သူမဟုတ်ဘူး
Vol. 10 Ch. 917
ခုံရွှမ်းက တစ်ချက်ပြုံးလိုက်ရင်း အင်္ကျီလက်ထဲသို့ တစ်ချက်ပြလိုက်လေသည်။
"အထဲကို ကြည့်လိုက်…"
ယွင်ရှောင်းက ခုံရွှမ်း၏ အင်္ကျီလက်တွင်းသို့ တစ်ချက်ကြည့်လိုက်သည့်အခါ အင်္ကျီလက်ထဲတွင် သေးငယ်သည့်သားရဲလေးတစ်ကောင်အလား တိတ်ဆိတ်ငြိမ်သက်နေသည့် ပိုင်ကျဲ့ကို တွေ့လိုက်ရလေသည်။
ပိုင်ကျဲ့ကို ထိုသို့ဖြစ်သွားအောင် မည်သည့်အချိန်က ခုံရွှမ်းပြုလုပ်လိုက်သည်ကို ယွင်ရှောင်းပင် မသိလိုက်ပေ။
ခုံရွှမ်းက…
"မင်း မသိချင်ပါနဲ့ ၊ ဒါက ဘာမှမပြောပလောက်တဲ့ မှော်စွမ်းအားလေးတစ်ခုပါ ၊ နောက်ပိုင်း အချိန်ကျတဲ့အခါ ကျုပ်နားလည်ထားတာတွေအကုန် မင်းကိုပြောပြပါ့မယ်…"
ယွင်ရှောင်းနတ်သမီးက…
"အချိန်ရဲ့စွမ်းအားက ခန့်မှန်းလို့ မရနိုင်ဘူး ၊ အတ္တဆိုတာ စကြာဝဠာမှာ ပယ်သတ်ဖို့အခက်ဆုံး အရာတစ်ခုပဲ ၊ ပယ်သတ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိတယ် ၊ မင်းအခု အတ္တကိုပယ်သတ်တဲ့လမ်းစဉ်ကို သိမြင်ပြီလား…"
ခုံရွှမ်းက ခေါင်းညိတ်လိုက်ရင်း…
"ဗလာနယ်ဟာ ကတ္ထူစက္ကူစတစ်ခုဆိုရင် အလင်းက စက္ကူစတစ်ခုကနေ နောက်တစ်ခုကို ဖြတ်သန်းသွားလာနိုင်တယ် ၊ အတိတ် ၊ အနာဂတ် ၊ လက်ရှိကာလ အရာအားလုံးဟာ တကယ်တော့ မတူညီတဲ့ ဗလာနယ်တွေမှာဖြစ်လိုက် ၊ ပျက်လိုက်နဲ့ ပြောင်းလဲနေတယ် ၊ အဲဒီပြောင်းလဲမှုတွေကလည်း အချိတ်အဆက်ရှိတယ် ၊ ဒါပေမဲ့ အဲဒီပြောင်းလဲမှုတွေကြားမှာ 'ငါ' ဆိုတဲ့အတ္တက မလိုတော့ဘူး ၊ ဒါကြောင့်လည်း မင်း ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်နိုင်တဲ့အခါ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်တွေကို အတားအဆီးမရှိ ကြည့်မြင်နိုင်သွားတာပေါ့ ၊ ဘာလို့လဲဆိုတော့ အတ္တကိုပယ်သတ်လိုက်နိုင်ရင် အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်တွေဟာ တစ်သားတည်းဖြစ်သွားလို့ပဲ ၊ ဒါကြောင့် အချိန်ရေစီးကြောင်းတစ်လျှောက် လွတ်လပ်စွာ သွားလာနိုင်တာပဲ ၊ ကျုပ်မှန်းကြည့်ရရင် ဆန်းလျန် ၊ ရွှမ်တုတောက်ကျွင်းနဲ့ တိကျန်ဗောဓိသကျတို့ဟာ အဲဒီလိုတန်ခိုးစွမ်းအားတွေကို ပိုင်ဆိုင်ထားကြပြီ ၊ အခု ကျုပ်လည်းအဲဒီအဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ၊ ခြေတစ်လှမ်းဆိုပေမယ့် တော်တော်တော့ ဝေးသေးတယ် ၊ အသင်္ချေရှိတဲ့ တောတောင်ရေမြေတွေကို ဖြတ်ကျော်ရမယ့် ခြေတစ်လှမ်းမျိုးပေါ့ဗျာ…"
ခုံရွှမ်း ရှင်းပြသည့်စကားများကိုကြားလိုက်ရသည့်အခါ ယွင်ရှောင်းနတ်သမီး မျက်စိပွင့်နားပွင့် ဖြစ်သွားလေသည်။
သို့သော်… ခုံရွှမ်း၏ နောက်ဆုံးစကားလုံးများကြောင့် သူမ ဝမ်းနည်းခြင်းနှင့်အထီးကျန်ခြင်းကို ခံစားလိုက်ရလေသည်။
တာ့လော်အဆင့်ကျင့်ကြံသူတစ်ယောက်သည်ပင်လျှင် ဒဏ္ဍာရီဆန်သည့်နတ်ဘုရားတစ်ပါးအဖြစ် တန်ခိုးစွမ်းအား မြင့်မားလွန်းလှလေရာ ဟွင့်ယွမ်ဝူကျီအဆင့်ဆိုလျှင်တော့ ပြောဖွယ်ရာ မရှိတော့ပေ။
ခြေတစ်လှမ်းသည်ပင် အသင်္ချေသော တောတောင်ရေမြေများကိုဖြတ်သန်းရမည်ကဲ့သို့ အလှမ်းဝေးလွန်းလှသည်ဆိုလျှင် ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်နိုင်ရန် တစ်ဘဝလုံးစာများ အချိန်ကြာမြင့်လေမည်လား။
ထိုသို့ အဆင့်တက်ရောက်ရန် ကြာမြင့်ရသည်မှာ ကျင့်ကြံသူများ အရည်အချင်းမပြည့်မီသောကြောင့် မဟုတ်ပေ။ ဟွင့်ယွမ်ဝူကျီအဆင့်ဆိုသည်က စိတ်ကူးပင်မယဉ်နိုင်လောက်သည့် ၊ မယုံကြည်နိုင်စရာကောင်းလွန်းလှသည့် ၊ အိပ်မက်ဆန်လှသည့် ကျင့်စဉ်လမ်းအဆင့်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်လေသည်။
စကားပြောနေကြရင်းဖြင့်ပင် သူတို့ ဇာမဏီနတ်ဘုရားနန်းတော်သို့ ရောက်ရှိလာကြလေသည်။
ခုံရွှမ်းက သက်ပြင်းတစ်ချက် တိုးတိတ်စွာချလိုက်ရင်း…
"ယွင်ရှောင်းနတ်သမီး ၊ အချိန်အားမယ်ဆိုရင် ဇာမဏီနတ်ဘုရားနန်းတော်မှာ ခဏလောက်နေဖို့ ကျုပ်က ဖိတ်ခေါ်ချင်ပါတယ်"
ယွင်ရှောင်းနတ်သမီးက…
"မနေတော့ဘူး ၊ ငါ အချုပ်နှောင်ခံနေရတုန်း လောကကြီး ဘာတွေပြောင်းလဲသွားလဲဆိုတာ လျှောက်ကြည့်ချင်သေးတယ်…"
ခုံရွှမ်းက ခေါင်းညိတ်ပြလိုက်လေသည်။
သူက ယွင်ရှောင်းနတ်သမီး ထွက်ခွာသွားသည်ကိုကြည့်ပြီးတော့မှ ဇာမဏီနတ်ဘုရားနန်းတော်တံခါးရှိရာသို့ ဝင်ရောက်လာခဲ့လေသည်။
နန်းတော်တံခါးစောင့်က အရင်အချိန် သူရှိစဉ်က တံခါးစောင့် မဟုတ်တော့ပေ။
ထို့ကြောင့် ခုံရွှမ်းကို သိရှိခြင်းမရှိဘဲ အော်ဟစ်လိုက်လေသည်။
"မင်းဘယ်သူလဲ ၊ ဇာမဏီနတ်ဘုရားနန်းတော်ထဲကို ဘယ်လိုဝင်လာတာလဲ…"
ဇာမဏီနတ်ဘုရားနန်းတော်က မီးတောင်ကြီးတစ်ခုထက်တွင်တည်ရှိသည်ဖြစ်လေရာ အလွန်ပူပြင်းလှလေသည်။
ခုံရွှမ်းမှာ အပူဒဏ်ကြောင့် အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ သူ ခါးသက်စွာ ပြုံးလိုက်မိသည်။ ခွန်လွန်တောင်အောက် အေးစက်သည့်နေရာတွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့ရသည့်အတွက် ပူနွေးသည့်အငွေ့အသက်ကို မတွေ့ကြုံရသည်မှာ ကြာခဲ့ပြီဖြစ်သည်။
သူက တံခါးစောင့်၏အမေးကို ပြန်မဖြေရသေးခင်မှာပင် နန်းတော်တံခါး ပွင့်သွားပြီး ကွေလိထွက်လာလေသည်။ ကွေလိ၏နောက်တွင် နန်းတော်အမှုထမ်းအုပ်စုတစ်စု လိုက်ပါလာလေသည်။
"ရူပနတ်ဘုရားမင်းကြီး ပြန်ရောက်လာတာ ဂုဏ်ပြုပါတယ်…"
ကွေလိမှလွဲပြီး အခြားသူများက စိတ်လှုပ်ရှားစွာဖြင့် ခုံရွှမ်းကို ဂါရဝပြုလိုက်ကြလေသည်။
ခုံရွှမ်းက အခြားသူများကို အရေးမလုပ်ဘဲ ကွေလိရှေ့သို့ လှမ်းသွားလိုက်လေသည်။
"နန်းတော်ထဲဝင်ပြီး စကားပြောကြရအောင်…"
ကွေလိ ခေါင်းညိတ်ပြလိုက်သည်။
သူတို့ ဇာမဏီနတ်ဘုရားနန်းတော်အတွင်းပိုင်းနေရာဖြစ်သည့် မီးတောင်ဗဟိုမဏ္ဍိုင်သို့ ခဏအတွင်းပင် ရောက်ရှိလာကြလေသည်။
ထိုနေရာသည် ဆန်းရော့ရှီကို အကျဉ်းချထားရာနေရာဖြစ်သလို ဇာမဏီနတ်ဘုရားနန်းတော်၏ အရေးကြီးဆုံးနေရာတစ်ခုလည်း ဖြစ်လေသည်။
ဆန်းရော့ရှီမှာ မီးအိုင်များထဲတွင် ပိတ်မိနေလေသည်။ သူမ၏ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားများကို အသုံးပြုပြီး အာရုံငါးပါးကိုပိတ်ဆို့ကာ မီးအပူဒဏ်ကို ခုခံတွန်းလှန်နေရလေသည်။
ခုံရွှမ်းက ကွေလိ၏မျက်နှာကိုကြည့်လိုက်ပြီး…
"မင်း ကျင့်စဉ်လမ်းအဆင့်တက်တာ အရမ်းနှေးလွန်းတယ် ၊ ကြည့်ရတာ ကောင်းကောင်း မကျင့်ကြံဘူးထင်တယ်…"
ကွေလိက နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ရင်း …
"လောကမှာ အပြောင်းအလဲတွေဖြစ်သွားပြီး ဦးလေးလွတ်လာတာလဲ ကွေလိသိပါတယ် ၊ အခု ဇာမဏီနန်းတော်အရှင်သခင်နေရာကို ဦးလေးကို ပြန်ပေးပါ့မယ်…"
ခုံရွှမ်းက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရင်း…
"မလုပ်နဲ့ ၊ ကျုပ်က နန်းတော်သခင် မဖြစ်ချင်တော့ဘူး ၊ ပြီးတော့ ကျုပ် အခု တန်ခိုးစွမ်းအားတွေ ဘယ်လောက်လျော့နည်းနေလဲဆိုတာ မင်းတွေ့တဲ့အတိုင်းပဲလေ…"
ကွေလိက…
"ဦးလေးကို ဒီလိုဖြစ်အောင် ဆန်းလျန်လုပ်လိုက်တာလား…"
ခုံရွှမ်းက ခေါင်းညိတ်လိုက်ရင်း…
"တကယ်တော့ သူက မင်းမျက်နှာထောက်ပြီး ကျုပ်ကို အသက်ရှင်ခွင့်ပေးလိုက်တာ…"
ကွေလိက…
"ဆန်းလျန်သာ တကယ်တမ်းလူသတ်ချင်ရင် ဘယ်သူ့မျက်နှာမှ ထောက်နေမှာ မဟုတ်ဘူး ၊ နောက်ပိုင်း ဦးလေး ဆန်းလျန်ကို စိန်ခေါ်ဖို့ အစီအစဉ်ရှိနေသေးလား…"
ခုံရွှမ်းက ရယ်မောလိုက်ရင်း…
"ဘာလဲ… ၊ မင်းက သူ ကျုပ်ကိုသတ်ပစ်မှာ စိုးရိမ်တာလား ၊ သူ ကျုပ်ကြောင့်ဒုက္ခရောက်မှာကို စိတ်ပူတာလား…"
ကွေလိက…
"နှစ်ခုလုံး မဖြစ်စေချင်ဘူး…"
ကွေလိ၏ အဖြေစကားကြောင့် ခုံရွှမ်း အလွန်အံ့အားသင့်သွားပြီး သက်ပြင်းတစ်ချက်ချလိုက်လေသည်။
ပြီးမှ ကွေလိ၏ခေါင်းလေးကို ခပ်ဖွဖွတစ်ချက်ပုတ်လိုက်ရင်း…
"မင်း ငါ့ကို ဦးလေးလို့ အသိအမှတ်ပြုသေးတာပေါ့…"
ကွေလိက သူ့ခေါင်းကိုလာပုတ်သော ခုံရွှမ်း၏လက်ကို ရှောင်တိမ်းရန် ကြိုးစားလိုက်ရင်း…
"ဦးလေးကိုကယ်ဖို့ ကျွန်မအမေက အသေခံလိုက်ရတာ ၊ အဲဒါ ဦးလေးရဲ့အမှားတော့ မဟုတ်ပေမယ့် ကွေလိကတော့ ဦးလေးကိုမုန်းတီးမိတာ ဖြစ်သင့်ပါတယ်…"
ခုံရွှမ်းက…
"ကျုပ်ကိုကယ်တင်ဖို့အတွက် မင်းရဲ့အမေက မျှော်စင်အောက်မှာ နှစ်ပေါင်းထောင်ချီပြီး လောင်ကျွမ်းခံခဲ့ရတယ် ၊ ဒါကြောင့် မင်း ကျုပ်ကို ဘယ်လောက်ပဲ မုန်းမုန်း ကျုပ်ကတော့ မင်းကို အတတ်နိုင်ဆုံး ပေးဆပ်မှာပါ ၊ အနည်းနဲ့အများတော့ ကျုပ်မှာ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကြီး သက်သာတာပေါ့လေ ၊ ပြီးတော့ မင်းနဲ့ ကျုပ်က ဆွေမျိုးအရင်းတွေပါကွာ ၊ မင်းအမေကြောင့် မဟုတ်ရင်တောင် ကျုပ်ကမင်းကို ကောင်းကောင်းဆက်ဆံမှာပါ…"
ကွေလိက…
"ကွေလိ ကလေးမဟုတ်တော့ပါဘူး ၊ ဦးလေးပြောတာတွေအကုန် နားလည်ပါတယ် ၊ အခု ဒဏ်ရာကိုသာ သက်သာအောင်နေပါ…"
ကွေလိက ပြောပြီးသွားသည်နှင့် ထွက်ခွာသွားလေသည်။
"ရှင်တို့ (၂)ယောက်ကြားက ခံစားချက်ကို ကျွန်မ နားလည်ပါတယ်…"
ဆန်းရော့ရှီက မီးအိုင်များအတွင်းမှ မျက်လုံးများဖွင့်ကြည့်လိုက်ရင်း စကားပြောလိုက်လေသည်။
မီးအိုင်များက မည်မျှပူပြင်းသည်ကို ခုံရွှမ်းအသိဆုံး ဖြစ်လေသည်။ သို့သော်… ဆန်းရော့ရှီက စိတ်အာရုံတစ်ချက် ပျံ့လွင့်ခြင်းမရှိဘဲ ထိန်းချုပ်ထားနိုင်လေသည်။
ခုံရွှမ်းက ဆန်းရော့ရှီကို အထင်ကြီးသည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး…
"ဆန်းလျန်က မင်းရဲ့ဦးလေး မဟုတ်လား…"
"ဟုတ်ပါတယ်…"
ဆန်းရော့ရှီက တိုးတိတ်သည့်လေသံဖြင့် ပြောလိုက်သည်။
ခုံရွှမ်းက…
"မင်း ဆန်းလျန်အပေါ်ထားတဲ့ သံယောဇဉ်က ကွေလိ ကျုပ်အပေါ်ထားတဲ့ သံယောဇဉ်ထက် နက်ရှိုင်းတဲ့ပုံပါပဲ…"
ဆန်းရော့ရှီက တည်ကြည်သည့်မျက်နှာထားဖြင့်…
"တူတော့မတူဘူးပေါ့…"
ခုံရွှမ်းက ရယ်မောလိုက်ရင်း….
"ဟုတ်တာပေါ့ ၊ ဒါနဲ့ မင်း ဒီနေရာမှာ နေသားကျနေပြီလား…"
ဆန်းရော့ရှီက ခေါင်းခါယမ်းလိုက်ရင်း…
"ကျွန်မက အသားမကျဘူးပြောရင် ရှင်က ကျွန်မကို လွှတ်ပေးမှာ မို့လို့လား…"
ခုံရွှမ်းက…
"မလွှတ်ပေးပါဘူး ၊ ဆန်းလျန် မင်းကိုလာကယ်တဲ့အထိ ကျုပ် စောင့်ရမယ်…"
ဆန်းရော့ရှီက ခုံရွှမ်းကို စူးရှသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်လေသည်။
"ရှင်က ဘာဖြစ်ချင်တာလဲ…"
ခုံရွှမ်းက…
"ဆန်းလျန် ရောက်မလာသရွေ့ ပြောမပြနိုင်ဘူး…"
ဆန်းရော့ရှီက…
"ဒါဖြင့် ကျွန်မကို ဦးလေး ဘယ်တော့မှ လာမကယ်ပါစေနဲ့လို့ပဲ ဆုတောင်းတော့မယ်…"
ခုံရွှမ်းက…
"ဘာဖြစ်လို့လဲ…"
ဆန်းရော့ရှီက…
"ကျွန်မဦးလေးအတွက်ဆိုရင် ကျွန်မ ဘာမဆိုပေးဆပ်နိုင်တယ် ၊ ဒါပေမဲ့ ကျွန်မကြောင့် ဦးလေးဒုက္ခရောက်ရမှာမျိုးတော့ အဖြစ်မခံနိုင်ဘူး ၊ ဒါပေမဲ့ ဦးလေးက ကျွန်မကို လာကယ်မှာပါပဲ…"
ဆန်းရော့ရှီ၏ စကားကြောင့် ခုံရွှမ်း အတန်ကြာတိတ်ဆိတ်သွားလေသည်။
ဆန်းရော့ရှီကဲ့သို့ တူမလေးတစ်ယောက် ပိုင်ဆိုင်ထားသည့်အတွက် ဆန်းလျန်ကို သူ အနည်းငယ်ပင် မနာလိုဖြစ်မိလေသည်။
"အချိန်နည်းနည်းကြာရင် ကျုပ် မင်းကို ပြန်လွှတ်ပေးပါ့မယ်…"
ဆန်းရော့ရှီက မည်သည့်စကားမှ မပြောတော့ဘဲ သူမ၏မျက်လုံးများကို အသာပြန်မှိတ်လိုက်လေသည်။
သူမ၏ ဘေးပတ်ပတ်လည်တွင် မီးတောက်မီးညွန့်များက အလျှံညီးညီးတောက်လောင်နေပြီး သူမ၏ပုံစံက စိတ်ကူးယဉ်ဆန်လွန်းလှလေသည်။
ခုံရွှမ်းသည်လည်း အခန်းထောင့်တစ်နေရာတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး နိဗ္ဗာနမီးတောက်မှ အပူစွမ်းအားများကို စုပ်ယူကာ ကျင့်ကြံခြင်း ပြုလုပ်နေလိုက်လေတော့သည်။
***
ဆန်းလျန်နှင့် မိုးကောင်းကင်တံခါးတည်ရှိရာနေရာတွင်တော့…
အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသူအပါအဝင် နတ်ဘုရားများအားလုံး ထွက်ခွာသွားကြပြီ ဖြစ်လေသည်။
ဆန်းလျန်က မိုးကောင်းကင်တံခါးဟုခေါ်ကြသည့် ခေါင်းလောင်းကြီးကို သေးငယ်သည့်အရွယ်အစားဖြစ်သွားအောင် ပြုလုပ်လိုက်ပြီး ခါးတွင် ချိတ်ဆွဲထားလိုက်သည်။
ထိုခေါင်းလောင်းလေးကို မိုးကောင်းကင်တံခါးဟု မည်သူမှ တွေးထင်မည် မဟုတ်တော့ပေ။
ထို့ပြင်… မိုးကောင်းကင်တံခါးမှ တာအိုဆရာသခင်ထိုက်ယီ၏အမှတ်အသားကို ဆန်းလျန် တွေ့ရှိသွားခဲ့ပြီ ဖြစ်လေသည်။
တာအိုဆရာသခင်ထိုက်ယီ၏ အမှတ်အသားသင်္ကေတသည် မည်သည့်တန်ခိုးစွမ်းအားမှ ထွက်ပေါ်နေခြင်း မရှိပေ။ သို့သော်.. အရာအားလုံးထက် ကြောက်မက်ဖွယ်ရာအတိဖြစ်လေသည်။
ထိုသင်္ကေတက ဆန်းလျန်၏ စိတ်ဝိညာဉ်ကို ချုပ်ကိုင်ထားသည့်အတွက် သူ့အနေဖြင့် တစ်ချက်လေးပင် စိတ်မပျံ့လွင့်ရဲပါချေ။
***