← Chapters

အခန်း (၂၅၆-၂၅၈)

Vol. 18 Ch. 256-258

အခန်း (၂၅၆-၂၅၈)

Vol. 18 Ch. 256-258

အခန်း ၂၅၆

သည် အခြားလူများ သို့မဟုတ် သားရဲများနှင့် စာချုပ်ချုပ်ဆိုနိုင်သောကြောင့် သူသည် ၎င်းတို့ကို လုံးဝသိမ်းပိုက်နိုင်ပြီး သာမန်စာချုပ်ကတ်ဖြင့်ပင် စာချုပ်ကို ပြီးမြောက်အောင်မြင်နိုင်ပေသည်။

ထို့ကြောင့် ဤစာချုပ်ကတ်သည် အသုံးမဝင်သော်လည်း ၎င်းသည် S သုံးလုံးအဆင့် ပစ္စည်းတစ်ခုဖြစ်ပေသည်။

ရှောင်းယီသည် စနစ်အာကာသအတွင်းရှိ စာချုပ်ကတ်ကို ကြည့်ရှုရင်း မကျေမနပ်ဖြစ်နေခဲ့သည်။

“စာချုပ်ကတ် (SSS အဆင့်): ၎င်းသည် ပစ်မှတ်နှင့် စာချုပ်ချုပ်ဆိုရန် အတင်းအကျပ်ခိုင်းစေနိုင်ပြီး အောင်မြင်နှုန်းသည် 100% ဖြစ်သည်။”

ဤကဲ့သို့သော ဤရိုးရှင်းသည့်မိတ်ဆက်စာသည် ရှောင်းယီ၏မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။

သူသိသည်မှာ SSS အဆင့် စာချုပ်ကတ်၏ အောင်မြင်နှုန်းသည် မုချတိုးလာမည်ဖြစ်သော်လည်း၊ 100% ဖြစ်မည်ဟုတော့ သူမျှော်လင့်မထားခဲ့ပေ။

ထို့အပြင် အတင်းအကျပ်စာချုပ်ချုပ်ဆိုနိုင်သေးသည်။

“ဒါဆိုရင် ရှေးဦးသတ္တဝါတစ်ကောင်ကို ရှာပြီး စာချုပ်ချုပ်ဆိုနိုင်မယ်ဆိုရင် ပင်လယ်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

သို့သော် နောက်အခိုက်အတန့်တွင် ရှောင်းယီသည် သူ့ကိုယ်သူ လှောင်ပြောင်ရင်း ခေါင်းခါလိုက်သည်။

ဒါကအရမ်းရိုးရှင်းမှာမဟုတ်ဘူး။ ဒီကမ္ဘာ့စည်းမျဉ်းတွေက မင်းကို ပြိုင်ဘက်ကင်းအောင် လုပ်ပေးမလားဆိုတာ မပြောနဲ့။ ပြိုင်ဘက်ကင်းတဲ့ ရှေးဦးသတ္တဝါတစ်ကောင်ကို ရှာဖွေနိုင်မလားဆိုတာကိုက မေးခွန်းတစ်ခုပဲ။

အစည်းအဝေးမတိုင်မီကကဲ့သို့ပင် ရှေးဦးဧရာမမိကျောင်းကြီးသည် အလွန်အံ့သြဖွယ်ကောင်းပြီး ပျော်စီးသင်္ဘောကို ပင်လယ်နက်နက်ထဲသို့ ဆွဲခေါ်သွားခဲ့သေးပေသည်။

သို့သော် နောက်ပိုင်းတွင် အခြားဧရာမပင်လယ်မြွေကြီးတစ်ကောင်က ၎င်းကိုမျိုချလိုက်၏။

မြွေကြီးသည်လည်း ပြိင်ဘက်ကင်းလိမ့်မည်ဟု မည်သူမျှ ပြောဝံ့မည်မဟုတ်ပေ။

“မဆိုးပါဘူး။ အရေးပေါ်အခြေအနေမျိုးမှာဆိုရင်တော့ အသုံးဝင်နိုင်တယ် “

ရှောင်းယီက ရေရွတ်လိုက်ပြီး စာချုပ်ကတ်ကို ဆက်မကြည့်တော့ပေ။

ထိုစဉ် သူ၏ဘေးနားတွင်ရပ်နေသော ဘူးက တစ်ခုခုပြောချင်နေသော်လည်း မဝံ့မရဲဖြစ်နေပုံရ၏။

ရှောင်းယီက သူ့ကိုကြည့်ပြီး ပြောလိုက်သည်။

“မင်းပြောချင်တာရှိရင် ပြော။”

“အရှင် ကျွန်တော်တို့ ထောက်ပံ့ရေးပစ္စည်းတွေ မပြင်ဆင်ထားခဲ့ဘူးထင်တယ်။ လမ်းမှာ ရက်အတော်ကြာ သွားရမှာဆိုတော့ ရေနဲ့ အစားအစာတွေ ပြင်ဆင်ထားဖို့လိုတယ်။”

ဘူးက သတိပေးလိုက်သည်။

ရှောင်းယီက ပြုံးလိုက်ပြီး ကပ္ပတိန်ခန်းထဲက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပုတ်ပြကာ ပြောလိုက်၏။

“ဒီဟာသာရှိရင် ရေနဲ့ အစားအစာတွေ ပြင်ဆင်စရာမလိုဘူး။”

ဘူးက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆိုသည်မှာ သူတို့လူမျိုးစု၏ မှော်ဆရာကြီးက သူတို့ကို ပြန်ယူလာခိုင်းသည့်အရာပင်ဖြစ်သည်။

သူ၏သံသယများကို ဖြေရှင်းရန်အတွက် ရှောင်းယီသည် ဆုဝမ်ကို ရေနွေးအိုးကြီးများစွာ လဲလှယ်ခိုင်းလိုက်သည်။

ထိုစဉ် ရုတ်တရက် ပေါ်လာသော ရေနွေးများကို မြင်လိုက်ရသည့် ဘူးသည် လုံးဝကြောင်အသွားပြီး ရပ်နေမိခဲ့သည်။

“မင်းအဲ့မှာရပ်ပြီး ဘာလို့ ကြောင်ကြည့်နေတာလဲ။ မြန်မြန်သယ်သွားပြီး လူတိုင်းကို ရေဝေပေးလိုက်တော့။”

ရှောင်းယီက ပြောလိုက်၏။

“ဟုတ်ကဲ့!”

ဘူးက အမြန်တုံ့ပြန်ရင်း ပြောလိုက်သည်။

“မှော်ဆရာကြီးက ဒါကို ပြန်ယူလာခိုင်းတာ အံ့သြစရာမရှိတုံ့ဘူး။ ဒီအရာက အရမ်းစွမ်းအားကြီးတယ်။”

ရှောင်းယီ ကျွန်းမှထွက်ခွာသွားသောအခါ ယွမ်နွန်သည်လည်း သစ်တောထဲကို ထွက်ခွာသွားခဲ့သည်။

သူတို့ သစ်တောအစပ်ကို ရောက်လာသည်နှင့် ပဏ္ဍိတငယ်လေးသည် သစ်တောထဲမှ ခုန်ထွက်လာပြီး ယွမ်နွန်ကိုကြည့်ကာ စူးစူးရွားရွား အော်ဟစ်လိုက်သည်။

ယွမ်နွန်သည် သူပြောနေသောစကားများကို နားမလည်သော်လည်း သူဆိုလိုချင်သည့် အဓိပ္ပါယ်ကိုမူ နားလည်ခဲ့ပြီး S အဆင့် မက်မွန်သီးတစ်လုံးကို ထုတ်ယူကာ သူ့ကိုပစ်ပေးခဲ့သည်။

“ရော့ ငတ်နေတဲ့မျောက်လေး..မင်းကို အငတ်မထားပါဘူးကွ။”

ယွမ်နွန်က ပြုံးပြီးပြောလိုက်သည်။

သူစဘေးနားရှိ တပိုင်က မကျေမနပ်ဖြင့် ဟိန်းဟောက်နေခဲ့၏။ သူသည်လည်း S အဆင့် မက်မွန်သီးကို စားချင်ပေသည်။

ယွမ်နွန်သည် သူ့အိတ်ထဲမှ နောက်ထပ် မက်မွန်သီးတစ်လုံးကို ထုတ်ယူပြီး တပိုင်ကိုပေးလိုက်သောအခါ တပိုင်တစ်ယောက် ပျော်ရွှင်သွားခဲ့လေသည်။

“သွားကြရအောင် အခုဗိုက်ပြည့်သွားပြီဆိုတော့ အလုပ်လုပ်ဖို့အချိန်ရောက်ပြီ။”

ယွမ်နွန်က ပြုံးပြီးပြောလိုက်သည်။

ယွမ်နွန်၏ပတ်လည်တွင် ဒေသခံလေးယောက်ရှိနေပြီး ထိုအရာသည် ရှောင်းယီမှ သူတို့ကိုပေးထားခဲ့သော အမိန့်ပင်ဖြစ်၏။ တပိုင်သည် ဘေးပတ်ဝန်းကိင်ကို ဂရုမစိုက်ဘဲ လမ်းလျှောက်နေပြီး သစ်ပင်များပေါ်တွင်မူ မျောက်များစွာရှိနေလေသည်။

ပဏ္ဍိတငယ်လေးက မျောက်အားလုံးကို စုစည်းထားခဲ့သည်။ သူသည် ရှောင်းယီရှေ့တွင် ဟိတ်ဟန်ထုတ်ထားခဲ့သောကြောင့် သူ၏ကတိကို စောင့်တည်ရန် လိုအပ်ပေသည်။

ယွမ်နွန်သည် သစ်တောထဲတွင် တစ်နေ့လုံးနီးပါးရှာဖွေခဲ့ပြီး တောရိုင်းတိရစ္ဆာန်များစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း ရာဘာပင်ကိုတော့ တစ်ပင်မှမတွေ့ခဲ့ရပေ။

လမ်းတစ်လျှောက်လုံးတွင် သူသည် စားလို့ရသည့် တောထွက်အစားအစာများစွာ တွေ့ခဲ့ရပြီး ၎င်းတို့၏တည်နေရာများကို အားလုံးမှတ်သားထားခဲ့၏။ သို့မှသာ အချိန်ကျလာလျှင် ပြန်လာကာ ခူးဆွတ်နိုင်မည်ဖြစ်သည်။

“ကျွန်းပေါ်မှာ ရာဘာပင်တွေ တကယ်မရှိဘူးထင်တယ်။”

ယွမ်နွန်က ပြောလိုက်သည်။

“အိမ်ပြန်ပြီး ရှောင်းယီကို အရင်ပြောပြရမယ်။”

ထိုသို့ဆုံးဖြတ်ချက်ချပြီးနောက် ယွမ်နွန်သည် ဒေသခံလေးယောက်နှင့်အတူ သစ်တောထဲမှ ပြန်ထွက်လာခဲ့သည်။

ညနေပိုင်းတွင် ယွမ်နွန်သည် သစ်တောထဲမှ ပြန်ထွက်လာခဲ့ပြီး ဗီလာ၏ဧည့်ခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီကိုသွားကာ ရှောင်းယီကို စာပို့လိုက်သည်။

ရှောင်းယီသည် သင်္ဘောပေါ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ယွမ်နွန်၏စာကိုဖတ်ပြီးနောက် ပြန်ဖြေလိုက်၏။

“အင်း ကျွန်တော်နားလည်ပြီ။ ဒီရာဘာပင်ကလည်း အထူးပစ္စည်းတစ်ခုဖြစ်နိုင်တယ်။ ဂရုထဲမှာ ရှိတဲ့သူရှိမလားလို့ မေးကြည့်လိုက်မယ်။”

“ကောင်းပြီ ဒါပေမယ့် သစ်တောထဲမှာ စားလို့ရတဲ့အစားအစာတွေတော့ အများကြီးတွေ့ခဲ့တယ်။ အားလုံးကို အမှတ်အသားလုပ်ထားခဲ့ပြီးပြီ။ သူတို့ရင့်မှည့်ရင် အများကြီးခူးလို့ရတယ်။”

ယွမ်နွန်က ပြောလိုက်သည်။

“အင်း ဦးလေးရှိနေပြီဆိုတော့ ဗိုက်ဆာမှာကို လုံးဝစိတ်ပူစရာမလိုတော့ဘူး။”

ရှောင်းယီက ပြုံးပြီးပြောလိုက်သည်။

“ဒီနေ့ တစ်နေ့လုံးပင်ပန်းခဲ့ရပြီ။ စောစောပြန်အိပ်တော့လေ။”

“ငါလုံးဝမပင်ပန်းဘူး။ အဆင့်မြင့်အစားအစာတွေကို အလကားစားခဲ့တာမှမဟုတ်တာတာကွ။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တာကလည်း အလကားမဟုတ်ဘူး။”

ယွမ်နွန်က ပြုံးပြီးပြောလိုက်၏။

“မပင်ပန်းဘူးဆိုရင်တောင် အနားယူဖို့လိုတယ်လေ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ လမ်းမှာ ဂရုစိုက်ပါ။”

ယွမ်နွန်က ပြန်ဖြေလိုက်ပြီး ဆက်သွယ်မှုကို ဖြတ်တောက်လိုက်၏။

ရှောင်းယီသည် ယီထျန်းဂရုကို ပြောင်းပြီး မေးလိုက်သည်။

“ဘယ်သူ့ကျွန်းမှာ ရာဘာပင်ရှိလဲ။ ရှိရင် သီးသန့်စာပို့ပါ။”

“ဒါကဘယ်သူလဲ။ မင်းက ရာဘာပင်ကို ဘာလုပ်ဖို့လိုတာလဲ။”

“အပေါ်ကလူ မင်းရဲ့မျက်စိကို ဆရာဝန်နဲ့သွားပြဖို့လိုနေပြီ။ အဲ့ဒါက ယီထျန်းဂရုရဲ့ အက်ဒမင်ပဲ။ မင်းမမြင်ရဘူးလား။”

“မှန်တယ်။ အက်ဒမင်က ယီရန်ပင်းရဲ့ အခရာပဲ။”

ဤအလတ်စားရွက်သင်္ဘောတွင် ချိတ်ဆက်ထားသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အိုင်ဒီသည် C Sail 001 ဖြစ်သည်။

ထိုနာမည်ကို ရှောင်းယီသည် အဆင်ပြေအောင် အလွယ်တကူရွေးလိုက်သည့် အိုင်ဒီဖြစ်ပေသည်။

အနာဂတ်တွင် အဆင့်နှင့် အမျိုးအစားကွဲပြားသော အခြားသင်္ဘောများကိုလည်း ရနိုင်သောကြောင့် အမည်ပေးရာ၌ ပိုမိုလွယ်ကူစေရန် ဖြစ်သည်။

“ဒါက ယီရန်ပင်းပဲဖြစ်မယ်ထင်တယ်။ အရင်က ဝါးလိုချင်တယ်။ အခုကျ ရာဘာပင်လိုချင်တယ်။ ကွာခြားမှုက ကြီးလိုက်တာကွာ။”

“ရာဘာပင်လိုချင်တာဆိုတော့ တာယာလုပ်ဖို့လား။”

“သူဌေကြီးတွေမှာ ကားတွေရှိလို့လား။”

“မင်းကအမြင်ကျဉ်းလှချည်လား။ ရာဘာလိုချင်တာနဲ့ပဲ တာယာလုပ်ရမှာလားဟ။”

“တာယာမလုပ်ရင် ဘာလုပ်မှာလဲ။”

“သဘာဝရာဘာ၊ အရမ်းပါးလွှာပြီး ဘာမှခံစားလို့မရဘူး။ ဒါကို မင်းကဘာလဲထင်နေတာလဲ။”

“မင်းတို့ဘာအကြောင်းပြောနေကြတာလဲ။ မင်းတို့ပြောနေတာကို ငါနားမလည်တော့ဘူး။”

“ငါသွားပြီ။ သူဌေးက တစ်ကိုယ်ရည်သန့်ရှင်းရေးကိုတောင် အရမ်းဂရုစိုက်နေပြီလား။ ကွန်ဒုံးတွေတောင် ကြိုးပြီးပြင်ဆင်နေပြီပေါ့။”

“ငလူး မင်းတို့ LSP တွေ ပုံမှန်ဖြစ်နိုင်ဦးမှာလား။ သူဌေးက မင်းတို့လို သုတ်ကြောင်တွေလို့များ ထင်နေတာလား။”

“ဒါဆို သူဌေးက ရာဘာပင်လိုချင်တာ ဘာလုပ်ဖို့လို့ မင်းထင်လဲ။”

“လုပ်လို့ရတာတွေ အများကြီးရှိတယ်။ သဘာဝရာဘာက ကျုံ့နိုင်ဆန့်နိုင်အားကောင်းတယ်။ လျှပ်ကာပစ္စည်းအနေနဲ့လည်း အသုံးပြုနိုင်တယ်။ ပုံသွင်းပြုပြင်တာ၊ မိုးကာ၊ ဆွဲဆန့်နိုင်ပြီး ချေးတက်လည်းခံနိုင်တယ်။ ဒီနယ်ပယ်တွေမှာ အပေါ်ကသွင်ပြင်လက္ခဏာတွေအတိုင်း အသုံးချနိုင်တယ်။ ကျန်တာကိုတော့ ငါထပ်ပြောဖို့မလိုတော့ဘူး။”

“သဘာဝရာဘာက အဲ့လောက်တောင်ကောင်းတာလား?”

“မေးခွန်းသင်္ကေတကို ဖယ်ထားလိုက်စမ်းပါ။ ရာဘာပင်အစေ့ကနေ ညှစ်ထုတ်တဲ့ဆီက သုတ်ဆေးနဲ့ ဆပ်ပြာလုပ်တဲ့ကုန်ကြမ်းပဲ။ ရာဘာခွံက အရည်အသွေးမြင့်အမျှင်နဲ့ ကာဗွန်လည်းလုပ်လို့ရတယ်။ သစ်သားက ပေါ့ပါးပြီး အရောင်အဆင်းလှလို့ ပြုပြင်ရတာလည်း လွယ်ကူတယ်။ ဓာတုပြုပြင်မှုကိုခံယူပြီးရင် အဆင့်မြင့်ပရိဘောဂတွေလည်း လုပ်လို့ရတယ်။”

“အဲ့လောက်တောင် ကောင်းတာလား။ ငါလည်းရာဘာပင်လိုချင်တယ်။”

ရှောင်းယီသည် ဂရုထဲကလူများစ အသိပညာဖြန့်ဝေမှုများကို ကြည့်ရင်း တွေးလိုက်မိ၏။

“အဖွဲ့ထဲမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိတာပဲ။”

တကယ်တမ်းတွင် ဤအသိပညာများကို ယွမ်နွန်က သူ့ကို မနေ့ကတည်းက ပြောပြခဲ့ပြီးသားဖြစ်ပေသည်။

“ဒီဒီ!! သူစိမ်းတစ်ယောက်က သီးသန့်စကားပြောရန် တောင်းဆိုနေပါသည်။”

ကပ္ပတိန်ခန်းထဲရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ရုတ်တရက် အသံမြည်လာခဲ့သည်။

ရှောင်းယီသည် မျှော်တင့်တကြီးဖြင့် ချက်ချင်းပင် သီးသန့်ချန်နယ်ကို ဖွင့်ကြည့်လိုက်၏။

“ယီရန်ပင်း ငါ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်။ ငါ့ကို အညံ့ခံလိုက်။ ဒါတိုရင် ဒီ [ရာဘာပင်ကို] မင်းကိုပေးလိုက်မယ်။ ငါက ရွှမ်းယွမ်ဝူဝေ့ပဲ။”

ထိုစာသည် ရွှမ်းယွမ်ဝူဝေ့မှ အခြားသူတစ်ဦး၏အိုင်ဒီကို အသုံးပြုပြီး ပို့လိုက်သော သီးသန့်စာပင်ဖြစ်လေသည်။

အခန်း ၂၅၇

ယခင်က ရွှမ်းယွမ်ဝူဝေ့နှင့်ဖြစ်ခဲ့သော ပဋိပက္ခ၏နောက်ပိုင်းတွင် ရှောင်းယီသည် သူ့ကိုဘလော့ထားခဲ့သည်။ မျှော်လင့်မထားဘဲ သူသည် သူ၏ညီငယ်ကို သူ့အား စာပို့ခိုင်းခဲ့ပေသည်။

“မင်းဟာက ဈေးမကြီးလွန်းဘူးလား။ ကမ္ဘာတစ်ဝှမ်းမှာ နယ်မြေတွေ စတင်ပေါင်းစည်းတဲ့ချိန်ကတည်းက မင်းက မင်းရဲ့ကိုယ်ပိုင်ဘဏ်စာရင်းကို မလုပ်ခဲ့ဘူးလို့ ငါတကယ် သံသယဝင်မိတယ်။”

ရှောင်းယီသည် ထိုသို့ရေရွတ်လိုက်ပြီးနောက် ဘာပြောရမှန်းပင် မသိနိုင်အောင် ဖြစ်သွား၏။

ကမ္ဘာတစ်ဝှမ်းရှိ နယ်မြေများ ပေါင်းစည်းချိန်တွင် ရွှမ်းယွမ်ဝူဝေ့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဂရုတွင် အနည်းဆုံးတော့ ကောင်းမွန်စွာ ဖျော်ဖြေခဲ့သော်လည်း ယခုအခါတွင် သူသည် NC တစ်ယောက်ကဲ့သို့ ဖြစ်နေပြီဖြစ်သည်။

“မင်းသာ ဒီရာဘာပင်နဲ့ ကမ်းလှမ်းမယ်ဆိုရင် ငါမင်းကို ငါ့ရဲ့နောက်လိုက်အဖြစ် လက်ခံပေးဖို့ အဆင်သင့်ပဲ။”

ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ပြန်ပြောလိုက်၏။

ရွှမ်းယွမ်ဝူဝေ့သည် ရှောင်းယီ၏တုံ့ပြန်မှုကို သူ၏ညီငယ်ဆီမှတစ်ဆင့် ကြားသိလိုက်ရပြီးနောက် ကျိန်ဆဲလိုက်မိသည်။

“သေးစမ်း ငါမင်းကို အရှက်ခွဲပစ်မယ်ကွ!”

“သခင်လေး ယီရန်ပင်းကို သိမ်းသွင်းဖို့ဆိုတာ မဖြစ်နိုင်ပုံပဲ။ ကျွန်တော်တို့လက်အောက်မှာရှိတဲ့လူတွေကို သူတို့ရဲ့အထူးအရင်းအမြစ်တွေနဲ့ ဘယ်သူမှ ရှောင်းယီနဲ့ အလဲအလှယ်မလုပ်အောင် တားမြတ်ထားဖို့ အကြံပေူချင်တယ်။!”

ဦးလေးချန်းက ဘေးမှနေ၍ အကြံပေးလိုက်သည်။

ရွှမ်းယွမ်ဝူဝေ့သည် ရှောင်းယီကို အလွန်မုန်းတီးနေပြီဖြစ်ပြီး သူ၏သွားများကိုတင်းတင်းကြိတ်ထား၏။ သူသည် ဦးလေးချန်း၏စကားကို ကြားပြီးနောက် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကောင်းပြီ၊ ဒီကိစ္စကို ဦးလေးလက်ထဲကိုပဲ ထားခဲ့လိုက်မယ်။”

“ဟုတ်ကဲ့!”

ဦးလေးချန်း တုံ့ပြန်ပြီး လှည့်ထွက်သွားခဲ့သည်။

ရွှမ်းယွမ်ဝူဝေ့သည် ကျွန်းအထိမ်းအမှန်ကျောက်တိုင်ပေါ်ရှိ သူ၏ညီငယ်အား ပြန်ဖြေလိုက်၏။

“သူ့ကို ပြန်ပြောလိုက်။ ငါပေးထားနဲ့ နောက်ဆုံးအခွင့်အရေးကို သူမဆုပ်ကိုင်ထားဘူးဆိုရင် အနာဂတ်မှာ နောင်တရလိမ့်မယ်။”

ထိုနောက်လိုက်သည် ရွှမ်းယွမ်ဝူဝေ့ပြောသည့်အတိုင်း ရှောင်းယီအား တုံ့ပြန်ခဲ့သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က “တစ်ဖက်လူသည် သင့်အား ဘလော့ထားပါသည်။ ဆက်သွယ်ရန် မဖြစ်နိုင်ပါ။” ဟု အသိပေးလာခဲ့လေသည်။

ရွှမ်းယွမ်ဝူဝေ့သည် သူ၏သွေးဟောင်းများကိုပင် အန်ထုတ်လုမိနီးပါး ဖြစ်သွားခဲ့ရသည်။ ဤသည်မှာ လူသားတစ်ဦး လုပ်ဆောင်နိုင်သည့် အရာတစ်ခုပေလော။

မင်းက မင်းမှာရှိတဲ့ ရာဘာပင်ကိုတောင် စွန့်လွှတ်ဖို့ဆန္ဒရှိတာပဲ။ ဘာလို့ မင်းကိုယ်မင်း ပိတ်ပင်ပစ်လိုက်တာလဲ။

နောက်ထပ်ရာဘာပင်တွေ မရှိတော့လို့လား။

အရေးကြီးသည်မှာ ရှောင်းယီသည် သူ၏သတိပေးချက်ကို မမြင်ခဲ့ခြင်းဖြစ်သည်။

ရှောင်းယီက ရာဘာပင်များသည် ကျွန်းတစ်ကျွန်း၏ ထူးခြားသောပစ္စည်းတစ်ခုမျှသာဖြစ်ပြီး ဒေသတစ်ခု၏ ထူးခြားသောစ္စည်းဖြစ်သည်ဟုတော့ မယုံကြည်ခဲ့ပေ။ သူ စောင့်ဆိုင်းနိုင်ပေသည်။

အခြားကျွန်းများအား ပြန်လည်ဖြည့်တင်းပေးသောအခါ တစ်စုံတစ်ဦးသည် သူနှင့်စတင်ဆက်သွယ်လာလိမ့်မည်ဖြစ်သည်။

အန်းရန်နှင့် အခြားသူများ ညစာပြင်ဆင်ပြီးနောက် ၎င်းကို ရှောင်းယီဆီသို့ လဲလှယ်ပေးခဲ့ကြသည်။

“ရှောင်းယီ ဒီနေ့ လမ်းခရီးမှာ ဘာမှမဖြစ်ခဲ့ဘူးမဟုတ်လား။”

အန်းရန်က စိုးရိမ်စွာ မေးလိုက်သည်။

“မဖြစ်ပါဘူး။ အရမ်းအေးချမ်းတယ်။ ငါ အိပ်တောင်ပျော်တော့မယ်။”

ရှောင်းယီ ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

“ဒေသခံတွေရော အသက်ရှင်နေသေးလား။”

“စာချုပ်နဲ့ဆိုတော့ ပဏ္ဍိတငယ်‌လေးနဲ့ သူတို့ရဲ့စိတ်တွေက အတော်လေး ပြောင်းလွယ်ပြင်လွယ်ရှိတယ်။ သူတို့နဲ့ဆက်သွယ်တဲ့အခါမှာ အခက်အခဲရှိပေမယ့် ငါတို့သရုပ်ပြလိုက်တာနဲ့ သူတို့က အဲ့ဒါကို လုပ်နိုင်တယ်။”

အန်းရန်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ သိပ်မဆိုးပါဘူး။ နောက်ဆုံးတော့ ငါ့ရဲ့စာချုပ်ကတ် ဆယ်ခုကို မဖြုန်းတီးခဲ့မိတာမျိုး မဖြစ်တော့ဘူးပေါ့။”

ရှောင်းယီက ပြန်ဖြေ၏။

“ကောင်းပြီ၊ ထမင်းစားကြရအောင်။”

အန်းရန်က ခေါင်းညိတ်ပြီး ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

ထို့နောက် ရှောင်းယီက ဘူးကို လှမ်းခေါ်လိုက်၏။

“ဘူး ဒီကိုလာဦး။ ဒီအစားအစာတွေကို လူတိုင်းကို ဝေပေးလိုက်။”

ရုတ်တရက် ပေါ်လာသော အစားအစာများကို မြင်လိုက်ရသောအခါ ဘူးသည် ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး လူများကို အုပ်စုနှစ်စုခွဲလိုက်သည်။ တစ်စုသည် စားစရာများကို အရင်လာယူရပြီး အခြားအုပ်စုက ၎င်းတို့၏နေရာတွင် အရင်နေခဲ့ရသည်။

ဒေသခံများသည် တစ်နေ့တာအတွင်း တူညီသည့် အရသာရှိသော အစားအစာများကို စားသုံးခဲ့ရပြီးနောက် ရှောင်းယီအား ပိုမိုရိုသေကိုးစားလာခဲ့ကြသည်။

သူတို့သည် ဤကဲ့သို့သော အရသာရှိသည့် အစားအစာများကို ယခင်က မည်သည့်အခါမျှ မစားခဲ့ဖူးပေ။

ဟုတ်ပါသည်။ ဤဒေသခံများ၏ အမြင်တွင် အရသာရှိသော အစားအစာဆိုသည်မှာ သာမန်ဆန်နှင့် သာမန်ကြော်ချက်များသာ ဖြစ်ပြီး ဆီနှင့် ဆားဖြင့် ချက်ပြုတ်ထားသော အစားအစာများသာ ဖြစ်သည်။

သို့သော် ဤဒေသခံများ ယခင်က စားသုံးခဲ့သည့် အစားအစာများတွင် ဤကဲ့သို့သော များပြားလှသည့် ဟင်းခတ်အမွှေးအကြိုင်များ မပါဝင်ပေ။

ထမင်းစားပြီးနောက် ရှောင်းယီသည် သူတို့အတွက် သစ်သီးများ ယူဆောင်လာခဲ့ပြီးနောက် သူတို့အား အမှန်တကယ် ကျေးဇူးတင်စေခဲ့သည်။

သူတို့လူမျိုးစု၏ ကျွန်းပေါ်တွင် တောရိုင်းသစ်သီးများသာ ရှိပြီး အရသာနှင့် ဗိုက်ပြည့်စေရန် အတော်အတန် လုံလောက်သော်လည်း ထိုအသီးများတွင် ဤကဲ့သို့သော ချိုမြိန်သည့် အရသာကို မည်သို့ရရှိနိုင်မည်နည်း။

ရှောင်းယီသည် ကုန်းပတ်ပေါ်သို့ လျှောက်သွားပြီး ရှေ့သို့ မျှော်ကြည့်လိုက်သည်။

သားရဲဘုရင်သည် ရှောင်းယီ ကုန်းပတ်ပေါ်သို့ လျှောက်သည်ကို မြင်သောအခါ ထရပ်ပြီး သူ့နောက်သို့ လိုက်သွားခဲ့သည်။

ရှောင်းယီ အဝေးသို့ လှမ်းကြည့်နေစဉ်တွင် သားရဲဘုရင်သည် ရှောင်းယီ၏ ဘေးနားတွင် လဲလျောင်းလိုက်၏။

မြင်ကွင်းသည် ရေများဖြင့် အပြည့်အဝဝန်းရံထားပြီး မည်သည့်လက္ခဏာမျှ မရှိပေ။ မြေပုံနှင့် သံအိမ်မြှောင်မပါလျှင် သင်သည် ပင်လယ်ပေါ်တွင် လှည့်နေသည့်တိုင် မည်သည့်အရာကိုမျှ မြင်နိုင်မည် မဟုတ်ပေ။

“ဘူး မင်း ဒီနေရာကို ရောက်လာတုန်းက တခြားကျွန်းတွေနဲ့ တွေ့ခဲ့ဖူးလား။”

ရှောင်းယီက မေးမြန်းလိုက်သည်။

ဘူးသည် ရှောင်းယီဘေးရှိ သက်တော်စောင့်ကို တစ်ချက်ကြည့်လိုက်ပြီး ဝေးဝေးတွင်ရပ်ကာ ပြန်ဖြေလိုက်သည်။

“မတွေ့ခဲ့ဘူး။ မှော်ဆရာက ဦးတည်ချက်ကျောက်တုံးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို တွေ့နိုင်တယ်လို့ ပြောခဲ့တယ်။”

ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲမှ ရေရွတ်လိုက်၏။

‘ဒါက ကျွန်းတစ်ကျွန်းမှာ မျိုးနွယ်စုတစ်ခုပဲရှိတယ်လို့ ယူဆလို့ရနိုင်လောက်မလား။’

ဘုမ်း!

ထိုအခိုက်တွင် ရှောင်းယီသည် တစ်ခဏတာ တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မူလက နေရောင်ခြည်ဖြင့် သာယာနေသော ကောင်းကင်ကြီးသည် အနည်းငယ် မှောင်မည်းလာခဲ့သည်။

“အရှင် အတွင်းခန်းကို အမြန်ပြန်သွားပါ။”

ဘူးက အကြံပြုလိုက်၏။

“မှော်ဆရာက ဒီလိုမျိုး ရာသီဥတုအခြေအနေနဲ့ ကြုံရရင် အားလုံး အတွင်းခန်းထဲမှာ ပုန်းနေရမယ်လို့ ပြောခဲ့တယ်။”

ရှောင်းယီက သူ၏မျက်ခုံးများကို ပင့်တင်ကာ ပြောလိုက်သည်။

“ဒီလိုပန်ကြားချက်တွေလည်း ရှိသေးတယ်လား။”

“ဟုတ်ကဲ့။”

ဘူးက ရိုသေလေးစားစွာ ပြန်ဖြေလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ကာ သူ့ဘေးရှိ သားရဲဘုရင်ကိုပုတ်ကာ အတွင်းခန်းရှိ ကပ္ပတိန်တံခါးဆီသို့ လျှောက်သွားလိုက်သည်။

“ခရက်!”

မိုးသည် လျင်မြန်စွာ ရွာသွန်းလာခဲ့ပြီး လှိုင်းများသည်လည်း ကြီးမားလာကာ သင်္ဘောရှေ့တွင် မည်သည့်အရာများ ရှိနေသည်ကိုပင် မြင်နိုင်ခြင်း မရှိတော့ပေ။

“မုန်တိုင်းက အရမ်းကြီးနေတယ်၊ ရပ်ပြီး အနားယူတာ ပိုကောင်းမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“မဟုတ်ဘူး။ မှော်ဆရာက ဒီလိုအချိန်များမှာ မရပ်ဘဲနဲ့ ဦးတည်ချက်ကျောက်တုံးရဲ့ ညွှန်ကြားချက်ကနေ သွေဖည်မသွားအောင် သေချာအာရုံစိုက်ဖို့ ပြောထားခဲ့တယ်။”

ဘူးက ချက်ချင်းပင် ပြန်ဖြေ၏။

ရှောင်းယီ ပို၍ အံ့အားသင့်သွားခဲ့သည်။

“ဒီလိုရာသီဥတုမျိုးမှာ အတင်းမောင်းရမယ်ဆိုတာက မင်းတို့ရဲ့မှော်ဆရာက သိပ်ယုံလို့မရဘူးလို့ ငါအမြဲခံစားရတယ်။”

ဘူးသည် မည်သို့ဖြေရမည်ကိုပင် မသိတော့ပေ။ သို့သော် ရှောင်းယီသည်လည်း သင်္ဘောကို ရပ်တန့်ခိုင်းခြင်း မရှိခဲ့ပေ။ ၎င်းတို့၏ မျိုးနွယ်စုသို့ သွားနေသည်ဖြစ်ရာ ၎င်းတို့၏ အလေ့အထများကိုလည်း လိုက်နာသင့်ပေသည်။

သင်္ဘောသည် အလွန်တုန်ခါနေသော်လည်း ရှောင်းယီသည် ကပ္ပတိန်ထိုင်ခုံတွင် မြဲမြံစွာ ထိုင်နေပြီး ရှေ့တွင် ဖြစ်ပွားနေသော မုန်တိုင်းကို ကြည့်နေခဲ့သည်။

ကလစ်!

ထိုစဉ် သင်္ဘောဦးပိုင်းသို့ မိုးကြိုးတစ်ချက် ထိမှန်သွားခဲ့ပြီး ရှောင်းယီ၏မျက်ခုံးများလည်း အနည်းငယ်စုကျုံ့သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူသည် ထူးဆန်းသည့်အတက်အကျတစ်ခုကို ခံစားမိလိုက်သောကြောင့်ပင်။

ထိုအရာသည် အိမ်မြှောင်သံလိုက်ပေါ်တွင် ပေါ်လာပုံရပြီး ၎င်းသည် အဘယ်အရာဖြစ်သည်ကိုမူ အတိအကျ မသိရပေ။

၎င်းသည် ပုံမှန်မဟုတ်သည့်ကို ခံစားလိုက်ရသည့် အခိုက်အတန့်သာ ရှိခဲ့ပြီး ရှောင်းယီသည် ထိုပုံမှန်မဟုတ်သော ခံစားမှုသည် မည်သည့်အရာဖြစ်သည်ကိုမူ ပြောပြနိုင်ခြင်း မရှိခဲ့ပေ။

“ငါ့စိတ်ထင်တာများလား။”

ရှောင်းယီ တီးတိုးရေရွတ်မိလိုက်၏။

မုန်တိုင်းသည် နာရီဝက်နီးပါး ကြာမြင့်ခဲ့လေသည်။ သင်္ဘောပေါ်ရှိ ဒေသခံများသည်လည်း တုန်ခါနေကြပြီး သူတို့ထဲမှ လူအများအပြား အန်ချမိလိုက်ကြ၏။

အတွင်းခန်းတွင် မနှစ်မြို့ဖွယ် အနံ့အသက်များ ထွက်ပေါ်လာခဲ့သည်။

မုန်တိုင်း ပျောက်ကွယ်သွားပြီးနောက် ရှောင်းယီသည် မျက်မှောင်ကြုံ့ကာ ချက်ချင်းပင် အပြင်သို့ ထွက်သွားခဲ့သည်။

အနံ့အသက်မှာ အမှန်တကယ် ပြင်းထန်လွန်းလှပေသည်။

“ဘူး အဲ့ဒါတွေကို သန့်ရှင်းရေး လုပ်လိုက်”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့!”

ဘူးက တုံ့ပြန်ပြီး အတွင်းခန်းကို သန့်ရှင်းရန် လူများကို ခေါ်ယူလိုက်သည်။

ရှောင်းယီသည် ကုန်းပတ်ပေါ်သို့ ပြန်လျှောက်သွားခဲ့ပြီး မိုးရွာပြီးနောက် လတ်ဆတ်သော ပင်လယ်လေကို ရှူရှိုက်ကာ ယခင်က ခံစားခဲ့ရသော စိတ်ညစ်ညူးမှု အားလုံးသည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။

ကောင်းကင်သည် လုံးဝ မှောင်မည်းသွားပြီး ပင်လယ်ပေါ်တွင် မြင်နိုင်စွမ်းကို ကန့်သတ်ထားသော်လည်း သူ့ခြေအောက်ရှိ ရွက်သင်္ဘောသည် ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်လက်ရွေ့လျားနေဆဲဖြစ်သည်။

‘ဒီဦးတည်ချက်ကျောက်တုံးက အနှောင့်အယှက် အတားအဆီးတွေကို ရှောင်ရှားနိုင်တာလား။ ဒီလိုမျိုးသာ ဆက်သွားနေလို့ ကျောက်ဆောင်တစ်ခုခုနဲ့ တိုက်မိသွားရင် ကံဆိုးသွားမှာ မဟုတ်ဘူးလား။’

ရှောင်းယီ စိတ်ထဲတွင် တွေးမိလိုက်သည်။

“အရှင် အတွင်းခန်းကို သန့်ရှင်းပြီးပါပြီ။ အနက်ရောင်ကျောက်တိုင်က ခုနကမြည်နေတယ်။ ပြန်ကြည့်ချင်ပါသလား။”

ဘူးသည် ရှောင်းယီနှင့် ခပ်ဝေးဝေးတွင်ရပ်ကာ ရိုသေစွာ ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြီး အနံ့အသက်ကင်းစင်ပြီး သန့်ရှင်းသွားသော အတွင်းခန်းကို ကြည့်ရှုကာ အတွင်းခန်းသို့ ပြန်လျှောက်သွားခဲ့သည်။

“သူတို့ ဒါတွေကိုတောင် ပြင်ဆင်ထားမယ်လို့ သါမျှော်လင့်မထားမိခဲ့ဘူး။ သူတို့မှာ အတွေ့အကြုံရှိတာ သေချာတယ်။”

ရှောင်းယီက ပြောလိုက်သည်။ ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားပြီး သီးသန့်ချန်နယ်ကို ဖွင့်ကြည့်လိုက်၏။

“ရှောင်းယီ မင်းဘက်မှာ ဘာတွေဖြစ်နေတာလဲ။”

“ရှောင်းယီ နင်အဆင်ပြေရဲ့လား။”

“အမြန်ပြန်ဖြေပါဦး။”

အခန်း ၂၅၈

ရှောင်းယီသည် ထိုကဲ့သို့ စိုးရိမ်တကြီးဖြစ်နေသော အသံများကို ကြားရသောအခါ အနည်းငယ် ကြောင်အသွားခဲ့ပြီးနောက် ပြန်ဖြေလိုက်၏။

“ငါအဆင်ပြေတယ်။ ဘာဖြစ်နေတာလဲ။ မင်းတို့တွေ အန္တရာယ်တစ်ခုခုကို တွေ့လိုက်ရသလိုမျိုး ခံစားနေရတယ်။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရပ်နေသော အန်းရန်နှင့် အခြားလူများအားလုံးသည် ရှောင်းယီ၏ တုံ့ပြန်မှုကို မြင်လိုက်ရသည့်အခါမှသာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်နိုင်ခဲ့ကြသည်။

“ငါတို့ သေလောက်အောင် ကြောက်နေခဲ့တာ။ နင် မြေပုံကိုကြည့်လိုက်ရင် သိလိမ့်မယ်။”

အန်းရန်က ဗီဒီယိုတစ်ခုကို ပို့ပေးပြီး ပြောလိုက်သည်။

ရှောင်းယီသည် ရှုပ်ထွေးနေသည့်အမူအရာဖြင့် မြေပုံစာမျက်နှာကို ပြောင်းလိုက်ကာ ထိုနေရာသို့ကြည့်လိုက်ပြီးနောက် အသက်ရှူပင်မှားသွားခဲ့သည်။

မြေပုံစာမျက်နှာတွင် သူ၏လက်ရှိတည်နေရာသည် သူ၏ကျွန်းမှ ကီလိုမီတာ ၂၀,၀၀၀ ကျော် ဝေးကွာနေကြောင်း ပြသထားလေသည်။

ရှောင်းယီ ထွက်ခွာလာသောအခါက သူသည် ဒေသခံကျွန်းသို့ရောက်သောအခါ ဒေသခံကျွန်း၏ တည်နေရာအတိအကျကို သိရှိစေရန် အသေးစားတည်နေရာပြစက်တစ်ခုကို ယူဆောင်လာခဲ့သည်။

အန်းရန်သည် ရှောင်းယီ ဘယ်လောက်ဝေဝေးအထိ ခရီးနှင်ခဲ့သည်ကို ကြည့်ရှုလိုခဲ့ပြီး မျှော်လင့်မထားဘဲ မြေပုံကိုဖွင့်သောအခါ သူမသည် အလွန်အမင်း ထိတိလန့်ကြောက်ရွံ့သွားခဲ့ရသည်။

ယခင်က ကီလိုမီတာ ၂၀၀ အောက်သာ ဝေးကွာခဲ့သော အကွာအဝေးသည် ရုတ်တရက် ကီလိုမီတာ ၂၀,၀၀၀ ဖြစ်သွားခဲ့၏။

ထိုအချိန်တွင် သူမသည် ရှောင်းယီတို့အား မျိုချပြီး ကီလိုမီတာ ၂၀,၀၀၀ ဝေးကွာသောနေရာသို့ ခေါ်ဆောင်သွားသော အားကောင်းသည့် ဧရာမရှေးဦးသတ္တဝါကြီးများနှင့် တွေ့ဆုံခဲ့သည်ဟု ထင်မှတ်ခဲ့လေသည်။

ထို့ကြောင့် သူမသည် စိုးရိမ်ထိတ်လန့်စွာဖြင့် စာများစွာကို အဆက်မပြတ် ပို့ခဲ့ခြင်းဖြစ်ပေသည်။

ရှောင်းယီသည် တစ်မိနစ်ခန့် စဉ်းစားပြီးနောက် ၎င်းသည် လွန်ခဲ့သော မုန်တိုင်းနှင့် အိမ်မြှောင်သံလိုက်၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပြီး သူတို့အား တဒင်္ဂအတွင်း မိုင်ထောင်ပေါင်းများစွာ ခရီးနှင်စေခဲ့သည်ဟု ကောက်ချက်ချလိုက်သည်။

“ဘာဖြစ်နေတယ်ဆိုတာ ငါခန့်မှန်းနိုင်တယ်။ ဒါက လမ်းညွှန်သံလိုက်ရဲ့ လုပ်ဆောင်ချက်ဖြစ်သင့်တယ်။ ဒါပေမယ့် အခြေအနေအမှန်ကိုတော့ မသိရသေးဘူး။”

ရှောင်းယီက အကြမ်းဖျင်း ရှင်းပြလိုက်သည်။

အန်းရန်နှင့် အခြားသူများသည်လည်း ရှုပ်ထွေးနေခဲ့ကြသည်။

သူတို့၏ ရှုပ်ထွေးနေသော အမူအရာများကို တွေ့လိုက်ရသောအခါ ရှောင်းယီက ပြောလိုက်သည်။

“အဲ့ဒါကို မေ့လိုက်တော့။ ငါသိပြီးရင် မင်းတို့ကို ပြောပြမယ်။”

လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။

“စကားမစပ် ဒေသခံတွေရဲ့ နေရာထိုင်ခင်းအတွက်ရော စီစဉ်ပြီးပြီလား။”

ရှောင်းယီက မေးမြန်းလိုက်သည်။

အန်းယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်၏။

“စီစဉ်ပြီးပြီ။ စာချုပ်ချုပ်ဆိုပြီးသွားပြီဆိုတော့ သူတို့ကို ဘေးနားကကျေးလက်အိမ်မှာ နေခိုင်းထားတယ်။”

“ဟုတ်တယ်၊ ဒါပေမယ့် သူတို့ကို ကြုံတဲ့နေရာမှာ အညစ်အကြေးမစွန့်ဖို့ သတိပေးလိုက်ဦး။”

ရှောင်းယီက ပြောလိုက်သည်။

ဤဒေသခံများသည် မည်သည့်နေရာတွင်မဆို ဝမ်းလျှောခြင်းကို ကိုင်တွယ်ရမည်ဖြစ်သည်။ ရှောင်းယီသည် သူတို့နှင့် ခဏကြာ အတူနေပြီးနောက် တစ်အိမ်လုံး အညစ်အကြေးများဖြင့် ဖုံးလွှမ်းသွားမည့်အဖြစ်မျိုးကို မလိုချင်ပေ။

“စိတ်မပူပါနဲ့။ အဲ့ဒါအတွက် ငါသူတို့ကို လေ့ကျင့်ပေးပြီးသားပါ။”

အန်းယွဲ့က ပြုံးရယ်ကာ ပြန်ဖြေ၏။

ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ငါ့အတွက် အစားအစာတချို့ ပြင်ဆင်ပေးဦး။ ခုနက မုန်တိုင်းကြောင့် လူတွေအများကြီး အန်ထွက်သွားကြတယ်။”

“ကောင်းပြီ!”

ဆုဝမ်က တုံ့ပြန်ပြီးနောက် ထွက်သွားခဲ့သည်။

“လူတိုင်းပဲ အနားယူကြပါ။ ဒီမှာ မနေနဲ့တော့။ အိပ်မပျော်ရင် မြေအောက်ခန်းကို သွားပြီး နည်းနည်းလောက် ကစားကြည့်ကြပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ နင့်ကိုယ်နင် ဂရုစိုက်ပါ။ ငါတို့ကကျွန်းပေါ်မှာ နင့်ကို ငါတို့က စိတ်ပူရမှာ။”

အန်းရန်က ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြီး ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

“ဘူး!”

ရှောင်းယီက အော်ခေါ်လိုက်၏။

ဘူးသည် ချက်ချင်းပင် အပြင်မှ ပြေးဝင်လာပြီး မေးလိုက်သည်။

“အရှင် ဘာကိစ္စရှိလို့လဲ။”

“မင်းတို့ ငါ့ကျွန်းကို သွားတုန်းက မုန်တိုင်းဘယ်နှစ်ကြိမ်တွေ့ခဲ့လဲ။”

ရှောင်းယီက မေးမြန်းလိုက်သည်။

“လေးကြိမ်”

ဘူးက ပြန်ဖြေ၏။

ရှောင်းယီက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

“ဆိုလိုတာက ငါတို့က မုန်တိုင်းထဲမှာ သုံးကြိမ် ခုန်ကူးရဦးမယ်လို့ ဆိုလိုတာလား။”

နေရာတစ်ခုမှ အခြားတည်နေရာတစ်ခုသို့ တိုက်ရိုက်ခရီးနှင်ခြင်းမှာ အထူးသဖြင့် ခုန်ကူးခြင်းဟုပြောနိုင်ပေသည်။

ဤစကားလုံးသည် ဘူးအတွက် အလွန်အဆင့်မြင့်နေပြီး သူလုံးဝနားမလည်နိုင်ခဲ့ပေ။

ရှောင်းယီသည် လက်ခါပြကာ ဘူးအား နောက်သို့ဆုတ်ခိုင်းလိုက်ပြီး အတွင်းတွင် တွက်ချက်လိုက်၏။

“တစ်ကြိမ်က ကီလိုမီတာ ၂၀,၀၀၀၊ လေးကြိမ်ဆိုရင် ဒီဒေသခံကျွန်းဟာ ငါ့ကျွန်းကနေ ကီလိုမီတာ ၈၀,၀၀၀ ဝေးတယ်လို့ ဆိုလိုနေတာလား။”

ဤအကွာအဝေးသည် အမှန်တကယ် အလွန်ဝေးကွာပြီး ယခုအခါ ရှောင်းယီသည် ပြန်လာရမည့်ခရီးအတွက် အနည်းငယ်စိုးရိမ်နေမိသည်။

ဤကဲ့သို့သော လမ်းညွှန်သံလိုက်ကို တစ်ကြိမ်တည်းနှင့် အမြဲတမ်းအသုံးပြုနိုင်ပါက သူသည် ဤကီလိုမီတာ ၈၀,၀၀၀ ကို ဖြတ်ကျော်ရန် သင်္ဘောတစ်စီးကို အမှန်တကယ် မောင်းနှင်ရပါမည်လား။

ရှောင်းယီ သူ၏ခေါင်းကို ခါယမ်းလိုက်၏။ သူသည် တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်ပေသည်။ ယခုအချိန်တွင် ပြန်လှည့်ရန် နောက်ကျလွန်းပြီဖြစ်၏။ ကီလိုမီတာ ၂၀,၀၀၀ ကျော်သည် အလွန်ဝေးကွာနေဆဲဖြစ်သည်။

မကြာမီ ဆုဝမ်သည် ငါးကင်များစွာကို ချက်ပြုတ်ပြီး ပို့ပေးခဲ့လေသည်။

ရှောင်းယီသည် ထို့ငါးကင်များကို ဘူးကို ပေးလိုက်၏။

“ခုနက ညစာစားပြီး အန်ထုတ်နေကြတာကို ငါမြင်ခဲ့တယ်။ သူတို့အားလုံး စိတ်ငြိမ်သွားပြီဆိုရင် ဒါကိုသုံးပြီး ဗိုက်ဖြည့်ခိုင်းလိုက်ပါ။”

“ကျေးဇူးတင်ပါတယ် အရှင်!”

ဘူးက ကျေးဇူးတင်စွာဖြင့် ပြန်ဖြေလိုက်၏။

စောစောက အန်နေခဲ့သော သူ၏လုပ်ဖော်ကိုင်ဖက်များအားလုံးသည် ဗိုက်ဆာနေကြောင်း ပြောနေခဲ့ကြပြီး ယခုအခါ ရှောင်းယီသည် ၎င်းတို့အတွက် အစားအစာများကို အမှန်တကယ် ပြင်ဆင်ပေးခဲ့လေသည်။

ဘူးသည် ဤလူမှာ မှော်ဆရာကဲ့သို့ စွမ်းအားကြီးသော်လည်း မှော်ဆရာထက်ပင် သူတို့ကို ပိုမိုကောင်းမွန်စွာ ဆက်ဆံသည်ဟု ခံစားလိုက်ရသည်။

မှော်ဆရာသည် အတော်လေး မနကြီးကာ သူတို့အား အလုပ်လုပ်စေရုံသာ လုပ်စေပြီး မျိုးနွယ်စုအတွင်းရှိ အခွင့်အရေးတိုင်းကို အသုံးချခဲ့သည်။

သူ၏ အကြိုက်ဆုံး ဒေသခံမိန်းကလေးကိုပင် မှော်တရာက လုယူခဲ့သည်။

ဘူး၏ စိတ်ထဲတွင် ရှောင်းယီနောက်သို့ လိုက်ပါရန် နည်းလမ်းရှာရမည်ဟု ဆုံးဖြတ်လိုက်လေသည်။ သူသည် ထိုမျိုးနွယ်စုတွင် ဆက်လက်နေထိုင်လိုခြင်း မရှိတော့ပေ။

အခြားဒေသခံများသည် ဘူးတစ်ယောက် ငါးကင်များစွာနှင့် ဆလတ်ရွက်အနည်းငယ်ကို ယူဆောင်လာကြောင်း မြင်တွေ့လိုက်ရသည်နှင့် ချက်ချင်းပင် စုရုံးလာခဲ့ကြသည်။

“အရှင်က ငါတို့ အန်ထုတ်နေသည်ကို မြင်ပြီးတော့ ဒါတွေကို အထူးပြင်ဆင်ပေးခဲ့တာပဲ။ အရှင်က ငါတို့အပေါ်မှာ အရမ်းကြင်နာတယ်။ အဲ့ဒါကြောင့် လူတိုင်းပဲ ဒီကျေးဇူးတရားအတွက် ပြန်ပေးဆပ်သင့်တယ်။”

ဘူးက ပတ်ပတ်လည်ရှိ ဒေသခံများကို ကြည့်ရှုကာ ပြောလိုက်သည်။

“မင်းရဲ့အမိန့်တွေကို ကျွန်တော်တို့ အပြည့်အဝနာခံပါမယ်။”

“အခုကစပြီး ကျွန်တော် မင်းနောက်ကို လိုက်မယ်။”

“မျိုးနွယ်စုထဲက မှော်ဆရာကရော။”

“ဘာလုပ်ရမှာလဲ။ အရှင်က အရမ်းစွမ်းအားကြီးတယ်။ အဲ့ဒါကြောင့် မှော်ဆရာနဲ့ လုံးဝမနှိုင်းယှဉ်နိုင်ဘူး။”

“ဟုတ်တယ်။ အနာဂတ်မှာ ငါတို့မျိုးနွယ်စုရဲ့ မှော်ဆရာအဖြစ် မင်းကို ခန့်အပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။”

ဤအကြံပြုချက်ကို ကြားလိုက်ရသောအခါ ဘူး၏ မျက်လုံးများ တောက်ပလာပြီး ပြောလိုက်၏။

“ဒါက အတော်လေး ကောင်းတဲ့အကြံပဲ။ နောက်မှ အရှင်နဲ့ တိုင်ပင်ကြည့်လိုက်မယ်။ အရင်ဆုံး ဗိုက်ဖြည့်ပြီး သင်္ဘောကို ကောင်းကောင်းရွက်လွှင့်ကြရအောင်။”

“ဟုတ်ကဲ့!”

လူတိုင်း တုံ့ပြန်လိုက်ကြသည်။

ရှောင်းယီသည် ယီထျန်းဂရုကို ပြန်ဖွင့်ကာ ဤဒေသခံတိုက်ခိုက်မှုလှိုင်းတွင် အသက်ရှင်ကျန်ရစ်သူများ မည်မျှဆုံးရှုံးခဲ့ရသည်ကို ကြည့်ရှုလိုက်သည်။

ယီထျန်းဂရု စတင်တည်ထောင်စဉ်က လူဦးရေသည် ၂၀၀,၀၀၀ ခန့်ရှိသော်လည်း ယခုအခါ ယီထျန်းဂရု၏ စုစုပေါင်းလူဦးရေသည် ၁၇၀,၀၀၀ ကျော်သာ ကျန်ရှိတော့လေသည်။

တနည်းအားဖြင့် ဤဒေသခံတိုက်ခိုက်မှုလှိုင်းတွင် လူပေါင်း ၃၀,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။

ပိုမိုတိကျစွာပြောရလျှင် ဒေသခံများ၏ သိမ်းပိုက်ခြင်းခဲ့သော ကျွန်းပေါ်များတွင်ရှိသော အသက်ရှင်ကျန်ရစ်သူများမှာ ၃၀,၀၀၀ နီးပါးရှိပြီဖြစ်သည်။ သေဆုံးမှုနှုန်းသည် ပိုမိုမြင့်မားနိုင်ပြီး ကျွန်းတစ်ကျွန်းတွင် လူတစ်ဦးထက်ပိုသော ကျွန်းများလည်း ရှိနေနိုင်ပေသည်။

“ငါ့သူငယ်ချင်းစာရင်းထဲမှာရှိ ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် ပျောက်သွားပြီ။”

“ငါ့ဟာထဲက တစ်ယောက်လည်း ပျောက်သွားတယ်။”

“ဒီပျောက်ကွယ်သွားတဲ့လူတွေ အသက်ရှင်နေသေးဦးမယ်လို့ မင်းထင်လား။”

“ပြောရခက်တယ်။ ရှိပြီးသား ထောက်လှမ်းရေးအချက်အလက်တွေအရ နှစ်ဖက်စလုံးက ဆက်သွယ်နိုင်ဖို့ နည်းလမ်းမရှိဘူး။ လက်နက်ချလိုက်မယ်ဆိုရင်တောင် အခြားတစ်ဖက်က တိုက်ခိုက်ဖို့ ကြိုးစားနေတယ်လို့ ထင်ကောင်းထင်နိုင်တယ်။”

“ဟုတ်တယ် ယဉ်ကျေးမှုတွေက လုံးဝမတူညီဘူး။ ငါတို့လက်တွေမြှောက်တာက လက်နက်ချတာကို ဆိုလိုတယ်။ ဒီမှာတော့ သူတို့က တိုက်ခိုက်ဖို့ စတင်နေတာဖြစ်နိုင်တယ်။ ဆက်သွယ်လို့မရတာက အနာကျင်ရဆုံးအရာပဲ။”

“မင်းတို့ ဒီကမ္ဘာရဲ့စည်းမျဉ်းတွေအကြောင်း ဆက်သွယ်ပြောဆိုရဲလား။”

“အခြားတစ်ဖက်နဲ့ ဆက်သွယ်ပြောဆိုနိုင်ရင်တောင် အသက်ရှင်နိုင်မှာမို့လို့လား။ ငါကတော့မထင်ဘူး။ သူတို့က မင်းရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လိုချင်တာဆိုရင် မင်းကိုသတ်ပစ်လိုက်တာက အလွယ်ဆုံးပဲ။”

“ဟုတ်တယ် လူရိုင်းတစ်အုပ်ကို ရင်ဆိုင်ရတဲ့အခါ ညှိနှိုင်းမှုလုပ်ချင်နေသေးတာက အလကားပဲ။”

“ဟုတ်တယ် ဒီအခြေအနေမှာ အင်အားကိုပဲ အသုံးပြုရမယ်။ မင်းရဲ့အင်အားကသာ လုံလောက်အောင်သန်မာရင် မင်းက သူတို့ကိုအနိုင်ယူနိုင်လိမ့်မယ်။ မင်းရဲ့အင်အား မလုံလောက်ရင် သူတို့က မင်းကိုအနိုင်ယူသွားမှာပဲ။”

ရှောင်းယီသည် တစ်မိနစ်ခန့် စဉ်းစားပြီးနောက် ပြောလိုက်၏။

“အဲ့ဒီဒေသခံတွေက ငါတို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လိုချင်နေတာပဲ။”

“သူဌေး ပေါ်လာပြီ။ သူတို့က ငါတို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လိုချင်နေတယ်ဆိုတာ ဘယ်လိုသိခဲ့တာလဲ။”

“ဟုတ်တယ် သူဌေးက အဲ့ဒီဒေသခံတွေကို ဖမ်းပြီး ညှင်းပန်းနှိပ်စက်ပြီး ပြောခိုင်းခဲ့တာလား။”

All Chapters