← Chapters

တိုးတက်ရာ လမ်းကြောင်း

Vol. 62 Ch. 653

တိုးတက်ရာ လမ်းကြောင်း

Vol. 62 Ch. 653

​ထိုခေတ်က ကျွမ်းချင်းနန်းတော်သည် အမှန်တကယ်ပင် နာမည်ကျော်ကြားသည့် ဖြောင့်မတ်သော ဂိုဏ်းကြီးတစ်ခု ဖြစ်ခဲ့သည်။

​မြောင်ယန် ကျူးလွန်ခဲ့သည့် ကိစ္စများကို အကြောင်းအမျိုးမျိုးကြောင့် အားလုံးက မျက်ကွယ်ပြုရန် ရွေးချယ်ခဲ့ကြသော်လည်း လုပ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

​ကျွမ်းချင်းနန်းတော်၏ အဆင့်မြင့် အကြီးအကဲများက သူမကဲ့သို့ မရိုးမသား နည်းလမ်းဖြင့် တက်လာသူ၊ စိတ်ထား မဖြောင့်မတ်သူမျိုးကို မြင့်မြတ်သမီးတော် မဖြစ်စေလိုကြပေ။ ထို့ကြောင့် သူမကို ကျော်ဖြတ်ပြီး နောက်ထပ် ပါရမီရှင် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ကာ ၎င်းတို့ထဲမှ ပြန်လည် ရွေးချယ်ရန် ရည်ရွယ်ခဲ့ကြသည်။

​ထို့ကြောင့်ပင် မြင့်မြတ်သမီးတော် ရွေးချယ်မှုကို တစ်ခါပြီးတစ်ခါ အချိန်ဆွဲနေခဲ့ခြင်း ဖြစ်သည်။

​ဤသတင်းကို သိလိုက်ရသောအခါ မြောင်ယန်သည်လည်း ငြိမ်ခံမနေလိုတော့ပေ။

​သို့သော် ဤကိစ္စတွင် ယခင်ကကဲ့သို့ နည်းလမ်းမျိုးကို ထပ်မံ အသုံးမပြုနိုင်တော့ကြောင်း သူမ သိသည်။

​အကယ်၍ သူမ၏ အမှောင် လက်သည်းများကို ပိုမို ငယ်ရွယ်သော တပည့်မျိုးဆက်သစ်များထံ ဆန့်တန်းလိုက်ပါက ၎င်းမှာ ကျွမ်းချင်းနန်းတော်၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားမည် ဖြစ်သည်။ သူမတွင် မည်မျှပင် အောင်မြင်မှုများ ရှိနေပါစေ၊ အဆင့်မြင့် အကြီးအကဲများက သူမကို လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။

​ထိုအချိန်ကျလျှင် အမှုဟောင်း အမှုသစ်များ အားလုံး ပေါင်းပြီး ရှင်းလင်းခံရနိုင်ကာ သူမအတွက် အခွင့်အရေး အနည်းငယ်မျှပင် ကျန်ရှိတော့မည် မဟုတ်ပေ။

​ထို့ကြောင့် သေချာစွာ စဉ်းစားပြီးနောက် မြောင်ယန်က အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ဦးကို တိုက်ရိုက် သွား ရှာတော့သည်။

​၎င်းမှာ ဟုန်းယွင် ပင် ဖြစ်သည်။

​ကျွမ်းချင်းနန်းတော်နှင့် ဟုန်းယွင်၏ အင်အားစုမှာ ဆက်ဆံရေး အလွန်ကောင်းမွန်ကြပြီး နှစ်ဖက် တပည့်များကြားတွင်လည်း မကြာခဏ ပညာဖလှယ်မှုများ ရှိတတ်သည်။

​တပည့်ညီလာခံတွင် ဟုန်းယွင်နှင့် သိကျွမ်းပြီးနောက် မြောင်ယန်က ဟုန်းယွင်၏ တန်ဖိုးကို မြင်ခဲ့သဖြင့် သူ့ထံသို့ အမြဲ ဆက်သွယ်နေခဲ့သည်။

​ဟုန်းယွင်၏ ရှေ့တွင်မူ မြောင်ယန်က သူ့ကိုယ်သူ အပြစ်ကင်းစင်သူ၊ ဖြူစင်သူ၊ ဂိုဏ်းအတွက်သာ စိတ်ရောကိုယ်ပါ ပေးဆပ်နေသူ ပုံစံမျိုးဖြင့် အမြဲ ဟန်ဆောင် ထားခဲ့သည်။

​သူတို့က တစ်ခေတ်တည်း ဖြစ်ကြပြီး ကျွမ်းချင်းနန်းတော်က မြင့်မြတ်သမီးတော် ရာထူးကို အတည်မပြုသေးသော်လည်း ဟုန်းယွင်မှာမူ သူတို့မျိုးဆက်၏ မြင့်မြတ်သားတော် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

​ထို့ကြောင့် မြောင်ယန်က ဟုန်းယွင်နှင့် ပတ်သက်သည့် ဤဆက်ဆံရေးကို အသုံးချရန် ပြင်ဆင်ခဲ့သည်။

​သူမက တိုက်ဆိုင်မှုပေါင်းများစွာကို ဖန်တီးကာ သူမနှင့် ဟုန်းယွင်ကြားရှိ "သံယောဇဉ်" ကို အရှိန်အဟုန်ဖြင့် မြင့်တက်စေခဲ့သည်။ ထို့နောက် သင့်တော်သလို ကောလဟာလ ဖြန့်မှုများ ပြုလုပ်ခဲ့ရာ မကြာခင်မှာပင် သူတို့နှစ်ဦးမှာ ထိုခေတ်က အားကျဖွယ်ရာ ချစ်သူစုံတွဲတစ်တွဲအဖြစ် နာမည်ကျော်ကြားလာခဲ့သည်။

​ပြင်ပလောကက မြောင်ယန်သည် မည်သို့သော နည်းလမ်းဖြင့် ဤနေရာသို့ ရောက်လာသည်ကို မသိကြပေ။ ထို့ကြောင့် ဟုန်းယွင်ဘက်မှ အင်အားစုမှာလည်း သူတို့နှစ်ဦး၏ ပတ်သက်မှုကို အလွန် အားပေးကြသည်။ အကြောင်းမှာ ဟုန်းယွင်မှာ မြင့်မြတ်သားတော် ဖြစ်ပြီး မြောင်ယန်မှာလည်း ကျွမ်းချင်းနန်းတော်၏ "သတ်မှတ်ပြီးသား" မြင့်မြတ်သမီးတော် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

​သူတို့နှစ်ဦး သံယောဇဉ် ခိုင်မြဲပါက နှစ်ဖက်အင်အားစုများ၏ အနာဂတ် ဆက်ဆံရေးမှာလည်း ပိုမို ကောင်းမွန်လာမည် ဖြစ်သည်။

​ကျွမ်းချင်းနန်းတော် အဆင့်မြင့် အကြီးအကဲများင စိတ်ထဲမှ မပါသော်လည်း ဤကိစ္စမှာ ပြင်ပအင်အားစုနှင့် ပတ်သက်နေသလို ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စလည်း ဖြစ်နေသဖြင့် အလွန်အကျွံ ဝင်ရောက် စွက်ဖက်ခြင်း မပြုဝံ့သလို မြောင်ယန်၏ အမည်းစက် သမိုင်းကြောင်းကိုလည်း ထုတ်ဖော် မပြောဝံ့ကြပေ။

​အကြောင်းမှာ သူတို့က သူတို့၏ ဖြောင့်မတ်သော ဂိုဏ်းဆိုသည့် ဂုဏ်သိက္ခာကို အလွန် တန်ဖိုးထားကြသောကြောင့် ဖြစ်သည်။ မြောင်ယန်မှာ ထိုစဉ်က သူတို့ဂိုဏ်း၏ မျက်နှာဖုံး ဖြစ်နေသဖြင့် အကယ်၍ ဤကိစ္စ ပေါက်ကြားသွားပါက ကျွမ်းချင်းနန်းတော်၏ ဂုဏ်သိက္ခာမှာ ကြီးမားစွာ ထိခိုက်မည် ဖြစ်သည်။

​မြောင်ယန်သည်လည်း ဤအချက်ကို ကောင်းကောင်း အသုံးချခဲ့သည်။

​ဟုန်းယွင်နှင့် သံယောဇဉ် နက်ရှိုင်းလာစဉ်မှာပင် သူမက ဟုန်းယွင်နှင့်အတူ တခြား အင်အားစုများကြားတွင် အလွန် ထင်ပေါ်ကျော်ကြားအောင် လှုပ်ရှားခဲ့ပြီး စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းပေါင်းများစွာကို ချန်ထားခဲ့သည်။

​ပြင်ပလူများ၏ အမြင်တွင်မူ သူတို့မှာ ကောင်းကင်က ဖန်တီးပေးထားသည့် ရွှေဖူးစာစုံတွဲပင် ဖြစ်သည်။ သူတို့ကို ခွဲပစ်မည့်သူ ရှိပါက ကောင်းကင်က ကျိန်စာသင့်လိမ့်မည်ဟုပင် ထင်မှတ်ကြသည်။

​ပြင်ပလောက၏ ထောက်ခံမှုများနှင့်အတူ မြောင်ယန်၏ မြင့်မြတ်သမီးတော် ရာထူးမှာလည်း အခြေခံအားဖြင့် အတည်ဖြစ်လာခဲ့သည်။

​ကျွမ်းချင်းနန်းတော်၏ မြင့်မြတ်သမီးတော် ဖြစ်လာရန်မှာ သေချာပေါက် ဖြစ်လာမည့် ကိစ္စဖြစ်ပြီး အချိန်တန်လျှင် ရောက်လာလိမ့်မည်ဟု လူတိုင်းက ယူဆထားကြသည်။

​ယင်းမှာ မြောင်ယန်၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။

​သူမက ပြင်ပလောက၏ အမြင်ကို အသုံးချကာ ကျွမ်းချင်းနန်းတော် အဆင့်မြင့် အကြီးအကဲများကို ဖိအားပေးပြီး သူမအား မြင့်မြတ်သမီးတော်အဖြစ် မလွှဲမရှောင်သာ အတည်ပြုပေးရန် လုပ်ခဲ့ခြင်း ဖြစ်သည်။

​ပြောရလျှင် ကျွမ်းချင်းနန်းတော်က သူတို့၏ ဂုဏ်သိက္ခာကို အလွန် အလေးထားလွန်းခဲ့သည်။

​အကျိုးဆက်မှာ မြောင်ယန် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။

​ကျွမ်းချင်းနန်းတော်က မြောင်ယန်ကို ဘာကြောင့် မြင့်မြတ်သမီးတော်အဖြစ် တရားဝင် အတည်မပြုသေးတာလဲဟု လူများက စတင် ဝေဖန်ပြောဆိုလာကြသောအခါ ကျွမ်းချင်းနန်းတော် အဆင့်မြင့် အကြီးအကဲများမှာ ဆက်လက် အချိန်ဆွဲရန် မဖြစ်နိုင်တော့ပေ။

​နောက်ဆုံးတွင် သူတို့က မြောင်ယန်နှင့် သဘောတူညီချက် တစ်ခု ပြုလုပ်ခဲ့ရသည်။

​နောင်တွင် မြောင်ယန်က သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲပြီး ထိုကဲ့သို့ ယုတ်မာရက်စက်သော နည်းလမ်းများကို ထပ်မံ အသုံးမပြုတော့ရန်၊ ဂိုဏ်းသားအချင်းချင်း မနှိပ်စက်ရန်နှင့် ကျွမ်းချင်းနန်းတော် အတွက်သာ စိတ်ရောကိုယ်ပါ ပေးဆပ်ရန် ကတိပေးခဲ့လျှင် သူမအား မြင့်မြတ်သမီးတော်အဖြစ် အသိအမှတ်ပြုမည် ဖြစ်သည်။

​မြောင်ယန်ကလည်း ချက်ချင်းပင် သဘောတူခဲ့သည်။

​ထိုသို့ဖြင့် သူမက ရည်မှန်းချက် အောင်မြင်သွားကာ ကျွမ်းချင်းနန်းတော်၏ မြင့်မြတ်သမီးတော် ချောချောမွေ့မွေ့ ဖြစ်လာခဲ့သည်။

​သို့သော် လူတစ်ယောက်သည် ငယ်စဉ်ကတည်းက မရိုးသားသော နည်းလမ်းများဖြင့် သူ့ ရည်မှန်းချက်များကို အကြိမ်ကြိမ် အောင်မြင်ခဲ့သူ ဖြစ်ရာ သူမက အလွယ်တကူ မည်သို့ ပြောင်းလဲနိုင်ပါမည်နည်း။

​မြင့်မြတ်သမီးတော် ဖြစ်လာပြီးနောက် မြောင်ယန်က ပိုမိုကြီးမားသော အာဏာများကို ပိုင်ဆိုင်လာခဲ့ပြီး သူမ၏ နည်းလမ်းများမှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ပင် ဆိုးရွားလာခဲ့သည်။

​အောက်ခြေတွင်မူ သူမ၏ မြင့်မြတ်သမီးတော် ရာထူး ခိုင်မြဲစေရန်နှင့် ခြိမ်းခြောက်မှု မရှိစေရန်အတွက် သူမအား အန္တရာယ် ပေးနိုင်သည့် ပါရမီရှင် တပည့်များကို ဆက်လက် နှိပ်ကွပ်ခဲ့သည်။

​အထက်ပိုင်းတွင်မူ သူမက သူ့ နည်းလမ်းများကို အသုံးပြုကာ ကျွမ်းချင်းနန်းတော်၏ အဆင့်မြင့် အကြီးအကဲများအတွင်းသို့ စတင် ထိုးဖောက်တော့သည်။

​အကြောင်းမှာ သူမကို ဆန့်ကျင်နေသည့် အဆင့်မြင့် အကြီးအကဲများ ရှိနေသရွေ့ သူမ၏ ရာထူးမှာ မည်သည့်အခါမျှ ခိုင်မြဲမည် မဟုတ်ဘဲ တစ်နေ့နေ့တွင် ကန်ချခံရနိုင်ကြောင်း သူမ နားလည်ထားသောကြောင့် ဖြစ်သည်။

​လက်ထဲတွင် အာဏာမရှိစဉ်ကပင် မြောင်ယန်သည် ဤမျှများပြားသော ကိစ္စများကို လုပ်ဆောင်နိုင်ခဲ့ရာ ယခု အာဏာရှိလာချိန်တွင်မူ သူမအတွက် ပို၍ပင် လွယ်ကူသွားတော့သည်။

​မကြာမီ အချိန်အတွင်းမှာပင် ကျွမ်းချင်းနန်းတော် အဆင့်မြင့် အကြီးအကဲ ထက်ဝက်ခန့်မှာ သူမ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီး သူမကို ဆန့်ကျင်သည့် အသံများမှာ တစ်နေ့ထက်တစ်နေ့ ပို၍ တိုးတိတ်လာခဲ့သည်။

​နောက်ဆုံးတွင် ထိုအသံများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး မြောင်ယန်က ကျွမ်းချင်းနန်းတော်၏ နန်းတော်သခင် ဆက်ခံသူအဖြစ် အောင်မြင်စွာ ရောက်ရှိခဲ့သည်။

​အကယ်၍ ဤအခြေအနေအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူမက ကျွမ်းချင်းနန်းတော်၏ နောက်ထပ် နန်းတော်သခင် ဖြစ်လာမှာ သေချာပြီး ယခင် မြင့်မြတ်သမီးတော် ရာထူးထက်ပင် ပို၍ သေချာနေခဲ့သည်။

​သို့သော် လောဘဇောမှာ မသတ်နိုင်ပေ။

​အာဏာ၏ အရသာကို သိသွားသော မြောင်ယန်က ဤမျှနှင့် မကျေနပ်နိုင်ဘဲ ထိုအချိန် ရောက်လာမည့်အထိ အေးအေးဆေးဆေး စောင့်နေနိုင်ပါမည်နည်း။

​ထို့ကြောင့် သူမက ကျွမ်းချင်းနန်းတော်အတွင်း ပုန်ကန်မှုတစ်ခုကို ဖန်တီးခဲ့ပြီး ထိုစဉ်က နန်းတော်သခင်ကို နာမည်ဖျက်ကာ နန်းတော်မဟာခန်းမအတွင်း၌ပင် သေအောင် ဖိအားပေးခဲ့သည်။

​ထိုသို့ဖြင့် ဟုန်းယွင် မြင့်မြတ်သားတော် ဖြစ်ပြီးနောက်မှ တက်လာသော မြောင်ယန်က ဟုန်းယွင်ထက် အရင်ဦးအောင် ကျွမ်းချင်းနန်းတော်၏ နန်းတော်သခင် ဖြစ်လာခဲ့သည်။

​“တော်တော် လက်စွမ်းထက်တာပဲ”

​စကားဆုံးသွားသောအခါ ထန်ထျန်းပင် မချီးကျူးဘဲ မနေနိုင်တော့ပေ။

​ဤမြောင်ယန်၏ ဘဝဇာတ်ကြောင်းမှာ အမှန်တကယ်ပင် သာမန်မဟုတ်ပေ။ ဗီလိန်တစ်ယောက်၏ ပြန်လည် တိုက်ခိုက် မှုနှင့် တိုးတက်ရာ လမ်းကြောင်း ဟုပင် ဆိုနိုင်သည်။

​သူမနှင့် နှိုင်းယှဉ်ပါက ဟုန်းယွင်မှာ အလွန်ပင် ချောမွေ့လွန်းခဲ့သလို အလွန်ပင် ရိုးအ လွန်းခဲ့သည်။

​မြောင်ယန်၏ လမ်းတွင် ဟုန်းယွင်မှာ သူမ အသုံးချခဲ့သည့် နယ်ရုပ်တစ်ခုမျှသာ ဖြစ်သည်။

​“အဲဒီတုန်းက မြင့်မြတ်နယ်မြေက လူတွေ ကျွမ်းချင်းနန်းတော်ရဲ့ သမိုင်းကို စစ်ဆေးတဲ့အခါ မြောင်ယန်ကြောင့် တကယ်ပဲ လန့်သွားခဲ့ရတယ်”

​“သူမရဲ့ နည်းလမ်းတွေက သိက္ခာမရှိပေမဲ့ သူမက သူ့ရဲ့ အသာစီးရမှု အားလုံးကို အသုံးချတတ်ပြီး ရည်မှန်းချက်အတွက် ဘာမဆို လုပ်ဝံ့တဲ့ အမျိုးသမီး တစ်ယောက်ဆိုတာကိုတော့ ဝန်ခံရလိမ့်မယ်”

​“ဒါပေမဲ့ ‘မြစ်ကမ်းနားမှာ ခဏခဏ လမ်းလျှောက်နေရင် ဖိနပ်ကတော့ စိုမှာပဲ’ ”

​“တစ်ကြိမ်လေး မှားယွင်းလိုက်တာနဲ့ သူမက ချက်ချင်းပဲ ပြန်လမ်းမရှိအောင် ဖြစ်သွားခဲ့ရတယ်”

​အရှင်ဝူဟွေ့က ဆက် ပြောပြပြန်သည်။

​နန်းတော်သခင် ဖြစ်လာပြီးနောက် မြောင်ယန်က သေခြင်းရှင်ခြင်း အာဏာကို ချုပ်ကိုင်ကာ သူမ နှင့် မသင့်မြတ်သူများကို ရှင်းလင်းပြီး ကျွမ်းချင်းနန်းတော်ကို သူမ၏ လက်ထဲသို့ အလုံးစုံ သွတ်သွင်းခဲ့သည်။

​နောက်ဆုံးတွင် ရည်မှန်းချက် အောင်မြင်သွားသောအခါ သူမက သူမကိုယ်သူမ အလိုလိုက်ကာ ကာမဂုဏ်၌ ပျော်ပါးပြီး အလွန်အကျွံ ဖောက်ပြန်လာခဲ့သည်။

​ကျွမ်းချင်းနန်းတော်က နှစ်ပေါင်း သောင်းချီ ထိန်းသိမ်းလာခဲ့သော ဂုဏ်သိက္ခာမှာ တစ်ညတည်းနှင့် ပျက်စီးသွားခဲ့ပြီး ဂိုဏ်းတစ်ခုလုံးမှာလည်း ပုံမှန်မဟုတ်တော့ပေ။

​ပျော်ပါးလို့ မောလာသည့်အခါတွင်မူ မြောင်ယန်က ဟုန်းယွင်ကို သွားရှာကာ “ဖြူစင်တဲ့” အချစ်ကို ဆက်လက် ဖော်ဆောင်လေ့ရှိသည်။

​ပြောရလျှင် ထိုအချိန်က ဟုန်းယွင်မှာ မြောင်ယန်အတွက် စိတ်အပန်းဖြေစရာ “ကစားစရာ” တစ်ခုမျှသာ ဖြစ်သည်။

​အချိန်ကြာလာသည်နှင့်အမျှ ဟုန်းယွင်က မြောင်ယန်၏ ဟန်ဆောင်မှုများကို စောစောစီးစီး သိသွားမှာဖြစ်ပြီး သူ့ကိုယ်သူ လူပြိန်းတစ်ယောက်ဖြစ်ကြောင်း နားလည်သွားမှာ ဖြစ်သည်။

​သို့သော် ထိုအချိန်တွင် လုံကျိုကျိုးမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

​မြောင်ယန်က ပါရမီထူးချွန်ပြီး ခန့်ညားသည့်အပြင် လူငယ်လည်းဖြစ်၊ ခွန်အားလည်း သန်မာ လှသည့် ဤမျိုးဆက်သစ် လူငယ်လေးထံသို့ သူမ ချက်ချင်းပင် မျက်စိကျ သွားတော့သည်။

All Chapters