ထိပ်တန်းအဆင့်တန်ခိုးစွမ်းအား
Vol. 10 Ch. 908
မိုးကောင်းကင်ခုံရုံးဆိုသည်မှာ မရှိမှုကျေးရွာတွင် တည်ရှိခြင်း ဖြစ်လေသည်။
မရှိမှုကျေးရွာ၏ အခြားဘက်ခြမ်းကတော့ စကြာဝဠာ ဖြစ်လေ၏။ ထို့ကြောင့် စကြာဝဠာမှ ကြယ်စင်စွမ်းအားများက မိုးကောင်းကင်ခုံရုံးအတွင်းသို့ စီးဆင်းဝင်ရောက်လျှက် ရှိလေသည်။
မိုးကောင်းကင်တံခါးမှထွက်ပေါ်နေသည့် ခေါင်းလောင်းသံဖြင့်ဆိုလျှင် မိုးကောင်းကင်တံခါးမှ တန်ခိုးစွမ်းအားများက မိုးကောင်းကင်ခုံရုံးမည်သည့်နေရာမဆို ရောက်ရှိနိုင်စွမ်း ရှိသည်။
မိုးကောင်းကင်တံခါး၏ အထူခြားဆုံးအချက်တစ်ချက်မှာ စကြာဝဠာတစ်ခုလုံးနှင့် ဆက်သွယ်နိုင်ခြင်း ဖြစ်လေသည်။
မရှိမှုကျေးရွာတွင် ကိုယ်ပိုင်ကောင်းကင်ဘုံတစ်ခု ဖွင့်လှစ်နိုင်ရန်အတွက် ကြီးမားသည့် တန်ခိုးစွမ်းအားများရှိရန် လိုအပ်လေသည်။ သို့သော်… မိုးနတ်မင်းကတော့ မိုးကောင်းကင်တံခါးကိုဖြတ်သန်းတာ မည်သည့်ကောင်းကင်ဘုံကိုမဆို အချိန်မရွေးကျူးကျော်ဝင်ရောက်နိုင်စွမ်း ရှိလေသည်။
မိမိတို့နေထိုင်ရာကို အချိန်မရွေး ချိုးဖောက်ဝင်လာနိုင်သည့်အတွက် ရှေးဟောင်းနတ်ဘုရားများအနေဖြင့် ကြောက်ရွံ့ကြသည်မှာ မဆန်းပေ။
ထို့ပြင်… မိုးကောင်းကင်တံခါးသည် ဖန်ကူအလံဖြင့်သာ ပေါင်းစပ်လိုက်မည်ဆိုလျှင် ကြီးမားသည့် လူသတ်လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားပေမည်။
မိုးကောင်းကင်တံခါး မည်သို့ဖြစ်တည်လာသည်ကို မည်သူမှ အတိအကျ မသိပေ။
ပထမမိုးနတ်မင်း ပြုလုပ်ခဲ့သည့် ခေါင်းလောင်းဟု လည်း ဆိုကြလေသည်။ အချို့ကလည်း အရှေ့ဧကရာဇ် တုန်းဟွာတောက်ကျွင်းပြုလုပ်ခဲ့သည့် ခေါင်းလောင်းဟု ခေါ်ကြပြန်သည်။ အချို့ကလည်း အချိန်ကာလခေါင်းလောင်းဟု ခေါ်ဆိုကြလေသည်။
မိုးကောင်းကင်တံခါးဆိုသည်မှာ တကယ်တော့ ယန်ကျန်းလက်ဖြင့်ကိုင်မြှောက်ထားသည့် ကြီးမားသည့် ခေါင်းလောာင်းကြီးကို ပြောခြင်း ဖြစ်လေသည်။
မိုးကောင်းကင်တံခါးဆိုသည့် ထိုခေါင်းလောင်းကြီးသည် အချိန်နှင့်နေရာကိုပင် နှစ်ပေါင်းများစွာကြာအောင် ဖြတ်ကျော်သွားနိုင်စွမ်း ရှိလေသည်။
ဒဏ္ဍာရီအရဆိုလျှင် တာအိုဆရာသခင်ထိုက်ယီ တရားအလင်းရရန်အတွက် မိုးကောင်းကင်တံခါးက အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ခဲ့သည်ဟုပင် ဆိုလေသည်။ ထိုအချက်ကို သက်သေမပြနိုင်သော်လည်း လူပေါင်းများစွာက ထိုအချက်ကို အမှန်ဟု ယုံကြည်ထားကြလေသည်။
ယခုတော့ မြင့်မြတ်လှသည့် ထိုရှေးဟောင်းပစ္စည်းသည် လောကတွင် ပြန်လည်ထွက်ပေါ်လာခဲ့ပြီ ဖြစ်လေသည်။ ထိုရှေးဟောင်းပစ္စည်းသည် အချိန်ရေစီးကြောင်းထဲတွင် နှစ်ပေါင်းများစွာနစ်မြုပ်နေခဲ့ပြီးမှ ပြန်ရောက်လာသည့် တိကျန်ဗောဓိသကျထက် တန်ခိုးစွမ်းအား လျော့နည်းခြင်း မရှိပေ။
ယန်ကျန်း၏လက်ထဲတွင် မိုးကောင်းကင်တံခါးဟုခေါ်သည့် ခေါင်းလောင်းကြီးရှိနေပြီး တာအိုဆရာယွိတင်၏ လက်ထဲတွင်တော့ ဖန်ကူအလံရှိနေလေသည်။ သူတို့ (၂)ယောက်၏ပုံစံက တစ်ယောက်ကိုတစ်ယောက် အသက်ပေးကာကွယ်ကြမည့် ပုံစံမျိုး ဖြစ်သည်။
သို့သော်…. ထိုအချက်က မိုးကောင်းကင်တံခါးကို ရယူလိုသည့် နတ်ဘုရားများ၏ဆန္ဒကို တားဆီးနိုင်မည် မဟုတ်ပေ။
ယခုအချိန်ထိ ရွှမ်ဟွမ်မိုးနတ်မင်းက သူတို့အနားသို့ ရောက်ရှိလာခြင်း မရှိသေးသလို တိကျန်ဗောဓိသကျလည်း ရောက်ရှိလာကြခြင်း မရှိသေးပေ။
သို့သော်… ဆန်းလျန်ကတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်ကိုတွေ့သည့်အခါတွင်တော့ နတ်ဘုရားများအားလုံး ဒေါသထွက်သွားကြလေသည်။ သူတို့အနေဖြင့် ဆန်းလျန်နှင့်ပြိုင်ပြီး မိုးကောင်းကင်တံခါးကို လုယူကြရပေတော့မည်။
ပထမဆုံး တိုက်ခိုက်ခံလိုက်ရသူမှာ ယန်ကျန်းဖြစ်လေသည်။
သူက အတည်ကြည်ဆုံး ၊ သုံးလောကကိုသိမြင့်သည့် စစ်နတ်ဘုရားဖြစ်ခြင်းကြောင့် တိုက်ခိုက်ခံလိုက်ရခြင်း မဟုတ်ပေ။ သူက အနီးဆုံးလူဖြစ်နေသောကြောင့် ဖြစ်လေသည်။
တိုက်ခိုက်ခံလိုက်ရသည့်အတွက် ယန်ကျန်းက မိုးကောင်းကင်တံခါးကို လက်လွှတ်လိုက်လေသည်။ လက်သီးချက်တစ်ချက်က သူ့ထံသို့ ဝင်ရောက်လာလေ၏။
ထိုလက်သီးသည် ရိုးရှင်းသည့် လက်သီးတစ်ချက် မဟုတ်ပေ။ ထိုလက်သီးချက်သည် အလှည့်အပြောင်းများစွာပါဝင်သည့် လက်သီးချက် ဖြစ်လေ၏။
ယန်ကျန်းပျောက်ကွယ်သွားပြီး မဟူရာနဂါးကြီးတစ်ကောင် ထွက်ပေါ်လာလေ၏။ ထိုနဂါးကြီးက ကောင်းကင်ဘုံ (၉)ထပ်တွင် လွင့်မျောလာသည့်အလား ဖြစ်လေသည်။
ယန်ကျန်းသည် ပုံစံအမျိုးမျိုး ဖန်ဆင်းနိုင်သည့် တန်ခိုးစွမ်းအားရှိကြောင်း လူတိုင်းသိရှိကြလေသည်။
ထိုသို့ ပြောင်းလဲဖန်ဆင်းလိုက်သည့်အခါ ခုံရွှမ်းကဲ့သို့သောသူများပင်လျှင် မခံနိုင်ဘဲ တန်ခိုးစွမ်းအားများ ထုတ်လွှတ်ကာ ကာကွယ်ထားလိုက်ရလေသည်။
ယန်ကျန်းဖန်ဆင်းထားသည့် မဟူရာနဂါးကြီးက အသက်ရှူလိုက်သည်နှင့် လောကတစ်ခုလုံးကို ဖျက်စီးပစ်တော့မည့်အလား ဖြစ်လေသည်။
ရှေးဟောင်းနတ်ဘုရားများစွာ မဟူရာနဂါးကြီးအကြောင်းကို မသိရှိကြသူ မရှိပေ။
နောက်ဆုံး မဟူရာနဂါးကြီးသည် နွီဝါးနတ်သမီး၏ နှိမ်နင်းခြင်းကို ခံလိုက်ရလေသည်။ မဟူရာနဂါးကြီးသည် ရေအောက်မှ မဟူရာအဏ္ဏဝါနန်းတော်၏အရှင်သခင် ပင် ဖြစ်လေသည်။ ထိုနေရာသို့ ဆန်းလျန် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်ဖြစ်စဉ် အတိတ်တစ်ချိန်တုန်းက ရောက်ခဲ့ဖူးလေသည်။
ထို့ပြင်… တာ့ရှားပြည်တွင် ရဟန်းမင်းကြီးနှင့် ဆန်းလျန် တိုက်ခိုက်စဉ်ကလည်း မဟူရာနဂါးကြီး၏ ဝိညာဉ်ကြီးမှာ ရဟန်းမင်းကြီး၏ စီးတော်ယဉ် ဖြစ်ခဲ့သည်ကို ဆန်းလျန် တွေ့ခဲ့ဖူးလေသည်။
သို့သော်… မဟူရာနဂါးကြီး၏ ဇာတ်သိမ်းကတော့ မလှပခဲ့ရှာပေ။ ဝမ်းနည်းစရာပင် ကောင်းလွန်းခဲ့လေသည်။
လောကတွင် တာအိုဆရာသခင်ကြီး (၈)ပါးရှိလေရာ နွီဝါးနတ်သမီးသည်လည်း တစ်ပါးအပါအဝင် ဖြစ်လေသည်။သူမသည် စန့်ချင်တာအိုဆရာသခင်လင်ပေါင်ထျန်းကျွင်းထက်ပင် ရှေးကျသည့် တာအိုဆရာသခင်ကြီး ဖြစ်လေ၏။
ယခုတော့…
ယန်ကျန်းဖန်ဆင်းထားသည့် မဟူရာနဂါးကြီး၏ အကြေးခွံများက တောက်ပလျှက် ရှိလေသည်။ သတ္တုရောင်စဉ်တစ်ခုအလား လင်းလက်နေပြီး မျက်လုံးကြီးများကလည်း ကြယ်စင်များအလား ဝင်းဝင်းတောက်နေပြန်၏။
နဂါးကြီးက ဆန်းလျန်ကို အေးစက်စွာဖြင့် စိုက်ကြည့်နေလေသည်။
ယန်ကျန်းဖန်ဆင်းထားသည့် နဂါးကြီးမှာ ရှေးယခင်အချိန်က မဟူရာနဂါးကြီးကို မြင်ရသည့်အလား ပုံသဏ္ဍန်တူလွန်းလှလေသည်။
ယန်ကျန်း၏ ရုပ်ပြောင်းရုပ်လွှဲပြောင်းလွှဲ တန်ခိုးစွမ်းအားသည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ယန်ကျန်း၏ တန်ခိုးစွမ်းအားမြင့်မားမှုကိုတွေ့မြင်လိုက်ရသည့်အခါ တိုက်ပွဲကိုကြည့်နေကြသည့် နတ်ဘုရားများမှာ အနည်းငယ်ပျော်ရွှင်သွားကြလေသည်။ ယန်ကျန်းနှင့် တိုက်ခိုက်လိုက်ရသည့်အတွက် ဆန်းလျန်အားလျော့သွားစေရန် သူတို့က မျှော်လင့်မိကြသည်။
တာအိုဆရာယွိတင်ကတော့ ဖန်ကူအလံကို ဆုပ်ကိုင်ထားလေသည်။ ဖန်ကူအလံမှ တန်ခိုးစွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်နေသော်လည်း သူကတော့ တိုက်ခိုက်ခြင်း မပြုသေးပေ။ သို့သော်… သူ၏ပုံစံက တိုက်ခိုက်ခြင်းထက်ပိုပြီး ကြောက်မက်ဖွယ်ရာကောင်းနေလေသည်။
ယနေ့ မိုးကောင်းကင်တံခါးကို ရယူရန်အတွက် နတ်ဘုရားများစွာ ရောက်ရှိလာခဲ့ကြလေသည်။
သို့သော်… ရွှမ်ဟွမ်မိုးနတ်မင်းနှင့် တိကျန်ဗောဓိသကျတို့ ရောက်မလာကြသည်မှာ အခက်အခဲတစ်ခုခု ရှိသောကြောင့်သာ ဖြစ်နိုင်လေသည်။
သူတို့ (၂)ယောက် ရောက်မလာခြင်းမှာ ဆန်းလျန်ကို ဖယ်ရှားပစ်ရန် အခွင့်အရေးတစ်ခုဖြစ်သည်ဟု နတ်ဘုရားများက နားလည်လိုက်ကြလေသည်။
အချိန်မှန် ၊ နေရာမှန် ၊ လူမှန်များလည်း ရှိနေကြသည် မဟုတ်ပါလား။
ဆန်းလျန်ဝတ်ဆင်ထားသည့် တာအိုဝတ်စုံတစ်ချက်လှုပ်ရှားသွားပြီး ပြင်းထန်လှသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာလေသည်။ ထိုစွမ်းအားများကို မဟူရာနဂါးကြီး ရင်ဆိုင်နိုင်ပါမည်လား မည်သူမှ မသိနိုင်ပေ။
သို့သော်… မကြာမီ အဖြေကို အားလုံး ရှင်းရှင်းလင်းလင်းသိမြင်လာရမည်သာ ဖြစ်လေသည်။
ဆန်းလျန်၏ အင်္ကျီလက်အတွင်းမှ အလွန်ထူးဆန်းသည့် တန်ခိုးစွမ်းအားတစ်ခု ပျံသန်းထွက်ပေါ်လာလေသည်။ ထိုစွမ်းအားမှာ မီးတောက်တစ်ခု ပေါက်ကွဲထွက်သည့်အလား ဖြစ်လေသည်။ နတ်ဘုရားများအားလုံးမှာ ချက်ချင်းပင် ကြောက်ရွံကထိတ်လန့်မှုများကို ခံစားလိုက်ကြရလေသည်။
ဆန်းလျန် အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားများက အရာအားလုံးကို ချွင်းချက်မရှိ ဖျက်စီးပစ်နိုင်စွမ်း ရှိလေသည်။
ယန်ကျန်းမှ အသွင်ပြောင်းထားသည့် မဟူရာနဂါးကြီးမှာ ဆန်းလျန်၏ တန်ခိုးစွမ်းအားအောက်တွင် ချက်ချင်းပင် ငုပ်လျှိုးသွားလေသည်။
သို့သော်… ယန်ကျန်းထံမှ လောကကို တုန်လှုပ်စေသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။
ယန်ကျန်း၏ တန်ခိုးစွမ်းအားများက ခုံရွှမ်းထက်ပင် သာလွန်လေသည်။ သို့သော်… ဆန်းလျန်၏ တိကျသည့် တန်ခိုးစွမ်းအားပြောင်းလဲမှု ပရိယာယ်များကိုတော့ ခုခံတွန်းလှန်နိုင်ခြင်း မရှိခဲ့ပေ။
မိုးပြိုသည့်အလား ကောင်းကင်ထက်မှ နဂါးအကြေးခွံအပိုင်းအစများ ကြွေကျလာလေသည်။ လောကကြီးတစ်ခုလုံး ပြိုကျသွားသည့်အလားပင် ဖြစ်လေသည်။
မဟူရာနဂါးကြီးပျောက်ကွယ်သွားပြီး အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် ယန်ကျန်း လေထဲမှ ပျံသန်းကျဆင်းလာလေသည်။ သူကျဆင်းလာသည့်အရှိန်က ဥက္ကာပျံတစ်စင်းအလား လျှင်မြန်လွန်းလှပြီး သူ့လက်ထဲတွင် သုံးမြှောင့်နှစ်ဖက်သွားဓားကို ကိုင်ထားလေ၏။
ယန်ကျန်း၏ သုံးမြှောင့်နှစ်ဖက်သွားဓားသည် ခေတ်အဆက်ဆက် အစွမ်းထက်ဆုံး လက်နက်တစ်ခုထဲတွင် အပါအဝင်ဖြစ်လေသည်။ ထိုဓားချက်အောက်တွင် ဝိညာဉ်များပင်လျှင် ပြာကျသွားနိုင်လေသည်။
ထက်ရှသည့်ဓား၏ ဓားခြိမ်းသံသည် ဇာမဏီငှက် (၉)ရက်တိတိ တွန်ကျူးလိုက်သည့်အလား ဖြစ်လေသည်။ ဓားခြိမ်းသံထွက်ပေါ်လာသည်နှင့် မိုးကောင်းကင်တံခါးပင် တုန်လှုပ်သွားရလေသည်။
ကြီးမားလွန်းသည့် တန်ခိုးစွမ်းအားကြီးကြောင့် အရာအားလုံး ပျက်စီးသွားရတော့မည်ဟုပင် ထင်မှတ်ရသည်။ ပထမမိုးနတ်မင်းနှင့် ဒုတိယမိုးနတ်မင်းတို့၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းအလား ပြင်းထန်လွန်းလှလေသည်။
ချင်းယွမ်မြောင်တောက်အရှင်ဟုကျော်ကြားသည့် ယန်ကျန်းဆိုသည်က မရေမတွက်နိုင်သည့် ဘဝပေါင်းများစွာ ကျင့်ကြံခဲ့သည့်အတွက် တန်ခိုးစွမ်းအားများပင် ဖြစ်လေသည်။ အချိန်ကာလကြာလာသည်နှင့်အမျှ ထိုတန်ခိုးစွမ်းအားများက အခြေခံတာအိုတရားကို ကိုယ်စားပြုလေသည်။
အလင်း ၊ အရိပ် ၊ အချိန်နှင့် အာကာသ စစ်မှန်သည့် ဖြစ်တည်မှုအားလုံး၏ အခြေခံမှာ ဓားခြိမ်းသံတွင် ပြိုကျပျက်စီးသွားကြလေသည်။
လောကတွင် နှစ်ဖက်သွားသုံးမြှောင့်ဓားထက်ပိုပြီး အစွမ်းထက်သည့်အရာ မည်သည့်အရာမှ မရှိတော့သည့်အလား တန်ခိုးစွမ်းအားတို့က ကြောက်မက်ဖွယ်ရာ ထွက်ပေါ်လျှက် ရှိလေ၏။
သို့သော်… ထို နှစ်ဖက်သွား သုံးမြှောင့်ဓားထက်ပိုပြီး စစ်မှန်သည့် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာလေသည်။
ထိုအရာသည် သွယ်လျသည့် အဖြူရောင် လက်ချောင်းများပင် ဖြစ်လေသည်။
ထိုလက်ချောင်းများက မိန်းကလေးတစ်ယောက်၏ လက်ချော်းထက်ပင် သွယ်လျပျော့ပြာင်းပြီး ယန်ကျန်း၏ သုံးမြှောင့်နှစ်ဖက်သွားဓားကို လက်နှစ်ချောင်းဖြင့်ညှပ်ကာ အသာလေးပင် တားဆီးထားလိုက်လေသည်။
လက်ချောင်းများ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သုံးမြှောင့်နှစ်ဖက်သွားဓား ထက်ပိုင်းကျိုးသွားတော့မတတ် ဖြစ်သွားရလေသည်။
ထိုလက်ချောင်းများမှာ ဆန်းလျန်၏ လက်ချောင်းများဖြစ်လေသည်။
ဆန်းလျန်က လက်ချောင်း (၂)ကို အသုံးပြုကာ ယန်ကျန်း၏ သုံးမြှောင့်နှစ်ဖက်သွားဓားကို တားဆီးထားသည့် မြင်ကွင်းက တုန်လှုပ်စရာ မြင်ကွင်းတစ်ခု ဖြစ်လေသည်။
ယန်ကျန်းသည် ဆန်းလျန်နှင့်တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်လေသည်။
သို့သော်… သူ၏ ရှုံးနိမ့်မှုက လေးစားစရာကောင်းလှပေ၏။ သူသည် သူသည် ဥက္ကာပျံတစ်စင်းကဲသို့ ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်လေသည်။ သူက အားအပြည့်အသုံးပြုကာ တိုက်ခိုက်ခဲ့သည့်တိုင် သူက ဆန်းလျန်၏ လက်ချောင်းများကိုပင် ခုခံနိုင်ခြင်း မရှိခဲ့ပေ။
ကောင်းကင်ဘုံတွင် ထင်တိုင်းကျဲခဲ့သည့် မျောက်မင်းစွန်းဝူခုံးသည် နောက်ဆုံး ဗုဒ္ဓ၏လက်ဖဝါးနှင့်ရင်ဆိုင်လိုက်ရသည့်အခါ ဖိနှိပ်ခံလိုက်ရသကဲ့သို့ ဖြစ်လေသည်။
ဆန်းလျန်ကို ဗုဒ္ဓနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ယန်ကျန်း၏ ဂုဏ်သိက္ခာကတော့ စွန်းဝူခုံး၏ ဂုဏ်သိက္ခာထက် လျော့နည်းမည် မဟုတ်ပေ။
ထိုအချိန်မှာပင်….
ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုရွှေရောင်အလင်းတန်းမှာ ရွှေရောင်ကြာပွတ်တစ်ချောင်း ဖြစ်လေသည်။
"ကျုပ် ဝမ်လင်ကွမ်းက ဆန်းလျန်ထျန်းကျွင်းဆီက သင်ယူပါရစေ…"
ရွှေရောင်ကြာပွတ်ကို ကိုင်ဆောင်ထားသူက နတ်ဘုရားတစ်ပါးဖြစ်လေသည်။
ထိုနတ်ဘုရား၏ပုံစံကအလွန်ခမ်းနားလှပြီး တန်ခိုးစွမ်းအားလည်း အလွန်မြင့်မားဟန် ရှိလေသည်။
သို့သော်… ထိုနတ်ဘုရားသည် တာ့လော်အဆင့်သို့ပင် တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ထိုအဆင့်ဖြင့် ဆန်းလျန်ကို စိန်ခေါ်ရဲသည်ကတော့ စာတင်လောက်သည့် သတ္တိပင် ဖြစ်လေသည်။
ဆန်းလျန်က ယန်ကျန်း၏ဓားကို ထိန်းချုပ်ထားသည့် သူ၏လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဝမ်လင်ကွမ်းဆိုသည်ကို လှမ်းကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ…"
ဆန်းလျန်၏ အေးစက်လွန်းသည့်အသံက ကြားရသူတိုင်းကို သွေးပျက်သွားစေလေသည်။
သို့သော်… ဝမ်လင်ကွမ်း တိုက်ခိုက်နိုင်ခြင်း မရှိသေးခင်မှာပင် ဒေါင်းစိမ်းမင်းကြီး ခုံရွှမ်းက ရှေ့သို့ ထွက်လိုက်ကာ ဆန်းလျန်ကို စတင်တိုက်ခိုက်လိုက်လေသည်။
ခုံရွှမ်းက သူ၏လက်ဖဝါး (၂)ဖက်ကို အသာပွတ်သပ်လိုက်လေသည်။ သူ၏လက်ဖဝါးနှစ်ဖက်က ရွှေစင်ရွှေသားအလား တောက်ပလျှက်ရှိလေသည်။
ထို့နောက် သူက လက်ဖဝါး (၂)ဖက်ကို ဆန်းလျန်ရှိရာသို့ တွန်းထုတ်လိုက်လေသည်။ လက်ဖဝါးထက်မှ လောကတစ်ခုလုံးကို ဖြိုခွင်းတော့မည့်အလား ပြင်းထန်လှသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။
ထိုတန်ခိုးစွမ်းအားမှာ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားပင် ဖြစ်လေသည်။
ခုံရွှမ်း ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားကို အသုံးပြုလိုက်ပုံမှာ မီလဲ့ကိုယ်တော်လောက် စွမ်းအားမြင့်မားခြင်း မရှိသော်လည်း မီလဲ့ကိုယ်တော်ထက် လှပသေသပ်လေသည်။
ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားက မီးတောက်များအလား တောက်ပလျှက်ရှိပြီး မည်သူ့ကိုမဆို ကြောက်ရွံ့သွားစေနိုင်လေသည်။
ဇာမဏီငှက်များက ဒေါင်းစိမ်းငှက်များကို မွေးဖွားပေးခဲ့သူများ ဖြစ်လေသည်။ ထို့ကြောင့် ဒေါင်းစိမ်းငှက်များသည်လည်း ဇာမဏီမီးတောက် တန်ခိုးစွမ်းအားကို အသုံးပြုနိုင်စွမ်းရှိလေသည်။
ထို့ပြင် ယခု ခုံရွှမ်းရောက်ရှိနေသည့် ကျင့်ကြံခြင်းအဆင့်သည် တစ်ချိန်တုန်းက ဘိုးဘေးဇာမဏီငှက်ထက် နိမ့်ကျခြင်း မရှိပေ။
***