← Chapters

နေ့တိုင်း တွေးနေတယ်

Vol. 39 Ch. 387

နေ့တိုင်း တွေးနေတယ်

Vol. 39 Ch. 387

သတ္တုတွင်းအတွင်း၌...

မီးကဲ့သို့နီရဲသော ချီလင် တစ်ကောင်က ကျုံးချင်၏လက်မောင်းမှ ခုန်ထွက်လာခဲ့သည်။

"ဆရာ... အမိန့်ရှိပါ..."

ချီလင်ရှောင်ဟေးက ရိုသေလေးစားစွာ မေးမြန်းသည်။

သူ၏စကားများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေ၏။

လွန်ခဲ့သည့်တစ်ကြိမ်က ဆန်းကြယ်မီးတောက်ကို ဝါးမျိုပြီး သူ၏ နတ်ဘုရားစွမ်းရည်ကို နိုးထပြီးကတည်းက သူ၏ ဆရာရှေ့တွင် အနည်းငယ် ကြွားလုံးထုတ်ပြီးနောက် သူ ထပ်မံ၍ လှုပ်ရှားခွင့် မရတော့ချေ။

ချီလင်ရှောင်ဟေးသည် ထိုရက်အနည်းငယ် အတွင်း ကျုံးချင်၏ အတွေ့အကြုံများကို စောင့်ကြည့်နေခဲ့သည်။

ပုရွက်ဆိတ်နှင့်တူသော သတ္တဝါတစ်စုက သူ၏ ကြီးမြတ်သော သခင်ကို သတ္တုတူးခိုင်းရန် ရဲဝံ့ကြသည်။

ထိုအရာမှာ အမှန်တကယ်ကို သည်းမခံနိုင်စရာ ပင်။

ယနေ့တွင် သူ၏သခင်က သူ့ကို ဆင့်ခေါ်ခဲ့သဖြင့် သခင်၏သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဟု သူ ခံစားလိုက်ရသည်။

ထို့ကြောင့် သူ့ကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ပြီး သူ သောင်းကျန်းရန် အသင့်ဖြစ်နေလေပြီ။

ထိုအတွက် သူ ကြာမြင့်စွာကတည်းက ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

သူ အမြဲတမ်း အသင့်ဖြစ်နေသည်ဟုပင် ဆိုနိုင်ပေ၏။

သူ့သခင်၏ဆင့်ခေါ်မှုကိုသာ သူ စောင့်ဆိုင်းနေခြင်း သက်သက်ပင်။

စိတ်လှုပ်ရှားနေသော ချီလင်ကို မျက်နှာချင်းဆိုင်ရင်း ကျုံးချင်သည် သူ့ကို အံ့အားသင့်စွာ တစ်ချက် ကြည့်လိုက်ပြီး ထိုကောင်လေး ဘာကို ထိုမျှထိ စိတ်လှုပ်ရှားနေကြောင်း နားမလည်နိုင်ခဲ့ချေ။

သူက သတ္တုတွင်းကို လက်ညှိုးထိုးပြလိုက်၏။

"မင်းကို တာဝန် တစ်ခု ပေးမယ်... နေ့တိုင်း သတ္တုရိုင်း ကျင်တစ်သောင်း တူးရမယ်..."

"အဲဒီထက် မပိုရဘူး၊ မလျော့ရဘူး... နေ့တိုင်း ကျင်တစ်သောင်း အတိအကျ တူးရမယ်..."

ရုတ်ချည်းဆိုသလိုပင် ချီလင်ရှောင်ဟေး မှင်တက်သွားခဲ့သည်။

သူ့ကဲ့သို့ ဂုဏ်သိက္ခာရှိသော ချီလင်တစ်ကောင်သည် သတ္တုတူးရန်အတွက် သက်သက် ဆင့်ခေါ်ခံရခြင်းလော...

သူ၏နှလုံးသား...

ထိုအရာမှာ သည်းထိတ်ရင်ဖိုရထားတစ်ခုကို စီးနေရသကဲ့သို့ သူ အမှန်တကယ် ခံစားလိုက်ရ၏။

သူ၏စိတ်ဓာတ်များ တိမ်များအထက်မှ တောင်ကြား၏အောက်ခြေသို့ ထိုးဆင်းသွားခဲ့သည်။

"ဟင်..."

ကျုံးချင်က ချီလင်ရှောင်ဟေးကို ကြည့်လိုက်၏။

"မင်း ဆန္ဒမရှိဘူးလား..."

သူ့ဆရာ၏ အကြည့်ကို ခံစားမိသဖြင့် ချီလင် ရှောင်ဟေး၏မျက်လုံးများက တစ်ဖက်သို့ အကြည့်လွှဲသွားခဲ့သည်။

သူက အတင်းအကျပ် အားယူ၍ပြုံးကာ ပြောဆိုလိုက်၏။

"သခင်ရဲ့အမိန့်က အရာအားလုံးထက် ပိုအရေးကြီးပါတယ်..."

"သခင်ဆီမှာ တာဝန် တစ်ခု ရှိနေတာက ချီလင် ရှောင်ဟေးရဲ့ ဂုဏ်ယူစရာ ပါ... ချီလင်ရှောင်ဟေးက ဘယ်လိုလုပ် ကျေးဇူးကန်းပြီး ဆန္ဒမရှိဘဲ နေမှာလဲ..."

သူသည် ကျေးဇူးကန်းသော ချီလင်တစ်ကောင် မဟုတ်ကြောင်း သက်သေပြရန်အတွက် သူသည် သူ၏ရှေ့ရှိ သတ္တုတွင်းကို သူ၏ လက်သည်းများဖြင့် ချက်ချင်း စတင်၍ တူးဖော်လိုက်၏။

"အစ်ကိုကြီး... ဘာလုပ်နေတာလဲ..."

ထိုအချိန်မှာပင် တခြားအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရှောင်ကာလည်း ပျံသန်း၍ထွက်လာပြီး သတ္ထုတူးဖော်နေသော ချီလင်ကို ဇဝေဇဝါ ဖြစ်မှုနှင့် နားမလည်နိုင်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ကြည့်လိုက်၏။

ထိုအရာကြောင့် ချီလင်မှာ သူ၏တည်ငြိမ်မှုကို မနည်းထိန်းသိမ်းလိုက်ရသည်။

သူသည် နောက်ဆုံးတွင် ညီလေး တစ်ယောက်ကို ရရှိခဲ့လေပြီ။

ယခုအချိန်တွင် သူ၏ညီလေးက သူ သတ္တုတူးနေသည်ကို မြင်နေရပြီ ဖြစ်ရာ..

သူ၏ ချီလင် ဂုဏ်သိက္ခာက ဘယ်မှာလဲ...

အစ်ကိုကြီးတစ်ယောက် အနေဖြင့် သူ၏ မျက်နှာက ဘယ်မှာလဲ...

သို့ရာတွင် ထို့နောက် သူ့ထံတွင် အခြား အတွေး တစ်ခု ရှိလာခဲ့ပေ၏။

သူ့သခင်၏ အမိန့်ကို သူ မငြင်းဆန်နိုင်ချေ။

အစ်ကိုကြီးတစ်ယောက် အနေဖြင့် သူ၏ညီလေးက သူ၏အမိန့်ကို ငြင်းဆန်နိုင်မည်လော...

သဘာဝကျစွာပင် သူ မငြင်းဆန်နိုင်ချေ။

ထိုအရာကို တွေးမိချိန်တွင် ချီလင်၏ မျက်လုံးများ တောက်ပသွားသည်။

သူသည် ရှောင်ကာကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

"အဟမ်း အဟမ်း.."

သူ လည်ချောင်းရှင်းလိုက်ပြီး မတ်မတ် ရပ်ကာ သူသည် အစ်ကိုကြီးတစ်ယောက်၏ ခမ်းနားထည်ဝါမှုကို ထုတ်လွှတ်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

အမှန်တကယ်ကိုပင် ရှောင်ကာသည် ချီလင်၏ သရုပ်ဆောင်မှုတွင် အမှန်တကယ် ကျရှုံးသွားခဲ့သည်။

သူ၏အစ်ကိုကြီး ထိုမျှထိ ရဲရင့်ပြီး ခမ်းနားထည်ဝါနေသည်ကို မြင်ချိန်တွင် သူ၏ မျက်လုံးများတွင် ကြယ်ပွင့်လေးများပင် တောက်ပလုနီးပါး ဖြစ်သွားခဲ့သည်။

ထိုအရာကို မြင်ချိန်တွင် ချီလင်က ယုံကြည်မှု ရှိစွာဖြင့် ပြုံးလိုက်၏။

"ရှောင်ကာ... အခု မင်းအတွက် တာဝန်တစ်ခု ရှိတယ်..."

ရှောင်ကာက သူ၏တောင်ပံများကို ခတ်ကာ သတ္တုရိုင်းတစ်တုံးပေါ်သို့ ပျံသန်းသွားခဲ့သည်။

ထို့နောက် သူသည် လူငယ်လေး တစ်ယောက် လက်ပူးဆုပ်သကဲ့သို့ သူ၏တောင်ပံများကို ခေါက်လိုက်၏။

သူ၏မျက်လုံးဝိုင်းကြီးများတွင် ရည်ရွယ်ချက်နှင့် တာဝန်တစ်ခု၏ ခံစားချက်ဖြင့် ပြည့်နှက်နေခဲ့သည်။

"အစ်ကိုကြီး... ကျေးဇူးပြုပြီး အမိန့်ပေးပါ..."

ချီလင် ရှောင်ဟေး၏အပြုံး ပို၍ပင် ကျယ်ပြန့်လာခဲ့သည်။

"ကောင်းတဲ့ သဘောထားပဲ... ချီးကျူးထိုက်တယ်..."

သူက သတ္တုတွင်းကို လက်ညှိုးထိုးပြလိုက်သည်။

"မင်းက နေ့တိုင်း သတ္တုရိုင်း ကျင်တစ်သောင်း တူးဖို့ တာဝန်ယူရမယ်... အဲဒီထက်မပိုရဘူး မလျော့ရဘူး...ဒီတာဝန်ကို ပြီးမြောက်ဖို့ မင်းမှာ ယုံကြည်မှု ရှိလား..."

"တာဝန်ကို ပြီးမြောက်ဖို့ အာမခံပါတယ်..."

ရှောင်ကာ၏အဖြေတွင် တည်ကြည်မှုနှင့် တာဝန် တစ်ခု၏ခံစားချက် ဖြင့် ပြည့်နှက်နေပြီး ခိုင်မာကာ အားကောင်းလှသည်။

ထိုမြင်ကွင်းက ကျုံးချင်၏ နှုတ်ခမ်းများကို အနည်းငယ် တွန့်ကွေးသွားစေခဲ့သည်။

ထိုကောင်နှစ်ကောင်သည် အစ်ကိုကြီးညီလေးလုပ်တမ်း ကစားနေသကဲ့သို့ သူ ခံစားရသည်။

ထို့ပြင် သူတို့သည် အလွန်ပျော်ရွှင်နေကြ၏။

ဖြစ်နိုင်သည်မှာ အသိဉာဏ်ကင်းမဲ့သော ကလေးများက ပိုပျော်ရွှင်ရသည်ဆိုသည်မှာ ဤကဲ့သို့အရာမျိုးကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။

သူ မည်သည့်စကားမျှ မပြောခဲ့ချေ။

သူသည် သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးမှ ဝိုင်အရက်ဘူးကို ထုတ်ယူကာ ဝိုင်အရက်အနည်းငယ် သောက်လိုက်ရုံသာ ဖြစ်ပေ၏။

ထို့နောက် သူသည် နံဘေးတွင် ထိုင်ကာ မျက်လုံးများကို စုံမှိတ်ပြီး တစ်ရေးအိပ်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ရှောင်ကာသည် သတ္တုတူးဖော်ခြင်းတွင် လုံးလုံးလျားလျား နစ်မြောနေလေပြီ။

တစ်ခါတစ်ရံ သူ၏ လက်သည်းများဖြင့် ကုတ်ကာ တစ်ခါတစ်ရံ သူ၏နှုတ်သီးငယ်လေးဖြင့် ဆိတ်ပြီး တစ်ခါတစ်ရံ သူ၏တောင်ပံများဖြင့် ထိုးဆွနေသည်။

ထိုကောင်လေးသည် မကြာသေးမီကမှ မွေးဖွားလာသော်လည်း သူသည် နတ်ဘုရားစွမ်းရည် တချို့ကို ပိုင်ဆိုင်ထားလေ၏။

ယင်သုံးပါးနယ်ပယ်နှင့် ယန်သုံးပါးနယ်ပယ်တွင် ရှိသူများပင် တူးဖော်ရန် ခက်ခဲသော သတ္တုရိုင်းမှာ သူ့အတွက် အားထုတ်မှု အနည်းငယ်သာ လိုအပ်သည်။

သို့ရာတွင် သူ၏ခန္ဓာကိုယ်မှာ သေးငယ်လွန်းနေသည်။

ထို့ပြင် သူ၏ခန္ဓာကိုယ်သည် လုံးလုံးလျားလျား မဖွံ့ဖြိုးသေးချေ။

သတ္တုရိုင်းကျင်တစ်သောင်းမှာ သူ့အတွက် အနည်းငယ် ပင်ပန်းနေဆဲပင်။

နာရီဝက်ပင် မကြာမီ သူ၏နဖူးပေါ်တွင် ချွေးပေါက်များပင် စတင်၍ ထွက်ပေါ်လာပေ၏။

ဤအခိုက်အတန့်တွင် နံဘေးမှ ချီလင်၏ အသံ ထွက်ပေါ်လာခဲ့သည်။

"ရှောင်ကာ... တာဝန်က အရမ်းခက်နေလို့လား... တကယ်လို့ မပြီးနိုင်ရင် ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် လုပ်စရာ မလိုပါဘူး...အများဆုံးက အစ်ကိုကြီးက နည်းနည်းလောက် စိတ်ပျက်သွားရုံပါပဲ..."

"အစ်ကိုကြီး... မခက်ပါဘူး... ဒီတာဝန်က လုံးဝမခက်ပါဘူး..."

ရှောင်ကာသည် စိုးရိမ်ပူပန်သွားပေ၏။

အစ်ကိုကြီး၏ညီလေးတစ်ယောက် အနေဖြင့် အစ်ကိုကြီး သူ့ကို စိတ်ပျက်အောင် မည်သို့ လုပ်နိုင်မည်နည်း....

ရုတ်ချည်းဆိုသလိုပင် သူသည် ပို၍ပင် ကြိုးစား ၍အလုပ်လုပ်လိုက်သည်။

သူ၏ကြီးမားပြီး ကျောက်မျက်ရတနာကဲ့သို့ တောက်ပသော မျက်လုံးများတွင် တွန်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။

သူ၏ခန္ဓာကိုယ်ငယ်လေးက အားကောင်းသော တာဝန်သိစိတ်တစ်ခုကို ထုတ်လွှတ်နေသည်။

ထိုအရာကို မြင်ချိန်တွင် ချီလင်သည် အလွန်အမင်း စိတ်ကျေနပ်သွားပေ၏။

ထိုညီလေးကို အလကား လက်ခံလိုက်ခြင်း မဟုတ်ဘဲ လုပ်စရာတစ်ခုခု ရှိလာချိန်တွင် သူ အမှန်တကယ်ကို ရှေ့ထွက်လာခဲ့သည်။

ရှောင်ကာသည် ချီလင်၏မျက်နှာပေါ်ရှိ စိတ်ကျေနပ်နေသော အမူအရာကို မြင်တွေ့လိုက်ရချိန်တွင်...

သူသည် ကြက်သွေးများ ထိုးသွင်းခံလိုက်ရသကဲ့သို့ စွမ်းအားများ ပြည့်ဝလာသည်ဟု ခံစားမိလေ၏။

အစ်ကိုကြီးထံမှ ချီးကျူးမှုတိုင်း အားပေးမှု တိုင်း အတည်ပြုချက်တိုင်းက သူ့အတွက် အမြင့်ဆုံး ဂုဏ်ပြုမှုနှင့် ဆုလာဘ်ပင်။

ထို့နောက် ရှောင်ကာ၏တောင်ပံများ စုတ်ပြဲလာပြီး သူ၏လက်သည်းများမှာ ပွတ်တိုက်ခံရသဖြင့် သွေးထွက်လာခဲ့သည်။

သူ၏ မူလက ခမ်းနားထည်ဝါသော အမွှေးများမှာ ဖုန်ထူပြီး မည်းနက်လာခဲ့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ညစ်ပတ်နေပြီး ငှက်များကြားမှ သူတောင်းစားတစ်ယောက်နှင့် တူနေခဲ့သည်။

သို့ရာတွင် ရှောင်ကာသည် သူ၏ကိုယ်ပိုင် အပြောင်းအလဲများကို ဂရုမစိုက်ခဲ့ချေ။

တာဝန်ကို ပြီးမြောက်ပြီးနောက် သူသည် ချီလင်၏ချီးကျူးမှုကို စောင့်ဆိုင်းနေသော အောင်ပွဲခံ စစ်သည်တော်တစ်ဦးအလား ဖြစ်နေသည်။

ချီလင်က ထိုအရာကို မြင်ချိန်တွင် အလွန်စိတ်မပါတပါဖြင့် ချီးကျူးစကားတစ်ခွန်း ပြောဆိုလိုက်၏။

"ကောင်းတယ်..."

မျက်စိတစ်မှိတ်အတွင်း ရှောင်ကာ၏ ကျောက်မျက်ရတနာကဲ့သို့ တောက်ပသော မျက်လုံးများသည် လခြမ်းကွေးလေးများအဖြစ်သို့ ကွေးတက်သွားသည်။

ချီလင်၏ချီးကျူးမှုက သူ့ကို မူးယစ်သွားစေခဲ့သည်။

သူ၏ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို မည်သည်ကြောင့် ဂရုစိုက်ရမည်နည်း...

အစ်ကိုကြီးက စကားပြောသရွေ့ ရှောင်ကာသည် သူ့အတွက် သေပေးရန်ပင် လွန်စွာ ဆန္ဒရှိပေလိမ့်မည်။

"အစ်ကိုကြီး... မနက်ဖြန်ကျရင် ကျွန်တော် ဆက်ပြီး သတ္တုတူးလို့ ရမလား..."

ရှောင်ကာသည် ချီလင်၏ ချီးကျူးမှုကို သဘောကျနေခဲ့၏။

အလုပ်က ပင်ပန်းသော်လည်း အရာအားလုံးက တန်ဖိုးရှိသည်။

သူသည် နောက်တစ်နေ့တွင် သတ္တုတူးရန်ပင် စောင့်မျှော်နေခဲ့သည်။

"ရတာပေါ့..."

ထိုမေးခွန်းအတွက် ချီလင်က ပြန်ဖြေလိုက်သည်။

"သေချာတာပေါ့..."

"သခင်က မတားသရွေ့ မင်း အခုကစပြီး နေ့တိုင်း ဒီနေရာမှာ သတ္တုရိုင်း ကျင်တစ်သောင်း တူးလို့ရတယ်..."

ရုတ်ချည်းဆိုသလိုပင် ရှောင်ကာသည် ချီလင် ရှောင်ဟေးက လောကကြီးပေါ်တွင် အကောင်းဆုံးအစ်ကိုကြီး ဖြစ်ကြောင်း ခံစားမိလေ၏။

တကယ်လို့ အချိန်တွေက ဒီလိုပဲ ဆက်ပြီး လည်ပတ်နေနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ....

သူသည် ကျုံးချင်ကိုပင် သနားစရာ ကောင်းသော မျက်လုံးကြီးများဖြင့်ပင် ကြည့်လိုက်သည်။

"သခင်... ကျွန်တော် ဒီနေရာမှာ နေ့တိုင်းသတ္တုရိုင်း ကျင်တစ်သောင်း တူးလို့ရမလား..."

သူ၏တစ်ရေးအိပ်ခြင်းမှ ယခုလေးတင် နိုးလာသော ကျုံးချင်သည် ထိုအနည်းငယ် အသိဉာဏ်ကင်းမဲ့ပြီး အပြစ်ကင်းသော စကားကို ကြားလိုက်ရသဖြင့် စကားမပြောနိုင်တော့ဘဲ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်၏။

ထိုငှက်မိုက်လေးတွင် ကြီးမားသော စိတ်ပိုင်းဆိုင်ရာပြဿနာတချို့ ရှိနေနိုင်ကြောင်း သူ သံသယ ဝင်သွားခဲ့သည်။

တခြားသူများအတွက် သတ္တုတွင်းထဲရှိ ဘဝမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် အလွန်အမင်း နာကျင်စရာ ကောင်းလှ၏။

သို့ရာတွင် ထိုကောင်လေး၏ အမူအရာကို အကဲခတ်ကြည့်ရသလောက် ကျုံးချင်က တစ်စုံတစ်ခုကို ရှင်းလင်းစွာ ခံစားနေရသည်။

ရှောင်ကာသည် အလွန်အမင်း ပျော်ရွှင်နေသဖြင့် အိမ်ကိုပင် မေ့လျော့သွားပုံရသည်။

အမှန်တကယ်ကို သစ်တော ကြီးလေလေ ငှက် အမျိုးအစား ပိုများလေလေပင်။

အကယ်၍ ငှက်များအားလုံးကို အဆင့်သတ်မှတ်မည်ဆိုပါက ထိုငှက်မိုက်လေးသည် သေချာပေါက် တုံးအမိုက်မဲခြင်း၏ထိပ်ဆုံးတွင် ရှိနေပေလိမ့်မည်။

သူ ရသည်ဟုလည်း မပြောခဲ့သလို မရဘူးဟုလည်း မပြောခဲ့ချေ။

ရှောင်ကာသည် ရှင်းလင်းသောအဖြေတစ်ခုကို မရရှိသဖြင့် အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့ပေ၏။

သူ၏ဘဲနှုတ်သီးနှင့်တူသော နှုတ်သီးမှာ နေ့လည်ခင်း တစ်ခုလုံး ဆူနေခဲ့သည်။

နောက်ဆုံးတွင် ချီလင် ရှောင်ဟေးက သုန်မှုန်နေသောမျက်နှာဖြင့် မေးမြန်းလိုက်သည်။

"အဲဒီ ချဉ်စုတ်စုတ်မျက်နှာကို ဘယ်သူ့ကို ပြချင်နေတာလဲ..."

ထိုအချိန်မှသာ ရှောင်ကာသည် သူ၏နှလုံးသားထဲရှိ နာကြည်းမှုကို ဖိနှိပ်လိုက်၏။

သူက ချီလင်ရှောင်ဟေးကို အဆက်မပြတ် တောင်းပန်နေခဲ့သည်။

"အစ်ကိုကြီး... တောင်းပန်ပါတယ်... ကျွန်တော် မှားသွားပါတယ်..."

ထိုမြင်ကွင်းက ကျုံးချင်အား မရယ်မောဘဲ မနေနိုင်အောင် ဖြစ်စေခဲ့သည်။

All Chapters