← Chapters

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

154 01

အပိုင်း (154) စိတ်လှုပ်ရှားနေတဲ့ မီးသတ်သမားများ

“ဒါက ဒါက တကယ်ကို”

“ဒီဝန်ထမ်းက ကိုယ့်ကိုယ်ကိုယ် စတေးလိုက်တာပဲ၊ သူက စစ်သားဖြစ်ဖို့ ထိုက်တန်တယ်၊ တကယ်ကို..”

“တအားကို ခံစားရတာပဲ၊ သူက သူ့ရဲ့ ခန္ဓာကိုယ်ကိုသုံးပြီး မျောက်ဝံစားသိမ်းငှက် ထွက်လို့ရအောင် နေရာလုပ်ပေးတာ၊ မင်းသိလား၊ အဲဒီဖန်သားတွေက ကွဲနေတာလေ၊ သူဘယ်လောက်တောင် နာကျင်မှုကို ခံစားရမလဲ”

လူတိုင်းကလည်း လောင်ကျိုး၏ အပြုအမူကြောင့် အံ့အားသင့်သွားကြသည်။

“ဝူး”

“ကျေးဇူးတင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်”

မျက်မှန်နှင့်လူက တရှုံ့ရှုံ့ ငိုနေပြီဖြစ်သည်။

ချင်တုက လူတွေက တကယ်ကို..... ။

သူတို့က သူ့ရဲ့ကလေးကို ကယ်ဖို့အတွက်နဲ့ အသက်ကိုတောင် ရင်းကြတယ်။ နောက်ပြီး ကောင်းကင်ပြာတိရိစ္ဆာန်ရုံရဲ့ မျောက်ဝံစားသိမ်းငှက်ကြီးလည်း ရှိသေးတယ်။

လူသားများနှင့် တိရိစ္ဆာန်များက ထိုသို့သော ရင်းနှီးဆက်ဆံမှုမျိုး ရှိနေမည်ဟု မထင်ထားကြချေ။ တိရိစ္ဆာန်များကို ကယ်ဆယ်နိုင်သော သတင်းထွက်လာသည့်အချိန်တွင် လူတိုင်း စိတ်လှုပ်ရှားနေကြသည်မှာ အံ့သြစရာမရှိချေ။

လူတိုင်းက စိုးရိမ်နေကြသေးသည့်အချိန်တွင် မျောက်ဝံစားသိမ်းငှက်ကြီးက ကလေးကို ခပ်မြန်မြန်ဆွဲယူလျက် လေထဲမှ လျင်မြန်စွာ ထွက်ခွာလာပြီဖြစ်သည်။

“ဟူး”

ဆုပိုင်က ထိုအခါမှသာ သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ နောက်ဆုံးတွင် ကလေးက ကယ်ဆယ်ခံရလေပြီ။

“မြန်မြန်လမ်းဖယ်ကြ”

ထိုအချိန်တွင် အဝေးမှ မီးသတ်သမားများက အပြေးရောက်လာကြသည်။ အဖြူရောင်ကုတ်များနှင့် သူနာပြုတစ်ဖွဲ့လည်းပါသည်။

“မြန်မြန် မြန်မြန် လှေကားကို ကားပေါ်ကတစ်ဆင့် အပေါ်ကို တက်လို့မရဘူး၊ အားလုံးပဲ ကယ်ဆယ်ရေးပစ္စည်းတွေကိုဝတ်၊ လက်ဗလာနဲ့ တက်ကြမယ်၊ ငါတို့တွေ ခရီးသွားဧည့်သည်တွေရဲ့ လုံခြုံရေးကိုလည်း အာမခံပေးရမယ်”

ခေါင်းဆောင်ဟုထင်ရသော မီးသတ်သမားတစ်ယောက်က အမိန့်ကို ခပ်မြန်မြန်ထုတ်သည်။

“ဂါး”

ထိုလူများက ကြိုးများချည်နေပြီး စတက်တော့မည့်အချိန်တွင် အထက်မှစူးရှသည့်အသံက ထွက်လာသည်။

“မြန်မြန် မြန်မြန် ကလေးကိုယူ”

ဆုပိုင်က လူနာတင်ခုတင်ကို ဘေးဘက်သို့ တွန်းသွားပြီး ကျယ်လောင်စွာ အော်သည်။

ထိုအခါမှသာ သူနာပြုကလည်း တုံ့ပြန်လာလေသည်။

ခက်ထန်ကြမ်းတမ်းပြီး ကြောက်စရာကောင်းသည့် ကြီးမားသော ငှက်ကြီးတစ်ကောင်က ဆေးရုံခုတင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လာကြောင်း မြင်လိုက်ရသည်။ ထို့နောက်သူက ကလေး၏ အဝတ်များကို ကိုက်ချီထားရာမှ ညင်သာစွာလွှတ်ပေးလေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ မီးသတ်သမားများက မျက်လုံးပြူးသွားရုံသာ မကသေးလေဘဲ သူနာပြုများကလည်း ထိုငှက်ကို မယုံကြည်နိုင်သလို ကြည့်ကြလေသည်။

ဒီငှက်က ကလေးကို ကယ်ခဲ့တာလား။

ဘယ်လိုဖြစ်နိုင်မှာလဲ။

“မြန်မြန် မြန်မြန် ဆေးရုံကို မြန်မြန်သွားလေ၊ ဘာရပ်နေတာလဲ”

ဆုပိုင်က ထိုသူနာပြုများကို ဆူပူလိုက်သည်။

“မြန်မြန်သွားရအောင်၊ မြန်မြန်သွားရအောင်”

ထိုအခါမှသာ သူတို့က လူနာတင်ယာဥ်ကို မြန်မြန်တွန်းပြီး ဝင်ပေါက်သို့ ထွက်သွားကြသည်။

“ဒါက ဒါရိုက်တာ ဆုပိုင်လား”

ထိုအချိန်တွင် မီးသတ်သမားခေါင်းဆောင်၏ မျက်လုံးက ပြူးသွားပြီး ဆုပိုင်၏အနားသို့လာကာ တိုက်ရိုက်ပင် အလေးပြုသည်။

“ဒါရိုက်တာဆုပိုင် မင်းကိုဒီနေရာမှာ တွေ့ရမယ်လို့ မထင်ထားဘူး၊ အရင်တစ်ခေါက် မီးလောင်တဲ့ အခင်းဖြစ်စဥ်ကလူက ငါပဲလေ”

“အဲဒီတစ်ခေါက်က ငါ့ရဲ့အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ဆုပိုင်က တစ်ချက်ကြည့်လိုက်သည်။ သူက ထိုလူကို မှတ်မိလိုက်၏။ ဒီတစ်ယောက်က ယခင်တစ်ခါ တိရိစ္ဆာန်ရုံနားက မီးလောင်မှုတွင် ဦးဆောင်ကာ ဝင်ရောက်ကယ်တင်ခဲ့သူဖြစ်သည်။ သို့သော် သူက ချင်တုသို့ရောက်လာသည်။

“ငါ အရင်တစ်ခေါက်က ငါ့ရဲ့သူရဲကောင်းဆန်တဲ့ အပြုမူကြောင့် ရာထူးတိုးသွားတာပါ”

ခေါင်းဆောင်၏ အရှက်ရနေသော မျက်နှာထားကို ကြည့်လိုက်ပြီး ဆုပိုင်က ရယ်လိုက်သည်။

“အဲဒီမှာ လူတွေရှိသေးတယ်၊ ခင်ဗျားအကူအညီလိုသေးလား”

“ခင်ဗျားအကူအညီလိုရင်လည်း...”

“ဂါး”

သူ၏ စကားမဆုံးသေးခင် မျောက်ဝံစားသိမ်းငှက်ကြီးက လေထဲသို့ ပျံတက်သွားပြန်ပြီး လေထဲရှိ ဖယ်ရီဘီးတစ်ခုဆီသွားသည်။ အချိန်အတန်ကြာပြီးနောက်....

“အလေးပြု”

မီးသတ်သမားခေါင်းဆောင်နှင့် အသင်းဖော်များအားလုံးက အနီးနားရှိ သစ်ပင်ကြီးပေါ်တွင် နားနေသည့် မျောက်ဝံစားသိမ်းငှက်ကြီးကို ကြည့်ကာ လေးနက်စွာ ဂါရဝပြုလိုက်ကြသည်။

ဒီတိရိစ္ဆာန်ရဲ့ အကူအညီသာမပါရင်....။

ဒီကယ်ဆယ်ရေးက ထင်သလောက် ချောမွေ့မှာမဟုတ်ဘူး။ ဘယ်သူကမှ ဒဏ်ရာတွေမရှိဘဲ ဆင်းသက်နိုင်မှာမဟုတ်ဘူး။

154 02

ဒါက အတိတ်မှာ မဖြစ်နိုင်ခဲ့တဲ့ ကိစ္စပဲ။ သေချာပေါက်ကို....။

အထက်က ခေါင်းဆောင်တွေပြောတာ မှန်တယ်။ တိရိစ္ဆာန်တွေကို ကယ်တင်ပြီးသွားတဲ့နောက်မှာ သူတို့ရဲ့ အန္တရာယ်များတဲ့အလုပ်တွေက အများကြီး လုံခြုံစိတ်ချရသွားတယ်။

ဒီဖြစ်ရပ်ကို နမူနာအနေဖြင့် ​ကြည့်နိုင်သည်။ အခက်ခဲဆုံးအပိုင်းက အောက်ခြေမှ အပေါ်သို့ မည်သို့တက်မည်ဆိုသော ကိစ္စဖြစ်သည်။ ဂရုသာ မထားမိလျှင် သေနိုင်သည်။

ထို့အပြင် ထိုဖန်သားကိုလည်း ခွဲရန် လိုအပ်သေးသည်။ ဖန်စများအကြားသို့ ဝင်ရောက်ရဦးပေမည်။ သို့သော် ထိုသတ္တဝါအတွက်မူ ခြားနားသွားသည်။ သူ၏ ထက်ရှသော လက်သည်းများက ဖန်စကို ခွဲနိုင်သည်။ ထို့နောက် ပြင်ဆင်ထားသော ကြိုးကို အတွင်းသို့ ပစ်ထည့်နိုင်၏။ ဒါက....။

ခက်ခဲမှုကို အစပေါင်းမြောက်မြားစွာ လျော့ကျသွားစေတာပဲ။

နောက်ပြီး အရင်တစ်ခေါက်မီးလောင်သွားတဲ့အချိန်တုန်းကလိုပဲ၊ ဒီတိရိစ္ဆာန်တွေက ဒီလိုအကျိုးကျေးဇူးတွေကို သယ်ဆောင်ပေးလာနိုင်တယ်။

“ဂါး”

မျောက်ဝံစားသိမ်းငှက်ကြီးက တောင်ပံကို တဖျတ်ဖျတ်ရမ်းလိုက်ပြီး ဆုပိုင်၏အရှေ့သို့ ဆင်းသက်လာသည်။ သူက တခြားသောလူများကို ဂရုမစိုက်ချေ။

“ဖြောင်းဖြောင်းဖြောင်းဖြောင်း”

“ဖြောင်းဖြောင်းဖြောင်းဖြောင်း”

“ဖြောင်းဖြောင်းဖြောင်းဖြောင်း”

အနားရှိလူတိုင်းက လက်ခုပ်တီးကြသည်။

အရှေ့မှ ရဲရင့်သော မီးသတ်သမားများအတွက်သာ မကသေးလေဘဲ ကယ်ဆယ်ကူညီပေးခဲ့သော မျောက်ဝံစားသိမ်းငှက်ကြီးအတွက်လည်းဖြစ်သည်။ ထို့အပြင် အနားယူထားသော လောင်ကျိုးအတွက်လည်း ပါသည်။ အားလုံးက ခံစားသွားရသည်။

“ဒါရိုက်တာဆုပိုင် ဒါက အသစ်ကယ်ဆယ်ခံရတဲ့ တိရိစ္ဆာန်မဟုတ်လား၊ ငါနောက်ဘယ်တော့မှ ဒီနေရာကို မလာတော့ဘူး၊ ငါတိရိစ္ဆာန်ရုံကိုပဲ လာပြီးကစားတော့မယ်”

“ဟုတ်တယ် ဟုတ်တယ် ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှာ ဘာအန္တရာယ်မှ မရှိဘူး၊ အဲဒီတိရိစ္ဆာန်တွေက ကြောက်စရာကောင်းတယ်လို့ ထင်ရပေမဲ့ ကလေးတွေအပေါ် တအားကောင်းတာ”

“ငါလည်း မနက်ဖြန် ငါ့ရဲ့ကလေးကိုခေါ်ပြီး ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို သွားရမယ်၊ ဒီမျောက်ဝံစား သိမ်းငှက်ကြီးက ငါတို့မိသားစုကို ကယ်လိုက်တာလေ၊ အခုကစပြီး ငါတို့ရဲ့မိသားစုက အားတဲ့အချိန်တိုင်းလိုလို အပတ်တိုင်း ရအောင်သွားလည်မယ်”

“ဟားဟား”

ဆုပိုင်က အရှေ့မှ စိတ်လှုပ်ရှားနေသော လူတစ်အုပ်ကိုကြည့်သည်။ ထို့နောက် ခပ်မြန်မြန်ပြုံးရယ်လိုက်ပြီး လက်ကို ရမ်းကာ ပြောလိုက်သည်။

“အားလုံးပဲ ကျေးဇူးတင်ပါတယ်”

“ဒါပေမဲ့ အနာဂတ်မှာ အပြင်ဘက်ကို သွားတဲ့အခါ လုံခြုံရေးကို ဂရုစိုက်သင့်တယ်”

“အခု ဒီမိသားစုလိုပေါ့၊ ကလေးက ကျန်းမာရေးမကောင်းဘူးဆိုရင် ပိုပြီး သတိထားသင့်တယ်၊ ဒီလိုအခြေအနေမျိုးတွေ ထပ်မဖြစ်အောင် ဂရုစိုက်ကြဖို့ မျှော်လင့်ပါတယ်”

“ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို လာမယ်ဆိုရင်တော့ ကြိုဆိုပါတယ်”

“ရက်အနည်းငယ်နေရင် လေဘုရင်သားရဲကောင်ကြီးတွေရဲ့ ပြတိုက်ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်တော့မှာဆိုတော့ အားလုံးပဲ လာရောက်လည်ပတ်လို့ရပါတယ်”

“ဂါး”

သူ၏အရှေ့ရှိ မျောက်ဝံစားသိမ်းငှက်ကြီး၏ နဖူးကို အသာတွေ့ထိပြီးနောက် ဆုပိုင်က လူတိုင်းကိုနှုတ်ဆက်လိုက်ကာ ကစားကွင်း၏ ဝင်ပေါက်သို့သွားသည်။

သူက ဝင်ပေါက်သို့ ရောက်ခါစသာ ရှိသေးသည်၊ လောင်ကျိုးက နွမ်းလျနေသော ပုံစံမျိုးနှင့် ထွက်လာကြောင်း မြင်လိုက်ရသည်။

“ဦးလောင်ကျိုး ဒါ ဒီ ဒီခေါင်းဆောင်က အသုံးမကျပါဘူး၊ မင်းက ဒီအတိုင်း လူကယ်ဖို့ကြိုးစားတာပဲကို”

“ပြောမနေပါနဲ့တော့ ရပါတယ်၊ ငါနောက်အလုပ်တစ်ခု ရှာရုံပေါ့”

လောင်ကျိုးက သူ၏ ပတ်တီးစည်းထားသော လက်များကို တစ်ချက်ခါလိုက်သည်။ ဘေးဘက်ရှိ လုပ်ဖော်ကိုင်ဖက်ကလည်း ခါးသည်းစွာနှင့် ပခုံးကိုလှမ်းပုတ်သည်။

“အိုး မင်းမှာလည်း ဝန်ထုတ်ဝန်ပိုးကြီးက ရှိနေတယ်၊ မင်းရဲ့ကလေးကလည်း အဲဒီလို ဖြစ်နေတယ်၊ ဒါ ယွမ်၃၀၀၀ မင်း လိုရမယ်ရ သုံးထားလိုက်ပေါ့”

“မဟုတ်တာ အချိန်အတွက်ကြောင့်သာမဟုတ်ရင် ငါသဲထမ်းဖို့အတွက် ဆောက်လုပ်ရေးဆိုက်ကိုသွားပြီး ပိုက်ဆံရှာနိုင်ပါသေးတယ်”

“ဒီပိုက်ဆံက နည်းပါတယ်၊ မင်းဒီတိုင်း ပိုက်ဆံကို ယူထားလိုက်ပါ၊ ငါ့ကို ပြန်ပေးစရာမလိုဘူး”

လောင်ကျိုးက သူ၏အရှေ့မှ ပိုက်ဆံများကိုကြည့်ပြီး ခံစားသွားရသည်။

သူ၏ကလေးကသာ မသန်မစွမ်းမွေးဖွားလာခဲ့သောကြောင့်မဟုတ်လျှင် တခြားသူများနှင့်အတူ မနေထိုင်နိုင်သောကြောင့်သာ မဟုတ်လျှင် သူကလည်း စစ်တပ်ထဲမှ အငြိမ်းစားယူခဲ့မည်မဟုတ်ချေ။

“နေပါဦး”

ဆုပိုင်က ထိုလူနှစ်ယောက်၏အခြေအနေကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကာ နောက်မှ ခပ်မြန်မြန်လိုက်သည်။

“ဒါရိုက်တာဆုပိုင်”

လောင်ကျိုးက သူ၏အရှေ့မှ လူငယ်ကို ကြည့်လိုက်သည်။ သူက ချက်ချင်းလိုလို လေးစားစွာဖြင့် နှုတ်ဆက်လေသည်။

လူငယ်၏ လုပ်ဆောင်မှုများအကြောင်း ကြားပြီးနောက် သူဟာ တစ်ဖက်သူကို အလွန်လေးစားနေမိသည်။ သူဟာ တိရိစ္ဆာန်များကို ကယ်ဆယ်ပေးရုံသာ မကသေးလေဘဲ မည်သည့်အကျိုးအမြတ်မှမတောင်းဘဲ လူနာပေါင်းမြောက်မြားစွာကိုလည်း ကယ်တင်ပေးနေသူဖြစ်သည်။

“ဟားဟား ခင်ဗျားအလုပ်ရှာနေတာလား”

ဆုပိုင်က တစ်ဖက်သူကို ကြည့်ပြီး ရယ်ကာ ပြောလိုက်သည်။

“ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက လူခန့်နေတာ၊ ခင်ဗျားတစ်ချက်လာပြီး စမ်းသပ်ကြည့်ချင်လား”

လောင်ကျိုးက နေရာတွင်ပင် တောင့်ခဲသွားလေသည်။

+++++

155 01

အပိုင်း (155) လောင်ကျိုးရဲ့သမီး

“ဘုရားရေ တိရိစ္ဆာန်ရုံရဲ့အဆင့်အတန်းက တစ်မှတ်လောက် လျော့ကျသွားပြီ”

တံခါးဝမှ ငှက်တောက ဆုပိုင်၏ဘေးနားတွင် ရပ်နေသော အကောင်ကြီးကိုကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ရေရွတ်သည်။

ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ဒါရိုက်တာဆုပိုင်က ဘာလုပ်ချင်နေတာလဲ။

အခုတလော ဘာလို့ ပျံနိုင်တဲ့အကောင်တွေပဲ ခေါ်ခေါ်လာတာလဲ။ နောက်ပြီးတစ်ကောင်ချင်းစီတိုင်းက အရင်တစ်ကောင်တွေထက် ပိုကြီးနေတယ်။

သူ့ရဲ့ခံစားချက်ကို ထည့်မစဥ်းစားပေးတော့ဘူးလား။ ဒီလိုအကောင်ကြီးတွေအုပ်ထဲမှာ ရှင်သန်နေထိုင်ရတာ ဘယ်လောက်တောင် စိတ်ဓာတ်ကျဖို့ကောင်းသလဲဆိုတာကို မသိဘူးလား။

“အာ”

“ကြည့်ရတာ ဒူးထောက်ပြီး လျက်ရမဲ့ နေ့ရက်တွေက စတင်တော့မယ်”

သက်ပြင်းတစ်ချက်ချပြီးနောက် ငှက်တောက သူ၏စိတ်အခြေအနေကို ထိန်းညှိလိုက်ကာ မျောက်ဝံစားသိမ်းငှက်ကြီးထံ ပျံသန်းသွားလေသည်။

“မှတ်မိထားရမဲ့ အကြောင်းအရာတွေကို သိပြီလား”

“တိရိစ္ဆာန်ရုံထဲက မျောက်တွေကို စားလို့မရဘူး၊ အနာဂတ်အတွက်ကတော့ မင်းအတွက် သီးသန့်အစားအစာပြင်ဆင်ပေးမယ်”

ဆုပိုင်က မျောက်ဝံစားသိမ်းငှက်ကိုကြည့်ပြီး ခပ်တိုးတိုးပြောသည်။

ဒါကို အရင်ဆုံး ရှင်းရှင်းလင်းလင်း လုပ်ထားရမယ်။ မဟုတ်ရင် တိရိစ္ဆာန်ရုံထဲက မျောက်တွေကတော့ ဒုက္ခရောက်လိမ့်မယ်။

ဆုပိုင်သည်လည်း မျောက်ဝံစားသိမ်းငှက်ကြီးက မျောက်များကို မည်သို့ဖမ်းကြောင်း ကောင်းကောင်းနားလည်ထားသည်။ ထိုမျောက်တစ်အုပ်ကဲ့သို့ ကောင်းကင်အမြင့်ကို မသိသောသူများဆိုလျှင် ပို၍ဆိုးသည်။

“ဟားဟားဟား ဒါက ဘယ်သူတုန်း”

ငှက်တောက ရယ်မောနေရင်း ဆုပိုင်၏ ပခုံးပေါ်သို့ ဆင်းသက်လိုက်သည်။ သူက မျောက်ဝံစားသိမ်းငှက်ကြီး၏ ကြီးမားသော ကိုယ်ထည်ကြီးကိုကြည့်ကာ သတိအပြည့်ကပ်လျက်မေးလိုက်သည်။

“ဂါး”

“ကလေး”

“ဘာလဲ ကလေး၊ ဘယ်မှာလဲကလေး”

ငှက်တောက ရုတ်တရက် သတိအပြည့်ကပ်သွားသည်။

ဒီကောင်က ရွှေရောင်သိမ်းငှက်ကြီးလိုမျိုး ကလေးပါပြန်ခေါ်လာတာလား။

ဒါဆိုရင်တော့ သတိထားရတော့မယ်။

“ဟေး ဘာလုပ်တာလဲ၊ ဒါရိုက်တာဆုပိုင် ကယ်ပါဦး”

သူက စကားပြောတော့မည့်အချိန်တွင် အရှေ့မှကောင်သည် ရုတ်တရက် တောင်ပံကို တစ်ချက်ခတ်လိုက်ပြီး ဆုပိုင်၏ ပခုံးပေါ်က ငှက်တောကို ရိုက်ချလိုက်သည်။ ထို့နောက် သူက ဘေးဘက်သို့ လာထိုင်လေပြီး ကလေးတစ်ယောက်ကို ဝပ်သလိုမျိုး သူ၏ကိုယ်ပေါ်သို့ တက်ဖိကာ ငှက်မွေးများဖြင့် အုပ်ထားလေသည်။

“ဒါရိုက်တာဆုပိုင်၊ မသွားပါနဲ့ဦး”

“ကယ် ကယ် ကယ်ကြပါ၊ ငါအသက်ရှူလို့မရတော့ဘူး ကယ်ပါဦး”

အနောက်ဘက်မှ ငှက်တော၏ အော်သံများကို ကြားသောအခါ ဆုပိုင်က အသာပြုံးလိုက်ပြီး တိရိစ္ဆာန်ရုံထဲသို့ ဝင်လိုက်သည်။ သူက ရုံးခန်းထဲသို့ တိုက်ရိုက်ဝင်သွား၏။

တာဝန်က ပြီးမြောက်သွားလေပြီ။ ယခုအခါ တိရိစ္ဆာန်ရုံအတွင်းတွင် လေဘုရင်အကောင်ကြီးငှက်မျိုး ၃မျိုး၃စား ရရှိလာပြီဖြစ်သည်။ သို့သော် နောက်ထပ် ၇မျိုး လိုအပ်နေသေးသည်။ ထိုအခါမှသာ လေဘုရင်ငှက်အမျိုးအစားများ၏အိမ်က ရရှိမည်ဖြစ်သည်။ သို့ရာတွင် ထိုတာဝန်က ခက်ခဲနေသေးသည်။

ဆုပိုင်က နွမ်းနယ်နေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲလျက် အိပ်ရာပေါ်တွင် တဖြည်းဖြည်းချင်း လှဲလိုက်သည်။

သူစနစ်ရဲ့ဇယားကိုတောင် မကြည့်ချင်တော့ဘူး။

အရင်ဆုံး ကောင်းကောင်းအနားယူပြီးမှ နောက်တစ်ခေါက်ထပ်လုပ်ရမဲ့ အပိုင်းအစတစ်ခုကို ရှာဖွေတော့မယ်။

........။

ချင်တု မြို့အစွန်နားရှိ အိုဟောင်းနေသော အငှားအိမ်လေးတစ်ခုတွင်....။

ခရက်။

လောင်ကျိုးက တံခါးကို တွန်းဖွင့်လိုက်သည်။ သူက ဟင်းပွဲများကို သယ်လာ၏။ သို့သော် ကြမ်းပြင်ပေါ်သို့ ကျနေသော အိုးနှင့်ဒယ်များကို မြင်လိုက်ရသောအခါ ပန်းကန်ပြားကို ခပ်မြန်မြန်ချလျက် အိပ်ခန်းထဲသို့ အပြေးဝင်သွားသည်။

“ဝူးဝူးဝူး”

“ပါး ပါးပြန်လာပြီလား”

အသံကိုကြားသော ကောင်မလေးက ခေါင်းကိုမော့လိုက်သည်။ သူမ၏ မီးဖိုဖြူရောင် မျက်လုံးတစ်စုံက ဦးတည်ရာမဲ့စွာဖြင့် ကြည့်လာသည်။ ထို့နောက် လက်ကလေးကို ဆန့်ထုတ်ပြီးအော်သည်။

“ရှောင်ရို့ ပြန်လာပြီလား”

“လာ လာ လာ လာ မြန်မြန်လေး သမီးအဝတ်အစားတွေလဲလိုက်ဦး၊ အပြင်က တအားအေးနေတာ၊ ဘာလို့ ရေတွေတအားစိုနေတာလဲ၊ အိမ်ထဲမှာ လျှောက်မလုပ်ပါနဲလို့ ပြောထားတယ်မဟုတ်ဘူးလား၊ တစ်ခုခုကို ဝင်တိုက်မိရင် ပါးကအိမ်မှာမရှိရင် ဘယ်လိုလုပ်မလဲ”

လောင်ကျိုးက သမီးဖြစ်သူကို စိတ်ဓာတ်ကျစွာကြည့်သည်။ ထို့နောက် ဘေးဘက်မှ လျှော်ထားပြီးသား အဝတ်ဖြူတစ်စုံကို ထုတ်လိုက်ပြီး သူမ၏ကိုယ်ပေါ်မှ အဝတ်များကို လဲပေးရန် ကြံစည်လေသည်။

“သမီး....သမီးက ပန်းကန်တွေ ကူဆေးပေးချင်တာပါ၊ ဒါပေမဲ့ ဦးက နေရာပြောင်းထားမှန်း မသိလိုက်ဘူး၊ နောက်ပြီး”

“ပါး လက်တွေက ဘာဖြစ်တာလဲ”

ရှောင်ရုန့်က လောင်ကျိုး၏ ပတ်တီးစည်းထားသော လက်ကို စမ်းမိသွားသောအခါ ခေါင်းကို အလျင်စလိုမော့လာသည်။

“ဘာမှမဖြစ်ပါဘူး၊ ဒီနေ့နည်းနည်းထိသွားတာ၊ ဒါတွေအားလုံးက ပါးရဲ့ အမှားပါပဲ၊ ပါးက ဒီမနက် အစောကြီးထွက်သွားပြီး ဒယ်အိုးဆေးသွားဖို့ မေ့သွားတာ”

လောင်ကျိုးက ညစ်ပတ်နေသော အဝတ်အစားများကို ကောက်ယူလိုက်ပြီး ပြုံးလျက်ပြောသည်။

“ပါးသမီးအတွက် ရေဒီယိုဖွင့်ပေးရမလား၊ ပါးဟင်းသွားချက်လိုက်ဦးမယ်၊ ဒီနေ့ သမီးအကြိုက်ဆုံး နာနတ်သီးဝယ်လာတယ်လေ၊ ခဏနေမှစားနော်”

“ဟုတ်ကဲ့”

155 02

ရှောင်ရုန့်က နာနာခံခံ ခေါင်းညိတ်လေသည်။ သူမက အိပ်ရာမှထပြီး စားပွဲနားသို့သွားသည်။ ထို့နောက် လက်ကိုဆန့်ထုတ်လျက် ပစ္စည်းတစ်ခုကို လှမ်းနှိပ်လိုက်သည်။ ရှောင်ရုန့်ကလည်း စာအုပ်လေးကို ဂရုစိုက်ထားလိုက်ပြီး ရေဒီယိုဟောင်းကိုဖွင့်လိုက်သည်။

“ကျစ်လာ့ ကျစ်လာ့ ကျစ်လာ့”

“ကောင်းကင်ပြာတိရိစ္ဆာန်ရုံက တိရိစ္ဆာန်တွေက လိုက်ပါပို့ဆောင်လို့ပြီးသွားပြီ၊ မိသားစုတိုင်းက လန်မင်ကြွက်တစ်ကောင်စီရသွားကြတယ်”

ပြောရလျှင် ယနေ့ခေတ်အသိုင်းအဝိုင်းတွင် နည်းပညာက ဖွံ့ဖြိုးတိုးတက်လာသောကြောင့် ရေဒီယိုက ကွယ်ပျောက်လာပြီဖြစ်သည်။ ရှောင်ရုန့်ကို ဥပမာကြည့်မည်ဆိုလျှင် ရေဒီယို ချန်နယ်၃ခုသာလျှင် ရှိသည်။

“ဟူး”

လောင်ကျိုးက တံခါးအပြင်ဘက်တွင် ရပ်ရင်း သမီးဖြစ်သူ၏ အထီးကျန်ဆန်သော ခန္ဓာကိုယ်ကို ကြည့်သည်။ သူက မျက်နှာကိုအုပ်ကာ ငိုမိသည်။

ရှောင်ရုန့်က ဆယ်နှစ်ပဲ ရှိသေးတာ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက မျက်လုံးက အရောင်ပျောက်ပြီး မီးခိုးရောင်အဖြစ် ပြောင်းလဲသွားတယ်။ နောက်တော့ ကန်းသွားတာပဲ။

လောင်ကျိုးက သမီးဖြစ်သူနှင့်အတူ သုံးနှစ်လုံးလုံး ယခုလို နေထိုင်နေခဲ့ရသည်။ သုံးနှစ်အတွင်း သူက မရေမတွက်နိုင်သော အလုပ်ပေါင်းများစွာကို ပြောင်းခဲ့ရသည်။ သူက ပိုက်ဆံမရှာချင်သောကြောင့် မဟုတ်ဘဲ.....။

ဆယ်နှစ်အရွယ် မျက်လုံးမ​မြင်သော ကလေးတစ်ယောက်က အိမ်တွင်တစ်ယောက်တည်း ဖြစ်နေသည်။ သူဘယ်လိုများ အဝေးကြီးသွားနိုင်မှာလဲ။

ရှောင်ရုန့်ကို ဂရုစိုက်ရန်အတွက် အိမ်သို့ တစ်နေ့သုံးကြိမ် ပြန်န်ိုင်ရန်အလို့ငှာ လောင်ကျိုးက အလုပ်တိုင်းနီးပါးကို စမ်းသပ်ခဲ့ဖူးသည်။ ထိုသို့ဖြင့် ဘဝက ခက်သထက် ခက်ခဲလာ၏။ သူက ထိုကလေးကို မျက်မမြင်ကျောင်းသို့ပင် ပို့ရန် မတတ်နိုင်ခဲ့ချေ။

ကံကောင်းသည်မှာ သူဟာဒီနေ့ ဒါရိုက်တာဆုပိုင်နှင့် တွေ့ခဲ့သည်။ သို့မဟုတ်လျှင် သူသည် အလုပ်ပြုတ်ပြီးနောက် အနာဂတ်တွင် မည်သို့ရှင်သန်ရမည်ဖြစ်ကြောင်း မသိလောက်တော့ပေ။

“ဟူး”

သူက အသက်ကို ပြင်းပြင်းရှူလိုက်သည်။

လောင်ကျိုးက ကလေးကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးရယ်ကာ ဝင်ပြောလိုက်၏။

“ရှောင်ရုန့် ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို သိလား”

“အင်း”

ရှောင်ရုန့်က ခေါင်းကိုချက်ချင်းမော့လာသည်။ သူမ၏ မျက်နှာတွင် တောင့်တမှုများကို မြင်နိုင်၏။

“ရေဒီယိုက အခုတ​လော ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှာ တိရိစ္ဆာန်တွေ အပြည့်ပဲလို့ ​ပြောနေတာ၊ ပါး နှာမောင်းရှည်ကြီးတွေနဲ့ ဆင်ကြီးတွေ တကယ်ရှိတယ်လို့ထင်လား”

“နောက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အမွေးတွေပြည့်နေတဲ့ ပန်ဒါကြီးဆိုတာရော”

“ဒါတွေအားလုံးက အမှန်ပဲလား”

“နှမြောစရာပဲ”

ရုတ်တရက် ရှောင်ရုန့်က တစ်စုံတစ်ရာကို မှတ်မိသွားသည်။ သူမက လက်ကလေးကို ခပ်မြန်မြန်ဆန့်လျက် လောင်ကျိုး၏ ခါးကို သိုင်းဖက်လိုက်သည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သလို ပြောလေသည်။

“သမီး ပေါက်ကရတွေ လျှောက်ပြောလိုက်တာနော်၊ ပါး တကယ်တော့ ရှောင်ရုန့်က တိရိစ္ဆာန်ရုံကို မသွားချင်ပါဘူး”

“နောက်ပြီး”

“သမီးက သူတို့ကိုလည်း မမြင်နိုင်ဘူးလေ၊ အဲဒီကို သွားရင်တောင်မှ နှမြောစရာကြီး၊ ပိုက်ဆံကုန်ပါတယ်”

“သမီး ရေဒီယို နေ့တိုင်းနားထောင်နေတာပဲ၊ အဆင်ပြေပါတယ်”

“ဟူး”

လောင်ကျိုးက သူ၏ရင်ကို ဓားဖြင့်လာထိုးသလို ခံစားလိုက်ရသည်။ သူဟာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခေါင်းကိုငုံ့ကာ ကလေး၏ခေါင်းကို ပွတ်လျက် ရယ်ကာပြောလိုက်သည်။

“ပါးက သမီးအတွက် သတင်းကောင်းရှိတယ်၊ ပါးဒီနေ့ အလုပ်သစ်တစ်ခု ရလာတယ်”

“အဲဒီအလုပ်က ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှာလေ၊ သမီးအဲဒီမှာ နေ့တိုင်းနေချင်လား”

“နောက်ပြီး တိရိစ္ဆာန်တွေနဲ့ နေ့တိုင်းတွေ့နိုင်မှာ”

“တကယ်လား”

ရှောင်ရုန့်က ပါးစပ်ကို အုပ်လိုက်ပြီး တအံ့တသြပြောသည်။

“တကယ်ပေါ့ ပါးက မနက်ဖြန်သမီးကို ခေါ်သွားပေးမယ်နော်”

“ကောင်းပြီ ကောင်းပြီ ခဏထိုင်နေလိုက်ဦး၊ ပါး ဟင်းသွားချက်လိုက်ဦးမယ်”

လောင်ကျိုးက သူမကို ခုတင်ပေါ်သို့ ပြန်တင်ပေးလိုက်ပြီး နောက်သို့လှည့်ကာ အပြင်ဘက်သို့ ပြန်ထွက်သွားသည်။

“တိရိစ္ဆာန်ရုံ ဟုတ်လား”

ရှောင်ရုန့်က ခုတင်ပေါ်တွင်သာ ထိုင်ပြီး ခပ်တိုးတိုးရေရွတ်နေသည်။

မနက်ဖြန်သွားရတော့မှာလား။ ဒါဆိုရင် တိရိစ္ဆာန်တွေက သူမကို သဘောမကျရင် ဘယ်လိုလုပ်မလဲ။

+++++

156 01

အပိုင်း (156) ပန်ဒါ (ဓားကြီး)

အစ်မကြီးရှောင်ရုန့်”

ဘေဘီက တိရိစ္ဆာန်ရုံဝင်ပေါက်တွင် ရပ်နေပြီး အရှေ့မှ မျက်စိမမြင်နိုင်သော ရှောင်ရုန့်လေးကို ကြည့်ကာ သူမ၏လက်ကို ညင်သာစွာကိုင်လျက် လှမ်းပြောလိုက်သည်။

“ငါအထဲကို ဦးဆောင်ခေါ်သွားမယ်နော်”

“တပိုင်ကို သွားရှာရအောင်၊ တပိုင်ကို ထိတွေ့ကြည့်ချင်လား”

“နောက်ပြီး နှာမောင်းအရှည်ကြီးတွေနဲ့ ဆင်ကြီးတွေလည်းရှိတယ်”

တိရိစ္ဆာန်ရုံထဲသို့ ဘေးချင်းယှဥ်လျက်ဝင်သွားသော ကလေးနှစ်ယောက်ကို ကြည့်ရင်း ဆုပိုင်က ခေါင်းကိုအသာလှည့်ကာ အရှေ့မှ လောင်ကျိုးကိုကြည့်လိုက်သည်။

“မင်းက စစ်သားလုပ်ခဲ့တာလား”

“ဟုတ်ပါတယ်”

လောင်ကျိုးက ကျောကိုမတ်လိုက်ပြီး ဂုဏ်ယူမှုအပြည့်နှင့်ပြောသည်။

“ငါက xxစစ်တပ်မှာ ဒီကလေး မျက်လုံးမကန်းခင်အထိ တာဝန်ထမ်းဆောင်ခဲ့တာပါ၊ အဲဒီနောက် အနားယူခဲ့တာပဲ”

ဆုပိုင်က တဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။

ပြောရမည်ဆိုလျှင် အရှေ့ရှိလူက အလွန်ခက်ခဲသောဘဝတွင် ယှဥ်သန်နေရကြောင်း မြင်နိုင်သည်။ သို့သော် သူဟာ အလွန်သန်မာသော ဘဝတစ်ခုအတွင်းတွင် နေထိုင်နေခြင်းဖြစ်သည်။

အရွယ်ရောက်ပြီးသော အမျိုးသားတစ်ယောက်က မျက်လုံးကန်းနေသော ကလေးတစ်ယောက်ကို ကိုယ်တိုင်စောင့်ရှောက်နေရသည်။ သူဟာ စစ်တပ်မှ လမ်းတစ်ဝက်နှင့် ထွက်ခဲ့ရလေသည်။ ထို့ကြောင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ထူးခြားသော ထူးချွန်မှုများ မရှိသလို လစာကောင်းသော အလုပ်များကိုလည်း မရခဲ့ချေ။ ထိုအချက်ကတင် သူ၏ မိသားစုဘဝက မည်မျှခက်ခဲကြောင်း သိနိုင်သည်။ ထို့နောက်....။

ဆုပိုင်က ယခုလေးတင် ထိုကောင်မလေးနှင့် စကားပြောဖြစ်သည်။ ကောင်မလေးက နာနာခံခံရှိသည်။ တိရိစ္ဆာန်ရုံသို့ ရောက်လာပြီးနောက် အနားတွင်သာ တိတ်တဆိတ် ရပ်နေလေပြီး ဆုပိုင်နှင့် လောင်ကျိုး၏ စကားပြောခန်းကိုလည်း မနှောင့်ယှက်ချေ။

“တိရိစ္ဆာန်ရုံထဲမှာ ဒီကာလအတောတွင်း အလုပ်တွေများများစားစား မရှိပါဘူး၊ မင်းက မြောင်ထိုက်ကိုပဲ ကူညီပြီး တိရိစ္ဆာန်တွေကို အစာကျွေးပေး၊ ကလေးအတွက်ကတော့ ဒီအတိုင်း ဘေဘီရဲ့အနောက်ကို လိုက်နေရင် ရတာပဲ”

“ဒီအချိန်ကာလအတောတွင်းမှာ မြောင်ထိုက်က အစာကျွေးဖို့ပဲ တာဝန်ယူထားတာ”

ဆုပိုင်က ပြုံးရယ်လျက် ပြောလိုက်သည်။

ယနေ့ခေတ် ကောင်းကင်ပြာတိရိစ္ဆာန်ရုံတွင် အလုပ်သမားအများကြီး မလိုအပ်သေးချေ။ ပန်းခြံက အလိုအလျောက် သန့်ရှင်းပေးသော စနစ်ရှိသည်။ လန်ဒရစ်ဝက်များနှင့် လန်မင်ကြွက်များကိုသာ အစာကျွေးရန်လိုအပ်သည်။ အခြားသော တိရိစ္ဆာန်လေးများအတွက်မူ မနက်အစောပိုင်းကတည်းက လူတိုင်းက အလိုအလျောက်ပစ္စည်းများ လာပို့တတ်သည်။ ထို့အပြင် စနစ်ကလည်း အလိုအလျောက် ပစ္စည်းများ ဖြည့်ပေးတတ်သည်။

သို့ရာတွင် အနာဂတ်တွင် တိရိစ္ဆာန်ရုံကြီးက ကြီးသထက်ကြီးလာပေလိမ့်မည်။ ထိုအခါ တိရိစ္ဆာန်များ များသထက် များလာပေလိမ့်မည်။ ထိုအခါ အလုပ်သမားအများကြီး လိုအပ်ပေလိမ့်မည်။ ယခုက စတင်ပြီး ကြိုတင်ပြင်ဆင်ထားသင့်သည်။ ထိုအချက်များအပြင်.....

တိရိစ္ဆာန်ရုံမှ ဆက်တိုက်ရနေသော ဝင်ကြေးများကလည်း တိရိစ္ဆာန်များ၏ အစာအပြင် အခြားသော သုံးစရာနေရာ မရှိသေးချေ။ ဆုပိုင်ကိုယ်တိုင်ကပင် တိရိစ္ဆာန်များ၏ အပိုင်းအစတာဝန်များနှင့် အလုပ်မအားလပ်သောကြောင့် ပိုက်ဆံထပ်ဖြုန်းရန် အချိန်မရှိချေ။

မြောင်ထိုက်အား လောင်ကျိုးကို ခောါ်သွားစေပြီးနောက် ဆုပိုင်က ပန်ဒါဥယျာဥ်အတွင်း မြက်ခင်းပြင်ပေါ်တွင်ထိုင်ကာ ကစားနေသည့် ကောင်မလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် ရုံးခန်းအတွင်းသို့ လှည့်ဝင်သွားလိုက်၏။

စနစ်က refreshလုပ်ပေးမဲ့ နောက်ဆုံးအပိုင်းအစတာဝန်တွေကိုတောင် မကြည့်ရသေးဘူး။

သူက ရုံးခန်းထဲသို့ ထိုင်လိုက်ပြီးသည်နှင့် စနစ်၏ဇယားကို ဖွင့်လိုက်သည်။

[တိရိစ္ဆာန်အပိုင်းအစmall]

အမွေးရှည်ဆင်အပိုင်းအစ...အံ့အားသင့်မှုအမှတ်တစ်သန်းနဲ့ လဲလှယ်နိုင်ပါတယ်။

သရဖူနီကြိုးကြာအပိုင်းအစ...အံ့အားသင့်မှုအမှတ် ၂သိန်းခွဲနဲ့ လဲလှယ်နိုင်ပါတယ်။

စစ်ဘားရီးရန်းကျားအပိုင်းအစ...အံ့အားသင့််​မှုအမှတ် ၂သိန်းခွဲနဲ့ လဲလှယ်နိုင်ပါတယ်။

ဝက်ဝံနက်အပိုင်းအစ..အံ့အားသင့်မှုအမှတ် တစ်သိန်းခွဲနဲ့ လဲလှယ်နိုင်ပါတယ်။

ပန်ဒါကြီးကို သားဖောက်ရန်အခွင့်အရေးတစ်ခု...အံ့အားသင့်မှုအမှတ် ၈သိန်းနဲ့ လဲလှယ်နိုင်ပါတယ်(အရမ်းကို ရှားပါးတဲ့ အခွင့်အရေးဖြစ်လို့ လဲလှယ်လိုက်ဖို့ ထောက်ခံပါတယ်)

ဆုပိုင်..

“.....”

နောက်ဆုံးမှ အကြောင်းအရာကို မြင်ပြီးနောက် ဆုပိုင်က အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားသည်။

ကြည့်ရတာ စနစ်အရင်တစ်ခေါက်က ပြောသလိုမဟုတ်ပါလား။

တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တွေကို တာဝန်အတောတွင်း မျိုးပွားအောင်လုပ်ဖို့က မဖြစ်နိုင်ဘူးဆို။

နောက်ပြီးအခုဘာလို့ အံ့အားသင့်မှုအမှတ်တွေနဲ့ လဲလှယ်ရဦးမှာလဲ။

နောက်ပြီး အံ့အားသင့်မှုအမှတ်က ၈သိန်းတောင်။

မြင့်လွန်းမနေဘူးလား။

156 02

နောက်ပြီး တပိုင်ရဲ့ ဓားကြီးကို ကပြတဲ့အခါ လိုအပ်မဲ့ အံ့အားသင့်မှုအမှတ်တွေက ၈သိန်းတောင် တန်လို့လား။

“host ပန်ဒါကြီးတွေက တအားကိုရှားပါးတဲ့ တိရိစ္ဆာန်မျိုးစိတ်တစ်ခုပါ၊ တောတွင်းမှာ သူတို့နဲ့တွေ့ဆုံဖို့ အခွင့်အရေးက တအားကို နည်းပါးပါတယ်၊ နောက်ပြီး သားဖောက်ဖို့ ရလာနိုင်လောက်မဲ့ အပိုင်းအစတာဝန်တွေကလည်း တအားကို ခက်ခဲပါသေးတယ်၊ ဒါကြောင့် hostအနေနဲ့ ဂရုစိုက် စဥ်းစားစေချင်ပါတယ်”

စနစ်၏အသံက သူ၏စိတ်အတွင်း ထွက်ပေါ်လာသည်။

ဆုပိုင်၏ နှုတ်ခမ်းထောင့်စွန်းများက အသာကော့တက်သွားသည်။

ပန်ဒါကြီးတွေက အဖိုးတန်တာတော့ မှန်တယ်။ ဒါပေမဲ့ ဒီလိုအလားတူ မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှားပါးလွန်းတဲ့ မျိုးစိတ်တွေလည်း ရှိနေသေးတာပဲ။

ဆိုလိုတာက သူ့ကိုသားဖောက်ချင်ရင် ဒီလို သားဖောက်ဖို့ ပေးလာတဲ့အခွင့်အရေးကို လဲလှယ်ဖို့ လိုအပ်တာလား။

သို့ရာတွင် လေဘုရင်အကောင်ကြီးငှက်များက ဒီတစ်ခေါက် refreshဖြစ်သည့် ဇယားအတွင်းတွင် မပါလာချေ။

ဆုပိုင်က အချိန်အတန်ကြာအောင် တွေးတောလိုက်သည်။ ထို့နောက် အံကိုကြ်ိတ်လိုက်ပြီး ပန်ဒါကြီး၏ ဓားကိုလဲလှယ်လိုက်သည်။

“သေစမ်း ဒီကောင် အခွင့်ရေးကြီးကြီး ရရှိသွားတာပဲ”

သူက ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။

ဆုပိုင်က အိပ်ရာတွင် လှဲလိုက်ပြီး မျက်လုံးကို မှေးလိုက်သည်။

တိရိစ္ဆာန်ကို မကယ်ဆယ်ရဘူးဆိုကလည်းက စိုးရိမ်ရန် မလိုအပ်ချေ။ သူ ညနေမှသာ ထိုအကောင်ကို သွားခေါ်လိုက်ပေမည်။

.......။

“တပိုင် အစ်မကြီးရှောင်ရုန့်ကို ခေါ်ပြီး ပတ်ပြေးပါ့လား”

ဘေဘီက တပိုင်၏အနားတွင်ရပ်ပြီး နားရွက်ကို လှမ်းဆွဲလျက်အော်သည်။

“အူး”

တပိုင်က သူ၏အရှေ့မှ ထူးဆန်းသော ကောင်မလေးကိုကြည့်သည်။ ထို့နောက် သူ၏လက်သည်းလေးကို ဆန့်ထုတ်လိုက်ပြီး သူ၏ဘေးဘက်မှ တခစ်ခစ်ရယ်နေသော ပိုလာဝက်ဝံကို ဖြတ်ရိုက်လိုက်သည်။

သူက မမြင်နိုင်ဘူး။

ဘာလို့ မြေပြင်မှာပဲ လှဲအိပ်နေပြီး လူတွေတက်နင်းသွားတာကို မခံတာလဲ။

“ဝေါင်း”

အရိုက်ခံလိုက်ရသော ရှောင်ပိုင်က ရန်ငြှိုးအပြည့်နှင့် မော့ကြည့်လိုက်ပြီး မြေပြင်တွင်သာ မြန်မြန်လှဲပေးလိုက်သည်။

“ငါတကယ်ပဲ တက်လို့ရလား”

ရှောင်ရုန့်က တပိုင်၏ ကိုယ်ပေါ်ရှိ အမွေးဖွာလေးများကို ထိတွေ့ကြည့်သည်။ ထို့နောက် မနေနိုင်ဘဲ အသံတိုးတိုးလေးနှင့် ပြောလိုက်မိသည်။

“ထားလိုက်ပါ၊ ငါမတက်တော့ပါဘူး၊ ငါမှမမြင်နိုင်တာ၊ မတော်တဆ....”

“အိုး ဘာမှမဖြစ်ဘူး၊ မစိုးရိမ်နဲ့၊ တပိုင်က အရမ်းနာခံတာ”

ဘေဘီက သူမ၏လက်လေးကို ဆန့်ထုတ်ပြီး ကောင်မလေးကို ဆွဲတင်ပေးသည်။ ထို့နောက် ရှောင်ရုန့်အား တပိုင်၏ကျောပေါ်သို့ တက်စေရန် အောက်ဘက်မှ လှဲပေးထားသော ရှောင်ပိုင်၏ ကိုယ်ပေါ်ကတစ်ဆင့် တက်စေလေသည်။

“သွားရအောင်”

“သွားမယ် သွားမယ်၊ ဆင်ပေါက်လေးနဲ့ သွားပြီးကစားကြမယ်လေ”

ဖုန်း။

လောင်ကျိုးက မြောင်ထိုက်၏နောက်မှလိုက်ပြီး ဝက်စာပုံးကို မြေပြင်ပေါ်သို့ ချလိုက်သည်။ ထိုအချိန်တွင် အဝေးဘက်မှလာသော ရယ်သံကို ကြားလိုက်သဖြင့် မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိသည်။

ထိုအခါ ကြီးမားသော ပန်ဒါကြီး၏ကျောပေါ်တွင် ထိုင်နေပြီး လက်ကလေးကိုရမ်းကာ တခစ်ခစ်ရယ်နေသည့် သမီးဖြစ်သူ၏ ခေါင်းလောင်းလို သာယာသောအသံများက ပျံ့နှံ့လာကြောင်း မြင်လိုက်ရသည်။

ဘယ်လောက်ကြာပြီလဲ။

156 03

ရှောင်ရုန့်လေး ဒီလိုပျော်နေတာမျိုးကို မမြင်ရတာ ဘယ်လောက်ကြာနေပြီလဲ။

“ဒါမင်းရဲ့သမီးမဟုတ်လား”

“ဟုတ်တယ် ဒီနှစ်မှ ဆယ်နှစ်လေ”

“ဒါရိုက်တာဆုပိုင်က လူကောင်းတစ်ယောက်ပါ၊ မင်းရဲ့သမီးနဲ့အတူ ဒီမှာနေတာ ဘယ်လောက်ကောင်းလိုက်သလဲ”

မြောင်ထိုက်က ဘေးဘီကိုကြည့်ပြီး ခပ်တိုးတိုးပြောသည်။

“အထူးသဖြင့် ကလေးတွေအတွက်ပဲ၊ ဒါရိုက်တာဆုပိုင်က မင်းရဲ့ကလေးတွေရဲ့ အခြေအနေကို တော်တော်လေး စိုးရိမ်ပေးမှာသေချာတယ်၊ ဒါကြောင့် ဒါရိုက်တာဆုပိုင်က ဒီအခြေအနေကို ကူညီပြီး ဖြေရှင်းပေးလောက်တယ်”

“မင်းဘေဘီ့ကို မြင်ဖူးလား”

“သူမအတွက်ကြောင့်နဲ့ ဒါရိုက်တာဆုပိုင်က သူ့ရဲ့နောက်က အသင်းကို ဒီရောဂါကို ကုသပေးနိုင်တဲ့ သြစတေးလျယုန်မျိုးစိတ်ကို အထူးတလည် လေ့လာခိုင်းခဲ့တာ”

“အာ”

မြောင်ထိုက်က သက်ပြင်းချရင်း ဆက်ပြောသည်။

“လောင်ကျိုး ငါမင်းကို အမှန်အတိုင်း ပြောရရင် ငါ့ရဲ့ဘဝက မင်းထက် အများကြီးဆိုးခဲ့တာ၊ ငါ့ရဲ့သမီးက ALSရောဂါကို ခံစားနေရတာလေ၊ ငါတို့နှစ်ယောက်က အချင်းချင်းမှီခိုပြီးနေရတယ်၊ ငါတို့ ငတ်ပြီးမသေရုံလောက်လေးပဲ ရှင်သန်နေရတာ၊ ဒါပေမဲ့ ဆေးကုသစားရိတ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက် မရှိခဲ့ဘူး”

“ဒါပေမဲ့ ဒါရိုက်တာဆုပိုင်ကို ကျေးဇူးတင်ရမယ်၊ ငါ့ရဲ့သမီးရဲ့ ကျန်းမာရေးက သက်သာသွားရုံတင်မကဘူး၊ ငါတို့နှစ်ယောက်လုံး အခု တိရိစ္ဆာန်ရုံမှာ အလုပ်လုပ်နေပြီ၊ ဒါပဲလေ၊ ဒါရိုက်တာဆုပိုင်က ငါတို့ကို လတိုင်းလိုလို လစာကောင်းတွေပေးတယ်၊ ရိုးရိုးသားသားပြောရရင် ငါဒီပိုက်ဆံယူရမှာကိုတောင် ရှက်မိတယ်”

“ဒါပေမဲ့ လခရတဲ့အခါ ငါဒါရိုက်တာဆုပိုင်မသိအောင် ခိုးပြီး ဒီအကောင်လေးတွေကို မုန့်ဝယ်ကျွေးရတာပေါ့”

“အဲဒီလိုမှမဟုတ်ရင် ငါစိတ်ထဲကောင်းမှာမဟုတ်ဘူး”

“ဟုတ်တယ်”

လောင်ကျိုးကလည်း ခေါင်းညိတ်သည်။ သူသည်လည်း တိရိစ္ဆာန်ရုံသို့ ရောက်လာပြီးနောက် မြောင်ထိုက်အကြောင်းကို တခြားသူများ ပြောစကားအရ သိထားပြီးသားဖြစ်သည်။ မမျှော်လင့်ထားစွာပင် ထိုအခြေအနေက မှန်ကန်နေခဲ့သည်။ ပို၍ဆိုးသည်မှာ နေ့တစ်ဝက်တာ နားလည်သဘောပေါက်မှုအရ လောင်ကျိုးအနေဖြင့် ထိုမျှလွယ်ကူသော အလုပ်မျိုးကို မမြင်ခဲ့ဖူးချေ။

သူတို့အနေဖြင့် သန့်ရှင်းရေးလုပ်ရန်ပင် မလိုအပ်ခဲ့ချေ။ သူတို့၏အရှေ့မှ လန်ဒရစ်ဝက်နှင့် လန်မင်ကြွက်တစ်အုပ်ကို အစာကျွေးရန်ကလွဲပြီး တခြားသော တိရိစ္ဆာန်များကို စိုးရိမ်ရန်ပင် မလိုအပ်ပေ။ အရေးအကြီးဆုံးကိစ္စကမူ.....

ဒီနေရာတွင် သူ၏သမီးဖြစ်သူက သာမန်လူတစ်ယောက်လို ရယ်ပြုံးနိုင်သည်။ အနာဂတ်တွင် သူမ၏ ကျန်းမာရေးကို ကုသနိုင်မည့် နည်းလမ်းတစ်ခုလည်း ရှိလာလောက်သည်။

ရှောင်ရုန့်ကသာ အခြေအနေပိုကောင်းလာမည်ဆိုလျှင်.....။

ငါအခုကစပြီး ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကိုပဲ ငါ့ရဲ့အသက်နဲ့ဘဝကို ပေးဆပ်ထားလိုက်တော့မယ်။

All Chapters