← Chapters

ထိပ်တန်းအဆင့်

Vol. 10 Ch. 923

ထိပ်တန်းအဆင့်

Vol. 10 Ch. 923

ဆန်းလျန်က ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းသို့သွားရာလမ်းပေါ်တွင် ရောက်ရှိနေလေသည်။

လမ်းတစ်လျှောက် တွေ့မြင်ရသည့် ရှုမျှော်ခင်းများက အလွန်ထူးခြားသည်။ မြက်ခင်းပြင်များနှင့် သဲကန္တာရများသာရှိသည့်အတွက် အဓိကတွေ့မြင်ရသည့်အရောင်များမှာ အဝါရောင်နှင့် အစိမ်းရောင်များသာ ဖြစ်သည်။

မိုးမြေစွမ်းအားများကလည်း တစ်ကြိမ်မွေးဖွားဖြစ်တည်လာသည်နှင့် စိတ်ကူးနိုင်စွမ်းကိုပင် ကျော်လွန်လောက်အောင် များပြားလွန်းလှသည်။

စိမ်းလန်းသည့် မြက်ခင်းလွင်ပြင်များတွင် မိုးမြေစွမ်းအားများ တစ်ကြိမ်မွေးဖွားဖြစ်တည်လာလေတိုင်း မိုင်ထောင်ပေါင်းများစွအဝေးမှ အဝါရောင်သဲမှုံများလွင့်စင်လာကာ မိုးမြေစွမ်းအားများကို ဖျက်စီးပစ်သည့် အဖျက်စွမ်းအားများက နောက်မှလိုက်လာလေသည်။

သဲမုန်တိုင်းက မိုးမြေစွမ်းအားများကို ဖျက်စီးပစ်နေပြီး သဘာဝဥပဒေသများ အပိုင်းပိုင်းကွဲကြေကုန်ကြလေသည်။

မြက်ခင်းလွင်ပြင်က မိုးမြေစွမ်းအားများကို မွေးဖွားပေးပြီး သဲကန္တာရကတော့ မိုးမြေစွမ်းအားများကို ဖျက်စီးပစ်နေလေသည်။

သဲကန္တာရမှအဖျက်စွမ်းအားများက မည်မျှမြင့်မားသနည်းဆိုရပါမူ ထိုက်ယီထျန်းရှန်းအဆင့်ထက် နိမ့်ကျသည့် နတ်ဘုရားများကို ဦးခေါင်းများ အစိတ်စိတ်အမွှာမွှာကွဲကြေကုန်စေနိုင်လေသည်။ ထို့ကြောင့် မြက်ခင်းလွင်ပြင်နှင့် သဲကန္တာရကို ဖြတ်ကျော်နိုင်စွမ်း မည်သူ့တွင်မှ ရှိကြလိမ့်မည် မဟုတ်ပေ။

အမှန်တော့ ထိုမြက်ခင်းလွင်ပြင်နှင့်သဲကန္တာရမှာ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းနှင့် လူ့လောက ပုံမှန်ဆက်ဆံမှုမရှိစေရန် ပြုလုပ်ထားသည့် သဘာဝအတားအဆီးများဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်… ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းပတ်ဝန်းကျင်တစ်ခုလုံးတွင် ယင်စွမ်းအားများ များစွာမြင့်မားလာသည့်အတွက် နတ်ဆိုးဒေသတစ်ခုအဖြစ် လုံးလုံးလျားလျား တည်ရှိနေခဲ့ပြီဖြစ်ပြီး လူသားများနှင့် ပတ်သက်ဆက်နွယ်စရာ အကြောင်းမရှိတော့သည့် ဒေသတစ်ခု ဖြစ်သွားခဲ့သောကြောင့်ပင်။

သို့သော်… နတ်ဆိုးများအနေဖြင့်တော့ ယခုကဲ့သို့ ပတ်ဝန်းကျင်က အလွန်သင့်တော်လေသည်။ သူတို့အနေဖြင့် ကျင့်ကြံခြင်းပင် ပြုလုပ်နိုင်သေးသည်။

မြက်ခင်းလွင်ပြင်နှင့်သဲကန္တာရများကို ကျော်လွန်လာသည့်အခါ စစ်စခန်းများကို တွေ့မြင်ရမည်ဖြစ်ပြီး စစ်သည်တော်အုပ်စုများ စစ်ရေးလေ့ကျင့်နေသည်ကိုလည်း တွေ့မြင်နိုင်လေသည်။

စစ်ရေးလေ့ကျင့်နေကြသည့် နတ်ဆိုးစစ်သည်တော်များ၏ တိုက်ရည်ခိုက်ရည်များက နတ်ဘုရားများ ၊ နတ်မိစ္ဆာများနှင့် ကောင်းကောင်းယှဉ်နိုင်လေသည်။

အချို့သော နတ်ဆိုးစစ်သည်တော်များဆိုလျှင် အဆုံးမရှိ တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ကြပြီး တောင်များကိုပင် ကိုင်လှုပ်ကာ ဖြိုဖျက်ပစ်နိုင်စွမ်း ရှိကြလေသည်။ အချို့ကတော့ လျှပ်စီးအလား အလွန်လျှင်မြန်ကြသည်။ အချို့ကတော့ ဉာဏ်ရည်ထက်မြက်သူများ ဖြစ်ကြသည်။ အချို့က ရေနှင့်မီးကို ထိန်းချုပ်နိုင်ကြပြီး အချို့ကတော့ တာအိုတန်ခိုးစွမ်းအားများကိုပင် ဖိနှိပ်ထားနိုင်စွမ်း ရှိကြသည်။

သူတို့အားလုံး၏ စွမ်းရည်များမှာ အမျိုးမျိုးပင် ဖြစ်သည်။

နှစ်ပေါင်းအသင်္ချေကြာသည့်အခါ… မတူညီသည့်တာအိုအင်အားစုများ ၊ ဗုဒ္ဓဘာသာကျင့်ကြံမှုများ ဤနေရာတွင် ထွန်းကားလာပေလိမ့်မည်။  ထို့ပြင်… ဤနေရာသည် စကြာဝဠာဖွံ့ဖြိုးမှုတွင် အရေးပါသည့်နေရာတစ်ခု ဖြစ်လာပေမည်။

ဆန်းလျန် ရှေ့သို့အနည်းငယ်ဆက်လျှောက်သွားသည်။

မြက်ခင်းလွင်ပြင်က မိုင်ထောင်ချီကျယ်ပြန့်လေသည်။ ထူးခြားသည်မှာ ထိုမြက်ခင်းလွင်ပြင်ထက်တွင် စစ်ပွဲတစ်ခု ဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ပွဲ၏အငွေ့အသက်များက ကောင်းကင်ထက်တွင် ပျံ့လွင့်နေပြီး မြူခိုးများအလား စုစည်းနေလေသည်။ ကြောက်မက်ဖွယ်ရာအတိပင်ဖြစ်သည်။

ဆန်းလျန်က စစ်ပွဲကိုတစ်ချက်လေ့လာလိုက်ပြီး တိုက်ခိုက်နေကြသည့် စစ်တပ် (၂)ခုမှာ မည်သူများဖြစ်သည်ကို သိရှိလိုက်လေသည်။

သိပ်မကြာမီပင်… တိုက်ပွဲအတွင်းသို့ အဖြူရောင်ဝတ်ဆင်ထားသည့် လူရွယ်တစ်ယောက် ရောက်ရှိလာလေသည်။ ထိုအခါ… ကောင်းကင်တမာန်အုပ်စုတစ်စုက ထိုသူကို ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

ထိုအဖြူရောင်ဝတ်ဆင်ထားသူမှာ အားလော်ဟယ် ဖြစ်လေသည်။ သူက လူများ၏ ယုံကြည်မှုမှ တန်ခိုးစွမ်းအားများကို ရှာဖွေရန် လူ့လောကသို့ ရောက်လာခြင်း ဖြစ်သည်။ ယုံကြည်မှုမှရရှိသည့်တန်ခိုးစွမ်းအားများက သူ့ကို များစွာအကူအညီပေးလေသည်။

အားလော်ဟယ်က ဤဒေသမှ မျိုးနွယ်စုများကို သူ၏နောက်လိုက်များအဖြစ် စည်းရုံးသိမ်းသွင်းနေသည့်အတွက် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းက မကျေမနပ်ဖြစ်ကာ တိုက်ပွဲဖြစ်ပွားနေကြခြင်း ဖြစ်သည်။

ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ရဲ့လျိုယွင်မှာ အားလော်ဟယ်နှင့် တန်ခိုးစွမ်းအား တူညီသူတစ်ယောက် ဖြစ်သည်။

ထို့ကြောင့် ရဲ့လျိုယွင်၏ နတ်ဆိုးနယ်မြေတွင် အားလော်ဟယ်က အခက်အခဲမရှိ နေရာတစ်ခု ရယူထားနိုင်ခြင်း ဖြစ်သည်။ သူက ကောင်းမွန်သည့် ခံတပ်တစ်ခုကို တည်ဆောက်ထားပြီး မြို့တော်ကြီးတစ်ခုကိုလည်း တည်ဆောက်ထားလေသည်။

အားလော်ဟယ်က သူ၏ နက်ရှိုင်းသည့် တန်ခိုးစွမ်းအားများဖြင့် စကြာဝဠာထဲမှ ဥက္ကာခဲများကို ယူဆောင်ကာ မြို့တော်ကြီးကိုတည်ဆောက်ထားခြင်းဖြစ်လေသည်။ ထိုမြို့တော်ကြီးမှာ လောကတစ်ခုလုံးတွင် အခမ်းနားဆုံးမြို့တော်ကြီးဟု ဆိုနိုင်သည်။

မြို့တော်ကြီးက မိုင်ပေါင်းများစွာ ကျယ်ပြန့်ပြီး မျှော်စင်ကြီးများက ပေထောင်ပေါင်းများစွာ ရှည်လျားလေသည်။ ထိုသို့သော မြို့တော်ကြီးကို ဖျက်စီးပစ်ရန်မှာ အလွန်ပင်ခက်ခဲပေမည်။

ဤမြင့်မြတ်သည့်မြို့တော်ကြီးသည် ဟွမ်ချွမ်နတ်ဆိုးနယ်မြေ၏ ဗဟိုဖြစ်သည့် မြက်ခင်းလွင်ပြင်တွင် တည်ရှိလေသည်။

ဟွမ်ချွမ်နတ်ဆိုးနယ်မြေတွင် အားလော်ဟယ်၏ မြို့တော်ကြီးက ကြယ်စင်မြို့တော်ကြီးတစ်ခုအလား ဖြစ်လေသည်။

အားလော်ဟယ်အနေဖြင့် မြင့်မြတ်သည့်မြို့တော်ကြီးကို အခိုင်အမာ အကာအကွယ်ယူထားနိုင်သရွေ့ စစ်ပွဲအတွင်းတွင် အခိုင်အမာ ရပ်တည်နိုင်မည် ဖြစ်သည်။ သူ့တွင် စွမ်းအားအပြည့်ရှိနေပြီး တိုက်စစ်ဖြစ်စေ ခံစစ်ဖြစ်စေ အကောင်းဆုံးပြုလုပ်နိုင်လေသည်။

မြို့စောင့်တပ်တစ်တပ်ဖွဲ့တစ်ခုလည်း ရှိနေပြီး ထိုတပ်ဖွဲ့ကို ကောင်းကင်တမာန်များဖြင့် ဖွဲ့စည်းထားသည်။

ထို့ကြောင့် ဤတိုက်ပွဲမှာ နတ်ဘုရားနှင့် နတ်ဆိုးများ ရောနှောနေသည့် ရှားပါးတိုက်ပွဲဖြစ်လေသည်။ ရှေးခေတ်အခါက လူသားနှင့်နတ်ဘုရားများ၏ စစ်ပွဲကဲ့သို့ ဖြစ်သည်။

ဤကဲ့သို့သော စစ်ပွဲအမျိုးအစားက အချိန်ကာလကြာလာသည်နှင့်အမျှ အရှိန်လည်းမြင့်တက်လာတတ်လေသည်။

ထို့ပြင် အားလော်ဟယ်၏နောက်တွင် ကောင်းကင်တိုင်းပြည်က အခိုင်အမာရှိလေသည်။ ထို့ကြောင့် သူ့အနေဖြင့် ရေရှည်တိုက်ပွဲကို အမှုမထားဘဲ တိုက်ခိုက်နိုင်သည်။

နတ်ဆိုးများကို ဦးဆောင်သူကတော့ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းဖြစ်သည်။ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းတွင်လည်း များပြားလှစွာသော ရိက္ခာများ ၊ မှော်ဝင်ပစ္စည်းများ သုံးမကုန်အောင် ရှိလေသည်။

ပြဒါးဆေးများသည်လည်း ပေါကြွေယ်လွန်းလှလေရာ ဆန်းလျန်သည်ပင် အံ့သြသွားရသည်။

သို့သော်… ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း အဘယ့်ကြောင့် ထိုမျှလောက်ကြွယ်ဝသည့် နောက်ခံအင်အားရှိနေသည်ကို ဆန်းလျန် ချက်ချင်းပင် နားလည်သွားရသည်။

အဘယ်ကြောင့်ဆိုသော်… လက်ရှိ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းကို အုပ်ချုပ်နေသူထံတွင် လော်စန်းတံခါးဆိုသည့် မှော်ဝင်ပစ္စည်းတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

လော်စန်းတံခါးဖွင့်လိုက်သည်နှင့် တံခါးနော်ကကွယ်တွင် ကျယ်ပြန့်ပြီး အကန့်အသတ်ကင်းမဲ့သည့် လောကကြီးတစ်ခု ရှိလေသည်။ ထိုလောကထဲတွင် မှော်ဝင်ပစ္စည်းပေါင်းများစွာ ရှိလေ၏။

ဆန်းလျန် သေသေချာချာလေ့လာပြီးသည့်နောက် လော်စန်းတံခါးတွင် မတူညီသည့်အကျိုးအမြတ်များစွာရှိနေပြီး လူအများကို မည်သည်ကအမှား ၊ မည်သည်ကအမှန်ဟု ခွဲခြားနိုင်စွမ်း လော်စန်းတံခါးသည် ခန့်မှန်းရခက်သည့် အရာတစ်ခု ဖြစ်လေသည်။

ဆန်းလျန်က ခန့်မှန်းရခက်သည့်အရာများကို ပိုပြီး စိတ်ဝင်စားတတ်သူဖြစ်သည်။

ဟွမ်ချွမ်နန်ဆိုးဂိုဏ်း၏ နတ်ဆိုးစစ်တပ်ကြီးသည် ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားများကိုပင် တားဆီးနိုင်စွမ်းရှိသည်။ သို့သော်… ဆန်းလျန်ကိုတော့ တားဆီးထားနိုင်ခြင်း မရှိပေ။

သူက စစ်ပွဲအလယ်မှဖြတ်သန်းသွားပြီးနောက် စစ်စခန်းများကို ဖြတ်ကျော်သွားကာ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း၏ အဓိကစစ်စခန်းကြီးတည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့သည်။

စစ်စခန်းကြီးကို ဦးစီးအုပ်ချုပ်နေသူမှာ အနက်ရောင်ဝတ်ဆင်ထားသည့်လူငယ်တစ်ယောက် ဖြစ်သည်။ ရုပ်ရည်က ချောမောပြေပြစ်ပြီး နှုတ်ခမ်းပါးတို့က မိစ္ဆာဆန်မှုနှင့် လျှို့ဝှက်နက်နဲမှုများကို ပြသနေသည်။ သူ့ပုံစံက အလွန်ပင် ဆွဲဆောင်မှုရှိလေ၏။

သူက ဆန်းလျန်ရောက်လာသည်ကို သိရှိလိုက်သည်နှင့် စစ်စခန်းထဲမှ ထွက်လာပြီး ကြိုဆိုလိုက်သည်။

"နတ်ဘုရား ၊ ဘာကိစ္စရှိလို့ စစ်မြေပြင်ကို ရောက်လာတာလဲ…"

ဆန်းလျန်က…

"လောကမှာ ကျုပ်မသိတဲ့အရာဆိုလို့ နည်းနည်းလေးပဲ ရှိတယ် ၊ ဒါပေမဲ့ မင်းဘယ်ကလာလဲဆိုတာ ကျုပ်လုံး၀ မသိဘူးဖြစ်နေတယ် ၊ ပြောပါဦး… မင်းဘယ်ကနေလာတဲ့သူလဲ…"

စစ်စခန်းအုပ်ချုပ်ရေးမှူးက…

"ကျုပ်က ကံကြမ္မာလမ်းတစ်ဖက်ခြမ်းကနေ ရောက်လာတဲ့သူပဲ ၊ မင်းက တန်ခိုးစွမ်းအားတော့ မြင့်မားပုံရပါရဲ့ ၊ ဒါပေမဲ့ လွတ်မြောက်နိုင်စွမ်းမရှိသေးတာတော့ စိတ်မကောင်းစရာပဲ ၊ ဒီနေရာကလူတွေအားလုံး ဒီအတိုင်းပါပဲ ၊ လက်ရှိမှာ ထိပ်တန်းအဆင့်ရောက်နေတဲ့ ကျင့်ကြံသူတွေအားလုံးလည်း ဒီအတိုင်းပါပဲ…"

ဆန်းလျန်က စစ်စခန်းအုပ်ချုပ်ရေးမှူးကို ခြေဆုံးခေါင်းဆုံး တစ်ချက်အကဲခတ်လိုက်သည်။ ထိုသူက မယုံနိုင်လောက်အောင် တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဘုရားတစ်ပါးဖြစ်သည်ကို ဆန်းလျန် သိရှိလိုက်သည်။

ထိုသူက အားလော်ဟယ်နှင့်နှိုင်းယှဉ်လိုက်လျှင် ဟိုဘက်အစွန်းနှင့်ဒီဘက်အစွန်းဟုပြောရလောက်အောင်ပင် ကွဲပြားသည့် နတ်ဘုရားတစ်ပါးဖြစ်သည်။

အားလော်ဟယ်က မြင့်မြတ်ကျယ်ပြန့်သည်ဆိုလျှင် စစ်စခန်းအုပ်ချုပ်သူကတော့ ထူးဆန်းနက်ရှိုင်းလေသည်။

သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် မိစ္ဆာစွမ်းအားများကတော့ မာရ်နတ်နှင့် အလားသဏ္ဍန်တူလွန်းလှသည်။

ဆန်းလျန်က…

"ကံကြမ္မာလမ်းမှာ လမ်းခွဲတွေအများကြီးရှိတယ် ၊ ဒါကြောင့်လည်း မတူညီတဲ့ဘဝတွေမှာ မတူညီတဲ့ ကံကြမ္မာတွေ ရှိကြတာပေါ့ ၊ ဒါပေမဲ့ စစ်မှန်တဲ့ဖြစ်တည်မှုကို မသိနိုင်သေးသရွေ့ ကံကြမ္မာဆိုတာ ပုံရိပ်တွေပါပဲ ၊ မင်းအနေနဲ့ ကျုပ်နဲ့ ပတ်သက်စရာ အကြောင်းမရှိပါဘူး…"

ဆန်းလျန်က ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ကျုပ်သိချင်တာ တစ်ခုရှိတယ် ၊ ကျုပ်က အတော်လေး တန်ခိုးစွမ်းအားမြင့်မားတဲ့သူတစ်ယောပ်ပါ ၊ ပြီးတော့ မတူညီတဲ့ဘဝတွေမှာ မတူညီတဲ့ကံကြမ္မာတွေရှိတယ်ဆိုတာလည်း ကျုပ်နားလည်တယ် ၊ ဒါပေမဲ့မင်းက ဘာလို့ ဒီလောကထဲမှာ ပြန်ပေါ်လာရတာလဲ…"

စစ်စခန်းအုပ်ချုပ်ရေးမှူးက…

"မင်းက ကျုပ်ကို ဒီလိုမေးခွန်းမျိုး မေးတာဆိုတော့ ကျုပ်ကိုများ လောကမှာအဆင့်အမြင့်ဆုံး နတ်ဘုရားတစ်ပါးလို့ ထင်နေလို့လား…"

***

All Chapters