← Chapters

သတင်းမှား လွှင့်ခြင်း

Vol. 62 Ch. 655

သတင်းမှား လွှင့်ခြင်း

Vol. 62 Ch. 655

​အချစ်ဦးဆိုသည်မှာ သန့်ရှင်းစင်ကြယ်ပြီး မည်သူမျှ မထိနိုင်သော အရာမျိုး ဖြစ်သည်။

​သို့သော် ဤစကား၏ နောက်တွင် နောက်ထပ် စကားတစ်ခွန်း ရှိသေးသည်။

​"ဦးနှောက်မရှိတဲ့သူကတော့ သေရတာ တန်ပါတယ်"

​ဟုန်းယွင်က ဂိုဏ်းတစ်ခု၏ အရှင်သခင် ဖြစ်ပါလျက် သူ့စိတ်ထဲရှိ လရောင်ဖြူလေးအတွက်နှင့် သူ့၏ ဂိုဏ်းသားများကို ပစ်ပယ်ကာ သူလျှိုတစ်ယောက်အဖြစ် သွား လုပ်ခဲ့သည်။

​ထိုစဉ်က ထိုက်ယိမြင့်မြတ်နယ်မြေထံ နောက်ဆုံးတွင် အညံ့ခံခဲ့ကြသည့် အင်အားစုအားလုံးသည် သူတို့၏ အမွေအနှစ်များကို ဆက်ခံခွင့် ရရှိခဲ့ကြသည်။ အချို့မှာ ယခုထက်တိုင် သီးခြားရပ်တည်နိုင်ဆဲ ဖြစ်ပြီး ယခင်ကထက်ပင် ပိုမို ကြီးထွားလာခဲ့ကြသည်။

​သို့သော် မြင့်မြတ်နယ်မြေထံ အစောဆုံး အညံ့ခံခဲ့သည့် ဟုန်းယွင်၏ အင်အားစုမှာမူ အချိန်ကြာလာသည်နှင့်အမျှ လူတို့၏ အမြင်အာရုံထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရသည်။

​ဂိုဏ်းသား အချင်းချင်းမှာလည်း တကွဲတပြား ဖြစ်ကုန်ကြပြီး ယခုအခါတွင်မူ အမည်ပင် မရှိတော့ဘဲ "ဟုန်းယွင်တောင်" ဟုသာ ကျန်ရစ်တော့သည်။

​သူ့၏ အမွေအနှစ်တွေတောင် ပျောက်ကွယ်ကုန်ပြီ ဖြစ်ပါလျက်နှင့် သူ့၏ ပန်းဖြူလေးကို တမ်းတနေဆဲ ဖြစ်ရာ သူ့ကို ဦးနှောက်မရှိသူဟု ခေါ်လျှင်လည်း လွန်မည် မထင်ပေ။

​တစ်ဖက်တွင်မူ သူက ကံကောင်းသူဟု ဆိုရမည်။

​အကယ်၍ လုံကျိုကျိုး မြင့်မြတ်နယ်မြေကို စီမံနေသည့် ကာလအတွင်း သူက မြင့်မြတ်နယ်မြေ၏ ပါရမီရှင်တစ်ဦး ဖြစ်နေကြောင်းသာ သိသွားခဲ့ပါက ဟုန်းယွင်၏ ဂိုဏ်းသားအားလုံးမှာ သူ့ကြောင့် ဘေးဒုက္ခ ကြုံရပေလိမ့်မည်။

​အချစ်ဆိုတာ ရှိသင့်သော်လည်း အတိုင်းအတာ ရှိရမည်။

​သိသာသည်မှာ ဟုန်းယွင်တွင် ထိုအတိုင်းအတာ မရှိဘဲ ကု မရသော "အချစ်ရူး" တစ်ယောက်သာ ဖြစ်နေခဲ့သည်။

​"ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားလဲ"

​ထန်ထျန်းက မေးလိုက်သည်။

​အရှင်ဝူဟွေ့က ခေတ္တစဉ်းစားပြီးနောက် "ဟုန်းယွင်တောင်ကို ကျွန်တော် အရင်က စုံစမ်းဖူးတယ်၊ သိပ်ထူးထူးခြားခြား ပြဿနာတော့ မရှိပါဘူး"

​"မြောင်ယန်နဲ့ တိတ်တဆိတ် သတင်းပို့တဲ့ ကိစ္စကိုလည်း ဟုန်းယွင်က တခြားသူတွေကို အလွယ်တကူ ပြောပြမှာ မဟုတ်ဘူး"

​"သူ အခု သေသွားပြီဆိုတော့ တခြားသူတွေကို ပတ်သက်နေဖို့ မလိုတော့ဘူးလေ"

​"ကျွန်တော် ပြန်သွားပြီး ဟုန်းယွင် ပေါက်ကြားခဲ့တဲ့ သတင်းတွေက မြင့်မြတ်နယ်မြေအပေါ် ဘယ်လောက် ထိခိုက်နိုင်မလဲဆိုတာ သေချာ တွက်ချက်ပြီးမှ လိုအပ်တာတွေ စီစဉ်လိုက်ပါ့မယ်"

​ထန်ထျန်းက ခေါင်းညိတ်ပြီးနောက် မေးလိုက်သည်။ "ဒါနဲ့ မြောင်ယန် အခုရှိနေတဲ့ နေရာက ဘယ်ကျိကျွင်းရဲ့ နယ်မြေလဲ"

​အရှင်ဝူဟွေ့က "မြောင်ယန်က ထိုက်ယိမြင့်မြတ်နယ်မြေကနေ ထွက်ပြေးပြီးကတည်းက သဲလွန်စ ပျောက်သွားတာ၊ ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး"

​"ဒါကြောင့် သူမ ဘယ်နေရာမှာ ရှိနေလဲဆိုတာ ကျွန်တော်တို့လည်း အတိအကျ မသိရဘူး"

​ထန်ထျန်းက ဘာမှမပြောဘဲ စောစောက သူ ကမ္မကြိုးများမှတစ်ဆင့် ရှာဖွေတွေ့ရှိထားသည့် အရပ်မျက်နှာကို အရှင်ဝူဟွေ့အား ညွှန်ပြလိုက်သည်။

​အရှင်ဝူဟွေ့မှာ ချက်ချင်းပင် မှင်တက်သွားတော့သည်။

​"ကွမ်းမင် (အလင်း) မြင့်မြတ်နယ်မြေလား"

​ထို့နောက် သူက မျက်မှောင်ကြုတ်လျက် လေးနက်သော အသံဖြင့် "ကျွန်တော် တွေးမိသင့်တာ"

​"ဒီနှစ်တွေအတွင်းမှာ ကွမ်းမင်မြင့်မြတ်နယ်မြေက ကျွန်တော်တို့ကို အမြဲ ရန်စနေတာ၊ သူတို့က ကျွန်တော်တို့ ထိုက်ယိမြင့်မြတ်နယ်မြေအတွက် အခက်ခဲဆုံး ပြိုင်ဘက်ပဲ"

​"ပြီးတော့ သူတို့က အကြိမ်ပေါင်းများစွာ အံ့သြစရာကောင်းလောက်အောင် လက်ဦးမှု ရယူနိုင်ခဲ့တယ်၊ ကြည့်ရတာ မြောင်ယန်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာ ဖြစ်လိမ့်မယ်"

​ထန်ထျန်းက "သူတို့ရဲ့ ကျိကျွင်းနာမည်က ဘယ်သူလဲ"

​အရှင်ဝူဟွေ့က "ကွမ်းမင်မြင့်မြတ်နယ်မြေရဲ့ အရှင်သခင်ကို ‘မင်ယောင်ကျိကျွင်း’ လို့ ခေါ်ကြတယ်"

​"သူက လွန်ခဲ့တဲ့ နှစ်ပေါင်း သိန်းချီကတည်းက ကျိကျွင်း ဖြစ်ခဲ့တာ၊ ခွန်အားကြီးမားတဲ့ ဝါရင့်ကျိကျွင်း တစ်ဦးပေါ့"

​"ကွမ်းမင်မြင့်မြတ်နယ်မြေရဲ့ နယ်မြေက ကျွန်တော်တို့ထက် ပိုကျယ်သလို ပါရမီရှင်တွေလည်း အများကြီးပဲ"

​"အကယ်၍ မြောင်ယန်က တကယ်ပဲ ကွမ်းမင်မြင့်မြတ်နယ်မြေအတွက် အလုပ်လုပ်ပေးနေတာဆိုရင် သူမရဲ့ စရိုက်အရ ထိုက်ယိမြင့်မြတ်နယ်မြေအတွက် အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်မှု ရှိနေမှာ အမှန်ပဲ"

​ထန်ထျန်းက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

​မြောင်ယန်နှင့် ထိုက်ယိမြင့်မြတ်နယ်မြေကြားရှိ ရန်ငြိုးရန်စများကိုမူ သူက သိပ်ပြီး ဂရုမစိုက်ပေ။

​သူမ မည်မျှပင် အစွမ်းထက်ပါစေ၊ တာအိုအရှင် တစ်ဦးမျှသာ ဖြစ်သည်။ ကျိကျွင်း၏ ရှေ့တွင်မူ မည်သည့်အခါမျှ ကောင်းကင်ကို ပြောင်းပြန်လှန်နိုင်မည် မဟုတ်ပေ။

​မြင့်မြတ်နယ်မြေ အချင်းချင်း ပြိုင်ဆိုင်မှုမှာလည်း သူ့အတွက်တော့ ကစားစရာမျှသာ ဖြစ်သည်။

​သူ ပို၍ ဂရုစိုက်သည်မှာ မင်ယောင်ကျိကျွင်း ဆိုသူက ဟုန်းယွင်ထံမှ မြောင်ယန်ရရှိခဲ့သည့် စာထဲက အကြောင်းအရာတွေကို သိ၊ မသိ ဆိုသည့် အချက်ပင် ဖြစ်သည်။

​အကယ်၍ တစ်ဖက်လူက သိသွားပြီဆိုလျှင် သူက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။

​"မင်ယောင်ကျိကျွင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အကုန်လုံးကို ရှာပြီး ငါ့ကိုပေးပါ"

​ ထန်ထျန်းက ပြောလိုက်သည်။

​အရှင်ဝူဟွေ့က ခေါင်းညိတ်ပြပြီး ဘာမှ ထပ်မမေးဝံ့ပေ။

​ကျိကျွင်း အချင်းချင်းကြားက ကိစ္စတွေကိုတော့ ကျိကျွင်းတွေပဲ ရှင်းပါစေပေါ့။

​ခဏအကြာတွင် အရှင်ဝူဟွေ့က မင်ယောင်ကျိကျွင်း၏ အချက်အလက်များကို ထန်ထျန်းထံ ပေးလိုက်သည်။

​ထန်ထျန်းက ဖတ်ကြည့်လိုက်သောအခါ အများစုမှာ မရေမရာသည့် ဒဏ္ဍာရီများသာ ဖြစ်နေပြီး အမှန်တကယ် အသုံးဝင်သည့် သတင်းက သိပ်မရှိလှပေ။

​ဒါကလည်း သဘာဝကျပါသည်။ ကျိကျွင်းနှင့် ကျိကျွင်းအောက် အဆင့်များမှာ မတူညီသော ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်နေသဖြင့် သတင်းအချက်အလက် အများကြီး သိနိုင်မည် မဟုတ်ပေ။

​သို့သော် သတင်းနည်းသော်လည်း အထောက်အကူတော့ ဖြစ်နိုင်ပါသည်။

​"ဟုန်းယွင်တောင်ဘက်က ကိစ္စကတော့ ပြဿနာ မရှိနိုင်ဘူးမလား"

​ထန်ထျန်းက မေးလိုက်သည်။

​အရှင်ဝူဟွေ့က "သိပ်ပြဿနာ မရှိပါဘူး"

​"ဝူရှန့်ကျိကျွင်း ရဲ့ ကိုယ်ပိုင်အမှတ်အသား တိုကင်ပြား ရှိနေတာဆိုတော့ ဘယ်သူမှ လျှောက်မပြောရဲကြပါဘူး"

​"ပြီးတော့ သခင်လေး ကလည်း ဘယ်သူ့ကိုမှ သတ်ခဲ့တာ မဟုတ်ဘူးဆိုတော့ ဒါကို သတိပေးမှု တစ်ခုလို့ပဲ သတ်မှတ်လိုက်ကြမှာပါ"

​ထန်ထျန်းက ဤမျှ ကြီးမားသော လှုပ်ရှားမှုကို ဖန်တီးခဲ့သည်မှာ မြင့်မြတ်နယ်မြေရှိ တခြားသူများကို တိမ်တိုက်တောင်ကို လာရောက် မနှောင့်ယှက်ရန် သတိပေးလိုခြင်းကြောင့် ဖြစ်ကြောင်း အရှင်ဝူဟွေ့က နားလည်ထားသည်။

​တိမ်တိုက်တောင်က လူတွေကတော့ တကယ်ပဲ ကံကောင်းကြတာပဲ၊ သူ အောက်ကမ္ဘာကနေ တက်လာတဲ့ အချိန်တုန်းကတော့ ဒီလိုမျိုး အခွင့်အရေး မရခဲ့ဘူး...

​"ဒါပေမဲ့ နောက်ထပ် ပြဿနာတစ်ခု ရှိပါတယ်"

​အရှင်ဝူဟွေ့က "ကျွန်တော်က ဝူရှန့်ကျိကျွင်း ရဲ့ တိုကင်ပြားကို သုံးပြီး သခင်လေး ရဲ့ ခွန်အားကို ဖုံးကွယ်ပေးထားပေမဲ့ ဒီက သတင်းတွေကတော့ ပေါက်ကြားသွားမှာ သေချာတယ်"

​"သခင်လေး ရဲ့ တကယ့်ခွန်အားကို တစ်ယောက်ယောက်က သံသယဝင်မှာ ကျွန်တော် စိုးရိမ်မိတယ်"

​ထန်ထျန်းက လက်ကာပြလိုက်သည်။ "ဒါက ကိစ္စမရှိဘူး"

​"ငါ လက်မလှုပ်ခင်ကတည်းက မြင့်မြတ်နယ်မြေ တစ်ခုလုံးကို ငါ စောင့်ကြည့်ထားပြီးသား"

​"ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ငါနဲ့ ပတ်သက်တဲ့ ဘယ်သတင်းမှ အပြင်ကို ပေါက်ကြားသွားမှာ မဟုတ်ဘူး"

​သူက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားပြီးသား ဖြစ်သဖြင့် ဤမျှ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

​အရှင်ဝူဟွေ့က ခေတ္တမျှ စဉ်းစားပြီးနောက် "ဒါဆိုရင် ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ"

​"သတင်းတွေကို လုံးဝ ပိတ်ဆို့ထားရင်လည်း လူတွေက သံသယ ဝင်နိုင်တယ်"

​"ကျွန်တော် ပြန်ရောက်ရင် ကြေညာချက် အချို့ ထုတ်ပြန်လိုက်ပါ့မယ်၊ ပြီးတော့ စကားလုံးတွေ သုံးပြီး ဒီကိစ္စကို ဖုံးကွယ်ပေးလိုက်မယ်"

​"သခင်လေး က ကျိကျွင်းခွန်အားကို အသုံးမပြုခဲ့ဘူးဆိုတော့ ဒါကို လုပ်လို့ရနိုင်ပါတယ်"

​ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။ အရှင်ဝူဟွေ့ကိုပဲ စီစဉ်ခိုင်းလိုက်တော့မည်၊ သူက တစ်ဖက်လူ၏ စွမ်းဆောင်ရည်ကို ယုံကြည်ပါသည်။ မဟုတ်လျှင်လည်း လုံကျိုကျိုးက အတွေ့အကြုံ အနည်းဆုံးဖြစ်သည့် အရှင်ဝူဟွေ့ကို မြင့်မြတ်နယ်မြေ တစ်ခုလုံးအား စောင့်ရှောက်ရန် လွှဲအပ်ခဲ့မည် မဟုတ်ပေ။

​သို့သော် အလုံးစုံ ဖုံးကွယ်ထားမည့်အစား သတင်းအချို့ လွှင့်ပေးလိုက်ခြင်းက ပိုကောင်းပါလိမ့်မည်။

​ငါးစာမရှိဘဲနှင့် သားကောင် က အနားကို ဘယ်လို တိုးလာပါမည်နည်း။

​"ငါ့အတွက် နောက်ထပ် ကိစ္စတစ်ခု ကူညီပေးဦး"

​"နောက်လအနည်းငယ်ကြာရင် ‘လင်းယွင်တောင်တန်း’ ကို သွားရတော့မယ်မလား"

​"ငါလည်း မြင့်မြတ်နယ်မြေက အဖွဲ့ကြီးနဲ့ လင်းယွင်တောင်တန်းကို လေ့ကျင့်ဖို့ လိုက်သွားမယ်လို့ သတင်းအချို့ လွှင့်ပေးလိုက်ပါ"

​"ကွမ်းမင်မြင့်မြတ်နယ်မြေက လူတွေ သိအောင် သေချာ လုပ်လိုက်"

​ထန်ထျန်းက ပြောလိုက်သည်။

​မင်ယောင်ကျိကျွင်းက သူ့အကြောင်းကို သိ၊ မသိ ဆိုသည်မှာ မသေချာသေးပေ။

​အကယ်၍ မြောင်ယန် တစ်ဦးတည်းသာ သိနေတာဆိုလျှင် ဝါရင့်ကျိကျွင်း တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မလိုအပ်ပေ။

​သို့သော် သူ့သတင်းကို လွှင့်လိုက်လျှင် မြောင်ယန်၏ စရိုက်အရ ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ကြောင်း သူ ယုံကြည်သည်။

​"ဟုတ်ကဲ့"

​အရှင်ဝူဟွေ့က ရိုသေစွာဖြင့် ပြန်ဖြေ လိုက်သည်။

​ထန်ထျန်း ဘာကြောင့် ဤသို့ လုပ်ခိုင်းရသလဲဆိုသည်ကို သူ မသိသော်လည်း ညွှန်ကြားထားသည် ဖြစ်ရာ သူက ခိုင်းသည့်အတိုင်းသာ လုပ်ဆောင်ရမည် ဖြစ်သည်။

​ထို့နောက် သူတို့နှစ်ဦးမှာ တခြား အသေးစိတ် အချက်အလက်များကို ထပ်မံ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ဟုန်းယွင်တာအိုအရှင်၏ စာကြည့်တိုက်မှ ထွက်လာခဲ့ကြသည်။

​သူတို့ ထွက်လာသည့် အခါတွင် ဟုန်းယွင်တောင် မဟာခန်းမ၌ ရှိနေကြသော သူများမှာ အသက်ပင် ဝံ့ဝံ့ မရှူရဲကြပေ။ ဤ "ဝူရှန့်ကျိကျွင်း စောင့်ရှောက်ထားသူ" ကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ပြဿနာ ရှာခံရမှာကို အလွန် ကြောက်ရွံ့နေကြသည်။

​သို့သော် ထန်ထျန်းမှာ ထိုသို့သော စိတ်ကူးမျိုး မရှိပေ။ သူက အရှင်ဝူဟွေ့နှင့်အတူ ထွက်လာခဲ့သည်။

​အပြင်သို့ ရောက်သောအခါ၊ ထိတ်လန့်နေဆဲ ဖြစ်သော တိမ်တိုက်တောင်က လူများကို ခေါ်ဆောင်ကာ အတူတူ ပြန်လာခဲ့တော့သည်။

All Chapters