ရှန်းထျန်းဝူထိုက်
Vol. 10 Ch. 921
ယွမ်ကျွင်းဧကရီက စကားပြောပြီးသွားသည်နှင့် ဆန်းလျန်ကို ကြည်လင်စွာဖြင့် ကြည့်လိုက်သည်။
ဆန်းလျန်က…
"ကျုပ်တို့ ပြန်ဆုံကြပြန်ပြီနော် ၊ အရင်ဘဝနဲ့ အခုဘ၀ အနေအထားတွေကတော့ မတူနိုင်တော့ပါဘူး…"
ယွမ်ကျွင်းဧကရီက မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။
အတိတ်သည်အတိတ်တွင်ကျန်ခဲ့ပြီဖြစ်ပြီး ဆန်းလျန်သည် ယခုအချိန်တွင် သူမထက် အဆပေါင်းများစွာ တန်ခိုးစွမ်းအား မြင့်မားနေပြီ ဖြစ်သည်။
သူမက ဘယ်ဘက်လက်ဖဝါးကို အသာအယာဖြန့်လိုက်လေသည်။
ထိုအခါ သူမ၏ လက်ဖဝါးထက်တွင် ပုတီးစေ့အရွယ်အစားရှိသည့် သွေးကျောက်စိမ်းတစ်ခု ပေါ်လာလေ၏။ ကျောက်စိမ်းက အနည်းငယ်အပြာရောင်ဘက်သမ်းနေပြီး အတွင်းမှ သွေးရောင်က ထင်ရှားလျှက်ရှိသည်။
သူမက လက်တစ်ချက်ဝှေ့ရမ်းလိုက်လေရာ သွေးကြောက်စိမ်းက ဆန်းလျန်ရှိရာသို့ လွင့်မျောသွားလေသည်။ ဆန်းလျန်က အင်္ကျီလက်ကို အသာဝှေ့ယမ်းလိုက်ပြီး သွေးကျောက်စိမ်းကို လက်ခံယူလိုက်သည်။
ယွင်ကျွင်းဧကရီက…
"ငါ တံခါးပိတ်ကျင့်စဉ်ကျင့်ကြံတာက ဆန်းရော့ရှီရဲ့ ကံကြမ္မာကို လုံး၀ ဖြတ်တောက်ပေးနိုင်ဖို့ပါ ၊ မင်းက ငါ့ စေတနာကိုလက်မခံဘူးဆိုရင်တောင် ဒီကံတရားကို ပြီးပြည့်စုံခွင့်ပေးစေလိုတယ်…"
ဆန်းလျန်က…
"မင်းက ဒီလို ရိုးရိုးသားသားပြောမှတော့ ရော့ရှီရဲ့ကံတရားနဲ့ပတ်သက်တဲ့ မင်းရဲ့စေတနာကို ကျုပ်လက်ခံပါ့မယ်…"
ဆန်းလျန်စကားကြောင့် ယွမ်ကျွင်းဧကရီ၏ ချောမောလှပသည့်မျက်နှာထက်တွင် စိတ်သက်သာရာ ရသွားဟန်ပေါ်လာသည်။
ဆန်းလျန်ဆိုသည်က အခြားသောနတ်ဘုရားများကပင် ဦးညွှတ်ရသည့် တန်ခိုးစွမ်းအားမြင့်မားလွန်းသည့် နတ်ဘုရားတစ်ပါးဖြစ်နေပြီ ဖြစ်သည်။
အတိတ်တစ်ချိန်က ရန်သူများဖြစ်စေဦးတော့ ယခုအချိန်တွင် ရန်သူဖြစ်ထိုက်သူတစ်ယောက် မဟုတ်တော့ပေ။ ထို့ကြောင့် ဆန်းရော့ရှီ၏ ကံကြမ္မာကို သူမထံမှ ဖြတ်တောက်ပေးလိုက်ခြင်းဖြင့် ဆန်းလျန်နှင့် ရန်သူမဟုတ်တော့ကြောင်း သူမဘက်မှ စတင်ပြသလိုက်ခြင်း ဖြစ်သည်။
ဆန်းလျန်က သူမ၏ ကမ်းလှမ်းချက်ကို သဘောတူလိုက်သည့်တိုင် ဆန်းလျန်၏ တန်ခိုးစွမ်းအား မည်မျှ မြင့်မားနေပြီကို သူမ အသိဆုံး ဖြစ်လေသည်။
ဉာဏ်စဉ်တစ်ခုကို မူလအရင်းအမြစ်မှ ဖြတ်တောက်ပစ်မည်ဆိုလျှင် ကျင့်ကြံခြင်းအခြေခံလည်း ပျက်စီးသွားနိုင်လေသည်။ သို့သော်… ထိုသို့ပြုလုပ်လိုက်သည့်အတွက် ကောင်းမွန်သည့်ရလဒ်များလည်း ရရှိနိုင်လေ၏။
ယွမ်ကျွင်းဧကရီက…
"မင်း ဒီကိုလာတာ တခြားကိစ္စရော ရှိသေးလား…"
ယန်မြောင်ယွင် လူပြန်ဝင်စားသည့်အကြောင်းရင်းကို ယွမ်ကျွင်းဧကရီ အစောကြီးကတည်းက သိရှိထားခဲ့ပြီး ဖြစ်သည်။
တစ်နေ့တွင် ယန်မြောင်ယွင်က သူမအတွက် အသုံးဝင်လာနိုင်မည်ဟု ယူဆပြီး ယန်မြောင်ယွင်ကို စောင့်ရှောက်ထားခဲ့ခြင်း ဖြစ်သည်။
ဆန်းလျန်က ယန်မြောင်ယွင်ကို ထိုက်စုနတ်ဘုရားဂိုဏ်း၏ နန်းတော်သခင်မနေရာကို ပေးစေလိုလျှင်ပင် ယွမ်ကျွင်းဧကရီက လက်ခံသဘောတူရန် ဆုံးဖြတ်ထားသည်။ အဘယ်ကြောင့်ဆိုသော်… သူမက အတိတ်မှကိစ္စများကို သင်ပုန်းချေကာ ယခုအချိန်ခါတွင် ဆန်းလျန်နှင့် ပူးပေါင်းချင်သောကြောင့် ဖြစ်လေ၏။
သို့သော်… ဆန်းလျန်၏ စကားများက ယွမ်ကျွင်းဧကရီမျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီး သူမကို အံ့သြထိတ်လန့်စေလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ယွမ်ကျွင်းဧကရီ… ရှန်းထျန်းဝူထိုက်ဆိုတာ ဘာလဲ သိသလား…"
ယွမ်ကျွင်းဧကရီက ဆန်းလျန်စကားကြောင့် အံ့အားသင့်သွားပြီး…
"ရှန်းထျန်းဝူထိုက်ဆိုတာ ဟွင့်ယွမ်ဝူကျီအဆင့်ကနေ လောကကိုကျော်လွန်တဲ့ အဆင့် (၅)ဆင့်ကို ပြောတာမလား ၊ အဲဒါတွေက ထိုက်ယိ ၊ ထိုက်ချူး ၊ ထိုက်ရှီ ၊ ထိုက်စုနဲ့ ထိုက်ချိတို့ပဲ ၊ အဲဒီ အဆင့် (၅)ဆင့်မှာ ထိုက်စုအဆင့်က အရည်အချင်းအပြည့်ကို ဖော်ထုတ်ပေးနိုင်ပေမယ့် တန်ခိုးစွမ်းအားကတော့ နည်းပါးလိမ့်မယ် ၊ ဝိညာဉ်ကလည်း အနည်းငယ်ပဲ လင်းလက်လိမ့်မယ် ၊ ဒီမေးခွန်းကိုမေးတာ တစ်ခုခု ထူးခြားတာများ ရှိလို့လား…"
ဆန်းလျန်က…
"ဟုတ်တယ် ၊ ကျုပ်လောကကို ကျော်လွန်ချင်တယ် ၊ ရှေးလူတွေရဲ့ကျင့်စဉ်တွေက သိပ်ပြီးအခြေံမကျလှဘူး ၊ ဒီတော့ ကျုပ် နောက်ထပ် နည်းလမ်းတစ်ခု ရှာဖို့လိုတယ် ၊ ပြီးတော့ အခုတလော ကျုပ်သိထားတာအချို့လည်း ရှိသေးတယ် ၊ ကျုပ် အဖိုးတန်တဲ့ပညာတွေအများကြီးသိထားခဲ့ပေမယ့် နောက်ဆုံး ကျုပ်နားလည်သွားတာက ကျုပ်သွားချင်တဲ့လမ်းကြောင်းက ရှန်းထျန်းဝူထိုက်လမ်းကြောင်းပဲ ၊ ဒါကြောင့် ထိုက်စုအကြောင်းကို ကျုပ်သိချင်တယ် ၊ ရှေးခေတ်သူတော်စင်ကြီးတွေရဲ့ ပြောင်းလဲမှုနဲ့ တန်ခိုးစွမ်းအားတွေက မြင့်မားလွန်းပေမယ့် အရမ်းလည်း ရှုတ်ထွေးလွန်းတယ် ၊ ဒါကြောင့် ရှန်းထျန်းဝူထိုက်ကို ကျုပ် နားလည်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ် ၊ ရှန်းထျန်းဝူထိုက်ဟာ အရာအားလုံးရဲ့ အခြေခံဖြစ်သလို ပြောင်းလဲနိုင်စွမ်းလည်း အရမ်းမြန်တယ် ၊ တစ်ခုချင်းလည်း ပြောင်းလဲနိုင်စွမ်း ရှိတယ် ၊ ကျုပ်က ထိုက်ယိလို့သိကြတဲ့ ယိလမ်းစဉ်ကို လေ့လာခဲ့ဖူးတယ် ၊ ပြီးတော့ ထိုက်စန့်လောင်ကျွင်းရဲ့ ဓမ္မကိုလည်း ကျုပ်နားလည်ခဲ့တယ် ၊ ဒါကြောင့် ကျုပ်ဟာ ထိုက်ယိနဲ့ ထိုက်ချိကို နားလည်နေပြီ ၊ ဒါပေမဲ့ ထိုက်ချူး ၊ ထိုက်ရှီ နဲ့ ထိုက်စု ဆိုတဲ့အကြောင်းတွေကိုတော့ ကျုပ် မသိဘူး ၊ မင်းကတော့ ထိုက်စုလမ်းစဉ်နဲ့ အကျွမ်းဝင်တယ် ၊ ဒါကြောင့် မင်းက ကျုပ်ကို ထိုက်စုလမ်းစဉ်အကြောင်း နည်းနည်းလောက် ရှင်းပြပေးနိုင်မလား ၊ ကျုပ်အနေနဲ့ အလကားတောင်းဆိုမှာ မဟုတ်ပါဘူး ၊ ကျုပ်လောလောဆယ် သိမြင်ထားတဲ့ ကျင့်စဉ်လမ်းနဲ့ပတ်သက်တဲ့ ဓမ္မတွေအားလုံးကို မင်းကို ပြန်ပြီး ဝေမျှပေးသွားပါ့မယ်…"
ရုတ်တရက်…
ယွမ်ကျွင်းဧကရီနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ဆန်းလျန် ပြောင်းလဲခြင်းများစွာ ဖြစ်ပေါ်သွားလေသည်။ မြင်ကွင်းကိုကြည့်ပြီး ယွမ်ကျွင်းဧကရီပင် ထိတ်လန့်တုန်လှုပ်သွားမိလေသည်။
ဆန်းလျန်က သူမရှေ့တွင်ပင် ထိုင်နေခြင်းဖြစ်သည့်တိုင် အလွန်ထူးဆန်းသည့် အခြေအနေတစ်ခုကို မြင်တွေ့နေရလေသည်။
လောကတွင် ယင် နှင့် ယန် တည်ရှိလေသည်။
သို့သော်… ယခု ဆန်းလျန်က ယင် နှင့် ယန် ကြားမှ ခြားနားချက်တစ်ခုအတွင်းတွင် တည်ရှိနေလေသည်။
ဆန်းလျန်ထံတွင် တာအိုတန်ခိုးစွမ်းအားများအားလုံး ချုပ်ငြိမ်းနေပြီး ပုံသဏ္ဍန်က မပီဝိုးတဝါး ဖြစ်လျှက်ရှိသည်။ ယွမ်ကျွင်းဧကရီ၏ စိတ်အာရုံထဲတွင်ပင် ဆန်းလျန်ကို ပီပီပြင်ပြင် သရုပ်ဖော်နိုင်ခြင်း မရှိတော့ပေ။
နောက်ဆုံးတော့… ယွမ်ကျွင်းဧကရီက ဆန်းလျန်၏ ထူးခြားသည့်အခြေအနေကို ဆုံးဖြတ်နိုင်ရန်အတွက် သူမက မူလဓားဝိညာဉ်တစ်ခုကို ဆန်းလျန်ရှိရာသို့ ပစ်လွှတ်လိုက်လေသည်။
ထိုဓားဝိညာဉ်မှာ သူမ၏ သန့်စင်သည့်တန်ခိုးစွမ်းအားများကို သိပ်သည်းအောင်ပြုလုပ်ထားသည့်ဓားတစ်လက်ဖြစ်ပြီး ကြယ်စင်များကိုပင် ပိုင်းဖြတ်ပစ်နိုင်စွမ်းရှိလေသည်။ သို့သော်… ဆန်းလျန်က ရုတ်တရက် ယွင်ကျွင်းဧကရီရှေ့မှ ပျောက်ကွယ်သွားလေသည်။
ထို့ကြောင့် ဓားဝိညာဉ်မှာ ဦးတည်ရာမဲ့သွားလေသည်။
အချိန်ခဏကြာသည့်အခါတွင်တော့ ဆန်းလျန်က ပုံမှန်အတိုင်း ပြန်ပေါ်လာသည်။
ဆန်းလျန်က…
"ထိုက်ယိက ပြောင်းလဲနိုင်စွမ်းရှိတယ် ၊ ထိုက်ယိဆိုတာ အစဦးပိုင်း တန်ခိုးစွမ်းအားကို မသိမြင်သေးတဲ့ အဆင့်ကို ဆိုလိုတယ် ၊ ဒါကြောင့် မင်းရဲ့ ဓားဝိညာဉ်က ဘယ်လောက်ပဲ ပြင်းထန်ပါစေ ၊ ကျုပ်ကို နာကျင်အောင် မလုပ်နိုင်ဘူး…"
ဆန်းလျန်က ယွမ်ကျွင်းဧကရီကို သူသိမြင်ထားသည့် ယိလမ်းစဉ်ကို ရှင်းလင်းပြောပြနေခြင်း ဖြစ်လေသည်။
ဆန်းလျန်ရှင်းပြသည်ကို ယွင်ကျွင်းဧကရီ အနည်းငယ် သိမြင်လာခဲ့သည်။
သူမက…
"ဒါဖြင့် ဒီနည်းလမ်းက ပေမင်ပင်လယ်ထဲက ခွန်ဖိန်နတ်မိစ္ဆာအဓိပတိကြီးရဲ့ နည်းလမ်းနဲ့သွားပြီးဆင်တူတာပေါ့…"
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
"ခွန်ဖိန်နတ်မိစ္ဆာတွေရဲ့ ကျင့်စဉ်က ကျင့်ကြံရတာ လွယ်ပါတယ် ၊ ဒီကျင့်စဉ် (၂)ခုရဲ့ ခြားနားချက်က ကြီးမားလွန်းပါတယ် ၊ ကျုပ်ရဲ့ ထိုက်ယိတန်ခိုးစွမ်းအားကို မင်းသေသေချာချာ ကြိုးစားကြည့်ရင် နားလည်နိုင်မှာပါ…"
ယွမ်ကျွင်းဧကရီ၏မျက်ဝန်းများ တစ်လက်လက်တောက်ပလာလေသည်။
ဆန်းလျန်ပြောပြသည့် ပြောင်းလဲမှုတရားကို သူမနားလည်သွားခဲ့ပြီး သူမသာ ဆက်လက်ကျင့်ကြံမည်ဆိုလျှင် သူမ၏အသက်ကို မည်သူမှ အန္တရယ်မပြုနိုင်အောင် တန်ခိုးစွမ်းအားများ ဖန်တီးနိုင်မည် ဖြစ်လေသည်။
သူမက ဆန်းလျန်ကို စိုက်ကြည့်နေရင်း…
"မင်းက အခုဆိုရင် ထိုက်ချိအပြောင်းအလဲ အဆင့်မှာ ရောက်နေပြီမဟုတ်လား ၊ ကျွန်မ ထိုက်ချိအကြောင်းကိုရော သိခွင့်ရနိုင်မလား…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျုပ်က ပညာလျှိုတာတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ထိုက်ချိအကြောင်း မင်းကိုပြောပြလိုက်ရင် ရွှမ်ဟွမ်မိုးနတ်မင်းရဲ့ နက်နဲတဲ့လမ်းစဉ်ကို မင်း နားလည်သွားလိမ့်မယ် ၊ အဲဒါဆိုရင် မင်းအတွက် အကျိုးရှိပေမယ့် ဘေးအန္တရယ်လည်း ကျရောက်နိုင်တယ်…"
ယွမ်ကျွင်းဧကရီ ချက်ချင်းသဘောပေါက်နားလည်သွားလေသည်။
သူမက လူပြန်ဝင်စားပြီးနောက်ပိုင်း နတ်ဘုရားများ၏ အရေးအရာများတွင် သိပ်ပြီးပါဝင်ပတ်သက်မှုမရှိတော့ဘဲ အေးအေးဆေးဆေးသာ နေထိုင်ခဲ့သူ ဖြစ်လေသည်။
ရွှမ်တုတောက်ကျွင်းက ထိုက်ချိယင်ယန်ပန်းချီကားကို ထိန်းချုပ်ထားသူ ဖြစ်လေသည်။ ထိုက်ချိတာအိုတရားဆိုသည်က ထိုက်ချိယင်ယန်ပန်းချီကားပင် ဖြစ်သည်။
ဆန်းလျန်အနေဖြင့် ထိုက်ချိ၏အပြောင်းအလဲများကို နားလည်သည့်တိုင် ထိုက်ချိယင်ယန်ပန်းချီကားကိုတော့ ကျော်လွန်နိုင်ခြင်း မရှိပေ။
သို့သော်… ဆန်းလျန်အနေဖြင့် ရွှမ်တုတောက်ကျွင်းကို ကြောက်စရာမလိုသော်လည်း ယွမ်ကျွင်းဧကရီနှင့် အခြားသူများအတွက်တော့ ထိုက်ချိကို နားလည်သွားပါက ရွှမ်တုတောက်ကျွင်းလက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ယွမ်ကျွင်းဧကရီက…
"ကျေးဇူးတင်ပါတယ် ဆန်းလျန် ၊ ခွန်ဖိန်အနွယ်တော်တွေရဲ့ တာအိုကျင့်စဉ်က နည်းနည်းလောဘကြီးလွန်းရာရောက်တယ် ၊ ဒါပေမဲ့ ထိုက်ယိကတော့ ရိုးရှင်းပြီး ကျွန်မကို အမြင်ကျယ်စေပါတယ်…"
ယွင်ကျွင်းဧကရီသိရှိထားသည့် ထိုက်စုတာအိုတရားသည်လည်း မူလတာအိုစွမ်းအားတစ်ခုဖြစ်ပြီး ထိုက်ယိနှင့် ထိုက်ချိထက် လျော့နည်းခြင်း မရှိပေ။
ယွင်ကျွင်းဧကရီက သူမသိရှိထားသည့် ထိုက်စုတာအိုတရားအကြောင်းများကို ဆန်းလျန်ကို ပြန်လည်ပြောပြလိုက်သည်။
သူမပြောပြသည်ကို ဆန်းလျန်ကလည်း သေသေချာချာအလေးထားကာ နားထောင်လေသည်။ သူ့ဘဝတွင် ယွမ်ကျွင်းဧကရီနှင့် ယခုကဲ့သို့ အပြန်အလှန်နားလည်မှုရသည့်အချိန်ရှိလာမည်ဟု မျှော်လင့်မထားခဲ့ဖူးပေ။ သို့သော်… သူ အလေးအနက်ထားခဲ့ပါလေ၏။
ဤသည်ကို အောင်မြင်ခြင်းဟုလည်း ခေါ်နိုင်မည် ဖြစ်လေသည်။
တာအိုတရားဆွေးနွေးရင်း သူတို့ (၂)ယောက် ပို၍ ပို၍ ထူးခြားဆန်းကျယ်လာလေသည်။
ထိုက်စုနန်းတော်သခင်မနှင့် ယန်မြောင်ယွင်တို့ နားလည်နိုင်သည့် အခြေအနေထက်ပင် ကျော်လွန်သွားခဲ့ပြီး သူတို့ (၂)ောက်မှာ ခံနိုင်ရည်စွမ်းမရှိတော့ဘဲ သတိလစ်သွားကြလေတော့သည်။
အပြင်ဘက်မှ လူများကတော့ အံ့သြခြင်းမက အံ့သြနေကြလေတော့သည်။
နောက်ပိုင်း ယန်မြောင်ယွင် သတိပြန်ရလာသည့်အခါ သူမသည် မိုးကောင်းကင်နတ်ဘုရားတစ်ပါးသိနားလည်သည့် တာအိုတရားကို သိနားလည်နေမည်ဖြစ်ပြီး နန်းတော်သခင်မကတော့ ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါးနားလည်နိုင်သည့် အသိဉာဏ်မျိုးကို ရရှိသွားမည် ဖြစ်လေသည်။
သူတို့ကတော့ ထိုသို့သော ကံကောင်းမှုကြီးကို မသိခဲ့ကြပေ။
ဆန်းလျန်၏ စိတ်ဝိညာဉ်ထဲတွင် သဏ္ဍန် (၅)ခု ထွက်ပေါ်လာလေသည်။
သဏ္ဍန် (၅)ခုထဲမှ (၂)ခုက ခိုင်ခိုင်ခန့်ခန့် သွင်ပြင်လက္ခဏာရှိလေသည်။ အခြား (၃)ခုက ပထမ (၂)ခုလောက် ခိုင်ခန့်ခြင်း မရှိသေးသည့်တိုုင် တဖြည်းဖြည်း ကြည်လင်သည့်သွင်ပြင်လက္ခဏာပေါ်လာလေသည်။
ဤသည်မှာ ဆန်းလျန်၏ဝိညာဉ်မှ ရှန်းထျန်းဝူထိုက် ဆင့်ကဲဖြစ်စဉ် ပြောင်းလဲမှုပင်ဖြစ်လေသည်။ သဏ္ဍန် (၅)ခု ထပ်တူကျသွားသည့်အခါ ကြီးမားသည့်အောင်မြင်မှုတစ်ခု သေချာပေါက်ရရှိမည်ဟု ဆိုနိုင်ပေမည်။
ယခု ဆန်းလျန်၏ ရှန်းထျန်းဝူထိုက်အဆင့်သည် စကြာဝဠာကို ဖိနှိပ်ထားနိုင်လောက်သည်အထိ စွမ်းအားကြီးမားသည် မဟုတ်သေးပေ။ နောက်ပိုင်းတွင်တော့ စန့်ချင်တာအိုဆရာသခင်၏ ယိချီပြောင်းလဲမှုတာအိုတရားကိုပင် ယှဉ်ပြိုင်နိုင်မည်ဟု ထင်မြင်စရာရှိသည်။ ထို့ပြင် သူ၏တန်ခိုးစွမ်းအားများအားလုံးကို အသုံးပြုနိုင်မည်ဆိုလျှင် ကိုယ်ခွဲ (၅)ခုကိုလည်း ဖန်ဆင်းနိုင်မည် ဖြစ်လေသည်။
သူရင်ဆိုင်ရမည့် ဘေးအန္တရယ်ကပ်ဆိုးကြီးကိုလည်း မြင့်မြင့်မားမား ကာကွယ်နိုင်မည် ဖြစ်သည်။
ထို့ပြင်… စန်းချင်သုံးပါး၏ ပုံပြောင်းအဆင့်သည် တန်ခိုးစွမ်းအားတစ်ခုတည်းဖြစ်ပြီး တူညီသည့်စွမ်းအားရှိသည့် ကိုယ်ခွဲ (၃)ခုသာရှိလေသည်။
ရှန်းထျန်းဝူထိုက်တာအိုတရားမှာ စန့်ချင်တာအိုဆရာသခင်၏ တာအိုတရားထက် သာသည်ဟုတော့ မဆိုသာပေ။ သို့သော်… ဆန်းလျန်အနေဖြင့် တိုက်ခိုက်ရေးစွမ်းရည် အနည်းငယ်ပိုကောင်းလာမည်ဟု ဆိုနိုင်သည်။
ယွမ်ကျွင်းဧကရီမှာ လူပြန်ဝင်စားပြီးသည့်နောက် အခြားသူများနှင့် ဆက်သွယ်ခြင်း မရှိခဲ့ပေ။
ယနေ့ ဆန်းလျန်နှင့် ပြန်တွေ့ရသည့်အခါ သူမသိချင်သည့်အရာများကိုသိခွင့်ရခဲ့ပြီး အခက်အခဲများကို ကျော်ဖြတ်ကာ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားခဲ့လေသည်။
***