← Chapters

အခန်း (၉၈၂-၉၈၄)

Vol. 66 Ch. 982-984

အခန်း (၉၈၂-၉၈၄)

Vol. 66 Ch. 982-984

အချန်း (၉၈၂) ‌ရောမလိုကျင့်

ဝိညာဉ်ပြောင်းအဆင့်နှစ်ယေက် အကာအကွယ်ပေးထားသဖြင့် လောင်အန်းတို့လူစု ခိုင်ဟွမ်းမြို့တော်သို့ ဘေးကင်းကင်းပြန်ရောက်လာသည်။

အားလီရွာဟုခေါ်ခဲ့သည့် ခိုင်ဟွမ်သည့် အရင်က မထင်မရှားနေရာတစ်ခုသာဖြစ်သည်။ ခိုင်ဟွမ်ဘုံကျောင်း၏ ကျောင်းထိုင်အဆက်ဆက် ကြိုးစားအားထုတ်မှုကြောင့်၊ အထူးသဖြင့် ကိုယ်တော်တွမ်ချန်း(သွမ့်ချန်း)ကြောာင့် အားလီရွာက ယနေ့လို ကျယ်ပြန့်ပြီးစနစ်ကျသည့် မြို့တော်တစ်ခုအဖြစ် ပြောင်းလဲတိုးတက်လာခြင်းဖြစ်သည်။

မဟာရှားမှ မြို့တော်များလို အပြာရောင်အုတ်ခဲနှင့် ကျောက်တုံးများကိုသုံး၍ တည်ဆောက်ခြင်းမဟုတ်။ ဗုဒ္ဓနိုင်ငံ၏မြို့တော်တို့သည့် ထူထဲသည့်မြေနံရံများကို အသုံးပြုလေ့ကြသည်။ ဓာတ်ငါးမျိုး၏ ပွတ်တိုက်မှု၊ နေနှင့်လေတို့၏ တိုက်စားမှုတို့ကြောင့် နံရံအစွန်းများက ပြိုကျတော့မယောင်ဖြစ်နေသည်။

သို့သော် အမှန်တော့ မြေနံရံအတွင်းလွှာများကို မှော်စက်ဝန်းပညာမျိုးစုံဖြင့် အားဖြည့်ထားသည်။ နှစ်တစ်ထောင်ကြာအောင် တည်တံ့မည့်နံရံများဖြစ်သည်။

ခိုင်ဟွမ်မြို့တော်ကိုဖြတ်၍ အမည်မသိမြစ်တစ်စင်း စီးဆင်းနေသည်။ မြို့တော်တစ်ခုလုံး၏ ပင်မရေရင်းမြစ်ဖြစ်သည်။ ထိုမြစ်ကိုလည်း ကိုယ်တော်တွမ်ချန်းက ဤနေရာရောက်အောင် သွယ်ယူခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။

လမ်းတလျှောက် ဗုဒ္ဓကိုယ်တော်များစွာတွေ့ရသည်။ ဦးပြည်းကတုံး၊ ပုခုံးလက်ဗလာ၊ အသားအရေနက်မှောင်ကြမ်းတမ်းကြသည်။ လမ်းလျှောက်ရင်း ကျမ်းစာရွတ်သည်။ ဗုဒ္ဓဝါဒကို စိတ်နှစ်ယုံကြည်ထားသူများမှန်း သိသာသည်။ လုယန်စိတ်ထဲ သူတို့မျက်လုံးကောင်းပါလေစဟု တွေးမိသည်။

ခိုင်ဟွမ်မြို့တော်သို့ဝင်လာချိန်တွင် မဟာရှားမြို့တော်နှင့်ကွာခြားချက်က ပိုသိသာလာသည်။ ရွှေရောင်ဆံပင်၊ မျက်လုံးပြာနှင့် ထူးခြားသည့်ဆွဲဆောင်မှုရှိသည့် မိန်းကလှများတွေ့ရသည်။ စွဲမက်ဖွယ်ခန္ဓာကိုယ်အချိုးအစားရှိသည်။ မျက်နှာကိုဇာပဝါလွှမ်းခြုံထားသည်။ ပုခုံးပေါ်တွင် မျောက်တစ်ကောင်တင်ထားသည့် တပသီရသေ့များလည်းရှိသည်။

ပုလွေမှုတ်၍ မြွေကိုကခိုင်းသည့် အလမ္မယ်ဆရာများလည်းရှိသည်။ ဓားကိုစဉ်းနှီတုံးပေါ် ပြောင်းပြန်ထောင်၍ ငါးကိုအပေါ်မှ ဖိချနေကြသည့် ငါးစိမ်းသည်များလည်းရှိသည်။ အသက်သတ်သည့်အမှုကို ရှောင်ကြဉ်ခြင်းဖြစ်သည်။

"အခုမှပဲ သဲတွေရှင်းသွားတော့တယ်"

မုန်ကျင်းကျိုး စိတ်သက်သာရာရသွားသည်။ နေရာတိုင်းရှိနေသည့် သဲမုန်တိုင်းများက အတော်စိတ်ပျက်စရာကောင်းသည်။ မြို့တော်နံရံများတွင် သဲမဝင်အောင်ကာကွယ်သည့် မှော်စက်ဝန်းများရှိသည်။ ထို့ကြောင့် မြို့ထဲတွင် ပို၍သက်တောင့်သက်သာရှိနေသည်။

သို့သော် လုယန်၏သိစိတ်နယ်မြေကတော့ သိပ်ကံမကောင်း။

သူ့သိစိတ်နယ်မြေက သဲပြင်ကန္တာရဖြစ်နေသည်။ သဲပုံတောင်ပူစာများက လှိုင်းတွန့်သဏ္ဌာန်ရှိနေသည်။ ရွှေရောင်ဗုဒ္ဓဝတ်ရုံနှင့် မသေမျိုးမိန်းမတစ်ယောက် သီးချင်းတစ်ပုဒ်ဆိုညည်း၍ လှပစွာကခုန်နေသည်။ ဖိနပ်မပါ ဗလာဖြစ်နေသည့်သူ့ခြေထောက်များ သဲပုံထဲသို့နစ်မြုပ်သွားသဖြင့် သေးငယ်သည်ခြေရာများအတန်းလိုက် ပေါ်လာသည်။

"နတ်မယ်၊ သဲပမာဏကို နည်းနည်းလောက်လျှော့လို့ မရဘူးလား"

လုယန် လှမ်းအော်သည်။ နတ်မယ်က သူနှင့်အတော်ဝေးဝေးသို့ရောက်နေသည်။ ထိုသို့မအော်လျှင် နတ်မယ်ကြားမည်မထင်။

နတ်မယ်က ဖျတ်ခနဲခါးကိုလှည့်ပြီး သူ့ဆီလျှောက်လာသည်။

"ငါမသေမျိုးက ဒေသဓလေ့ထုံးစံနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နေတာပါ။ နင်နဲ့မုန်ကောင်လေးကိုကြည့်လိုက်ဦး၊ နင်တို့ဝတ်စားထားတာတွေက ဒေသခံတွေနဲ့ တစ်ခြားစိပဲ။ လူတွေကနင့်တို့ကို အာရုံစိုက်ပြီး ကြည့်နေကြတယ်။ အခုငါ့ကိုကြည့်လိုက်၊ ဒေသခံတွေနဲ့ ဘာမှမကွာဘူးမဟုတ်လား"

လမ်းသွားလမ်းလာတို့၏ ထူးဆန်းသည့်အကြည့်ကို လုယန် အစောကြီးကတည်းက ရိပ်မိသည်။ မဟာရှားတွင် ဗုဒ္ဓကိုယ်တော်များကို လူတိုင်းက စိုက်ကြည့်ကြသလိုပင်ဖြစ်သည်။ သူနှင့်လောင်မုန်က မြို့တော်လမ်းမပေါ်တွင် သိသာထင်ရှားနေသည်။

ဗုဒ္ဓနိုင်ငံအဝတ်အစားမျိုး လဲဝတ်ဖို့ နေရာတစ်ခုရှာဖို့ကြိုးစားသည်။ သို့သော် ထိုအခွင့်အရေးက ပေါ်မလာသေ။

လုယန်က ပျော်ရွှင်စွာက‌ေနေသည့် နတ်မယ်ကိုတစ်ချက်ကြည့်သည်။ သူ့မျက်နှာ နီရဲလာပြီး ချက်ချင်းခေါင်းငုံ့လိုက်သည်။ လက်ရှိနတ်မယ်ပုံစံက တစ်ခြားလူကို အာရုံဆွဲဆောင်နိုင်လွန်းသည်။ ဘယ်နေရာကို ကြည့်ရမည်ပင် မသိတော့။

"သခင်တို့နှစ်ယောက် နွမ်းပါးတဲ့ကျုပ်အိမ်‌တော်ထဲ ဝင်ထိုင်ကြပါဦးလား"

လောင်အန်းတို့လူစုက လုယန်တို့နှစ်ယောက်ကို အတော်ကျေးဇူးတင်နေသေဖြင့် ဧည့်ခံဖို့ ပြင်နေကြသည်။ လုယန်တို့ကာကွယ်မပေးလျှင် အစောကြီးကတည်းက သဲဝံပုလွေများလက်ထဲသို့ သူတို့ကျခဲ့ပြီးဖြစ်မည်။

လောင်အန်း၏ဖိတ်ခေါ်မှုကို လုယန်တို့ငြင်းလိုက်သည်။ ခိုင်ဟွမ်ဘုံကျောင်းသို့သွားဖို့ လမ်းညွှန်ယူပြီး ထွက်လာကြသည်။

"အကို၊ မြန်မြန်လာပါ"

လမ်းထောင့်ချိုးတစ်ခုသို့ရောက်ချိန်တွင် မိန်းကေလးတစတ်ယောက် ရုတ်တရက် သူ့အကိုကိုနောက်လှည့်ခေါ်ရင်း ပြေးထွက်လာသဖြင့် လုယန်ကိုဝင်တိုက်မိမလိုဖြစ်သွားသည်။

သူမတိုက်မိခင် လုယန်က မှော်ပညာတစ်မျိုးသုံး၍ မိန်းကလေးကို လေပြေဖြင့် ညင်သာစွာထိန်းချုပ်လိုက်သည်။ သူနှင့်လည်းမတိုက်မိတော့။ လဲကျခြင်းလည်းမရှိတော့။

"တောင်းပန်ပါတယ်ရှင် တောင်းပန်ပါတယ်"

ကျင့်ကြံသူတစ်ယောက်ကို ဝင်တိုက်မိမတတ်ဖြစ်သွားမှန်း နားလည်သဖြင့် မိန်းကလေးက ချက်ချင်းတောင်းပန်သည်။

ထိုမြင်ကွင်းကိုကြည့်၍ သူ့အကိုက အမြန်ပြေးလာသည်။

"တောင်းပန်ပါတယ်ဗျာ။ ကျုပ်ညီမကို ကောင်းကောင်းဂရုမစိုက်မိတာ ကျုပ်အမှားပါ"

"လမ်းလျှောက်ရင် သတိထားပါ"

လုယန် ပြောလိုက်သည်။ ထိုကိစ္စကို စိတ်ထဲမထားတော့။

ဝေးကွာသွားသည့် လုယန်နှင့်မုန်ကျင်းကျိုးတို့ ကျောပြင်ကိုကြည့်၍ လူငယ်မျက်လုံးတွင် ထိတ်လန့်ရိပ်များပေါ်လာသည်။

"မဟာရှားကလူတွေပါလား..."

"ထူးဆန်းတယ်၊ ဟိုကောင်လေးက ငါတို့ကိုဘာလို့အဲလောက် သတိထားနေတာလဲ။ 'မဟာရှားကလူတွေပါလား'လို့ ဘယ်လိုစကားကြီးလဲ"

လုယန် အတော်ဝေးဝေးသို့ရောက်နေသော်လည် ဝိညာဉ်ပြောင်းအဆင့်အကြားအာရုံက အံ့ဩစရာ‌ကောင်းလောက်အောင် ထက်မြက်သည်။ လူငယ်ပြောသည့်စကားကို ရှင်းရှင်းလင်းလင်းကြားသည်။

"မဟာရှားကျင့်ကြံသူတွေကို မမြင်ဖူးလို့ဖြစ်မှာပေါ့။ မဟုတ်ရင်လည်း သူ့ကိုဒုက္ခပေးတဲ့လူ ကြုံဖူးလို့ဖြစ်မယ်"

မုန်ကျင်းကျိုးက အရေးမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြသည်။ ထိုလူငယ်ကို သူတို့သိပ်ခေါင်းထဲမထည့်။

ခိုင်ဟွမ်မြို့တစ်ဝက်ကို အေးအေးလူလူဖြတ်လျှောက်ခဲ့သည်။ ဘေးပတ်လည်မြင်ကွင်းများ၊ ဒေသဓလေ့ထုံးစံများကို ကြည့်ရှုလေ့လာသည်။ ညနေစောင်းအချိန်ကျမှ ခိုင်ဟွမ်ဘုံကျောင်းသို့ရောက်လာသည်။

ဘုံကျောင်းက ခမ်းနားထည်ဝါသည်။ အနီရောင်နံရံများ မီးခိုးရောင်အုပ်ကြွမ်များဖြင့် တည်ဆောက်ထားသည်။ မွှေးတိုင်နံ့များ ဖုံးလွှမ်းနေသည်။ ဘုံကျောင်းအဝင်တံခါးမှ ကြေးအိုးထဲတွင် မွှေးတိုင်ပြာများ ပြည့်နေသည်။ မွှေးတိုင်နည်းနည်းသာကျန်တော့သည်။

"ဒကာတော်တို့။ ဒီဘုံကျောင်းကအခု ဧည့်သည်တွေဝင်လို့မရတော့ပါဘူး။ မနက်ဖြန်မှပဲ ပြန်လာခဲ့ကြပါ"

လူငယ်ကိုယ်တော်တစ်ယောက်က တံခါးဝတွင် သူတို့ကို ယဉ်ကျေးစွာ တားမြစ်သည်။

လုယန်က ဖိတ်ခေါ်စာကို ထုတ်ပေးလိုက်သည်။

"ကိုယ်တော်တွမ်ချန်းကို ကျုပ်ရောက်ပြီလို့ ပြောပေးပါ"

တွမ်ချန်းသည် ခိုင်ဟွမ်ဘုံကျောင်း၏ ကျောင်းထိုင်ဖြစ်သည်။

"ဟုတ်ပါပြီ"

သိပ်မကြာမီ မုတ်ဆိတ်ဖြူကိုယ်တော်တစ်ယောက် ခိုင်ဟွမ်ဘုံကျောင်းထဲမှ အလောတကြီးထွက်လာသည်။ လမ်းတစ်လျှောက် လူငယ်ကိုယ်တော်၏ခေါင်းကို အဆက်မပြတ်ရိုက်ရင်း ဆူပူမာန်မဲနေသည်။

"လုယန်နဲ့မုန်ကျင်းကျိုးကို မသိဘူးလား။ ငါ့ကိုတောင်မင်းက ဖိတ်စာစစ်ဆေးဖို့ လာပြောနေသေးတယ်ပေါ့"

"ဒကာလု၊ ဒကာမုန်။ ကျုပ်မင်းတို့ကို လေးစားနေတာကြာပါပြီ။ ကျုပ်က ကိုယ်တော်တွမ်ချန်းပါ"

တွမ်ချန်းက ဝေဆာသည့်အပြုံးဖြင့် လက်အုပ်ချီ၍ နှုတ်ဆက်သည်။ သူကံစမ်းခဲ့ခြင်းသာဖြစ်သည်။ လုယန်နှင့်မုန်ကျင်းကျိုး တကယ်ရောက်လာမည်ထင်မထားခဲ့။

"ဪ ကိုယ်တော်တွန်ချန်းလား"

လုယန်တို့လည်း တွမ်ချန်းလို လက်အုပ်ချီ၍ ပြန်နှုတ်ဆက်သည်။

"အထဲကိုဝင်ကြပါ မိတ်ဆွေတို့"

တွမ်ချန်းက လက်တစ်ဘက်ဆန့်ထုတ်၍ ဘုံကျောင်းထဲသို့ ဖိတ်ခေါ်သည်။

တွန်ချန်းနောက်မှ လိုက်လာသည့်ကိုယ်တော်များက လုယန်နှင့်မုန်ကျင်းကျိုးကို ကြည့်လိုသဖြင့် သူ့ထက်ငါအရင်ဦးအောင် ရှေ့သို့တွန်းထိုးရောက်လာသည်။ အရပ်ပုသူများက ခြေဖျားထောက်၍ ကြည့်ကြသည်။

"ဒကာတို့ ဒီလောက်အစောကြိးရောက်လာမယ် ထင်မထားလို့ပါ။ ကျုပ်တို့ဘက်က ဧည့်ဝတ်မကျေတဲ့အတွက် တောင်းပန်ပါတယ်"

တွမ်ချန်းကပြောသည်။ ဗုဒ္ဓရေသဘင်ပွဲတော်ရောက်ဖို့ အချိန်နှစ်လလိုသေးသည်။ လုယန်တို့လာလျှင်ပင် ထိုမျှစောမည်ဟု မထင်ခဲ့။

သို့သော် စောစောရောက်လာသည်ကလည်း ကောင်းပါသည်။ ထိုနှစ်ယောက် ရေသဘင်ပွဲတော်လာတက်ကြောင်း သတင်းဖြန့်ဖို့ ပိုအချိန်ရသည်။ ကျင့်ကြံသူများကို ပို၍ဆွဲဆောင်နိုင်သည်။ ပွဲတော်ပိုစည်ကားအောင် လုပ်နိုင်သည်။

"ကိစ္စမရှိပါဘူး။ လမ်းခရီးမှာ မထင်မှတ်တဲ့ပြဿနာတွေကြုံရင် နောက်ကျနေမှာစိုးလို့ နည်းနည်းအချိန်စောပြီး ထွက်ခဲ့တာပါ"

"ဒကာတို့က နောက်တတ်တာပဲ။ ဒကာတို့ကျင့်စဉ်အဆင့်နဲ့ဆို မဟာရှားမှာ ဂိုဏ်းတစ်ခုထောင်ဖို့တောင် အလွယ်လေးပါ။ ဘာပြဿနာကြုံစရာရှိလဲ"

လုယန်နှင့်မုန်ကျင်းကျိုးတို့ ပြုံးရုံသာပြုံးနေကြသည်။

လုယန် စကားလမ်းကြောင်း‌ပြောင်းသည်။

"ခိုင်ဟွမ်မြို့တော်ကို အရင်က အာလီရွာလို့ ခေါ်ခဲ့တယ်ကြားတယ်။ ခင်ဗျားတို့ဘုံကျောင်း အဆက်မပြတ်အားထုတ်ကြိုးပမ်းခဲ့လို့ ဒီနေရာကို အခုလိုဖြစ်လာတာတဲ့။ တကယ်လေးစားလောက်တဲ့ ကုသိုလ်ပါပဲ"

တွမ်ချန်းက လက်ခါပြသည်။

"အဲလောက်ထူးခြားတဲ့ ကုသိုလ်ရယ်လို့မဟုတ်ပါဘူး။ ဒီကကျောင်းထိုင်တစ်ယောက်က အနောက်ပိုင်းမိုးပျံဘုံကျောင်းအဆင့်မြင့်ကိုယ်တော်တစ်ပါးရဲ့ တရားမဝင်သားတစ်ယောက် ဖြစ်နေလို့ပါ။

အဲဒီ့ကိုယ်တော်က သူ့သားကို အဆင်ပြေပြေနေစေချင်တယ်လေ။ ဒီတော့ ကျုပ်တို့ဘုံကျောင်းကို လျှို့ဝှက်ထောက်ပံ့ပေးတယ်။ ဒါကြောင့်လည်း ဒီနေ့လိုဖြစ်လာအောင် ကျုပ်တို့လုပ်နိုင်ခဲ့တာပါ။

အားလုံးက ကျုပ်တို့ရှေ့ကကိုယ်တော်တွေရဲ့ ကောင်းချီးကြောင့်ပါပဲ။

အဲဒီ့အဆင့်မြင့်ကိုယ်တော်က နောက်ဆုံးတော့ ကွယ်လွန်သွားတယ်။ အမွေအနှစ်တွေအများကြီး ကျန်ခဲ့တယ်။ ကျုပ်တို့ကျောင်းထိုင်က အနောက်ပိုင်းဘုံကျောင်းကိုသွားပြီး အမွေပိုင်ဆိုင်ခွင့် သွားတောင်းတယ်။

အဲဒီအချိန်ကစပြီး သူ့အကြောင်း ထပ်မကြားရတော့ဘူး"

****************************

အခန်း (၉၈၃) မိုးမြေကြားတွင် ငါသာလျှင်အမြတ်ဆုံး

လုယန် မျက်ခုံးတစ်ချက် လှုပ်သွားသည်။ ခိုင်ဟွမ်ဘုံကျောင်းတိုးတက်ခဲ့သည့် သမိုင်းကြောင်းက သူထင်ထားသည်နှင့် ကွဲလွဲနေသည်။

"အနောက်ပိုင်းဘုံကျောင်းက ဗုဒ္ဓနိုင်ငံရဲ့ အစဉ်အလာဂိုဏ်းအဖွဲ့အစည်းတစ်ခုပါ။ သူတို့က လူသတ်ဖို့လောက်ထိတော့ မလုပ်လောက်ဘူး"

တွမ်ချန်းက မုတ်ဆိတ်ဖြူကိုသပ်၍ ပြောသည်။

"ဗုဒ္ဓကိုယ်တော်တွေဟာ သူတစ်ပါးအသက်ကို မသတ်ဘူး။ ဒီတော့ ကျောင်းထိုင်ကိုယ်တော်ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာမရှိလောက်ပါဘူး။ ဒါပေမယ့် တစ်ခြားနည်းလမ်းတွေသုံးမသုံးဆိုတာတော့ ပြောရခက်တယ်။

ကျုပ်တို့ခိုင်ဟွမ်ဘုံကျောင်းက အနောက်ပိုင်းမိုးပျံဘုံကျောင်းနဲ့ သိပ်အဆက်အသွယ်မရှိတော့ ကျောင်းထိုင်ကိုယ်တော်ဘယ်ရောက်နေလဲဆိုတာစုံစမ်းဖို့ နည်းလမ်းမရှိဘူး။ သူပျောက်သွားပြီးနောက်ပိုင်း ခိုင်ဟွမ်ဘုံကျောင်းမှာ ဘာပြောင်းလဲတိုးတက်မှုမှ မရှိတော့ဘူး။ ရည်မှန်းချက်တွေ ပျောက်သွားတယ်။

ကျုပ်ကျောင်းထိုင်ဖြစ်လာတော့ ခိုင်ဟွမ်ဘုံကျောင်းဟာ အမွှေးတိုင်တွေ ထွန်းလင်းတောက်ပပြီး နှစ်စဉ်လာလည်သူ ပျမ်းမျှအရေအတွက် ဆယ်သန်းရှိရမယ်လို့ ကတိသစ္စာကျိန်ဆိုခဲ့တယ်။

ဒီကတိသစ္စာကို ဖြည့်ဆည်းဖို့ ခိုင်ဟွမ်ဘုံကျောင်း နာမည်ကျော်ကြားအောင်၊ ခိုင်ဟွမ်မြို့တော်ကို မြို‌တော်ကြီးတွေနဲ့ ယှဉ်နိုင်အောင်၊ မြို့ခံတွေရဲ့ဘဝတိုးတက်အောင် နည်းလမ်းမျိုးစုံကြံဆပြီး ကျုပ်မရပ်မနားအလုပ်လုပ်ခဲ့တယ်"

"...ကိုယ်တော်၊ ကိုယ်တော့်ရဲ့ကတိသစ္စာက အတော်အသေးစိတ်ကျတာပဲ"

"ဒါပေါ့၊ ဒကာတော်နှစ်ယောက်က ကျုပ်တိုနိုင်ငံကို မရောက်ဖူးသေးလို့ ကျုပ်တို့ကျိန်ဆိုတဲ့ မဟာကတိသစ္စာတွေအကြောင်း နားမလည်တာဖြစ်မှာပါ။ ဗုဒ္ဓနိုင်ငံမှာပြုကြတဲ့ ကတိသစ္စာတွေဟာ အမြဲတမ်း တိကျတယ်။ 'မွှေးတိုင်‌တွေ ထွန်းလင်တောက်ပစေရမယ်'လို့ပဲ သစ္စာပြုခဲ့ရင် စံနှုန်းသတ်မှတ်ချက်ကို ဘယ်လိုထားတော့မလဲ။

မွှေးတိုင်ထွန်းလင်းတောက်ပတယ်ဆိုတာကို ဘယ်လိုသတ်မှတ်မလဲ။ တစ်ရက်တည်းနဲ့ ပူဇော်သူတစ်သန်း ရုတ်တရက် ရောက်လာတာမျိုးလား။ ဒကာတစ်ယောက်က ဘုံကျောင်းအတွက် တစ်နှစ်စာမွှေးတိုင်ဖိုး လှူတာမျိုးလား။ ဒါမှမဟုတ် ဘုံကျောင်းမီးဘေးသင့်ပြီး မွှေးတိုင်တွေအားလုံး လောင်ကျွမ်းတာမျိုးလား။ ဒါတွေကို မွှေးတိုင်ထွန်းလင်းတောက်ပတယ်လို့ သတ်မှတ်မှာလား။

စံနှုန်းသတ်မှတ်မရှိရင် မဟာကတိသစ္စာဟာ အပြောဘဲရှိမယ်။ ဘယ်တော့မှ ဖြည့်ဆည်းနိုင်မှာမဟုတ်ဘူး"

"ကိုယ်တော်၊ ခိုင်ဟွမ်ဘုံကျောင်းအပေါ် ကိုယ်တာ်စိတ်နှစ်ထားပုံက တကယ်လေးစားစရာပါပဲ"

ကိုယ်တော်တွမ်ချန်းက ရယ်၍ပြောသည်။

"ဗုဒ္ဓကိုယ်တော်ဆိုတာ မုသားမပြောဘူး။ ကျုပ်က အဲလောက်လည်း မကြီးမြတ်ပါဘူး။ ခိုင်ဟွမ်ဘုံကျောင်း မွှေးတိုင်တွေ ပေါများနေရင် ကျောင်းထိုင်ဖြစ်တဲ့ကျုပ်လည်း အကျိုးအမြတ်တွေအများကြီးရမယ်။ ကျုပ်ရဲ့ကတိသစ္စာကိုလည်း ဖြည့်ဆည်းနိုင်မယ်လေ။ ကျုပ်မလုပ်ဘဲနေလို့ ဘယ်ဖြစ်မလဲ"

လုယန်သိသလောက် ဘုံကျောင်းတစ်ခုချင်းစီမှရသည့် မွှေးတိုင်အလှူငွေများကို ဘုံကျောင်းက ငါးဆယ်ရာနှုန်းယူသည်။ သုံးဆယ်ရာနှုန်းကို ဗုဒ္ဓရွှေခန္ဓာတည်ဆောက်ဖို့(သာသနာဖြန့်ဖို့)သုံးသည်။ နှစ်ဆယ်ရာနှုန်းကို အနောက်ပိုင်းမိုးပျံဘုံကျောင်းသို့ လွှဲပေးရသည်။

ကျင့်စဉ်လမ်းသည် ငွေမရှိလျှင်မဖြစ်။ ခိုင်ဟွမ်ဘုံကျောင်း မွှေးတိုင်ထွန်းလင်းလေ ကိုယ်တော်တွမ်ချန်း၏ ကျင့်စဉ်လမ်းအတွက် ဝိညာဉ်ကျောက်ပိုရလေဖြစ်သည်။

ညာဉ့်ဦးပိုင်းလွန်လာသဖြင့် ကိုယ်တော်တွမ်ချန်းက လုယန်တို့အနားယူနိုင်စေရန် ဧည့်သည်ဆောင်သို့ လိုက်ပို့မည်ဟုပြောသည်။ သို့သော် လုယန်က ရောက်တုန်းရောက်ခိုက်ဖြစ်၍ မဟာဝိဟာရခန်းမသို့ သွားလိုကြောင်း ပြောသည်။

သိစိတ်နယ်မြေမှ နတ်မယ်တည်ဆောက်သည့် မဟာဝိဟာရခန်းမကိုသာ သူမြင်ဖူးသည်။ တကယ့်ခန်းမအစစ်ကို မမြင်ဖူးသေး။

မုန်ကျင်းကျိုးလည်း ထိုနေရာမျိုးသို့ မရောက်ဖူးသဖြင့် လုယန်စကားကို ထောက်ခံပေးသည်။

တွမ်ချန်းက သူတို့ကို မဟာဝိဟာရခန်းမသို့ ခေါ်သွားသည်။ ခန်းမဗဟိုတွင် ရွှေရောင်မဟာနေမင်း တထာဂတဗုဒ္ဓရုပ်ထုတစ်ခု ရှိနေသည်။ ရွှေဖြင့်သွန်းလုပ်ထားသည်။ ရုပ်ထုက ပန်းကတော့လက်ဟန်ဖြင့် ပြုံးယောင်သန်းနေသည်။ လူအများကို ဉာဏ်အလင်းပေးမည့် ကရုဏာရိပ်မျိုး လွှမ်းခြုံနေသည်။

ညအချိန်ဖြစ်၍ ခန်းမထဲတွင် မီးများလင်းထိန်နေအောင် ထွန်းညှိထားသည်။ ဗုဒ္ဓရုပ်ထုက ဖယောင်းတိုင်အလင်းကြောင်း ရောင်ပြန်ဟပ်နေသည်။ ကြည်ညိုလေးစားစရာအသွင် ပေါ်နေသည်။

"ဒီမဟာဝိဟာရခန်းမမှာ ဘာကြည့်စရာရှိလို့လဲ။ သိစိတ်နယ်မြေမှာ ငါနင့်အတွက်တည်ဆောက်ပေးခဲ့တဲ့ခန်းမကမှ တကယ့်အစစ်မှန်ဆုံးပါ"

နတ်မယ်က မကျေမနပ်ပြောသည်။ ဗုဒ္ဓဝါဒတည်ထောင်သူတစ်ယောက်ဖြစ်၍ ဗုဒ္ဓကျမ်းစာများအရ မဟာဝိဟာရဟု သူသတ်မှတ်လိုက်သည်နေရာတိုင်းသည် တော်ဝင်မြင့်မြတ်သည်။ တုနှိုင်းဖွယ်မရှိ။

သိစိတ်နယ်မြေ၏ ကန္တာရအဆုံး၌ မဟာဝိညာဉ်ရခန်းမတစ်ခုပေါ်လာသည်။ ခိုင်ဟွမ်ဘုံးကျောင်းထက်ပင် ပို၍ခမ်းနားထည်ဝါသည်။

ခန်းမအလယ်တွင် ထာဝရနတ်မယ်က အနောက်ပိုင်းဝတ်ရုံဖြင့် ကြာပလ္လင်ထက်၌ ခြေတစ်ဘက်ဒူးကွေးထားသည်။ နောက်ခြေထောက်တစ်ဘက်ကို ပေါင်ပေါ်တင်ပြီး လက်အုပ်ချီလျက် ကြည်ညိုဖွယ်အသွင်မျိုး ရှိနေသည်။

လုယန် သိစိတ်နယ်မြေ မဟာဝိဟာရခန်းမကို တစ်ချက်ကြည့်သည်။ ထို့နောက် ခိုင်ဟွမ်ဘုံကျောင်း၏ ခန်းမကိုကြည့်သည်။ အပြင်လောကခန်းမက ပို၍စစ်မှန်သည်ဟု ခံစားရသည်။

"ကိုယ်တော်၊ ဗုဒ္ဓရေသဘင်ပွဲက လောကဗုဒ္ဓအရှင်ရဲ့ မွေးနေကို ဂုဏ်ပြုကျင်းပါတာလို့ ကျုပ်ကြားဖူးတယ်"

ဗုဒ္ဓနိုင်ငံသို့လာသည့် လမ်းခရီးတွင် ဗုဒ္ဓရေသဘင်ပွဲ၏ သမိုင်းကြောင်းကို လုယန်သေချာလေ့လာခဲ့သည်။ ဗုဒ္ဓနိုင်ငံသိုရောက်လျှင် ဘာမှမသိနားမလည်သည့် ဧည့်သည်တစ်ယောက်လို သူမဖြစ်ချင်။

"ဒကာလုပြောတောမန်ပါတယ်။ ရှေးဟောင်းခေတ်မှာ လောကအရှင်က မွေးပြီးပြီးချင်း လမ်းလျှောက်နိုင်တယ်။ ခြေတစ်လှမ်းလှမ်းတိုင်း ကြာတစ်ပွင့်ပေါ်တယ်။ ကောင်းကင်ကို လက်ညှိုးတစ်ချောင်း၊ မြေပြင်ကိုလက်ညှိုးတစ်ချောင်းထိုးပြီး ကြွေးကြော်တယ်။

'အထက်ကောင်းကင်နဲ့ အောက်မြေပြင်ကြားမှာ ငါသာလျှင်အမြတ်ဆုံး'တဲ့။ လောကအရှင်မွေးဖွားလာတာကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီ့နေ့ကို ဗုဒ္ဓရဲ့မွေးနေ့အဖြစ် သတ်မှတ်ခဲ့တယ်။ ဗုဒ္ဓရေသဘင်ပွဲကို စီစဉ်ခဲ့တယ်"

မုန်ကျင်းကျိုးက ဘေးမှအလိုက်သင့်ဝင်ပြောသည်။

"အထက်ကောင်းကင်နဲ့ အောက်မြေပြင်ကြားမှာ ငါသာလျှင်အမြတ်ဆုံးတဲ့လား။ လောကအရှင်က ဒီလောက်မာန်ဝင့်တဲ့စကားမျိုး ပြောခဲ့တယ်ပေါ့"

ကိုယ်တော်တွမ်ချမ်းက ခပ်ညှင်းညှင်းရယ်၍ အေးဆေးတည်ငြိမ်သည့်လေသံဖြင့် ပြန်ပြောသည်။

"ဒကာမုန် ဒီလိုနားလည်မှုလွဲတာလည်း သိပ်မဆန်းလှပါဘူး။ လူအတော်များများက ဒီစကားကို အဓိပ္ပါယ်ဖော်တာ လွဲနေကြတယ်။ လောကအရှင်က အတ္တမာနကြီးတဲ့လူလိုဖြစ်နေတယ်။ တကယ်တော့ အဲမဟုတ်ပါဘူး။

ဒီနေရာမှာ 'ငါ'ဆိုတဲ့စကားက သက်ရှိအားလုံးမှာ မွေးကတည်းကပါလာတဲ့ 'ဗုဒ္ဓစရိုက်'ကို ရည်ညွှန်းတယ်။ နေရာတိုင်းမှာစိမ့်ဝင်နေတဲ့ အခြေခံသဘာဝစရိုက်ပေါ့။ သန့်စင်တယ်။ သူ့ဘာသာပြည့်စုံနေတယ်။

နိဗ္ဗာနသုတ္တာန်မှာ 'ငါ'ဆိုတာကို 'တည်မြဲခြင်း၊ ပျော်ရွှင်ခြင်း၊ ကျေနပ်ခြင်း၊ သန့်စင်ခြင်း'လို့ အဓိပ္ပါယ်ဖွင့်တယ်။ မင်္ဂလာကောင်းချီးသုတ္တာန်မှာ ပြောထားတာက ဒီလိုပါ။ 'အထက်ကောင်းကင်နဲ့ အောက်မြေပြင်ကြားမှာ ငါသာလျှင်အမြတ်ဆုံးပဲ။ ဘုံးသုံးပါးဟာ ဒုက္ခတွေပြည့်နေတယ်။ ပျော်ရွှင်စရာ ဘာရှိလို့လဲ'တဲ့။

ဒီနေရာမှာ'အမြတ်ဆုံး'ဆိုတာက သက်ရှိအားလုံးရဲ့ ဒုက္ခကိုဖယ်ရှားပေးဖို့ ကြီးလေးတဲ့တာဝန်ထမ်းပိုးထားတာကို အဓိကရည်ညွှန်းတယ်။

ဒီတော့ ဒီစကားရဲ့မူလအဓိပ္ပါယ်က သူဟာ သက်ရှိတွေကို မွေးဖွားခြင်းသေဆုံးခြင်းသံသရာကနေ ကူညီကယ်တင်ဖို့တာဝန်နဲ့ မွေးဖွားလာတဲ့လူလို့ ကြေညာတဲ့သဘောပါ။ တစ်ခြားသက်ရှိတွေ ဗုဒ္ဓဖြစ်လာရင်လည်း အဲလိုပဲလုပ်ရမှာပါ"

တွမ်ချန်းက အကိုးအကားဖြင့် ရှင်းပြသဖြင့် လုယန်နားလည်လာသည်။ ထိုကျမ်းစာမျိုး သူတစ်ခါမှမကြားဖူး။ မုန်ကျင်းကျိုးလည်း နားလည်မှုလွဲနေသည့်ကိစ္စ ရှင်းသွားသဖြင့် ခေါင်းငြိမ့်နေသည်။

သိစိတ်နယ်မြေတွင် နတ်မယ်က ထိုစကားကြားပြီးနောက် ကြာပလ္လင်ပေါတွင်ရပ်ရင်း ခေါင်းကုတ်နေသည်။

"အာ...အဲဒါက ယင်ထန်တို့လေးယောက်ကို ငါအနိုင်ယူပြီးတဲ့အချိန်မှာ ယင်ထန်ရဲ့လေသံကို ငါတုပပြီးပြောခဲ့တဲ့ စကားတွေမဟုတ်လား။ အဲဒီပြောပုံဆိုပုံက အရမ်းဩဇာရိပ်ပါသလို ငါ့အစွမ်းအစကိုလည်း ကောင်းကောင်းထင်ဟပ်နိုင်တယ်လို့ ငါမြင်တယ်။

ဒါကြောင့် ငါကရှေးဟောင်းမသေမျိုးငါးယောက်ရဲ့ခေါင်းဆောင်ပဲလို့ ကြေညာပြီး ဗုဒ္ဓကျမ်းစာတွေပြုစုတဲ့အချိန်မှာ ဒီစကားတွကိုထည့်ဖို့ သူတို့ကိုတိုက်တွန်းခဲ့တာ။ အခု ဒီစကားတွေက အဲလိုအဓိပ္ပါယ်မျိုးလည်း ရှိနေတာလား"

မုန်ကျင်းကျိုးက လက်အုပ်ချီ၍ အရိုအသေပြုလိုက်သည်။

"လောကရှင်က လောကကြီးအတွက် ဒီလောက်ကရုဏာကြီးမားမယ်လို့ မထင်ခဲ့မိဘူး။ ကျုပ်နားလည်မှုလွဲသွားတာပါ"

ကိုယ်တော်တွမ်ချန်းက မပွင့်တပွင့်ပြုံးသည်။

"လောကအရှင်ဟာ တကယ် ဉာဏ်ပညာထက်မြက်တယ်။ ဆုံးဖြတ်ချက် ပြတ်သားတယ်။ မေတ္တာကရုဏာလည်း ကြီးမားပါတယ်။ ဒကာမုန်ကြားဖူးမလားမသိဘူး။

လောကအရှင်က ဗောဓိပင်အောက်မှာ ဉာဏ်အလင်းရှာဖွေနေတဲ့အချိန် မာယာနတ်ဆိုးက နတ်ဆိုးမသုံးယောက်ကိုလွှတ်ပြီး သူ့ကိုဖျားယောင်းသွေးဆောင်ခိုင်းတယ်။

လောကအရှင်က နတ်ဆိုးမတွေကြောင့် စိတ်ယိုင်မသွားဘူး။ ခုနစ်ရက်အကြာမှာ ဉာဏ်အလင်းရပြီး ပြည့်စုံခြင်းအဆင့်ကို ရောက်တယ်။

ဉာဏ်အလင်းရပြီးတော့ ဗုဒ္ဓရောင်ခြည်က မိုင်ပေါင်းများစွာ ပျံ့နှံတယ်။ လောကရဲ့နေရာစုံကို အလင်းဖြာထွက်တယ်။ ရှေးဟောင်းမသေမျိုးလေးယောက်တောင် သူ့ကိုလာပြီးဂုဏ်ပြုကြတယ်"

(စာစဉ်ရသ ထိုင်းမှိုင်းသွားမည်စိုး၍ မာနတ်၊ သဗ္ဗညတ ဘာညာမရေးတာ့ပါ)

"ဒီလိုဇာတ်လမ်းမျိုး ရှိသေးတာလား"

ဗုဒ္ဓဝါဒနှင့် မုန်ကျင်းကျိုး သိပ်အဆက်အစပ်မရှိ။ ကိုယ်တော်တွမ်ချန်းပြောမှ ကြားဖူးသည်။ လောကအရှင်ကို သူတကယ်လေးစားမိသည်။

"ဗောဓိပင်နဲ့စကားစပ်မိလို့ ပြောရဦးမယ်။ တစ်ခါတုန်းက ငါ့ဟင်းချက်စွမ်းရည် အမြင့်ဆုံးအဆင့်ကို ရောက်ပြီလို့ယူဆပြီး အနာဂတ်မျိုးဆက်တွေအတွက် 'ဟင်းချက်ကျမ်း'ကို ပြုစုဖို့ဆုံးဖြတ်လိုက်တယ်။

ဗောဓိပင်အောက်မှာ စာအုပ်ရေးနေတဲ့အချိန် ရှောင်းလင်းရယ် လျန်ယိရယ် ချင်ဟဲရယ်က ငါ့နားမှာ တစ်ရစ်ဝဲဝဲလုပ်နေတယ်။ စာရေးနေတာကိုရပ်ပြီး သူတို့နဲ့ကစားရဖို့ အတင်းခေါ်တယ်။

ဒါပေမယ့် ငါ့စိတ်ဓာတ်က ခိုင်မာတယ်။ သူတို့ဘယ်လော်ပြောပြော ငါစိတ်မယိုင်ဘူး။ ဟင်းချက်ကျမ်းကို ခုနစ်ရက်အတွင်း ပြီးအောင်ပြုစုနိုင်ခဲ့တယ်။

အဲဒီ့နောက်တော့ ကိုးဆမသေမျိုးက ရွှေကျီးကန်းတွေနဲ့အတူ ရောက်လာတယ်။ သူတို့အလင်းရောင်က အရမ်းတောက်ပလွန်းတယ်။ ငါအသစ်စက်စက်ရေးထားတဲ့ စာအုပ်တောင် မီးကျွမ်းမတတ်ဖြစ်သွားတယ်။

နောက်တော့ ယင်ထန်နဲ့ကျန်တဲ့နှစ်ယောက်လည်း ရောက်လာပြီး ငါ့ကိုဂုဏ်ပြုကြတယ်။ သူတို့ပျော်လွန်းလို့ ရယ်နေကြတာ မျက်ရည်တွေတောင် ကျလာတယ်"

မုန်ကျင်းကျိုးက ကိုယ်တော်တွမ်ချန်းနှင့် စကားကောင်း‌နေချိန်တွင် လုယန်က သူညီကို လောကအရှင်၏ဇာတ်လမ်းအမှန်အား ပြောသင့်မပြောသင့် ချိန်ဆနေသည်။

*********************************

အခန်း (၉၈၄) နားလည်ပါပြီဆရာ

ရှေးဟောင်းမသေမျိုးလေးယောက်သည် နတ်မယ်ကိုဂုဏ်မြှင့်ပေးဖို့ အကောင်းဆုံးကြိုးစားခဲ့ကြောင်း လုယန်ခန့်မှန်းမိသည်။ အကျိုးသက်ရောက်မှုက ထူးခြားသည်။ နတ်မယ်သည် မြင့်မြတ်သည့်ဗုဒ္ဓအစစ်ဖြစ်ကြောင်းသိလျှင် လောင်မုန်ပင် သူ့ကိုအတော်လေးစားနေပေလိမ့်မည်။

"ထားလိုက်ပါတော့လေ။ သူ့ကိုပြောမပြတော့ပါဘူး"

သူ့သူငယ်ချင်းကို ထောင်ချောက်ထဲထည့်ရမည်ကို သူအားနာသည်။

"ရှေးဟောင်းလျှို့ဝှက်ချက်တွေကို ကိုယ့်ဘာသာပဲ ထိန်းထားတာပိုကောင်းပါတယ်။ ကောင်းကင်ဆင်းရဲဖြတ်တဲ့အချိန်ကျရင် လောင်မုန်ငါနဲ့အတူရှိရင် ပြီးတာပဲ"

မဟာဝိဟာရခန်းမသို့ လည်ပတ်ပြီးနောက် တွမ်ချန်းက သူတို့ကို ဧည့်သည်ဆောင်သို့ လိုက်ပို့်သည်။

ဧည့်သည်ဆောင်နံရံများတွင် ကိုယ်တော်တွမ်ချန်းကိုယ်တိုင်ရေးထားသည့် လက်ရေးပန်းချီကျမ်းစာများရှိသည်။ ချီ၊ သန္ဓေနှင့် ဝိညာဉ်တို့ ပေါင်းစပ်ထားသည်။ ထိုစာသားများကို လုယန်လုံးဝနားမလည်။

နားမလည်သော်လည်း ထိုအခန်းမျိုးတွင် နေရသည်ကပင် စိတ်ဝိညာဉ်ကို တည်ငြိမ်အေးချမ်းမှုပေးသည်။ ကျင့်ကြံသူများကို သမာဓိထူထောင်နိုင်အောင်လည်း ကူညီပေးသည်။

နံရံတွင် ကျမ်းစာများရေးခြင်းသည် ကိုယ်တော်တွမ်ချန်းအတွက် အလွန်အားစိုက်ရသည့်အလုပ်ဖြစ်သည်။ ဧည့်သည်ဆောင််တိုင်းတွင် ပုံတူကူးထား၍မရ။

"ငါ့အတွက် သိပ်အသုံးမလိုပေမယ့် ဒါက ခိုင်ဟွမ်ဘုံကျောင်းမှာတော့ အကောင်းဆုံးဧည့်သည်ဆောင်ဖြစ်လိမ့်မယ်"

လုယန် ကုတင်ပေါ်တွင်ထိုင်၍ စိတ်အာရုံတည်ငြိမ်အောင် စုစည်းလိုက်သည်။

နတ်မယ်နှိပ်စက်သည့်ဒဏ်ကို အချိန်အတော်ကြာ ခံစားခဲ့ရသူဖြစ်၍ နတ်မယ်ပြောသည့်စကားကို နားမကြားတော့လျှင် အချိန်မရွေး သမာဓိတည်ထောင်နိုင်သည်။

တစ်ညလုံးသူကျင့်ကြံသည်။

မနက်စောစော ကျင့်စဉ်ဝင်ရာမှထလာပြီး တံခါးကိုဖွင့်၍ အကြောအချဉ်ဆန့်လိုက်တာ။ စိတ်များလန်းဆန်း၍ ဦးနှောက်များကြည်လင်နေသည်။

ဘေးခန်းတံခါး ပွင့်သွားသည်။ မုန်ကျင်းကျိုးလည်း နိုးလာသည်။

"ယား...ယား"

အနီးအနားမှ သံပြိုင်အော်ဟစ်သံများကြားရသည်။ အသံလာရာသို့ သူတို့လှည့်ကြည့်သည်။ ခိုင်ဟွမ်ဘုံကျောင်းမှ ကိုယ်တော်များ မနက်ပိုင်း သိုင်းလေ့ကျင့်နေကြခြင်းဖြစ်သည်။ လှုပ်ရှားမှုများက ညီညာသည်။ အော်သံများက ဟိန်းထွက်နေသည်။

"ဒါ ဘာသိုင်းပညာလဲ မင်းသိလား"

လုယန် သိုင်းပညာရပ်များအကြောင်း သိပ်မသိ။

"လက်ရှည်လက်သီးလို့ ခေါ်တယ်ထင်တယ်။ ကြွက်သားနဲ့အကြောတွေကိုဆန့်ထုတ်ပြီး ခန္ဓာကိုယ်အားကောင်းစေတဲ့ ရိုးရာသိုင်းပညာတစ်မျိုးပါ"

ခိုက်ဟွမ်ဘုံကျောင်းတ၏ါင် ကျင့်စဉ်ပညာမလေ့လာနိုင်သည့် သာမန်ကိုယ်တော်များလည်းရှိသည်။ ရိုးရာသိုင်းပညာကိုသာ သူတို့လေ့ကျင့်နိုင်သည်။

ရိုးရာသိုင်းပညာဆိုသော်လည်း ထိရောက်မှုက မနိမ့်လှ။ အဆင့်နိမ့်ကျင့်စဉ်ပညာများနှင့် တန်းတူရှိသည်။ သိုင်းပညာလောကမှဆရာများ ချီအဆင့်ကျင့်ကြံသူများကို အနိုင်ယူခဲ့သည့် မှတ်တမ်းများစွာရှိသည်။

ဥပမာ အစက လက်ရှည်လက်သီးပညာသည် ဘာမှမထူးခြားသည့် သာမန်သိုင်းပညာတစ်ခုသာဖြစ်သည်။ သို့သော် ထိုလက်သီးပညာတီထွင်သူက လူဆိုးများအနိုင်ကျင့်ခံရသည့် သူတောင်းစားတစ်ယောက်ကို ကယ်တင်၍ အစားအသောက်ကျွေးမွေးခဲ့သည်။

နောက်တစ်ရက်နိုးလာချိန်တွင် လက်ရှည်လက်သီးပညာကျမ်း အသစ်စစ်စစ်တစ်အုပ် လက်သီးသိုင်းတီထွင်သူ၏ ခေါင်းအုံးဘေးတွင် တွေ့ရသည်။ မူလလက်သီးပညာကို အဆင့်မြှင့်ထားသည်။ သင်ယူရလွယ်ကူ‌အောင် လေ့ကျင့်မှုမြန်ဆန်အောင် စွမ်းအားအမြင့်ဆုံးရအောင် တည်းဖြတ်ပြုပြင်ထားသည်။

လက်ရှည်လက်သီးပညာ၏ သုံးဆယ့်ခြောက်ယောက်မြောက် မျိုးဆက်တွင်လည်း အလားတူဖြစ်ရပ်မျိုး ကြုံခဲ့သည်။ မဟာကျင့်ကြံသူတစ်ယောက်နှင့် ရင်းနှီးခဲ့သည်။ ထို့ကြောင့် လက်ရှည်လက်သီးပညာ နောက်တစ်ကြိမ် ပြောင်းလဲတိုးတက်ခဲ့သည်။

တစ်ချိန်တွင်လည်း ကူးဖြတ်ခြင်းအဆင့် စွမ်းအားရှင်တစ်ယောက်က သာမန်ကလေးတစ်ယောက်အသွင်ဖြင့် လောကထဲလှည့်လည်ခဲ့သည်။ လက်ရှည်လက်သီးပညာကို သင်ယူ၍ အဆင့်မြှင့်ပေးခဲ့သည်။

ထိုသို့-ထိုသို့ တွေ့ခဲ့ကြုံခဲ့သဖြင့် လက်ရှည်လက်သီးပညာသည် ရိုးရာသိုင်းပညာဆိုသော်လည်း မူလသိုင်းပညာထက် များစွာပိုအစွမ်းထက်လာသည်။

တစ်ခြားရိုးရာသိုင်းပညာများလည်း အနည်းနှင့်အများဆိုသလို အလားတူအဖြစ်များ ကြုံတွေ့ရသည်။ အားလုံးက ကံအကြောင်းတိုက်ဆိုင်မှုများဖြစ်သည်။

"လက်ရှည်လက်သီးပညာကို ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်တစ်ယောက် အဆင့်မြှင့်ပေးခဲ့တယ်ဆိုတဲ့ ကောလဟာလက အမှန်ပဲဖြစ်မယ်ထင်တယ်"

မုန်ကျင်းကျိုးက ပြောသည်။ မူလသိုင်းဟန်မပျက်စေဘဲ လက်ရှည်လက်သီးပညာကို အဆင့်မြှင့်ထားသည်။ ဟာကွက်လုံးဝရှာမတွေ့။ ထိုသိုင်းပညာကို အဆင့်မြှင့်ပေးခဲ့သည့် ကျင့်ကြံသူသည် သူ့ထက်များစွာအဆင့်မြင့်သည့် သဘောဖြစ်သည်။

"မင်္ဂလာနံနက်ခင်းပါ ဒကာတော်တို့"

ကိုယ်တော်တွမ်ချန်း သူတို့နောက်တွင် ပြုံး၍ ပေါ်လာသည်။ လက်တွင် ပုတီးတစ်ကုံးကိုင်ထားသည်။

"ကိုယ်တော်တွမ်ချန်း"

"ဒကာတော်တို့ ဒီနေ့ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။ အဆင်ပြေအောင် ကျုပ်စီစဉ်ပေးပါ့မယ်"

လုယန်ကပြုံး၍

"ကျုပတို့က အခုမှရောက်ဖူးတာဆိုတော့ ဗုဒ္ဓနိုင်ငံအကြောင်း သိပ်မသိသေးဘူး။ ဒီတော့ သီးခြားအစီအစဉ်ရယ်လို့ မရှိပါဘူး။ ကိုယ်တော်ပဲ ကြည့်ပြီးစီစဉ်ပေးပါ"

"ဒီနေ့က ပူဇော်သူတွေကို လက်ခံတွေ့တဲ့နေ့ပါ။ ဒါကလည်း ကျုပ်တို့ဘုံကျောင်းရဲ့ အရေးပါတဲ့ဓလေ့လို့ ပြောလို့ရတယ်။ ဒကာတို့နှစ်ယောက် အချိန်အားရင် လိုက်ကြည့်ကြပါလား"

ကျောင်းထိုင်ဖြစ်၍ သူယူထားရသည့်တာဝန်က အတော်များသည်။ လာရောက်ပူဇော်သူများကို နေ့တိုင်းမတွေ့နိုင်။ ထိုသို့တွေ့နေရလျှင် ဘာအလုပ်မှ လုပ်ဖြစ်တော့မည်မဟုတ်။

ထို့ကြောင့် တစ်လလျှင်တစ်ရက်ကျဘမ်းရွေးချယ်၍ ပူဇော်သူလက်ခံတွေ့ဖို့ စည်းမျဉ်းသတ်မှတ်လိုက်သည်။ တွေ့ခွင့်ရဖို့ဆိုသည်မှာ ကံကြမ္မာပေါ်သာ လုံးလုံးမူတည်သည်။

"ဒါဆိုလည်း ကိုယ်တော့်ကိုပဲ အားကိုးပါတယ်"

ခိုင်ဟွမ်ဘုံကျောင်းမှ မွှေးတိုင်လှူဒါန်းမှုများက ယခင်ကျောင်းထိုင်များလက်ထက်ကထက် ပို၍ပေါများလာသည်။ ဖူးမျော်သူများစွာ တံခါးမဖွင့်မီ ကြိုစောင့်နေကြသည်။ တစ်ခြားမြို့မှလာသူများလည်းရှိသည်။

ယနေ့ ကိုယ်တော်တွမ်ချမ်း ဧည်တွေ့လက်ခံမည်ဟု ကြားသည်နှင့် အားလုံးပျော်ရွှင်သွားကြသည်။

လုယန်နှင့် မုန်ကျင်းကျိုးတို့ နာမည်ဂုဏ်သတင်းက ကျော်ကြားသည်။ လူကိုမမြင်ဖူးသည့်တိုင် နာမည်ကိုတော့ ကြားဖူးကြသည်။ တစ်ယောက်ယောက် သူတို့ကို မှတ်မိသွားလျှင် သတင်းပြန့်သွားဖို့များသည်။ ပူဇော်သူများ ခိုင်ဟွမ်ဘုံကျောင်းသို့ စုပြုံရောက်လာကြလိမ့်မည်။

ထို့ကြောင့် သူတို့နှစ်ယောက် ရုပ်ဖျက်၍ကျင့်စဉ်စွမ်းအားထိန်းချုပ်ပြီး ကိုယ်တော်တွမ်ချမ်းဘေးတွင် အတူရပ်ကြသည်။

ဖူးမျော်သူလက်ခံတွေ့သည့်ကိစ္စတွင် သူတို့ကို ဉာဏ်အလင်းပေးရခြင်းနှင့် သူတို့စိုးရိမ်သောကကို ဖြေဖျောက်၍ ပြဿနာများ ကူညီဖြေရှင်းပေးရသည့်အလုပ်များလည်း ပါဝင်သည်။

ပထမပူဇော်သူက အားအင်ချိနဲ့နေသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ လေတိုက်လျှင်လဲပျိုတော့မယောင်ရှိသည်။ အဆက်မပြတ် ငိုကျွေးနေသည်။

"ကိုယ်တော်၊ လွန်ခဲ့တဲ့နှစ်အတော်ကြာက ကျွန်မရဲ့ခင်ပွန်းလောင်းဟာ ကျွန်မတို့လက်ထပ်ပွဲညမှာ ကျွန်မရဲ့အစေခံနဲ့အတူ ထွက်ပြေးသွားပါတယ်။ ကျွန်မ ဒီကိစ္စကို မေ့ဖျောက်ဖို့ကြိုးစားခဲ့တယ်။

ဒါပေမယ့် နှစ်တွေသာကြာသွားတယ်။ သူ့ကိုအခုထိ မေ့လို့မရသေးဘူး"

ကိုယ်တော်တွမ်ချန်းက မပွင့်တပွင့်ပြုံး၍ ကျောက်စိမ်းပုလင်းတစ်ခုထုတ်ပြီး ရေဖြည့်သည်။

"ဒကာမလေး။ ကြည့်ပါ၊ ဒီကျောက်စိမ်းပုလင်းက မင်းပဲ။ တစ်စုံတစ်ခုကို စွန့်လွှတ်ဖို့ဆိုရင် အဲဒီ့နေရာမှာ ပစ္စည်းအသစ်တွေနဲ့ အစားထိုးဖြည့်ဖို့လိုတယ်"

"ကျွန်မ နားလည်ပါပြီး ကိုယ်တော်"

"အစက ပုလင်းထဲကရေဟာ တဖြေးဖြေး ခမ်းခြောက်သွားဖို့ပါပဲ။ ဒါပေမယ့် မင်းက သူ့အကြောင်းကို အမြဲတွေးနေတယ်။ တစ်ခြားအရာတွေကို အာရုံစိုက်ရမယ့်အစား ပုလင်းထဲကရေကို တိုးလာအောင်ပဲ လုပ်နေခဲ့လို့ပါ"

ဒုတိယဖူးမျော်သူက ရိုးရှင်းပွင့်လင်းသည့် မိန်းမတစ်ယောက်ဖြစ်သည်။ သို့သော် အတိတ်အကြောင်း ဆွေးနွေးချိန်တွင် သူ့ဝမ်းနည်းရိပ်က ပေါ်လွင်လာသည်။

"ကိုယ်တော်၊ ကျွန်မ ဘယ်ကိစ္စမဆို ရင်ဖွင့်ခဲ့တဲ့ ငယ်သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ အခက်အခဲကာလကြုံ‌တော့ မိသားစုအသက်ဆက်ရှင်နိုင်ဖို့ အဖေကကျွန်မကို ယွမ်မိသားစုသခင်မလေးရဲ့ ကိုယ်ပိုင်အစေခံအဖြစ် ရောင်းလိုက်တယ်။

တစ်နေ့ကျတော့ သခင်မလေးရဲ့ သတို့သားလောင်းက ကျွန်မရဲ့ ငယ်သူငယ်ချင်းဖြစ်နေတာ တွေ့လိုက်ရတယ်။ သခင်မလေးလက်ထပ်တဲ့ညမှာပဲ သူကျွန်မကိုခိုးပြေးတယ်။ လောကကြီးထဲ ကျွန်မနဲ့အတူ လျှောက်သွားကြမယ်တဲ့။

ဒါပေမယ့် လက်ထပ်ပြီးလို့ သိပ်မကြာခင်မှာပဲ လောကီသံယောဇဉ်အနှောင်အဖွဲ့တွေကိုဖြတ်ပြီး ဗုဒ္ဓဂိုဏ်းကိုဝင်ချင်တယ်လို့ သူပြောလာတယ်။ နှစ်တွေ့အများကြီးကြာခဲ့ပါပြီ။ ဒါပေမယ့် ကျွန်မသူ့ကို မေ့လို့မရဘူး"

ကိုဘ်တော်တွမ်ချန်းက မပွင့်တပွင့်ပြုံး၍ ရေဖြည့်ထားသည့် ကျောက်စိမ်းပုလင်းကို ဆွဲထုတ်သည်။ ရေကိုသွန်ချလိုက်သည်။

"ဒကာမလေး၊ မင်းနားလည်ပြီလား"

မိန်းကလေးက အလေးအနက်ဆင်ခြင်သုံးသပ်သည်။

"ဖိတ်သွားတဲ့ရေဟာ ပြန်ရယူဖို့ခက်တယ်။ ကျွန်မယောက်ျားထွက်သွားပြီဆိုတာ ပြောင်းလဲလို့မရနိုင်တဲ့ အမှန်တရားပဲ။ ကျွန်မက ဒီအမှန်တရားကိုလက်ခံပြီး ရှေ့ဆက်ရမယ်။

ကျွန်မ နားလည်ပါပြီကိုယ်တော်"

တတိယဖူးမျော်သူက လေလွင့်ကိုယ်တော်တစ်ယောက်ဖြစ်သည်။ မျက်နှာက နေလာင်ဒဏ်ကြောင့် နက်မှောင်နေသည်။ ခရီးလှည့်လည်သွားလာနေသည်မှာ အတော်ကြာခဲ့ဟန်ရှိသည်။

"ကိုယ်တော်၊ ကျုပ်ကျင့်ကြံမှုမှာ အတားအဆီးကြုံနေရပါတယ်။ ကျုပ်မှာ သတိုသမီးလောင်းတစ်ယောက်နဲ့ ငယ်သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်။ နှစ်ယောက်လုံးက လှကြတယ်။ ကျုပ်က ငယ်သူငယ်ချင်းကို ရွေးချယ်ခဲ့တယ်။

လက်ထပ်ပြီးတော့ တစ်နေ့မှာ သူနဲ့အတူနေရင်း ဉာဏ်အလင်းတစ်ခုရလာတယ်။ မိသားစုတွေ ချစ်ခြင်းတရားတွေဆိုတာ ကျုပ်ကိုချုပ်နှောင်ထားတဲ့ ခံစားချက်တွေပဲ။ ဘာမှအဓိပ္ပါယ်မရှိဘူးလို့ ခံစားမိလာတယ်။ ဗုဒ္ဓဝါဒက ကျပ်ကိုလက်ယပ်ခေါ်နေသလိုပဲ။

ဒါကြောင့် ကျုပ်ရဲ့ငယ်သူငယ်ချင်းကို စွန့်လွှတ်ခဲ့ပြီး လေ့လွင့်ကိုယ်တော်တစ်ပါး ဖြစ်လာတယ်။ ဒါပေမယ့် နှစ်တွေအများကြီးကြာခဲ့ပြီ။ ဒီလိုတစ်ကိုယ်တော်ကျင့်ကြံတာဟာ ကျုပ်နဲ့မကိုက်ညီဘူးလို့ တဖြေးဖြေးခံစားလာရတယ်။ ကျုပ်အခက်အခဲကို ဖြေရှင်းပေးပါကိုယ်တော်"

တွမ်ချန်းကပြုံး၍ မှော်စွမ်းအားတစ်မျိုးသုံးပြီး မြေပေါ်လောင်းချထားသည့်ရေကို ကျောက်စိမ်းပုလင်းထဲသို့ ပြန်စုစည်းသည်။

လေလွင့်ကိုယ်တော် ချက်ချင်းသဘောပေါက်သွားသည်။

"ကိုယ်တော်၊ ဒါက ကျုပ်အမှားတွေကို ပြန်ပြင်ဆင်ခွင့်ရှိတယ်ဆိုတဲ့ သဘောလား။ လောကီလူ့ဘောင်ကို ကျုပ်ပြန်သွားလို့ရတယ်ပေါ့"

ကိုယ်တော်တွမ်ချန်းက ထိုလေလွင့်ဘုန်းကြီး၏ခေါင်းကို ပုလင်းဖြင့်ရိုက်ချလိုက်သည်။ သတိလစ်သွားသည်။

"လူတွေကို ဒီလိုရိုက်ရတာ ငါအရမ်းသဘောကျတယ်"

လေလွင့်ကိုယ်တော် သိစိတ်မလွတ်မီ ကိုယ်တော်တွမ်ချန်း၏လှုပ်ရှားမှုများကို ဝိုးတဝါးမြင်ရသည်။ စားပွဲတစ်လုံးကို ခုန်ကျော်၍ တံခါးအမြန်ဖွင့်ပြီး ပြန်ရန်ပြင်နေသည့် ပထမပူဇော်သူနှစ်ယောက်ကို လှမ်းအော်သည်။

"ဟိုက ဒကမနှစ်ယောက်၊ မင်းတို့ရဲ့ စွ့န်လွှတ်ဖို့ကိစ္စတွေ ခဏဆိုင်းထားကြပါဦး"

************************************

All Chapters