← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

160 01

အပိုင်း (160)

နောက်တစ်နေ့မနက်ခင်းတွင်...

“အူး”

တပိုင်က သမ်းသည်။ သူ၏တံတွေးများကို ဆုပိုင်၏အင်္ကျီနှင့် သုတ်ပြီးမှသာ ရွက်ဖျင်တဲမှထွက်သည်။

သူက မြေပြင်တွင် လှဲကာ အိပ်နေသည့် နှင်းကျားသစ်ကို တစ်ချက်ကြည့်လိုက်ပြီးမနေနိုင်ဘဲ ထကာသွားပြီး တစ်ချက်ရိုက်လိုက်သည်။

“ဝေါင်း”

“နေထွက်နေပြီ မင်းကအိပ်​နေတုန်းပဲလား”

နှင်းကျားသစ်က မြေပြင်ပေါ်မှ သတိအပြည့်ကပ်လျက် ထလိုက်ပြီး အရှေ့မှ ပန်ဒါကြီးကိုကြည့်သည်။

တအားအနိုင်ကျင့်တာပဲ။ နှလုံးသားမဲ့လိုက်တာ။ ဘယ်လိုပဲဖြစ်ဖြစ် သူလည်း အိပ်မောကျသွားရုံပါ။ ဟုတ်ပြီလား။

“အူး”

“မင်းက ငါ့ကို စိုက်ကြည့်ရဲတယ်ဟုတ်လား”

တပိုင်က နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး ခပ်မတ်မတ်ရပ်ကာ နှင်းကျားသစ်၏ကိုယ်ပေါ် တစ်ချက်ခုန်အုပ်လိုက်သည်။

“မြှောင်”

“မြှောင်”

“မြှောင်”

ဆုပိုင်က အသံကိုကြားသဖြင့် မျက်မှောင်ကြုတ်ပြီး ထထိုင်သည်။ ရုတ်တရက် တစ်စုံတစ်ရာ မူမမှန်ကြောင်း သိလိုက်သည်။ သူက အောက်သို့တစ်ချက်ငုံ့ကြည့်လိုက်သောအခါ သူ၏ဘောင်းဘီရှည်က စိုရွှဲနေကြောင်း တွေ့လိုက်ရသည်။

တစ်ချက်အနံ့ခံပြီးနောက် ခပ်ဆိုးဆိုး သွားရည်အနံ့ကို ရလိုက်သည်။

“ဖာ့ခ်”

ဆုပိုင်က တစ်ချက်ကျိန်ဆဲလိုက်ပြီး အဝတ်လဲကာ အပြင်သို့ထွက်လာသည်။

သူက ဘေးဘီကို ကြည့်လိုက်သောအခါ ဘေးဘက်တွင် တိုက်ခိုက်နေသည့်နှစ်ကောင်ကို မြင်လိုက်ရသည်။ သူက ခပ်မြန်မြန် ဆူပူလိုက်သည်။

“အခုတော်တော့ ပြေးမနေနဲ့တော့”

ထိုသို့ပြောပြီးနောက် သူက ရွက်ဖျင်တဲကို စတင်ကာဖြုတ်သည်။

ဆုပိုင်ကမူ နှင်းကျားသစ်ကို လွှတ်ပေးရန် အစီအစဥ်မရှိသေးချေ။ ယခုလို ကုန်းမြင့်တောပိုင်းတွင် ထိုကောင်ထက် သင့်လျော်သော ဂိုက်မရှိတော့ချေ။

ပန်ဒါအမကို ရှာတွေ့မတွေ့ဆိုတာက ဒီကောင်ပေါ်မူတည်တယ်။

“မင်း ဒီကောင့်က်ို လမ်းပြခိုင်းရမယ်ဆိုတာကို နားလည်လား”

ဆုပိုင်က ကြိုး၏ တခြားတစ်ဖက်ခြမ်းကို တပိုင်၏ ခပ်ပူပူဗိုက်တွင် ချည်လိုက်ပြီး နှင်းကျားသစ်ကို ဆွဲစေသည်။

လူတစ်ယောက်၊ ကျားသစ်တစ်ကောင်နှင့် ပန်ဒါတစ်ကောင်တို့က ထူးဆန်းသော ပေါင်းစပ်မှုနှင့်အတူ တောင်ပေါ်သို့ တက်ကြပြန်သည်။

တပိုင်ထံမှ ရင်းနှီးကျွမ်းဝင်အောင် သင်ခန်းစာအပေးခံရပြီးနောက် နှင်းကျားသစ်က ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်သည်။ သူက နောက်ဘက်မှ တိတ်တဆိတ် လိုက်လာသည်။ သူက မခုခံတော့ချေ။ သို့ရာတွင်.....

ဒီအမဲလိုက်သမားက တော်တော်လေးတော့ ထူးဆန်းတယ်။

သူနဲ့တူညီတဲ့အကောင်တွေဆိုရင် အဖမ်းခံရပြီးတဲ့အခါ တိုက်ရိုက်အရေခွံအဆုတ်ခံရတယ်။ မမျှော်လင့်ထားဘဲ သူ့ကို ဒဏ်ရာရအောင်တောင်မလုပ်သေးဘူး။

ဒီနေရာတွင် အချိန်အတန်ကြာ နေထိုင်ပြီးနောက် သူ့အနေနှင့် ပထမဦးဆုံးအကြိမ်အဖြစ် ဒီလိုထူးဆန်းသော အခြေအနေမျိုးကို ကြုံရခြင်းဖြစ်သည်။

“အူး”

“ဒါရိုက်တာဆုပိုင် ငါတို့ဘယ်နေရာက်ို သွားမှာလဲ”

တပိုင်က နောက်ဘက်မှလိုက်လာရင်း ဆုပိုင်၏ခြေထောက်ဘေးသို့ လျှောက်လာသည်။ သူက အရှေ့မှ မြင့်မားလွန်းသော တောင်တန်းကိုကြည့်ကာ မနေနိုင်ဘဲ အော်ပြန်သည်။

“နောက်ကကောင်ကိုမေး”

ဆုပိုင်က နှင်းကျားသစ်ကို လှည့်ကြည့်ပြီး ခပ်တိုးတိုး ပြောသည်။

“ဒီနေရာက ပန်ဒါအမတွေက ဘယ်မှာလဲ”

“ပန်ဒါအကြီးတွေလား”

နှင်းကျားသစ်က စိတ်ရှုပ်ထွေးသွားသည်။

အရှေ့မှာ ပန်ဒါကြီးရှိတယ်မဟုတ်လား။

“ပန်ဒါအမကိုပြောတာ”

ဆုပိုင်က ထပ်ဖြည့်ပြောသည်။

“မြှောင်”

နှင်းကျားသစ်က အရှေ့မှ ပန်ဒါကြီးကို ကြည့်ပြီး ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားသည်။

ဒီအကောင်အတွက်လား.....။

“ဟစ်”

ဘုရားရေ ဘာလို့ ဒီလူသားက ဒီလောက်ထိ ကောင်းနေတာလဲ။ စားစရာ နေစရာပေးရုံတင်မကသေးဘဲ ဒီလိုကိစ္စကိုတောင် ဂရုစိုက်ပေးသေးတာလား။

ထိုအခိုက်အတန့်တွင် နှင်းကျားသစ်က အရှေ့မှ ပန်ဒါကြီးကိုကြည့်ပြီး မနာလိုဖြစ်သွားသည်။

သိထားရမည်မှာ သူတို့အနေဖြင့် တောထဲတွင်နေထိုင်ရင်း တွဲဖက်ကိုရှာရန် အလွန်ခက်ခဲသည်။ သူတို့က ပြိုင်ဘက်ကို အလဲထိုးနိုင်ရဦးမည့်အပြင် အသတ်ခံရနိုင်ချေရှိသေးသည်။

“ဟုတ်တယ်၊ တောင်ထိပ်မှာ ဝါးတောတစ်ခုရှိတယ်၊ အဲဒီမှာ ပန်ဒါကြီးတွေ နေကြတယ်”

နှင်းကျားသစ်က ညည်းညူလိုက်သည်။ သူက အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

160 02

ဆုပိုင်က ထိုကောင်ကို တစ်ချက်ကြည့်သည်။ သို့သော် ဘာစကားမှ မပြောချေ။ ဒီအတိုင်း နှစ်ကောင်နှင့်အတူ တောင်ပေါ်သို့တက်လေသည်။

ဒီတစ်ကြိမ်မှာ တခြားသတ္တဝါတွေကို ခေါ်သွားလို့မရဘူး။ တန်ကြေးက တအားကြီးတယ်။

တိရိစ္ဆာန်အပိုင်းအစတာဝန်က ဆယ်ရက်ခန့်အထိ အသုံးပြုနိုင်ဦးမည်မဟုတ်သည့်အပြင် တခြားသော တိရိစ္ဆာန်အများကြီးကိုလည်း ကယ်တင်ရန် နှောင့်နှေးကြန့်ကြာသွားပေလိမ့်မည်။

ထို့နောက်....။

နှင်းကျားသစ်လို သတ္တဝါမျိုးတွေက တောရဲ့ အစာကွင်းဆက်ထိပ်ဆုံးမှာ ရှိနေတာဆိုတော့ သေလမ်းမရှာသမျှ ဒီပန်ဒါကြီးတွေကို ရန်မစသမျှ အန္တရာယ်ရှိမှာတော့ မဟုတ်ပါဘူး။

ပို၍ဆိုးသည်မှာ ဒီနေရာက တောင်ပေါ်အခြေအနေက ​မြင့်သည်။ နှင်းကျားသစ်ကို တကူးတက ဖမ်းရန်အတွက်ကြောင့်သာမဟုတ်လျှင် မည်သည့်မုဆိုးမှ မလာလောက်ချေ။

ထိုအကြောင်းအရာကို တွေးမိပြီးနောက် ဆုပိုင်က စိတ်အခြေအနေကောင်းသွားသည်။

အနှေးနဲ့အမြန်တော့ ဒီသတ္တဝါကို ကယ်တင်မှာပါ။

ဒါပေမဲ့ အခုတစ်ခေါက်တော့ မခေါ်သွားနိုင်လောက်ဘူး။

သူက တောင်တက် လမ်းတောက်လျှောက် တက်သွားသည်။ သိပ်မကြာခင် နှင်းကျားသစ်၏ ဦးဆောင်မှုအောက်တွင် ဆုပိုင်တို့က တောင်ပေါ်ထိပ် နှင်းများ စုပုံနေသော နေရာတစ်ခုသို့ ရောက်သွားသည်။ ထိုနေရာတွင် ဝါးတောလေးရှိနေကြောင်း မြင်ရသည်။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှူသည်။ သူက နေရာတစ်ခုရှာကာ တိုက်ရိုက်ပင် နားလိုက်သည်။

ဒီတာဝန်တွင် သူ၏ကဏ္ဍက အလွန်သေးသည်။ သူက တပိုင်ကိုသာ လွှတ်ပြီး ပန်ဒါကြီး၏ နေရာအတွင်းသို့ ဝင်ရောက်ခိုင်းရပေမည်။

ကျန်တဲ့ကိစ္စတွေအတွက်ကတော့....။

တပိုင်ရဲ့ စွမ်းရည်အပေါ်ပဲ မူတည်တယ်။

သို့သော် အံ့အားသင့်မှုအမှတ် ၈သိန်းက ပေးထားရသေးသည်။ နှင်းကျားသစ်လိုအကောင်မျိုးနှင့် ကျားများကိုပင် လဲလှယ်နိုင်သည်။ သူတို့နှင့်ဆိုလျှင် ၃ကောင်အထက်ပင် ရရှိနိုင်သည်။

တကယ်လို့ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ။

“ဒီကိုလာ”

သူက ဘေးဘက်တွင် လှဲနေသော တပိုင်ဘက်သို့ လက်ရမ်းပြလိုက်သည်။ တပိုင်က အရူးတစ်ကောင်လိုမျိုး သူ၏ခေါင်းကို ဆက်တိုက်ခါနေသည်။ ဆုပိုင်က သူ၏နားရွက်ကို လှမ်းဆွဲပြီး ခပ်တိုးတိုးပြောသည်။

“မင်းခဏနေရင် ဘာလုပ်ရမလဲသိလား”

“ဟင်”

တပိုင်က ဝါးလုံးကို ကြည့်သည်။ သူက တံတွေးမျိုချပြီး ခေါင်းကိုခါသည်။ ထို့နောက် ဒါရိုက်တာဆုပိုင်၏ မျက်နှာက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိလိုက်သဖြင့် ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။

လတ်ဆတ်တဲ့ ဝါးတွေ။

အရသာရှိမှာပဲ။

“မင်းတကယ်သိလို့လား”

ဆုပိုင်က ထပ်မေးပြန်သည်။

“အူး”

“ငါသိပါတယ် မစိုးရိမ်နဲ့”

တပိုင်၏ မျက်ဝန်းထဲတွင် အလင်းတစ်ချက် ထွက်ပြေးသွားသည်။ သူ၏ခန္ဓာကိုယ်က မထိန်းချုပ်နိုင်တော့သလို တုန်ယင်လာသည်။

နှင်းကျားသစ်ကိုသာ ကြိုးဖြင့်မချည်ထားခဲ့လျှင် သူက အော်ပြီး ရှေ့သို့ ခုန်အုပ်​လောက်သည်။

“ကောင်းပြီကောင်းပြီ ဘယ်လိုပဲဖြစ်ဖြစ် ကျရှုံးသွားတဲ့အခါ ငါပြန်သွားပြီးတာနဲ့ ငါမင်းကို သင်းပစ်မယ်၊ နားလည်လား”

ဆုပိုင်က ခြိမ်းခြောက်သည်။

“ဝေါင်း”

“ဒါက ဘာလဲ၊ သင်းမယ်ဟုတ်လား၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ မြန်မြန်လေးသာ ကြိုးဖြည်ပေးစမ်းပါ၊ ငါသည်းမခံနိုင်တော့ဘူး”

တပိုင်က နီရဲနေသော မျက်လုံးများဖြင့်အော်သည်။

ဆုပိုင်က သူ၏ဗိုက်မှ ကြိုးကိုဖြည်ပေးလိုက်ပြီး နှင်းကျားသစ်ကို ဆွဲထားလိုက်သည်။

“အော် အော်”

တပိုင်က စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လေပြီး ဝါးတောများ ရှိရာဘက်သို့ ပြေးသွားသည်။

ခရက်။

သူ၏တစ်ကိုယ်လုံးကို ဝါးချောင်းကြီးပေါ်သို့ ခုန်အုပ်လိုက်ပြီးနောက် တိုက်ရိုက်ပင် အောက်သို့ ဖိချလိုက်သည်။

သူက တစ်ကိုက်တည်းနှင့် စိမ်းလန်းနေသော ဝါးတစ်ချောင်းကို ဆွဲခုတ်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်သွင်းကာ ဝါးစားသည်။

ထိုပန်ဒါကြီးက မြေပြင်တွင် ထိုင်နေပြီး သဘောတကျ ဖြစ်နေပုံရသည်။

ဟားဟားဟားဟား။

အားလုံး ငါ့အပိုင်ပဲ။ ဒီဝါးတောတစ်ခုလုံး ငါ့အပိုင်။

“ငါ....”

ဆုပိုင်က နဖူးကို အသာအုပ်ပြီး ဆွံ့အစွာနှင့် စိုးရိမ်မိသည်။

သေချာပေါက်ကိုပဲ။

ငါ တအားတုံးတာ။

တပိုင်က ဒီနေရာမှာ တကယ်ပဲ အောင်မြင်နိုင်ပါ့မလား။

အဲဒီကောင်မလေးကသာ ကန်းမနေရင် ဘယ်လိုများ ဒီတပိုင်ကို ချစ်နိုင်မှာလဲ။

တပိုင်က စိမ်းလန်းနေသော ဝါးချောင်းလေးများကို စားပြီးနောက် ယိုင်ထိုးစွာနှင့် ထရပ်လာကာ ဆုပိုင်ကို တစ်ချက်ခေါင်းညိတ်ပြသည်။ ထို့နောက်အတွင်းသို့ ဝင်သွားလေသည်။

မျောက်များထံမှတစ်ဆင့် လှည့်ကွက်ပေါင်းများစွာကို သင်ထားခဲ့ပြီးနောက် သူက ပါးစပ်သေနတ်ဆရာသခင် ငှက်တောဆီမှလည်း လှည့်ကွက်ပေါင်းများစွာကို ကြားထားခဲ့သေးသည်။

ဒီတိုင်း ပန်ဒါအမပဲမဟုတ်ဘူးလား။

ဘာများ ခက်နေလို့လဲ။

သူက အထင်သေးစွာနှင့် နှုတ်ခမ်းကို မဲ့လိုက်သည်။ တပိုင်က နေရာကို လေ့လာကြည့်ပြီးနောက် အတွင်းသို့ တစ်လှမ်းချင်းစီ ဝင်သွားလိုက်သည်။

အူး။

သူက ကျယ်လောင်စွာ အော်လိုက်သည်။

“မင်းတို့ရဲ့ တကောပြန်လာပြီ”

+++++

161 01

အပိုင်း (161)

“အူး”

ဝေါင်း။

ချိန်း။

တပိုင်က အတွင်းဘက်သို့ လျှောက်ဝင်သွားပြီး သိပ်မကြာခင် တောအုပ်အတွင်းမှ ဝရုန်းသုန်းကား အသံများနှင့်အတူ ကြက်များ ခွေးများ ထခုန်သံက ဟိန်းထွက်လာသည်။

ဆုပိုင်က မျက်မှောင်ကြုတ်လိုက်မိသည်။

ဘာလို့ တစ်ခုခုက မှားနေတယ်လို့ ခံစားနေရတာလဲ။

ပန်ဒါကြီးတွေ သားဖောက်တဲ့အခါ ဒီလောက်ထိ လှုပ်ရှားမှုကြီးလို့လား။

ထိုအကြောင်းအရာက်ို တွေးမိပြီးနောက် ဆုပိုင်က မြေပြင်မှ ခပ်မြန်မြန် ထရပ်လိုက်သည်။ သူက နှင်းကျားသစ်ကို ဦးဆောင်လေပြီး ဝါးတောအတွင်းသို့ တစ်လှမ်းချင်းစီ ဝင်သွားသည်။

[ဟား ဟား ဟား တအား စိတ်လှုပ်ရှားဖို့ကောင်းတာပဲ၊ လှုပ်ရှားမှုက ဒီလောက်ထိ ကြီးတာလား]

[အသံကတော့ တစ်သံထက် ပိုနေသလိုပဲ၊ ပန်ဒါကြီးတွေက အုပ်လိုက်....ကြတာလား]

[တိရိစ္ဆာန်ဖြစ်တာ ကောင်းလိုက်တာ၊ ကောင်မလေးတစ်အုပ်နဲ့အတူ ရူးကြောင်ကြောင်လုပ်လို့ရတယ်]

[မနာလိုလိုက်တာ၊ တိတ်တဆိတ်နဲ့ ထိုးနှက်ချက်တစ်သောင်းကျော် လက်ခံလိုက်ရသလိုပဲ]

[ငါ ငါ့ရဲ့ ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းကိုကြည့်လိုက်ပြီး သက်ပြင်းချနေမိတယ်၊ ကွာခြားချက်က ကြီးမားလွန်းတာပဲ]

[စကားပြောမနေနဲ့တော့၊ ငါ့မိန်းမက ငါ့ကိုစောင့်ကြည့်နေတာ]

.........။

အသံကိုကြားသော ရေတပ်မိတ်ဆွေပေါင်းများစွာက မျက်လုံးပြူးကျယ်သွားကြပြီး ကင်မရာ၏နောက်မှလိုက်လျက် ဝါးတောအတွင်းသို့ စောင့်ကြည့်နေကြလေသည်။

တကယ်ကို..။

အသံကို နားထောင်ရုံနှင့် လှုပ်ရှားမှုက ကြီးမားလွန်းကြောင်း သိနိုင်သည်။

“အူး”

ရုတ်တရက် ဆုပိုင်က ဝါးတော၏အရှေ့သို့ ရောက်သွားသည့်အချိန်တွင် အတွင်းဘက်မှ ငယ်သံပါအောင် အော်သံတစ်ရပ်နှင့်အတူ တပိုင်က အပြေးထွက်လာကြောင်း တွေ့လိုက်ရသည်။

သူက ဆုပိုင်၏အရှေ့တွင် လဲကျသွားသည်။

“အူး”

“ဝူးဝူး တအားဆိုးတယ်၊ အထဲက အကောင်တွေအများကြီး ငါ့ကိုဝိုင်းရိုက်လိုက်ကြတယ်”

သူက ဆုပိုင်၏ခြေသလုံးကို ဖက်ရင်း မရပ်မနားငိုသည်။

ထိုအသံကို ကြားလိုက်ရုံနှင့် ယူကြုံးမရ ဖြစ်နေသော ခံစားချက်ကို ခံစားမိနိုင်ပြီး သူ၏ပုံပန်းသွင်ပြင်ကြောင့် နားထောင်နေသော လူများကပင် ငိုချင်စိတ် ပေါက်လာပေလောက်သည်။

“မြှောင်”

နှင်းကျားသစ်က ဘေးဘက်တွင် ဆောင့်ကြောင့်ထိုင်နေပြီး အရှေ့ဘက်မှ ပန်ဒါကြီးကိုကြည့်ကာ နှုတ်ခမ်းများ ကော့တက်သွားသည်။

အသုံးမကျလိုက်တာ။

လက်တွဲဖော်အတွက် တိုက်ခိုက်တဲ့အခါ ဒီလိုအခြေအနေက ပုံမှန်ပဲမဟုတ်ဘူးလား။

တွေးကြည့်လိုက်ရင် သူက ရှုံးပြီး ပြန်ထွက်လာရတာပေါ့လေ။

ငိုတောင်ငိုနေသေးတယ် ဟုတ်လား။

“ကောင်းပြီ ကောင်းပြီ”

ဆုပိုင်က ထိုအကောင်ကို သူ၏ခြေထောက်နားမှ တွန်းလိုက်ပြီး ခန္ဓာကိုယ်ကို ဂရုစိုက် စစ်ဆေးကြည့်သည်။ ထို့နောက် စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။

သိသာစွာပင် သူ၏ခန္ဓာကိုယ်တွင် ​ကြီးမားသော ဒဏ်ရာများ မရှိချေ။ ဆိုလိုသည်မှာ ထိုအကောင်က ရိုက်နှက်ခံရချိန်တွင် အများကြီး ခံစားခဲ့ရပုံမပေါ်ချေ။ သို့သော် ဆုပိုင်က အနည်းငယ် ပဟေဋိဖြစ်နေမိလေသည်။

ယေဘူယျကျကျပြောရလျှင် တိရိစ္ဆာန်ရုံအတွင်းရှိ သတ္တဝါများက တောရိုင်းအတွင်းရှိ အကောင်များလောက် အင်အားမကြီးလောက်သော်လည်း ဉာဏ်ရည်မြင့်ကြသည်။ သူ၏အရှေ့မှ ပန်ဒါကြီးဆိုလျှင် တောထဲတွင် နေဖူးသည့်တိုင်အောင် ဉာဏ်အလွန်ကောင်းသေးသည်။

ထို့ကြောင့် တောထဲရှိ အကောင်တိုင်းထက် သေချာပေါက် ဉာဏ်ကောင်းနေရပေမည်။

ဒါကို ဘာလို့ ပထမပွဲမှာတင်ရှုံးပြီး ထွက်လာရတာလဲ။

“မင်းက လက်လျှော့တော့မှာလား”

ဆုပိုင်က တပိုင်၏အရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း လေးနက်သော လေသံနှင့်မေးသည်။

ဒါက အံ့အားသင့်မှုအမှတ် ၈သိန်းတောင် သုံးထားရတာနော်။ နောက်ပြီး ပန်ဒါကြီးက တစ်ကောင်တည်းရှိတာ။

အနာဂတ်တွင် သားဖောက်ရန်အတွက် ပန်ဒါကြီးပေါင်းများစွာ လိုအပ်လာပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ပထမဦးဆုံးအကြိမ်က အောင်မြင်ရပေမည်။

ဒီပန်ဒါကြီးကို ကျင့်သားရအောင် လုပ်ရမှာပဲ။

“တကယ်လို့ အလုပ်မဖြစ်ရင်လည်း ငါရက်စက်တဲ့တိုက်ကွက်တွေပဲ ထုတ်သုံးရတော့မယ်”

ဆုပိုင်က စိတ်ထဲတွင် ညည်းညူလိုက်ပြီး သူ၏အရှေ့တွင် ဖြူဖျော့သော မျက်နှာလေးနှင့် ခေါင်းညိတ်နေသော တပိုင်ကိုကြည့်သည်။ ထို့နောက် ကျောပိုးအိတ်ထဲသို့ လက်နှိုက်လိုက်သည်။

ကလစ်။

သူက ကတ်ကြေးတစ်လက်ကို ထုတ်လိုက်ပြီး ပန်ဒါ၏အရှေ့တွင် ရမ်းပြသည်။ ထို့နောက် တပိုင်၏ မှင်တက်နေသော အကြည့်အောက်တွင် ထိုကတ်ကြေးကို တပိုင်၏ ခြေထောက်ကြားထဲသို့ ဇွက်ခနဲ ထည့်လိုက်သည်။

“မင်းအခု လက်လျှော့လိုက်ပြီဆိုတော့ ငါမင်းကို သင်းမှရတော့မယ်”

ဝေါင်း။

တပိုင်က အေးစက်သော ထိတွေ့မှုကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ရှိ အမွေးတိုင်းက ရုတ်တရက် ပေါက်ကွဲသွားသည်။

သင်းမယ်ဟုတ်လား။

ဒါက တအားရက်စက်တာပဲ။ သေစမ်း။

တအားနာမှာပေါ့။

သူက မြေပြင်မှ ချက်ချင်းကုန်းထလိုက်သည်။ တပိုင်က အံကိုကြိတ်လိုက်သည်။ သူ၏ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေလေပြီ။

161 02

သူက ဒါရိုက်တာဆုပိုင်၏ လက်ထဲရှိ ကတ်ကြေးတစ်လက်ကို ကြောက်လန့်မှုအပြည့်နှင့် ကြည့်လိုက်သည်။ ထို့နောက် နောက်သို့ ချာခနဲလှည့်ပြီး တောအုပ်ထဲသို့ တစ်ဖန်​ပြန်ပြေးဝင်သွားသည်။

“ဟူး”

ဆုပိုင်က နှာတစ်ချက်မှုတ်လိုက်ပြီး တပိုင်၏ အနောက်မှလိုက်သည်။

တပိုင်ကို အချိန်အတန်ကြာ နားလည်လာပြီးနောက် သူ၏စိတ်နေသဘောထားကို ကောင်းကောင်းနားလည်နေပြီဖြစ်သည်။

ထိုအကောင်က ပန်ဒါကြီးသာ မဟုတ်လျှင် ဆုပိုင်က သူ့ကို မြည်းတစ်ကောင်ဟု ထင်မိလောက်သည်။

တိုက်ပွဲအတွက် ရှေ့ဆက်သွားသလိုမျိုး မတိုက်ခိုက်နိုင်သည်နှင့် စတင်ကာနောက်ဆုတ်လာတတ်လေသည်။

သူက ဘယ်သောအခါမှ အင်အားအပြည့် သုံးလေ့မရှိချေ။ တတ်နိုင်သမျှ ပြေးနေတတ်သည်။

သို့ရာတွင် ဒီတစ်​ကြိမ် သားဖောက်သောအကြံအစည်ကိုမူ တပိုင်ကို ​အောင်မြင်အောင် လုပ်နိုင်ရမည်ဟု ရည်မှန်းထားသည်။

ဒီတာဝန်ကသာ ကျရှုံးသွားခဲ့လျှင် ကံကြမ္မာသာ ရှိတော့ပေမည်။

နောက်ထပ် refresh ဖြစ်ပြီး ရလာမဲ့အခွင့်အရေးကိုပဲ စောင့်ရတော့မှာပေါ့။

သို့ရာတွင် ဆုပိုင်ကမူ အလွယ်တကူ လက်မလျှော့ချင်သေးပေ။

ပို၍ဆိုးသည်မှာ တပိုင်၏ တိုက်ခိုက်နိုင်စွမ်းရည်က အားမနည်းချေ။ သူ၏မြင့်မားသောဉာဏ်ရည်နှင့် ပေါင်းစပ်လိုက်သော် တောထဲတွင် နေထိုင်သည့် ပန်ဒါများကို ရှုံးစရာမကြောင်းမရှိပေ။

အဝေးမှ ဟိန်းခနဲအော်သံက ထွက်ပေါ်လာသည်။

ဆုပိုင်က နှင်းကျားသစ်ကိုဦးဆောင်ပြီး ဝါးတောအုပ်ထဲသို့ ဝင်သွားလျက် အသံလာရာဘက်သို့ သတိထားပြီး ကပ်သွားသည်။

အခြေအနေကို ကြည့်ရုံနှင့် လက်တွဲဖော်အတွက် ယှဥ်ပြိုင်နေကြသည့် ပန်ဒါအထီးပေါင်း မြောက်မြားစွာရှိနေကြောင်း သိနိုင်သည်။

သို့ရာတွင် ဆုပိုင်က ဘေးဘက်ရှိ ဝါးတော၏ ကြီးထွားမှုကို ကြည့်ပြီး သဘောတကျခေါင်းညိတ်သည်။

ဒီနေရာက မတ်နဲ့ မေကာလအကြား ဖြစ်နိုင်သည်။ ဒီအချိန်ကာလကလည်း ပန်ဒါကြီးများ လက်တွဲဖော်ရှာသည့်ကာလဖြစ်နေသည်။

သူက အရှေ့ဘက်ဝါးတောကို ပတ်လျှောက်နေရင်း တိတ်ဆိတ်​သော နေရာတစ်ခုတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် နှင်းကျားသစ်၏နဖူးကို အသာပုတ်လိုက်၏။ သူ့ကို အသံမထွက်စေရန်ပြောပြီး အပေါ်သို့တစ်ချက်မော့ကြည့်လိုက်သည်။

ပြောရလျှင် ဆုပိုင်က သူ့ကိုသတိပေးရန် မလိုအပ်ပေ။

အဝေးရှိ ပန်ဒါကြီးတစ်အုပ်ကို ကြည့်ရုံနှင့်တင် နှင်းကျားသစ်က ကြောက်လန့်မှုကြောင့် မြေပြင်တွင် ဝပ်နေပြီဖြစ်သည်။ သူက မလှုပ်ရဲတော့ချေ။

ငါတစ်ကောင်တည်းတောင် မနိုင်တာ၊အုပ်လိုက်ဆိုရင် ပိုဆိုးတာပေါ့။ နောက်ပြီး အားလုံးက အထီးတွေဖြစ်နေကြသေးတယ်။

ဟစ်။

ဆုပိုင်က တစ်ချက်ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူသည်။ တိုက်ပွဲက အလွန်အမင်း ကြမ်းတမ်းသည်။ ထို့နောက်....။

ပန်ဒါကြီးဆယ်ကောင်က တိုက်ပွဲနယ်မြေသုံးခု ခွဲထားသည်။

ဝါးတော၏အရှေ့ဘက်တွင် ကြီးမားသော ပန်ဒါအမသုံးကောင်ရှိသည်။ သူတို့က တိုက်ပွဲကို စူးစိုက်လျက် ကြည့်နေကြသည်။

“ဟူး”

ဆုပိုင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး တပိုင်၏ခန္ဓာကိုယ်ကို စတင်ကာရှာသည်။

ပန်ဒါကြီးတစ်ယောက်အနေနှင့် လက်တွဲဖော်ရှာရန် အလွန်ခက်ခဲသည်။ အလွန်အမင်း ခက်ခဲသည်ဟုပင် ဆို၍ရသည်။

ပန်ဒါအထီးကြီးတစ်အုပ်က ခပ်ကြမ်းကြမ်း တိုက်ခိုက်ရမည့်အပြင် နောက်ဆုံးအနိုင်ရသူကိုလည်း ပန်ဒါအမက အသိအမှတ်ပြုမှ ရပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ပန်ဒါပေါက်လေးများကို ပျိုးထောင်ရန် အလွန်အမင်း ခက်ခဲလေသည်။

ဒါက ပန်ဒါအမ၏ ခွန်အားကို အပြည့်အဝမှီခိုနေခြင်းဖြစ်သည်။

ထိုအရာသာမကသေးချေ။ ပန်ဒါပေါက်လေးများက သူတို့၏မပြီးပြည့်စုံသည့် မွေးဖွားမှုကြောင့် ရှင်သန်နိုင်နှုန်း အလွန်နိမ့်တတ်သည်။

အမွေးရှည်ဆင်များနည်းတူ ပန်ဒါကြီးများတွင်လည်း ကြီးမားသော ခန္ဓာကိုယ်ရှိသည်။ သို့သော် အပေါက်လေးများ မွေးဖွားလာသောအခါ သူတို့၏အရွယ်အစားက ပန်ဒါအမ၏ ၀.၁အရွယ်ခန့်သာ ရှိတတ်လေသည်။ အပေါ့ဆုံးအကောင်သာဆိုလျှင် ၅၀ ဂရမ်သာ ရှိတတ်သည်။

ပို၍ဆိုးသည်မှာ ပန်ဒါမကြီးများက တစ်ကြိမ်တွင် နှစ်ကောင်မှ သုံးကောင်အထိသာ မွေးဖွားနိုင်သည်။ သို့ရာတွင် ပန်ဒါပေါက်လေးများကို ပျိုးထောင်ရန် ခက်ခဲမှုကြောင့် အင်အားအကြီးဆုံးတစ်ကောင်ကသာ ရှင်သန်တတ်သည်။ ထိုအတွက်ကြောင့်လည်း ပန်ဒါကြီးများက ရှားပါးနေခြင်းဖြစ်သည်။

ထို့ကြောင့် ပန်ဒါအမများက သူ၏တို့၏ လက်တွဲဖော်ကို ရွေးချယ်ရာတွင် အလွန်သတိထားတတ်ကြသည်။

ဖုန်း။

ထိုအချိန်တွင် ဆုပိုင်က တပိုင်၏ခန္ဓာကိုယ်ကို ရှာတွေ့လိုက်သည်။

သူက ဒီအချိန်တွင် အလွန်ရဲရင့်သွားကြောင်း မြင်ရသည်။ ဆုပိုင်၏ ခြိမ်းခြောက်မှုကြောင့််လည်း ဖြစ်နိုင်၏။ သူက တစ်ချိန်တည်းတွင် ပန်ဒါကြီးနှစ်ကောင်နှင့် တိုက်ခိုက်နေသည်။

ဝက်ဝံလက်သည်းတစ်ဖက်က လျင်မြန်စွာ လွှဲရမ်းသွားပြီး ဖျတ်ခနဲ ရိုက်ချသည်။

ရင်ဘတ်ကလည်း ဒဏ်ရာရသွားပုံရပြီး သွေးများစိုရွှဲသွားလေသည်။

ဝေါင်း။

တပိုင်က ခေါင်းကိုတစ်ချက်လှည့်ပြီး ဟိန်းလိုက်သည်။ ထို့နောက် ရှုံးသွားသော ပန်ဒါနှစ်ကောင်ကို ဘေးလက်သို့မောင်းထုတ်လိုက်သည်။ ထို့နောက် ဆုပိုင်၏ မျက်လုံးပြူးနေသော အကြည့်အောက်တွင် သူက အခြားသော အဖွဲ့များထံ ခုန်ဝင်သွားသည်။

တအားတော်တယ်၊အရမ်းကို တိုက်ရိုက်ကျတယ်။ တော်တယ်။

ဒါကမှ ဓားကြီးကို ရမဲ့လူနဲ့တူနေတာ။

+++++

162 01

အပိုင်း (162)

ဝေါင်း။

တပိုင်၏ မျက်လုံးများက သွေးနီရောင်သန်းနေသည်။ သူကအရှေ့ရှိ ပန်ဒါကြီးကို မြေပြင်ပေါ်သို့ ကန်ထုတ်လိုက်ပြီး ခုန်အုပ်လိုက်သည်။

သူက သူ၏ကိုယ်ပေါ်သို့ ကျရောက်လာသော တိုက်ကွက်များကို ဂရုမစိုက်တော့ချေ။

ဟစ်။

ဆုပိုင်ကလည်း ကြမ်းတမ်းနေသော တပိုင်ကိုကြည့်ပြီးအနည်းငယ် ခံစားသွားရသည်။

မမျှော်လင့်ထားဘဲ တကယ်ကြိုးစားသွားတဲ့အခါ ဒီကောင်က တော်တော်လေး ကြမ်းတမ်းတာပဲ။

လက်တွဲဖော်အတွက် ယှဥ်ပြိုင်နေသော ပန်ဒါအထီးအများစုက ဖယ်ထုတ်ခံလိုက်ရသည်။ ထိုအကောင်များအားလုံးက ဝါးတောအုပ်အတွင်းသို့ ထိတ်လန့်တကြား ပြေးဝင်သွားကြသည်။

ယခုအခါ အခြားတစ်ဖက်ခြမ်းရှိ တိုက်ပွဲနယ်မြေမှ သုံးကောင်သာ ကျန်ရစ်သည်။ သူတို့အားလုံးက အရွယ်ရောက်ပြီးသော ပန်ဒါကြီးများဖြစ်ပြီး သန်မာသော ခန္ဓကိုယ်နှင့် ရှည်လျားတောက်ပြောင်သော အမွေးများကို ပိုင်ဆိုင်ထားကြသည်။

“အူး”

တပိုင်က ခေါင်းကိုမော့ပြီး အထက်ရှိ အမြင့်တစ်နေရာတွင် ထိုင်နေသည့် ပန်ဒါအမသုံးကောင်ကို ကြည့်သည်။ ထို့နောက် အံကိုကြိတ်လိုက်သည်။

သုံးကောင်ဆိုရင် လုံလောက်တယ်မဟုတ်လား။

မလုံလောက်ဘူးဆိုရင်လည်း ကျောင်းအုပ်ဆုပိုင် ဘာမှလုပ်လို့မရတော့ဘူး။

သူ့ကို ထိခိုက်အောင် လုပ်နိုင်စေရန်အလို့ငှာ အရှေ့ရှိ အကောင်များအားလုံးကို ကိုင်တွယ်ရပေမည်။

ထိုအကြောင်းအရာကို တွေးမိပြီးနောက် တပိုင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး တိုက်ခိုက်နေကြသေးသော ပန်ဒါအထီးသုံးကောင်အနားသို့ ပြေးသွားလိုက်သည်။

သို့ရာတွင်..

တပိုင်က ပြေးသွားသည့်အခိုက်အတန့်တွင် တစ်ဖက်မှ တိုက်ခိုက်နေသည့် သုံးကောင်လုံးက လူစုခွဲလိုက်ကြပြီး သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည်လာကြသည်။

ဘာဖြစ်တာလဲ။

မင်းအဲဒီမှာ နိုင်ပြီးပြီမဟုတ်ဘူးလား။ ဘာလို့ သူတို့ဆီလာပြီး တိုက်ခိုက်တာလဲ။

“ဝေါင်း”

သို့သော် တစ်ဖက်သူ၏အတွေးက မည်သို့ဖြစ်နေစေကာမူ တပိုင်ကမူ သူ၏စိတ်ထဲတွင် ရှိနေသည့် ကတ်ကြေး၏ပုံရိပ်ကို ဖယ်ရှားရန်သာ စိတ်အားထက်သန်နေသည်။

သူက အော်သံတစ်ချက်နှင့် အရှေ့မှ ပန်ဒါအထီးတစ်ကောင်ကို ချက်ချင်းခုန်အုပ်လိုက်သည်။

ဖြန်း။

မိနစ်အနည်းငယ်ကြာပြီးနောက် ပန်ဒါကြီးက ထွက်ပြေးသွားသည်။

သေစမ်း။

သူအရူးနဲ့ လာတွေ့နေတာလား။

ဒါကဒီအတိုင်း ဇနီးလေးအတွက် တိုက်ခိုက်တာပါ။ အသေတိုက်ခိုက်တာ မဟုတ်ဘူးလေ။ ဟုတ်ပြီလား။

“မြှောင်”

နှင်းကျားသစ်က ဆုပိုင်၏ခန္ဓာကိုယ်ကို လာမှီရင်း အရှေ့မှ တိုက်ပွဲကို မျက်လုံးပြူးကျယ်စွာကြည့်သည်။

ကြောက်လိုက်တာ။

မယုံနိုင်စရာပဲ။

ဒါက အခုလေးတင် အရိုက်ခံရပြီး ငိုလာတဲ့အကောင်ရော ဟုတ်ရဲ့လား။

သူဆေးတစ်ခုခုများ စားလိုက်တာလား။

ဆုပိုင်နှင့် ရွှယ်ပေါင်ကသာ မယုံကြည်နိုင်သလို ဖြစ်နေခြင်းမဟုတ်ချေ။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းရှိ လူတိုင်းကလည်း စိတ်ရှုပ်ထွေး​နေကြသည်။

လူအများစုက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံသို့ ရောက်ဖူးသဖြင့် တပိုင်၏ နေ့စဥ်နေထိုင်မှုပုံစံကို မြင်ဖူးကြသည်။ ချွင်းချက်မရှိစွာပင် သူက ငပျင်းဖြစ်သည်။

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံသို့ ရောက်ဖူးသော လူတိုင်းကလည်း တပိုင်က ခေါင်းပြားတကော၏ အရိုက်ခံရပြီး မကြာခဏ ထွက်ပြေးနေသော မြင်ကွင်းကို မြင်ဖူးကြသည်။

သို့ရာတွင် သူတို့အရှေ့ရှိ မြင်ကွင်းကမူ လူတိုင်း၏ ပန်ဒါကြီးများအပေါ် နားလည်နိုင်စွမ်းအားကို ကျော်လွန်သွားပြန်သည်။

သူက အစပိုင်းမှာ နှင်းကျားသစ်ကို အနိုင်ပိုင်းလိုက်တယ်။

ဒါကို နားလည်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သူက အရွယ်အစားပိုကြီးတာကိုး။

ဒါပေမဲ့ ဒီရှိနေတဲ့အကောင်တွေအကုန်လုံးက အရွယ်အစား တူညီနေတယ်။ နောက်ပြီး တပိုင်ထက်တောင်ပိုပြီးတော့ အကောင်ထွားနေသေးတယ်။

[ငါမှားပါတယ်၊ ဒါက အစစ်အမှန်စွမ်းအားကို ထုတ်မပြချင်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ၊ တပိုင်က တိရိစ္ဆာန်ရုံရဲ့ ခေါင်းဆောင်မဟုတ်လား]

[ဖြစ်နိုင်တယ်၊ တအားဖြစ်နိုင်တယ်၊ သူက တအားကြမ်းတမ်းတာပဲ၊ ဒီလောက် ပန်ဒါတွေ အများကြီးကို ဒီကောင်က အားလုံးကို မောင်းထုတ်လိုက်တာမဟုတ်လား]

[ဟားဟားဟားဟား တပိုင်ရဲ့အခြေအနေကတော့ တည်ငြိမ်သွားပြီ၊ အလှလေး သုံးယောက်ကို ပွေ့ဖက်ထားနိုင်ပြီ၊ သေစမ်း ငါပြောနေရင်း နည်းနည်းတောင် ခေါင်းကိုက်လာသလိုပဲ]

[ကြည့်ရတာ hostက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွက် နာမည်ကောင်းကို ရွေးချယ်ထားခဲ့တာပဲ၊ ဓားကြီးက နာမည်အတိုင်းပဲ ၊ တစ်ကြိမ်တည်းနဲ့ သုံးယောက်]

[ငါ့ကို ပြောစမ်းပါဦး၊ တိုက်ရိုက်ထုတ်လွှင့်မှုက ဘယ်အချိန်ပြန်စမှာလဲ၊ နောက်ပြီး ငါ တပိုင်​ ကောင်မလေးတွေနဲ့ ပျော်ပါးတာကို ကြည့်ချင်သေးတယ်လေ]

[ငါလည်းကြည့်ချင်တယ်+1]

....

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လျှို့ဝှက်စွာ ခိုးကြည့်လိုက်ပြီး ကောမန့်ကိုမြင်လိုက်သဖြင့် သူ၏ နှုတ်ခမ်းများက ကော့တက်သွားသည်။ သူက လေသံကိုတိုးကာ လှမ်းပြောသည်။

“ငါ့အထင် တပိုင်က ခဏနေရင် ပြဿနာတက်လောက်တယ်”

“ပန်ဒါကြီးဟုတ်လား ဟင်”

“ဒီလို သတ္တဝါမျိုးက ဘယ်လောက်ပဲ ကြောက်မက်ဖွယ်ကောင်းနေပါစေ အဆုံးသတ်မှာတော့ တပိုင်အောင်အောင်မြင်မြင်နဲ့ မျိုးပွားနိုင်ခြင်း ရှိမရှိဆိုတာက ပန်ဒါအမအပေါ်မှာ မူတည်တယ်”

162 02

“တခြားစကားနဲ့ ပြောရရင် သူပန်ဒါတွေအားလုံးကို တိုက်ခိုက်စရာမလိုဘူး၊ အထူးသဖြင့် ဒီလိုအရမ်းကို ကြမ်းတမ်းပြနေလို့ ပန်ဒါအမကြီးတွေက ကြောက်သွားကြပြီး တစ်ကောင်မှသူ့ကို မရွေးတာလည်း ဖြစ်သွားနိုင်တယ်၊ ဒီလိုဆိုရင် တော်တော်လေးကို အရှက်ရမှာပဲ”

“တစ်ကောင်တော့ ရွေးလောက်ပါတယ်၊ ဒါပေမဲ့ တပိုင်က အရေနည်းနည်းထူမယ်ဆိုရင်တော့ သုံးယောက်လုံးကို ရနိုင်တယ်၊ တင်ဆက်သူကိုယ်တိုင်လည်း မသိတော့ပါဘူး”

​ဆုပိုင်လည်း အမှန်တကယ်ပင် မသိတော့ချေ။

တပိုင်ကသာ ပန်ဒါအမတစ်ကောင်တည်းကို ရွေးချယ်လိုက်လျှင် ရိုးရိုးသားသားပြောရသော် သူမကို အမီရနိုင်သေးသည်။ သို့သော်....။

အခု သုံးကောင်ကို သူဘယ်လိုရွေးမှာလဲ။

တအားတော်တဲ့အကောင်။ မင်း သုံးကောင်လုံးကို လိုချင်နေတာမဟုတ်လား။

ဒီလိုအခြေအနေကတော့ မဖြစ်နိုင်ဘူး။

ဝေါင်း။

ထိုအခိုက်အတန့်တွင် ဝါးတောအလယ်ကွင်းပြင်အတွင်းတွင် ကြီးမားသော ပန်ဒါကြီးတစ်ကောင်က မတ်တပ်ထရပ်လျက် အော်ဟစ်လိုက်သည်။

သူက ထွက်ပြေးသွားသောအကောင်များကို အထင်သေးသလိုကြည့်ပြီး နှုတ်ခမ်းများက အထင်သေးမှုအပြည့်နှင့် ကော့တက်သွားသည်။

နောက်ဆုံးတော့ နိုင်သွားပြီ။

ထို့နောက်.....။

တပိုင်က​ မျက်လုံးကြီးတစ်စုံနှင့်အတူ ပန်ဒါအမသုံးကောင်ဆီသွားလိုက်သည်။ တပိုင်က သူ၏နဖူးကိုပွတ်လျက် နီးကပ်ချင်နေသည်။

သူ ငှက်တောရဲ့စကားကို နားထောင်ရင်ကောင်းမလား။

ကြမ်းတမ်းပြရမယ်။

ဖြန်း။

သူက အရှေ့ရှိ ပန်ဒါကြီးတစ်ကောင်ကို မြေပြင်သို့ကျအောင် ဖြတ်ရိုက်လိုက်သည်။ တပိုင်က တင်ပါးကို လိမ်တွန့်လျက် အောက်သို့ လဲချရန် ကြံစည်သည်။

ဝေါင်း။

သို့သော် သူ၏အရှေ့ရှိ ပန်ဒါအမကမူ စူးရှစွာအော်ဟစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် တပိုင်ကို ကန်ထုတ်လိုက်ပြီး ခေါင်းကိုမော့လျက် ခပ်ကြမ်းကြမ်းမာန်ဖီသည်။ ထို့နောက် ဝါးတောအုပ်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

အခြားသော ပန်ဒါမနှစ်ကောင်ကလည်း တပိုင်ကို ကြည့်သည်။ ထို့နောက် ချာခနဲလှည့်ကာ ဝါးတောအတွင်းသို့ ဝင်သွားသည်။

သွားပြီ။

ဆုပိုင်က ညည်းသည်။ သူက အရှေ့မှ ဝါးတောကို ခပ်မြန်မြန်ဘေးဖယ်လျက် တပိုင်ရှိရာနေရာသို့ အပြေးသွားသည်။

ဒီကောင်တော့ တအားအံ့သြသွားလောက်တယ်။ ဟုတ်တယ်မလား။

ငါပြောပါရစေဦး။ ဒီလောက်ခက်ခက်ခဲခဲ ရုန်းကန်ပြီးတဲ့နောက်မှာ ပန်ဒါအမ တစ်ကောင်တောင်မှ မရလိုက်ဘူး။

သောက်ကျိုးနည်း သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကတော့ ပေါက်ကွဲသွားမှာပဲ။

“တပိုင်”

ဆုပိုင်က တပိုင်နားသို့ ရောက်သွားပြီး မြေပြင်တွင် ထိုင်နေသော တပိုင်ကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေသဖြင့် ခပ်တိုးတိုး ခေါ်လိုက်သည်။

“အူး”

ရုတ်တရက် အရှေ့မှ တပိုင်က မြေပြင်မှခုန်ထပြီး စိတ်လှုပ်ရှားစွာ အော်သည်။

“အားဟားဟားဟား ဝါးတောတစ်ခုလုံးက ငါ့အပိုင်ပဲ”

“ကျွတ်ကျွတ် ဒီလောက်ဝါးတွေ တအားများတာ၊ သူ စားလို့ကုန်ပါ့မလား၊ သူ့မှာ သယ်သွားစရာ သုံးဘီးလည်းမရှိဘူး”

“ဟီးဟီး ဘယ်လောက်တောင် လှလိုက်သလဲ၊ ဘယ်လောက်တောင် အရည်ရွှမ်းလိုက်သလဲ”

ဆုပိုင်..

“....”

ကြည့်ရတာ သူစိုးရိမ်လွန်နေတာပဲ။

သို့သော် ဆုပိုင်ကလည်း ထိုကောင်က အနည်းငယ် အလျင်လိုလွန်းသည့်အတွက် သံသယနည်းနည်း ဝင်နေမိသေးသည်။

တပိုင်၏ စိတ်နေသဘောထားက သိသာစွာပင် ကလေးသာသာဖြစ်သည်။

မျိုးပွားတယ်ဆိုတာ ဘာလဲဆိုတာကို ဒီကောင်သိရဲ့လား။

ဖြန်း။

ဆုပိုင်က ထိုကောင်၏နဖူးကို ဖြန်းခနဲရိုက်ပြီး နားရွက်ကို ဆွဲလျက် ကျောက်တုံးနားသို့ လျှောက်သွားသည်။

ထို့နောက် ကျောပိုးအိတ်ထဲမှ မည်းမှောင်နေသော ကတ်ကြေးကို ထုတ်လိုက်ပြန်သည်။

ဝေါင်း။

“ငါနိုင်တယ်လေ မင်းဘာလုပ်တာလဲ”

တပိုင်က မြေပြင်တွင် ချက်ချင်းလိုလို လှဲချလိုက်ပြီး သူ၏​ခေါင်းလေးကိုအုပ်လျက် ခပ်တိုးတိုးအော်နေသည်။

ဝိနည်းဆိုတာကို နားမလည်ဘူးလား။

“တာဝန်ကဘာလဲ၊ ငါမင်းကို ပန်ဒါအမရှာခိုင်းတာ၊ မင်းက ဘာလုပ်တာလဲ၊ လူတွေကို ခြောက်လွှတ်လိုက်တယ်”

​ဆုပိုင်က မုန်းတီးမှုအပြည့်နှင့်ပြောသည်။

“မင်းတစ်ပွဲမှာနိုင်ပြီးသွားပြီဆိုရင်တောင် သူတို့က မင်းကိုရွေးမှာပဲ ၊ မင်းသိလား”

“ကောင်းကောင်းမွန်မွန် ဆက်ဆံပြရမယ်၊ ဒီလိုမျိုး ခြောက်စရာလိုအပ်လို့လား”

“မင်း ပန်ဒါအမတစ်ကောင်ကိုပဲ ရှာရမှာ၊ သုံးကောင်လုံးမဟုတ်ဘူး၊ ဒါကိုရော နားလည်လား”

တပိုင်က တွေးတွေးဆဆ ခေါင်းညိတ်သည်။

သူနောက်တစ်ခါ တာဝန်တွေလုပ်ရင် မလိုက်တော့ဘူး။ တအားခက်ခဲတာပဲ။

နောက်ပြီး ဓားကြီးက ဘာလဲ ။ ကျိုးနေတဲ့ဓားပဲ ဖြစ်မယ်။

သိသိသာသာပင် အဆိပ်ပါနေတဲ့ဓား။

စိတ်ထဲတွင် ပျစ်ပျစ်နှစ်နှစ်ဆဲဆိုပြီးနောက် တပိုင်က မြေပြင်မှ ကုန်းထလိုက်သည်။ ထို့နောက် ခေါင်းလေးကိုငုံ့လျက် နှာခေါင်းတစ်ချက်ချက်ရှုံ့သည်။ ထို့နောက် ပထမဦးဆုံး တွေ့ခဲ့သည့် ပန်ဒါအမလေး ထွက်သွားရာဘက်သို့ ရှာဖွေလေပြီး နောက်မှလိုက်သွားလေသည်။

ရွေးချယ်စရာမရှိဘူး။ သူ့ပဲရွေးရတော့မယ်။

“သွားရအောင် ငါတို့လည်း လိုက်သွားကြမယ်”

​ဆုပိုင်က ဝါးတောအုပ်ထဲသို့ ပြေးဝင်သွားသော တပိုင်ကိုကြည့်ပြီး မသက်မသာရေရွတ်လိုက်သည်။

သူက နှင်းကျားသစ်ကို တရွတ်တိုက်ဆွဲရင်း အနောက်မှလိုက်သွားသည်။

ဒီကောင်က ဘာမှမသိသေးဘူးလို့ ခံစားနေရတုန်းပဲ။ ဒီတစ်​ကြိမ်မှာ အောင်မြင်ပါဦးမလား။

All Chapters