အခန်း (၁၅၁-၁၅၃)
Vol. 11 Ch. 151-153
151 01
အပိုင်း (151) တစ်ခါသုံးတူတွေကို ငြင်းဆန်မဲ့ trend
ချင်တု....
ဝုန်း။
ဈေးဆိုင်တစ်ခုအတွင်းတွင် ထိုင်နေသည့် လောင်ချင်က သူ၏အရှေ့ရှိ ကွန်ပျူတာကို ကြည့်နေရင်း စားပွဲကို ခပ်ကြမ်းကြမ်းရိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဆိုင်အတွင်းရှိ ခေါက်ဆွဲစားနေကြသော စားသုံးသူများအားလုံးက သူ့ကို စိတ်ရှုပ်ထွေးစွာ မော့ကြည့်လာကြသည်။
“လောင်ချင်”
“ဘာဖြစ်တာလဲ”
“ရှက်စရာပဲ”
“ဘယ်လိုကြောင့်များ ဒီလိုလုပ်ကြတာလဲ”
လောင်ချင်က ဒေါသတကြီး မတ်တပ်ထရပ်လိုက်ပြီး ဘားကောင်တာအတွင်း ပတ်လျှောက်သည်။ ကွန်ပျူတာ ဖန်သားပြင်တွင် ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုက ပွင့်နေလေသည်။
အထူးသဖြင့် မျောက်ဝံစားသိမ်းငှက်များ၏ ပုံကို ကြည့်နေရင်း လောင်ချင်ကလည်း သူ၏ရင်ဘတ်က ပေါက်ကွဲတော့မည်ဟု ခံစားလာရသည်။
ချင်တုရှိ လူအများစုသည် စိတ်ဆတ်ကြသည်။ အထူးသဖြင့် လူသားများက တစ်တောလုံးကို ခုတ်ဖြတ်သွားပြီး နေရာတိုင်းက သွေးမှုန်များအဖြစ် ကျန်ရစ်ခဲ့သော မြေပြင်အနေအထားကို မြင်လိုက်ရသော အခိုက်အတန့်တွင် သူဟာ ပို၍ ဒေါသထွက်လာရသည်။ သူတို့၏ ချင်မြို့တော်တွင် တိရိစ္ဆာန်များ ကယ်ဆယ်ရေးက အကောင်အထည်ပေါ်ကာ ဆက်လက်ဖြစ်ပွားနေသည်။
ပိတ်ရက်များတွင် တခြားသောသူများနှင့် စကားပြောရသည့်အခါ လောင်ချင်က အမြဲဂုဏ်ယူနေတတ်သည်။
“ငါအရင်ဦးဆောင်ပြီး မင်းကိုထောက်ပံ့မယ်”
ထိုသို့ရေရွတ်ပြီးနောက် လောင်ချင်က အံဆွဲကို ဖွင့်လိုက်သည်။ ထို့နောက် အတွင်းမှ စာရွက်ဖြူတစ်ရွက်ကို ကောက်ထုတ်လိုက်ပြီး ဘောပင်ကြီးကို သုံးကာ စာလုံးကြီးများကို ရေးဆွဲလေသည်။
ထို့နောက် လူတိုင်း၏ ကြောင်တောင်တောင်ဖြစ်နေသော အကြည့်များအောက်တွင် ထိုစာရွက်ဖြူကြီးက ဆိုင်အတွင်းရှိ လူအမြင်ဆုံးနေရာတွင် ကပ်လိုက်သည်။
“ဒီနေ့က စတင်ပြီး ငါတို့ရဲ့ဆိုင်မှာ တစ်ခါသုံးတူတွေကို မပေးတော့ဘူး၊ မင်းတို့ခေါက်ဆွဲစားချင်ရင် ကိုယ့်ဘာသာကိုယ် ယူလာခဲ့”
“ဘာ လောင်ချင် မင်းဘာဖြစ်တာလဲ”
“ဟုတ်သားပဲ ဘယ်သူက အပြင်ထွက်တဲ့အခါ တူတွေသယ်သွားလို့လဲ”
“ဘာဖြစ်တာလဲ၊ ခေါက်ဆွဲဆိုင်က တူမပေးရင် ငါတို့က လက်နဲ့စားရမှာလား၊ ငါထပ်မလာတော့ဘူး”
စားသုံးသူတစ်အုပ်က နံရံပေါ်ရှိ စာရွက်ဖြူကို စိတ်ရှုပ်ထွေးစွာကြည့်ရင်း သဘာဝမကျစွာ အော်ဟစ်ကြလေသည်။
ဒီလိုတောင်းဆိုမှုမျိုးကို တစ်ခါမှ မကြားဖူးဘူး။
“ငါတို့က စားသုံးသူတွေနော်၊ မင်းက သူဌေး၊ ဒီတော့ အကျိုးအကြောင်း နားလည်စမ်းပါ၊ တစ်ခါသုံးတူက မင်းအတွက် အများကြီးကုန်ကျတယ်ဆိုပြီး ဒီလောက်ထိ ကပ်စေးကုပ်နေရင် ဘယ်သူက မင်းတို့ဆိုင်မှာ လာစားတော့မှာလဲ”
သက်လတ်ပိုင်းအရွယ် အဒေါ်ကြီးတစ်ယောက်က သူမ၏တူကို စားပွဲပေါ်ကို ဖြန်းခနဲ ရိုက်ချကာ ပစ်တင်လိုက်ရင်း မျက်လုံးကို ပြူးကျယ်ကာ အော်ပြောသည်။
“ဟုတ်တယ် ဟုတ်တယ် ငါတို့အားလုံးက အိမ်နီးချင်းတွေပဲ၊ လောင်ချင် မင်းဒီတစ်ခါတော့ တကယ်မှားတယ်”
လူတိုင်းက မတ်တပ်ထရပ်ပြီး သဘောတူကြောင်း ပြောကြသည်။
သို့ရာတွင် သူတို့၏အရှေ့မှ လောင်ချင်က အနည်းငယ်ပင် မယိမ်းယိုင်ဘဲ ခပ်တင်းတင်းရပ်နေမည်ဟု မထင်ထားမိကြချေ။ သူက စားပွဲကိုပင် ဖြန်းခနဲရိုက်လိုက်သေးသည်။
သူက လူတိုင်းကို လေးနက်သော မျက်လုံးများဖြင့်ကြည့်ပြီး အေးစက်စွာပြောသည်။
“မင်းတို့ မလာရင်လည်း မလာနဲ့ပေါ့၊ ဒါက စည်းမျဥ်းပဲ၊ မင်းတို့ ဒီနေ့ မကျေနပ်ဘူးဆိုရင်လည်း ငါမင်းတို့ရဲ့ပိုက်ဆံကို ပြန်အမ်းပေးလို့ရတယ်”
“ငါ့ရဲ့ ယဥ်ကျေးမှုပညာရေး အဆင့်အတန်းက မမြင့်ဘူးဆိုပေမဲ့လည်း ငါလောင်ချင်က အသိစိတ်ရှိတယ်၊ အသိစိတ်က ရှိကိုရှိသင့်တဲ့အရာပဲ၊ တစ်ခါသုံးတူတွေကို ငါတို့ရဲ့ဆိုင်မှာ လုံးဝ သုံးတော့မှာမဟုတ်ဘူး”
“တကယ်တော်တယ်”
ရုတ်တရက် စားဖိုမှူးယူနီဖောင်းကို ဝတ်ထားသည့် ခပ်ဝဝ လူကြီးတစ်ယောက်က ရှက်ရွံ့သော မျက်နှာမျိုးနှင့် အော်လိုက်သည်။
“ဒီနေ့ကစတင်ပြီး ငါတို့ရဲ့ဆိုင်ကလည်း တစ်ခါသုံးသူတွေကို မထောက်ပံ့တော့ဘူး”
“ငါတို့လည်း မထောက်ပံ့ဘူး”
“ချင်တုက မြို့သားတစ်ယောက်အနေနဲ့ မင်းတို့တွေ ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို မကြည့်ကြဘူးလား၊ တစ်ခါသုံးတူတွေကို လာနဲ့လုပ်ထားလဲ၊ သစ်ပင်တွေလေ၊ အာ...တစ်တောလုံး ဖြတ်ခုတ်ခံထားရတဲ့ အခန်းကို မြင်လိုက်ရုံနဲ့ ငါရင်ကွဲနာကျလို့ သေတော့မယ်”
151 02
ထိုအခိုက်တွင် လူတိုင်းက မှင်တက်သွားကြသည်။ အကြောင်းမူကား စားသောက်ဆိုင်ငယ်လေးများ၏ ပိုင်ရှင်ပေါင်းများစွာက တန်းစီပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ဆုံးဖြတ်ချက်များကို လာပြောကြသောကြောင့်ဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ”
“ဘယ်လိုဖြစ်ပြီး ဒါရိုက်တာဆုပိုင်နဲ့ ပတ်သက်နေတာလဲ”
ယခုလေးတင် အော်ဟစ်ဆူပူသောင်းကျန်းထားသည့် သက်လတ်ပိုင်းအရွယ် မိန်းမကြီးက သူမ၏ဖုန်းကို အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ကျွမ်းကျင်စွာ ဖွင့်ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက်....။
“ဟူး”
ထိုသက်လတ်ပိုင်းအရွယ်မိန်းမကြီး၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူမက စားပွဲပေါ်မှ တစ်ခါသုံးတူကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။
“သူဌေး ငါမှားတာပါ”
“အခုကစပြီး ငါဘယ်သွားသွား တူသယ်သွားပါ့မယ်”
“ငါတို့ရဲ့ မိသားစုက ကောင်းကင်ပြာတိရိစ္ဆာန်ရုံရဲ့ သစ္စာရှိပရိသတ်လေ၊ ဒါရိုက်တာဆုပိုင်ရဲ့ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကြောင့်သာ မဟုတ်ရင် သစ်ပင်တွေကို ခုတ်ဖြတ်တာက မှားယွင်းတယ်ဆိုတဲ့ အကြောင်းအရာကို သိကြမှာမဟုတ်ဘူး၊ ဝန်းကျင်တစ်ခုလုံးက ဒီလောက်ထိ ဆိုးရွားတဲ့ အကျိုးဆက်ကို ခံနေရတယ်”
သက်လတ်ပိုင်းအရွယ် မိန်းမကြီးက ခေါင်းကိုတစ်ချက်လှည့်ပြီး အခန်းထဲရှိ စားသုံးသူများကို ကြည့်သည်။ ထို့နောက် လေးနက်သောလေသံနှင့် ဆက်ပြောသည်။
“ငါက မူလတန်းဆရာမပဲ၊ ဒါကြောင့် တိရိစ္ဆာန်တွေက ကလေးတွေအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာကို ငါကောင်းကောင်းနားလည်တယ်”
“ငါပြန်သွားတဲ့အခါ ကျောင်းကို ဖုန်းဆက်ပြီး တစ်ခါသုံးတူတွေကို အသုံးမပြုဘဲ ရှောင်ကြဥ်ကြဖို့ ပူးပေါင်းပြီး လုပ်ဆောင်ကြဖို့ ဆွေးနွေးရမယ်”
“ငါတို့ ကိုယ်ပိုင်အားစိုက်ထုတ်မှုတွေနဲ့ပေါင်းပြီး ဝန်းကျင်တစ်ခုလုံးကို ကာကွယ်ရမယ်၊ တိရိစ္ဆာန်တွေကို ကာကွယ်ရမယ်”
“ကောင်းပြီ”
ထိုစကားကို ကြားပြီးနောက် လောင်ချင်က အော်သည်။ သူကအလွန် အံ့သြသွားသည်။ သူက စိတ်လှုပ်ရှားသွားသည်။
“အခုကစပြီး ငါတို့ရဲ့ဆိုင်ကို ကိုယ်ပိုင်တူသယ်လာပြီး လာတဲ့ ဘယ်သူမဆို....အဲဒီတူတွေက သစ်သားနဲ့လုပ်ထားတာ မဟုတ်သမျှ ၂၀%လျှော့ဈေးရမယ်”
“ငါတို့ ပိုက်ဆံတွေအားလုံးယူလို့တော့ ဘယ်ဖြစ်မလဲ၊ ဒါပေမဲ့ ကလေးတွေအတွက် နမူနာကောင်းတစ်ခုတော့ လုပ်ပေးရမယ်”
ထိုအချိန်တွင် လူတိုင်းနီးပါးက ဒါရိုက်တာဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဖွင့်ကြည့် ပြီးကြလေပြီ။ ပုံပြင်တစ်ခုလုံးကို မြင်ပြီးနောက် အားလုံးက တညီတညာတည်း ပြောကြသည်။
သို့ရာတွင်...
ဆုပိုင်က ထိုအကြောင်းအရာအားလုံးကို မသိချေ။
ထိုတိုက်ရိုက်ထုတ်လွှင့်မှုကြောင့် တစ်ခါသုံးတူများကို ဝိုင်းဝန်းဖယ်ကြဥ်ကြသည့် အကြောင်းအရာတစ်ခုလုံးက အင်တာနက်တစ်ခွင်အနှံ့ပျံ့နှံ့နေကြောင်းကိုပင် သူမသိခဲ့ချေ။ လူတိုင်းနီးပါးကလည်း ထိုကမ်းပိန်တွင် ဝင်ပါကြသည်။
.........။
“ဟူး”
“စနစ် တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးလား”
ဆုပိုင်က ညည်းသည်။
စနစ်ကို မေးခွန်းထုတ်ပြီးနောက် သေသွားသော မျောက်ဝံစားသိမ်းငှက်သုံးကောင်ကို ကယ်တင်နိုင်ရန် နည်းလမ်းမရှိကြောင်း သိသည်။ သို့သော်...
စနစ်က တခြားနည်းလမ်းတစ်ခု ထောက်ပြပေးသည်။
သိမ်းငှက်အမကို ပြန်လည်ကယ်ဆယ်နိုင်သည်။ ထို့နောက် သူက အံ့အားသင့်မှုအမှတ်သိန်းကို ပေးရမည့်အပြင် မှတ်ဉာဏ်ကိုလည်း အဖျက်ခံရလိမ့်မည်။
“ဟစ်”
ဆုပိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူသည်။ ရိုးသားစွာ ပြောရသော် ဆုပိုင်သည် ထိုနည်းလမ်းကို အသုံးမပြုချင်ပေ။ မျောက်ဝံစားသိမ်းငှက်ကို ကယ်ဆယ်သင့်သော်လည်း တချို့သောငါးများနှင့် တိရိစ္ဆာန်များအားလုံးကလည်း မှတ်ဉာဏ်များ ရှိကြသည်။ မှတ်ဉာဏ်ကို ဖျက်ပစ်လိုက်သောအခါ သူ၏ ယခင်လက်တွဲဖော်ကို မှတ်မိတော့မည်မဟုတ်သလို သူမွေးခဲ့ဖူးသော ကလေးကိုလည်း သိတော့မည်မဟုတ်ချေ။ ဒါက ရက်စက်လွန်းသည်။
ယခု အရင်ဆုံး လုပ်ရမည့်ကိစ္စက ထိုမျောက်ဝံစားသိမ်းငှက်ကို အမြန်ဆုံးကယ်တင်ရန် ဖြစ်သည်။ ကောင်းကင်ပြာတိရိစ္ဆာန်ရုံသို့ ရောက်ပြီးမှသာ တစ်ဖန်ပြန်လည် စောင့်ကြည့်ရပေမည်။
ထိုအကြောင်းအရာကို တွေးမိပြီးနောက် ဆုပိုင်က အံကိုကြိတ်ကာ တဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်လိုက်သည်။
သူက အလောင်းသုံးလောင်းကို ကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူသည်။
151 03
“စနစ် မျောက်ဝံစားသိမ်းငှက်ကို အင်အားသုံးပြီး ဆွဲခေါ်လာခဲ့တော့”
“ဂါး”
သူ၏ရှေ့ရှိ မျောက်ဝံစားသိမ်းငှက်က တစ်စုံတစ်ရာကို သတိထားမိပုံရပြီး ကျယ်လောင်စွာအော်သည်။
“တင် ဂုဏ်ယူပါတယ် host၊ မျောက်ဝံစားသိမ်းငှက်အပိုင်းအစတာဝန်က ပြီးမြောက်အောင်မြင်သွားပါပြီ”
“တင် ဂုဏ်ယူပါတယ် host၊ မျောက်ဝံစားသိမ်းငှက်ကို အောင်မြင်စွာ ကယ်ဆယ်လိုက်နိုင်လို့ အရှိန်တစ်မှတ် တိုးမြင့်သွားပါတယ်”
“စနစ်က ပြန်လည်ထွက်ခွာတော့မှာဖြစ်လို့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်သိမ်းလိုက်ပါပြီ”
“ဂါး”
ဆုပိုင်ကလည်း သူ၏ပတ်ဝန်းကျင်က ပြောင်းလဲသွားကြောင်း သိလိုက်သည်။ သူက မျက်လုံးကို ပြန်ဖွင့်လိုက်သည့် အခိုက်အတန့်တွင် မျောက်ဝံစားသိမ်းငှက်၏ အခြေအနေကို အရင်ဆုံး စစ်ကြည့်လိုက်သည်။
သို့ရာတွင်.....
ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ဆုပိုင်က ကြောင်သွားသည်။
သူရောက်နေသော နေရာက ကောင်းကင်ပြာတိရိစ္ဆာန်ရုံမဟုတ်ဘဲ ကြီးမားသည့် ကစားကွင်းကြီးဖြစ်နေသည်။
ဒါက.......။
“ဂါး”
“အား”
“ဒါက ဘာလဲ ကြောက်စရာကောင်းလိုက်တာ”
“မြန်မြန် မြန်မြန် သူ့ရဲ့လက်သည်းတွေကို ကြည့်ပါဦး၊ ကလေးကို မြန်မြန်ခေါ်သွား”
လူတစ်အုပ်က ကလေးကို ဖက်ထားပြီး ဆုပိုင်၏အရှေ့တွင် ရပ်နေသော ကြီးမားသည့် သိမ်းငှက်ကြီးကို ကြည့်သည်။ သူ၏တောင်ပံကြီးများက ဖြန့်ထုတ်ထားလေရာ ကြောက်စရာကောင်းလွန်းလေသည်။
“မလှုပ်နဲ့”
ဆုပိုင်က ခပ်မြန်မြန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ထိုကောင်လေးကို နှစ်သိမ့်ရန် ကြိုးစားသည်။
“ဂါး”
“ဘယ်မှာလဲ ငါ့ရဲ့ကလေး ဘယ်မှာလဲ၊ ငါ့ရဲ့ကလေးဘယ်မှာလဲ”
မျောက်ဝံစားသိမ်းငှက်က သူ၏မျက်လုံးကြီးတစ်စုံနှင့် မြေပြင်တွင် လိုက်ရှာနေသည်။ သူက ခေါင်းကိုမော့လိုက်ပြီး ဆုပိုင်ကို ပြန်ကြည့်ကာ အသနားခံသော အသံပေးသည်။
“ငါ့ကိုကလေးပေးပါ၊ ငါ့ကို ကလေးပြန်ပေးပါ”
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်း ရှူရပြန်သည်။ သူက မျောက်ဝံစားသိမ်းငှက်၏ ရူးသွပ်နေသော ပုံပန်းသွင်ပြင်ကို ကြည့်လိုက်ပြီး စနစ်၏ functionကို သုံးကာ သူ၏မှတ်ဉာဏ်ကို ဖျက်ပစ်ရန် ဆုံးဖြတ်လိုက်ရသည်။
“ဝါး”
“ကယ် ကယ် ကယ်ကြပါ”
ထိုအခိုက်အတန့်တွင် အဝေးမှ ငယ်သံပါအောင် အော်ဟစ်အကူအညီတောင်းသံက ထွက်ပေါ်လာလေသည်။
++++++
152 01
အပိုင်း (152) ငါတက်သွားမယ်
“ဝါး အား အား အား”
“ကယ်ကြပါ”
“ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကလေးကို အရင်ကယ်ပေးပါ”
အဝေးမှ သနားစရာကောင်းလောက်အောင် အော်ဟစ်နေသော အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
လူတိုင်းက နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သောအခါ ကစားကွင်းကြီး၏ အခြားတစ်ဖက်ခြမ်းရှိ ဖယ်ရီဘီးများထဲမှ တစ်ခုက ရုတ်တရက် လေထဲတွင် တန့်နေကြောင်း မြင်လိုက်ရသည်။
ထိုနေရာတွင် ပြတင်းပေါက်မှ လက်ဆန့်ထုတ်ထားသည့် အမျိုးသမီးငယ်လေတစ်ယောက်ကို မြင်ရသည်။ သူမက အောက်ဘက်ရှိ လူသားများထံ လက်ရမ်းရင်း အကူအညီတောင်းနေသည်။
“သောက်ကျိုးနည်း ဘာဖြစ်တာလဲ၊ ဘာလို့ ဖယ်ရီဘီးက ရပ်သွားတာလဲ”
“အား ငါ့ ငါ့မိန်းမ အပေါ်မှာ သူ့ကလေးနဲ့”
“အားအားအား ငါ့ဇနီးနဲ့ ကလေးပဲ”
ရုတ်တရက် မျက်မှန်ဝတ်ထားပြီး စာဂျပိုးလိုပုံစံနှင့် လူတစ်ယောက်က အသားကုန်အော်ဟစ်လိုက်ပြီး ဘေးဘက်မှ ပြေးလာသည်။ သူက ဝန်ထမ်းအဖွဲ့ဝင်တစ်ယောက်ကို လှမ်းဆွဲလိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့်အော်သည်။
“မြန်မြန်လေး အဲဒီဖယ်ရီဘီးကို အောက်ချလေ၊ အထဲမှာ လူတွေအများကြီး ရှိနေတာ”
“ကလေးက တစ်ခုခု ဖြစ်သွားလိမ့်မယ်၊ ကျေးဇူးပြုပြီး မြန်မြန်လေး ချပေးပါ”
“အား”
“ငါ့ကို အရင်ဆုံး လွှတ်ပါဦး”
ဝန်ထမ်း၏ မျက်နှာကလည်း ဖြူဖျော့သွားသည်။ သူကလည်း ထိုလူ၏ လက်ကို ခပ်မြန်မြန် ရိုက်ချလိုက်ပြီး ကြောက်လန့်တကြားပြောသည်။
“မစိုးရိမ်ပါနဲ့၊ စက်ဂီယာနဲ့ ပတ်သက်ပြီး တစ်ခုခု မှားသွားတာဖြစ်ပါလိမ့်မယ်၊ ငါတို့ ထိန်းသိမ်းရေးဝန်ထမ်းကို အခုချက်ချင်း ဆက်သွယ်ပြီးပါပြီ၊ သူသိပ်မကြာခင် ရောက်လာတော့မှာပါ”
ထိုသို့ပြောပြီးနောက် ဝန်ထမ်းက လူအုပ်အပေါ်သို့ မော့ကြည့်လိုက်သည်။ သူ၏မျက်နှာက ဒေါသဖြစ်နေပုံရလေသည်။ သူက ထအော်သည်။
“အားလုံးပဲ စုစုရုံးရုံး မလုပ်ကြပါနဲ့၊ ငါတို့ ထိိန်းသိမ်းရေးဌာနကို အကြောင်းကြားထားပြီးပါပြီ၊ သူတို့သိပ်မကြာခင် ရောက်လာတော့မှာပါ”
“သူတို့လာပြီ၊ သူတို့လာပြီ၊ ထိန်းသိမ်းရေးဝန်ထမ်းလာပြီ”
ထိုအခိုက်အတန့်တွင် အပြာရောင် ထိန်းသိမ်းရေး ယူနီဖောင်းများ ဝတ်ထားကြသည့် လူတချို့ရောက်လာသည်။ ထိုလူများက လူအုပ်ကို တွန်းဖယ်ကာ အော်သည်။
“လမ်းဖယ်ပေးကြ၊ မြန်မြန်လေး လမ်းဖယ်ပေးကြပါ၊ လမ်းမပိတ်ကြပါနဲ့”
“ဘာတွေဖြစ်နေတာလဲ၊ ဂီယာက ပြန်ပြင်ပြီးခါစလေ၊ ဘာလို့ ရပ်သွားတာလဲ”
လောင်ကျိုးက အံကိုတစ်ချက်ကြိတ်လိုက်ပြီး အနားရှိဝန်ထမ်းကို လှမ်းဆွဲကာ အလုပ်ခန်းထဲသို့ အပြေးအလွှားသွားသည်။
“ရှောင်ကျင်း ငါပြောတာကိုကြားလား၊ ကလေးဘယ်လိုနေလဲ”
ထိန်းသိမ်းရေးဝန်ထမ်း ရောက်လာကြောင်း မြင်သောအခါ လူတိုင်းက စိတ်အေးသွားကြသည်။ သူတို့အားလုံးက သူတို့၏ ခေါင်းထက်မှ ဖယ်ရီဘီးသို့ မော့ကြည့်လိုက်ကြသည်။
“က က ကလေးက အသက်ရှူရ ခက်နေတဲ့ပုံပဲ၊ ကျေးဇူးပြုပြီး ကလေးကို ကယ်ပေးပါ”
အပေါ်မှ အမျိုးသမီးက သူမ၏ခေါင်းကို ဆန့်ထုတ်ပြီး အကူအညီတောင်းသည်။ သူမက သူမ၏ယောက်ျားကို လှမ်းအော်သည်။
“ငါ”
ထိုစကားကို ကြားသောအခါ မျက်မှန်နှင့် အမျိုးသားက မြေပြင်ပေါ်တွင် ပြိုလဲကျသွားသည်။ ထို့နောက် သူက ချက်ချင်းကုန်းထပြီး အလုပ်ခန်းထဲသို့ ပြေးသွားသည်။
“ဘယ်လိုလဲ နည်းလမ်းမရှိဘူးလား၊ ငါ့ရဲ့ကလေးက နှလုံးရောဂါရှိတယ်၊ တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ၊ အခုအသက်ရှူရ ခက်နေပြီတဲ့၊ ဒီကိစ္စသာ နှောင့်နှေးကြန့်ကြာသွားခဲ့ရင် ဆေးရုံပို့ဖို့ နောက်ကျသွားလိမ့်မယ်”
152 02
“အား”
“မီးသတ်ဌာနကို အမြန်ဆုံး အကြောင်းကြား၊ ဂီယာက အတွင်းဘက်မှာ ညပ်နေတာ၊ ဒီမှာ ခရီးသွားဧည့်သည်တွေ အများကြီး ရှိနေတယ်၊ အလောတကြီး လုပ်ဆောင်လို့ မရဘူး၊ ဂီယာကျိုးသွားတာနဲ့ အဲဒီနောက်.....”
လောင်ကျိုးက ခပ်တိုးတိုးပြောပြီး အရှေ့မှ မျက်မှန်နဲ့လူကို ခပ်မြန်မြန်ဆွဲပြီး အပြင်သို့ထွက်လာသည်။
“အားလုံးပဲ မထိတ်လန့်ကြပါနဲ့ဦး၊ ငါတို့ မီးသတ်ဌာနကို အကြောင်းကြားပြီးပါပြီ၊ ကယ်ဆယ်ရေးအသင်းက အမြန်ဆုံးရောက်လာတော့မှာပါ”
သူ၏အရှေ့မှ မြောက်မြားလှသော ခရီးသွားများကို ကြည့်ရင်း လောင်ကျိုးက စိတ်အေးအောင်ပြောလိုက်သည်။
သူအခုလေးတင် စစ်ကြည့်ပြီးပြီ။ ဖယ်ရီဘီးအတွင်းဘက်က ဂီယာက အတွင်းပိုင်းမှာ ညပ်သွားတာ။ ဒီတော့ သူဘယ်လိုနည်းနဲ့မှ ပြင်ဆင်လို့မရတော့ဘူး။ အင်အားကုန်သုံးလိုက်တဲ့အခါ ကျိုးသွားနိုင်တယ်။ အဲဒီလိုကျိုးသွားတဲ့အခါ ဖယ်ရီဘီးက ရိုလာကိုစတာလိုမျိုး အစီစဥ်တကျ ကျလာမှာမဟုတ်ဘဲ ဝုန်းခနဲ အကုန်ပြုတ်ကျသွားလိမ့်မယ်။
မတော်တဆ.....။
“အား အား မီးသတ် မီးသတ်သမားတွေ ရောက်လာတာကို စောင့်ရအောင်”
မျက်မှန်နဲ့လူက နှလုံးကွဲမတတ် အော်ဟစ်လိုက်ရင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“ဖြန်း”
သူက သူ့ကိုယ်သူ ဖြန်းခနဲရိုက်ကာအော်သည်။
“ငါ့အမှားပဲ၊ ဘာလို့ ဒီနေ့ ဒီနေရာကို လာခဲ့မိတာလဲ”
“ရှောင်ကျင်း ငါအခုပဲ တက်လာပြီး ကလေးကို ကယ်ပေးမယ်၊ စောင့်နေနော်”
လူတိုင်းကလည်း ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ နီရဲနေကြသည်။ တစ်ဖက်သူက အံကိုကြိတ်ပြီး ချက်ချင်းထခုန်ကာ ဖယ်ရီဘီး၏ သံမဏိဘောင်ပေါ် ခုန်တက်သည်။ သူက အပေါ်သို့ တက်ရန်ကြံစည်သည်။
“မင်း ရူးနေလား၊ သူ့ကို အမြန်ဆွဲချကြစမ်း၊ ဘာလုပ်နေတာလဲ”
“မင်းတို့ ကစားကွင်းထဲမှာ တာဝန်ယူမှုတောင် မရှိဘူးလား၊ ဒီလိုအအခြေအနေမျိုးနဲ့ လူကိုတောင် မကယ်နိုင််ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ အားလုံးပဲ မြန်မြန်လာပြီး သူ့ကိုဖျောင်းဖျကြပါဦး”
“ဘယ်လိုဖျောင်းဖျရမှာလဲ၊ ငါတို့အားလုံးက မိဘတွေပဲလေ၊ ဒီတော့ ဒီလိုအခြေအနေမျိုးကို မြင်လိုက်ရုံနဲ့ သူတို့ရဲ့ ခံစားချက်ကို မသိနိုင်ဘူးလား”
“.....”
လူတိုင်းက ထိုလူကို ခပ်မြန်မြန် ဆွဲချကြသည်။ တချို့သော မိဘများက သူ့ကို မြေပြင်တွင် ဖိထားကြပြီး ဆက်တိုက်နှစ်သိမ့်ပေးနေကြသည်။ သို့ရာတွင် ထိုလူကမူ မြေပြင်တွင် လဲကျနေပြီဖြစ်သည်။ လူတိုင်း၏ နှလုံးသားကလည်း လေးလံသွားကြသည်။ ဒါက......။
“ဝူး ဝူး ဝူး ငါ ငါသူတို့ကို တားခဲ့သင့်တာပါ၊ ကလေးမှာ နှလုံးရောဂါရှိတယ်၊ ငါဘာလို့ ဒီလောက်ထိ ရူးတာလဲ”
ထိုအမျိုးသား၏ အရူးလို အော်ညည်းနေပုံကို ကြားသောအခါ လူတိုင်းကလည်း ဆက်မကြည့်ရက်ကြတော့ချေ။
မီးသတ်ကားက မည်မျှမြန်စေကာမူ အနည်းဆုံး ၅မိနစ်ခန့် ကြာနိုင်သည်။ သို့ရာတွင် နှလုံးရောဂါ ခံစားနေရသည့် လူနာအတွက်မူ ၅စက္ကန့်ကပင် ကြီးမားသည့် ခြားနားချက် ဖြစ်သွားနိုင်လျက် ၅မိနစ်ဆိုလျှင် ပို၍ဆိုးသည်။
“ခေါ်”
“ကြိုးသွားယူ”
လောင်ကျိုးက အသက်ပြင်းပြင်းရှူလိုက်သည်။ သူက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး အပေါ်သို့ တစ်ချက်ကြည့်သည်။
ကလေးရှိသော ဖယ်ရီအိမ်လေးက မြေပြင်နှင့် သိပ်မဝေးချေ။ ဖြစ်နိုင်လျှင်....။
“လောင်ကျိုး မင်း မရဘူးနော် မရဘူး၊ ဒီမှာ အကာအကွယ်ပစ္စည်းတွေလည်း ရှိတာမဟုတ်ဘူး၊ အောင်မြင်မှာမဟုတ်ဘူး”
လောင်ကျိုး၏ အမူအယာကို ကြည့်ပြီး သူ၏အသင်းဖော်များ၏ နှလုံးက ရင်ဘတ်မှ ပြုတ်ထွက်မတတ် ဖြစ်လာသည်။ သူ့ကို ခပ်မြန်မြန်တားကြသည်။
“မင်းအသက်မင်း မလိုချင်ကြတော့ဘူးလား၊ မီးသတ်ဌာနက လူတွေလာတဲ့အထိ စောင့်ကြစမ်းပါ၊ သူတို့မှာ လှေကားတွေရှိတယ်၊ မင်းက ဘာရှိလို့လဲ”
152 03
“ပြောမနေနဲ့တော့၊ စောင့်နေရင် တအားနောက်ကျသွားလိမ့်မယ်”
လောင်ကျိုးက လက်ကိုရမ်းပြီး ခိုင်မာစွာ ပြောသည်။
“မင်းတို့ နားမလည်ပါဘူး၊ မီးသတ်ကားက ဒီထဲကို ဝင်လာနိုင်မှာလား၊ ကစားကွင်းက ဒီလိုမျိုး ဝရုန်းသုန်းကား ဖြစ်နေတာ၊ ဟယ်လီကော်ပတာ မရောက်လာသမျှ မဖြစ်နိုင်ဘူး”
“လူငယ်လေး ထပါ”
ထိုသို့ပြောပြီးနောက် လောင်ကျိုးက မြေပြင်တွင် လဲကျနေသောလူကို ဆွဲထူလိုက်ပြီး တည်ကြည်သော မျက်နှာမျိုးနှင့်ပြောသည်။
“မင်းရဲ့ဇနီးကို လှမ်းခေါ်လိုက်၊ ငါအခုပဲ တက်သွားလိုက်မယ်၊ ငါမင်းနဲ့ ကြိုးချည်သွားလို့ရမလား၊ နောက်ပြီးရင် ကလေးကို ငါနဲ့တွဲချည်ထားပြီး မင်းက ပြန်ဆွဲချပေါ့”
ထိုစကားကို ကြားပြီးနောက် ရပ်နေသော လူတိုင်းက တောင့်တင်းသွားကြသည်။
မမျှော်လင့်ထားစွာပင် ခက်ထန်သော မျက်နှာထားနှင့် ထိုထိန်းသိမ်းရေးဝန်ထမ်းက လူကယ်ရန်အတွက် ထိုမျှအထိ အသက်ရင်းလိုသည်။
ကလေးက ဖယ်ရီဘီးထိပ်တွင် မဟုတ်နေသော်လည်း အနည်းဆုံး ဆယ်မီတာအထိ မြင့်နေသေးသည်။ ဂရုသာ မထားမိလျှင်...
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
မျက်မှန်နှင့် အမျိုးသားက ကြောင်သွားသည်။ ထို့နောက် မြေပြင်တွင် ခပ်မြန်မြန် ဒူးထောက်လိုက်ပြီး အရှေ့မှ လောင်ကျိုးကို ဦးတိုက်နေသည်။
“ကောင်းပါပြီ၊ ဒီလိုတွေ မလုပ်နေပါနဲ့၊ မင်းရဲ့ဇနီးကိုသာ မြန်မြန်ပြောလိုက်ပါ၊ ဒီမှာကြိုးရှိတယ်၊ ငါအခုပဲ တက်တော့မယ်”
လောင်ကျိုးက အသက်ပြင်းပြင်းရှူသည်။ သူက ဘေးဘက်ရှိ အသင်းဖော်ထံမှ ကြိုးကို ယူလိုက်သည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ချည်နှောင်သည်။ ထို့နောက် ဖယ်ရီဘီးသို့ စတက်သည်။
“လောင်ကျိုး”
“သတိထား”
နောက်သို့ ပြန်လှည့်ကြည့်ပြီးနောက် လောင်ကျိုးက ပြုံးရယ်ကာ ခပ်လေးလေး ခေါင်းညိတ်ပြသည်။
“မီးသတ်ကားတွေက ဘယ်အချိန်ရောက်လာမှာလဲ၊ ကလေးတင်မဟုတ်သေးဘူးလေ၊ အပေါ်မှာ လူတွေအများကြီး ရှိနေသေးတယ်”
“ဒီဝန်ထမ်းကတော့....”
“ဒီလိုအခြေအနေမျိုးမှာ ရဲရဲဝံ့ဝံ့နဲ့ လုပ်ဆောင်ရဲတဲ့ သူရဲကောင်းတွေက အမြဲတစေ ရှိတတ်တာပဲ”
လူအုပ်က အပေါ်သို့ စတက်နေသည့်တိုင် သူ၏ကျောပြင်ကို ကြည့်လိုက်ကြပြီး တစ်စုံတစ်ရာကို ပြောလိုကြသည်။ သို့သော် ဘာကိုမှ မပြောနိုင်ကြပေ။
“အားလုံးပဲ တိတ်တိတ်နေကြပါ၊ လောင်ကျိုးက စစ်တပ်ထဲမှာ အမှုထမ်းဖူးတယ်၊ ဒါကြောင့် လက်ဗလာနဲ့ ဒီနေရာကိုတက်တာက ပြဿနာတော့ မရှိလောက်ပါဘူး၊ ဒါကြောင့် အားလုံးပဲ ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ သူ့ကို စိတ်အနှောင့်အယှက်မပေးဘဲ စောင့်ကြည့်ကြရအောင်”
“ကောင်းပြီကောင်းပြီ သူပြန်လာမှာကို စောင့်ကြမယ်”
“လတ်စသတ်တော့ သူက စစ်သားဖြစ်ဖူးတာပဲ၊ မအံ့သြတော့ပါဘူး”
“ဂါး”
ထိုအခိုက်အတန့်တွင် လူတိုင်း၏ ခေါင်းကို ကြီးမားသော အရိပ်ကြီးတစ်ခုက ကျော်ဖြတ်သွားပြီး ဖယ်ရီအိမ်လေးပေါ်သို့ ဆင်းသက်လိုက်လေသည်။
+++++
153 01
အပိုင်း (153) ခက်ခဲသောအခြေအနေ
“ဒါက”
ထိုအချိန်တွင် လောင်ကျိုးကလည်း သူ၏ခေါင်းအထက်မှလာသည့် အော်သံလိုအသံမျိုးကို ကြားရသဖြင့် တစ်ခဏခန့် တောင့်သွားသည်။
ဒါက ဘာလဲ။
မီးသတ်ဌာနက ဖန်တီးလိုက်တဲ့ နောက်ဆုံးပေါ် ကယ်ဆယ်ရေး ပစ္စည်းလား။
ထိုအခိုက်အတန့်တွင် လူတိုင်း၏ စိတ်အတွင်း ထိုအတွေးက ဝင်ရောက်လာသည်။ သို့သော်.....။
ဒါဆိုရင် ထိန်းချုပ်နေတဲ့လူက ဘယ်မှာလဲ။
“သောက်ကျိုးနည်း”
ထိုအချိန်တွင် လူငယ်လေးတစ်ယောက်က အပြေးအလွှားလာပြီး ဖယ်ရီဘီးပေါ်ရှိ ပျံနေသော ပုံရိပ်ကြီးကို ကြည့်ကာအော်သည်။
မျောက်ဝံစားသိမ်းငှက်က ယခုလေးတင် အဆင်ပြေနေသေးသည်။ သို့သော် အထက်ရှိ အမျိုးသမီးက စတင်ကာ အော်လိုက်သည်နှင့် ထိုအကောင်က ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားသွားကြောင်းကို ဆုပိုင်သည်လည်း သတိထားမိလိုက်သည်။ သူက မှတ်ဉာဏ်ကိုဖျက်ရန် အချိန်မရှိတော့ချေ။ မျောက်ဝံစားသိမ်းငှက်သည် အတောင်ပံကို ဖြန့်ကားပြီး ထွက်သွားပြီဖြစ်သည်။
ဆုပိုင်က လမ်းတောက်လျှောက် ပြေးလိုက်ခဲ့ရသည်။ ထို့နောက် ဖယ်ရီဘီးပေါ်သို့ ဆင်းသက်လိုက်ကြောင်း တွေ့လိုက်သည်။
“ဒါက ဒါရိုက်တာ ဆုပိုင်မဟုတ်လား”
ရုတ်တရက် တစ်စုံတစ်ယောက်က ဆုပိုင်၏ ရုပ်ရည်ကို မြင်သွားပြီး ပါးစပ်ကိုအုပ်လျက် တအံ့တသြပြောသည်။ ထို့နောက် သူက ခေါင်းအထက်မှ ပုံရိပ်ကြီးကို ကြည့်ကာ မယုံကြည်နိုင်သလိုအော်သည်။
“ဒါက ဒါက ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါသွားတဲ့ သတ္တဝါကြီး မဟုတ်လား”
“နာမည်က ဘာပါလိမ့်၊ မျောက်ဝံစားသိမ်းငှက်ဆိုလား၊ ဟုတ်တယ် ဒါရိုက်တာဆုပိုင် ဒါက အသစ်ကယ်ဆယ်ထားတဲ့ တိရိစ္ဆာန်လား”
ထိုစကားများ ထွက်လာသည်နှင့် လူတိုင်းက မော့ကြည့်ကြသည်။ သူတို့က အရှေ့မှ သတ္တဝါကို ကြည့်သည်။ ထို့နောက် လူငယ်ကို ပြန်ကြည့်သည်။ လူအများစုက ဆုပိုင်ကို မှတ်မိသွားကြသည်။
သို့ရာတွင် ထိုအချိန်တွင် လူတိုင်းက ဆုပိုင်၏မျက်နှာဟာ လေးလံနေကြောင်း တွေ့လိုက်သည်။
ဘယ်အချိန်က စတင်သလဲတော့ မသိဘူး။ မျောက်ဝံစားသိမ်းငှက်ကြီးက တောင်ပံကို ဆက်တိုက်ခတ်ပြီး ဖယ်ရီဘီးရဲ့ အိမ်ပေါ်ကို တက်သွားတာ။
“ဂါး”
သူက ရှေ့မှ ဖန်သားကို ခပ်ကြမ်းကြမ်း ထိုးဆိတ်လိုက်ပြီး ခွဲလေသည်။
မျောက်ဝံစား သိမ်းငှက်ကြီးက မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ပြီး အတွင်းမှလူနှစ်ယောက်ကို ကြည့်သည်။ သူ၏အကြည့်က မျက်လုံးမှိတ်လျက် ရှိနေသော ကလေးလေးထံတွင်ဖြစ်သည်။
“ဒါက”
ရှောင်ကျင်းကလည်း အရှေ့မှ ကြီးမားသော သတ္တဝါကြီးကို ကြည့်ပြီး သူမ၏ခန္ဓာကိုယ်က တဆတ်ဆတ်တုန်သွားသည်။ သူမက ကလေးကို ပွေ့ဖက်ထားသည်။
“ယောက်ျားရေ”
“ယောက်ျားရေ”
သူမက အောက်သို့ လှမ်းအော်သည်။
“ဂါး”
“ကလေး ကလေးကိုကယ်”
မျောက်ဝံစားသိမ်းငှက်ကြီးက နှာကိုမှုတ်သည်။ သူက အတွင်းသို့ တိုက်ရိုက်ဝင်သည်။
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်းရှူလိုက်ပြီး အရှေ့မှ ပြိုလဲကျလုနီးပါး ဖြစ်နေသောလူကို ကြည့်ကာ တည်ငြိမ်သော လေသံနှင့်ပြောလိုက်သည်။
“အဲဒီကလေးကို မျောက်ဝံစားသိမ်းငှက်ကိုပေးလိုက်၊ သူက ကလေးကို အောက်ကို သယ်ချပေးလိမ့်မယ်”
“မရဘူး”
“ဘယ်လိုဖြစ်နိုင်မှာလဲ၊ ကယ်ဆယ်ရေးသမားက အခုချက်ချင်း တက်သွားပြီလေ၊ နောက်ပြီး”
မျက်မှန်နှင့်လူက ပြန်အော်သည်။
ဒီသတ္တဝါကသာ ရုတ်တရက်ပေါ်မလာခဲ့ရင် ဒီလူက အပေါ်တက်ပြီးလောက်ပြီ။
ပို၍ဆိုးသည်မှာ ထိုသတ္တဝါက ရက်စက်လွန်းသည်။ ထိုကဲ့သို့သော သတ္တဝါမျိုးက မည်သည့်နည်းနှင့်မှ ကလေးကို ကယ်နိုင်မည်မဟုတ်ချေ။
“ပေးလိုက်ပါ၊ ဒါရိုက်တာဆုပိုင်က ကလေးကို ခေါ်ချနိုင်တယ်လို့ အာမခံထားပြီးသားပဲ၊ သေချာပေါက်လုပ်နိုင်လို့ပေါ့”
“ဟုတ်တယ် လူငယ်လေး၊ မင်းက ချင်တုက မဟုတ်ဘူးမဟုတ်လား၊ ကောင်းကင်ပြာတိရိစ္ဆာန်ရုံက တိရိစ္ဆာန်တွေက လူပေါင်းများစွာကို ကယ်ဆယ်ပြီးသား၊ အချိန်တိုင်းလိုလို ကယ်ဆယ်နိုင်ခဲ့တယ်၊ စိတ်ပျက်စရာအကြောင်းအရာကို မရှိခဲ့ဖူးဘူး”
153 02
“ငါကတော့ ဒါရိုက်တာဆုပိုင်ကို ယုံတယ်၊ ကလေးက အဆင်ပြေမှာပါ၊ မင်း အဲဒီလူ ပြန်ဆင်းလာတာကို ဘယ်လောက်ထိ စောင့်ရမယ်လို့ ထင်လဲ၊ ကလေးက ထိန်းနိုင်မှာတဲ့လား”
လူတစ်အုပ်က ဝိုင်းဆူသောအခါ မျက်မှန်နှင့် လူကလည်း ခေါင်းကို မော့လိုက်ပြီး ဆုပိုင်ကို မျက်ရည်အပြည့်နှင့်ကြည့်သည်။ သူက ခေါင်းကို လေးနက်စွာ ညိတ်လိုက်သည်။
သူသည်လည်း ကောင်းကင်ပြာ တိရိစ္ဆာန်ရုံအကြောင်းကို ကြားဖူးသည်။ သို့သော်....မည်သည့်အသင်းကမှ အမှန်တကယ် မြင်ခဲ့ရဖူးခြင်းမဟုတ်ချေ။ မည်သို့ပင်ဆိုစေ အများအမြင်က စူးရှလေသည်။
ထို့အပြင် ဘေးနားတွင် ရပ်နေသော လူတိုင်းက ချင်တုမှ ဖြစ်ကြသည်။ လူတိုင်းနီးပါးကလည်း ထိုတိရိစ္ဆာန်က ကလေးကို သေချာပေါက် အောင်အောင်မြင်မြင်ကယ်ချနိုင်မည်ဟု ဆိုခဲ့သည်။ ထို့ကြောင့်.....။
“ငါတောင်းပန်ပါတယ် ငါတောင်းပန်ပါတယ်”
“ငါစိတ်မရှည်သလို ဖြစ်သွားတယ်”
“တောင်းပန်ပါတယ်”
ဆုပိုင်က လက်ကိုရမ်းပြီး ခပ်မြန်မြန်ပြောသည်။
“မင်းရဲ့ဇနီးကို ပြောလိုက်ပါ၊ ကလေးကို မျောက်ဝံစားသိမ်းငှက်ကို ပေးခိုင်းလိုက်ပါ”
ဆုပိုင်ကလည်း အရှေ့မှ လူ၏ ခုခံမှုကို နားလည်နိုင်သည်။ မည်သို့ပင်ဆိုစေ အတိတ်ခေတ် လူမှုအသိုင်းအဝိုင်းတွင် မျောက်ဝံစားသိမ်းငှက်ကိုသာ လူကယ်ခိုင်းမည်ဆိုပါက မည်သူကမှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ လူအများ၏ အမြင်တွင် ထိုကဲ့သို့သော တိရိစ္ဆာန်မျိုးက ရက်စက်ပြီး သွေးအေးလွန်းသော ကိုယ်စားပြုဖြစ်နေသည်။
သို့ရာတွင် လောကက ယခု ခြားနားသွားပြီဖြစ်သည်။ တိရိစ္ဆာန်များကို စနစ်ကတစ်ဆင့် သုံးကာ ကယ်ဆယ်ထားသည်။ ထို့ကြောင့် သူတို့က ဉာဏ်ရည်အလွန်မြင့်ရုံသာမကသေးလေဘဲ လူသားများကို မုန်းခဲသည်။
“မိန်းမရေ ကလေးကိုပေးလိုက်ပါ”
မျက်မှန်နှင့်လူက မြေပြင်တွင် ပြန်ရပ်လိုက်ပြီး အင်အားအကုန်သုံးကာအော်သည်။
ရှောင်ကျင်းက ကလေးကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး အရှေ့မှသတ္တဝါကြီးကို ကြောက်လန့်တကြားကြည့်သည်။ သူမကလည်း ယောက်ျားဖြစ်သူ၏ အသံကိုကြားသည်။
“ဝူးဝူး”
ရှောင်ကျင်းက မျက်ရည်များကို သုတ်ပြီး လက်မောင်းထဲမှ ကလေးကို တွန့်ဆုတ်စွာဖြင့် ကမ်းပေးလိုက်သည်။
“ဂါး”
မျောက်ဝံစားသိမ်းငှက်ကြီးက ကလေးငယ်လေးကို ကြည့်ပြီးအော်သည်။
ထို့နောက်သူက တောင်ပံကို တဖြည်းဖြည်းချင်း ဖြန့်ကားလိုက်ပြီး ကလေးငယ်လေးကို သူ၏ အစွယ်လေးများဖြင့် အင်္ကျီကို လှမ်းချိတ်လိုက်ကာ ဂရုတစိုက်ယူပြီး အပြင်သို့ထွက်ရန် ကြံစည်သည်။
သို့သော် ဖယ်ရီဘီးတစ်ခုလုံး၏ ပြတင်းပေါက်များက ကျဥ်းမြောင်းလွန်းသည်။ ထို့ကြောင့် တောင်ပံကို ဖြန့်ကားပြီးထွက်ရန် မဖြစ်နိုင်ချေ။ တောင်ပံများကို သိမ်းထားလျှင်လည်း ကလေးကို အပြင်သို့ ထုတ်၍မရလောက်ချေ။
“ဒုက္ခပဲ”
ဆုပိုင်က မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကြုတ်ပြီး စိုးရိမ်တကြီးညည်းညူလေသည်။
အောက်ဘက်ရှိ လူများကလည်း ထိုပြဿနာကို သတိထားမိပုံရသည်။ အားလုံးက မျက်လုံးပြူးသွားကြပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။
လူတိုင်း၏ ကိုယ်ကို စိုးရိမ်မှု၊ မသက်မသာဖြစ်မှုများက လွှမ်းခြုံနေကြသည်။
153 03
“တခြားနည်းလမ်းမရှိတော့ဘူးလား၊ မင်းကလေးကို ထိန်းထားပြီး မျောက်ဝံစားသိမ်းငှက်က အပြင်ကိုပျံပြီးမှ လှမ်းပေးရင်ရော”
“ငါကတော့ မရဘူးလို့ထင်တယ်၊ ဒါက အန္တရာယ်များလွန်းတယ်၊ ဖယ်ရီဘီးအိမ်ပေါ်မှာ လုံခြုံရေးပစ္စည်းတွေ မရှိဘူးလေ၊ တစ်ခုခု မှားသွားခဲ့ရင်....”
“ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ မျောက်ဝံစားသိမ်းငှက်ကလည်း ဒီတိုင်းအပြင်ထွက်လို့မှ မရတာ၊ အခု သုံးမိနစ်တောင် ဖြစ်နေပြီ၊ ကလေးက နှလုံးရောဂါရှိတာကို မမေ့နဲ့ဦး၊ ဆေးရုံကို ချက်ချင်းပို့ရတော့မှာ”
အောက်ဘက်ရှိလူများက ဟိုတစ်ယောက် ဒီတစ်ယောက် ပြောနေကြပြီး အမျိုးမျိုးသော အခြေအနေမျိုးကို ဆွေးနွေးနေကြသည်။ သို့သော် အားလုံးက ငြင်းပယ်ခံရသည်။
ဆုပိုင်ကလည်း ထိုအမျိုးသမီးအား အပြင်ဘက်တွင်ရပ်နေသည့် သိမ်းငှက်ထံ လက်မပေးခိုင်းရဲချေ။ မျောက်ဝံစားသိမ်းငှက်က အလွန်ကြီးပြီး တစ်ချိန်လုံး လေအင်အားစု၏ အကူအညီကို အရယူထားရသည်။ ထို့ကြောင့် တစ်နေရာတည်းတွင် ကြာကြာမရပ်နိုင်ချေ။
“ကြည့် လောင်ကျိုးတက်သွားပြီ”
ရုတ်တရုတ် အပြာရောင် ထိန်းသိမ်းရေး ဝတ်စုံကို ဝတ်ဆင်ထားသော ဝန်ထမ်းတစ်ယောက်က လက်ဆန့်ထုတ်လျက် တအံ့တသြအော်သည်။
ထိုအခါမှသာ လူအများကလည်း သူတို့က သိမ်းငှက်ကို စိုးရိမ်နေခဲ့သဖြင့် ထိန်းသိမ်းရေးသမား လောင်ကျိုးက ပြင်းပြင်းထန်ထန် ကြိုးစားတက်သွားခဲ့ပြီး အပေါ်သို့ ရောက်လုနီးပါးဖြစ်သွားကြောင်း မေ့သွားသည်။
“ဟူး”
လောင်ကျိုးက အသက်ပြင်းပြင်းရှူသည်။ သူ၏လက်က သွေးများစိုရွှဲနေ၏။ သူက ဖယ်ရီဘီး၏ ပြတင်းပေါက်ကို နင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
“တာ့”
သူက အော်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လေထဲသို့ မြောက်တက်သွားစေလျက် သူ၏လက်မောင်းမှ တင်းကျပ်သော ကြွက်သားများကို ဖောင်းတက်လာစေသည်။
“ငါဆွဲပေးမယ်”
ရှောင်ကျင်းကလည်း တစ်ဖက်သူ၏လက်များက ကွဲနေသော ဖန်သားများကို တိုက်ရိုက်ကိုင်ထားကြောင်း မြင်လိုက်ရသဖြင့် ချက်ချင်းလိုလို လက်ဆန့်ထုတ်လိုက်ပြီး လောင်ကျိုးကို အတွင်းသို့ ခက်ခက်ခဲခဲဆွဲသည်။
“လာ ငါငါ့ရဲ့ ခန္ဓာကိုယ်ကို အပြင်ကို ထုတ်ထားပေးမယ်၊ မျောက်ဝံစားသိမ်းငှက်က ကလေးကို ကိုင်ထားပြီး ငါ့ရဲ့ကိုယ်ပေါ်တက်ရပ်လိုက်”
လောင်ကျိုးဝင်လာပြီးနောက် သူက မျောက်ဝံစားသိမ်းငှက်ကို တစ်ချက်ကြည့်သည်။ သူက မရပ်တန့်နေဘဲ သူ၏ ကိုယ်တစ်ဝက်ခန့်ကို အပေါ်သို့ ကုန်းတက်လိုက်ကာ ခန္ဓာကိုယ်ကို မြေပြင်သို့ အပြားလိုက်လှဲချလိုက်ပြီး လမ်းအဖြစ် ခင်းပေးသည်။
“ဂါး”
မျောက်ဝံစားသိမ်းငှက်ကြီးက သူ့ကို လေးနက်စွာ တစ်ချက်ကြည့်သည်။ ထို့နောက် ကလေးငယ်ကို ချီထားသော နှုတ်သီးကို တစ်ချက်လွှတ်လိုက်ပြီး လောင်ကျိုး၏ ကျောပေါ်သို့တက်ကာ အပြင်သို့ထွက်သည်။
“ကလေး သား ကြိုးစားပြီး တောင့်ထားရမယ်နော်၊ လူတွေအများကြီးက သားကို ကယ်ထားရတာ၊ သားသေချာပေါက် ထိန်းထားနိုင်ရမယ်”
ရှောင်ကျင်းက ခေါင်းကိုငုံ့ပြီး ကလေး၏ နဖူးကို အသာနမ်းသည်။ ထို့နောက် ကလေးကို လောင်ကျိုး၏ ကျောပေါ်သို့ ဂရုစိုက်တင်ပေးလိုက်လေသည်။