← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

157 01

အပိုင်း (157)

“အူး”

“ဓားကြီး ဟုတ်လား၊ ဘာကိုဆိုလိုတာလဲ”

တပိုင်က မြက်ခင်းပြင်တွင်လှဲရင်း ခေါင်းကိုအသာခါနေသည်။

ဒါရိုက်တာဆုပိုင်က ဒီညတာဝန်သွားလုပ်ရာတွင် သူ့ကို ခေါ်သွားမည်ဟု တကူးတက လာပြောသွားသည်။ ထို့​နောက်.....။

နောက်ပြီး ကောင်းတဲ့ကိစ္စတစ်ခု ရှိလာဦးမယ်လို့ ကောက်ကျစ်တဲ့အပြုံးတောင် ပြောပြရင်း ပြုံးသွားသေးသည်။

ဒါက ဘာလဲ။

ဓားကြီးဆိုတာနဲ့ ပတ်သက်ပြီးကောင်းတာက ဘာလဲ။

ခက်ခက်ခဲခဲ တွေးတွေးဆဆ တွေးတောပြီးသည့်တိုင်အောင် တပိုင်က အကြောင်းပြချက်ကို ရှာမတွေ့သေးချေ။

ဖုန်း။

တပိုင်က အနားရှိ ပိုလာဝက်ဝံလေးကို နိုးသွားစေရန် ကန်ထုတ်လိုက်ရင်း သတိအပြည့်ကပ်ကာမေးသည်။

“မျိုးမစစ်လေး ဒီနေ့ ဒါရိုက်တာဆုပိုင် ပြောသွားတဲ့စကားကို မင်းနားလည်လား”

“ဝေါင်း”

ရှောင်ပိုင်က သူ၏ခေါင်းကိုကုတ်ရင်း မျက်လုံးက စင်းကျနေသည်။ သူက ခေါင်းလှည့်ပြီး အော်လိုက်သည်။

“ပါးပါးပိုင် အလုပ်ကြမ်းလုပ်ဖို့ ဆွဲခေါ်ခံရတာများ ဖြစ်နေမလား၊ ဘာလို့ ဒါရိုက်တာဆုပိုင်ရဲ့အပြုံးက ကောက်ကျစ်တယ်လို့ ခံစားမိနေတာလဲ”

“ဟစ်”

တပိုင်က ထိုစကားကြောင့် တုန်ယင်သွားသည်။ အရင်တစ်ခေါက်မှ မှတ်ဉာဏ်က သူ၏စိတ်အတွင်း လတ်ဆတ်နေသေးသည်။ ကပ်ဘေးပေါင်းများစွာကလည်း ရှိနေ၏။ ဒီတစ်ကြိမ်တွင် အထူးတလည် လာခေါ်သေးသည်။

မကောင်းတော့ဘူး။

အဲဒီဓားကြီးက ဘာလဲဆိုတာကိုနားလည်အောင် ငါအရင်ဆုံး လုပ်ရတော့မယ်။ ငါဒီတိုင်း ထိုင်နေပြီး အသေမခံနိုင်ဘူး။ အရင်ဆုံး ကြိုတင်ပြင်ဆင်ထားရမယ်။

ထိုအကြောင်းအရာကို တွေးမိပြီးနောက် တပိုင်က ခေါင်းကိုအသာခါရင်း ​မြက်ခင်းပြင်မှ ကုန်းထလိုက်သည်။ ထို့နောက် ပန်ဒါဥယျာဥ်ထဲမှ အလျင်စလို ပြေးထွက်သွားလေသည်။

တိရိစ္ဆာန်ရုံတစ်ခုလုံးတွင် လူသားများအကြောင်း အသိဆုံးက ငှက်တောသာဖြစ်သည်။ သို့ရာတွင် ထိုအကောင်က ခြိမ်းခြောက်မှုအောက်သို့ ရောက်နေပြီး လွတ်လပ်မှုများ ချုပ်ထိန်းခံထားရပုံပေါ်သည်။

မရေမတွက်နိုင်သော ခရီးသွား ရှုခင်းကြည့် နယ်မြေပေါင်းများစွာကို ကျော်ဖြတ်ပြီး တိရိစ္ဆာန်ရုံထောင့်နားရှိ ငှက်အသိုက်တစ်ခုသို့ ရောက်သွားသည်။

“ကယ် ကယ်ကြပါ”

“ငါ့ကို သနားမဲ့သူ မရှိတော့ဘူးလား၊ ကျေးဇူးပြုပြီး ကယ်ကြပါ”

“တစ်ယောက်ယောက်သာ ငါ့ကိုကယ်မယ်ဆိုရင် ဒီငှက်တောက တစ်ဘဝလုံး ပေးဆပ်ပါ့မယ်”

သူက အဝေးမှ နားထောင်ကြည့်လိုက်သည်။ ဒါက တောင်းပန်ကာ ငိုယိုနေသော အသံဖြစ်သည်။

တပိုင်က မျောက်ဝံစားသိမ်းငှက်ကြီး၏ ကြောက်လန့်ဖွယ်ကောင်းသော ပုံပန်းသွင်ပြင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ဒီနေရာသို့လာရန် ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်က အလျင်လိုလွန်းသည်ဟု ခံစားလိုက်ရသည်။

ထိုငှက်တော၏ ပုံပန်းသွင်ပြင်ကတစ်ဆင့် သူ၏ဘဝက မကောင်းမွန်နိုင်ချေ။

“ကောင်းပြီလေ၊ ငါက ဘဝကောင်းတစ်ခုမှာ ရှင်သန်နေထိုင်ရတာပဲ၊ ဒီတော့ ကျေးဇူးပြုပြီး သွားပြီးမနှောင့်ယှက်တာပဲ ကောင်းပါတယ်”

တပိုင်က ခပ်တိုးတိုး ညည်းညူလိုက်ပြီး ဆုံးဖြတ်ချက်ပြတ်သွားစွာဖြင့် နောက်လှည့်ကာ ထွက်သွားသည်။

“ဂါး”

“ဗိုက်ဆာလို့လား”

ရုတ်တရက် မျောက်ဝံစားသိမ်းငှက်ကြီးက အော်လိုက်သည်။ ထို့နောက် သန်မာသော ခန္ဓာကိုယ်ကြီးက လေထဲသို့ရုတ်တရက် မြောက်တက်သွားလေပြီး လန်မင်ကြွက်တစ်အုပ်ဆီ သွားလေသည်။

“အစ်ကိုပိုင်”

ငှက်တောက မြက်ခင်းပြင်မှ ခပ်မြန်မြန်ကုန်းထလိုက်သည်။ သူက တစ်ချက်မော့ကြည့်လိုက်သောအခါ အဝေးရှိတပိုင်ကို မြင်လိုက်ရသည်။ သူက ချက်ချင်းလိုလို ပြေးလာသည်။

“အစ်ကိုပိုင် အစ်ကို့ရဲ့ ညီငယ်လေးကို ကယ်ပါဦး”

“ဝူးဝူးဝူး”

ထိုသို့ပြောပြီးနောက် ငှက်တောက ပန်ဒါကြီး၏ ခေါင်းပေါ်သို့နားကာ ဆက်တိုက် တိုက်တွန်းသည်။

အချိန်အတန်ကြာပြီးနောက်...။

တပိုင်နှင့် ငှက်တောတို့က ဝက်ခြံနားတွင် တိတ်တဆိတ် လှဲနေပြီး ဘေးဘီကို လိုက်ကြည့်သည်။

ပျားရည်ခွေးတူဝက်တူကသာ ထိုနေရာတွင် ရှိသည်။ လူသားများကပင် ဒီနေရာသို့ လာခဲသည်။ တိရိစ္ဆာန်များဆိုလျှင် ပို၍ဆိုးသည်။

ဒီနေရာမှာ ပုန်းနေတာက လုံခြုံတယ်။

“ဟူး”

ငှက်တောက ဝက်ခြံစည်းရိုးလေးပေါ်တွင် နားရင်း သက်ပြင်းချသည်။ သူက ကြောက်လန့်မှုအပြည့်နှင့်ပြောသည်။

“အနာဂတ်မှာတော့ ဘဝက ခက်ခဲတော်မယ်ထင်တယ်၊ ဒီမျောက်ဝံစားသိမ်းငှက်က ငါ့ကို သူ့ကလေးလို့ ထင်နေတာ၊ ငါဘာကို ဘယ်လိုများ ပြန်ပြင်ရမှာလဲ”

“ကွာခြားချက်က အကြီးကြီးပဲ”

“ငါ့မှာလည်း ခုခံနိုင်စွမ်းအား မရှိဘူးလေ၊ ငါတကယ်ကို သနားစရာကောင်းတာပါ၊ ငါ့အသက်ဘယ်လောက်ရှိနေပြီလဲ၊ ငါက ဓားကြီးကိုတောင် ကျော်ဖြတ်ခဲ့ပြီးပြီ၊ ကလေးဖြစ်ဖို့က စိတ်ဝင်စားဖို့ ကောင်းမယ်လို့ထင်လား”

“ဟင်”

တပိုင်က ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီး ငှက်တောကို စိတ်လှုပ်ရှားစွာကြည့်သည်။

ဒီကောင်ဘာပြောလိုက်တာလဲ။

ဓားကြီးဟုတ်လား။

သေချာပေါက်ကိုပဲ တိရိစ္ဆာန်မှန်ကို ရှာမိသွားတာပဲ။

157 02

“ဖြန်း”

သူက သူ၏ဝက်ဝံလက်ကို ဖြန့်ထုတ်လိုက်ရင်း မြေပြင်ကို ဖြန်းခနဲရိုက်ချသည်။ ထို့နောက် တပိုင်က အသံကို တိုးလိုက်ရင်းပြောသည်။

“မင်းအခုလေးတင် ပြောလိုက်တဲ့ ဓားကြီးဆိုတာဘာလဲ၊ ငါ့ကို ဂရုတစိုက်ပြောပြစမ်း”

“ဟင်”

ငှက်တောက သူ၏အထက်ရှိ ပန်ဒါကြီးကို အံ့အားသင့်မှုအပြည့်နှင့် ကြည့်သည်။ တစ်ခဏခန့်ကြာအောင် သူကစကားမပြောနိုင်တော့ချေ။

ယခုတလော မျောက်များထံမှ သတင်းစကားအရ ပန်ဒါက ထူးဆန်းစွာ ပြုမူနေသည်ဟု ဆိုသည်။

ဆောင်းတွင်းရောက်နေလို့လား။

နွေဦးတောင် မရောက်သေးဘူး။ ဘာလို့ ဒီအကြောင်းအရာကိုတွေးနေတာလဲ။

“မင်းက ဘာတွေတွေးနေတာလဲ၊ ငါမင်းကိုအဲဒီငှက်ဆီ ပြန်ပို့ပေးနိုင်တယ်ဆိုတာကို မယုံဘူးလား”

ငှက်တော၏ သနားစရာကောင်းသော ပုံစံကိုမြင်သောအခါ တပိုင်က မနေနိုင်ဘဲ ပြောလိုက်မိသည်။

“ဝေါင်း”

“ဟေး အစ်မကြီးမျောက်ဝံစားသိမ်းငှက်ရေ၊ ဒီမှာ....”

“မလုပ်ပါနဲ့ မလုပ်ပါနဲ့”

“သေစမ်း”

“အသံကိုတိုးစမ်းပါ”

ငှက်တောက အလျင်စလိုတိုက်တွန်းသည်။

“အ အစ်ကိုပိုင် ဘာလို့ဒါကိုမေးတာလဲ၊ မင်းဒီအကြောင်းအရာကို မသိဘူးမဟုတ်လား”

“ဒါရိုက်တာဆုပိုင်က ငါ့ကိုဒီည ဓားကြီးအတွက် ခေါ်သွားပေးမယ်လို့ ပြောတယ်၊ ဒါက ဘာကိုဆိုလိုတာလဲ”

“ဘာ”

ငှက်တောက ရုတ်တရက် တအံ့တသြအော်လိုက်ပြီး တပိုင်ကို မနာလိုမှုအပြည့်နှင့်ပြောသည်။

ဒါက ကွာခြားချက် ကြီးမားလွန်းတာမဟုတ်လား။

ဓားကြီးနေရာကို ပန်ဒါကြီးကို​တောင် ခေါ်သွားရဦးမယ်ဟုတ်လား။

ဘယ်လောက်တောင် ဆိုးရွားလွန်းတဲ့ တိရိစ္ဆာန်ရုံလဲ။ ဒါဆိုရင် ငါ့အလှည့်ကို ရောက်လာမှာလား။

သူက စိတ်ထဲတွင် ခြိမ်းခြောက်သော စကားလုံးများကို ဆက်တိုက်ပြောသည်။

ထို့နောက် ငှက်တောက မှတ်ဉာဏ်များအတွင်း နစ်မြုပ်သွားပြီး အတိတ်မှ မှတ်ဉာဏ်များကို ပြန်ပြောင်းသတိရသလိုမျိုးပြောသည်။

“ဒါက တော်တော်လေး ကြာပါပြီ၊ ငါမှတ်မိတာမှန်မယ်ဆိုရင် ပထမဦးဆုံးပိုင်ရှင်က ငါ့ကိုအဲဒီကို တစ်ခါခေါ်သွားဖူးတယ်၊ ငါက အဲဒီတုန်းက တော်တော်ငယ်သေးတယ်လေ၊ ဒါကြောင့် ဒါက ဘာမှန်းမသိဘူး”

“ငါ့ရဲ့နတ်သမီး ဖူကာဒါကို ဖန်သားပြင်မှာ မ​မြင်ခင်အထိပေါ့၊ အဲဒီနောက်မှ ငါနားလည်သွားတာ”

“ဒီတော့ အဲဒီလို ဖြစ်ခဲ့တာပဲ”

“ဒါပဲလား”

တပိုင်က အချိန်အတန်ကြာအောင် စိတ်ရှည်ရှည်စောင့်ပေးခဲ့သည်။ သို့သော် ငှက်တောက စကားဆက်မပြောတော့သောကြောင့် မနေနိုင်ဘဲ မေးလိုက်သည်။

“ဒါပဲလေ”

ငှက်တောက စိတ်ရှုပ်ထွေးမှုအပြည့်နှင့်ပြောသည်။

“အစကတော့ ဒီည ဓားကြီးကျော်ဖြတ်ရမယ်လို့ပဲကြားလိုက်တာ၊ ဒါပေမဲ့ အဲဒီသောက်ကျိုးနည်းပိုင်ရှင်က ငါ့ကို တံခါးမှာချည်ထားပြီး ခိုးကြောင်ခိုးဝှက်လုပ်တယ်လေ၊ ငါအသံတွေပဲ ကြားရတာ၊ ဘာကိုမှ မမြင်လိုက်ရဘူး”

“ဒါ့အပြင် အော်သံတွေကလည်း နားထောင်လို့ မကောင်းပါဘူး၊ နတ်သမီးဖူကာဒါနဲ့ကို မယှဥ်နိုင်ဘူး”

“ဖြန်း”

တပိုင်က ဝက်ဝံလက်သည်းကိုမြှောက်လိုက်ပြီး ငှက်တောကို ဖြန်းခနဲရိုက်သည်။ ထိုကောင်၏ခေါင်းက ကျိန်းစပ်တက်သွားလောက်၏။ သူက ဒေါသတကြီး အော်သည်။

“ဒီလောက်အချိန်အတန်ကြာပြောနေပြီး မင်းဆီက ဘာမှမသိရဘူး ဟုတ်ပြီလား”

“ငါမင်းကို ပြန်ပို့တာပဲ ကောင်းပါတယ်၊ အသုံးမကျတဲ့အမှိုက်ကောင်”

“ဟေ့ နေပါဦး”

ငှက်တောက ကြယ်များဝိုင်းနေသော ခေါင်းကို အသားကုန်ခါလိုက်သည်။ ထို့နောက် တုန်ယင်စွာ ထရပ်လိုက်ရင်း ကြောက်လန့်တကြားပြောသည်။

“အဲဒီအချိန်က ငါတကယ်မသိခဲ့ပါဘူး၊ ဒါပေမဲ့ နောက်ကျတော့ ငါသိလိုက်တယ်”

“လူကြီးမင်းဖူကာဒါပဲမဟုတ်လား၊ ဘာများထူးခြားလို့လဲ”

သူက ထိုသို့ပြောလိုက်သည့်အချိန်တွင် ငှက်တောက သူ၏အရှေ့ရှိ ဝက်ခြံအတွင်းမှ လန်ဒရစ်ဝက်နှစ်ကောင်ကို ပြသည်။ ထို့နောက်ပြောသည်။

“အစ်ကိုပိုင် ကြည့်၊ ဓားကြီးဆိုတာဒါပဲ”

တပိုင်က တစ်ချက်မော့ကြည့်လိုက်ပြီးနောက် တခြားဝက်တစ်ကောင်ပေါ်တွင် ထပ်နေသော ဝက်တစ်ကောင်ကို မြင်လိုက်ရသည်။ သူက ချက်ချင်းဆိုသလို နားလည်သွားသည်။

ဟင်။

ဒါက အဲဒီမျောက်တွေ အချိန်တိုင်းလုပ်နေတဲ့ အရာမဟုတ်လား။ ဒါကဘာလဲ။

ဒါက ဓားကြီးလား။

“ဟူး”

တပိုင်က အသက်ပြင်းပြင်းရှူပြီး အတွေးနက်သွားသည်။

ကြည့်ရတာ ဒါရိုက်တာဆုပိုင်က အရင်တစ်ခေါက်ကလည်း သူ့ကို သဲလွန်စ ပေးခဲ့သလိုပဲ။ မမျှော်လင့်ထားဘဲ သာမန်ကာလျှံကာ ပြောခဲ့တာက တကယ်ပဲ အတည်ဖြစ်လာတာလား။

ဒါဆိုရင်လည်း.....။

ဟီးဟီး။

တပိုင်က ရယ်သည်။

အခုလို သိရပြီဆိုတော့လည်း ကြောက်စရာမရှိတော့ဘူးပေါ့။

အချိန်အတန်ကြာပြင်ဆင်ပြီးနောက် ဒီမျောက်တွေဆီကနေ ပုံစံမျိုးစုံ သိထားပြီးပြီ ဟုတ်ပြီလား။

လာပါ ဓားကြီးရေ လာစမ်းပါ။

ငါက ကြောက်စရာကိုမရှိဘူး။

+++++

158 01

အပိုင်း (158)

“ဟူး”

“မဖြစ်နိုင်တော့ဘူး ငါမလျှောက်နိုင်တော့ဘူး”

“မရဘူး ထ နည်းနည်းဆက်လျှောက်လိုက်ဦး”

ဆုပိုင်ကလည်း အမောတကော အသက်ရှူနေသည်။ သူက အရှေ့မှ တောအုပ်ကို ကြည့်သည်။ သူက မနေနိုင်ဘဲ ခွေးသေတစ်ကောင်လို သူ၏အနောက်ဘက်မြေပြင်တွင် လှဲနေသည့် တပိုင်ကို အော်သည်။

“အူး”

“ငါမလုပ်နိုင်တော့ဘူး၊ ငါဗိုက်ဆာတယ်၊ အနားယူချင်တယ်”

သူ၏လျှာက ပါးစပ်မှပင် ထွက်နေသည်။ တပိုင်က မြေပြင်တွင် အမောတကော အသက်ရှူရင်း လှဲနေသည်။ သူက ဆုပိုင်ကို ကြည့်ရင်း အရှက်မရှိစွာအော်သည်။ ထို့နောက် သူ၏ခေါင်းကို ဝက်ဝံလက် ၂ဖက်လုံးဖြင့် တိုက်ရိုက်ကိုင်ထားလိုက်ပြီး “ငါမင်းကိုမြင်တယ်” ဆိုသော ဟန်အမူအယာကို လုပ်ပြနေသည်။

တအားပင်ပန်းတာပဲ။

သူသာ ကြိုသိခဲ့ရင် အသတ်ခံရရင်တောင် မလာပါဘူး။

ဒါက ဓားကြီးဆိုတာလား။

အလေးချိန်ကျအောင် လုပ်ခိုင်းချင်ရင် ဒီတိုင်း ပြောလိုက်စမ်းပါ။ ဒါက ရယ်စရာကောင်းလွန်းမနေဘူးလား။

ဘယ်လိုတောင် ခွေးကျင့်ခွေးကြံ ကြံတာလဲ။

“ဟူး”

ဖုန်း။

​ဆုပိုင်က သူ၏ကျောပိုးအိတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ပန်ဒါကြီး၏ အနားတွင် ထိုင်လိုက်သည်။ သူကလည်း အမောတကော အသက်ရှူနေရသည်။

ဒီလို နေ့ရက်မျိုးမှာ ဒီလောက်နက်တဲ့ တောင်ပေါ်ကိုတက်ပြီး တောအုပ်ထဲကို ဝင်ရမယ်လို့ မထင်ထားဘူး။

နောက်ပြီး....။

ဆုပိုင်က ကျယ်ပြောသော တောင်တန်းကြီးကို တစ်ချက်ကြည့်သည်။ အမြင့်က မနိမ့်ချေ။ အချိန်အတန်ကြာအောင် စောင့်နေပြီးနောက် အောက်စီဂျင်အနည်းငယ်ပင် လိုအပ်လာသည်။

အရေးအကြီးဆုံး အချက်ကမူ သူ၏အနောက်ရှိအကောင်က ပျင်းလွန်းနေပြီး တစ်ချိန်လုံး ကြမ်းပြင်တွင် လှဲနေကာ သေချင်ယောင်ဆောင်သည်။ သူတို့က မီတာ၅ရာကိုပင် မလျှောက်ရသေးချေ။

“ကောင်းပြီကောင်းပြီ ထတော့၊ ငါတို့ အရှေ့က တောင်ပေါ်အထိ မတက်ရမချင်း ထွက်သွားလို့မရဘူး၊ ဒီနေ့တော့ ဒီနေရာမှာ နားရမှာ”

ဆုပိုင်က သူ၏နားရွက်ကိုဆွဲပြီး တပိုင်ကို ထခိုင်းသည်။

“အူး”

“ငါသေးပေါက်ချင်တယ်”

“မင်း လွန်ခဲ့တဲ့ ၅မိနစ်ကလည်း ဒီအကြောင်းပြချက် ပေးပြီးပြီ”

“ငါ့ရဲ့ရင်ဘတ်က နာတယ်”

“ဒါဆိုရင် တူနဲ့ထုပေးရမလား”

ပန်ဒါကြီးက ပေါက်ကရများ လျှောက်ပြောသည်။ တစ်ချက်လှမ်းကြည့်သောအခါ ဆုပိုင်က သူ၏အိတ်ထဲမှ တူထုတ်နေပြီဖြစ်သည်။

ဒုန်း။

တပိုင်၏နဖူးလေးကို အသာထုလိုက်ပြီးနောက် ဆုပိုင်က ဆွံ့အသလိုပြောသည်။

“မြန်မြန်ထ၊ သိပ်မကြာခင် မှောင်တော့မယ်၊ ငါတို့ မမှောင်ခင် ရွက်ဖျင်တဲထိုးဖို့ နေရာကောင်းရှာရမယ်”

“ကောင်းပါပြီ”

သို့ရာတွင် ဝက်ဝံဟာ မြေပြင်တွင် ထိုင်နေဆဲဖြစ်သည်။ သူ၏ အနက်ရောင်မျက်လုံးများက လန်တက်သွားပြီး ခေါင်းက ရမ်းခါသွားသည်။ သူဟာ မူးရူးနေသလိုမျိုး ဘယ်ပြန်ညာပြန် ရမ်းသွားပြီး မြေပြင်ပေါ်သို့ ပုံခနဲ လဲကျသွားသည်။

ဆုပိုင်...

“....”

[Hahaha ငါသည်းမခံနိုင်တော့ဘူး၊ ငါ့ရဲ့အစာအိမ်တောင် နာနေပြီ၊ တအားရယ်ရတာပဲ]

[ဒါက အရင်နဲ့ခြားနားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုပဲ၊ မမျှော်လင့်ထားဘဲ ဒီတပိုင်က တအားပျင်းလွန်းတယ်၊ သူက ပန်ဒါမလေးကိုတောင် လိုချင်သေးတာ၊ ဒါပေမဲ့ တက်ကြွမှုလည်း မရှိဘူး]

[အထီးကျန် ခွေးဆိုတဲ့စကားက သူ့အတွက် ရည်ညွှန်းခဲ့ဖူးတယ် မဟုတ်လား၊ ဒါက တပိုင်ကို တိုက်ရိုက်ရည်ညွှန်းချင်တာ ဖြစ်လောက်တယ် ]

[တပိုင်...အချစ်ဆိုတာ ဘာလဲ၊ ငါကတော့ အချစ်နဲ့ မထိုက်တန်ပါဘူး]

[၂၃၃၃၃၃.......ဒါရိုက်တာဆုပိုင်...ငါ့အတွက် တအားခက်ခဲတယ်]

[ငါကတော့ တော်တော်လေးကို စိတ်ပျက်နေခဲ့တာ၊ ဒါပေမဲ့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုက တိရိစ္ဆာန်တွေကို မကယ်ဆယ်ပေမဲ့လည်း ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းမယ်လို့ မထင်ထားဘူး၊ ငါဆုံးဖြတ်လိုက်ပြီ၊ ဒါရိုက်တာဆုပိုင် တိုက်ရိုက်ထုတ်လွှင့်နေသမျှ ဘယ်လို အခြေအနေမျိုးကိုမဆို ငါစောင့်ကြည့်မယ်၊ အဆိုးဆုံးမှ ကျောင်းကပေးထားတဲ့ အိမ်စာကို မလုပ်ရုံပေါ့၊ ဟုတ်တယ်မလား]

[အပေါ်ကတစ်ယောက် ဘယ်ကျောင်းကလဲ၊ ငါတိုင်ချင်လို့]

........။

ဒါရိုက်တာဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်လိုက်သည်နှင့် လူတိုင်းက မျက်လုံးကိုပွတ်ပြီး နာမည်ကို အရင်ကြည့်ကြသည်။ သို့သော် အားလုံးက မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

“တိုက်ရိုက်ထုတ်လွှင့်မှု...မဟာဓားကြီးဆီသို့ ခရီးစဥ်”

ဒီနာမည်က reviewရော အောင်ရဲ့လား။

ရိုးရှင်းစွာပင် မည်သူကမှ မယုံကြည်နိုင်ကြချေ။ ထို့နောက် လူတိုင်း၏ စိတ်အတွင်း ဖော်ပြရန်ခက်ခဲသောပုံများက ပေါ်ထွက်လာကြသည်။

သို့ရာတွင် ဆုပိုင်က တပိုင်နှင့်အတူ တောင်ပေါ်သို့ ခပ်မြန်မြန်တက်နေကြောင်း မြင်လိုက်ရသည့် အချိန်တွင်မူ အားလုံးက နားလည်လိုက်ကြသည်။ တပိုင်၏ အမျိုးမျိုးသော လှည့်ကွက်များက လူတိုင်းကို ရယ်စေသည်။

ငါးမန်း တိုက်ရိုက်ထုတ်လွှင့်မှု backstage။

ဟန်လီက စတင်ခါစ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်ပြီးနောက် ရေနွေးကြမ်းတစ်ခွက် သွားထည့်သည်။ သူက စက္ကူတစ်သျှူးများကိုလည်း အလိပ်လိုက် သယ်လာသည်။

158 02

သို့သော် မမျှော်လင့်ထားသည်မှာ သူတို့၏ တိုက်ရိုက်ထုတ်လွှင့်မှု ပလတ်ဖောင်းပေါ်တွင် ထိုကဲ့သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမျိုးက ပေါ်လာသည်။ ပို၍ဆိုးသည်မှာ ဒါရိုက်တာဆုပိုင်ကပင် ဖြစ်နေသေးသည်။

ဟန်လီကိုယ်တိုင်ကလည်း ဒါရိုက်တာဆုပိုင်က တမင်တကာ နောက်သည်ဟုသာ ထင်လိုက်သည်။ သို့မဟုတ်လျှင် ဓားကြီးအကြောင်းအရာကို တိုက်ရိုက်ထုတ်လွှင့်ရဲလိမ့်မည်မဟုတ်ချေ။

ဒါက ရူးနေလို့လား။

သူကိုယ်တိုင်ကပင် လွန်ဆွဲနေသော်လည်း တစ်သျှူးတစ်လိပ်ကိုမူ သယ်ထားသေးသည်။

သူက ရေနွေးကြမ်းတစ်ခွက်ဖြင့် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ထိန်းသည်။ ကွန်ပျူတာ ဖန်သားပြင်တွင် ပြန်ထိုင်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်လှုပ်ရှားစွာ စတင်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု။

ဒါရိုက်တာဆုပိုင်ကလည်း အစစ်အမှန်လူမှုအသိုင်းအဝိုင်းက ဆိုးယုတ်တဲ့ အခြေအနေတွေ ရှိနိုင်ကြောင်းကို ဖော်ပြဖို့ တိုက်ရိုက်ထုတ်လွှင့်တာ ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း သူ့ရဲ့ အာသီသလေးတွေကို မဖယ်ရှားနိုင်ဘူးပေါ့။

သို့ရာတွင် သူက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ဝင်ရောက်ပြီးနောက် ကြောင်အသွားရသည်။

နက်ရှိုင်းတဲ့ တောင်တန်း နောက်ပြီး ​တောအုပ်ဟုတ်လား။

.....။

ငါအပြင်လောကနဲ့ အဆက်အသွယ်မရှိတာ တအားကြာသွားပြီလား။

အခုတလော ကစားတဲ့ပွဲစဥ်တွေက ဒီလောက်ထိ အဆင့်အတန်းမြင့်နေပြီလား။

သို့သော် တပိုင်ကို မြင်မှသာ သူက နားလည်သွားသည်။

သူ စိတ်ကူးယဥ်နေတာမဟုတ်လား။

သူက ဂရုတစိုက် ဖွင့်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ အာရုံစိုက်လိုက်တော့သည်။

......။

ဘန်း။

ဘန်း။

ဘန်း။

ဆုပိုင်က ရွက်ဖျင်တဲ၏ ထောင့်လေးထောင့်လုံးကို ငြိမ်အောင်ထိန်းရန်အတွက် တူရိုက်နေလေသည်။ ထို့နောက် သူ၏အရှေ့တွင် ရေနွေးအိုးတည်လိုက်ကာ သောက်စရာတချို့ပြင်ဆင်သည်။

“အူး”

တပိုင်က သစ်ပင်ကြီးအနောက်မှ ထွက်ပြီး ဆုပိုင်၏အရှေ့သို့ ရောက်လာသည်။ သူက သူ၏ လက်သည်းနှစ်ဖက်လုံးကို နဖူးပေါ်တင်လျက် ​မြေပြင်တွင် ဖင်ထိုင်ချလိုက်ကာ ဆုပိုင်ကို စိုက်ကြည့်သည်။

ထွီ။

သူက လျှာလေးကိုထုတ်ပြီး ဘေးဘက်သို့ တံတွေးထွေးချသည်။

ဒါရိုက်တာဆုပိုင်က မတုံ့ပြန်ချေ။

ထွီ။

သူက ထပ်ထွေးပြန်သည်။

သို့သော် တစ်ဖက်က စကားပင်မပြောချေ။

ငါ့ကို ဒီနေ့ ရှင်းပြချက်မှမပေးရင် ဒီအတိုင်း ဆက်နေလို့ရမယ်မထင်နဲ့။

တစ်နေ့လုံး လမ်းလျှောက်ပြီးနောက် ဓားကြီးမပြောနှင့် စားစရာဝါးမျှစ်ပင် မရှိချေ။

ယခုလေးတင် သစ်ပင်နောက်တွင် ပုန်းနေရင်း တပိုင်က ဒေါသထွက်သထက် ထွက်လာသည်။ ထို့အကြောင်းအရာကို တွေးမိသည်နှင့် သူက ဒေါသထွက်လာသည်။

နောက်ဆုံးတွင် သူက သည်းမခံနိုင်တော့ဘဲ အကြောင်းပြချက် လာတောင်းခြင်းဖြစ်သည်။

ထွီ။

ရုတ်တရက် ဆုပိုင်၏အရှေ့သို့ ထိုတံတွေးက ကျော်ဖြတ်သွားပြီး သူပြုတ်ပြီးခါစ ခေါက်ဆွဲပြုတ်အိုးထဲသို့ ရောက်သွားသည်။

ပလုံ။

ထိုသို့ဖြင့် ရေက ပွက်ထသွားသည်။

ဆုပိုင်က မယုံကြည်နိုင်သလို မော့ကြည့်လာသည်။

“အူး”

“ငါရှင်းပြတာကို နားထောင်၊ မတော်တဆနော် ၊ အခုလေးတင် မတော်တဆ အားကယ်ပါ၊ ပန်ဒါကို သတ်နေပါတယ်”

တပိုင်က ဆုပိုင်၏ သုန်မှုန်နေသော မျက်နှာကို ကြည့်ပြီး ရုတ်တရက် မကောင်းသော ခံစားချက်ရလိုက်သည်။

သေစမ်း။

သူမှားသွားတာပါ။

သူက မြေပြင်မှ ခပ်မြန်မြန် ကုန်းထလိုက်ပြီး ဖင်ကိုခါလျက် သစ်ပင်ကြီးတစ်ပင်၏ အနောက်သို့ ပြေးသွားသည်။

သူက ချက်ချင်းလိုလို ခုန်လိုက်ပြီး ခါးတမျှ တုတ်ခိုင်သော သစ်ပင်ကြီးကို သူ၏ လက်သည်းလေးဖက်လုံးကို သုံးလျက် ကုန်းတက်သွားသည်။ ခေါင်းကလည်း တုန်ခါနေသေးသည်။

“ဆင်းလာခဲ့”

ဆုပိုင်က သစ်ပင်အောက်တွင် ရပ်နေပြီး သစ်ကိုင်းပေါ်တွင် ထိုင်နေသော တပိုင်ကို မော့ကြည့်သည်။ သူက မနေနိုင်ဘဲ အော်သည်။

ဒီလို အပူချိန်မြင့်တဲ့ နေရာမျိုးမှာ ဟင်းချက်ရတာ ဘယ်လောက်ခက်လိုက်သလဲ။ မမျှော်လင့်ထားဘဲ ဒီကောင်က ဖျက်ဆီးလိုက်တယ်။

“အူး”

“မင်းမှာစွမ်းရည်ရှိရင် တက်လာခဲ့လေ”

သို့ရာတွင် တပိုင်က အပေါ်သို့ရောက်သွားသောကြောင့် လုံခြုံပြီဟုထင်ပြီး လျှာကိုထုတ်ကာ လှောင်ပြနေသည်။

ထို့နောက် သစ်ကိုင်းပေါ် သက်သောင့်သက်သာ လှဲလိုက်ပြီး..”မင်းငါ့ကို ဘာမှမလုပ်နိုင်ဘူး”ဆိုသော အမူအယာကို လုပ်ပြနေ​လေသည်။

“ငါ....”

ဆုပိုင်က နှုတ်ခမ်းထောင့်များ မဲ့ကျသွားသည်။ သူက အသက်ပြင်းပြင်းရှူပြီး အပေါ်မှကောင်ကို ဆင်းလာရန် ဖျောင်းဖျတော့မည့်အချိန်တွင်....

“မြှောင်”

ရုတ်တရက် ရွက်ဖျင်တဲဘက်မှ အော်သံတိုးတိုးကို ကြားလိုက်ရသည်။

ထို့နောက် အဖြူရောင်အရိပ်တစ်ခုက ချက်ချင်းလိုလို ခုန်ထွက်လာသည်။ ဆုပိုင်က တစ်ချက်လှည့်ကြည့်လိုက်ပြီး မျက်နှာက ပျက်ယွင်းသွားသည်။

ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ နှင်းကျားသစ်က ရှိနေတာလဲ။

ပို၍ဆိုးသည်မှာ ထိုအကောင်၏ ပုံစံကို ကြည့်ခြင်းအားဖြင့် သူ့ကိုတိုက်ခိုက်ချင်နေကြောင်း သိသာသည်။ ထိုအခိိုက်အတန့်တွင် ဆုပိုင်ကလည်း မှင်တက်သွားရသည်။

+++++

159 01

အပိုင်း (159)

“ဟစ်”

ဆုပိုင်က သူ၏အရှေ့မှ ကိုယ်ပေါ်တွင် အဖြူရောင်နှင့် အမည်းရောင်အစက်များ ပါရှိသည့် ကျားသစ်ကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ အသက်ပြင်းပြင်းရှူလိုက်မိသည်။

ဒီနေရာက အပူချိန်မြင့်လွန်းသော တောင်တောအုပ်နေရာသို့ ရောက်နေသေးသော်လည်း.....။

ယေဘူယျကျကျ ပြောရလျှင် နှင်းကျားသစ်လိုအကောင်မျိုးနှင့် မတွေ့ရသင့်ပေ။ ထို့အပြင် အရှေ့မှ နှင်းကျားသစ်က သိသာစွာပင် အရွယ်ရောက်ပြီးသည်မှာ ကြာပြီဖြစ်သည်။ ခန္ဓာကိုယ်က သန်မာသည်။ အမွေးကလည်း တောက်ပနေ၏။ ထိုကောင်က ဒီအနီးနားဝန်းကျင်တွင် ကောင်းကောင်းမွန်မွန် ရှင်သန်နေရလောက်သည်။

“ဂလု ဂလု”

နှင်းကျားသစ်က နှာမှုတ်သံတချို့ထုတ်လွှတ်ပြီး အရှေ့မှ လူသားကို ကြည့်သည်။ သူက တစ်လှမ်းချင်းစီ ချဥ်းကပ်လာသည်။

ခရက်။

သူ၏ခြေထောက်အောက်မှ သစ်ကိုင်းခြောက်က ကျိုးသွားသည်။ အသံက တိတ်ဆိတ်သော ညအမှောင်တွင် ရှင်းလင်းပြတ်သားလွန်းနေသည်။

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး တဖြည်းဖြည်းချင်း နောက်ဆုတ်သည်။

သူ၏အရှေ့ရှိ နှင်းကျားသစ်က နှင်းတောင်တန်းမှ ဘုရင်ဖြစ်သည်။ နှင်းကျားသစ်များတွင် အားသာချက်ပေါင်းများစွာ ရှိရုံသာ မကသေးလေဘဲ တချို့သော သာမန်ကျားသစ်များထက် ကိုင်တွယ်ရခက်သေးသည်။ အမြီးက အလွန်ရှည်သည်။ အမွေးက ထူလွန်းသည်။ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ရှည်လျားနေခြင်းဖြစ်သည်။

“မြှောင်း”

ရုတ်တရက် နှင်းကျားသစ်ကြီးက ပါးစပ်ကိုဟလျက် ကြောင်အော်သံနှင့်တူသော အသံမျိုးကိုထုတ်သည်။

​ဆုပိုင်၏ ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးက တောင့်တင်းသွားရသည်။

သူ၏အရှေ့ရှိ နှင်းကျားသစ်၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများက တင်းကျပ်စွာ ကြုံ့သွားသည်။ အမြီးကလည်း အပေါ်သို့ ထောင်တက်သွားသည်။ သူဟာ ထိုအမြီးကို တဖြည်းဖြည်းချင်း ရမ်းနေသည်။

“ငြိမ်​ငြိမ်နေ၊ မင်းစိတ်​ငြိမ်အောင် နေဖို့လိုအပ်တယ်”

ဆုပိုင်က တစ်ချက်ညည်းညူလိုက်သည်။ ခန္ဓာကိုယ်ကိုအောက်သို့ နှိမ့်ချလိုက်ပြီး ရှေ့မှ နှင်းကျားသစ်ကို စိုက်ကြည့်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုလုပ်သည်မှာ အချိန်အတန်ကြာပြီဖြစ်သည့်တိုင်အောင် သူ၏အရှိန်နှုန်းက အလွန်မြင့်လာသည့်တိုင်အောင် သိထားရမည်မှာ နှင်းကျားသစ်များ၏ တစ်ချက်ချင်းခုန်အားက တစ်စက္ကန့်တည်းနှင့် မီတာ၂၀အထိ ရောက်နိုင်သည်။ ထို့ကြောင့် အရှိန်မြှင့်ထားသောကားနှင့်ပင် တူသေးသည်။

ဆုပိုင်၏ မြှင့်ထားပြီးသော အရှိန်နှုန်းကလည်း နှင်းကျားသစ်ကို မယှဥ်နိုင်သေးလောက်ချေ။ ထို့အပြင် လက်ရှိအခြေအနေအရ သူက ကျည်ဆန်ကိုသာကိုက်ပြီး နှင်းကျားသစ်နှင့် ယှဥ်ပြိုင်ရတော့ပေမည်။

ပို၍ဆိုးသည်မှာ နှင်းကျားသစ်ကို မိမိ၏ခန္ဓာအား လျက်ခွင့်ပြု၍ မရချေ။ နှင်းကျားသစ်၏လျှာက ဝက်ဝံများနှင့်တူသည်။ အ​ဆူးများပါ၏။ တစ်ချက်လျက်လိုက်ရုံနှင့် အသားတစ်တုံးပါသွားနိုင်သည်။

[ငါ ငါတကယ်ကို တုံးတာပဲ၊ ဒီကောင်က ကြောက်စရာကောင်းလိုက်တာ၊ သူ့ရဲ့ကိုယ်ပေါ်က အဖြူရောင်အမွေးတွေနဲ့ ခန္ဓာကိုယ်ပုံစံကိုကြည့်စမ်း၊ သွားရှုပ်လို့မရတာတော့ သေချာတယ်]

[တင်ဆက်သူ သတိတော့ထားပါဦး၊ မဟုတ်ရင်လည်း မြန်မြန်လေး သစ်ပင်ပေါ်တောင် ကုန်းတက်ပါတော့]

[ပေါက်ကရတွေ ပြောမနေနဲ့၊ ငါအချက်အလက်တွေ စစ်ကြည့်ပြီးပြီ၊ ဒီသတ္တဝါက တော်တော်လေးကို ရှားပါးတဲ့ ကြောင်အမျိုးအစားတစ်မျိုးပဲ၊ သူ့ကို နှင်းတောင်တန်းဘုရင်လို့ ခေါ်ကြတယ်၊ နောက်ပြီး နှင်းတောင်တန်းရဲ့ တစ္ဆေသရဲလို့လည်း ပြောကြတယ်၊ သူတို့က အချိန်အများစု သစ်ပင်ပေါ်မှာပဲ နေကြတာ၊ အမဲလိုက်ဖို့အတွက်ဆိုရင်...ဆုပိုင်ကိုတောင် သစ်ပင်ပေါ် တက်ခိုင်းလိုက်ရင် သေလမ်းရှာသလို ဖြစ်မနေဘူးလား]

[ဘုရားရေ နာမည်က တအားလွှမ်းမိုးနိုင်စွမ်း ပြင်းထန်တာပဲ၊ ဒီလိုသတ္တဝါမျိုးသာ ရှိနေမယ်ဆိုရင် နောက်ပြီး တစ္ဆေသရဲလို့တောင် ခေါ်သေးတယ်၊ သူက တော်တော်လေးကို မြန်မှာသေချာတယ်၊ တင်ဆက်သူတော့ ဒုက္ခရောက်ပြီ ]

[တပိုင်ရှိသေးတယ်မဟုတ်လား၊ တပိုင်က အရင်တစ်ခေါက်က တိဗက်အိမ်စောင့်ခွေးကြီးကို​တောင် အနိုင်ယူနိုင်ခဲ့သေးတာပဲ၊ ဒီတော့ ဒီကောင်ကိုတော့ နိုင်လောက်မှာပါ ]

[မင်းတပိုင်ကို မြင်လို့လား၊ သူ့ရဲ့ခေါင်းက ဗိုက်ထဲမြုပ်နေပြီ၊ ဒီကောင်က အားကိုးလို့မရပါဘူး]

[တပိုင်...အကျိုးအမြတ်မရှိဘဲ ငါ့ကိုလှုပ်ရှားစေချင်တယ်၊ ဟုတ်လား]

နှင်းကျားသစ်က ပေါ်လာသည့် အခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းရှိ လူတိုင်းက မှင်တက်သွားသည်။ အထူးသဖြင့် စာကြည့်တိုက်မှူး၏ မိတ်ဆက်စကားကို ကြားပြီးချိန်တွင်ဖြစ်သည်။

159 02

ဒါဟာ ယခင်က ကြားဖူးသော နာမည်နှစ်ခုမျှသာ ဖြစ်သော်လည်း ထိုနာမည်ကတစ်ဆင့် ထိုအကောင်ဟာ မည်မျှရင်ဆိုင်ကိုင်တွယ်ရခက်ကြောင်း သိနိုင်သည်။

အချိန်တစ်ခုကြာပြီးနောက် လူတိုင်းက ဆုပိုင်အတွက် ချွေးပျံနေကြသည်။

ယခုက ညအချိန်ဖြစ်သည်။ ထို့ကြောင့် နှင်းကျားသစ်ထံမှ လွတ်မြောက်အောင် တောထဲ ထွက်ပြေး၍လည်း မရနိုင်ချေ။

“ဂလုဂလု”

အရှေ့မှ နှင်းကျားသစ်က ထူးခြားသော အော်သံကိုပေးပြန်သည်။ ထို့နောက် လေးကြိုးမှ လွတ်လာသော မြားတစ်စင်းလိုမျိုး ခန္ဓာကိုယ်က လူတစ်ယောက်အမြင့်ထိ ရောက်အောင် ခုန်လိုက်ပြီး ဆုပိုင်ထံ အုပ်လာသည်။

“ဖာ့ခ်”

ဆုပိုင်က အော်သည်။

ထိုအချိန်တွင် သူက ဘေးဘက်သို့ ရှောင်ချင်သည်။ သို့သော် သိသာစွာပင် နောက်ကျသွားပြန်သည်။ ထို့ကြောင့် သတိလက်လွတ် လက်က်ို ဆန့်ပြီး တားလိုက်ရသည်။

ဖုန်း။

လေတိုးသံနှင့်အတူ နှင်းကျားသစ်က ဆုပိုင်ကိုပါ တိုက်ရိုက် ခုန်အုပ်လိုက်သည်။ ကြီးမားသော အား၏သက်ရောက်မှုက ဆုပိုင်ကို မြေပြင်ပေါ်သို့ ကျောအပ်လျက် ကျသွားစေသည်။

ခရက်။

သွေးလွှမ်းနေသော ပါးစပ်ကြီးက လျှပ်စီးကဲ့သို့ အရှိန်နှုန်းဖြင့်ဟပြီး လည်တိုင်ကို လှမ်းကိုက်သည်။

“တပိုင်”

ဆုပိုင်က လှမ်းအော်သည်။ သူက နှင်းကျားသစ်၏ခေါင်းကို လက်နှစ်ဖက်လုံးဖြင့် ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး အင်အားအပြည့်နှင့် တွန်းထားရသည်။

“တစ်တော့ တစ်တော့ တစ်တော့”

ထိုပါးစပ်ကြီးထဲမှ အနံ့ဆိုးထွက်နေသည့် သွားရည်များက ဆက်တိုက်စီးကျလာသည်။

ခရက်။

ဆုပိုင်က အင်အားတိုင်းကို သုံးပြီး နှင်းကျားသစ်ကို တွန်းထုတ်လိုက်ရသည်။ ထို့နောက် နေရာတွင် လှိမ့်လိုက်သည်။

သူ၏အနောက်ဘက်မှ ကိုက်သံလိုအသံမျိုးကို ကြားရသည်။

“အူး”

ထိုအခိုက်အတန့်တွင် သစ်ပင်ပေါ်မှ အော်သံထွက်လာသည်။ သစ်ကိုင်းပေါ်မှ ကြီးမားလွန်းသော သတ္တဝါကြီးတစ်ကောင်က ခုန်ချလာသည်။

ဝလွန်းသော ကိုယ်ကြီးက ခုန်လျက်သားဖြစ်နေပြီး လေထဲတွင် ရှိနေသော နှင်းကျားသစ်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ဖိပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဖုန်း။

မည်းမှောင်သော ဝက်ဝံလက်ဖဝါးက ချက်ချင်းလိုလို ဆန့်ထွက်လာလေပြီး ထိုနှင်းကျားသစ်၏ ခေါင်းကို ဖြန်းခနဲရိုက်သည်။ တပိုင်က ပါးစပ်ကိုဖြဲပြီး အမွေးများကို ဆုတ်ဖြဲလိုက်သည်။ ထို့နောက် ထိုကျားသစ်ကို အောက်တွင် တင်းတင်းကျပ်ကျပ် ဖိထားလိုက်သည်။

“ဟူး”

ဆုပိုင်က မြေပြင်ပေါ်မှ ကြောက်လန့်မှုအပြည့်နှင့် ကုန်းထသည်။ သူက အသက်ပြင်းပြင်းရှူသည်။

ဖြန်း။

ဖြန်း။

ဖြန်း။

တပိုင်က နှင်းကျားသစ်၏ ကိုယ်ပေါ်တွင် ကြောင်တောင်တောင်နိုင်သော ပုံစံမျိုးဖြင့် လှဲနေလေပြီး နှင်းကျားသစ်၏မျက်နှာကို လက်ဝါးတစ်ဖက်ချင်း ဆက်တိုက်ရိုက်နေသည်။ ဆုပိုင်က တဖြည်းဖြည်းချင်း လျှောက်သွားပြီး မြေပြင်တွင် ​ဆောင့်ကြောင့်ထိုင်ကာ ဂရုစိုက်ကြည့်သည်။

မျှော်လင့်ထားသည့်အတိုင်း သူထုတ်လိုက်သောအားက ကြောက်စရာကောင်းလွန်းသည်။ နှင်းကျားသစ်၏ အမွေးကို တိုက်ရိုက်ဖြဲနိုင်သည်။

သို့ရာတွင် တပိုင်က အတွေ့အကြုံမရှိချေ။ ထို့ကြောင့် လက်ဖဝါးလေးကိုသာ သုံးနေပြီး ကျားသစ်၏ အမွေးများကို အမှန်တကယ် မဖြဲလိုက်ချေ။

“မြှောင်”

နှင်းကျားသစ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

သစ်ပင်ပေါ်မှာ ပန်ဒါက ရှိနေတယ်ဟုတ်လား။

ဒါက ရယ်စရာကောင်းလွန်းမနေဘူးလား။

ပို၍ဆိုးသည်မှာ သူက အရွယ်ရောက်ပြီးသော ပန်ဒါကြီးတစ်ကောင်ကို တွေ့ရခြင်းဖြစ်သည်။ တစ်ယောက်တည်းတိုက်ခိုက်လျှင် သူဟာ မည်သည့်နည်းနှင့်မှ ထိုပန်ဒါကို မယှဥ်နိုင်ပေ။

“တပိုင် ညင်သာပါ”

ဆုပိုင်က တပိုင်၏နဖူးလေးကို အသာရွှေ့လိုက်ပြီး ရွက်ဖျင်တဲအတွင်းမှ ကြိုးသွားထုတ်လာသည်။

“မြှောင်”

အချိန်အတန်ကြာပြီးနောက် ​ဆုပိုင်က မြေပြင်တွင် လှဲပြီး ဒဏ်ရာများကို လျက်နေသည့် နှင်းကျားသစ်ကိုကြည့်သည်။ သူက မနေနိုင်ဘဲ ရယ်လိုက်ပြီး ကျောပိုးအိတ်ထဲမှ ဝါးမျှစ်ကိုထုတ်လျက် တပိုင်ကို ပစ်ပေးလိုက်သည်။

“အူး”

တပိုင်က နှင်းကျားသစ်ကို ရန်စသလို ကြည့်လိုက်သည်။ ထို့နောက် နှင်းကျားသစ်၏အရှေ့တွင်ထိုင်ကာ ဝါးမျှစ်ကိုကိုက်လျက် စားရင်းစိုက်ကြည့်နေလိုက်သည်။

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာကို အရှေ့မှ နှင်းကျားသစ်ကို ချိန်ပြလိုက်သည်။ ထို့နောက် အရှေ့မှ ကောမန့်များကိုကြည့်ပြီး ရယ်လိုက်၏။

“ငါလူတိုင်းရဲ့ စာတွေကိုမြင်ပါတယ်”

159 03

“ဒါပေမဲ့ ဒီနေရာမှာ တပိုင်ရှိနေတော့ ဒီလိုနှင်းကျားသစ်လို တောရိုင်းသတ္တဝါမျိုးကိုတော့ စိုးရိမ်စရာမလိုအပ်ဘူး၊ သူက တအားခက်ထန်တာမှန်တယ်၊ ဒါပေမဲ့ အချိန်တန်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးတဲ့နောက်မှာ နှင်းကျားသစ်တွေက လူတွေနဲ့ သတိလက်လွတ် ခပ်ဝေးဝေးနေမိသွားတယ်၊ ဒီတော့ နှင်းကျားသစ်တွေက လူတွေကို တိုက်ခိုက်တယ်ဆိုတာက တော်တော်လေး ရှားပါတယ်”

“ဒါပေမဲ့ သိသိသာသာပဲ ဒီရှေ့ကအကောင်က မစားရတာ တော်တော်လေးကြာလောက်ပြီ၊ ဒါကြောင့် ဆာလောင်ငတ်မွတ်လွန်းလို့ တင်ဆက်သူကို တိုက်ခိုက်လာတာပဲ”

“ရှုး”

ဆုပိုင်က သူ၏လက်ဖဝါးလေးကို အသာဆန့်ထုတ်လိုက်ပြီး နှင်းကျားသစ်ကို ပွတ်သပ်ရန်ကြိုးစားသည်။

“ဂလု”

သို့ရာတွင် နှင်းကျားသစ်ကမူ ဆန့်ထုတ်လာသော လက်ကိုကြည့်ပြီး သွားရည်ကျလာသည်။ သူက ပါးစပ်ကို ချက်ချင်းဟလျက် ကိုက်သည်။

“အူး”

ထိုအခြေအနေကို မြင်သောအခါ တပိုင်က ပါးစပ်ထဲတွင် ဝါးမျှစ်ကိုက်လျက် ရှေ့ထွက်လာသည်။ သူက ချက်ချင်းလိုလို ခုန်လိုက်ကာ နှင်းကျားသစ်၏ ခေါင်းပေါ်သို့ ဖနောင့်​ဖြင့် ပေါက်သည်။ အချိန်အတန်ကြာပြီးနောက် အော်သံကြီးက ထွက်လာသည်။

“အူး”

“နာခံစမ်း၊ မဟုတ်ရင်ငါ့ကို အနိုင်ကျင့်တယ်ဆိုပြီး အပြစ်မတင်နဲ့”

သေချာပေါက်ပင် ခပ်ကြမ်းကြမ်းအရိုက်ခံရပြီးနောက် နှင်းကျားသစ်က အများကြီး ရိုးသားသွားသည်။ သူက မြေပြင်တွင် နာနာခံခံ လှဲပြီး လူသား၏ ပွတ်သပ်မှုကို ခံယူနေလိုက်သည်။

ထူးဆန်းတယ်။

အမဲလိုက်ခွေးတွေကိုပဲ မွေးတဲ့ အမဲလိုက်သမားတွေကိုပဲ ကြားဖူးပါတယ်။ ဒါပေမဲ့ ပန်ဒါကြီးကို မွေးထားတဲ့ အမဲလိုက်သမားကိုတော့ မကြားဖူးသေးဘူး။ ငါကံဆိုးလိုက်တာ။

All Chapters