← Chapters

သူတော်စင်များထဲမှသူရဲကောင်းဆန်သည့်လုပ်ရပ်

Vol. 10 Ch. 926

သူတော်စင်များထဲမှသူရဲကောင်းဆန်သည့်လုပ်ရပ်

Vol. 10 Ch. 926

ရဲ့လျိုယွင်က ဝိညာဉ်မြစ်ကိုတစ်ချက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကို အသာမြှောက်လိုက်ရင်း…

"ထာဝရဓား ဘယ်မှာ ရှိနေလဲဆိုတာ ကျုပ်မသိဘူး ၊ ခင်ဗျား မယုံလည်း မတတ်နိုင်ဘူး တိကျန်ဗောဓိသကျ ၊ ကောလဟလတွေကလည်း အရမ်းများတယ်လေ ၊ ကျုပ်တို့ အလောင်းအစားတစ်ခုလုပ်ရအောင် ၊ တကယ်လို့ ကျုပ် ရှုံးခဲ့ရင် ခင်ဗျားကို ထာဝရဓားဘယ်မှာရှိလဲဆိုတာ ကူရှာပေးမယ် ၊ ဘယ်လိုလဲ…"

တိကျန်ဗောဓိသကျက အဆင်သင့်ဖြစ်နေဟန်ဖြင့်…

"ဘယ်လို အလောင်းအစားမျိုးလဲ…"

ရဲ့လျိုယွင်က သူ၏နက်ရှိုင်းသည့်အကြည့်များကို ဝိညာဉ်မြစ်မှ အကြည့်လွှဲလိုက်ရင်း…

"တိကျန်ဗောဓိသကျရဲကတန်ခိုးစွမ်းအားတွေက အကန့်အသတ်မရှိကျယ်ပြန့်တယ် ၊ ခင်ဗျား ဝိညာဉ်မြစ်ကို ခြောက်သွေ့သွားအောင်လုပ်နိုင်ရင် ခင်ဗျားနိုင်မယ် ၊ မလုပ်နိုင်ရင် ခင်ဗျား ရှုံးမယ်… ဘယ်လိုလဲ…"

ကစားပွဲတွင် တိကျန်ဗောဓိသကျ ရှုံးနိမ့်မည်ဟု ရဲ့လျိုယွင် သေချာပေါက် မပြောရဲပေ။

တိကျန်ဗောဓိသကျက တည်ကြည်သည့်မျက်နှာထားဖြင့်…

"ကျုပ်ဘုန်းကြီး အခုပဲလုပ်မယ်…"

ရဲ့လျိုယွင်က တိကျန်ဗောဓိသကျကို လေးစားသွားသည့်ဟန်ဖြင့် ကြည့်လိုက်မိလေသည်။

အတိတ်အချိန်တုန်းက ယမမင်းတစ်ပါးပြောဖူးသည့် စကားရှိသည်။

"သွေးနီရောင်ပင်လယ် မခမ်းခြောက်နိုင်သကဲ့သို့ ဝိညာဉ်မြစ်သည်လည်း မည်သည့်အခါမှ မခမ်းခြောက်နိုင်" ဆိုသည့် စကားဖြစ်သည်။

ထိုစကားကြောင့် လောကတွင် ဝိညာဉ်မြစ်ကို ခမ်းခြောက်စေလောက်အောင် တန်ခိုးစွမ်းအားမြင့်မားသူ တစ်ဦးတစ်လေမှ မရှိဟု ရဲ့လျိုယွင် ယုံကြည်ထားလေသည်။

ထို့ပြင် ဝိညာဉ်မြစ်သည် သွေးနီရောင်ပင်လယ်ထက်ပိုပြီး ရှည်လျားလေသည်။ ထို့ကြောင့် ဝိညာဉ်မြစ်ကို ခမ်းခြောက်စေလိုလျှင် ပေးဆပ်ရမည့်တန်ဖိုးကလည်း သေးမည်မဟုတ်ပေ။ တန်ခိုးစွမ်းအား မည်မျှ အသုံးပြုရမည်ကို မည်သူမှ မသိရှိနိုင်ပေ။

တိကျန်ဗောဓိသကျကတော့ ကြောက်ရွံ့သွားဟန် မရှိပေ။ သူက အနိုင်ရရန် ခဲယဉ်းသည့် လောင်းကစားပွဲကို လက်ခံလိုက်သည်။

တိကျန်ဗောဓိသကျကို ဒုက္ခပေးရန် ကြိုးစားနေသည့် ရဲ့လျိုယွင်သည်ပင် ထိုအချိန်ခဏတွင် တိကျန်ဗောဓိသကျ၏ ဂုဏ်သရေရှိမှုကိုလေးစားသွားမိသည်။ တိကျန်ဗောဓိသကျသည် သူရရှိထားသည့် ကျင့်ကြံခြင်းအဆင့်သို့ရောက်ရန် ထိုက်တန်သူတစ်ယောက် ဖြစ်သည်။

ဟွမ်ချွမ်နယ်မြေတစ်ခုလုံးကိုသာမက စကြာဝဠာတစ်ခုလုံးကို ရဲ့လျိုယွင် ပိုင်ဆိုင်သည်ဆိုဦးတော့ တိကျန်ဗောဓိသကျကလည်း ထိုက်စန်းတောင်ကိုပင်ရွှေ့ကာ မြောက်ပိုင်းပေမင်ပင်လယ်ကို ဖိနှိပ်ထားနိုင်စွမ်းရှိသူ ဖြစ်သည်။

ရဲ့လျိုယွင်သည်ပင်လျှင် စကြာဝဠာတစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသည့် သေခြင်းရှင်ခြင်းတရား၏အရင်းအမြစ်ဖြစ်တည်ရာ ဝိညာဉ်မြစ်ကို မည်သို့ခမ်းခြောက်အောင် ပြုလုပ်ရမည်ကို မသိရှိပေ။

တော်လိုက်တဲ့ တိကျန်ဗောဓိသကျ ၊ တကယ့်ကိုတော်ပါပေသော တိကျန်ဗောဓိသကျ…။

တိကျန်ဗောဓိသကျက ဝိညာဉ်မြစ်ကမ်းသို့ ဖြည်းညင်းစွာဆင်းသွားပြီး မြစ်ကမ်းနံဘေးတွင် တင်ပျဉ်ခွေထိုက်လိုက်သည်။ ထို့နောက် ပါးစပ်ကို ဖွင့်ဟလိုက်ကာ ဝိညာဉ်မြစ်ရေများကို သူ့ပါးအတွင်းသို့ စီးဝင်စေကာ မြိုချလိုက်သည်။

ရေများစွာကိုစုပ်ယူနိုင်စွမ်းရှိသည့် ဝေလငါးကြီးများပင်လျှင် တိကျန်ဗောဓိသကျကို မီမည်မထင်ပေ။ ဝိညာဉ်မြစ်မှ ရေများသည် ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ခမ်းခြောက်သွားလေသည်။

တိကျန်ဗောဓိသကျ၏ ထိုသို့သော တန်ခိုးစွမ်းအားများသည် မိုးနှင့်မြေကိုပင် ထိုးဖောက်နိုင်စွမ်းရှိသည်။

စိတ်မကောင်းစရာမှာ ဝိညာဉ်မြစ်ဆိုသည်က အဆုံးမရှိပေ။ ထို့ကြောင့် တိကျန်ဗောဓိသကျ ဝိညာဉ်မြစ်ကို ခမ်းခြောက်အောင် ပြုလုပ်နေသည့်တိုင် ကြီးမားသည့် ငါးကြီးတစ်ကောင်က ရေကိုထိန်းချုပ်နေသကဲ့သို့ပင် ဖြစ်ရသည်။

ဝိညာဉ်မြစ်တစ်ခုလုံးကို ခမ်းခြောက်စေရန်မှာ စိတ်ကူး၍ပင် မရနိုင်ပေ။ သို့သော်… တိကျန်ဗောဓိသကျကတော့ အလျှော့ပေးမည်မဟုတ်။

အတိတ်တစ်ချိန်တုန်းက တိကျန်ဗောဓိသကျပြောခဲ့သည့် စကားတစ်ခွန်းရှိခဲ့ဖူးသည်။

"ငရဲတွင် လူသူပြတ်လတ်မည်မဟုတ်…" ဆိုသည့် စကားဖြစ်လေသည်။

ထိုစကားက မိုက်မဲရာကျသည့်စကားဖြစ်သည်ဟု ထင်စရာရှိသော်လည်း တိကျန်ဗောဓိသကျကတော့ ပြောခဲ့လေသည်။

ကိုယ်လုပ်နိုင်သည့်အလုပ်ကို သိရှိခြင်းက ပညာရှိခြင်း ဖြစ်သည်။ ကိုုယ်မလုပ်နိုင်သည့်အလုပ်ကို သိရှိခြင်းကတော့ သူတော်စင်ပီသခြင်းကို ဖော်ပြသည်။

တိကျန်ဗောဓိသကျ၏လုပ်ရပ်ကတော့ သူတော်စင်များထဲတွင် သူရဲကောင်းဆန်သည့်လုပ်ရပ် ဖြစ်လေသည်။

ဝိညာဉ်မြစ်ရေများကို ပါးစပ်ဖြင့်စုပ်ယူကာ မြိုချပြီး ကုန်းမြေထက်သို့ ပြန်လည်အန်ထုတ်နေသည့် တိကျန်ဗောဓိသကျကို ရဲ့လျိုယွင် စိုက်ကြည့်နေရင်း သူ့ စိတ်များ အနည်းငယ် ရှုတ်ထွေးလာရသည်။

အမှန်တော့သူက အလောင်းအစား မပြုလုပ်ချင်ခဲ့ပေ။ သူက ထာဝရနယ်မြေကိုသာ တည်ထောင်လိုခြင်း ဖြစ်သည်။ သူ့အနေဖြင့် လူပြန်ဝင်စားခြင်းနှင့်သံသရာလည်ခြင်းကို ဖျက်စီးပစ်နိုင်မှာသာ ထာဝရနယ်မြေကို တည်ထောင်နိုင်မည် ဖြစ်သည်။

လူပြန်ဝင်စားခြင်းနှင့်သံသရာလည်ခြင်း၏ အဓိကရင်းမြစ်မှာ အသူရာချောက်မှ ဝိညာဉ်မြစ်ပင်ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဉ်မြစ်ကို လုံးဝမတားဆီးနိုင်ခဲ့ပေ။ ထိုအချက်က သူ့ကို အတော်လေး သည်းမခံနိုင်စရာ ဖြစ်စေခဲ့သည်။

တိကျန်ဗောဓိသကျသာလျှင် ထိုသို့ပြုလုပ်နိုင်သည့် တန်ခိုးစွမ်းအားနှင့် အကြောက်အရွံ့ကင်းမဲ့သည့် သတ္တိကို ပိုင်ဆိုင်ထားသည်။ ရဲ့လျိုယွင်ကလည်း သတ္တိနည်းသူတစ်ယောက် မဟုတ်ပေ။ သို့သော်… သူ၏ တန်ခိုးစွမ်းအားက တိကျန်ဗောဓိသကျထက် နည်းပါးလေသည်။

သတ္တိနှင့်တန်ခိုးစွမ်းအားသည် စိတ်ဆန္ဒနှင့်ပေါင်းစပ်လိုက်သည့်အခါ ပြိုင်ပွဲတစ်ခုက သဘာဝကျစွာ ဖြစ်ပေါ်လာခဲ့သည်။

တိကျန်ဗောဓိသကျ အလောင်းအစားတွင် အနိုင်ရလျှင် ရဲ့လျိုယွင်အတွက် အမြတ်ထွက်ပြီး တိကျန်ဗောဓိသကျ ရှုံးနိမ့်ခဲ့လျှင် ရဲ့လျိုယွင်အတွက်လည်း အကျိုးမရှိတော့ပေ။

မည်သူမှ တိကျန်ဗောဓိသကျက ထိုသို့သော အလောင်းအစားမျိုးကို ပြုလုပ်လိမ့်မည်ဟု ထင်ထားကြမည် မဟုတ်ပေ။

မီလဲ့ကိုယ်တော်နှင့် အားလော်ဟယ်တို့သာ ထိုအချက်ကို သိရှိသွားမည်ဆိုပါက အလွန်အမင်းဒေါသထွက်ကြပေလိမ့်မည်။ သူတို့က သံသရာလည်ခြင်းတရား၏ အစိတ်အပိုင်းများကို ခိုးယူကာ ကျင့်ကြံခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် သံသရာလည်ခြင်းတရားသာ ပျက်စီးသွားလျှင် သူတို့ကျင့်ကြံထားသည်များအားလုံး ပြန်လည်အန်ထုတ်ကြရပေမည်။ ထိုအခါ အကျိုးသာမက အရင်းများပါ ပါသွားကြပေလိမ့်မည်။

သို့သော်… တိကျန်ဗောဓိသကျ၏ လုပ်ဆောင်ချက်မှာ ခဏတာမျှသာ ရှိသေးသဖြင့် ဝိညာဉ်မြစ်အတွင်းမှ ထူးခြားမှုကို မည်သူမှ သတိပြုမိကြခြင်း မရှိသေးပေ။ ထို့ပြင်… ဝိညာဉ်မြစ်သည်လည်း နဂါးငွေ့တန်းထက်ပင် နက်ရှိုင်းသည့်မြစ်တစ်ခုဖြစ်လေရာ တော်ရုံမြစ်ရေများလျော့နည်းသွားခြင်းက မသိသာလှပေ။

***

စစ်စခန်းအတွင်းတွင်တော့ ဆန်းလျန်က ရုတ်တရက် ပြောလိုက်သည်။

"မိုးနဲ့မြေက သူရဲကောင်းဆန်တယ် ၊ ပြီးတော့ မြေကြီးက အချက် (၃)ချက်နဲ့ ပြည့်ဝနေတယ်…"

ဤနေရာ ဤဒေသသို့ ကံကြမ္မာလမ်းကို ဖြတ်သန်းရောက်ရှိလာသူမှာ စစ်စခန်းမှုအပြင် ပလ္လင်ထက်မှ ဆန်းလျန်လည်း ရှိနေသေးသည်။

ထိုသူ မည်သူဖြစ်သည်ကို ဆန်းလျန်က ချက်ချင်းသိလိုက်လေသည်။ ထိုသူက နောက်ထပ်ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

"ဒီလူက ခင်ဗျားမဟုတ်ဘူးဆိုရင်တောင် တကယ်တော်တဲ့ ပုဂ္ဂိုလ်ပဲ ၊ ဘာလို့ ဒီလိုခံစားချက်မျိုး ရုတ်တရက် ခံစားရတာပါလိမ့်…"

ဆန်းလျန်က စစ်စခန်းအုပ်ချုပ်သူ၏ အမေးကိုမဖြေဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။

"ကျုပ်က အားလော်ဟယ်နဲ့ မပတ်သက်ချင်ဘူး ၊ ဒါပေမဲ့ ဒီနေရာကိုရောက်လာမှတော့ မပတ်သက်ချင်လို့လည်း မရတော့ဘူး…"

ဆန်းလျန်၏စကားကြောင့် စစ်စခန်းအုပ်ချုပ်ရေးမှူးက အပျော်လွန်သွားပြီး စိတ်ထဲမှ တိတ်ဆိတ်စွာ ပြောလိုက်သည်။

"ရဲ့လျိုယွင်က အားလော်ဟယ်ထက် နည်းနည်ပဲ သာတာ ၊ ဒါကြောင့် မြင့်မြတ်တဲ့မြို့တော်ကိုတိုက်ခိုက်ဖို့အတွက် ဟွမ်ချွမ်နတ်ဆိုးစစ်သည်တွေရဲ့ စွမ်းအားကို အသုံးပြုနေရတာ ၊ အခု ထိပ်တန်းအဆင့်နတ်ဘုရားတစ်ပါးက ဒီလိုပြောပြီဆိုတော့ ပြဿနာကြီးတော့ ဖြစ်လာတော့မယ်ထင်တယ် ၊ စကြာဝဠာကြီးအဆုံးမသတ်သေးသရွေ့ ငါလည်း မလွတ်မြောက်နိုင်သေးဘူး ၊ ဒီတော့ ဒီနတ်ဘုရားကို ကောင်းကောင်းဆက်ဆံမှပဲဖြစ်မယ် ၊ သူသာ အားလော်ဟယ်ကို တိုက်ခိုက်ပေးရင် ငါက ဒီနေရာမှာ အေးအေးဆေးဆေး နေရုံပဲ…"

စစ်စခန်းအုပ်ချုပ်ရေးမှူးက ဉာဏ်ပညာကြီးမားသည့် ၊ ဇွဲကောင်းသည့် ၊ ဆုံးဖြတ်ချက်ခိုင်မာသည့် သူတော်စင်တစ်ပါး မဟုတ်ပေ။

သူက ကံကြမ္မာလမ်းကိုဖြတ်ကျော်လာသည့် စေတန်ဖြစ်လေသည်။ မာရ်နတ်၏ကိုယ်ခွဲတစ်ခုဟုလည်း ဆိုနိုင်သည်။ လောလောဆယ်တွင်တော့ သူ့နာမည်မှာ ပီလျဲ့ဖြစ်သည်။

သူ၏ ကျင့်စဉ်လမ်းအဆင့်က လက်ရှိအချိန်တွင် ရှေ့မဆက်နိုင်ဖြစ်နေခဲ့လေသည်။ ထို့ကြောင့် သူက ဒီအတိုင်း ထိုင်မနေချင်သည့်အတွက် အားလော်ဟယ်နှင့် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူက ရဲ့လျိုယွင်ထံတွင် ခိုလှုံပြီး ဟွမ်ချွမ်နတ်ဆိုးစစ်သည်တော်များကို အုပ်ချုပ်သည့် စစ်စခန်းအုပ်ချုပ်ရေးမှူးနေရာပေးပါရန် တောင်းဆိုခဲ့သည်။

ယခုရက်ပိုင်းအတွင်း သူနှင့်အားလော်ဟယ် အဆက်မပြတ်တိုက်ခိုက်နေခဲ့ကြသော်လည်း အားလော်ဟယ်၏ မြင့်မြတ်သည့်မြို့တော်ဘက်မှ အင်အားများ ပိုမိုများပြားလာလေသည်။

ထို့ကြောင့် သူတဖြည်းဖြည်း အကျိုးမရှိသလို ခံစားလာရပြီး တိုက်ခိုက်လိုစိတ်များပင် ဆုံးရှုံးလာရသည်။

ပထမတော့ သူက ရဲ့လျိုယွင်ထံမှ အကူအညီများရမည်လားဟု စောင့်မျှော်နေခဲ့မိသည်။ သို့သော်… ရဲ့လျိုယွင်ထံမှ အကူအညီရရှိရန် မသေချာလှပေ။

ယခု ဆန်းလျန်၏စကားကို ကြားလိုက်ရသည့်အခါ သူ ပျော်ရွှင်သွားခဲ့လေသည်။

ထို့နောက် ပီလျဲ့က သူ၏ပျော်ရွှင်မှုကို အခြားသူများမသိအောင် ဖုံးကွယ်လိုက်ပြီး ဝမ်းနည်းဝမ်းသာမရှိသည့် လေသံဖြင့်…

"အားလော်ဟယ်ရဲ့ တန်ခိုးစွမ်းအားက အရမ်းမြင့်မားသလို ဉာဏ်လည်းအရမ်းများတယ် ၊ ဒါပေမဲ့ ခင်ဗျားရဲ့ တန်ခိုးစွမ်းအားနဲ့ဆိုရင် အားလော်ဟယ်ကို နှိမ်နင်းဖို့ လုံးဝအခက်အခဲမရှိနိုင်ပါဘူး ၊ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့ ၊ ဘယ်လောက်အဆင့်မြင့်နည်းလမ်းတွေအသုံးပြုရမလဲဆိုတာလည်း ကျုပ်မသိဘူး ၊ ကျုပ်တို့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင်တော့ ကောင်းတာပေါ့…"

ဆန်းလျန်က သူ့ကိုစိုက်ကြည့်ပြီး ပြုံးလိုက်သည်။

"ကျုပ်က မင်းကို ဓားစာခံအဖြစ်အသုံးချမယ်ဆိုရင်ရော မင်း ကျုပ်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိဦးမှာလား…"

ပီလျဲ့က ရယ်မောလိုက်ရင်း…

"ဒါကတော့ လူကြီးမင်းက ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ… ၊ လူကြီးမင်းပဲ ဆုံးဖြတ်ပေါ့..."

ပီလျဲ့က လှည့်စားတတ်သည့်သဘောရှိသည်ကို ဆန်းလျန် သိပြီးသား ဖြစ်လေသည်။

ဆန်းလျန်က…

"ဒါဖြင့်လည်း ကျုပ်သွားတော့မယ်…"

ပထမတော့ ဆန်းလျန် ထွက်ခွာသွားသည်ကို ပီလျဲ့က အရေးမစိုက်ပေ။

ဆန်းလျန်ထွက်ခွာသွားသည်နှင့် စစ်စခန်းအုပ်ချုပ်ရေးမှူးပလ္လင်ထက်မှ ကျွမ်ကျိုးလည်း ပျောက်ကွယ်သွားလေသည်။ ကျွမ်ကျိုးသည် အိပ်မက်တစ်ခုမျှသာဖြစ်ပြီး ဆန်းလျန်အဖြစ် အိပ်မက်မက်ခဲ့သူတစ်ယောက်သာ ဖြစ်သည်။

ဆန်းလျန် တကယ်တမ်းထွက်ခွာသွားသည့်အခါမှ ပီလျဲ့ အနည်းငယ် နောင်တရသွားပြီး စစ်စခန်းအပြင်သို့ ထွက်ခွာလာလေသည်။ သူက အနက်ရောင်အတောင်ပံတစ်စုံကို ဖြန့်ကားလျှက် ပတ်ဝန်းကျင်တွင် ဆန်းလျန်ကို လှည့်လည်ရှာဖွေလိုက်သည်။ သို့သော်… ဆန်းလျန်၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။

သူ စိတ်ပျက်သွားပြီး အခွင့်အရေးကောင်းကြီးတစ်ခုကို လက်လွှတ်လိုက်ရပြီဟု တွေးလိုက်မိသည်။

သို့သော်… ပီလျဲ့ နောင်တရ၍ မဆုံးခင်မှာပင် အားလော်ဟယ်၏ မြင့်မြတ်သည့်မြို့တော်အတွင်းမှ ကောင်းကင်တမာန်တစ်စု ပျံသန်းထွက်ခွာလာကြလေသည်။

မြေကြီးလည်းအရှိန်ပြင်းစွာလှုပ်ခတ်သွားပြီး မြေပြင်ထက်မှ မိစ္ဆာစစ်တပ်ကြီးတစ်တပ်လည်း ချီတက်လာလေ၏။ ယခု စစ်ပွဲက ပီလျဲ့၏ စစ်စခန်းတစ်ခုလုံးကို ဖျက်စီးပစ်တော့မည်မှာ အသေအချာပင်။

အားလော်ဟယ်၏ စစ်တပ်မှ တောင်လောက်မြင့်မားသည့် ဘီလူးကြီးများပင် ပါဝင်လာသည်ကို ပီလျဲ့ တွေ့မြင်နေရသည်။ သူတို့သည် ဒိုင်းများနှင့် မိုးကြိုးစွမ်းအားတူလက်နက်များကိုလည်း ကိုင်ဆောင်လာကြသည်။

ပီလျဲ့မှာ စစ်တပ်ကြီးကိုကြည့်ရင်း သတ္တိများပျောက်သွားကာ ကြောက်ရွံ့၍ပင်လာသည်။

သူက ဤစစ်ပွဲကို အသေခံပြီး တိုက်ခိုက်ရလောက်သည်အထိ စိတ်ဓာတ်ခိုင်မာသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ချက်ချင်းပင် ထွက်ပြေးရန် ကြံစည်လေတော့သည်။

ထိုအချိန်မှာပင်… မြင့်မြတ်သည့်မြို့တော်မှ ကောင်းကင်တမာန်တော်ချုပ် (၄)ပါး ပျံသန်းထွက်ပေါ်လာကြလေသည်။ သူတို့၏လက်ထဲတွင် ကားတိုင်များကို ကိုင်ဆောင်ထားကြပြီး ကားတိုင်များမှ အလင်းရောင်များ ဖြာလင်းတောက်ပနေကြသည်။

ထိုအလင်းရောင်များအတွင်းမှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး ပီလျဲ့ကို ဝန်းရံထားလိုက်ကြသည်။

ပီလျဲ့အနေဖြင့် အားလော်ဟယ်နှင့် ရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ကားတိုင်ဆိုသည်က အားလော်ဟယ်၏ တန်ဖိုးအရှိဆုံး ရတနာပစ္စည်း ဖြစ်သည်။

ထို့ကြောင့် ကားတိုင်မှ ထွက်ပေါ်လာသည့် အလင်းတန်းများမှာ လောကတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး တန်ခိုးစွမ်းအားများဖြစ်ပြီး ထိုတန်ခိုးစွမ်းအား များဖြင့် ချုပ်နှောင်ခံရပါက လုံး၀ ထိုးဖောက်ထွက်နိုင်တော့မည် မဟုတ်ပေ။

ပီလျဲ့အနေဖြင့်လည်း ထိုတန်ခိုးစွမ်းအားများကို ဖျက်စီးပစ်ရန် လုံးဝမတတ်နိုင်ပေ။

ထိုအချိန်ခဏလေးမှာပင်… ပီလျဲ့ ဝမ်းနည်းလာမိလေသည်။

အဘယ်ကြောင့်ဆိုသော်… သူက ဆန်းလျန်နှင့် ဆုံတွေ့ခဲ့သည့်တိုင် အခွင့်အရေးကို လက်လွှတ်ခံခဲ့သည့်အတွက် ယခုကဲ့သို့ အန္တရယ်ရှိသည့် အနေအထားသို့ ကျရောက်ရခြင်းပင်ဖြစ်သည် မဟုတ်ပါလား။

***

All Chapters