← Chapters

ဝူရှန့်ကျိကျွင်း၏ အကာအကွယ်

Vol. 62 Ch. 648

ဝူရှန့်ကျိကျွင်း၏ အကာအကွယ်

Vol. 62 Ch. 648

​မုန်တိုင်းအပြီးတွင် ဟုန်းယွင်တောင်တစ်ခုလုံး ညည်းတွားသံများဖြင့် ပြည့်နှက်နေသည်။

​တောင်ထိပ်တစ်ဝက်မှာ ထန်ထျန်း၏ လက်သီးတစ်ချက်ဖြင့် ဖျက်ဆီး ခံလိုက်ရသဖြင့် အနည်းဆုံး တပည့်ပေါင်း သိန်းချီ၍ ဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။

​သို့သော် ထိုသို့မဖြစ်ပွားမီကပင် ထန်ထျန်းက သူတို့အားလုံးကို တောင်အောက်သို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ သူတို့အားလုံး စုဝေးနေကြပြီး တစ်ယောက်ချင်းစီမှာ အစွန်းကုန် ထိတ်လန့်တုန်လှုပ်နေကြ၏။

​သူက ယနေ့တွင် တိမ်တိုက်တောင်၏ အရှိန်အဝါကို မြှင့်တင်ပေးရန်သာ လာခြင်းဖြစ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် စိတ်မကူးခဲ့ပေ။

​အစောပိုင်းက လက်သီးသုံးချက်သည်လည်း သူတို့ကို သင်ခန်းစာပေးရုံသာဖြစ်ပြီး တိုက်ရိုက်သတ်ပစ်ခဲ့ခြင်း မဟုတ်ပေ။

​သို့သော်ငြားလည်း ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ထိုက်ယိ မြင့်မြတ်နယ်မြေ စတင်တည်ထောင်ချိန်မှစ၍ ဤမျှအဆင့်ရှိသော တိုက်ခိုက်မှုကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။

​မြင့်မြတ်နယ်မြေအတွင်းရှိ ရေတွက်လို့ရသော တာအိုအရှင် အထွတ်အထိပ် အနည်းငယ်မှာလည်း အပြင်သို့ ထွက်လာကြပြီး ဟုန်းယွင်တောင်မှ အခြေအနေကို အဝေးမှ လှမ်းကြည့်နေကြသည်။

​သူတို့က ထန်ထျန်း၏ ခွန်အားအစစ်အမှန်ကို ခန့်မှန်း၍မရသဖြင့် တိုက်ရိုက်မလာရဲကြဘဲ အခြေအနေကိုသာ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

​ထိုအချိန်တွင် ချန်ဝူဟွေ့ ရောက်ရှိလာခဲ့သည်။

​လုံကျိုကျိုး မရှိခိုက်တွင် ချန်ဝူဟွေ့က မြင့်မြတ်နယ်မြေ၏ ကိစ္စအတော်များများကို စီမံခန့်ခွဲနေရသူဖြစ်ရာ လုံကျိုကျိုး၏ ကိုယ်စားလှယ်ဟုပင် ဆိုနိုင်သည်။

​ထို့ကြောင့် ထန်ထျန်းအပေါ် သူထားရှိမည့် သဘောထားမှာ အလွန်ပင် အရေးကြီးလှသည်။

​သူ့ကို မြင်လိုက်ရသည်နှင့် လူတိုင်း၏ အကြည့်များမှာ သူ၏ထံသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

​ဟုန်းယွင်တောင် တောင်ထိပ်ရှိ ခန်းမကြီးအတွင်း ပုန်းကွယ်နေသော သူများမှာလည်း ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ အားကိုးတကြီးဖြင့် အော်ဟစ်အကူအညီတောင်းကြတော့သည်။

​"အရှင်ဝူဟွေ့... ကယ်ပါဦး"

​"တိမ်တိုက်တောင်က လူတွေက လွန်လွန်းတယ်၊ ဟုန်းယွင်တောင် တစ်ဝက်ကို ဖျက်ဆီးပစ်လိုက်တာက ကျွန်တော် တို့ မြင့်မြတ်နယ်မြေရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်နေတာပါပဲ"

​"ကျွန်တော်တို့အတွက် တရားမျှတအောင် လုပ်ပေးပါ"

​သူတို့က ထန်ထျန်းကို တိုက်ရိုက် လက်ညှိုးထိုးကာ နာကျင်စွာ အော်ဟစ်နေကြသည်။

​သို့သော် ချန်ဝူဟွေ့က သူတို့ကို ပြန်မဖြေခဲ့ပေ။ သူက ဟုန်းယွင်တောင်၏ ပျက်စီးနေသော အခြေအနေကို ကြည့်ပြီး သက်ပြင်းတစ်ချက် ခပ်တိုးတိုးချကာ ထန်ထျန်း၏ ရှေ့သို့ လျှောက်လာခဲ့သည်။

​လူတိုင်းက သူသည် ထန်ထျန်းကို အပြစ်တင် စစ်ဆေးတော့မည်ဟု ထင်မှတ်နေချိန်တွင် ချန်ဝူဟွေ့က ဘယ်သူမှ မမျှော်လင့်ထားသည့် စကားတစ်ခွန်းကို ပြောလိုက်သည်။

​"သခင်လေးထန်... ဘာမှမဖြစ်ဘူးမလား"

​ဟုန်းယွင်တောင်မှ လူများ : "..."

အရှင်​ဝူဟွေ့... မင်း ဘာဖြစ်နေတာလဲ

​မျက်စိရှေ့က အခြေအနေက မရှင်းလင်းလို့လား?

​ထန်ထျန်းက ကောင်းကင်ယံမှာ အေးအေးဆေးဆေး ရပ်နေတာလေ၊ မျက်နှာကလည်း သွေးရောင်လွှမ်းလို့၊ အမောပင် မဖောက်ဘူး၊ ကြည့်ရတာ တစ်ခုခု ဖြစ်နေတဲ့ ပုံစံမျိုး ပေါက်နေလို့လား

​မင်း အရင်ဆုံး ဟုန်းယွင်တောင်ရဲ့ အခြေအနေကို စိုးရိမ်ပေးသင့်တာ မဟုတ်ဘူးလား

​ချန်ဝူဟွေ့၏ စကားတစ်ခွန်းကြောင့် သူတို့ ပြင်ဆင်ထားသမျှ တိုင်တောမယ့် စကားလုံးများမှာ လည်ချောင်းဝတွင်တင် တစ်ဆို့သွားတော့သည်။

​အဝေးမှ ကြည့်နေကြသော အစွမ်းထက် တာအိုအရှင် အချို့မှာလည်း အံ့အားသင့်သွားကြသည်။

​ဒီထန်ထျန်းကတော့ တကယ်ကို မရိုးရှင်းဘူးပဲ။

​ချန်ဝူဟွေ့၏ မေးခွန်းကို ထန်ထျန်းက ပြုံး၍ ဖြေလိုက်သည်။ "ဘာမှမဖြစ်ပါဘူး"

​"ငါက ဟုန်းယွင်တာအိုအရှင်ကို သွားတွေ့ချင်ရုံပါ"

​"မင်း ရောက်လာတာ ကံကောင်းသွားတယ်၊ မဟုတ်ရင် ငါ အတင်းဝင်သွားရတော့မှာ"

​ချန်ဝူဟွေ့၏ မျက်ခုံးများ သိသိသာသာ လှုပ်သွားသည်။ ထန်ထျန်းတွင် အတင်းဝင်ရောက်နိုင်သည့် ခွန်အားအစစ်အမှန် ရှိနေသည်ကို သူ သိသည်လေ။

​ထိုသို့ မလုပ်ခဲ့ခြင်းမှာ သူ၏ ကျိကျွင်း အဆင့်အတန်းကို စောစောစီးစီး အသိမပေးချင်၍သာ ဖြစ်မည်။

​"ဟုန်းယွင်တာအိုအရှင်နဲ့ ဘာကိစ္စ ရှိလို့လဲ"

ချန်ဝူဟွေ့က အသံပို့၍ မေးလိုက်သည်။

​ထန်ထျန်းက ခေါင်းညိတ်ကာ "ငါ မြင့်မြတ်နယ်မြေကို လာတဲ့လမ်းမှာ ကြုံခဲ့ရတဲ့ ဟင်းလင်းပြင် မုန်တိုင်းကို မှတ်မိသေးလား"

​"အဲဒါ ဟုန်းယွင် လုပ်တာပဲ"

​ချန်ဝူဟွေ့ ခဏမျှ ဆွံ့အသွားသည်။

​ထို ဟင်းလင်းပြင် မုန်တိုင်းမှာ တကယ်ပင် ထူးဆန်းလှသည်။ ထိုစဉ်က တစ်စုံတစ်ယောက်က တမင်လုပ်ခဲ့ခြင်းလားဟု သူ သံသယဝင်ခဲ့သော်လည်း စုံစမ်းစစ်ဆေးရန် ပြင်ဆင်ချိန်တွင် လုံကျိုကျိုးက သူ့ကို တားဆီးခဲ့သဖြင့် ထိုကိစ္စမှာ ပြီးစလွယ်ပင် ပြီးဆုံးသွားခဲ့ရသည်။

​တကယ်တော့... ဟုန်းယွင်တာအိုအရှင် ဖြစ်နေတာလား

​ဒါပေမဲ့ သူက ဘာကြောင့် ဒီလောက် အင်အားအများကြီးသုံးပြီး ထန်ထျန်းကို လုပ်ကြံချင်ရတာလဲ

​ချန်ဝူဟွေ့ စဉ်းစားမရသော်လည်း ထပ်မမေးတော့ပေ။

အကြောင်းမှာ ထန်ထျန်းကဲ့သို့ လူမျိုးက ဟုန်းယွင်တောင်ကို အတင်းဝင်ရောက်တိုက်ခိုက်သည်အထိ ဖြစ်လာသည်ဆိုလျှင် ၎င်းမှာ သေချာပေါက် သာမန်ကိစ္စ မဟုတ်နိုင်ကြောင်း သူ နားလည်သည်။

​ပြီးတော့ ကျိကျွင်း အဆင့်တွေရဲ့ ကိစ္စမှာ သူ ဝင်ပါလို့ မရဘူးလေ။

​"ဒါဆို ကျွန်တော် လိုက်ခဲ့ပေးရမလား"

ချန်ဝူဟွေ့က မေးလိုက်သည်။

​ထန်ထျန်းက ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ရတယ်၊ အတူတူသွားကြတာပေါ့"

​"ငါ မင်းကို မေးစရာတွေလည်း ရှိနိုင်တယ်"

​ဟုန်းယွင်တာအိုအရှင်ရဲ့ ပတ်သက်မှုတွေကိုတော့ ချန်ဝူဟွေ့က ပိုသိမှာ သေချာသည်။

​အဖြေကို ရရှိပြီးနောက် ချန်ဝူဟွေ့က အကာအကွယ်အောက်တွင် ရှိနေဆဲဖြစ်သော ဟုန်းယွင်တောင် ခန်းမကြီးကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

​"အစီအရင်ကို ဖွင့်လိုက်စမ်း"

​ဟုန်းယွင်တောင်မှ လူများမှာ ချက်ချင်းပင် မှင်သက်သွားကြသည်။

ချန်ဝူဟွေ့ ရောက်လာခြင်းက သူတို့အတွက် မျှော်လင့်ချက်ဟု ထင်ခဲ့ကြသော်လည်း ထန်ထျန်း မည်မျှပင် အစွမ်းထက်ပါစေ အရှင်ဝူဟွေ့ ရှေ့မှာတော့ ရမ်းကားရဲမှာ မဟုတ်ဘူးဟု ယူဆခဲ့ကြသော်လည်း...

​အဖြစ်မှန်က သူတို့ ထင်သလို မဟုတ်ခဲ့ပေ။

​ချန်ဝူဟွေ့က ထန်ထျန်းကို အလွန်အမင်း ယဉ်ကျေးရုံသာမက သူတို့ကိုပါ နောက်ဆုံး အကာအကွယ်ကို ဖွင့်ပေးရန်နှင့် ဟုန်းယွင်တောင်၏ အချက်အချာနေရာကို ထန်ထျန်းအတွက် လုံးဝ ဖွင့်ပေးရန် အမိန့်ပေးနေခြင်း ဖြစ်သည်။

​ဒါက သူတို့ကို အဝတ်အစားတွေ အကုန်ချွတ်ခိုင်းတာနဲ့ ဘာကွာလို့လဲ

​ခဏအတွင်းမှာပင် လူတိုင်း ဝေခွဲမရ ဖြစ်နေကြသည်။

ထိုစဉ် အဝေးမှ စောင့်ကြည့်နေကြသော အခြား တာအိုအရှင်များမှာလည်း မနေနိုင်တော့ဘဲ ဝင်ပြောကြတော့သည်။

​"အရှင်ဝူဟွေ့... ဒါက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး ထင်တယ်နော်"

တစ်ယောက်က စပြောလိုက်သည်။

​ထိုကန့်ကွက်မှုကို ချန်ဝူဟွေ့က ဘာမှပြန်မပြောဘဲ အနက်ရောင် တိုကင်ပြားတစ်ခုကိုသာ ထုတ်ပြလိုက်သည်။

​ထိုတိုကင်ပြား ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုက်ယိ မြင့်မြတ်နယ်မြေ တစ်ခုလုံး အနည်းငယ် တုန်ခါသွားခဲ့သည်။

​၎င်းမှာ... လုံကျိုကျိုး၏ ကိုယ်ပိုင် တိုကင်ပြားပင်။

​ထိုတိုကင်ပြားကို မြင်လိုက်ရသည်နှင့် အခြား တာအိုအရှင်များမှာ သူတို့၏ အော်ရာ များကို ချက်ချင်း ပြန်သိမ်းလိုက်ကြပြီး ဟင်းလင်းပြင်ထဲတွင် ဒူးထောက်လိုက်ကြသည်။

​သူတို့က ရိုသေစွာဖြင့် နှုတ်ဆက်ကြ၏။ "ဝူရှန့်ကျိကျွင်း ကို အရိုအသေပေး ပါတယ်"

​ဤတိုကင်ပြား ရှိနေခြင်းမှာ လုံကျိုကျိုး ကိုယ်တိုင် ရောက်ရှိနေသကဲ့သို့ပင်။

​ဤတိုကင်ပြားကို ကိုင်ဆောင်ထားသော ချန်ဝူဟွေ့က လုံကျိုကျိုး မရှိခိုက်တွင် ထိုက်ယိ မြင့်မြတ်နယ်မြေ၌ အာဏာအရှိဆုံးနှင့် အဆင့်အတန်း အမြင့်ဆုံးသူ ဖြစ်သည်။ သူက မည်သူ့ကိုမဆို သတ်ပိုင်ခွင့်၊ အသက်ချမ်းသာပေး ပိုင်ခွင့် အာဏာ ရှိသည်။

​ထို့ကြောင့် မည်သူမှ ထပ်မံ၍ ကန့်ကွက်ခြင်း မပြုရဲကြတော့ပေ။

​ချန်ဝူဟွေ့က လူများကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "ဒီနေရာမှာ မင်းတို့ကို ငါ ပြောစရာ တစ်ခုရှိတယ်"

​"ထန်ထျန်းကို ဝူရှန့်ကျိကျွင်း ကိုယ်တိုင်က တိုက်ရိုက် အကာအကွယ် ပေးထားတာ"

​"ဒီနေ့ကစပြီး ထိုက်ယိ မြင့်မြတ်နယ်မြေက ဘယ်သူမဆို ထန်ထျန်းကို ထိခိုက်စေမယ့် လုပ်ရပ်မျိုး မလုပ်ရဘူး"

​"မဟုတ်ရင်... ချက်ချင်း သတ်ပစ်မယ်"

​သိပ်မကျယ်လှသော ထိုအသံမှာ မြင့်မြတ်နယ်မြေ တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

​ဤခဏတွင်မှ လူတိုင်း နားလည်သွားကြတော့သည်။ ထန်ထျန်း ပြန်ရောက်လာပြီးနောက် ဤမျှတိုတောင်းသော အချိန်အတွင်းမှာပင် ဤမျှ ကြီးမားသော ဩဇာအာဏာ ရှိနေခြင်းမှာ အရှင် ဝူဟွေ့က အလေးထားရုံတင် မကဘဲ ဝူရှန့်ကျိကျွင်း ကိုယ်တိုင်က အကာအကွယ် ပေးထားခြင်းမှာ သူ၏ အကြီးမားဆုံးသော အားကိုးရာ ဖြစ်နေသောကြောင့်ပင်။

​ထိုက်ယိ မြင့်မြတ်နယ်မြေတွင် လုံကျိုကျိုးက တစ်ဦးတည်းသော၊ ငြင်းပယ်၍မရသော အမြင့်မြတ်ဆုံး နတ်ဘုရား ဖြစ်သည်။

​သို့ဖြစ်ရာ အမြင့်မြတ် ဆုံး နတ်ဘုရား ၏ အကာအကွယ်ကို ရရှိထားသော ထန်ထျန်းသည်လည်း ငြင်းပယ်၍မရသော တစ်ယောက်အောက်၊ လူသောင်းပေါင်း၏ အထက်တွင် ရှိနေသူ ဖြစ်ပေသည်။

ဝူ​ရှန့်ကျိကျွင်း၏ တိုကင်ပြားကို ကိုင်ထားသော ချန်ဝူဟွေ့ပင်လျှင် ထန်ထျန်းကို မျက်နှာသာ ပေးနေရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

​မကြာမီမှာပင် လူတိုင်း အရာအားလုံးကို နားလည်သွားကြတော့သည်။

​ထန်ထျန်း၏ ပုံမှန်မဟုတ်သော ခွန်အားနှင့် ပတ်သက်၍လည်း လူတိုင်းက ဒုတိယနေရာမှာပဲ ထားလိုက်ကြသည်။

​နောက်ကွယ်မှာ ဝူရှန့်ကျိကျွင်း ရှိနေမှတော့ တာအိုအရှင်တွေနဲ့ အကြီးအကဲတွေကို လက်သီးတစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်နိုင်တာကလည်း သိပ်ပြီး လက်မခံနိုင်စရာ ကိစ္စ မဟုတ်တော့ဘူးလေ...

​ထန်ထျန်းကတော့ ချန်ဝူဟွေ့သည် သူ၏ ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ပေးနေခြင်း ဖြစ်မှန်း သိသဖြင့် ဘာမှဝင်မပြောဘဲ ငြိမ်သက်စွာသာ ကြည့်နေလိုက်သည်။

​လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ချန်ဝူဟွေ့က ဟုန်းယွင်တောင်မှ လူများကို ထပ်မံ ကြည့်လိုက်သည်။

​"အစီအရင်ကို ဖွင့်လိုက်စမ်း"

All Chapters