← Chapters

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

163 01

အပိုင်း (163)

ကျိုတို..။

တိရိစ္ဆာန်ကာကွယ်ရေးစင်တာ အစည်းအဝေးခန်း။

လူတိုင်းက အရှေ့ရှိ ဖန်သားပြင်ကြီးကိုသာ တိတ်တဆိတ် စိုက်ကြည့်နေကြသည်။ သို့သော် ဂရုစိုက်သာ ကြည့်မည်ဆိုလျှင် လူတိုင်း၏ ခန္ဓာကိုယ်က အနည်းငယ်တုန်နေကြောင်း မြင်နိုင်သည်။ တချို့သော သူများက ပါးစပ်ကို အုပ်ထားကြသည်။ ထို့နောက် အော်ရယ်သံက ထွက်လာသည်။

“ကောင်းပြီကောင်းပြီ”

“ထိန်းထားမနေကြနဲ့၊ ခဏနေ တစ်ခုခု ဖြစ်လာလောက်တယ်”

နန်ကုန်းယွမ်က တစ်ချက်ကြည့်ပြီး ဒေါသတကြီးပြောသည်။

“ဟားဟားဟား အိုး ငါတကယ်မထိန်းနိုင်တော့ဘူး၊ ငါတအားရယ်ချင်နေပြီ၊ ကောင်းကင်ပြာတိရိစ္ဆာန်ရုံရဲ့ တပိုင်က တကယ်ကို....”

“ဟုတ်တယ် ဟုတ်တယ်၊ သူ့ကို လက်တွဲဖော်ရှာခိုင်းတာ တော်တော်ခက်ခဲတာပဲ”

“ဒါရိုက်တာဆုပိုင်ကတော့ တော်တော်လေး စိတ်ညစ်နေလောက်ပြီ၊ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ဒီပန်ဒါကြီးက တော်တော်လေး ဉာဏ်ကောင်းတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ဘယ်လိုကြောင့်များ ဒီလိုအခြေအနေမျိုးကို ကြံရတာလဲ”

ရုတ်တရက် ခန်းမတစ်ခုလုံးက ရယ်သံများနှင့် ပြည့်နှက်သွားသည်။ လူတိုင်းကလည်း သူတို့၏ရင်ဘတ်များကို ထုလျက် အရှေ့သို့ ယိမ်းလိုက် နောက်လန်လိုက်နှင့် ရယ်နေကြသည်။

အမှန်အတိုင်းဆိုရသော် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းမှ ပန်ဒါကြီးက တအားရယ်ရသည်။

ထို့နောက်.....။

တိရိစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်သွားပြီးကတည်းက တိရိစ္ဆာန်များ မျိုးပွားမှုနှင့်ပတ်သက်သော အချက်အလက်ပေါင်းများစွာက ပျောက်သွားသည်။ သမိုင်းမှတ်တမ်းတောက်လျှောက် ကျော်ဖြတ်လာခဲ့သည်နှင့်အမျှ နည်းလမ်းပေါင်း မြောက်မြားစွာကပင် ကျရှုံးနေပြီဖြစ်သည်။

ဒီနေရာတွင် ထိုင်နေသော လူတိုင်းက ဇီဝဗေဒဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး သုတေသနလုပ်နေကြသူများ ဖြစ်နေသော်လည်း ထိုကိစ္စတွင်မူ သူတို့တွင် မည်သည့်ဥပဒေသမှ မရှိတော့ချေ။

“အာ”

နန်ကုန်းယွမ်ကအသာပြုံးလိုက်သည်။ သူက တစ်စုံတစ်ရာကို မှတ်မိသွားပုံရပြီး သက်ပြင်းချမိပြန်သည်။

လူတိုင်းကလည်း မျက်နှာအမူအယာကို တည်လျက် သူ့ကိုမော့ကြည့်လာသည်။

“ဒီတိုက်ရိုက်ထုတ်လွှင့်မှုက တအားရယ်ရပေမဲ့လည်း ငါတို့တွေ သတိအပြည့်ကပ်ထားရမယ်”

နန်ကုန်းယွမ်က အလေးအနက်ထားကာပြောသည်။

“အခုဆိုရင် တိရိစ္ဆာန်အမျိုးအစား နှစ်မျိုးပဲ မျိုးပွားနိုင်​သေးတာ၊ ဒါက လန်မင်ကြွက်နဲ့ လန်ဒရစ်ဝက်တွေပဲ၊ တခြားတိရိစ္ဆာန်တွေကတော့ ဒီအခြေအနေကို ဘာမှမသိရသေးဘူး၊ ငါတို့ကိုယ််တိုင်ကလည်း ဒီအခြေအနေကို နားမလည်သေးဘူး”

“အားလုံးပဲ တွေးကြည့်စမ်းပါ၊ ဒါက ကြောက်စရာမကောင်းဘူးလား”

“ပိုပိုပြီး များပြားတဲ့ တိရိစ္ဆာန်တွေကို ကယ်ဆယ်ပြီးတဲ့အခါ မျိုးပွားဖို့လိုအပ်တဲ့ တိရိစ္ဆာန်တွေ ပိုပိုများလာလိမ့်မယ်၊ ငါတို့အခု ရင်ဆိုင်နေရတဲ့ ပြဿနာက တအားကြီးတယ်”

သူက ထိုသို့ ပြောလိုက်ပြီးနောက် နန်ကုန်းယွမ်က တဖြည်းဖြည်းချင်း ထရပ်သည်။သူက အရှေ့ဘက်ရှိ အစည်းအဝေးစားပွဲကြီးပေါ်သို့ လက်ကိုတင်လိုက်ပြီး လူတိုင်းကိုကြည့်သည်။

“ငါဟန်ကျိုးက ပြန်မလာခင်က ဒါရိုက်တာဆုပိုင်နဲ့ စကားပြောဖြစ်ခဲ့တယ်”

“အဲဒီအခါမှပဲ ဒီကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ငါတို့ရရှိထားတဲ့ သုတေသနရလဒ်တွေက ဘယ်လောက်တောင်မှားနေသလဲဆိုတာကို သိလိုက်ရတယ်၊ တိရိစ္ဆာန်တွေမှာလည်း ခံစားချက်ရှိတယ်၊ အများစုက လုပ်နိုင်စွမ်းရည် ရှိကြတယ်၊ လူသားတွေနဲ့တောင် ယှဥ်နိုင်တယ်”

“ဒါရိုက်တာဆုပိုင်ရဲ့ ပြောစကားအရ အဲဒီအချိန်က ဟာလီနဲ့တွေ့ခဲ့တဲ့ ဝံပုလွေကိုပဲကြည့်၊ ဥပမာအနေနဲ့ အဲဒီသတ္တဝါမျိုးက သူတို့ရဲ့ တစ်ဘဝလုံးကို လက်တွဲဖော်တစ်ယောက်ကိုပဲ လက်ခံကြတယ်၊ အဲဒီလက်တွဲဖော်သေသွားတဲ့နောက်မှာ သူတို့က တစ်ဘဝလုံး အထီးကျန်စွာနဲ့ နေထိုင်သွားကြတယ်တဲ့၊ သူတို့ဘယ်တော့မှ လက်တွဲဖော်အသစ်ကို မရှာကြဘူး”

“နောက်ပြီး ငှက်အမျိုးအစားတစ်မျိုးလည်း ရှိသေးတယ်၊ သူတို့ရဲ့ လက်တွဲဖော်တွေ သေသွားတဲ့အခါ အဲဒီငှက်က သူ့တို့ရဲ့ အင်အားမကုန်မချင်း ပင်လယ်ပြင်ထဲမှာ တောက်လျှောက်ပျံနေတတ်တယ်၊ အင်အားကုန်သွားတဲ့အခါမှာ ပင်လယ်ရေထဲကို ပြုတ်ကျပြီး သေသွားတာပဲ၊ အသေခံသလိုပေါ့”

နန်ကုန်းယွမ်က အလွန်ခံစား​နေရသော မျက်နှာထားမျိုးဖြင့်ပြောသည်။

“ငါမင်းတို့ကို ဒီကိစ္စတွေပြောပြတယ်ဆိုတာက မင်းတို့ကိုလည်း နားလည်စေချင်လို့ပဲ၊ တိရိစ္ဆာန်တွေ မျိုးပွားဖို့ ကြိုးစားတဲ့နေရာမှာ အားစိုက်မှုတွေအများကြီးကို လိုအပ်တာလည်း မှန်တယ်၊ ငါတို့ကိုယ်တိုင်ကလည်း အနာဂတ် လူသားမျိုးဆက်တွေအတွက် မှန်ကန်ပြီး တိကျတဲ့ မှတ်တမ်းဖိုင်တွေကို ချန်ထားရစ် ပေးရမယ်”

“ဒါကြောင့်”

နန်ကုန်းယွမ်က အသက်ပြင်းပြင်းရှူသည်။

“တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနက အဖွဲ့ခွဲတစ်ခုကို တည်ဆောက်ပြီး တိရိစ္ဆာန်တွေ မျိုးပွားမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ထောက်ပံ့ကူညီဖို့ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်၊ ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အဆုံးသတ်သွားတာနဲ့ ငါတို့တွေ ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှာပဲ တစ်နှစ်လုံး သွားနေကြရအောင်”

“နောက်ပြီး ငါမေးချင်တာရှိသေးတယ်၊ အလုပ်ကိစ္စနဲ့ ပတ်သက်ရင် ငါတို့ ဟန်ကျိုးမှာပဲ နေ့တိုင်းနေပြီး အဲဒီကပဲ ကိစ္စတွေအားလုံးကို ဆောင်ရွက်လို့ရသေးတာပဲ”

163 02

ပိုဆိုးတာက ဒီတစ်​ကြိမ်မှာ ရွေးချယ်မဲ့ အကောင်းဆုံး ဝင်ပါမဲ့လူတွေကို အမျိုးသမီးတွေအပေါ် ကြင်နာတတ်တဲ့လူမျိုး ဒါမှမဟုတ် ကလေးငယ်တွေအပေါ် ကြင်နာတတ်တဲ့ အမျိုးသားတွေ အမျိုးသမီးတွေကို အဓိက ထားပြီး ရွေးချယ်ဖို့ စဥ်းစားထားတယ်”

“ကောင်းပြီအားလုံးပဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်ပြီးကြည့်လိုက်ကြဦး၊ ငါတို့တွေ ဒီတိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားမှ ကိုယ်တိုင်ကိုယ်ကျ တစ်ယောက်ချင်းစီ ရွေးချယ်ကြတာပေါ့”

နန်ကုန်းယွမ်၏ စကား အဆုံးသတ်သွားပြီးနောက် သူက ကုလားထိုင်တွင် ပြန်ထိုင်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို ကြည့်လေသည်။

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ။

ဒီနေ့ မြက်ခင်းပြင်ကျယ်က ပုံမှန်မဟုတ်လောက်အောင် တိတ်ဆိတ်နေသည်။ လူတိုင်းနှင့် တိရိစ္ဆာန်တို့က မြေပြင်တွင် တိတ်တဆိတ်သာ ထိုင်နေကြပြီး အရှေ့မှ ဖန်သားပြင်ကြီးကို စိုက်ကြည့်နေကြသည်။

ထို့နောက် ဖန်သားပြင်တွင် တပိုင်၏ ခန္ဓာကိုယ်က ပေါ်လာသည်။

“ဟားဟားဟား”

အနီးနားရှိ တိုင်တစ်တိုင်ပေါ်တွင် ရပ်နေသော ငှက်တောက ဖန်သားပြင်တွင် ခေါင်းကိုကုတ်ကာ ပုံစံမျိုးစုံပြောင်းနေသော တပိုင်ကိုကြည့်ပြီး အော်ရယ်သည်။

ဒီကောင်က တအားရူးတာပဲ။

ဒါက tvစီးရီးတွေ ကစားတဲ့ပုံစံလား။

“အား”

ရုတ်တရက် အမျိုးသမီး မိခင်တစ်ယောက်၏ တအံ့တသြ အော်သံနှင့်အတူ အရှေ့မှ ကလေးငယ်၏ မျက်လုံးကို ပိတ်လိုက်ပြီး တစ်ဖက်သို့ လှည့်သွားသည်။

တစ်ခဏခန့်ကြာပြီးနောက် လူတိုင်းကလည်း တပိုင်လုပ်နေသော ပုံစံကို ကြည့်လိုက်ကာ သူတို့၏မျက်နှာများက ကို့ယို့ကားယားဖြစ်လာသည်။

သူတို့က ကလေးများ၏ မျက်လုံးကိုပိတ်လျက် အဝေးသို့ခေါ်သွားသည်။

တအားရှက်ဖို့ကောင်းတာပဲ။

ဒီပန်ဒါကြီးက ဘယ်နေရာကနေ ဒီလိုပုံစံတွေကို သင်လာတာလဲ။

“ကျွတ်ကျွတ် ကျွတ်”

ငှက်​တော၏ နှုတ်ခမ်းများက ကော့တက်သွားသည်။ သူက သက်ပြင်းချသည်။ သို့သော် စိတ်အေးသွားသလို ခေါင်းညိတ်နေသေးသည်။

ဒီကောင်က နည်းနည်းတော့ အကွက်ကောင်းလေးတွေ တတ်နေတာပဲ။

သို့သော်....။

သူတကယ် မနာလိုဖြစ်မိတယ်။ ဒါက လက်သည်းလေးဖက်နဲ့ မတူဘူးလေ။ လက်သည်းတစ်ဖက်တည်း ပါတဲ့လူတွေက အများကြီး အင်အားကြီးမားနေတယ်။

“အားဘုရားရေ ဒါက တွဲလောင်းနေနေတာလား၊ ဒီလှည့်ကွက်က အဆင်ပြေရဲ့လား”

အံ့အားတသင့်ဖြစ်နေသော အော်သံနှင့်အတူ ငှက်တောက မျက်လုံးပြူးသွားသည်။

“ဟေး မျောက်ဘုရင် ဒါက မဟုတ်သေးသလိုပဲ၊ ဒီပန်ဒါအမကို ကြည့်ပါဦး၊ ဘာလို့ မတုံ့ပြန်တာလဲ”

ငှက်တောက သူ၏ဘေးနားတွင်ထိုင်နေသည့် မျောက်ဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။ မျောက်ဘုရင်က လက်ထဲတွင် မျောက်မလေးကို အသာပွေ့ပိုက်ထားလေသည်။

“ကွိ”

မျောက်ဘုရင်က တပိုင်ကို တစ်ချက်ကြည့်ပြီး အထင်သေးသွားသည်။ သူက ခေါင်းကိုအသာခါသည်။

“ငါမသိဘူးလေ၊ ငါက အဲဒီလို လုပ်စရာမလိုဘူး၊ နေ့တိုင်းလိုလို ငါ့ဆီ လက်ဦးမှုယူပြီး ရောက်လာတဲ့လူတွေမှ အများကြီးပဲ”

“ကောင်းပါပြီ”

ငှက်တောက နဖူးကို ဖြန်းခနဲရိုက်လိုက်ပြီး အဝေးသို့ပျံသွားသည်။

“မင်းအရှိန်ပိုမြန်သွားဖို့ မျှော်လင့်တယ်”

သူထွက်မသွားခင် မျောက်ဘုရင်ကို ဆုတောင်းပေးရန်လည်း မမေ့ချေ။

ထို့နောက်..။

လူတိုင်းက ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို စောင့်ကြည့်နေကြချိန်တွင် အသားမည်းမည်းနှင့် နိုင်ငံခြားသားတစ်အုပ်က ကောင်းကင်ပြာတိရိစ္ဆာန်ရုံ၏ ဝင်ပေါက်သို့ တဖြည်းဖြည်းချင်း လျှောက်ဝင်လာကြသည်။

ထိုသို့ ဝင်လာသည့်အချိန်တွင် ဦးဆောင်လာသော လူတစ်ယောက်က ကြီးမားသည့် စိန်လက်စွပ်ကွင်းကြီးများ စွပ်ထားသော လက်ကိုတစ်ချက်ရမ်းလိုက်ပြီး မျက်မှန်ကို ချိန်ညှိသည်။ ထို့နောက် ရုံးခန်းတံခါးရှေ့တွင် လှဲနေသည့် ဟာလီကို မြင်လိုက်လေသည်။

သူက နောက်သို့ တစ်ဖက်လှည့်ပြီး သက်တော်စောင့်ကို ခပ်တိုးတိုးပြောသည်။

“မင်းသွားပြီးစမ်းကြည့်၊ သူရဲ့ တိုက်ခိုက်စွမ်းအားက ဘယ်လိုလဲဆိုတာ သိရအောင်”

“ဟုတ်ကဲ့”

163 03

အနောက်ဘက်မှ သန်သန်မာမာလူမည်းတစ်ယောက်က လျှာကို တစ်ချက်သပ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားသည်။ သူက အဖွဲ့ထဲမှ ထွက်သည်။

သူက ဟာလီ၏ အရှေ့သို့ လျှောက်သွားသည်။

“အူး”

ဟာလီက အရှေ့မှ အကောင်ပေါက်လေးများနှင့် ခေါင်းငုံ့ကာ ဆော့ကစားနေခြင်းဖြစ်သည်။ ရုတ်တရက် သန်မာသော လူတစ်ယောက်က သူ့ဆီလာနေကြောင်း သတိထားလိုက်မိသည်။ သူက ချက်ချင်းသတိအပြည့်ကပ်ကာ ထရပ်လိုက်ပြီး အူသည်။ သူက အကောင်ပေါက်လေးကို နောက်သို့ထားကာ ကာပေးထားလိုက်သည်။

“ဟီးဟီး”

“အရွယ်အစားကတော့ ကောင်းတယ်၊ သွားကလည်း လုံလောက်အောင် ထက်ရှမှာပဲ”

“ဖောက်ခွဲစွမ်းအားကို ကြည့်ကြည့်ရအောင်”

သန်မာသော လူမည်းက အော်ရယ်လိုက်ပြီး သွားဖြူဖြူများကို ဖြဲပြသည်။

သူက သူ၏ခါးအတွင်းမှ အလွန်ပါးလျသော သတ္ထုချိန်းကြိုးတစ်ခါကို ဆွဲထုတ်လိုက်သည်။

ဖြန်း။

ဝေါင်း။

သူက ဟာလီကို ခပ်ကြမ်းကြမ်း ရိုက်သည်။ ဟာလီက နာကျင်မှုဖြင့် အော်ဟစ်လေသည်။ သူ၏ အစွယ်များကိုသုံးပြီး ချက်ချင်းခုန်အုပ်သည်။

ဖုန်း။

သန်မာသော လူကြီး၏ လည်သာဖိနပ်က ဟာလီကို အဝေးသို့ ကန်ထုတ်လိုက်သည်။

ဝုတ်ဝုတ်။

ဝုတ်။

အကောင်ပေါက်လေးများက ဟာလီ၏ ခန္ဓာကိုယ်ကို ဝိုင်းလာပြီး ခပ်တိုးတိုးအော်ကြသည်။

သို့သော် ထိုအချိန်တွင်။

ရုံးခန်းနားရှိ လူအများကလည်း အံ့အားတကြီး လှည့်ကြည့်လာကြသည်။ သူတို့က ဟာလီကို ဆွဲကိုင်မြှောက်လိုက်သော လူသန်မာကြီးကို မယုံကြည်နိုင်စွာ ကြည့်ကြသည်။

ဖုန်း။

သူက ဟာလီကို အဝေးသို့ ကိုင်ပေါက်လိုက်သည်။

သေစမ်း သူတို့ကို ဖမ်းစမ်း။

အလွန်ဝေးသောနေရာတွင် ရပ်နေသည့် လောင်ကျိုးက မျက်လုံးများ သွေးနီရောင် သန်းသွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လျက် အပြေးလာလေသည်။

+++++

164 01

အပိုင်း (164)

“အူး”

တပိုင်က သူ၏အရှေ့ဘက်တွင် လှဲနေသည့် ပန်ဒါအမကြီးကို ကြည့်လိုက်ပြီး မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ သူက မနေနိုင်ဘဲ ဒေါသတကြီးအော်သည်။

တအားခက်တာပဲ။

ငါဒီလောက်အကြာကြီး လုပ်ပြနေတာ အနည်းဆုံးတော့ ပုံစံ၁၀၈မျိုးရဲ့ တစ်ဝက်လောက်က ပြီးသွားပြီလေ ဟုတ်ပြီလား။ ဘာလို့ ဒီပန်ဒါအမက နည်းနည်းတောင် မတုံ့ပြန်တာလဲ။

သူက ဒါရိုက်တာဆုပိုင်ကို ပြန်ကြည့်သည်။ ဒါရိုက်တာဆုပိုင်က ဝါးတောထဲတွင် ပုန်းနေသည်။

ထို့နောက် ဒါရိုက်တာဆုပိုင်က ကတ်ကြေးလေးကို ထုတ်ပြပြန်ကြောင်း မြင်လိုက်ရပြန်သည်။

ခရက်။

သူက အရှေ့မှ ဝါးကို ကိုက်ဖြတ်လိုက်သည်။

“ဟစ်”

တပိုင်၏ဆံပင်က ရုတ်တရက် ထောင်တက်သွားသည်။ သူ၏ နဖူးမှစတင်ပြီး ဖင်တောက်လျှောက် စိမ့်တက်သွားသည်။

တအားရက်စက်တယ်။

“မဟုတ်သေးဘူး ငါဒီလိုလုပ်လို့မရဘူး”

ပန်ဒါကြီးက မြေပြင်တွင် ထိုင်ချလိုက်ပြီး အမောတကော အသက်ရှူကာ မျက်လုံးကို လှန်လိုက်သည်။

ကြည့်ရတာ ငှက်တောက သူ့ကိုလိမ်လိုက်တာဖြစ်မယ်။

ပုံသဏ္ဍာန်၁၀၈မျိုးနဲ့ ဘယ်လိုများ ပြိုင်ဘက်ကင်းနိုင်မှာလဲ။

နောက်ပြီး အဲဒီနံဟောင်နေတဲ့ မျောက်ကလည်း လိမ်ညာတဲ့ကောင်ပဲ။ သူက ကြမ်းတမ်းပြီး ရက်စက်တယ်။ သူသာ ခပ်မြန်မြန်မရပ်ရင် ပန်ဒါအမက ထွက်ပြေးသွားလောက်ပြီ။

ထိုအကြောင်းအရာကို တွေးမိပြီး​​နောက် တပိုင်က မနေနိုင်ဘဲ နောက်သို့လှည့်ကာ ဆုပိုင်ပုန်းနေသော နေရာဘက်သို့ အပြေးသွားသည်။

“အူး”

သူက ဆုပိုင်၏ ခြေထောက်ကို လှမ်းဖက်လိုက်ပြီး သူ၏ လက်သည်းလေးနှင့် ဆုပိုင်၏ခါးပတ်ကို သွားဆိတ်သည်။ တပိုင်က ရန်ငြှိုးအပြည့်နှင့်အော်သည်။

“ဒါရိုက်တာ ငါ့မှာ ရွေးချယ်စရာမရှိဘူး”

“ငါ့ကို ညှာတာပေးပါဦး”

“သူကမတုံ့ပြန်ဘူးလေ”

ကြည့်ရတာ ဝှက်ဖဲကိုပဲ သုံးရတော့မယ်ထင်တယ်။

“အဆိုးဆုံးမှ ဘောင်းဘီကိုချွတ်ပြီးပြေးပေါ့”

ဝါးတောတစ်ခုလုံးက ကြီးသည်။ သူတို့သာ ပုန်းနေလျှင် မည်သူကမှ မရှာနိုင်ပေ။

ဟွန်း။

တပိုင်က ခေါင်းကိုမော့လိုက်ပြီး ဆုပိုင်ကို မျက်ရည်အပြည့်နှင့်ကြည့်သည်။ ထို့နောက် တိတ်တဆိတ် လက်ကလေးကို ပြန်ချလိုက်သည်။

အူး။

ခါးပတ်က တအားတင်းတယ်။ သတ္ထုခါးပတ်နဲ့ပြောင်းထားတာလား။

“သွား”

ဆုပိုင်က ခေါင်းကိုငုံ့ပြီး အောက်သို့ပြုတ်ကျတော့မည့် ဘောင်းဘီကို တစ်ချက်ကြည့်ကာ ပြန်ဆွဲတင်လိုက်ပြီး တပိုင်၏ နားရွက်ကိုဆွဲလျက် အဝေးသို့ တွန်းထုတ်သည်။

သူက ကတ်ကြေးကိုထုတ်ကာ ခပ်ကြမ်းကြမ်းပြောသည်။

“မင်းရဲ့ခေါင်းထဲမှာ ရေတွေပြည့်နေတာလား”

“မင်းပုံမှန်ဘယ်လိုနေလဲဆိုတာ စဥ်းစားကြည့်လေ၊ တစ်ခုခုတော့ ရှိမှာပေါ့”

“မင်းက မျှစ်တွေ​ကြိုက်တယ်၊ သူလည်း ကြိုက်မှာပေါ့၊ ဟုတ်ပြီလား”

“ဟင်”

တပိုင်က ရုတ်တရက် ခေါင်းကိုငုံ့ပြီး မျက်တောင်တဖျတ်ဖျတ် ခတ်သည်။

ဟုတ်သားပဲ။

ငါကိုယ်တိုင်ကလည်း မျှစ်တွေကြိုက်တယ်ဆိုရင် ဒီကောင်မလေးကလည်း ကြိုက်မှာပေါ့။ ဒါပေမဲ့ ဒီမှာ မျှစ်တွေတအားများတာ၊ သူသ​ဘောကျပါ့မလား။

သကြားလုံးရှိရင်တော့ ကောင်းမယ်။ သကြားလုံးကတော့ လှည့်ကွက်ကောင်းပဲ။

“အူး”

“ငါ့ကို သကြားလုံးတစ်လုံးပေး”

သူက ခေါင်းမော့ပြီး ဆုပိုင်ကို အော်သည်။

“ဟင်”

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး ကျောပိုးအိတ်ကို ဖွင့်သည်။ ထို့နောက် သကြားလုံးတစ်လုံးထုတ်ကာ ထိုကောင်၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

ကံကောင်းသည်မှာ သူက ပြင်ဆင်မိလာခဲ့သည်။ သို့မဟုတ်လျှင် ဒုက္ခများတော့ပေမည်။

အူး။

တပိုင်က သကြားလုံးကို ပါးစပ်နှင့်ကိုက်ပြီး ဖင်ကိုလိမ်လျက် ပန်ဒါအမဆီသို့ ပြေးသွားသည်။

“ဗြိ”

သူက သူ၏ဝက်ဝံလက်သည်းကို သုံးပြီး သကြားလုံးကို မြေပြင်ပေါ်သို့ ဖိချသည်။ ထို့နောက် အပေါ်မှ ပါကင်အိတ်ကို ဆွဲဖြဲသည်။

သူက လျှာလေးကိုထုတ်ပြီး သကြားလုံးလေးကို တစ်ချက်လျက်သည်။ ထို့နောက် တွန့်ဆုတ်စွာနှင့် ကောက်ယူလိုက်ပြီး ပန်ဒါအမ၏အရှေ့သို့ ချပေးသည်။

“ဟင်”

ပန်ဒါအမလေးက မျက်လုံးလေးကို ဖွင့်လျက် သူမ၏အရှေ့မှ အရာကိုကြည့်သည်။ ထို့နောက် အရှေ့မှ ထူးဆန်းသော အကောင်ကို စိတ်ရှုပ်ထွေးစွာကြည့်သည်။

သူဒါကို မမြင်ဖူးပါဘူး။

ဒါက ခွေးသွားရည်လိုပဲ။

နောက်ပြီး ဒီကောင်က ငါ့ကိုမိသွားတာနဲ့ အနားကနေ မခွာတော့ဘူး။ ဘယ်လိုပဲကြိုးစားကြိုးစား မောင်းထုတ်လို့လည်းမရဘူး။

ပို၍ဆိုးသည်မှာ ဝါးတောအတွင်းရှိ ပန်ဒါအထီးတိုင်းက ဒီကောင်ကြောင့် မောင်းထုတ်ခံလိုက်ရသည်။

ကြည့်ရတာ ရွေးချယ်စရာ မရှိတော့ဘူး ထင်ပါတယ်။

သို့ရာတွင် ထိုအကောင်ကို လက်ခံမည်ဆိုလျှင်လည်း အလွယ်တကူ လက်ခံပေး၍မရချေ။

164 02

တပိုင်က လျှာလေးကိုထုတ်လျက် ထိုသကြားလုံးကို ထပ်လျက်ပြပြန်သည်။ ထို့နောက် သူ၏ လက်သည်းလေးကိုသုံးပြီး ပန်ဒါအမ၏ရှေ့သို့ ပို့ပေးသည်။

“အူး”

အဲဒီလိုလား။

ပန်ဒါမလေးက မျက်မှောင်ကြုတ်သည်။ သူမက လည်တိုင်လေးကို အသာဆန့်လျက် လျှာလေးကို အသာထုတ်ပြီး တစ်ချက်လျက်ကြည့်သည်။

ရုတ်တရက် သူမ၏မျက်လုံးက မှေးကျဥ်းသွားသည်။

အွန်း အနံ့လေးက ဘယ်လိုလဲ။ ဒါက တအား.....။

သူမက အရှေ့ရှိကောင်ကို ပြန်ကြည့်သည်။ ပန်ဒါမက သူမ၏ လက်သည်းလေးကို ဆန့်ထုတ်လိုက်ပြီး သကြားလုံးလေးကို လက်မောင်းအတွင်းသို့ ပွေ့ယူလိုက်လျက် ပါးစပ်ထဲသို့ ထည့်လိုက်သည်။

“အွမ်း”

သူမက ကျေနပ်သွားသလိုအသံလေးကို ထုတ်လွှတ်သည်။

“အူး”

“ဘယ်လိုလဲ”

တပိုင်က သူ၏ပုံစံကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်သည်။

ကြည့်ရတာ အဆင်ပြေပြီထင်တယ်။ နောက်ပြီး အရှေ့က ပန်ဒါအမက ဒီလိုကျေနပ်တဲ့ ပုံစံမျိုးပြတာ တစ်ခါမှ မမြင်သေးဘူး။

“ရှူး”

ဆုပိုင်က တဖြည်းဖြည်းချင်း နီးကပ်သွားသော ပန်ဒါကြီးနှစ်ကောင်ကို ကြည့်လိုက်ပြီး နှင်းကျားသစ်ကို ခေါင်းအသာညိတ်ပြလျက် လက်သီးကို ခပ်ကြမ်းကြမ်းမြှောက်လိုက်သည်။

အခြေအနေကို ကြည့်ရတာတော့ အောင်မြင်သွားပြီထင်တယ်။

[သောက်ကျိုးနည်း တကယ်ပဲ ဒီလိုဖြစ်သွားတာလား]

[တပိုင်..ဒါက သကြားလုံးလေ၊ လာစမ်းပါ၊ မင်းရဲ့အစ်ကိုရဲ့ ရွှေငါးကိုကြည့်ရအောင်]

[ဖွီး အပေါ်ထပ်က တအားညစ်ပတ်တာပဲ၊ ဒါပေမဲ့ ကျွဲ၉ကောင်နဲ့ ကျားနှစ်ကောင်လို ကြိုးစားအားထုတ်မှုတွေ ပြီးတဲ့နောက်မှာ သကြားလုံးတစ်လုံးက ပြဿနာကို ဖြေရှင်းလိုက်မယ်လို့ မထင်ထားဘူး]

[တအား ချဲ့ကားလွန်းတာပဲ၊ မူကြိုမှာလည်း သကြားလုံးတွေ အများကြီးရှိပါတယ်၊ ငါဘာလို့ မအောင်မြင်တာလဲ]

[Hahaha ဒါဆိုရင် နောက်ဘာဆက်လုပ်မှာလဲ ဟီးဟီးဟီးဟီး]

[အပေါ်ထပ်ကကောင်တွေ ကျေးဇူးပြုပြီး လျှို့ဝှက်ပြီး သွားရှာကြပါလား]

[အမျိုးကောင်းသားတစ်ယောက်မှာ လုံခြုံတဲ့ ဘဝတစ်ခုရှိတယ်၊ ငါ့ရဲ့အခန်းဖော်ကတော့ ဒီနေ့ ရည်းစားနဲ့ ပျက်သွားတယ်၊ သူ့ကို စိတ်အေးအောင် ​ဖြေရှင်းနိုင်မဲ့ နေရာတစ်ခုပေးလို့ရမလား]

........။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းရှိ ကြည့်ရှုသူများကလည်း ပန်ဒါမလေးက တပိုင်ကို ဦးဆောင်ကာ ဝါးတောထဲသို့ ခေါ်သွားသော မြင်ကွင်းကို မှင်တက်သွားကြသည်။

ဇာတ်ကြောင်းက ဒီလိုပြောင်းသွားမယ်လို့ မထင်ထားဘူး။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး မြေပြင်မှ ထရပ်သည်။ ထို့နောက် အပြင်ဘက်သို့ ထွက်သည်။

သူက ကျောက်တုံးပေါ်တွင် ပြန်ထိုင်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ကြည့်ကာ ရယ်လျက်ပြောလိုက်သည်။

“အားလုံးပဲ အများကြီးမျှော်လင့်ထားတာ မှန်ပေမဲ့လည်း တပိုင်က အောင်မြင်သွားတယ်”

“ဒါပေမဲ့ နောက်အခန်းတွေကတော့ ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်လို့ မသင့်တော့ဘူး၊ ဘာပဲဖြစ်ဖြစ် ဒီအကြောင်းအရာတွေက ပန်ဒါကြီးတွေရဲ့ သားဖောက်တာနဲ့ ပတ်သက်နေတယ်၊ နောက်ပြီး နှစ်တိုင်းလိုလို ပန်ဒါကြီးပေါင်းများစွာ မျိုးပွားတဲ့ဖြစ်စဥ်တွေ ရှိနေရင်​တောင်မှ ကျရှုံးမှုနှုန်းက တအားမြင့်တယ်”

“ဒီအခွင့်အရေးကို လွဲချော်သွားတဲ့အခါ နောက်ထပ်တစ်နှစ်အထိ ထပ်စောင့်ရလိမ့်မယ်”

“ငါတို့ ဒီရင်းနှီးမှုမျိုးကို ပေါ့ပေါ့ဆဆ သတ်မှတ်လို့မရဘူး”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ကြည့်နေရင်း လူတိုင်းက နားလည်ပါပြီ နားလည်ပါပြီဆိုသော အကြောင်းအရာများကို ပြောကြသည်။ ထိုစကားလုံးများကို စောင့်နေပြီးနောက် ဆုပိုင်က နှင်းကျားသစ်ကို ဖက်လျက် ခေါင်းညိတ်လိုက်သည်။

“တပိုင်က နောက်တစ်ရက်လောက်ဆိုရင် အဆင်ပြေလောက်မယ်လို့ မျှော်လင့်ရတာပဲ၊ တင်ဆက်သူကတော့ ဒီနေရာမှာ တစ်ချိန်လုံး စောင့်မနေနိုင်ဘူးလေ၊ နှင်းကျားသစ်ကို အရင်ဆုံး နှင်းတောင်တန်းဆီ ပြန်ပို့လိုက်ဦးမယ်”

ထိုသို့ဖြင့် ဆုပိုင်က နေရာမှ ထရပ်သည်။

သူက တိရိစ္ဆာန်ဘာသာစကား functionကိုသုံးပြီး နှင်းကျားသစ်နှင့် ဆက်သွယ်သည်။

“ငါမင်းကို အရင်ပြန်ပို့ပေးမယ်၊ မင်းအခုကစပြီး ဒီလိုအနိမ့်ပိုင်းတွေကို မလာသင့်ဘူး၊ အန္တရာယ်ရှိတယ်”

နှင်းကျားသစ်က အရှေ့မှ လူသားကို ကြည့်သည်။ သူ၏ လိမ္မော်ရောင်မျက်လုံးက တောက်ပသွားလေပြီး ခေါင်းတစ်ချက်ညိတ်သည်။

သို့သော် အစမှအဆုံးအထိ သူ့ထံမှ မည်သည့်စကားမှ ထွက်မလာချေ။

သို့သော် ဆုပိုင်ကလည်း သူ၏ခံစားချက်ကို အကြမ်းဖျင်း နားလည်သည်။ သို့ရာတွင် ထိုအကောင်ကို အလောတကြီး ပြန်ခေါ်သွားလိုလျှင် ပေးရမည့် တန်ကြေးက အလွန်မြင့်လေသည်။

ပို၍ဆိုးသည်မှာ..

လက်ရှိ အံ့အားသင့်မှုအမှတ်က ထိုအကောင်ကို ကယ်ဆယ်ရန်မလုံလောက်ချေ။

“စနစ် နောက်တစ်​ကြိမ်မှာ နှင်းကျားသစ်အပိုင်းအစတာဝန်က ရရှိမယ်မဟုတ်လား၊ နောက်ပြီး အဲဒီအချိန်ကျရင် ဒီကောင်ကို ပြန်ရနိုင်မလား”

ဆုပိုင်က နှင်းကျားသစ်၏ သုန်မှုန်သော အမူအယာကို ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။

“မင်းက သီးသန့်သတ္တဝါတွေကို သတ်မှတ်ထားပြီးသားဆိုရင် အံ့အားသင့်မှုအမှတ်ကို ၂ဆတော့ ပြန်ပေးရမယ်”

“နှင်းကျားသစ်အတွက် အံ့အားသင့်မှုအမှတ်က ပုံမှန်ဆိုရင် နှစ်သိန်းကနေ သုံးသိန်းအကြားကျမယ်၊ ဒီတစ်ကြိမ်ဆိုရင် ခြောက်သိန်းအထိ ဖြစ်သွားမယ်”

“တင်ဆက်သူက ဒီနှင်းကျားသစ်ကို ချည်နှောင်ထားချင်ပါသလား၊ ဒီအရှေ့က နှင်းကျားသစ်ဆိုတာ သေချာပါရဲ့လား”

+++++

165 01

အပိုင်း (165)

ဆုပိုင်က တောင်ပေါ်သို့ တောက်လျှောက်တက်သွားသည်။ နှင်းကျားသစ်က နောက်ဘက်မျ ဖျတ်လတ်စွာ ခုန်လျက်လိုက်လာသည်။ သိပ်မကြာခင် နှင်းကျားသစ်က ဆုပိုင်၏အရှေ့သို့ ရောက်သွားသည်။ သူက ထူထဲသော အမြီးကိုရမ်းလျက် ရှေ့သို့ ဆက်သွားနေသည်။ သို့သော်....။

ဒီလမ်းတောက်လျှောက်တွင် နှင်းကျားသစ်က အလွန်စိတ်ဓာတ်ကျနေကြောင်း မြင်နိုင်သည်။

အချိန်အတန်ကြာ လျှောက်ပြီးနောက် နှင်းတောင်တန်းနေရာသို့ ရောက်သွားသည်။

အချိန်ကျလာသောအခါ သူက အနောက်မှ လူသားနှင့် ခွဲရတော့မည်ဖြစ်သည်။

သို့ရာတွင် နှင်းကျားသစ်သည်လည်း ထိုလူသားက သူ့ကို ခေါ်မသွားနိုင်ကြောင်း နားလည်သည်။ ထို့နောက်....။

ငါဘာလို့ ဒီအနိမ့်ပိုင်းကို ပြေးလာရလဲဆိုတော့ နှင်းတောင်တန်းပေါ်မှာ သတ္တဝါတွေ နည်းသထက် နည်းနေပြီ။ နောက်ပြီး သဘာဝရန်သူတွေ မရှိဘူးဆိုပေမဲ့လည်း...။

အမဲလိုက်ရတာ တအားခက်သထက် ခက်လာတယ်။

တောင်ပေါ်တွေနဲ့ တောအုပ်တွေကပဲ ရှင်သန်ဖို့ အာမခံနိုင်ချေရှိတာ။

“ကောင်းပြီ”

ဆုပိုင်က တစ်ချက်အော်လိုက်ပြီး ကြီးမားသော ကျောက်တုံးကြီးပေါ်တွင် တက်ရပ်လျက် အဝေးရှိ မြူများအုံ့ဆိုင်းနေသော နှင်းတောင်တန်းကိုကြည့်သည်။ သူက ခေါင်းကိုငုံ့လိုက်ပြီး လက်ဆန့်ထုတ်လျက် နှင်းကျားသစ်၏ နဖူးကို ပွတ်သည်။

“သွားတော့”

“မြှောင်”

နှင်းကျားသစ်က ခပ်တိုးတိုး ရေရွတ်ပြီး တွန့်ဆုတ်စွာနှင့် ကျောက်တုံးပေါ်မှ ခုန်ချသည်။ သူက နောက်သို့တစ်ချက် လှည့်ကြည့်လိုက်ပြီး တိတ်တဆိတ်လေး ထွက်သွားရန်ကြံစည်သည်။

“ငါနောက်တစ်ကြိမ် မင်းကို လာပြန်ခေါ်မယ်”

ရုတ်တရက် အနောက်ဘက်မှ လူသားက လှမ်းအော်သည်။

နှင်းကျားသစ်က ကြောင်အသွားပြီး လှည့်ကြည့်သည်။

“ဟားဟား”

ဆုပိုင်က လက်ရမ်းပြရင်း ရယ်လိုက်သည်။

“ငါပြန်လာတဲ့အခါ ငါမင်းကို သေချာပေါက်ပြန်ခေါ်သွားမယ်၊ မင်းဒီအတောတွင်း ကောင်းကောင်းရှင်သန်နေပါ”

“​မြှောင်”

“ကောင်းပြီ”

နှင်းကျားသစ်က ခပ်ကြမ်းကြမ်း ခေါင်းညိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က အများကြီး ပေါ့ပါးသွားပုံပေါ်သည်။ သူက လည်ကိုဆန့်လျက်အော်သည်။ ထို့နောက်။

ငါသေချာပေါက် ကောင်းကောင်းမွန်မွန် ရှင်သန်နေ​ပြီး မင်းပြန်ခေါ်လာမဲ့အချိန်ကို စောင့်နေမယ်။ ဘယ်လောက်ခက်ခဲနေပါစေ ငါသေချာပေါက် အသက်ရှင်နေစေရမယ်။

သူတို့ အတူရှိသည်မှာ ၂ရက်ပင်မရှိသော်လည်း ဆုပိုင်၏ ထိုပန်ဒါကြီးပေါ်ထားသော နှလုံးသား၊ ခံစားချက်များကမူ ဟန်ဆောင်ထားခြင်း မဟုတ်ချေ။ ထိုလူသားကလည်း သူ့ကို ဘယ်တော့မှ ထိခိုက်အောင် လုပ်လိမ့်မည်မဟုတ်ချေ။

ထိုအကြောင်းပြချက်ကြောင့် နှင်းကျားသစ်ကလည်း ဆုပိုင်နောက်သို့ လိုက်လိုသည်။ ယနေ့ခေတ်တွင် နှင်းတောင်တန်းအတွင်း လူများက ပေါ်သထက်ပေါ်လာသည်။ သူတို့ကို သတ်​ဖြတ်ရန် ထိုမျှမထိ မလွယ်ကူသော်လည်း သူတို့အတွက် အန္တရာယ်များသည်။

ထို့အပြင် သူတို့တစ်ဖွဲ့လုံးအတွက် စားစရာကလည်း လျော့ကျသထက် လျော့ကျလာသည်။ နှင်းကျားသစ်များကိုသာ လာရောက် အမဲလိုက်ကြလျှင်လည်း သူတို့က ဆုံးရှုံးမှုနှုန်း မြင့်လေသည်။

သားကောင်နောက်ကို ရူးသွပ်စွာလိုက်ဖမ်းရင်း ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားသည့် ဖြစ်ရပ်များကလည်း ရှိတတ်သည်။ ကောင်းကောင်းမွန်မွန်သာ ရှင်သန်နေထိုင်နိုင်မည်ဆိုလျှင် အလွန်ပျော်စရာကောင်းပေလိမ့်မည်။

“ငါပြန်လာတဲ့အထိ မင်းအသက်ရှင်နေရမယ်”

ဆုပိုင်က ချောက်ကမ်းပါးအစွန်းနားသို့ လျှောက်သွားသော နှင်းကျားသစ်ကို ကြည့်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်သည်။

165 02

[ဟူး ငါဒီ​မြင်ကွင်းကို တကယ်သည်းမခံနိုင်ဘူး၊ ဒါက အစစ်အမှန်မဟုတ်မှန်း သိပေမဲ့လည်း ဒါပေမဲ့]

[ငါ တိုက်ရိုက်ထုတ်လွှင့်မှု စကြည့်ပြီးတဲ့အချိန်ကတည်းက ဒီနှစ်နှစ်တာအတောအတွင်းမှာ စုထားတဲ့ မျက်ရည်အားလုံးကို ဆက်တိုက်ကျ​ပေး​နေရသလိုပဲ]

[ရှင်းပြဖို့တော့ ခက်တယ်၊ ဒါပေမဲ့ မသက်မသာလည်း ဖြစ်နေသလိုပဲ]

[ဒီကောင်က ကောင်းမွန်တဲ့ဘဝမှာ ရှင်သန်နေထိုင်ရမယ်ဆိုရင် ဒီလိုမျိုး ဖြစ်မှာမဟုတ်ဘူး၊ အနည်းဆုံးတော့ ဒီနေရာက ရှင်သန်နေထိုင်ရတဲ့ဝန်းကျင်က တအားဆိုးရွှားနေလို့ဖြစ်လိမ့်မယ်]

[ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှာ ဒီလိုသတ္တဝါမျိူး ပေါ်လာပါစေလို့ ဆုတောင်းပါတယ်၊ ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှာ အာတိတ်climate zone ပေါ်လာတယ်မဟုတ်လား၊ နှင်းကျားသစ်အတွက် သင့်တော်တယ်မဟုတ်လား]

[ငါလည်း သိပ်မကြာခင် ဒါရိုက်တာဆုပိုင်ရဲ အနောက်က အသင်းက တိရိစ္ဆာန်တွေအားလုံးကို ကယ်ဆယ်နိုင်ပါစေလို့ မျှော်လင့်တယ်၊ မဟာဖျက်ဆီးမှုကြီးမတိုင်မီက ရှိနေတဲ့ တိရိစ္ဆာန်တွေအားလုံး အဲဒီမှာ အတူရှိနေကြရင် ဘယ်လောက်ကောင်းလိုက်မလဲ]

........။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ မိတ်ဆွေများကလည်း နှင်းကျားသစ်၏ အထီးကျန်ဆန်သော ခန္ဓာကိုယ်ကိုကြည့်ပြီး တိတ်ဆိတ်နေကြသည်။

ဒီထက် ဒါက တိုက်ရိုက်ထုတ်လွှင့်မှုမျှသာ ဖြစ်နေကြောင်း သိသည့်တိုင်အောင်၊ ဒါက အတုအ​ယောင်ဖြစ်ကြောင်း သိနေသည့်တိုင်အောင်။

သို့သော်.....။

လူတိုင်း၏ နှလုံးသားကလည်း အပ်များနှင့် ထိုးဆိတ်နေသလို ခံစားနေရသည်။

ဒါရိုက်တာဆုပိုင်ပြောတာ မှန်ပါစေလို့ မျှော်လင့်ရတာပဲ။ တိရိစ္ဆာန်တွေက လူသားတွေလို မလိမ်တတ်ဘူးလေ။

ဒါကြောင့် ပြောသမျှကို တာဝန်ယူရမယ်။

“ဟူး”

ဆုပိုင်ကလည်း ပျောက်ကွယ်သွားသော နှင်းကျားသစ်ကိုကြည့်သည်။ သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်ပြီး နောက်သို့ လှည့်ကာ ဝါးတောရှိရာဘက်သို့ ပြန်လျှောက်သွားလိုက်သည်။

ကတိတည်ရမယ်။

ငါနောက်တစ်ခေါက်ကျရင် မင်းကိုသေချာပေါက်ခေါ်မှာပါ။

စနစ်က နှင်းကျားသစ်အပိုင်းအစကို refreshလုပ်ပေးတဲ့အထိတော့ စောင့်ရမယ်။

လူသားများကသာ နှင်းကျားသစ်ကို ရှာတွေ့သွားလျှင် သူ၏အရေခွံကိုဆုတ်ပြီး အထက်တန်းအလွှာများအတွက် လည်သာပစ္စည်းများကို ထုတ်လုပ်ပေလိမ့်မည်။

ကုတ်ပင်ဖြစ်စေ မာဖလာပင်ဖြစ်စေ လုပ်၍ရသလို ကားထိုင်ခုံလည်း လုပ်၍ရသည်။ ဒါက အဆင့်အတန်းကို ကိုယ်စားပြုသည်။

ဒါကြောင့်ပဲ...။

နှင်းကျားသစ်များက နှင်းတောင်တန်းတွင် တစ္ဆေများဟု နာမည်ကျော်ကြားသော်လည်း အကျိုးအမြတ်အတွက်ကြောင့်နှင့် ကျူးကျော်သူပေါင်းများစွာက အဆိပ်များကို သုံးကာ ပစ်ခတ်ခြင်း ထောင်ချောက်ဆင်ခြင်းတို့ လုပ်ကြသည်။

ဆုပိုင်၏ မျက်လုံးများက မှေးကျဥ်းသွားပြီး စိုးရိမ်မှုများအားလုံးကို ဘေးဖယ်ခါလိုက်သည်။

အရင်ဆုံး ဒီတာဝန်တစ်ခု ပြီးမြောက်အောင်လုပ်ပြီး နောက်ထပ်တာဝန်တစ်ခုကို အမြန်ဆုံးလုပ်ရမယ်။

တိရိစ္ဆာန်မျိုးစိတ်များကို အတတ်နိုင်ဆုံး အမြန်ဆုံး ကယ်ဆယ်ရပေမည်။

သူကလည်း ဒါဟာ တာဝန်နေရာဖြစ်ကြောင်း သိနေသော်လည်း တိရိစ္ဆာန်တိုင်းက အသက်ရှိနေကြသည်။ ထိုတိရိစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်သွားသည်အထိ သေဆုံးနေခြင်းကို စောင့်ကြည့်နေရသောအခါ ဆုပိုင်ကလည်း အလွန်အမင်း မသက်မသာဖြစ်ရသည်။

ထိုသို့ဖြင့် သူက ဝါးတော၏ အပြင်ဘက်သို့ ရောက်သွားသည်။ ဆုပိုင် ရွက်ဖျင်တဲ စထိုးသည်။

တပိုင်က မနက်ဖြန်အထိ ထွက်လာဦးမည်မဟုတ်ချေ။ ကြည့်ရသည်မှာ သူဒီညတစ်ယောက်တည်း နေရလောက်သည်။ သို့ရာတွင်..။

165 03

အကောင်ပေါက်လေးမွေးလာသည်နှင့် စနစ်က တိရိစ္ဆာန်ရုံထဲသို့ ရွှေ့ပေးပေလိမ့်မည်။

ထိုအခါ ပြဿနာအသစ်များ ပေါ်လာဦးပေမည်။

သူက ဒီတစ်ကြိမ် ပြန်သွားပြီးလျှင် ကောင်းကင်ပြာတိရိစ္ဆာန်ရုံအတွင်း ပန်ဒါကြီးသားဖောက်အခြေစိုက်စခန်းကို တည်ဆောက်ရန်အတွက် တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနနှင့် ဆွေးနွေးညှိနှိုင်းရပေမည်။

ယခင်လောကတွင် တရုတ်ပြည်က သိပ္ပံနည်းပညာများကို ကျွမ်းကျင်စွာအသုံးပြုပြီး ပန်ဒါကြီးပေါင်းများစွာ ရှင်သန်နေထိုင်နိုင်မည့် ပန်ဒါကြီးများကို သားဖောက်သည့် နည်းလမ်းကို ရရှိခဲ့သည်။ သို့ရာတွင် ထိုနည်းလမ်းများကိုမူ ဆုပိုင်က မသိချေ။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှူထုတ်လိုက်ရင်း ရွက်ဖျင်တဲအတွင်း ဝင်လှဲလိုက်သည်။

“အား တိရိစ္ဆာန်ရုံက ဘယ်တော့မှ တိရိစ္ဆာန်ရှုခင်းကြည့်နေရာ ဖြစ်လာမလဲမသိဘူး၊ နောက်ပြီး တိရိစ္ဆာန်ရုံထဲမှာ သူတို့ကို မပိတ်လှောင်ထားချင်ဘူး၊ ကျယ်ပြောတဲ့ နေရာတစ်ခုမှာ လွှတ်ထားပေးချင်တယ်”

သူက သက်ပြင်းချပြီး မျက်လုံးကို မှိတ်လိုက်သည်။

“အူး”

“ဟေး”

တပိုင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ရှေ့ဘက်မှ ဝါးများကို စားနေသည်။

သူက လတ်ဆတ်သော ဝါးတစ်ချောင်းကို ပန်ဒါမ၏ရှေ့သို့ ချပေးလိုက်သည်။ တပိုင်က တဖြည်းဖြည်းချင်း ထိုဝါးကို ကိုက်ကာ စစားသည်။

တအားလှတာပဲ။

မမျှော်လင့်ထားဘဲ ဒီလိုအတူစားရတာလည်း ပျော်စရာကောင်းတာပဲ။

ဆုပိုင်ကသာ ထိုအကောင်က ပန်ဒါမလေးကို ဝါးအတူစားရန်သာ ​​ခေါ်ထားကြောင်း သိလျှင် သူ၏နှလုံးသားက ခံစားရခက်သွားလောက်သည်။

“အူး”

“ဗိုက်ပြည့်ပြီလား”

ပန်ဒါမလေးက ခေါင်းကိုငုံ့လိုက်ပြီး သူမ၏ရှေ့မှ ဝါးများကို ကြည့်သည်။ ထို့နောက် တပိုင်ကို မှင်တက်စွာ ကြည့်သည်။

ဒီကောင်ရဲ့ ဦးနှောက်က တစ်ခုခု မှားနေတာမဟုတ်လား။

ဒီလောက် ပြဿနာတွေအများကြီး ​ကြုံရပြီးတဲ့နောက်မှာ ဝါးပဲစားချင်တာလား။

ဘုရားရေ။

သားဖောက်တဲ့ကာလက နှစ်ရက်နေရင် ပြီးတော့မှာ။

ဒီကောင်က အလျင်မလိုဘူးလား။

“အွတ်”

တပိုင်က ကျွတ်ထိုးသည်။ ထို့နောက် ပန်ဒါမ၏ အရှေ့သို့ တိုက်ရိုက်ငုံ့ကိုင်းလိုက်ပြီး ခပ်တိုးတိုးပြောသည်။

“ငါဗိုက်ပြည့်သွားတော့ အိပ်ချင်ပြီ”

“ငါအနားယူရမယ်”

“ဟစ်”

ပန်ဒါမလေးက အသက်ပြင်းပြင်းရှူလိုက်သည်။ သူမက ချက်ချင်းဆိုသလို မြေပြင်မှ ထရပ်လိုက်သည်။

သူမက တပိုင်၏အနားသို့သွားပြီး တစ်ဖက်သို့လှည့်လိုက်ကာ မြေပြင်တွင် ထိုင်ချသည်။ သို့သော် သူမ၏ဖင်ကမူ တပိုင်၏ ခေါင်းပေါ်တွင်ဖြစ်သည်။

ထို့နောက် ခပ်ကြမ်းကြမ်းပွတ်လိုက်သည်။

အူး။

“လာစမ်းပါ”

“ဝေါင်း”

“ဘာလုပ်တာလဲ”

“နင်ဘာလုပ်တယ်လို့ နင်ပြောချင်တာလဲ”

တပိုင်..

“....”

သူက မြေပြင်မှ ထရပ်လိုက်ပြီး ခေါင်းကိုကိုင်လျက် ချက်ချင်းလိုလို ပန်ဒါမကို စိုက်ကြည့်လိုက်သည်။

All Chapters