← Chapters

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း ၂၅၉

“အပေါ်ထပ်ကလူတွေ မင်းတို့ဘာတွေပြောနေကြတာလဲ။ ညှင်းပန်းနှိပ်စက်နေတဲ့အချိန်မှာတောင် အနည်းဆုံး ဆက်သွယ်ပြောဆိုနိုင်ဖို့လိုသေးတယ်။ ဘာသာစကားပညာရှင်တွေတောင် ဒီလိုဘာသာစကားအသစ်ကို ဖော်ထုတ်ဖို့ အချိန်အများကြီးယူရမယ်လို့ ခန့်မှန်းရတယ်။ သူဌေးကလည်း အရမ်းစွမ်းအားကြီးတယ်ဆိုပေ ဒီဘာသာစကားကို ဖော်ထုတ်နိုင်ဖို့အတွက်ဆိုရင် အချိန်တော့ယူရမှာပဲ။”

“ဘာသာစကားပညာရှင်တွေအကြောင်း မပြောနဲ့။ အရင်တုန်းက ကျွန်တော်တို့ ရှားနိုင်ငံရဲ့ ဒေသိယစကားကို လျှို့ဝှက်စာရွက်စာတမ်းတွေ ပို့ဆောင်ဖို့ ကိရိယာအဖြစ် အသုံးပြုခဲ့တယ်။ ရန်သူတွေ ဖမ်းမိခဲ့ရင်တောင် ဖော်ထုတ်လို့မရနိုင်ဘူး။”

“ဟုတ်တယ်။ စစ်ပွဲတွေမှာ ဘာသာစကားဖော်ထုတ်တဲ့ ကျွမ်းကျင်သူတဲ့ ဘာသာစကားပညာရှင်တွေ အရမ်းတော်ကြရမယ်။ သူတို့တောင် ဘာမှမလုပ်နိုင်ရင် တကယ်ကို ဘာမှမဖြစ်နိုင်တော့ဘူး။”

“ဒီမှာ တိုင်းရင်းသားတွေရဲ့ ဘာသာစကားတွေက ဒီအဆင့်ဆိုရင် သူတို့နဲ့ ဆက်သွယ်ပြောဆိုဖို့တောင် စဉ်းစားလို့မရဘူး။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ငါ့မှာ အထူးပစ္စည်းတွေရှိတယ်။ သူတို့ရဲ့ ဘာသာစကားကို ငါနားလည်နိုင်တယ်။”

ဤစကားတစ်ခွန်းက ယီထျန်းအဖွဲ့တစ်ခုလုံးကို ရူးသွပ်သွားစေခဲ့သည်။

“စုန်းမ သူဌေး 666။”

“ငါဘာပြောနိုင်တော့မှာလဲ။ ငါ အစကတည်းက မစ္စတာယီရန်းပင်းကို အရမ်းပိုတွက်ထားတယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် ငါသူ့ကို လျှော့တွက်မိနေတုန်းပဲ။”

“ဘာ။ မင်းက သူဌေးကြီးရဲ့ စွမ်းအားကို ခန့်မှန်းရဲသေးတယ်လား။ သူဌေးကြီးရဲ့ ကမ္ဘာကို မခန့်မှန်းနဲ့။ မင်းခန့်မှန်းပြီးရင်တောင် နားမလည်နိုင်မှာမဟုတ်ဘူး။”

“သူဌေးကြီးက ဒေသခံတွေရဲ့ ဘာသာစကားကို နားလည်နိုင်တယ်ဆိုရင် ဒေသခံတွေကို ဖမ်းမိပြီးသားပဲဖြစ်ရမယ်။ ကျွန်တော်တို့ကို ဒေသခံတွေအကြောင်း အချက်အလက်တွေ မျှဝေပေးပါ။”

“ဟုတ်တယ် မျှဝေပေးပါ +၁၊ သူဌေး။”

“မျှဝေပေးပါ +၁၀၀၈၆။”

ရှောင်းယီ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ရိုးရိုးရှင်းရှင်းသာ ရှင်းပြလိုက်၏။

“ဒီဒေသခံတွေက ငါတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖျက်ဆီးဖို့အတွက် ရောက်လာခဲ့ကြတာပဲ။ သူတို့မျိုးနွယ်မှာ အဆင့်မြင့်မှော်ဆရာတစ်ယောက်ရှိတယ်။ သူတို့က မှော်ဆရာရဲ့ အမိန့်ကို နာခံပြီး ငါတို့ရဲ့ကျွန်းကို တိုက်ခိုက်ဖို့ လာကြတာ။”

“ဝှက်သယ်! အဲ့ဒီမှော်ဆရာက ဘယ်သူလဲ။”

“ရှေးကျတဲ့မျိုးနွယ်စုတွေရဲ့ ရှေးဖြစ်ဟောဆရာတစ်ယောက်လိုမျိုးဖြစ်မယ်။”

“ဒါဆို ဘာကြောင့် မှော်ဆရာက ငါတို့ကျွန်းကို တိုက်ခိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လာယူခိုင်းရတာလဲ။”

“မှော်ဆရာက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ လုပ်ဆောင်ချက်တွေကို သိနေလို့ဖြစ်နိုင်တယ်။”

“ဟမ်! သူက ဘယ်တုန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ဆက်သွယ်ဖူးလို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ လုပ်‌ဆောင်ချက်တွေကို သိနိုင်ရမှာလဲ။”

“တစ်ယောက်ယောက်က မပြောခဲ့ဘူးလား။ ဒီမှော်ဆရာက ရှေးဖြစ်ဟောဆရာတစ်မျိုးဖြစ်နိုင်တယ်။ ငါတို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အလုပ်လုပ်ပုံကို ကြိုတင်ခန့်မှန်းနိုင်လို့ တိုက်ခိုက်တာဖြစ်မှာပေါ့။”

“ကျစ်! ဒီကမ္ဘာက စိတ်ကူးယဉ်ကမ္ဘာနဲ့ ပိုပိုတူလာတယ်လို့ ခံစားလာရတယ်။ သူက ဘယ်လိုဟောကိန်းထုတ်ရမလဲဆိုတာကိုတောက် သိနေသေးတယ်လား။”

“မင်းပြောတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲ့ဒီစာချုပ်ကဒ်လိုဟာမျိုးတွေကလည်း အရမ်းစိတ်ကူးယဉ်ဆန်နေတာပဲမဟုတ်ဘူးလား။”

“ဒီလိုဆိုရင် ငါတို့က စိတ်ကူးယဉ်ကမ္ဘာထဲမှာ လွင့်မြောနေကြတာလား။ ငါတို့က နတ်ဘုရားတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သေမျိုးတစ်စုဖြစ်မနေဘူးလား။”

“ဒီလိုမျိုး လွယ်လွယ်အရှုံးမပေးလိုက်နဲ့ဦး။ ဒီကမ္ဘာရဲ့ သဘောသဘာဝအရ မဖြစ်နိုင်တဲ့ ပြိုင်ဘက်တွေကို စီစဉ်ပေးမှာမဟုတ်ဘူး။ ဒီလိုဆို မှော်ဆရာမှာလည်း တခြားကန့်သတ်ချက်တွေ ရှိလိမ့်မယ်။”

“ဟုတ်တယ်။ တကယ်လို့ တကယ်ကို မတိုက်ခိုက်နိုင်တော့ဘူးဆိုရင် ဆောင်းမလာခင် ငါတို့ကို နွေးထွေးတဲ့ ပစ္စည်းတွေ ပေးစရာမလိုဘူး။ အေးခဲပြီး သေသွားကြမှာပဲ။”

“အားလုံးသတိရပါ။ လူတစ်ယောက်က ဆင်းရဲမွဲနေပြီး သူတောင်းစားတစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင်မှ မသေဘူးဆိုရင် အမြဲတမ်း ထွက်ပေါ်လာလိမ့်မယ်။”

ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး ထိုင်ခုံနောက်မှီကို မှီလိုက်၏။ သူသည် သင်္ဘောပေါ်၌ ထိုကဲ့သို့သာ အနားယူနိုင်ပေသည်။

နှစ်နာရီခန့်ကြာပြီးနောက် ရှောင်းယီသည် အပြင်မှ ဝမ်းသာအားရအော်ဟစ်သံများကြောင့် နှိုးလာခဲ့လေသည်။

သူ၏မျက်လုံးများကို ဖွင့်ကြည့်ပြီးနောက် ရှောင်းယီက ‌ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဘူး အပြင်မှာ ဘာတွေဖြစ်နေတာလဲ။”

“အရှင် ကျွန်တော်တို့ မကြာခင်ရောက်တော့မယ်ထင်တယ်။”

ဘူးသည် ကပ္ပတိန်ခန်းတံခါးနားတွင်ရပ်ကာ ဖြေလိုက်သည်။

ထိုစကားကိုကြားသောအခါ ရှောင်းယီ ကြောင်အသွားခဲ့ပြီးနောက် မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“ငါးရက်သွားရမယ်လို့ မင်းပြောခဲ့တယ်မဟုတ်ဘူးလား။”

“အရှင် စိတ်အေးအေးထားပါ။ ကျွန်တော်တို့ သွားတုန်းက ငါးရက်ကြာခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိဘူး။ ပြန်လာတော့ အရမ်းမြန်နေတယ်။”

ဘူးက ထိတ်လန့်တကြား ဒူးထောက်လိုက်၏။

ရှောင်းယီသည် ဘူး၏ မျက်နှာအမူအရာကို ကြည့်လိုက်သောအခါ သူသည် လိမ်ပြော‌နေပုံမရပေ။ သူ အနည်းငယ်စဉ်းစားပြီး ပြောလိုက်သည်။

“သူတို့က လမ်းညွှန်သံလိုက်ရဲ့ သံလိုက်စွမ်းအားနဲ့ ဘယ်လောက်ဝေးဝေး ခုန်ကျောက်သွားမလဲဆိုတာ မသိကြဘူးထင်တယ်။”

ဤသို့ဖြင့် ရှောင်းယီက ဆက်မေးလိုကိသည်။

“အဲ့ဒါက နီးလာပြီမှန်း မင်းဘယ်လိုသိတာလဲ။”

“ဘာလို့လဲဆိုတော့ ကျွန်တော်တို့မျိုးနွယ်စုရဲ့ ကျွန်းနားမှာ ကျောက်တွေနဲ့ ဖုံးနေတဲ့ ကျွန်းငယ်လေးတွေ ရှိတယ်။ အဲဒါတွေက လူတွေနေလို့မရဘူး။”

ဘူးက ချက်ချင်းပင် ပြန်ဖြေ၏။ ထို့နောက် ရှောင်းယီ ထထွက်သွားသောအခါ ဘူးသည်လည်း ချက်ချင်းထရပ်ပြီး သူ့နောက်မှ လိုက်သွားခဲ့သည်။

သူ သင်္ဘော၏အစွန်းကိုရောက်သောအခါ ဘူးသည် ပင်လယ်ပေါ်၌ ခုနစ်မီတာ ရှစ်မီတာခန့် ပေါလောပေါ်နေသော ကျောက်တုံးကို လက်ညိုးထိုးပြပြီး ပြောလိုင်သည်။

“အဲ့ဒါပဲ၊ သူတို့ကိုမြင်ရပြီးဆိုတာနဲ့ ကျွန်တော်တို့နီးလာပြီဆိုတာကို သိနိုင်တယ်။”

ရှောင်းယီက ခေါင်းညိတ်ပြီး မေးလိုက်သည်။

“ဒီကနေ မင်းတို့ကျွန်းကို ဘယ်လောက်ကြာအောင် သွားရဦးမလဲ။”

“လက ကောင်းကင်ပေါ်ကို တစ်ဝက်မြင့်တက်လာတဲ့အချိန်ဆိုရင် ရောက်လိမ့်မယ်။”

ဘူးက ဖြေလိုက်သည်။

ဘူးပြောသည့် ကောင်းကင်ပေါ်ရှိ လဆိုသည်မှာ ညသန်းခေါင်ယံအချိန်ဖြစ်နိုင်၏။ အချိန်ကိုကြည့်လိုက်သောအခါ သုံးလေးနာရီခန်း ဆက်သွားရန် ကျန်နေသေးပေသည်။

“အရှင် မျိုးနွယ်စုဆီ ရောက်တော့မယ်။ သင်္ဘောပေါ်က လူတိုင်းက အရှင့်ကို တောင်းဆိုချင်တာတွေရှိနေတယ်။”

ဘူးက မရဲမရဲတရဲ ပြောလိုက်သည်။

သူတို့သည် ဤအရှင်သခင်ကို ဒေါသထွက်စေခဲ့ပြီးသားမို့ ယခုအချိန်၌ တောင်းဆိုခြင်းကို အရှင်သခင်က သဘောတူမည်မဟုတ်ဘူးဟု သူထင်နေခဲ့၏။

ရှောင်းယီက သူ့ကိုကြည့်ပြီး ပြောလိုက်သည်။

“ပြောချင်တာရှိရင်ပြော မရဲတရဲလုပ်မနေနဲ့။”

ထိုအခါ ဘူးသည်လည်း သတ္တိမွေးကာ ပြောလိုက်၏။

“ကျွန်တော်တို့က အရှင့်ကို ကျွန်တော်တို့ရဲ့ မှော်ဆရာဖြစ်စေချင်ပါတယ်။”

ထိုစကားကိုကြားသောအခါ ရှောင်းယီ ခဏတာ အံ့အားသင့်သွားပြီးနောက် ပြုံးကာ မေးလိုက်သည်။

“ငါနဲ့အတူရှိရင် အရသာရှိတဲ့ အစားအစာတွေ စားရမယ်ဆိုတာ သိလို့လား။”

“အရသာရှိတဲ့ အစားအစာတွေရမယ့်အပြင် အရှင်က လူကောင်းတစ်ယောက်လည်း ဖြစ်တယ်။”

ဘူးက လေးလေးနက်နက် ပြော၏။

စကားလုံးဝေါဟာရမကြွယ်ဝသော ဒေသခံများသည် ရှောင်းယီ၏ ခေါင်းဆောင်မှုစရိုက်ကို မည်သို့သရုပ်ဖော်ရမှန်း မသိသောကြောင့် “လူကောင်း” ဟူသည့် စကားလုံးကိုသာ အသုံးပြုနိုင်ကြခြင်းဖြစ်နိုင်လေသည်။

ရှောင်းယီသည် အကူညီမဲ့စွာ ပြုံးလိုက်မိလေသည်။ သူသည် ဒေသခံများဆီမှာ လူကောင်းတစ်ယောက်အဖြစ် တံဆိပ်ကပ်ခြင်း ခံလိုက်ရပေပြီ။

“မင်းတို့မျိုးနွယ်စုရဲ့ မှော်ဆရာဖြစ်ဖို့ တိကျတဲ့အခြေအနေတွေ ရှိသင့်တယ်မဟုတ်လား။”

ဘူးသည် ခဏတာ ကြောင်အသွားပြီးနောက် ရိုးသားစွာ ပြန်ဖြေ၏။

“ကျွန်တော်မသိဘူး။ ကျွန်တော်မွေးကတည်းက မှော်ဆရာ မပြောင်းဖူးသေးဘူး။”

ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ငါက မင်းတို့ရဲ့ မှော်ဆရာ မဖြစ်နိုင်ဘူး။”

ရှောင်းယီ၏စကားကို ကြားသောအခါ သူ၏မျက်နှာပေါ်တွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

“ဒါပေမယ့် မင်းတို့ဘက်က သစ္စာစောင့်သိမှုကို ပေးမယ်ဆိုရင် မင်းတို့ရဲ့ ခေါင်းဆောင်ဖြစ်ဖို့အတွက် စဉ်းစားနိုင်ပေးတယ်။ ဒီလို လူတွေကို ရှုပ်ထွေးစေတဲ့ မှော်ဆရာမျိုးကို မလိုအပ်ဘူး။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

ဘူးသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး သင်္ဘောအစပ်တွင် ဒူးထောက်ချလိုက်၏။

“အရှင့်အပေါ်မှာ ကျွန်တော် သေချာပေါက်သစ္စာစောင့်သိပါမယ်လို့ အာမခံနိုင်တယ်။”

“ထပါ။ မင်းတို့ရဲ့ မှော်ဆရာကို တွေ့ပြီးမှ ဒီအကြောင်း ပြောကြတာပေါ့။”

ရှောင်းယီက ဖြေလိုက်သည်။

“ဟုတ်ကဲ့”

ဘူးက ပျော်ရွှင်စွာ ပြန်ဖြေ၏။

ရှောင်းယီ လက်ခါပြလိုက်သောအခါ ဘူးသည် ချက်ချင်းပင် နောက်ဆုတ်သွားခဲ့သည်။ သူသည် လှေဦးခန်းတွင် တစ်ယောက်တည်း ရပ်နေပြီး အဝေးဝေးကြည့်နေခဲ့သည်။

ဒေသခံကျွန်းနဲ့ ကီလိုမီတာ ငါးဆယ်ခြောက်ဆယ်ခန့် ဝေးနေဆဲဖြစ်ပြီး မဲမှောင်နေသည့် ပင်လယ်ပြင်ကိုသာ မြင်နေခဲ့ရသည်။

ဘူးသည် သူ၏အဖော်များကို သတင်းကောင်းအား ပြန်လည်ပြောပြနေခဲ့လေသည်။ ဒေသခံများသည် ထပ်မံ၍ ဝမ်းသာအားက ကြွေးကြော်ကာ အော်ဟစ်လိုက်ကြလေသည်။

နှလုံးသားဖြင့် နားလည်နိုင်သည့် စွမ်းရည်ရှိသော ရှောင်းယီပင်လျှင် ထိုစကားလုံးများကို ဘာသာပြန်၍ မရခဲ့ပေ။ သို့သော်လည်း ထိုစကားလုံးများသည် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို ဖော်ပြနေခြင်းဖြစ်ကြောင်းကိုမူ သိနိုင်ပေသည်။

ရှောင်းယီသည် ခဏအောင်ကြည့်နေပြီးနောက် နှက်ပြန်လှည့်ကာ ကပ္ပတိန်ခန်းသို့ ပြန်ဝင်သွားလိုက်သည်။

“ရှောင်းယီ အခု ပင်လယ်ရဲ့အခြေအနေက ဘယ်လိုလဲ။”

ထိုအရာသည် အနးယ်းရန် သို့မဟုတ် ဆုဝမ်ဆီမှ ပို့လိုက်သောစာတစ်စောင်ဖြစ်နိုင်၏။

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အဆင်ပြေတယ် သူတို့ကျွန်းရဲအနီးကို ရောက်နေပြီ။”

“ဘာ! ငါးရက်ခရီးလို့ မပြောခဲ့ဘူးလား။ ဆယ်နာရီကျော်ပဲ ကြာသေးတယ်လေ။”

“ငါလည်းမသိဘူး၊ ဒေသခံတွေပြောတာကတော့ သူတို့မျိုးနွယ်စုကျွန်းနားက ပင်လယ်ပြင်ကို ရောက်နေပြီတဲ့။ မှားနေမလားတော့ ငါလည်းမသိဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

အခန်း ၂၆၀

“ဒီဒေသခံတွေက သူတို့အိမ်တွေကိုတော့ မမှားသင့်ပါဘူး။”

ရှောင်းယီက ပြန်ဖြေ၏။

“ဖြစ်နိုင်တာက နောက်သုံးလေးနာရီအတွင်းမှာသိရတော့မှာပါ။ မင်းတို့အရင်အနားယူထားလိုက်ဦး။ နောက်သုံးနာရီကြာရင် ငါ့ဆီကသတင်းကို စောင့်ကြည့်ဖို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ တစ်ယောက်ယောက်ကို စီစဉ်ထားလိုက်ပါ။”

“ဟုတ်ကဲ့!”

စကားပြောပြီးနောက် ရှောင်းယီသည် ထိုင်ခုံပေါ်တွက် ပက်လက်လှန်ကာလဲလျောင်းလိုက်ပြီး မျက်လုံးမှိတ်ကာ စိတ်ကိုတည်ငြိမ်အောင် ထားလိုင်သည်။ ခဏအကြာတွင် သားရဲဘုရင်ကို အော်ခေါ်လိုက်၏။

“သားရဲဘုရင် အထဲကိုဝင်လာခဲ့။”

“ဝေါင်း!”

သားရဲဘုရင်ကတုံ့ပြန်လိုက်ပြီး ဖြေးဖြေးချင်း လှမ်းဝင်လာခဲ့သည်။

“ခရီးဆုံးကိုရောက်ရင် ငါပြောတဲ့အတိုင်းလုပ် အသံမထွက်နဲ့။”

ရှောင်းယီက ပြောလိုက်သည်။

သားရဲဘုရင်က ဟိန်းဟောက်ကာ တုံ့ပြန်လိုက်ပြီး လှေခန်းထဲတွင် လဲလျောင်းနေလိုက်သည်။

အဘယ်ကြောင့်ဆိုသော သူတို့ရောက်သွား၍ ပြန်လည်တင်ပြသည့်အခါ ပြန်ရလာမည့်တုံ့ပြန်မှုသည် အမှားကင်းစင်နိုင်ရန်မှာ သေချာမှုမရှိသောကြောင့် ရှောင်းယီသည် အနားယူရန် အစီအစဉ်မရှိပေ။ ယီထျန်းဂရုကိုဖွင့်ကာ လူအများ မည်သည့်အကြောင်းအရာများ ပြောဆို‌နေကြသည်ကို ကြည့်ရှုလိုက်၏။

“ဒီနေ့နေ့ခင်းဘက်မှာ ဒေသခံတွေရောက်လာခဲ့သေးတယ်။ ဒါပေမယ့် ငါပြန်တိုက်ခိုက်လိုက်တယ်။ ညဘက်မှာတော့ သူတို့ပြန်မလာလောက်တော့ပါဘူးနော်။”

“မင်းနေ့ခင်းဘက်မှာဖျက်စီးလိုက်ပေမယ့် သူတို့ရဲ့သင်္ဘောကို ပြန်ပြင်ပြီးသွားရင် ညဘက်မှာ ခိုးကြောင်ခိုးဝှုက်ပြန်လာချင်လာလိမ့်မယ်။”

“ဒီကိစ္စမပြီးသေးဘူး။ သူတို့မှာ ပင်လယ်ထဲမှာ သင်္ဘောပြင်ဖို့ နည်းလမ်းရှိလို့လား။”

“ဒါကိုတော့ ငါလည်းမပြောနိုင်ဘူး။ သူဌေးကြီးကိုမေးကြည့်လိုက်လေ။ သူတော့သိနိုင်လောက်တယ်။”

ရှောင်းယီသည် ယခင်က ဒေသခံများ၏ ဘာသာစကားကို နားလည်သည်ဟု ပြောခဲ့သောကြောင့် ထိုမေးခွန်းများကို ဒေသခံများအား ညှင်းပန်းနှိပ်စက်ကာ မေးမြန်ထားနိုင်၏။

ရှောင်းယီသည် လူအများမေးနေသည်ကို မြင်သောအခါ ပြောလိုက်သည်။

“သူတို့သင်္ဘောတွေမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိဘူး။ အနည်းဆုံးတော့ ငါတွေ့ခဲ့တဲ့သင်္ဘောနှစ်စီးမှာ မရှိကြဘူး။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိရင် တကယ်ပဲ အချိန်နဲ့တပြေးညီ ပြန်ပြင်လို့မရဘူးပေါ့။ ဒါက သတင်းကောင်းပဲ။”

“ဒါမှမဟုတ်ဘူး။ သူတို့မှာ ကျွမ်းကျင်တဲ့ အပြင်ဆရာတွေရှိရင် ပင်လယ်ပြင်မှာလည်း ပြန်ပြင်နိုင်တယ်မဟုတ်ဘူးလား။”

“နောက်တစ်မျိုးရှိသေးတယ်။ သူတို့က သူတို့ရဲ့သင်္ဘော အချိန်မီပြန်မပြင်နိုင်ရင် သင်္ဘောနဲ့အတူတူ အမြှပ်ခံလိုက်မှာတော့ မဟုတ်လောက်ဘူး။ ကျွန်းပေါ်ကိုအင်အားသုံးပြီး တက်ကြလိမ့်မယ်။”

“ဟုတ်တယ်။ ပြန်မပြင်နိုင်လို့ရင် ပင်လယ်ထဲမှာနေရင်လည်း သေရမှာပဲ။ မသေခင် တိုက်ခိုက်ဖို့ကြိုးစားရင် အသက်ရှင်ဖို့အခွင့်အလမ်းရှိနိုင်သေးတယ်။”

“ငလူး! ညဘက်မှာ အနားတောင်မယူရဲတော့ဘူး။”

“ညီအစ်ကို မင်းသူငယ်ချင်း ရှာမတွေ့သေးဘူးလား။”

“ငါလည်း တွဲဖက်တစ်ယောက်လောက် လိုချင်ပါတယ်။ ဒါပေမယ့် ငါနဲ့အနီးနားမှာ ဘာကျွန်းမှမရှိဘူး။ အခုတော့ တစ်ယောက်နဲ့ဆက်သွယ်ထားတယ်။ ဒါပေမယ့် သူကလည်း ငါ့ဆီကနေ ၁၆၀၀ ကီလိုမီတာအကွာမှာရှိနေတယ်လေ။ သူဌေးကြီးရဲ့လှေက ၁၀၀၀ ကီလိုမီတာအောက်ကိုပဲ အရင်ပို့ပေးတာ။ ငါဘာလုပ်ရမလဲ။”

“ကျူးချန်းကလန်ကို မေးကြည့်ပါလား။”

“ကျူးချန်းကလန်ကို မမေးနဲ့။ သူတို့က အချိန်ပိုကြာတယ်။ ကျူးချန်းကလန်ရဲ့ အချိန်ဇယားအရ သူတို့သင်္ဘောကိုသုံးမယ်ဆိုရင် အနည်းဆုံး တစ်ပတ်တော့စောင့်ရမယ်။”

“အခြားအဝေးပြေးယာဉ်တစ်ခုလောက် ထွက်မလာကြတော့ဘူးလား။”

“တစ်ယောက်ယောက်က အဲ့လိုသင်္ဘောမျိုးရခဲ့ရင် သူတို့ ခရီးသည်ပို့ဆောင်တဲ့စီးပွားရေးလုပ်ငန်းကို လုပ်မှရမယ်။ အခြားသူတွေ ခရီးသည်ပို့စီးပွားရေးမလုပ်ရင် လုပ်တဲ့လူဘယ်သူမှမရှိတော့ဘူး။”

“မင်း အဲ့လိုတော့မပြောနဲ့။ ဒီလိုမျိုးပစ္စည်းရှိသူက ပင်လယ်က အရမ်းအန္တရာယ်များတယ်လို့ထင်ပြီး အုတ်မြစ်ကျောက်အနည်းငယ်လောက်ရဖို့ကို မလိုချင်ဘူးဆိုရင်ရော ဘာဖြစ်မလဲ။ ငါဆိုရင် ဒီကိစ္စကို သေချာစဉ်းစားရမယ်။ သူဌေးကြီးပြောတဲ့ ဧရာမရှေးဦးသတ္တဝါကြီးတွေက အရမ်းကြောက်စရာကောင်းတယ်။”

“ဟုတ်တယ် ဒါပေမယ့် သူဌေးကြီးပြောတဲ့အတိုင်းဆိုရင် အဲ့ဒီဧရာမရှေးဦးသတ္တဝါတွေက လက်ရှိသာမန်အဆင့်ထက်ကျော်လွန်တဲ့ပစ္စည်းတွေကိုပဲ ပစ်မှတ်ထားတာဖြစ်သင့်တယ်။ အလတ်စားရွက်သင်္ဘောထက် သေးငယ်တဲ့သင်္ဘောတွေအတွက်တော့ စိုးရိမ်စရာမလိုလောက်ပါဘူး။”

“မင်းပြောတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဖြစ်လာခဲ့ရင်တော့ သေခြင်းတရားနဲ့ပဲ အဆုံးသတ်သွားရလိမ့်မယ်။”

ယီထျန်းဂရုထဲတွင် အဖွဲ့ဖွဲ့ခြင်းနှင့် ခရီးသည်ပို့ဆောင်ရေးကို ဆွေးနွေးနေစဉ်၌ တိလင်းထျန်းရှားသည် သူ၏လက်အောက်ငယ်သားတစ်ဦးဆီမှ အစီရင်ခံစာကို ရရှိခဲ့လေသည်။

“ဥက္ကဋ္ဌ ယီရန်ပင်းက ဒေသခံတွေရဲ့ဘာသာစကားကိုနားလည်တယ်လို့ပြောပြီး ဒေသခံတွေက ကျွန်တော်တို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အတွက် လာကြတာလို့ပြောထားပါတယ်။”

တိလင်းထျန်းရှားက ခေါင်းညိတ်လိုက်၏။

“ဒါကငါမျှော်လင့်ထားတဲ့အတိုင်းပဲ။ နောက်ကွယ်ကထိန်းချုပ်သူတွေက ဒေသခံတွေကို ငါတို့ကိုတိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်ပေးရမယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အကြောင်းပြချက်ကောင်းတစ်ခုပဲ။ အခြားသတင်းရော ရှိသေးလား။”

“အခြားသတင်းတော့ သိပ်မရှိပါဘူး။ ဒေသခံမျိုးနွယ်စာတွေမှာ မှော်ဆရာလို့ခေါ်တဲ့အလုပ်အကိုင်တစ်ခုရှိတယ်။ အဲ့ဒီ‌ဒေသခံတွေက မှော်ဆရာတွေရဲ့အမိန့်ကိုနာခံကြတယ်။”

“အင်း ယီထျန်းအုပ်စုထဲက သတင်းတွေကို ဆက်ပြီးစုံစမ်းထား။”

တိလင်းထျန်းရှားက ပြန်ဖြေပြီး စကားဝိုင်းကိုအဆုံးသတ်လိုက်၏။

အနည်းငယ် စဉ်းစားတွေးခေါ်ပြီးနောက် တိလင်းထျန်းရှားက တိလင်းဂရုထဲတွင် မေးလိုက်သည်။

“ဂရုထဲမှာ တစ်ယောက်တည်းရှိတဲ့ကျွန်းဘယ်နှစ်ခုရှိလဲ။”

မူလက တိလင်းအုပ်စုတွင် လူဦးရေ ၁၁၀၀၀ ကျော်ရှိပြီး မနေ့ညက ဒေသခံများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် လူဦးရေ ၉၀၀၀ ကျော်သာ ကျန်ရှိတော့လေသည်။

“ကျွန်တော်က အခုတစ်ယောက်တည်းပဲ။”

“ကျွန်တော်ရောပဲ။”

တိလင်းချင်းလုံသည် အုပ်စုထဲတွင် စာရင်းများကိုရေတွက်ပြီးနောက် တိလင်းထျန်းရှားဆီသို့ ပြန်လည်တင်ပြလိုက်သည်။

“ဥက္ကဋ္ဌ ကျွန်တော်တို့အုပ်စုထဲမှာ တစ်ယောက်တည်းရှိနေသေးတဲ့ကျွန်း ၆၃၈၈ ခုကျန်ပါသေးတယ်။”

တိလင်းထျန်းရှား မျက်မှောင်ကြုံ့ပြီး ပြောလိုက်၏။

“လူတိုင်းကို တတ်နိုင်သမျှမြန်မြန်စုစည်းရမယ်။ ဒေသခံတွေက ညဘက်ရောက်လာဦးမလားဆိုတာ ဘယ်သူမှမသိဘူး။ တစ်ယောက်တည်းရှိနေတာက အခုအခြေအနေကို ရင်ဆိုင်ဖို့အရမ်းခက်ခဲတယ်။”

“ကျွန်တော်တို့လည်းမြန်မြန်ပေါင်းချင်ပါတယ်။ ဒါပေမယ့် ကျူးချန်းကလန်ရဲ့ခရီးသည်ပို့ဆောင်ရေးက မျောက်နှစ်မြင်းလထိတောင် စောင့်ရမလားမသိဘူး။”

“ဟုတ်တယ် ငါလည်း ကျူးချန်းကလန်ဆီမှာ စာရင်းပေးထားတယ်။ သူတို့က ခြောက်ရက်စောင့်ရမယ်လို့ပြောတယ်။”

“ငါလည်း ယီရန်ပင်းဆီမှာ စုရင်းသွင်းထားတယ်။ ဒါပေမယ့် ယီရန်ပင်းရဲ့သင်္ဘောက အားသွင်းဖို့လိုတယ်။ တစ်ဖက်လူက အချိန်ဘယ်တော့သတ်မှတ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းမပြောထားဘူး။”

“သေတာပဲ...ဒီအရင်းရှင်‌တွေက စိတ်ကြီးဝင်နေတာပဲ။ အချိန်ကိုတောင် မပြောဘူး။ မင်းထိုင်စောင့်ချင်စောင့် မစောင့်ချင်နေပဲ။”

“ငါတို့အဖွဲ့အစည်းထဲမှာလဲ ရွက်သင်္ဘောပစ္စည်းတွေ ရနိုင်ရင် ကောင်းမှာပဲ။”

တိလင်းထျန်းရှားသည်လည်း အနည်းငယ် မျှော်လင့်ချက်ကင်းမဲ့နေခဲ့သည်။ တိလင်းချင်းလုံ၏ တည်နေရာသည် သူနှင့် အတော်လေးနီးကပ်ပြီး ကီလိုမီတာတစ်ထောင်နီးပါးသာ ကွာဝေးပေသည်။

သို့သော်လည်း သင်္ဘောရောက်လာမည့်အချိန်ကိုစောင့်နေခြင်းမှာ အလွန်နာကျင်စရာကောင်းလှ၏။

“ဒီလိုစိတ်ကူးယဉ်ဆန်တဲ့ပစ္စည်းမျိုးတွေ ဘယ်လိုထွက်လာမှန်းကို မသိတော့ဘူး။”

တိလင်းထျန်းရှားသည် ထိုသို့ရေရွတ်ကာ အပြင်ထွက်လာခဲ့သည်။ ပင်လယ်ထဲတွင် သူ့ကျွန်းနှင့် အနီးဆုံးအကွာအဝေးသို့ မျောပါလာသည့် ထောက်ပံ့သေတ္တာတစ်လုံး ရှိနေပေသည်။

သူသည် ငါးဖမ်းပိုက်ကွန်နှင့် ထိုထောက်ပံ့ရေးသေတ္တာကိုဖမ်းကာ ဖွင့်ကြည့်လိုက်ပြီးနောက် အထဲတွင် အနက်ရောင်နတ်သမီးရုပ်တုတစ်ခုသာ ပါရှိပြီး အခြားထောက်ပံ့ရေးပစ္စည်းများ ဘာမှမရှိပေ။

ထိုရုပ်တုကိုမြင်သောအခါ တိလင်းထျန်းရှား၏ နှလုံးသားသည် နည်းနည်းတင်းကြပ်သွားပြီး ထိုရုပ်တုကိုယူကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားလိုက်သည်။ ထို့နောက် အနက်ရောင်ရုပ်တု၏ အမည်နှင့် အခြေခံဂုဏ်သတ္တိများကို မြင်လိုက်ရလေသည်။

“[လှေဦးပိုင်းနတ်သမီးရုပ်တု] ( A အဆင့် ): ထိုအရုကို သင်္ဘောပေါ်တင်ထားလျှင် ပင်လယ်သတ္တဝါများ၏ ရန်လိုမှုကို လျှော့ချပေးနိုင်သည်။”

“အရမ်းကောင်းတယ်!”

တိလင်းထျန်းရှား ထခုန်မိတော့မတတ်ပင် ဖြစ်သွားခဲ့၏။

သူသည် ချက်ချင်းပင် တိလင်းချင်းလုံကို ဆက်သွယ်လိုက်သည်။

“မင်းရဲ့ပစ္စည်းတွေအားလုံးကို ငါ့ဆီပို့လိုက်တော့ ငါတို့ပေါင်းစည်းမယ်။”

“ဒါပေမယ့် ကျွန်တော် ကျူးချန်းကလန်ကိုစောင့်နေတာ ကျွန်တော့်အလှည့်ရောက်ဖို့ နှစ်ရက်ပဲကျန်တော့တယ်လေ။”

တိလင်းချင်းလုံက ဇဝေဇဝါဖြင့် ပြောလိုက်၏။

“မစောင့်နဲ့တော့။ ငါ အခုလေးတင် ဒီပစ္စည်းကိုရလိုက်တယ်၊ [သင်္ဘောဦးပိုင်းနတ်သမီးရုပ်တာ] (A အဆင့်)”

တိလင်းထျန်းရှားက ပြောလိုက်သည်။

ထိုအရာကိုမြင်သောအခါ တိလင်းချင်းလုံး၏ မျက်လုံးများ ချင်ချင်းပင် ပြူးကျယ်သွားလေသည်။

“ဥက္ကဋ္ဌက တကယ်ကို ရွေးချယ်ခံရတဲ့သူပဲ။ ဒီပစ္စည်းတွေကိုတောင် ရိုက်ထုတ်နိုင်တယ်။”

“ဟုတ်တယ်။ မင်းရဲ့ပစ္စည်းတွေကို ငါဆီပို့လိုက်။ ငါအလတ်စားရွက်သင်္ဘောတစ်စီး ငှားပေးမယ်။ C အဆင့်ကိုပါ ထပ်ပေါင်းလိုက်ရင် အမြန်နှုန်းက ၂၀% တိုးလာလိမ့်မယ်။ နှစ်ရက်အတွင်း မင်း ငါ့ကျွန်းကိုရောက်နိုင်တယ်။”

တိလင်းထျန်းရှားက စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“ဟုတ်ကဲ့!”

တိလင်းချင်းလုံက ချက်ချင်းပင် တုံ့ပြန်လိုက်၏။

သူသည်လည်း မ‌သေချာမရေရာသည့် အခြေအနေများကြောင့် တစ်နေ့လုံး စိတ်မသက်မသာဖြစ်နေခဲ့ရခြင်းဖြစ်ပေသည်။ မနေ့ညက ဒေသခံများ သူ့ဆီသို့ ရောက်မလာခဲ့ကြသော်လည်း အိပ်မပျော်နိုင်ခဲ့ပေ။

တိလင်းထျန်းရှားဆီသို့ ပစ္စည်းများအားလုံး ပို့ပေးပြီးသည်နှင့် တိလင်းချင်းလုံသည် အလတ်စားရွက်သင်္ဘောတစ်စီးကို မောင်းနှင်ကာ တိလင်းထျန်းရှားဆီသို့ ရွက်လွှင့်ခဲ့လေသည်။

အခန်း ၂၆၁

မကြာမီမှာပင် အချိန်သုံးနာရီကို ကျော်လွန်သွားခဲ့ပေသည်။ ရှောင်းယီသည် ကပ္ပတိန်ခန်းထဲမှ ထွက်လာပြီး မေးလိုက်သည်။

“မင်းတို့မျိုးနွယ်စုရဲ့ကျွန်းက ဘယ်လောက်ဝေးသေးလဲ။”

ဘူးက ချက်ချင်းပြန်ဖြေသည်။

“သိပ်မဝေးတော့ပါဘူး ကြာခင်ရောက်တော့မှာပါ။”

ဘူး၏တည်ကြည်သောအမူအရာကို ကြည့်လိုက်ပြီးနောက် ရှောင်းယီကပြောလိုက်သည်။

“ခဏနေလို့ မင်းတို့ကျွန်းကိုရောက်ရင် ငါ့ကိုယ်ငါ ဖော်ပြမှာမဟုတ်ဘူး။ မင်းက မှောင်ဆရာကို သင်္ဘောခေါ်လာခဲ့။”

“သူ့ကိုခေါ်လာရမှာလား။ ကျွန်တော်က ဘယ်လိုခေါ်လာရမှာလဲ။”

ဘူးက စိတ်ရှုပ်ထွေးမှုအချို့ရှိနေဟန်ဖြင့် မေးလိုက်သည်။

“မင်းတို့က အနက်ရောင်ကျောက်ပြားကို အောင်အောင်မြင်မြင် ရရှိခဲ့တယ်။ ဒါပေမယ့် ယွမ်ရှီလိုမျိုး အဖွဲ့ဝင်တချို့ကိုလည်း ဆုံးရှုံးခဲ့ရတယ်။ အနက်ရောင်ကျောက်ပြားကိုတော့ သင်္ဘောပေါ်မှာထားခဲ့တယ်။ သူ့ကို ဒီကိုလာပြီး တစ်ခုခုမှားနေလားဆိုတာကြည့်ပါလို့ ပြောလိုက်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့!”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် သင်္ဘောအတွင်းခန်းထဲသို့ ပြန်သွားကာ အနားယူရန် မျက်စိမှိတ်ထားလိုက်သည်။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် သင်္ဘောသည် သိသိသာသာနှေးကွေးသွားပြီး ကျွန်းကို လှမ်းမြင်နေရပြီဖြစ်သည်။

ရှောင်းယီ မျက်လုံးဖွင့်ပြီး လှေခန်းထဲမှ အပြင်ဘယ်သို့ လှမ်းကြည့်လိုက်၏။ ကုန်းမြေတစ်ခုက သူ့၏ရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။

ဤကုန်း‌မြေသည်လည်း ကျွန်းတစ်ကျွန်းဖြစ်ပါက သူ၏ကျွန်းထက် များစွာကြီးမားလိမ့်မည်။

ကျွန်း၏စိမ်းလန်းစိုပြေနေသော အရောင်အဆင်းများကို ဝိုးတဝါးမြင်နေရပြီး သစ်ပင်များစွာပေါက်ရောက်နေကြပုံရလေသည်။

“အရှင် ကျွန်တော်တို့ ရောက်ပါပြီ။”

ဘူးသည် သားရဲဘုရင် အခန်းထဲတွင် လဲလျောင်းနေသည်ကိုမြင်လိုက်ရပြီး အထဲသို့ ဝင်မလာရဲဘဲ တံခါးနားတွင်သာ ရပ်ပြီးပြောလိုက်သည်။

“အရင်ကသဘောတူထားတဲ့အတိုင်းပဲ မှောင်ဆရာကိုသွားခေါ်လာခဲ့။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ဘူးက တုံ့ပြန်လိုက်ပြီး ဉာဏ်ရည်ထက်မြတ်သည့် ဒေသခံတချို့ကိုခေါ်ကာ လှေပေါ်ကနေဆင်းသွားပြီး ကျွန်းဆီသို့ လျှောက်သွားခဲ့သည်။

ရှောင်းယီသည် တခဏတာမျှ တွေ့တောလိုက်ပြီးနောက် သားရဲဘုရင်ကိုခေါ်ကာလှေအတွင်းခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

“မင်းတို့မှတ်ထားရမှာက ခဏနေရင် ပျော်ရွှင်နေတဲ့ပုံစံမျိုး သရုပ်ဆောင်ရမယ်။ ဒီတစ်ကြိမ်မှာ ကိစ္စတွေကို လှလှပပလေးလုပ်နိုင်မယ်ဆိုရင် ငါတို့ အရှင့်ရဲ့နောက်ကို လိုက်နိုင်လိမ့်မယ် သဘောပေါက်လား။”

ဘူးသည် သူ့ပတ်လည်တွင်ရှိသော လူလေးဦးကို ကြည့်ပြီး ပြောလိုက်သည်။ ထိုလူလေးယောက်သည်လည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ကြ၏။

“မှော်ဆရာ ကျွန်တော်တို့ပြန်လာပြီ။”

ဘူးသည် သူ၏မျိုးနွယ်စုဆီသို့ ဝမ်းသာအားရ ပြေးသွားပြီး ပြေးနေစဉ်မှာပင် အော်ဟစ်နေခဲ့သည်။

မျိုးနွယ်စုထဲရှိ ဒေသခံများသည် အလွန်သတိကြီးကြပြီး အဝတ်အစားများမှ ထွက်‌ပေါ်လာသောအသံကိုကြားသောအခါ တစ်ပြိုင်နက်တည်း ထရပ်လိုက်ကြသည်။

ထိုစဥ် ခါးကုန်းနေသော်လည်း အနည်းငယ်တောင့်တင်းသန်မာသောခန္ဓာကိုယ်ရှိသည့် အိုမင်းသောဒေသခံတစ်ဦးသည် လှိုဏ်ဂူထဲမှ တောင်ဝှေးတစ်ချောင်းကိုကိုင်ဆောင်ကာ ထွက်လာခဲ့လေသည်။

ဘူးသည် အိုမင်းနေသောဒေသခံကိုမြင်သောအခါ ချက်ချင်းပင် အနားသို့ပြေးသွားပြီး မြေပေါ်တွင်ဒူးထောက်ကာ ပြောလိုက်၏။

“သခင်မှော်ဆရာ ကျွန်တော်တို့ပြန်လာပါပြီ။”

“အနက်ရောင်ကျောက်ပြားကို ရလာခဲ့ပြီလား။”

မှော်ဆရာ၏အသံက ခြောက်ကပ်ကပ်ဖြစ်နေသည်။

“ကျွန်တော်တို့ အဲ့ဒါကို အောင်အောင်မြင်မြင်နဲ့ ယူဆောင်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျောက်စရစ်ခဲနဲ့ ကျွန်တော်တို့ရဲ့အဖော်တချို့ သေဆုံးခဲ့ကပြီး သင်္ဘောတစ်စီးကိုလည်း ဆုံးရှုံးခဲ့ရတယ်။”

ဘူးက ဝမ်းနည်းကြေကွဲနေဟန်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

မှောင်ဆရာသည် ဘူး၏ဝမ်းနည်းကြေကွာနေမှုကို လုံးဝဂရုမစိုက်ဘဲ စိတ်လှုပ်ရှားနေသော အမူအရာဖြင့်သာ မေးခွန်းထုတ်လိုက်၏။

“အနက်ရောင်ကျောက်ပြားက ဘယ်မှာလဲ”

ဘူးသည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားခဲ့ပြီး ရှောင်းယီနောက်သို့လိုက်ရန် ပို၍ပင် စိတ်ပိုင်းဖြတ်လာခဲ့သည်။

“အဲ့ဒါကသင်္ဘောပေါ်မှာပါ ကျွန်တော်တို့ရွှေ့လို့မရဘူး”

ဘူးက ပြန်ဖြေလိုက်သည်။

“မရွေ့နိုင်ဘူးလား။ လာ ငါ့ကို ကြည့်ရအောင်မြန်မြန်ခေါ်သွားစမ်း။”

မှော်ဆရာသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် ချက်ချင်းပင် ပြောလိုက်၏။

“ဟုတ်ကဲ့ပါ မှောင်ဆရာကြီး ဒါပေမယ့် ကျွန်တော်တို့ တစ်နေ့လုံး ဘာမှမစားရသေးဘူး။”

ဘူးက ပြန်ပြောလိုက်သည်။

“ဟမ့် မင်းက ဗိုက်ဆာနေသေးတယ်ပေါ့။ ငါ့ကိုအဲဒီကိုမြန်မြန်ခေါ်သွားစမ်း။”

မှော်ဆရာသည် ဘူးတစ်ယောက် ယနေ့အလွန်ထူးဆန်းနေသည်ဟု ခံစားရလိုက်သောကြောင့် မျက်ခုံးများကို စုကြုံ့ကာ အော်ဟစ်လိုက်၏။

ယခင်က သူသည် သူ၏အမိန့်များကို ချက်ချင်းပင် လုပ်ဆောင်ခဲ့သည်။ ဒီနေ့ ဘာကြောင့် စကားတွေ အရမ်းများနေရတာလဲ။

“ဟုတ်ကဲ့”

ဘူးက တုံ့ပြန်လိုက်ပြီး မှော်ဆရာကို ကမ်းခြေဆီသို့ ဦးဆောင်ကာ ခေါ်ဆောင်သွားခဲ့သည်။

မျိုးနွယ်စုထဲက အခြားသူများသည်လည်း ထွက်လာခဲ့ကြ၏။ သူတို့သည် မှော်ဆရာ အလွန်စွဲလမ်းနေသည့် အနက်ရောင်ကျောက်ပြားက ဘာလဲဆိုသည် သိချင်နေကြပေသည်။

ဘူးသည် မှော်ဆရာကို ဦးဆောင်ကာခေါ်လာခဲ့ပြီးနောက် သူတို့သည် အလတ်စားအရွယ် ရွက်လှေဆိုက်ကပ်ထားသော ကမ်းခြေသို့ အလျင်အမြန်ရောက်ရှိခဲ့လေသည်။

“မှောက်ဆရာကြီး အနက်ရောင်ကျောက်ပြားက လှေပေါ်မှာပါ”

ဘူးသည် ပြောရင်းဖြင့် လှေဆီကို လျှောက်သွားလိုက်၏။

မှော်ဆရာသည် ကမ်းစမ်းတွင် မျက်မှောင်ကြုံ့ကာ ရပ်နေပြီး သူ့ရှေ့တွင်ရှိသော သင်္ဘောကိုသာ တိတ်တဆိတ်ကြည့်နေခဲ့သည်။

ဤသင်္ဘောသည် မျိုးနွယ်စုမှ တည်ဆောက်ထားသော သင်္ဘောမဟုတ်ဟု သူခံစားမိနေသည်။

“မှော်ဆရာကြီး ဘာမှားနေလို့လဲ။”

မှော်ဆရာ လိုက်မလာသည်ကိုမြင်သောအခါ ဘူးက မေးလိုက်၏။

“ဘာမှမဖြစ်ဘူး။ ဒီသင်္ဘောက အရင်ကနဲ့ ကွဲပြားနေပုံရတယ်။”

မှော်ဆရာက ပြန်ဖြေလိုက်သည်။

ဘူး၏မျက်နှာအမူအရာသည် အနည်းငယ်ပြောင်းလဲသွားပြီး သူ၏မျက်ခွံများသည်လည်း အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ ကံကောင်းထောက်မစွာ ယခုအခါ ညဖြစ်နေခဲ့သည်။ အကယ်၍ နေ့အချိန်သာဖြစ်ပါက မှော်ဆရာသည် သူတို့၏လှည့်ကွက်များကို ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။

“တကယ်လား။ ကျွန်တော်တို့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အတင်းအဓမ္မသိမ်းယူပြီးတာနဲ့ တန်းပြန်လာခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သင်္ဘောပေါ်မှာ ထားခဲ့ရတာ။”

ဘူးက မရေမရာဖြစ်နေဟန်ဖြင့် ဖြေလိုက်သည်။

ကပ္ပတိန်ခန်းထဲတွင် ပုန်းကွယ်နေသော ရှောင်းယီသည် ဘူး၏စကားကိုကြားလိုက်ရသောပခါ သူ့ကိုယ်သူပြောလိုက်မိသည်။

“ဘူးရဲ့တုံ့ပြန်မှုက အတော်လေးကောင်းမယ်လို့ မျှော်လင့်မထားမိဘူး။”

မှော်ဆရာသည် သူ၏ခေါင်းကို ဖြည်းညင်းစွာညိတ်လိုက်ပြီး ရွက်လှေပေါ်သို့ တက်လာခဲ့သည်။

ရွက်လှေပေါ်တွင် ဒေသခံအချို့ ရပ်နေခဲ့ကြသည်။

မှော်ဆရာကိုမြင်သောအခါ သူတို့အားလုံး ဒူးထောက်ကာ ရှိခိုးလိုက်ကြ၏။

ကပ္ပတိန်းခန်းထဲသို့ရောက်လာသောအခါ မှော်ဆရာသည် နောက်ဆုံးတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မြင်သွားခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားခဲ့သည်။

သို့သော် နောက်အခိုက်အတန့်တွင် မှော်ဆရာသည် ချက်ချင်းပင် မြေပြင်ပေါ်သို့လှဲချလိုက်ပြီး တစ်ဖက်သို့ လှိမ့်ထွက်သွားလိုက်၏။

ရှောင်းယီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ မည်သည့်အရာကိုမျှ မလုပ်ဆောင်ရသေးမီတွင်ပင် မှော်ဆရာသည် အမှန်တကယ်ပင် ရှောင်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့လေသည်။

မှော်ဆရာသည် တစ်ဖက်သို့လှိမ့်သွားပြီး ကပ္ပတိန်ခန်း၏အတွင်းပိုင်းကိုကြည့်ကာ ပြောလိုက်၏။

“အဲဒီမှာရှိနေတာ ဘယ်သူလဲ။ ထွက်လာခဲ့စမ်း။”

ရှောင်းယီသည် သူတစ်ယောက်တည်ပုန်းနေရသည်မှာ အထီးကျန်သည်ဟုပင် ခံစားလိုက်ရသည်ည်။

ယခုအခါ သူ့ကိုတွေ့ရှိသွားပြီးဖြစ်သောကြောင့် ရှောင်ယီသည် ပုန်းနေခြင်းကို ရပ်တန့်ကာ ရဲရဲတင်းတင်းပင် ထွက်လာခဲ့ပြီး သားရဲဘုရင်သည်လည်း သူစနောက်မှ လိုက်လာခဲ့သည်။

လူတစ်ယောက်နှင့်ကျားတစ်ကောင်ကို ကြည့်လိုက်ပြီးနောက် မှော်ဆရာ၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားခဲ့သည်။

ဤလူနှင့်ကျားသည် အလွန်အားကောင်းသည်ဟု သူခံစားမိသောကြောင့် သူသည် ကမူးရှူးတိုးလှုပ်ရှားရန် မဝံ့မရဲဖြစ်နေပြီး သူတို့အာရုံပျံ့လွင့်နေစဉ်တွင် ကမ်းခြေရှိ ဒေသခံများအား ထွက်ပြေးဖို့ အမိန့်ပေးရန်ပင် မဝံ့မရဲဖြစ်နေခဲ့သည်။

“နက်မျိုးနွယ်စု၏မှော်ဆရာ ( Aအဆင့် )- နှစ်ပေါင်းများစွာ အမဲလိုက်ရမှာ ရရှိထားသည့် အတွေ့အကြုံများသည် သူ့အား အလွန်လျင်မြန်ဖျတ်လတ်စေပြီး စိတ်ပိုင်းဆိုင်ရာ အထူးတိုက်ခိုက်မှုနည်းလမ်းလည်းရှိသည်။ အပြင်ပန်းအမူအရာများကြောင့် အရူးလုပ်မခံရပါစေနှင့်။ ဂရုတစိုက်ကိုင်တွယ်ရန် လိုအပ်ပါသည်။”

ရှောင်းယီသည် ထိုမှော်ဆရာကိုမြင်သောအခါ ထွက်ပေါ်လာသော စနစ်၏သတိပေးချက်များကြောင့် ဤမှော်ဆရာ၏မြင့်မားသောအဆင့်အတန်းကို အံ့အားသင့်စေခဲ့သည်။ သူသည် တစ်စက္ကန့်မျှတိတ်ဆိတ်နေပြီးနောက် ပြုံးရယ်ကာ နှုတ်ဆက်လိုက်၏။

“မင်္ဂလာပါ။ မင်းက သူတို့ခေါ်တဲ့ မှော်ဆရာဖြစ်သင့်တယ်။”

မှော်ဆရာ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ရှောင်းယီပြောလိုက်သောစကားသည် ၎င်းတို့၏မူရင်းဘာသာစကားမဟုတ်သော်လည်း သူသည် ၎င်းကို နားလည်နိုင်လေသည်။ ၎င်းသည် လူသားများအတွက် နားလည်ရန် အလွန်ခက်ခဲပေသည်။

“မအံ့ဩပါနဲ့။ ကျွန်တော်တို့ ဒီလိုမျိား ချောချောမွေ့မွေ့ ဆက်သွယ်နိုင်တာကလည်း ကောင်းတာပဲမဟုတ်ဘူးလား။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

မှော်ဆရာသည် ရှောင်းယီကို သတိကြီးကြီးထားကာ ကြည့်နေရင်း မေးလိုက်၏။

“မင်းက အဲ့ဒီပြင်ပလူတွေထဲက တစ်ယောက်ပဲလား”

“ပြင်ပလူလား။”

ရှောင်းယီသည် ဤထိုစကားလုံးကိုကြားသောအခါ တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်သည်။

“ဟုတ်တယ်။ ဒီစကားလုံးက တကယ်ကိုကိုက်ညီတာပဲ။ ငါတို့လည်း ဒီနေရာကို မလာချင်ပါဘူး။ ဒါပေမယ့် ဒီကမ္ဘာထဲကို ဘယ်သူ့က ပစ်ချလိုက်မှန်းလည်း မသိခဲ့ရဘူး။”

“ဟမ့်! မင်းတို့က ငါတို့ကမ္ဘာကို ကျူးကျော်ဝင်ရောက်ချင်နေတာတောင်မှ မင်းက ဝန်မခံချင်ဘူးလား။”

မှော်ဆရာက အေးစက်စွာ ပြောလိုက်သည်။

ရှောင်းယီသည် သူ၏ပခုံးကို တွန့်လိုက်ပြီး ပြန်ဖြေ၏။

“မင်းယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါတို့က ဒီကမ္ဘာကို ငါတို့ရဲ့စိတ်ဆန္ဒအလျောက် လာခဲ့ကြတာမဟုတ်ဘူး။ ငါတို့ရဲ့မူလကမ္ဘာက ယဉ်ကျေးမှုတွေ မြစ်တစ်စင်းလို စီးဆင်းနေတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ အဲ့ဒါကို ဒီလိုရိုင်းစိုင်းတဲ့ကုန်းမြေဆီ ငါတို့က ဘာလို့လာချင်ရမှာလဲ။”

ဤအကြောင်းအရာနှင့်ပတ်သက်၍ ဆက်လက်ငြင်းခုံနေရမည့်အစား မှော်ဆရာက ထပ်မေးလိုက်သည်။

“မင်းကရော ငါတို့နဲ့အတူ ဒီမှာဘာလုပ်နေတာလဲ။”

“မင်းတို့အားလုံးက ငါတို့ကိုသတ်ပစ်ပြီး ငါတို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ချင်ကြတယ်။ ငါတို့ကရော မင်းတို့ဆီလာပြီး မင်းတို့ရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲတိုတာ လာကြည့်လို့မရဘူးလား။”

ရှောင်းယီက မေးလိုက်၏။

“ငါတို့မှာ လူအများကြီးရှိတယ်။ မင်းက တစ်ယောက်တည်းပဲ။ မင်းလာပြီးရင် ပြန်လို့မရတော့မှာကို မကြောက်ဘူးလား။”

မှော်ဆရာက ပြောလိုက်သည်။

“မင်းက ငါ့ကိုထိန်းထားနိုင်မယ်ထင်လို့လား။”

ရှောင်းယီက ပြန်ပြောလိုက်၏။

“ကောင်းပြီ အဓိကအချက်ကို သွားကြရအောင်။ မင်းက နတ်ဘုရားရဲ့အလိုတော်ကို လက်ခံပြီး ငါ့ကျွန်းကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တယ်လို့ ငါကြားခဲ့တယ်။”

“အမှန်ပဲ။ မင်းတို့လို ပြင်ပကကျူးကျော်လာတဲ့လူတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ငါတို့က မင်းတို့ကို သတ်ပစ်ရလိမ့်မယ်။”

မှော်ဆရာက ပြန်ဖြေလိုက်သည်။

All Chapters