← Chapters

ဂုဏ်သိက္ခာ

Vol. 10 Ch. 907

ဂုဏ်သိက္ခာ

Vol. 10 Ch. 907

ကျောက်စိမ်းရေကန်ဥယျာဉ်မှ နတ်သမီးများ၏ ဓားသိုင်းပညာမှာ ကွမ်ဟန်နန်းတော်မှ နတ်သမီးများနှင့် တန်းတူပင် ဖြစ်လေသည်။

ဓားဝိညာဉ်က အေးစက်လွန်းလှလေသည်။ ရန်သူမှာ သေသည်ကိုပင် မသိလိုက်ရဘဲ အသတ်ခံလိုက်ရမည် ဖြစ်လေသည်။

လွိလော်က နတ်သမီးများ၏ဓားသိုင်းပညာမည်မျှထူးဆန်းသည်ကို အသိဆုံး ဖြစ်လေသည်။ နတ်သမီးမျး၏ ဓားသိုင်းများ ပေါင်းစပ်လိုက်ပါက မည်မျှတန်ခိုးစွမ်းအားမြင့်မားသည်ကိုလည်း သူမ သိထားလေသည်။

ဘုရင့်နေပြည်တော်မှ နတ်ဘုရားများသည်ပင်လျှင် နတ်သမီးများ၏ ဓားအရံအတားကို တော်ရုံချိုးဖျက်နိုင်ကြမည် မဟုတ်ပေ။

လွိလော်တစ်ယောက်တည်းသာဆိုလျှင် လွတ်အောင် ရုန်းထွက်နိုင်မည် ဖြစ်လေသည်။ သို့သော်… အားနည်းနေသည့် မွေးကင်းစ ကလေးငယ်လေးတစ်ယောက်ကိုကယ်တင်ရမည်ဖြစ်သည့်အတွက် သူမအတွက် လွယ်ကူသည့်အခြေအနေ မဟုတ်ခဲ့ပေ။

သူမက နတ်ဘုရားတစ်ပါးဖြစ်သည့်တိုင် လူသားဆန်သူတစ်ယောက်ဖြစ်သည့်အတွက် ကလေးငယ်ကိုတော့ ဒီအတိုင်း ထားမသွားရက်နိုင်ခဲ့ပေ။

ကလေးငယ်ကို ကယ်တင်ခဲ့သည့်အတွက် အပြစ်ရှိသည်ဆိုပါက သူမ မယ်တော်ဝမ်မူထံတွင် အပြစ်ဝန်ခံပြီး အပြစ်ပေးလျှင်လည်း ခံယူမည် ဖြစ်လေသည်။

ကြယ်စင်ပေါင်းများစွာသည် လွိလော်၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် တောက်ပနေပြီး စကြာဝဠာ၏အလှတရားတစ်ခုက သူမကို ဝန်းရံထားလေသည်။

ကြယ်စင်တန်ခိုးစွမ်းအားများသည် မြင့်မားသည့်အကာအကွယ်တစ်ခုဖြစ်ပြီး နတ်သမီးများ၏ အေးစက်သည့်ဓားဝိညာဉ်များကို ပိတ်ဆို့ကာကွယ်ထားလိုက်လေသည်။

နတ်သမီးများ၏ ဓားသွားထိပ်ဖျားများ တုန်ခါလာပြီး ထူးဆန်းသည့် ကြယ်စင်တန်ခိုးစွမ်းအားများကို ဆွဲယူလိုက်ကြလေသည်။

နူးညံ့သည့်အက်ကွဲသံတစ်သံထွက်ပေါ်လာပြီး ကောင်းကင်ဘုံမှ နတ်ဘုရားတေးသွားတီးခတ်သံတစ်သံ ထွက်ပေါ်လာလေ၏။

လွိလော်၏ ကြယ်စင်စွမ်းအားများအားလုံးသည် ဓားဝိညာဉ်များအောက်တွင် လျှက်မြန်စွာ ပြိုကွဲပျက်စီးသွားလေသည်။

လွိလော်က အေးဆေးတည်ငြိမ်လျှက် ရှိလေသည်။

သူမ၏ အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ကြယ်စင်စွမ်းအားများကို ပြန်လည်စုစည်းလိုက်သည်။ ထိုအခါ ကြယ်စင်စွမ်းအားများသည် ဓားတစ်လက် အဖြစ်ပြောင်းလဲသွားလေသည်။

သူမက ကြယ်စင်ဓားကိုဝှေ့ယမ်းကာ နတ်သမီးများကို ပြန်လည်တိုက်ခိုက်လိုက်လေသည်။

နတ်သမီးများကလည်း ခေသူများမဟုတ်ကြပေ။ သူတို့သည်လည်း သေခြင်းရှင်ခြင်းလမ်းမပေါ်တွင် ပြေးလွှားနေကြသည့် ဓားသမားများဖြစ်ကြလေရာ အလွန်မှ ရဲရင့်သူများ ဖြစ်ကြသည်။

လွိလော်က နောက်ဆုတ်သွားခြင်းမရှိဘဲ ဓားကိုဝှေ့ယမ်းရင်း ရှေ့သို့တိုးဝင်ကာ ဆက်လက်တိုက်ခိုက်လိုက်သည်။

မိုးကြိုးများပစ်ခတ်လိုက်သည့်အလား တန်ခိုးစွမ်းအားများ အရှိန်အဟုန်မြင့်မားစွာ ရောယှက်သွားပြီး တန်ခိုးစွမ်းအားများအလယ်တွင် လွိလော် နစ်မြုပ်သွားလေသည်။

လွိလော်က ကလေးငယ်ကို လက်တစ်ဖက်ဖြင့်ပွေ့ထားပြီး အခြားလက်တစ်ဖက်က ဓားကိုဆွဲကိုင်ကာ တိုက်ခိုက်နေခြင်း ဖြစ်လေသည်။

နတ်သမီးများသည် လွိလော်၏ တန်ခိုးစွမ်းအားများကို ခံစားမိပြီး အံ့သြတုန်လှုပ်သွားကြလေသည်။

လွိလော်သည် သူမတို့အားလုံး၏အထက်တွင် သခင်မလွိလော်အဖြစ် အဆင့်မြင့်ရာထူးကိုရထားသည်မှာ ဘုရင်မကြီး၏ မျက်နှာသာပေးခြင်းကို ခံရသည့်အတွက်သာဖြစ်သည်ဟု သူတို့က ထင်မှတ်နေခဲ့ကြသည်။ လွိလော် ထိုမျှ တန်ခိုးစွမ်းအား မြင့်မားလိမ့်မည်ဟု သူမတို့ ထင်မှတ်မထားမိခဲ့ကြပေ။

လွိလော်၏ ခန္ဓာကိုယ်နှင့် တန်ခိုးစွမ်းအားများက မိုးနှင့်မြေမှ လေပြင်းအလား ဖြစ်လေသည်။ မြန်နှုန်းက မသေချာသည့်တိုင် နေရာအနှံ့သို့ ပျံ့နှံ့သွားလေသည်။

ယခုကဲ့သို့ တိုက်ခိုက်မှုမျိုးကို လွိလော်ကလည်း မလွှဲသာမရှောင်သာသောကြောင့်သာ ပြုလုပ်လိုက်ရခြင်း ဖြစ်လေသည်။ ထို့နောက် သူမ၏တန်ခိုးစွမ်းအားများက အရှိန်ပြန်လည် လျော့နည်းသွားလေသည်။

သို့သော်… နတ်သမီးများ၏ ဓားဝိညာဉ်များကတော့ ပျက်စီးသွားပြီဖြစ်လေသည်။

"ဝုန်း ဝုန်း ဝုန်း…"

သို့သော်… နတ်သမီးအုပ်စုမှာ အများစုဖြစ်သည့်အတွက် အသာစီးရနေသေးသည်ကတော့ အမှန်ပင် ဖြစ်သည်။

ကျောက်စိမ်းဥယျာဉ်ရေကန်မှ နတ်သမီးများအားလုံးမှာ တူညီသည့်စွမ်းအားများ ရှိကြလေသည်။ သူတို့က ဓားဝိညာဉ်များကိုပေါင်းစပ်ပြီး ဓားအရံအတားတစ်ခုကို ပြုလုပ်လိုက်ကြသည်။ ဓားအရံအတားသည် သူတို့နှင့်တစ်သားတည်း ပေါင်းစပ်သွားလေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရာပေါင်းများစွာသော ပြင်းထန်လှသည့် ဓားဝိညာဉ်များထွက်ပေါ်လာပြီး ဝေ့မင်းသား၏အိမ်တော်ပင်လျှင် တစ်စစီပြိုကျပျက်စီးသွားရလေသည်။

ထိုမျှပြင်းထန်လှသည့် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည့်အခါ လွိလော်လည်း ရွေးခြယ်စရာမရှိတော့ပေ။ ထိုသို့သော တိုက်ခိုက်မှုကို သူမ ဖြေရှင်းနိုင်ခြင်းမရှိတော့ဘဲ ဒဏ်ရာရသွားခဲ့ရလေတော့သည်။

လွိလော်၏တစ်ကိုယ်လုံးသွေးများဖြင့်ဖုံးလွှမ်းနေပြီး နောက်ဆုံးကျန်ရှိသည့် တန်ခိုးစွမ်းအားကို အသုံးပြုပြီး ကလေးငယ်ကို ခေါ်ဆောင်ကာ တိမ်တိုက်များထက်သို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

သို့သော်… နတ်သမီးအုပ်စုကလည်း သူမကို အလွတ်မပေးခဲ့ပေ။

နောက်ဆုံးတော့ လွိလော်သည် နတ်သမီးအုပ်စု၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေတော့သည်။

နတ်သမီးအုပ်စုကို ဦးဆောင်သည့်နတ်သမီးက လွိလော်ကို သတ်ဖြတ်ပစ်ရန်အတွက် သူမ၏ ဓားကိုကိုင်မြှောက်လိုက်လေသည်။

သို့သော်… ရုတ်တရက် သူမ၏စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားပြီး ဓားကို အောက်သို့ ပြန်ချလိုက်လေသည်။

"သခင်မလွိလော်နဲ့ ဒီကလေးကို အကျဉ်းချထားလိုက်ကြ…"

အသံတစ်သံထွက်ပေါ်လာလေသည်။

ထိုအသံကိုကြားရသည့်အခါ လွိလော် အံ့သြတုန်လှုပ်သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအသံမှာ ဘုရင်မကြီး၏အသံဖြစ်နေသောကြောင့်ပင်။

လွိလော်သည် အသံလာရာဆီသို့ မျှော်မှန်းကာ ဦးညွှတ်အရိုအသေပေးလိုက်လေသည်။ ဘုရင်မကြီး၏ ဒေါသနှင့်ဆိုလျှင် သူမရော ကလေးငယ်ပါ တစ်ခါတည်း သေမိန့်ချခံရမည်ဖြစ်လေသည်။

လွိလော်က သူမ၏ရင်ခွင်ထဲမှ ကလေးငယ်ကို တစ်ချက်ငုံ့ကြည့်လိုက်ရင်း သက်ပြင်းချလိုက်လေသည်။ နောက်ဆုံးတော့ သူမ ကလေးငယ်ကို ကယ်တင်နိုင်ခဲ့ပါပြီကောလေ။

***

ဘုရင်မကြီးက…

"မင်းက အဲဒီကလေးကို ဘုရင်ဖြစ်စေချင်တာလား…"

ဆန်းလျန်က ပြုံးလိုက်ရင်း….

"ဒါပေမဲ့ အခုလက်ရှိအချိန်မှာတော့ မင်းက ဘုရင်မကြီးပဲ မဟုတ်ဘူးလား…"

ဆန်းလျန်ရှေ့ လေထုထဲတွင် ဘုရင်မကြီး၏ လူသားပုံသဏ္ဍန်ထွက်ပေါ်လာလေသည်။

ဘုရင်မကြီးက…

"မိုးနတ်မင်းထွက်ပေါ်လာမှတော့ ငါ့ကို ဘုရင်မကြီးလို့ ပြောလို့ မရတော့ပါဘူး…."

ဆန်းလျန်က…

"အခုအချိန်က ဘုရင်မကြီးအတွက်လည်း အန္တရယ်များတဲ့အနေအထားရောက်နေတယ်ဆိုတာ ကျုပ်နားလည်ပါတယ်…"

ဘုရင်မကြီးက ရယ်မောလိုက်ရင်း…

"ငါလုပ်ရမယ့် ကိစ္စကို မင်းက နားလည်ပေးနေစရာ မလိုပါဘူး…"

သူမက ခဏနားလိုက်ပြီးမှ စကားဆက်ပြောလိုက်သည်။

"ဒါပေမဲ့ မင်းက နားလည်ပေးတယ်ဆိုတော့ ငါနည်းနည်းတော့ ဝမ်းသာမိပါတယ်လေ…"

ယနေ့ ဘုရင်မကြီး အနည်းငယ် စိတ်ကောင်းဝင်နေသည်ကို ဆန်းလျန် ရိပ်မိလိုက်သည်။

သူမသည် လူ့လောကတစ်ခွင်၏ ဘုရင်မကြီး ဖြစ်လေသည်။ သို့သော်… ဘုရင်မကြီးဆိုသည့်နေရာတွင် သိပ်ပြီး ကြာကြာနေနိုင်တော့မည်တော့ မဟုတ်ပေ။

ထို့ပြင် ဆန်းလျန်က ဘုရင်မကြီး၏ စိတ်ထားကိုလည်း ကောင်းကောင်းနားလည်လေသည်။ သူမသည် လောကတစ်ခွင်ရှိ ကျင့်ကြံသူများကြားတွင်လည်း ဂုဏ်သရေရှိသူတစ်ယောက်ဖြစ်လေသည်။ ရည်မှန်းချက်ကို ဖြစ်အောင်လုပ်ရန် စိတ်ဓာတ်ခိုင်မာသူတစ်ယောက်လည်း ဖြစ်သည်။

"ဘဝက ဟိုးအရင်အချိန်ကတည်း ရှင်သန်ခဲ့တာပဲ ၊ ခံစားချက်တွေ… သူရဲကောင်းဆန်မှုတွေနဲ့ ၊ ခေတ်ကာလရေစီးကြောင်းကိုလိုက်ပြီး ကံတရားအတိုင်းလက်ခံသူတွေလည်းရှိကြသလို ကံတရားကို ဆန့်ကျင်သူတွေလည်း ရှိခဲ့ကြတာပဲလေ ၊ ကျန့်ယွမ်ကျီနတ်မင်းကြီးနဲ့ အခြားသူတွေလိုပေါ့ ၊ သူတို့က တန်ခိုးစွမ်းအားအရမ်း မြင့်မားပေမယ့် လောကကိုတော့ မကျော်လွန်နိုင်ခဲ့ကြဘူး ၊ ကျုပ်မျက်လုံးထဲမှာတော့ သူတို့မျိုးဆက်ဟာ သိပ်ပြီး မကောင်းလှပါဘူး…"

ဆန်းလျန်က ပေါ့ပါးစွာဖြင့် ပြောလိုက်လေသည်။

ဘုရင်မကြီးက…

"မင်းလိုလူမျိုးကတော့ ဒီလိုစကားမျိုး ပြောနိုင်မှာပေါ့လေ ၊ ဒါပေမဲ့ တစ်နေ့မှာ ငါလည်း ဒီလိုစကားမျိုး ပြောနိုင်တဲ့ အရည်အချင်းမျိုး ရချင်မိပါတယ်…"

ထို့နောက် နှင်းမှုံများနှင့်အတူ ဘုရင်မကြီး ပျောက်ကွယ်သွားလေသည်။

ကောင်းကင်ထက်တွင် နေမင်းထွက်ပေါ်လာပြီ ဖြစ်လေ၏။

ဆန်းလျန်က မိုးကောင်းကင်ခုံရုံးတွင်ဖြစ်ပေါ်နေသည့်တိုက်ပွဲများကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။

ထို့နောက် ခေါင်းလောင်းသံထွက်ပေါ်လာသည်ကို ကြားလိုက်သည်နှင့်…

"ကျုပ် သွားဖို့ အချိန်တန်ပြီ…"

ဟု ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောလိုက်ပြီး ချက်ချင်းပင် မိုးကောင်းကင်ခုံရုံးရှိရာသို့ ရောက်ရှိသွားလေတော့သည်။

ခွန်ဖိန်ငှက်ကြီးများ ၊ ဇာမဏီငှက်များ ၊ ဒေါင်းစိမ်းများ ၊ အခြားသော မှော်ဝင်သားရဲများမှာ အလွန်လျှင်မြန်ကြသူများ ဖြစ်လေသည်။ သို့သော်…. ဆန်းလျန်နှင့်ယှဉ်လျှင်တော့ သူတို့အားလုံး နောက်ကျကျန်ရစ်ခဲ့ကြမည် ဖြစ်လေ၏။

ဆန်းလျန်သည် ပထမမိုးနတ်မင်းထက်ပင် သာလွန်သူတစ်ယောက်ဖြစ်လေသည်။

မိုေးကာင်းကင်ခုံရုံးမှ နတ်ဘုရားများအားလုံး ဆန်းလျန်ရောက်ရှိလာသည်ကို တွေ့မြင်လိုက်ကြရသည်။

ဆန်းလျန်က လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ခုံရွှမ်း ၊ ကျန်းဝူနတ်ဘုရား ၊ ယွင်ရှောင်းနတ်သမီး ၊ တာအိုဆရာယွိတင်နှင့် ယန်ကျန်းအပါအဝင် အခြားသောနတ်ဘုရားများအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်လေသည်။

သူတို့အားလုံးကလည်း ဆန်းလန်ကို တစ်ပြိုင်တည်းပြန်ကြည့်လိုက်ကြလေသည်။

နတ်ဘုရားများအားလုံးထဲတွင် ခုံရွှမ်းက မာနအကြီးဆုံး နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ တာအိုဆရာယွိတင်သည်ပင် ခုံရွှမ်းလောက် မာနကြီးသူ မဟုတ်ပေ။

ထိုအချိန်မှာပင်… အချိန်ကာလက နှစ်ပိုင်းကွဲသွားပြီး ၊ နှစ်ပိုင်းမှ လေးပိုင်း ၊ လေးပိုင်းမှ ရှစ်ပိုင်း ကွဲပြားသွားလေသည်။

ဆန်းလျန်၏ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးပြီး ပြုံးလိုက်လေသည်။ ထို့နောက်သူက အရေးမစိုက်သည့်ဟန်ဖြင့် အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။

အင်္ကျီလက်လေးတစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် တန်ခိုးစွမ်းအားမြင့်မားသည့်လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်သည့်သူ များစွာရှိလေသည်။

ကျန့်ယွမ်ကျီနတ်မင်းကြီး၏ ဝိဇ္ဇာအင်္ကျီလက်ကဲ့သို့သော ပညာမျိုး ဖြစ်လေသည်။

သို့သော်… ဆန်းလျန်ကတော့ ထိုတန်ခိုးစွမ်းအားများအားလုံးထက် သာလွန်သည့် တန်ခိုးရှင်တစ်ပါး ဖြစ်လေသည်။

ဆန်းလျန်၏ အင်္ကျီလက်မှ တန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး ရောင်စဉ် (၅)မျိုး အလင်းတန်းများထက်သို့ ကျရောက်သွားလေသည်။

ခုံရွှမ်း၏ ရောင်စဉ် (၅)မျိုး အလင်းတန်းများက လေထဲတွင် ချက်ချင်းပင် အေးခဲသွားလေသည်။

လောကတွင် ကျော်ကြားလှပါသည်ဆိုသည့် တန်ခိုးစွမ်းအားများပင်လျှင် ဆန်းလန်၏ တန်ခိုးစွမ်းအားလောက် အစွမ်းထက်ခြင်း မရှိပေ။

ခုံရွှမ်းသည် နတ်ဘုရားအားလုံးထဲတွင် အတည်ငြိမ်ဆုံးတစ်ယောက်ဖြစ်သည့်တိုင် အေးစိမ့်မှုကို ခံစားလိုက်ကြရလေသည်။

မိုးကောင်းကင်တံခါး တစ်ချက်တုန်လှုပ်သွားလေသည်။

ထို့နောက်… ဆန်းလျန်က ခြေတစ်လှမ်းလှမ်းလိုက်ပြီး မရေမတွက်နိုင်သည့် အရံအတားများကို ဖြတ်ကျော်ကာ ယန်ကျန်းရှိရာသို့ ရောက်ရှိသွားလေသည်။

***

All Chapters