြောရမှန်းမသိ။ ထို့ကြောင့် လူငယ်၏ကျောပြင်ကိုသာ အသာပုတ်ပေးလိုက်သည်။

နှစ်သိမ့်စကားတစ်ချို့ ပြောရန်ပြင်သည်။ သို့သော် လူငယ်က သူ့ပုခုံးပေါ်တွင် အိပ်ပျော်နေပြီဖြစ်သည်။

ရှည်လျားသည့် အိပ်မက်တစ်ခု ထိုလူငယ်မက်နေသည်။

အိပ်မက်ထဲတွင် သူ့ညီမငယ်က သူ့မျက်စိရှေ့တွင် သေသွားသည်။ ထို့နောက် လူသတ်သမားက သူ့ကိုလည်းသတ်သည်။

သို့သော် သူတကယ်သေမသွား။ ထိုအဖြစ်ဆိုးမတိုင်မီနေ့ကို ပြန်ရောက်လာသည်။

အိပ်မက်ဟုသာထင်နေသဖြင့် သူသိပ်မတွေးခဲ့။ သို့သော် ထိုအိပ်မက်က တကယ်လက်တွေ့ဖြစ်မှန်း သိရချိန်တွင် သူထိတ်လန့်သွားသည်။

အဖြစ််အားလုံးက ပထမတစ်ကြိမ်ကနှင့် ချွတ်စွပ်တူနေသည်။ သူ့ညီမက သူ့ရှေ့တွင်သေသွားသည်။

ထိုဖြစ်ရပ်မတိုင်မီကနေ့ကို ပြန်ရောက်ချိန်တွင် သူ့ညီမကို သူကြုံတွေ့ခဲ့သမျှ အဖြစ်အပျက်အားလုံးပြောပြဖို့ စိတ်အားထက်သန်နေခဲ့သည်။ သို့သော် ပြောခါနီးတွင် အားလုံးအမှောင်ကျသွားသည်။ အဆုံးစမဲ့အမှောင်ထုက သူ့ကိုဝါးမျိုသွားသည်။ မူလအချိန်စမှတ်သို့ ပြန်ရောက်လာပြန်သည်။

သူကြုံရသည့် ထူးဆန်းသည့်ဖြစ်ရပ်များကို ထုတ်ပြော၍မရ။ ထိုစည်းမျဉ်းကို သူနားလည်လာသည်။

သူ့ညီမကိုကယ်တင်ဖို့ သူအကြိမ်ကြိမ်ပြန်ရှင်သန်ခဲ့သည်။ အချိန်စက်ဝန်းတစ်ခုစီတွင်သိခဲ့သည့် အကြောင်းအရာများကို အားကိုး၍ အဖြစ်အပျက်များကို နောက်ကွယ်မှ လျှို့ဝှက်ထိန်းချုပ်သည်။ နောက်ဆုံး ခုနစ်ကြိမ်မြောက် ပြန်ရှင်သန်ပြီးနောက် လူသတ်သမားကို အနိုင်ယူနိုင်ခဲ့သည်။ သူ့ညီမ အသက်ရှင်ခဲ့သည်။

သူမျက်လုံးဖွင့်၍ အိပ်ယာပေါ်တွင်လဲလျောင်းနေသည်။ ရွံ့ပေနေသည့် သူအဝတ်အစားများကို သူ့ညီမက ချွတ်ပေးထားသည်။ ခန္ဓာကိုယ်ကိုလည်း ရေဖတ်တိုက်၍ သန့်ရှင်းပေးထားသည်။

တစ်ဘက်အခန်းထဲမှ ရေကျသံပေါ်လာသည်။ သူ့ညီမက သူ့အဝတ်များကို လျှော်ဖွတ်နေခြင်းဖြစ်မည်။

ထိုအိပ်ယာလောက် နွေးထွေးသည့်နေရာမျိုးကို တစ်ခါမှ မခံစားဖူး။

သူ့ညာလက်ကိုမြှောက်၍ လက်ချောင်းများကို စိုက်ကြည့်သည်။ ဤခုနစ်ကြိမ်မြောက်အချိန်စက်ဝန်းကို အိပ်မက်တစ်ခုဟု သူထင်နေဆဲဖြစ်သည်။

သူ့ဘာသာ တီးတိုးရေရွတ်သည်။

"ငါဘာတွေဖြစ်နေတာလဲ"

ကျင့်ကြံသူများအကြောင်း‌ရေးထားသည့် ပုံပြင်စာအုပ်များမှာပင် ထိုအဖြစ်မျိုး လုံးဝမရှိ။

....

ခုနစ်ကြိမ်မြောက် အချိန်စက်ဝန်းသည် အဆုံးမဟုတ်သေး။ အစပြုခြင်းသာဖြစ်သည်။

ထိုအချိန်မှစ၍ လုယန် အချိန်နောက်ပြန်စက်ဝန်းကို အကြိမ်ရာချီ၍ ရင်ဆိုင်ခဲ့ရသည်။ တိုသည်လည်းရှိသည်။ ရှည်သည်လည်းရှိသည်။

အချိန်အရိယဖလသုံးနေသည့်လူသည် တမင်းကစားနေခြင်းမဟုတ်ကြောင်း သူပို၍နားလည်လာသည်။ တိုက်ပွဲဝင်နေခြင်းလည်း မဟုတ်နိုင်။

လုယန်ဘက်တွင် အချိန်အရဖလသုံးနေသူနှင့်ပတ်သက်ပြီး ဘာသတင်းမှစုံစမ်းမရ။

အချိန်စက်ဝန်းများ လည်နေစဉ်အတွင်း ကျန်းပင်ကန်းက နိုင်ငံ့ကြမ္မာစွမ်းအားဖြင့် မဟာရှားတစ်ခုလုံးကို စောင့်ကြည့်ခဲ့သည်။ အရင်စက်ဝန်းများနှင့် ကွဲပြားနေသည့်အရာကို ရှာဖွေခဲ့သည်။ သို့သော် အသုံးဝင်မည်သဲလွန်စ တစ်ခုမှမတွေ့။

လုယန် လနန်းတော်သို့သွား၍ ယင်ထန်မသေမျိုးနှင့်တွေ့သည်။ ယင်ထန်လည်းမသိ။ 'ကံအခွင့်မကြုံသေးလို့ပါ။ ကံအခွင့်ကြုံရင် နောက်ဆုံးတော့ တွေ့ရမှာပါ'ဟုသာပြောသည်။

ထိုစကားအဓိပ္ပါယ်ကို လုယန်ဘာသာပြန်သည် - 'အချိန်အရိယဖလသုံးတဲ့လူကို ဘယ်လိုရှာရမယ်ဆိုတာ ငါလည်းမသိဘူး'

.....

ကောင်းကင်ဂိတ်တောင်ထိပ်တွင် လုယန် ဓားချီကိုသိမ်းလိုက်သည်။ လေ့ကျင့်မှုပြီးဆုံးသွားသည့် လက္ခဏာဖြစ်သည်။

လေ့ကျင့်သည့်အချိန်တိုင်း သူရင်တထိတ်ထိတ်ဖြစ်ရသည်။ အချိန်စက်ဝန်းနှင့်ကြုံပြိး သူ့တိုးတက်မှုများ အလကားသက်သက်ဆုံးရှုံးသွားမည်ကို စိုးရိမ်သည်။

အချိန်အရိယဖလသုံးစွဲသူ၏ ကျေးဇူးကြောင့် နာရီခြောက်ရာ အလဟဿဖြစ်ခဲ့သည်။

"ငါ့စိတ်ဓာတ်ကို လေ့ကျင့်တယ်လိုပဲ သဘောထားရမှာပေါ့"

သူ့ကိုယ့်သူ နှစ်သိမ့်သည်။

"ဒုခေါင်းဆာင်၊ နင့်ဆီကို စာတစ်စောင့်ရောက်လာတယ်"

ယွမ်မုန်မုန်က အညိုရောင်စာအိတ်ကိုဝှေ့ယမ်းလျက် ပြေးလာသည်။

"ငါ့ဆီကိုပို့တဲ့စာလား"

လုယန် စာအစောင်ရေများစွာ လက်ခံခဲ့ရသည်။ ကျင့်စဉ်စွမ်းအားနှင့် အတွေ့အကြုံများကြောင့်သာ နာမည်ကျော်သည်မဟုတ်။ အပြုအမူအပြောအဆို နူးညံ့သောကြောင့်လည်းပါသည်။

ကျင့်ကြံသူများ သာမန်လူများ သူ့ဆီစာရေးကြသည်။ တစ်ချို့က သူနှင့်တွေ့ချင်သည်။ တစ်ချို့က သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိကို ‌လိုချင်ကြသည်။ တစ်ချို့က အတွေးအမြင်ဖလှယ်လိုကြသည်။ ရင်ဖွင့်စာတိုက်ရိုက်ပို့သူများလည်း ရှိသည်။

ယခုရောက်လာသည့်စာသည်လည်း သူ့ကိုသဘောကျသည့် လူတစ်ယောက် ပို့လိုက်ခြင်းဖြစ်မည်ဟု ထင်မိသည်။ သို့သော် ဖွင့်ဖတ်ကြည့်မှ မဟုတ်ကြောင်းသိသွားသည်။

"ဗုဒ္ဓနိုင်ငံ ခိုင်ဟွမ်ဘုံကျောင်းကတဲ့လား"

ခိုင်ဟွမ်ဘုံကျောင်းဆိုသည့်နာမည်ကို သူမကြားဖူး။ သို့သော် စာကိုဖတ်ကြည့်ပြီးနောက် နားလည်လာသည်။

"ဪ..သူတို့ကငါ့ကို ထောက်ခံမှုရချင်ဖို့ ဖိတ်ခေါ်တာပဲ"

"‌ထောက်ခံမှုရဖို့...ဟုတ်လား"

ယွမ်မုန်မုန် နားမလည်။

"စာထဲမှာ ရေးထားတယ်။ ခိုင်ဟွမ်ဘုံကျောင်းမှာ ကိုယ်တော်ရှီချန်းက တရားဟောရင်း ငါ့အကြောင်းပြောသွားတယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ကလည်း ဗုဒ္ဓရေသဘင်ပွဲတော်ကျင်းပတော့မယ်။ ကျင့်ကြံသူပြိုင်ပွဲလည်းပါတယ်။ ငါ့ကို အကဲဖြတ်ဒိုင်လုပ်ပေးစေချင်ကြတာ။

ဗုဒ္ဓနိုင်ငံက ဘာသာဝါဒအုပ်ချုပ်မှုစနစ်ကို ကျင့်သုံးတယ်။ ခိုင်ဟွမ်ဘုံကျောင်းဆိုတာ ရိုးရိုးဘုံကျောင်းတစ်ခုနဲ့မတူဘူး။ ဒေသတွင်းမြို့တော်ကိုလည်း အုပ်ချုပ်တယ်။ ငါတို့ဆီက အစိုးရရုံးတော်လိုမျိုးပေါ့။

ဒါပေမယ့် ခိုင်ဟွမ်က နာမည်ကြီးဘုံ‌ကျောင်းတော့မဟုတ်လောက်ဘူး။ မြို့တော်ကြီးတစ်ခုကို အုပ်ချုပ်နိုင်စွမ်းမရှိဘူး။ ငါ့အရှိန်အဝါသုံးပြီး သူတို့ဘုံကျောင်းအတွက် နာမည်ကောင်းရချင်လို့ ဖိတ်ခေါ်တာဖြစ်ဖို့များတယ်"

မြို့တော်ကြီးတစ်ခု သို့မဟုတ် နာမည်ကျော်ဘုံကျောင်းတစ်ခုဆိုလျှင် သူနည်းနည်းတော့ ကြားဖူးနားဝရှိရမည်။

"သဘောပေါက်ပါပြီ"

သိပ်နားမလည်သော်လည်း ယွမ်မုန်မုန် ခေါင်းငြိမ့်လိုက်သည်။

"ဒါဆို နင်သွားမှာလား"

လုယန် စာအိတ်ကို သိမ်းလိုက်သည်။

"ချိုင်ဟွမ်ဘုံကျောင်းက မရိုးမသားအကြံအစည်မျိုး ရှိပုံမပေါ်ဘူး။ ငါလည်း ဗုဒ္ဓနိုင်ငံကို မရောက်ဖူးသေးဘူးဆိုတော့ သွားလိုက်တာကောင်းမယ်ထင်တယ်"

ဗုဒ္ဓနိုင်ငံတွင် သူ့ဆရာနှင့်အကိုနှစ်က 'နာမည်ကျော်ကြား'သဖြင့် ပုံမှန်ဆိုလျှင် ထိုနေရာသို့ လုယန်သိပ်မသွားချင်။

သို့သော်ယခု ဂုဏ်သရေရှိဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရခြင်းဖြစ်၍ သွားဖို့ဆုံးဖြတ်လိုက်သည်။

"ညီမမုန်မုန်၊ မင်းရောလိုက်ချင်လား"

"ဗုဒ္ဓနိုင်ငံမှာ အရသာရှိတဲ့အစားအသောက် ဘာရှိလဲ"

ထိုအချက်ကို ယွမ်မုန်မုန် စိတ်အဝင်စားဆုံးဖြစ်သည်။

ဗုဒ္ဓနိုင်ငံ၏ ထူးခြားသည့်အစားအသောက်များကို လုယန် ပြန်စဉ်းစားကြည့်သည်။

"ဘာသာရေးယုံကြည်ချက်အရ ဗုဒူနိုင်ငံမှာ အသားမစားကြဘူး။ သက်သတ်လွတ်အစားအသောက်တွေပဲရှိတယ်။ အဲဒါကတော့ ချွင်းချက်ပဲ"

"ဒါဆိုရင်တော့ မလိုက်တော့ပါဘူး"

ဗုဒ္ဓနိုင်ငံကို ယွမ်မုန်မုန် စိတ်ဝင်စားမှုလျော့ကျသွားသည်။

"ဗုဒ္ဓနိုင်ငံကပြန်လာရင်သာ ဒေသအစားအသောက် နည်းနည်းဝယ်ခဲ့ပါ"

"ကောင်းပါပြီ"

နတ်မယ် ပေါ်လာသည်။ ဗုဒ္ဓဝါဒ၏ ရိုးရာသတ်မှတ်ချက်များကို ပြန်စဉ်းစားရင်း နားမလည်နိုင်‌အောင် ဖြစ်နေပုံရသည်။

"အတော်ထူးဆန်းတာပဲ။ ငါတို့ငါးယောက် ‌ဗုဒ္ဓဝါဒကို ဖန်တီးတုန်းက သက်သတ်လွတ်အစားအသောက်နဲ့ အသားဟင်းဆိုပြီး မခွဲခြားဖို့ ငါအမြဲတမ်း အကြံပေးခဲ့တယ်။ ယင်ထန်တို့လေးယောက်က ဒါကိုလက်မခံဘူး။ ဗုဒ္ဓဝါဒီတွေဟာ အသားကိုရှောင်ပြီး ဟင်းသီးဟင်းရွက်ပိုစားသင့်တယ်တဲ့။

ငါကဗုဒ္ဓဝါဒတည်ထောင်သူဖြစ်လို့ ငါလည်းဒီစည်းမျဉ်းကိုလိုက်နာပြီး ဟင်းသီးဟင်းရွက်တွေပဲ ချက်ပြုတ်သ်င့်တယ်လို့တောင် ပြောကြသေးတယ်။ လေးယောက်လုံးက ဒီလိုပြောနေတယ်ဆိုတော့ ဗုဒ္ဓဝါဒမှာ အသားမစားရဆိုတဲ့စည်းမျဉ်းတစ်ခုထည့်ဖို့ ငါသဘောတူလိုက်ရတာပေါ့"

သက်သတ်လွတ်အစားအသောက်များ၏ အဆိပ်ပြင်းအားက အသားဟင်းများထက် ပိုနည်း၍ ယင်ထန်တို့က ထိုသို့ပြောခြင်းဖြစ်မည်ဟု လုယန်ယူဆသည်။

"ဒါဆိုနတ်မယ်၊ ခင်ဗျား အခုချိန်ကစပြီး ဟင်းသီးဟင်းရွက်တွေပဲ ချက်တော့မှာလား"

"လုံးဝပဲ။ ငါက တည်ထောင်သူလေ။ ဘာစည်းမျဉ်းစည်းကမ်မှ လိုက်နာစရာမလိုဘူး"

ခိုင်ဟွမ်ဘုံကျောင်းသည် သူတို့ပို့လိုက်သည့်စာ တာအိုလမ်းစဉ်ဂိုဏ်းသို့ အရောက်နောက်ကျမည်စိုးသဖြင့် ရက်ပေါင်းများစွာ ကြိုတင်ပို့ထားခြင်းဖြစ်သည်။

ဗုဒ္ဓရေသဘင်ပွဲတော်ရက်ကလည်း အချိန်နည်းနည်းလိုသေးသည်။ ထို့ကြောင့် လုယန် ပြင်ဆင်ဖို့အချိန်ရသည်။

ဥပမာ...သူငယ်ချင်းတစ်ယောက်ကို အတူလိုက်ဖို့ဖိတ်ခေါ်ခြင်းမျိုး...

"လောင်မုန်၊ ဗုဒ္ဓနိုင်ငံကို ခရီးမသွားချင်ဘူးလား"

လုယန်က မပွင့်တပွင့်ပြုံး၍ မုန်ကျင်းကျိုးဆီ ရောက်လာပြီး ခိုင်ဟွမ်ဘုံကျောင်းမှ ဖိတ်စာကိုထုတ်ပြလိုက်သည်။

မုန်ကျင်းကျိုးက ဘာမှမပြောဘဲ စာတစ်စောင်ပြန်ထုတ်ပြသည်။ ခိုင်ဟွမ်ဘုံကျောင်းမှ ဖိတ်စာဖြစ်သည်။

"မင်းလည်းရထားတယ်ပေါ့"

လုယန် အံ့အားသင့်သွားသည်။

မုန်ကျင်းကျိုးက နည်းနည်းစိတ်ပျက်ဟန်ဖြင့် လုယန်ကိုကြည့်သည်။

"မွေးရာပါဗုဒ္ဓတစ်ယောက်အနေနဲ့ ငါဖိတ်ခေါ်ခံရတာ အဲလောက်ဆန်းနေလို့လား"

'မွေးရာပါဗုဒ္ဓ'ဟု အပြင်လောကတွင် ပြန့်နေသည့်ဘွဲ့ထူးကို သူကျိတ်မှိတ်လက်ခံထားပြီးဖြစ်သည်။

"ဒါဆို မင်းသွားမှာလား"

ဗုဒ္ဓနိုင်ငံသည် သဲမုန်တိုင်းများပြည့်နေပြီး ကြမ်းတမ်းသည့် ပတ်ဝန်းကျင်မျိုးဖြစ်သည်ဟု မုန်ကျင်းကျိုးကြားဖူးသည်။ ဘာမှစိတ်ဝင်စားစရာမရှိသဖြင့် လုယန်ကိုခေါ်သွားဖို့ သူမတွေးခဲ့။

"မင်းသွားမှတော့ ငါလည်းသွားရမှာပေါ့"

**********************************

အခန်း (၉၈၀) စည်းမျဉ်းကိုလေ့လာပါ

"အမယွမ်၊ လောင်မုန်နဲ့ကျုပ် ဗုဒ္ဓနိုင်ငံကိုသွားချင်တယ်"

အမြဲတမ်း ရိုးသားခဲသည့်လုယန်က ခရီးမထွက်မီ သူ့အစီစဉ်ကို သတင်းပို့သည်။

"ဗုဒ္ဓနိုင်ငံကို သွားမယ်ပေါ့"

ယွမ်ကျိက ခိုင်ဟွမ်ဘုံကျောင်းဖိတ်စာကိုကြည့်၍ အတော်အံ့ဩနေသည်။

သူ့ဆရာနှင့်ယဲ့ဇီကျင်းက ဗုဒ္ဓနိုင်ငံတွင် နာမည်ဆိုးဖြင့်ကျော်ကြားသူများဖြစ်သည်။ သို့တိုင်အောင် ရှောင်လုက ဘုံကျောင်းတစ်ခုမှ ဖိတ်ခေါ်စာရလာသည်။ ထိုသို့အလေးထားခံရဖို့ မလွယ်လှ။

ရှောင်လုသည် သူ့ဆရာနှင့်မတူကြောင်း အပြင်လောကတွင်သတင်းမွှေးကြောင်း အလွန်ထူးချွန်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သူအမြဲပြောခဲ့သည်။

"ဒါဆိုလည်း သွားကြလေ။ ဒါပေမယ့် ကိုယ့်ရဲ့လုံခြုံရေးကိုတော့ ဂရုစိုက်ဖို့မမေ့နဲ့"

"ဗုဒ္ဓနိုင်ငံကိုရောက်ရင် အကိုယဲ့ဇီကျင်းဆီ သွားလည်စေသေးချင်လား"

အကိုနှစ်ယဲ့ဇီကျင်းသည် ဘုံကျောင်းမျိုးစုံနှင့် မကြာခဏ ပြဿနာတက်ပြီး ဗုဒ္ဓနိုင်ငံတွင် ခက်ခက်ခဲခဲ နေထိုင်ရသည်။

ယွမ်ကျိကက ဖိတ်ခေါ်စာကို ဂရုတစိုက်ခေါက်၍ စာအိတ်ထဲ ပြန်ထည့်ရင်းပြောသည်။

"မင်းအကိုဆီက ပုံမှန်မဟုတ်တဲ့စာတွေအရ သူ့မှာရန်သူတွေအများကြီးရှိပြီး အမြဲတမ်းအလုပ်များနေပုံပဲ။ သူ့နဲ့သွားမတွေ့တာ ပိုပြီးဘေးကင်းလိမ့်မယ်။ ကိုယ့်ဒုက္ခကိုယ်မရှာမိစေနဲ့"

ယဲ့ဇီကျင်းနှင့် ရန်သူများသည် အနည်းဆုံး စုစည်းခြင်းဖြစ်သည်။ အရေအတွက်ကလည်း အကန့်အသတ်မရှိ။ လုယန် ကိုယ့်ကျင့်စဉ်စွမ်းကိုယ် ယုံကြည်မှုရှိသော်လည်း ထိုမျှများပြားသည့် ရန်သူများကို ရင်ဆိုင်ဖို့‌တော့ ယုံကြည်ချက်မရှိ။

အရေးကြုံချိန်တွင် လောင်မုန်ကို ဓားစားခံအဖြစ် ထိုးကျွေးသည့်တိုင် ဘာမှအကျိုးမထူးလောက်။

အချိန်အတော်ကြာ မတွေ့ခဲ့ရသော်လည်း ဗုဒ္ဓနိုင်ငံ သံတမန်လမ်းကြောင်းမှတစ်ဆင့် မကြာခဏသတင်းကြားရသည့် ယဲ့ဇီကျင်းအကြောင်းတွေးရင်း ယွမ်ကျိ သက်ပြင်းချမိသည်။

"စကားမစပ်ပြောရရင် ငါတို့လေးယောက် ဆရာ့ဆီက သင်ယူထားတာတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ဒါပေမယ့် မင်းအကိုနှစ်ကတော့ ငါတို့နဲ့မတူဘူး။ ရန်ညှိုးဖွဲ့တဲ့ပညာပဲ ဆရာဆီကသင်ခဲ့တာ။

မင်းအမသုံးက သူ့ထက်ပိုတော်တယ်။ ဆရာ့ဆီက ဂီတပညာသင်ခဲ့တယ်။ နတ်ဆိုးနယ်မြေမှာ ပြဿနာနည်းနည်းတက်ခဲ့ပေမယ့် ဒါကလည်း သူ့စွမ်းရည်ကို လေ့ကျင့်ဖို့ပဲ။

မင်းလည်း ဆရာနဲ့သိပ်အဆက်အဆံမရှိခဲ့ပေမယ့် မင်းတတ်ထားတဲ့ ဓားပညာတစ်ချို့က ဆရာ့ဆီကနေဆင်းသက်လာတာလို့ ပြောလို့ရတယ်"

လုယန် ခေါင်းငြိမ့်သည်။ မှန်သည်။ သူ့ဆရာသင်‌သေးသည့် ဓားပညာသဘောတရားများ ဓားကွက်များသည့် သူ့အတွက် များစွာအထောက်အကူရခဲ့သည်။

အထူးသဖြင့် သိပ်မကြာသေးခင်က တတ်ထားသည့် "ဓားတစ်သောင်းဌာနေပြန်"ပညာရပ်သည် သူ့ဝှက်ဖဲတစ်ခုဟု ဆိုနိုင်သည်။

လုယန် စပ်စုလိုက်သည်။

"ဒါဆိုအမယွမ်ကရော ဆရာ့ဆီကနေ ဘာသင်ခဲ့တာလဲ"

အမယွမ်၏စွမ်းရည်များသည် သူ့ဆရာနှင့် လုံးဝပတ်သက်ပုံမရ။ ဆရာဂုဏ်ယူရသည့် ဓားပညာကို အမယွမ်က သဘောတရားလောက်သာ သင်ခဲ့သည်။ ရန်ငြှိုးဖွဲ့သည့်ပညာ၊ ဂီတပညာများ အမယွမ်ထုတ်သုံးသည်ကို တစ်ခါမှမမြင်ဖူး။ ထိုပညာများကို တတ်ချင်မှလည်းတတ်မည်။

"ကျိုးကြောင်းဆင်ခြင်မှုပညာပေါ့"

လုယန် ပို၍စိတ်ဝင်စားသွားသည်။

"ဘယ်လိုကျိုးကြောင်းဆင်ခြင်တာမျိုးလဲ"

ယွမ်ကျိက အတက်အကျမရှိသည့်လေသံဖြင့်

"တပည့်တစ်ယောက်ဟာ ဆရာထက်ညံ့ချင်မှညံ့မယ်။ ဆရာဆိုတာလည်း တပည့်လောက် ဉာဏ်ထက်ချင်မှထက်မယ်"

........

"ဗုဒ္ဓနိုင်ငံမြေပုံ၊ ဗုဒ္ဓအဆုံးအမအဖွင့်ကျမ်း..."

အသုံဝင်မည်ထင်သည့် ဗုဒ္ဓနိုင်ငံနှင့်သက်ဆိုင်ည့် စာအုပ်တစ်ချို့ ကျမ်းစာတိုက်မှ လုယန်ငှားသည်။

ဗုဒ္ဓနိုင်ငံသည် အဝင်အထွက်စည်းမျဉ်း တင်းကြပ်သည်။ ထိုနိုင်ငံအကြောင်း သူဘာမှမသိ။

"ဗုဒ္ဓဝါဒတည်ထောင်ခဲ့တဲ့ ငါမသေမျိုးရှိနေတာပဲ။ ဗုဒ္ဓအဆုံးအမအဖွင့်ကျမ်းတွေဘာတွေ မလိုပါဘူး"

နတ်မယ်က ကျယ့်ပြန့်သည့် သူ့ဗဟုသုတများအသုံးဝင်ပုံကို အရေးကြီးသည့်အချိန်တွင် ထုတ်ဖော်ကြေညာသည်။

နတ်မယ်အကြောင်း သိထားသဖြင့် လုယန် ကျမ်းစာများ ထပ်ယူဖို့ ဆုံးဖြတ်လိုက်သည်။

ကျမ်းစာတိုက်မှထွက်လာချိန်တွင် မုန်ကျင်းကျင်းကျိုးက တံခါးဝတွင် သူ့ကိုစောင့်နေသည်။

"ထုပ်ပိုးတာတွေပြီးပြီလား။ သွားဖို့အဆင့်သင့်ဖြစ်ပြီလား"

"သခင်စစ်မာက မင်းနဲ့အတူ ပါမလာဘူးလား"

ပုံမှန်အားဖြင့် အပြင်လောကသို့ထွက်လျှင် မုန်ကျင်းကျိုးက လောင်မာကို အတူခေါ်လာလေ့ရှိသည်။

"လွန်ခဲ့တဲ့ဆယ်ရက်က ဆွေမျိုးတွေဆီသွားလည်မယ်ဆိုပြီး ထွက်သွားတယ်။ သူပြန်လာတဲ့အထိစောင့်နေရင် ဗုဒ္ဓရေသဘင်ပွဲကို မီမှာမဟုတ်ဘူး။ ငါတို့ကျင့်စဉ်အဆင့်နဲ့ဆို ကိုယ့်ကိုယ်ကို ‌ကောင်းကောင်းကာကွယ်နိုင်ပါတယ်။ လောင်မာကို မလိုအပ်တော့ပါဘူး"

မုန်ကျင်းကျိုးက ပြုံး၍ပြောသည်။ အစောပိုင်းက ဗုဒ္ဓနိုင်ငံကို သူသိပ်စိတ်မဝင်စားခဲ့။ သို့သော်ယခု တကယ်ခရီးစထွက်ချိန်တွင် နည်းနည်းစိတ်လှုပ်ရှားနေသည်။

"ဒါလည်းဟုတ်တာပဲ"

အပြင်လောကတွင် သူတို့နှစ်ယောက်သည် ပထမအဆင့်ဂိုဏ်းတည်ထောင်ဖို့ အရည်အချင်းမီသည်။ ဘယ်နေရာသွားသွား အင်အားကြီးအဖွဲ့အစည်းအဖြစ် သတ်မှတ်ကြလိမ့်မည်။ သူတို့သာ မဟာယုခတ်တွင်ရှိခဲ့လျှင် လေနှင့်မိုးကို အမိန့်ပေးနိုင်မည်။ စုစည်းခြင်းအဆင့် ကျင့်ကြံသူများပင် သူတို့ကို တာအိုမိတ်ဆွေဟု ခေါ်ရလိမ့်မည်။

မြို့တော်သခင်များ ဖြစ်လာနိုင်သည်။ မြို့ခံတို့၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်မည်။ သာမန်မြို့တော်တစ်ခုကို ပြည်နယ်မြို့တော်အဖြစ် ပြောင်းလဲနိုင်သည်။ သာမန်လူများက သူတို့ကိုမြင်ရုံဖြင့် ထိတ်လန့်တုန်လှုပ်ပြီး ဇနီးများ သမီးများ ပေးကြလိမ့်မည်။

"မင်္ဂလာပါ၊ ကျုပ် ဗုဒ္ဓနိုင်ငံကို သွားချင်လို့ပါ"

လုယန် ကျောက်စိမ်းတံဆိပ်သက်သေကို နယ်စပ်အစိုးရရုံးတွင် သက်သေခံအဖြစ် ထုတ်ပြသည်။ ထောက်ခံစာရဖို့ စောင့်သည်။

လုယန်၏သရုပ်မှန်ကို အရာရှိများက အတည်ပြုသည်။ သိလည်းသိထားသည်။ မှောင်ခိုပစ္စည်းများလည်း သယ်မလာသဖြင့် ချောမွေ့စွာ ဖြတ်သန်းခွင့်ရသည်။

"ကဲ မင်းသွားလို့ရပြီ"

"‌ကျေးဇူးပါ"

ဤနေရာသည် မဟာရှင်းနှင့်ဗုဒ္ဓနိုင်ငံကြားမှ နယ်စပ်ဖြစ်သည်။ ဗုဒ္ဓနိုင်ငံကိုရောက်ဖို့ ဤနေရာကိုဖြတ်သန်းရမည်။

နောက်ဘက်တွင် တန်းစီရပ်၍ စစ်ဆေးမှုခံယူရန် စောင့်ဆောင်းနေသူများကို လုယန်သတိထားမိသည်။ အသွင်အပြင် မျိးစုံရှိသည်။ တစ်ချို့က ညစ်ပေသည့် ဗုဒ္ဓဝတ်ရုံများဝတ်၍ ကျမ်းစာရွတ်နေသည်။ တစ်ချို့က တစ်ကိုယ်လုံး ဝတ်ရုံနက်ဖြင့်ဖုံးအုပ်ထားပြီး ဓားအမာရွတ်ရှိသည့် မျက်လုံးတစ်လုံးသာ ဖော်ထားသည်။

တစ်ချို့က ခန္ဓာကိုယ်တုတ်ခိုင်သန်မာပြီး ထူထဲလေးလံသည့် ဓားပြားကြီးများ ကိုင်ထားသည်။ တစ်ချို့က လှပသည့်သစ်သားသေတ္တာများ ပွေ့ကိုင်ထားပြီး တုန်ရင်နေသည်။

လုယန် အကဲခတ်နေသည်ကို သတိထားမိသဖြင့် တစ်ချို့က နွေးထွေးသည့်အပြုံးဖြင့် တုံ့ပြန်သည်။ တစ်ချို့က သတိပေးသည့်အကြည့်ဖြင့် ကြည့်သည်။ တစ်ချို့က အကြည့်လွှဲသွားသည်။

ထိုလူများအားလုံး လျှို့ဝှက်ချက်ကိုယ်စီ ရှိနေပုံရသည်။

သူတို့ကျင်စဉ်အဆင့်များကို လုယန်အလွယ်တကူခွဲခြားနိုင်သည်။ သာမန်လူ၊ ချီစတုတ္ထအဆင့်၊ သာမန်လူ၊ ချီဒုတိယအဆင့်....

အကယ်၍ မဟာစွမ်းအားရှင်တစ်ယောက်ပါလာပြီး သူသတိမထားမိလျှင် အရှက်ကွဲမည်စိုးသည်။ ထို့ကြောင့် ထိုလူများ၏ကျင့်စဉ်အဆင့်ကို စစ်ဆေးပေးဖို့ နတ်မယ်ကို သူအထူးတလည်တောင်းဆိုသည်။

အားလုံးက သူမြင်ထားသည့်အတိုင်းသားဖြစ်သည်။

လုယန် နဖူးကိုလက်ဖြင့်အုပ်လိုက်သည်။

///မင်းတို့အားလုံး မဟာလျှို့ဝှက်ချက်ကြီးတစ်ခုသယ်လာသလို ဟန်ဆောင်မနေစေချင်ဘူးက။ ငါက အလကားသက်သက် စိုးရိမ်နေရတယ်....

နှစ်ယောက်သား နယ်စပ်ကို ချောမွေ့စွာဖြတ်ကျော်၍ ခြောက်ကပ်နေသည့် ကန္တာရတစ်ခုအပေါ်မှ ပျံသန်းကြသည်။ ဦးခေါင်းထဲတွင် တရိပ်ရိပ်မူးဝေလာသည်။ ထို့နောက် သဲမြေဆန်သည့် ဗုဒ္ဓနိုင်ငံသို့ ရောက်လာကြသည်။

"အဟွတ် အဟွတ်။ ဗုဒ္ဓနိုင်ငံမှာ သဲတွေအများကြီးရှိမှန်း ငါသိပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးကတော့ တရားလွန်လွန်းတယ်ကွာ"

မုန်ကျင်းကျိုးက မှတ်ချက်ပေးသည်။

ဗုဒ္ဓနိုင်ငံထဲ ခြေချလိုက်သည်နှင့် ကြမ်းတမ်းသည့်လေပြင်းကြောင့် သဲမှုန်များလွင့်ပျံတက်လာသည်။ ပုံမှ်အတိုင်းလှုပ်ရှားနိုင်ဖို့ ဝိညာဉ်စွမ်းအားဖြင့် အကာအကွယ်တစ်ခု တည်ဆောက်ရသည်။

မျက်နှာကိုရိုက်ခတ်လာသည့် သဲများက အန္တရာယ်မရှိသော်လည်း အတော်လေးနေမထိထိုင်မသာဖြစ်သည်။

"ဗုဒ္ဓနိုင်ငံတည်ထောင်တာ နှစ်သုံးသိန်းကြာပြီ။ သစ်ပင်လေးဘာလေးစိုက်ဖို့များ သူတို့မစဉ်းစားမိကြဘူးလား"

မုန်ကျင်းကျိုး သဲလေပြင်းကြောင့် စိတ်ညစ်နေသည်။ အသက်ကိုအဝရှူ၍ အားဖြင့်မှုတ်ထုတ်လိုက်သည်။ သဲလေပြင်းကိုတိုက်ခိုက်သည်။ သူ့ရှေ့မှ သဲမှုန်များကို ရှင်းလင်းသည်။

ဝိညာဉ်ပြောင်းအဆင့်ဖြစ်၍ ထူးခြားသည့်အဆုတ်စွမ်းအားကို ပိုင်ဆိုင်သည်။ မုန်ကျင်းကျိုးသည် ထိုသို့ဆယ့်ငါးမိနစ်ခန့် ဆက်တိုက်မှုတ်ထုတ်နေနိုင်လောက်မည်ဟု လုယန် ခန့်မှန်းသည်။

မကြာခဏ နိုင်ငံအပြောင်းအလဲဖြစ်သည့် အလယ်ပိုင်းတိုက်နယ်လိုမဟုတ်။ ဗုဒ္ဓနိုင်ငံသည် အနောက်ပိုင်းတိုက်နယ်ပေါ်တွင် တည်ရှိသည်။ မဟာချန်နှင့်ခေတ်ပြိုင် တည်ထောက်ခဲ့သည်။ ကြွားလုံးထုတ်စရာ နှစ်သုံးသိန်းသမိုင်းကြောင်းရှိသည်။

ယုံကြည်မှုစွမ်းအားပေါ်အခြေခံ၍ တည်ဆောက်ထားသဖြင့် ဗုဒ္ဓနိုင်ငံ၏အုပ်ချုပ်ရေးစနစ်က အတော်လွတ်လပ်သည်။ မဟာရှားလို မြို့တော်အားလုံး တစ်သမတ်တည်း စည်းမျဉ်းသတ်မှတ်ခြင်းမျိုးမရှိ။ မြို့တော်များကြားတွင်လည်း အချင်းချင်းမှီခိုမှုမရှိ။

လုယန် မျက်လုံးထောင့်ကပ်၍ကြည့်သည်။

"သစ်ပင်စိုက်ဖို့တဲ့လား။ ဗုဒ္ဓနိုင်ငံရဲ့ နယ်မြေအဝိုင်းအဝန်းကလည်း မဟာရှားလောက် ကျယ်ပြန့်တယ်။ နေရာတိုင်းမှာ သဲဖုံးနေတယ်။ ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတွ တစ်သက်လုံးပြေးလွှားစိုက်ပျိုးရင်တောင် ဒီသဲပြင်အားလုံးကို သစ်ပင်တွေနဲ့ ဖုံးအုပ်နိုင်မှာမဟုတ်ဘူး။ အနောက်ဘုံကျောင်းက အမိန့်ထုတ်ပြန်တာဆိုရင်တောင် အကျိုးမရှိနိုင်ဘူး"

အနောက်ပိုင်းဘုံကျောင်း၏သမိုင်းက ရှည်လျားသည်။ အကြီးဆုံဘုံကျောင်းလည်းဖြစ်သလို ဗုဒ္ဓနိုင်ငံ၏ အု်ချုပ်သူလည်းဖြစ်သည်။

ဥပမာ ယဲ့ဇီကျင်းကိုပြန်ခေါ်ဖို့ တောင်းဆိုသည့် အစီရင်ခံစာမျိုးကို အနောက်ဘက်ဘုံကျောင်းမှ ထုတ်ပြန်ခြင်းဖြစ်သည်။

"ငါတို့မသေမျိုးလေးယောက် တိုက်နယ်တွေကို ပုံစံဖော်တဲ့အချိန်က ကြယ်ကမ္ဘာတွေဆီက ကန္တာရအားလုံး ဒီနေရာကို ဆွဲခေါ်ခဲ့တာဖြစ်မယ်။ ပြီးတော့ လူမနေတဲ့ ကြယ်တွေ၊ စိုက်ပျိုးမရတဲ့ ကြယ်တွေရောပေါ့။ ဒါကြောင့်လည်း အခုရှိနေတဲ့ ဗုဒ္ဓနိုင်ံငံဆိုတာ ဖြစ်ပေါ်လာတာ။

လူနေလို့မရတာကိုက အတော်ထူးခြားနေပါပြီ"

*********************************

အခန်း (၉၈၁) ကုန်သည်ဘဝက ခက်ခဲသည်

"ဒီဗုဒ္ဓနိုင်ငံမှာ ယုံကြည်မှုစွမ်းအင်တွေ ပေါများတယ်ထင်တယ်။ နယ်စပ်မှာတောင် အာရုံခံလို့ရတယ်"

ဗုဒ္ဓနိုင်ငံထဲ ဝင်လာသည်နှင့် ပါးလွှာသည့် ယုံကြည်မှုစွမ်းအင်ကို နတ်မယ် အာရုံခံမိခဲ့သည်။ မဟာရှားလိုတွင် ထိုစွမ်းအင်မျိုး လုံးဝမရှိ။

ယုံကြည်မှုစွမ်းအင်များက လူမနေသည့် နယ်စပ်ဒေသများထိပင်ရောက်သည်။ ဗုဒ္ဓနိုင်ငံအတွင်းပိုင်းတွင် ထိုစွမ်းအင်များ သိပ်သည်းလွန်းသဖြင့် နယ်စပ်ဒေသသို့ လျှံထွက်လာသည့်သဘောဖြစ်သည်။

"ဗုဒ္ဓနိုင်ငံမှာ ပိုင်ရှင်မဲ့ ယုံကြည်မှုစွမ်းအားတွေ နေရာတိုင်းရှိတယ်လို့ အမယွမ်က ပြောဖူးတယ်။ နှစ်သုံးသိန်းအတွင်းက ယုံကြည်ကိုးကွယ်သူတွေရဲ့ စွမ်းအင်တွေ စုစည်းနေတာတဲ့။ ဒီစွမ်းအင်တွေရဖို့ ဗုဒ္ဓကိုယ်တော်တွေက ကတိသစ္စာကျိန်ဆိုရတယ်။

သစ္စာဆိုတဲ့အတိုင်း ဖြည့်စည်းနိုင်ရင် သူတို့ကတိကဝတ်ပြုထားတဲ့ကိစ္စ အကြီးအသေးကိုလိုက်ပြီး ယုံကြည်မှုစွမ်းအင်တွေရတယ်။ အဲဒါကိုသုံးပြီး သူတို့ကျင့်ကြံလို့ရတယ်"

လုယန်က မှတ်ချက်ပြုသည်။

မဟာချန်၏ ယုံကြည်မှုစွမ်းအားနှင့်မတူ။ ထိုစွမ်းအားမျိုးသည် တစ်ခါတစ်လေ အပူဇော်ခံများကို ထိန်းချုပ်လွှမ်းမိုးသည်။ ဗုဒ္ဓယုံကြည်မှုစွမ်းအားက ထိုကန့်သတ်ချက်မျိုးမရှိ။ သို့သော် ရယူနိုင်ဖို့လည်း မဟာချန်၏စွမ်းအားထက် ပိုခက်ခဲသည်။

"လောင်လု၊ ဟိုနားမှာ လူတစ်ယောက်ကို နတ်ဆိုးသားရဲတွေ တိုက်ခိုက်နေတယ်ထင်တယ်"

မုန်ကျင်းကျိုးက သိစိတ်အာရုံမှလှမ်းပြောသည်။ လုယန်က ပါးစပ်ထဲဝင်လာသည့်သဲများကို ထွေးထုတ်နေရသဖြင့် စကားမပြောနိုင်။

"ဒါဆိုလည်း သောက်ရေးမပါတဲ့သဲတွေကို ထွေးထုတ်မနေတော့ဘဲ မြန်မြန်သွားကယ်ကြတာပေါ့ကွာ"

လုယန်၏ဝိညာဉ်က သိစိတ်နယ်မြေမှ ထွက်လာသည်။ ဝိညာဉ်အာရုံဖြန့်လိုက်သည်။ ကုန်သည်တစ်စုကို နတ်ဆိုးသားရဲများ ဝိုင်းတိုက်နေသည်ကို မြင်ရသည်။ အခြေအနေက အတော်ဆိုးသည်။

ဗုဒ္ဓနိုင်ငံတွင် မြို့တော်တစ်ခုနှင့်တစ်ခု အလှမ်းဝေးသည်။ ကျယ်ပြန့်သည့်ကန္တာရက နတ်ဆိုးသားရဲများအတွက် ပုန်းခိုစရာနေရာကောင်းဖြစ်နေသည်။

နှစ်စဉ်နှစ်တိုင်း အဆင့်မြင့်ကိုယ်တော်များက နိုင်ငံတစ်ခွင့် လှည့်လည်၍ နတ်ဆိုးသားရဲများနှိမ်နှင်းကြသည်။ သို့သော် နတ်ဆိုးသားရဲအရေအတွက်က များလွန်းသဖြင့် အမြစ်ပြတ် မရှင်းလင်းနိုင်ကြ။

"ကုန်ပစ္စည်းတွေကို ထားခဲ့တော့။ အသက်လောက် ဘယ်ဟာမှအရေးမကြီးဘူး"

"အသက်မရှင်ချင်တဲ့လူ ဘယ်သူမှမရှိဘူးကွ"

"လောင်အန်း၊ အခြေအနေဆိုးသက်ထက်ဆိုးလာရင် တစ်ခြားလူတွေကိုခေါ်ပြီး ဒီကနေမြန်မြန်ထွက်သွားပါ။ ငါအချိန်ဆွဲထားပေးမယ်"

"ပေါက်ကရတွေမပြောနဲ့။ ဒီသဲဝံပုလွေတွေကို မင်းမယှဉ်နိုင်ဘူး"

ကုလားအုပ်များက သဲဝံပုလွေများ၏ သွေးဆာနေသည့်စွမ်းအင်ရောင်ကို ကြောက်ရွံ့သဖြင့် တစ်ကိုယ်လုံးတုန်ရင်နေသည်။ တစ်ချို့က ကုန်ပစ္စည်းများနှင့်အတူ ထွက်ပြေးသွားသည်။ တစ်ချို့က မြေပေါ်တွင်သာ လှဲဝပ်နေသည်။

လောကအတွေ့အကြုံစုံခဲ့သည့် ကုန်သည်များက ဓားကောက်ကိုယ်စီဆွဲထုတ်ပြီး အသက်ရှင်သန်ရေးအတွက် အတင်းခုခံနေသည်။ သဲဝံပုလွေများက ကြမ်းတမ်းရက်စက်သည်။ သွေးဆာနေသည့် ထိုသတ္တဝါများကို ကုန်သည်များ မယှဉ်နိုင်ကြ။

ကန္တာရခရီးတွင် ကုန်သည်များ မတွေ့ချင်ဆုံးက ထိုသဲဝံပုလွေများဖြစ်သည်။ တွေ့သည်နှင့် အသက်ရှင်နိုင်ခြေက မရှိသလောက်နည်းပါးသည်။ သေကြသည်ကများသည်။

ရုတ်တရက် ကုန်သည်တစ်ယောက်အာရုံလွင့်နေချိန်ကို အခွင့်ကောင်းယူ၍ သဲဝံပုလွေတစ်ကောင်က ခုန်အုပ်သည်။

လောင်အန်း မြေပြင်သို့ လဲကျသွားသည်။

သဲဝံပုလွေလက်သည်းများကို သူ့ဓားကောက်ဖြင့် ကြိုးစားခုခံသည်။ သို့သော် ဝံပုလွေက မယုံနိုင်လောက်အောင် သန်မာသည်။ လောင်အန်း တဖြေးဖြေးအားနည်းလာသည်။ ရုန်းကန်နိုင်စွမ်းသိပ်မရှိတော့။

"လောင်အန်း"

အားလုံးစိတ်ဓာတ်ကျနေသည်။ ထိုခဏမှာပင် တင်းမာသည့်စကားသံတစ်ခု မိုးချုန်းသံလို ဟိန်းထွက်သွားသည်။

"ယုတ်မာကောက်ကျစ်တဲ့ သားရဲကောင်၊ မာန်တက်မနေနဲ့ကွ"

သဲလေဝဲများအလယ်မှ လူတစ်ယောက်‌ ကောင်းကင်သို့ထိုးတက်လာသည်။ ဗုဒ္ဓကိုယ်တော်တစ်ပါးနှင့်တူသည်။ လက်နှစ်ချာင်းကို အတူပူးထားသည်။ သူ့နောက်ကျောဘက်တွင် ဗုဒ္ဓရောင်ခြည်စက်ဝန်းတစ်ခု ပေါ်လာသည်။ ဗုဒ္ဓကျင့်စဉ်တွင် ထိပ်တန်းရောက်နေသည့် လက္ခဏာဖြစ်သည်။

ရောင်ခြည်စက်ဝန်း ရုတ်တရက် လွင့်ပျောက်သွားပြီး မရေမတွက်နိုင်သည့်ဓားရိပ်များ သဲဝံပုလွေတို့၏ဦးခေါင်းကို တည့်တည့်မတ်မတ် ထိုးဖောက်သွားသည်။

နောက်ထပ်စွမ်းအားရှင်တစ်ယောက်က လက်နှစ်ဘက်ဖြင့် လက်သီးရိပ်တစ်ခု ဖန်တီးသည်။ ရွှေဗုဒ္ဓလက်သီးရိပ် ထိုးထွက်လာသည်။ သဲဝံပုလွေ ဦးနှောက်များ ပွင့်ထွက်သွားသည်။

လောင်အန်းက အသက်မဲ့နေသည့် သဲဝံပုလွေကို ဘေးသို့တွန်းဖယ်ပြီး ချက်ချင်းဒူးထောက်ရှိခိုးလိုက်သည်။

"ကျုပ်တို့အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုယ်တော်"

တစ်ခြားလူများလည်း အသိပြန်ဝင်လာပြီး စွမ်းအားရှင်နှစ်ယောက်ကို ဒူးထောက်ဦးခိုက်ကြသည်။

လုယန် မပွင့်တပွင့်ပြုံး၍ မြေပေါ်သို့ဆင်းလာသည်။

"ဒကာတော်တို့... ဒီလိုလောကဝတ်တွေ မလိုပါဘူး။ ကျုပ်တို့ညီအကိုက ခရီးသွားရင်းလမ်းကြုံလို့ အဆင်သင့်သွားတာပါ။ ထကြပါ"

ထိုစဉ် မုန်ကျင်းကျိုးလည်း ရောက်လာသည်။ လုယန်ကို ဘုကြည့်ကြည့်သည်။

...'လမ်းကြုံလို့ အဆင်သင့်တယ်'ဆိုတဲ့စကားက ဓားချီတွေအများကြီးထုတ်သုံးပြီး ဟန်ရေးပြခွင့်ရတာကို ပြောတာလား...

လုယန်လည်း မုန်ကျင်းကျိုးကို ပြန်ကြည့်သည်။

...မင်းရောဘာထူးလို့လဲ၊ ချီအဆင့်ရောက်ခါစ နတ်ဆိုးသားရဲအုပ်ကို အရဟတ်လက်သီးသုံးပြီး တိုက်ခိုက်စရာလိုလို့လား...

မဟာစွမ်းအားရှင်နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ပြီး 'ကံကြမ္မာမျက်နှာသာပေးသဖြင့်' သဲဝံပုလွေများကို မျိုးတုန်းလုနီးပါး သတ်ဖြတ်ခွင့်ရလိုက်သည်။

"ကိုယ်တော်..."

"ကျုပ်ကို မုန်ကျင်းကျိုးလို့ပဲခေါ်ပါ။ ဒါက ကျုပ်ညီလုယန်ပါ"

"ဘယ်လို၊ ဒါဆိုခင်ဗျားတို့နှစ်ယောက်က ဗုဒ္ဓမုန်နဲ့ ဓားမသေမျိုးလုပေါ့"

လောင်အန်းတို့လူစု အကြီးအကျယ်အံ့အားသင့်သွားသည်။ သူတို့ကယ်တင်ရှင်များက နာမည်ကျော်ကြားသည့် မုန်ကျင်းကျိုးနနှင့်လုယန်ဖြစ်နေသည်။

ဒဏ္ဍာရီပုဂ္ဂိုလ်များဖြစ်သည်။ မဟာရှားမှာပင် သူတို့ကိုမြင်ဖူးသူ သိပ်များများမရှိ။ ယခု တိုက်တိုက်ဆိုင်ဆိုင် ဗုဒ္ဓနိုင်ငံတွင် လာဆုံရသည်။

ဗုဒ္ဓဝါဒတွင်ပြောကြသည့် ကံရေစက်ဆိုသည်မှာ ယခုအဖြစ်မျိုးကို ဆိုလိုခြင်းဖြစ်မည်။

"ဟုတ်ပါတယ်၊ ကျုပ်တို့ပါပဲ"

မုန်ကျင်းကျိုး မျက်နှာကိုတည်ထားသည်။ လောကီအနှောင်အဖွဲ့ကင်းသည့်ပုံစံမျိုး ဖမ်းထားသည်။ ထိုလူစု၏ ချီးကျူးမှုကို သာယာကျေနပ်နေသည့် အမူအရာမျိုး သူထုတ်ပြ၍မဖြစ်။

ထိုအဖွဲ့အကြောင်း စကားပြောရင်း သူတို့သိလာသည်။ လောင်အန်းက ကုန်သည်အဖွဲ့၏ ခေါင်းဆောင်။ နာမည်ရင်း အန်းဟူဖြစ်သည်။ မဟာရှားမှ နေစွမ်းအင်မီးအိမ်များကို ဖောက်သည်ယူလာသည်။ ဗုဒ္ဓနိုင်ငံတွင် ဈေးကွက်ရှိမရှိ လာကြည့်ခြင်းဖြစ်သည်။ သဲဝံပုလွေများနှင့်တိုးမည်ဟု ထင်မထားကြ။

"ဪ...ခင်ဗျားတို့လည်း ခိုင်ဟွမ်မြို့တော်ကိုသွားမှာလား။ ဦးလေးအန်း၊ ကျုပ်တို့နှစ်ယောက်လည်း ဦးလေးတို့နဲ့အတူ လိုက်ခဲ့လို့ရမလား"

ကောင်းမှုပြုလျှင် ကောင်းကျိုးရသည်။ တိုက်တိုက်ဆိုင်ဆိုင် ကြုံရခြင်းဖြစ်သည်။

"ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့"

အန်းဟူတို့လည်း ပျော်ရွှင်နေသည်။ နာမည်ကျော်နှစ်ယောက်နှင့် ခရီးသွားရလျှင် ကုန်သည်များကြားတွင် မျက်နှာပန်းလှသည်။

ထို့ပြင် ဤလူနှစ်ယောက်ပါလာလျှင် လမ်းတစ်လျှောက်တွင် အန္တရာယ်ရှိတော့မည်မဟုတ်။

ခိုင်ဟွမ်မြို‌တော်သို့ သွားသည့်လမ်းတွင် လက်စားခြေရန်လာသည် သဲဝံပုလွေဘုရင်နှင့် ကြုံရသည်။ ချီနဝမအဆင့်ရှိသည်။ အခြေတည်အဆင့် နာမည်ကျော်ဓားပြများနှင့် ကြုံရသည်။ နတ်ဆိုးလမ်းစဉ်ထဲကျပြီး သတ်ဖြတ်ခြင်းဖြင့် သူ့လမ်းကြောင်းကို သက်သေပြနေသည့် ရွှေသန္ဓေအဆင့် နတ်ဆိုးကိုယ်တော်တစ်ပါးနှင့် ကြုံရသည်။

အလောင်းပုံထဲမှ မွေးဖွားလာပြီး ညတိုင်း လူ့သွေးသန္ဓေစုပ်ယူနေသည့် နတ်ဝိညဉ်အဆင့် အရိုးဖြူသရဲနှင့် ကြုံရသည်။

"ခင်ဗျားတို့သာမန်လူတွေအနေနဲ့ ကုန်သည်လုပ်ရတာ အတော်လေးခက်ခဲတာပဲ"

လုယန် မှတ်ချက်ပေးသည်။ လမ်းတွင်ကြုံတွေ့ခဲ့ရသည့် ရန်သူများသည် သူနှင့်လောင်မုန်အတွက် စာမဖွဲ့လောက်သော်လည်း လောင်အန်းတို့လူစုအတွက် အားလုံးအသက်ပျောက်မည့် ကပ်ဆိုးများဖြစ်သည်။

"...တကယ်တော့ ကုန်သည်အတော်များများက သူတို့သက်တမ်းတလျှောက်မှာ သဲဝံပုလွေတွေကို တစ်ခါမှမတွေ့ဖူးကြပါဘူး"

သဲဝံပုလွေဘုရင်နှင့် ကန္တာရဓားပြသုံးယောက်တို့လို နာမည်ကြီးသူများကိုတွေ့ဖို့ဆို ပို၍ပင်အလှမ်းဝေးသေးသည်။ နတ်ဆိုးကိုယ်တော်၊ အရိုးဖြူသရဲမတို့ဆိုလျှင် ကြားပင်မကြားဖူးကြ။

လုယန်နှင့်မုန်ကျင်းကျိုးကလည်း ပထမဆုံးအကြိမ် ကုလားအုပ်စီးဖူးခြင်းဖြစ်၍ အတော်ပျော်နေကြသည်။

ကုလားအုပ်များ၏ ဘေးနှစ်ဘက်တွင် သူတို့ခရီးလမ်းတလျှောက်ရခဲ့သည့် တိုက်ပွဲသိမ်းပစ္စည်းများ တွဲချည်ထားသည်။ သဲဝံပုလွေသားရေများ။ သံဝံပုလေွဘုရင်၏သားရေ။ ကန္တာရဓားပြသုံးယောက်၏ မှော်လက်စွပ်များ။ နတ်ဆိုးကိုယ်တော်၏ ရွှေသန္ဓေ။ တလက်လက်တောက်ပနေသည့် အရိုးဖြူများ..

ထိုပစ္စည်းများသည် လုယန်တို့အတွက် ဘာမှတန်ဖိုးမရှိ။ ဥပမာ ဓားပြသုံးယောက်၏ မှော်လက်စွပ်များထဲမှ ဝိညာဉ်ကျောက်များသည် လုယန်၏ တစ်နေ့တာဝင်ငွေလောက်ပင်မရှိ။ လက်စွပ်တစ်ခုတွင် လျှို့ဝှက်မြေတစ်ခုကိုဖွင့်သည့် သော့တစ်ချောင်းတွေသည်။ ကျမ်းစာတိုက်မှယူလာသည့် ရှေးဟောာင်းစာအုပ်များထဲတွင် စစ်ဆေးကြည့်သည်။

အခြေတည်အဆင့်များနှင့်သင့်တော်သည့် လျှို့ဝှက်မြေဖြစ်သည်။ ရွှေသန္ဓေတည်ဆောက်မှု အောင်မြင်နိုင်ခြေ နှစ်ဆယ်ရာနှုန်းထိတိုးမြှင့်နိုင်အောင် လူအတော်များများ ဆေးမြစ်များခူး၍ ဆေးဖော်ကြသည့်နေရာဖြစ်သည်။

နတ်ဆိုးကိုယ်တော်တွင် လူရေခွံစာလိပ်တစ်ခုရှိသည်။ ရွှေသန္ဓေအခြေခံနှင့်ညီမျှသည့် သန္ဓေတုဖန်တီးနည်းတစ်ခုကို အသေးစိပ်ရေးထားသည်။ သို့သော် ထိုထက်ပို၍ အဆင့်တက်ဖို့တော့ မျှော်လင့်၍မရ။

ထိုပစ္စည်းများအားလုံး လောင်အန်းတို့အဖွဲ့ကိုပေးဖို့ စဉ်းစားကြသည်။ သို့သော် ဗုဒ္ဓနိုင်ငံလို အန္တရာယ်များသည့်နေရာတွင် ထိုပစ္စည်းများကြောင့် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်လာနိုင်သည်။ ထိုမျှများပြားသည့် ပစ္စည်းများကို လောင်အန်းတို့လူစု ထိန်းသိမ်းနိုင်မည်မဟုတ်။

ထို့ကြောင့် နောက်ဆုံးတွင် သဲဝံပုလွေသားရေများကိုသာပေးဖို့ ဆုံးဖြတ်လိုက်သည်။

"သခင်တို့နှစ်ယောက်က ဗုဒ္ဓရေသဘင်ပွဲတက်ဖို့ ခို်ဟွမ်ကိုလာကြတာလား"

လောင်အန်းက မေးသည်။ လမ်းတလျှောက် စကားနည်းနည်းပြောကြည့်ပြီးနောက် ထိုသခင်နှစ်ယောက်သည် ပုံပြင်ထဲတွင်ပြောကြသလို သဘောမနောကောင်းပြိး ဖော်ရွေပွင်လင်းကြောင်း သူသိလာသည်။ ဝင့်ကြွားမောက်မာခြင်း လုံးဝမရှိ။

"ဟုတ်တယ်၊ ကျုပ်တို့ကို ခွမ်ဟိုင်ဘုံကျောင်းမှာ ရေသဘင်ပွဲတက်ဖို့ဖိတ်ထားတယ်"

"သိပ်ကောင်းတာပေါ့"

လောင်အန်းတို့ အတော်ပျော်သွားသည်။ ထိုသခင်နှစ်ယောက် ဗုဒ္ဓရေသဘင်ပွဲတက်လျှင် ပွဲတော်က ပို၍စည်ကားလာလိမ့်မည်။

"စကားမစပ်... ခိုင်ဟွမ်ဘုံကျောင်းနဲ့ ကျုပ်တို့သိပ်မရင်းနှီးဘူး။ အရင်က တစ်ခါမှမကြားဖူးဘူး။ ဖိတ်စာရမှပဲ ဒီလိုနေရာရှိမှန်းသိတာ"

လောင်အန်းက ရယ်သည်။

"သခင်တို့ မကြားဖူးတာ မဆန်းပါဘူး။ ခိုင်ဟွမ်ဘုံကျောင်းက နာမည်ပြောင်းထားတာလေ။ အရင်က ဒီဘုံကျောင်းကို အဲလိုမခေါ်ကြဘူး"

"အရင်က ဘယ်လိုခေါ်တာလဲ"

"အားလီရွာဘုံကျောင်းတဲ့"

*******************************

All Chapters