အခန်း (၂၆၂-၂၆၄)
Vol. 18 Ch. 262-264
အခန်း ၂၆၂
ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။
“စကားကြီးစကားကျယ်တွေ ပြောမနေနဲ့။ ငါတို့ကို ကျွန်းအထိမ်းအထိန်းကျောက်တိုင်အတွက် သတ်ခဲ့တာ မဟုတ်ဘူးလား။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဘာအတွက်လိုချင်နေတာလဲ။”
“နတ်ဘုရားက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ဆိုရင် ငါတို့ကို ပိုမိုမြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်စေမယ်လို့ ပြောခဲ့တယ်။”
မှော်ဆရာက ဖြေလိုက်သည်။
“ဒါအမှန်ပဲ”
ရှောင်းယီက ခေါင်းညိတ်ကာ ဆက်မေး၏။
“မင်းတို့က မင်းရဲ့နတ်ဘုရားတွေနဲ့ ဘယ်လိုဆက်သွယ်တာလဲ”
“ဟမ့်! ငါမင်းကိုမပြောနိုင်ဘူး။”
မှော်ဆရာက ပြောလိုက်သည်။
“ဒီကိစ္စမှာ စကားပြောနေစရာ မလိုအပ်တော့ဘူး။”
ရှောင်းယီသည် ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်လိုက်၏။
“သားရဲဘုရင်ကြီး လာခဲ့ သူ့ကိုအရင်အနိုင်ယူလိုက်။ သတ်တော့မသတ်နဲ့။ ငါ သူ့ကို မေးစရာရှိသေးတယ်။”
မူလတွင် ရှောင်းယီသည် ငြိမ်းချမ်းစွာ ဆက်သွယ်ရန် စီစဉ်ထားခဲ့ပေသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်သောကြောင့် အနည်းဆုံးတော့ ဆက်သွယ်ရန်အတွက် အခြေခံရှိပေသည်။
သို့သော် ဤမှော်ဆရာသည် သူ့အား ရန်လိုနေသည်မှာ ထင်ရှားနေပြီဖြစ်သောကြောင့် သူသည်လည်း အင်အားသုံးရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
သားရဲဘုရင်သည် ဟိန်းဟောက်ကာ မှော်ဆရာထံသို့ ချဉ်းကပ်သွားခဲ့သည်။
ကမ်းခြေရှိ ဒေသခံများသည် မှော်ဆရာထံသို့ ချဉ်းကပ်လာနေသော ကျားကြီးကိုမြင်သောအခါ အားလုံး အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကြလေတော့သည်။
ဒေသခံများသည် ဧရာမသတ္တဝါများ၏တိုက်ခိုက်မှုကို တုံ့ပြန်သည့်အခါ ဤကဲ့သို့အစုအပြုံလိုက် အော်ဟစ်ခြင်းကို အသုံးပြု၍ ရန်သူကို ထွက်ပြေးစေကြလေသည်။
သူတို့ကို ခြောက်လှန့်၍မရလျှင် သူတို့လက်ထဲတွင်ရှိသော ကျောက်လှံများဖြင့် တိုက်ခိုက်ကြမည်ဖြစ်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူတို့သည် အလောတကြီးထွက်လာခဲ့ကြခြင်းဖြစ်သောကြောင့် မည်သူ့လက်ထဲတွင်မျှ လက်နက်များ ရှိမနေခဲ့ကြပေ။ ထို့ကြောင့် သူတို့၏ သူတို့၏ပါးစပ်ကို အားကိုးကြရပေတော့သည်။
A အဆင့် သားရဲဘုရင်ကြီးတစ်ယောက်အနေနှင့် သူသည် ဒေသခံများ၏ အော်ဟစ်သံများကို လုံးဝဂရုမစိုက်ပေ။ သူ၏အမြင်တွင် ဤနေရာရှိ ဒေသခံအားလုံးကို သူတစ်ယောက်တည်းဖြင့်ပင် သတ်ပစ်နိုင်ပေသည်။
ထိုအချင်းအရာများကိုမြင်လိုက်ရသောအခါ လှေပေါ်တွင် ရပ်နေသော ဘူးသည် ချက်ချင်းပင် ကမ်းခြေရှိ ဒေသခံများအား အော်ဟစ်လိုက်၏။
“လူတိုင်းပဲ ဒီလိုမလုပ်ကြပါနဲ့၊။ ဒီလူကြီးလူကောင်းက ငါတို့ကို ကယ်တင်ဖို့ လာခဲ့တာ။ မှော်ဆရာက ငါတို့ဘဝရဲဲ့ သေခြင်း၊ ရှင်ခြင်းကို လုံးဝဂရုမစိုက်ဘူး။ ဒါပေမယ့် ဒီလူကတော့ လူကောင်းတစ်ယောက်ပဲ။ ငါတို့က သူ့ရဲ့ကျွန်းကို တိုက်ခိုက်ခဲ့ပေမယ့် သူက ငါတို့ကို မသတ်ခဲ့ဘူး။ ဒါ့အပြင် အရသာရှိတဲ့ အစားအစာတွေကိုလည်း ပေးခဲ့တယ်။ သူက မှော်ဆရာထက် အဆပေါင်းတစ်သောင်းလောက် ပိုကောင်းတယ်။”
ဘူးက ထိုကဲ့သို့ပြောလိုက်သောအခါ ဒေသခံများ အံ့အားသင့်သွားကြလေသည်။ သူတို့သည် ဘူးက ထိုကဲ့သို့ပုန်ကန်သည့်စကားမျိုး ပြောလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
မှော်ဆရာများသည် အမြဲတမ်း မျိုးနွယ်စုထဲတွင် အစွမ်းထက်ဆုံးသောသူများဖြစ်ကြသည်။ သူတို့သည် တစ်ခါမျှ ခုခံတွန်းလှန်ရန် စဉ်းစားခဲ့ဖူးခြင်းမရှိဘဲ ထိုသို့ပြုလုပ်ရသည်ကိုအင် အလေ့အကျင့်ဖြစ်လာခဲ့ကြသည်။
ငါဒီလောက်ကြာကြာဒူးထောက်နေတာ မတ်တတ်ရပ်ရတဲ့အရသာကို မေ့သွားခဲ့ပြီ။
ဘူးက ထိုကဲ့သို့ ရုတ်တရက်ပြောလိုက်ခြင်းက သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။
မှော်ဆရာသည် ဘူးပြောလိုက်သည့်စကားကို ကြားသောအခါ သူက အော်ဟစ်လိုက်၏။
“မင်းကသစ္စာဖောက်ကောင်ပဲ။ မင်းကအပြင်ဘက်ကလူတွေကို ငါတို့ကျွန်းဆီကို ခေါ်ဆောင်လာတယ်။ မင်းက သူတို့နဲ့ပူးပေါင်းပြီးငါ့ကိုလှည့်စားခဲ့တယ်။ မင်းက ငါတို့မျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးဖို့ကြိုးစားနေတာပဲ။”
ကမ်းခြေရှိ ဒေသခံများသည် မှော်ဆရာ၏စကားကိုကြားသောအခါ ဘူးကို ဝေဖန်အပြစ်တင်လိုက်ကြသည်။
“ဘူး မင်းက ဒီကျူးကျော်လာတဲ့လူတွေကို ဘယ်လိုတောင် ခေါ်လာနိုင်ရတာလဲ။”
“မင်းကသူတို့နဲ့ပေါင်းပြီး မှော်ဆရာကို သင်္ဘောပေါ်တက်ဖို့ လှည့်စားခဲ့တယ်။ မင်းက ငါတို့မျိုးနွယ်စုကို သစ္စာဖောက်တာပဲ။”
“ဒါက မင်းအပြစ်ပဲ။ ငါတို့မျိုးနွယ်စုတော့ ပြီးသွားပြီ။”
“ဟုတ်တယ်။ ဒီကျူးကျော်သူတွေက ငါတို့အသားကိုစားပြီး ငါတို့သွေးကိုသောက်ချင်နေကြတာ။”
ရှောင်းယီသည် ဒေသခံများ၏စကားကို နားထောင်ပြီးနောက် ပြောလိုက်၏။
“ငါတို့အပြင်ကလူတွေ အရမ်းရက်စက်ကြမ်းကြုတ်တယ်လို့ ဘယ်သူပြောလိုလဲတော့ ငါမသိဘူး။ ဒါပေမယ့် ငါပြောချင်တာက ငါတို့အပြင်ကလူတွေက ယဉ်ကျေးမှုကိုအားပေးပြီး လူသားကိုဘယ်တော့မှမစားဘူး။ လူသွေးကိုလည်း မသောက်ဘူးကွ။”
“သူ့ရဲ့အဓိပ္ပာယ်မရှိသောစကားတွေကို နားမထောင်နဲ့။”
မှော်ဆရာက ဘေးမှအော်ဟစ်လိုက်သည်။
ထိုစဉ်သားရဲဘုရင်သည် သူ့ကို တိုက်ရိုက်တိုက်ခိုက်လိုက်ပြီး မှော်ဆရာသည် ချက်ချင်းပင် နောက်သို့ဆုတ်သွားကာ ရှောင်းယီနားမလည်နိုင်သော အရာတစ်ခုခုကို ဆက်လက်ရွတ်ဆိုနေလေသည်။ ၎င်းသည် အချို့သော ရှုပ်ထွေးသောစကားလုံးများဖြင့် ပြုလုပ်ထားသော မန္တာန်တစ်ခုကဲ့သို့ ခံစားရသည်။
မန္တာန်ရွတ်ဖတ်ပြီးနောက် မှော်ဆရာသည် သားရဲဘုရင်ကို သူ၏ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
သားရဲဘုရင်သည် မူလက မှော်ဆရာကို တစ်ချက်တည်းဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သော်လည်း လမ်းခုလတ်သို့ရောက်သောအခါ ရပ်တန့်သွားခဲ့ရပြီး မှော်ဆရာသည် သားရဲဘုရင်၏တိုက်ခိုက်မှုမှ ချက်ချင်းပင် လွတ်မြောက်သွားခဲ့လေသည်။
သားရဲဘုရင် မြေပြင်ပေါ်သို့ ပြန်ရောက်လာသောအခါ သူ၏စိတ်သည် မူးဝေသွားပြီး လဲကျလုနီးပါးဖြသ်သွားခဲ့၏။
ရှောင်းယီသည် သူ၏ရှေ့တွင် ဖြစ်သွားသည့် အဖြစ်အပျက်ကို အံ့အားသင့်စွာကြည့်လိုက်ပြီးနောင် သူ့ကိုယ်သူ ပြောလိုက်လေသည်။
“ဒါက စိတ်ပိုင်းဆိုင်ရာ အထူးတိုက်ခိုက်မှုနည်းလမ်းဆိုတာများလား။”
သူ၏ခေါင်းကိုခါယမ်းလိုက်ပြီး မှော်ဆရာကို ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။
သားရဲဘုရင်ကြီးတစ်ပါးအနေဖြင့် သူ့ရှေ့မှာရှိနေသည့် ဤအားနည်းသော ဒေသခံကို မဖြေရှင်းနိုင်သေးပေ။
ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်သလဲ။
သားရဲဘုရင်သည် သူ့ကို နောက်တစ်ကြိမ် ခုန်အုပ်လိုက်၏။ မှော်ဆရာသည် အတော်လေး အသက်ကြီးနေပြီဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာ လှုပ်ရှားနေဆဲဖြစ်သည်။ သူသည် ပတ်ပတ်လည်တွင် ဆက်တိုက်လှုပ်ရှားနေပြီး သားရဲဘုရင်သည် သူ့ကို အချိန်တိုးအတွင်း ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
ကမ်းခြေရှိ ဒေသခံအချို့သည် သူတို့၏လက်နက်များကို ပြန်ယူသွားပြီးသွားပြီးဖြစ်သော်လည်း သူတို့သည် သူတို့၏မှော်တရာကို ယုံကြည်ရန်သာ ရွေးချယ်ခဲ့ကြသည်။
သားရဲဘုရင်ကြီးသည် မှော်ဆရာကို အဆက်မပြတ် အနှောင့်အယှက်ပေးနေခဲ့သည်။ သူတို့သည် သားရဲဘုရင်ကြီးကို တိုက်ခိုက်ရန် နည်းလမ်းများကို မသိကြသောကြောင့် သူတို့၏ပစ်မှတ်ကို ရှောင်ယီထံသို့ ပြောင်းလဲရန် ရွေးချယ်လိုက်ကြသည်။
ဘူးသည် ချက်ချင်းပင် သင်္ဘောပေါ်ရှိ ဒေသခံများကို ဦးဆောင်ပြီး ရှောင်းယီရှေ့တွင် ရပ်တန့်ကာ ပြောလိုက်၏။
“စိတ်လိုက်မာန်ပါမလုကြနဲ့ အရှင်က တကယ့်ကို လူကောင်းတစ်ယောက်ပါ။”
“ဘူး ထွက်သွားလိုက်စမ်း။”
“သူက ဘူးကိုထိန်းချုပ်ထားတာပဲ။ သူ့ကို သတ်လိုက်ရင် ဘူးလည်း လွတ်မြောက်သွားလိမ့်မယ်။”
“ဟုတ်တယ်။ အတူတူလုပ်ကြရအောင်။”
မှော်ဆရာကလည်း ဘေးမှအော်ဟစ်လိုက်၏။
ဘူးသည် ရှောင်းယီကို ကာကွယ်ရန် အတင်းအကျပ် တိုက်တွန်းလိုက်သည်။
“ကျေးဇူးပြုပြီး ငါကို ယုံပါ။ အရှင်က ငါတို့ကို ပိုမိုကောင်းမွန်တဲ့ဘဝရအောင် ဆောင်ကျဥ်းပေးနိုင်တယ်။”
“သူတို့က မျှော်လင့်ချက်ကင်းမဲ့ပြီပဲ။ သူတို့အားလုံးကို အတူတူ မြန်မြန်သာ သတ်လိုက်တော့။”
မှော်ဆရာက ဘေးမှအော်ဟစ်လိုက်၏။
ထိုအခါ ရှောင်းယီက ပြုံးပြီး ပြောလိုက်သည်။
“သားရဲဘုရင်ရဲ့ ဖိအားက မင်းအတွက် မလုံလောက်သေးပုံပဲ။ မင်းမှာ စကားပြောဖို့တောင် အချိန်ရှိသေးတယ်ပေါ့။”
ထိုသို့ပြောရင်းဖြင့် ရှောင်းယီသည် သူ၏ဓားကိုဆွဲကိုင်ကာ ပြေးဝင်သွားလေသည်။
မှော်ဆရာသည် ရှောင်ယီလ နေသည်ကိုမြင်သောအခါ “ကောင်းတယ်” ဟု လျှို့ဝှက်စွာပြောလိုက်၏။
ဤကျားသည် ရှောင်းယီ၏ အိမ်မွေးတိရစ္ဆာန်ဖြစ်သည်ဟု သူပြောနိုင်ပေသည်။ ရှောင်းယီကိုသာ ဖြေရှင်းလိုက်ပါက ဤကျားကိုလည်း ဖယ်ရှားပစ်နိုင်ပေလိမ့်မည်။
မှော်ဆရာ၏ ရုပ်ပိုင်းဆိုင်ရာခွန်အာသည် အစကတည်းက အားနည်းနေပြီးသားဖြစ်သည်။ ရှောင်းယီသည် မည်သည့်လှုပ်ရှားမှုမှ မလုပ်ဘဲ ရပ်မြဲတိုင်းဂပ်နေခြင်းကြောင့်သာမဟုတ်လျင် သူသေဆုံးသွားရမည်ဖြစ်၏။
သို့သော် ရှောင်းယီသည် လှုပ်ရှားရန် ရွေးချယ်လိုက်ပြီဖြစ်သောကြောင့် မှော်ဆရာသည် ရှောင်းယီကို ရှေးဦးစွာ ကိုင်တွယ်နိုင်ပေလိမ့်မည်။
သူသည် သားရဲများကို ဆန့်ကျင်၍ အနိုင်ယူရန် အခွင့်အရေးမရှိသော်လည်း လူသားများနှင့် ယှဉ်ပြိုင်ပါက မှော်ဆရာသည် လုံးဝအနိုင်ရမည်ဖြစ်သည်။
မှောင်ဆရာသည် မန္တာန်တစ်ခုကို စတင်၍ ထပ်မံရွတ်ဆိုလိုက်ပြီး ရှောင်းယီသည်လည်း ချက်ချင်းပင် ဓားကို ဆွဲထုတ်ကာ ရှေ့သို့ ထိုးစိုက်လိုက်သည်။
ရွှမ်းယွမ်ဓားသည် ဓားအိမ်မှထွက်လာခဲ့ပြီး အလွန်အမင်းထက်ရှသောအဟုန်ဖြင့် မှော်ဆရာကို ထိုးသွင်းလိုက်၏။
ဓား၏အရှိန်အဝါသည် မှော်ဆရာ၏ မန္တာန်ရွတ်ဆိုမှုကို အမှန်တကယ် ရပ်တန့်စေခဲ့ပြီး မှော်ဆရာ၏ မန္တာန်ကို နှောင့်ယှက်လိုက်လေသည်။
ဖူး!
သားရဲဘုရင်သည် သူ၏လက်သည်းများဖြင့် မှော်ဆရာ၏လက်မောင်းကို ကုပ်ခြစ်လိုက်၏။
ကလစ်!
အရိုးကျိုးသံတစ်ခုကို ကြားလိုက်ရပြီး မှော်ဆရာသည် နောက်ပြန်လွင့်ထွက်သွားကာ ကမ်းစပ်ရှိ ကမ်းခြေပေါ်သို့ ပြင်းထန်စွာ ကျသွားလေသည်။
ရှောင်းယီ၏ဓားသည် သဘာဝအတိုင်း ပစ်မှတ်ကို ထိမှန်ခဲ့ပေသည်။
“သားရဲဘုရင် မင်းအကြောင်းပြောရဦးမယ်။ လူသားတွေရဲ့ ကျော်ကြားမှုကို လုယူတာက သိပ်မကောင်းဘူးနော်။”
ရှောင်းယီက ပြုံးရယ်ကာပြောလိုက်သည်။
သားရဲဘုရင်သည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီး သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ကာ မှော်ဆရာကို ဆက်လက်၍ လိုက်လံဖမ်းဆီးရန် အသင့်ဖြစ်နေခဲ့သည်။
မှော်ဆရာသည် မြေပြင်သို့ ရောက်သွားသောအခါ “ကျောက်လှံနဲ့ပစ်ကြ!” ဟု အသံကျယ်ကျယ်ဖြင့်အော်ဟစ်လိုက်၏။
ဘူးနှင့် အခြားသူများသည် သင်္ဘောရှေ့တွင် ပိတ်ဆို့ထားသောကြောင့် ကမ်းခြေရှိ ဒေသခံများသည် ရှောင်းယီကို တိုက်ခိုက်နိုင်ခြင်းမရှိသော်လည်း သားရဲဘုရင်သည် ယခုပင်ဝင်ရောက်လာနေပြီဖြစ်ကာ သူသည် သူတို့အတွက် ပစ်မှတ်တစ်ခုဖြစ်လာခဲ့လေသည်။
ကမ်းခြေရှိ ဒေသခံများသည် ၎င်းတို့လက်ထဲရှိ ကျောက်လှံများကို သားရဲဘုရင်ထံသို့ ပစ်လွှတ်လိုက်ကြ၏။
သို့သော် ၎င်းတို့ပစ်လွှတ်လိုက်သော ကျောက်လှံများ၏မြန်နှုန်းသည် သားရဲဘုရင်၏အမြင်တွင် အလွန်နှေးကွေးပြီး သားရဲဘုရင်သည် ၎င်းတို့ကို အလွယ်တကူရှောင်ရှားကာ မှော်ဆရာထံသို့ ဆက်လက်တိုးဝင်သွားခဲ့သည်။
ကမ်းခြေတွင်ရှိနေခဲ့ကြသော ဒေသခံများသည် မှော်ဆရာကို ကူညီပေးလိုက်ကြ၏။
သူတို့သည် သူတို့၏လက်နက်များကို တစ်ပတ်လှည့်ပစ်ခြင်းဖြင့် လက်နက်အားလုံးကို ပစ်လွှတ်ခဲ့ပြီးပြီဖြစ်ပြီး ၎င်းတို့၏လက်ထဲတွင် အခြားလက်နက်များမရှိတော့ပေ။ ကျားကဲ့သို့သော သားရဲတစ်ကောင်အား ရင်ဆိုင်ရချိန်တွင် သူတို့သည် ဆုတ်ခွာရန်သာ ရွေးချယ်နိုင်ခဲ့ကြသည်။
“ပြန်ဆုတ်တော့။”
မှော်ဆရာသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ သူကိုယ်တိုင်လည်း ကျွန်း၏အတွင်းပိုင်းသို့ ထွက်ပြေးသွားခဲ့သည်။
သို့သော် ဤလူများ၏မြန်နှုန်းသည် သားရဲဘုရင်နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
မှော်ဆရာသည် အခြသူများ၏အသက်ကို စတေးကာ သားရဲဘုရင်၏မြန်နှုန်းကို နှေးကွေးစေရန်သာ အသုံးပြုနိုင်တော့ပေသည်။
“ဒီကျားကို တားထားကြစမ်း!”
မှော်ဆရာက အမိန့်ပေးလိုက်၏။
ဒေသခံများသည် ထိတ်လန့်ကြောက်ရွံ့နေကြသော်လည်း မှော်ဆရာ၏အမိန့်ကို မဖီဆန်ဝံ့သောကြောင့် ရောက်ရာနေရာတွင် ရပ်နေရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ကြပေ။
အခန်း ၂၆၃
သားရဲဘုရင်သည် ကျန်ရှိနေသော ဒေသခံလူအုပ်ထဲသို့ ပြေးဝင်လာပြီး သူ၏လက်ကို ဘယ်ညာဝှေ့ယမ်းကာ တိုက်ခိုက်လိုက်၏။
ခဏအကြာတွင် ဒေသခံများအားလုံး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြလေသည်။
ထို့နောက် သူသည် ကျွန်း၏အတွင်းပိုင်သို့ ထွက်ပြေးသွားသော မှော်ဆရာနှင့်အဖွဲ့ကို ဆက်လက်၍ လိုက်လံဖမ်းဆီးလေတော့သည်။
ဘူးသည် ဒဏ်ရာရထားသောသူများကို မြင်သောအခါ ချက်ချင်းပင် သင်္ဘောအပေါ်၌ ဒူးထောက်ကာ ရှောင်းယီအား လျှောက်ထားလိုက်၏။
“အရှင် ကျေးဇူးပြုပြီး ကျွန်တော့်ကို သူတို့ကို ကုသခွင့်ပေးပါ။”
“ဘူး မင်းကတော့ ရူးနေပြီပဲ။ မင်းက ဒီရက်စက်ကြမ်းတမ်းတဲ့ အပြင်လူကို တကယ်ပဲ ဦးညွတ်တောင်းပန်နေတယ်။”
“မင်းရဲ့မျက်စိကို ဖွင့်ကြည့်လိုက်စမ်း။ မင်းပြောတဲ့ လူကောင်းက ငါတို့အားလုံးကို ဒဏ်ရာရစေပြီး မှော်ဆရာကို လိုက်ဖမ်းနေတုန်းပဲ။”
“မှန်တယ်၊ ကျားမရှိတဲ့အချိန်မှာ ဒီလူကို အမြန်သတ်လိုက်။ ဒါဆို မှော်ဆရာကိုလည်း ကယ်တင်ရာရောက်လိမ့်မယ်။ မင်းလည်း မင်းရဲ့အပြစ်တွေကို ချေပနိုင်လိမ့်မယ်။”
ရှောင်းယီက ဘူးကိုကြည့်ပြီး မေးလိုက်သည်။
“သူတို့က မင်းကို သစ္စာဖောက်လို့ ခေါ်နေတယ်။ မင်းတကယ်ပဲ သူတို့ကို ကုသပေးချင်တာလား။”
သူသည် သူ၏ခေါင်းကို အလွန်တည်ကြည်စွာ ညွတ်လိုက်ရင်း ပြောလိုက်သည်။
“သူတို့ဟာ မှော်ဆရာရဲ့ အာဏာကြောင့် အမြင်ဖုံးနေကြတာပါ။”
“ကောင်းပြီ။ မင်း သူတို့ကို ကုသပေးလိုက်ပါ။ ငါ မင်းတို့မျိုးနွယ်စုနဲ့ မှော်ဆရာကို သွားကြည့်လိုက်ဦးမယ်။”
ထို့သို့ပြောပြီးနောက် ရှောင်းယီသည် သင်္ဘောပေါ်မှ ခုန်ဆင်းကာ ခြေရာများကိုလိုက်ပြီး ကျွန်းအတွင်းပိုင်းဆီသို့ လျှောက်သွားလိုက်သည်။
မကြာမီမှာပင် ရှောင်းယီသည် တောင်ကြားတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် သားရဲဘုရင်သည် တောင်ကြားဝင်ပေါက်တွင် ဒေသခံများနှင့် ရင်ဆိုင်နေလေသည်။
ရှောင်းယီသည် သားရဲဘုရင် ထိုသူများ တောင်ကြားအတွင်းသို့ မဝင်မီ သူတို့ကို မဖမ်းမိခဲ့သည်ကို အလွန်အံ့သြသွားခဲ့သည်။
“သားရဲဘုရင် ဘာတွေဖြစ်နေတာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ဝေါင်း! (မှော်ဆရာက အရင်နည်းအတိုင်း ထပ်သုံးပြီး ငါ့ကို ခေါင်းထဲမှာ မူးနေစေခဲ့တယ်။)”
သားရဲဘုရင် ပြန်ဖြေ၏။
ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး တောင်ကြားဝင်ပေါက်ကို ဒေသခံများက လုံးဝပိတ်ထားသည်ကို မြင်လိုက်ရလေသည်။ သူတို့လက်ထဲက ကျောက်လှံများကို အပြင်ဘက်သို့ ချိန်ရွယ်ထားကြပြီး ဖြူးကောင်တစ်ကောက်ကဲ့သို့ ဖြစ်နေခဲ့သည်။
တောင်ကြားဝင်ပေါက်၏ ဘေးနှစ်ဖက်တွင် သစ်သား စောင့်ကြည့်ရေးမျှော်စင်နှစ်ခု ရှိနေလေသည်။ ထိုစောင့်ကြည့်ရေးမျှော်စင်များပေါ်တွင် ဒေသခံများသည် ကျောက်လှံများကိုင်ဆောင်ပြီး အပြင်ဘက်သို့ ချိန်ရွယ်ထားကြ၏။
သားရဲဘုရင်သည် တောင်ကြားဝင်ပေါက်ရှိ လူများကို ကျော်ဖြတ်နိုင်သော်လည်း စောင့်ကြည့်ရေးမျှော်စင်များကိုမူ ကျော်ဖြတ်၍မရနိုင်ပေ။
ရှောင်းယီက သူတို့ကိုကြည့်ပြီး ပြောလိုက်သည်။
“မင်းတို့ လက်နက်ချပြီး အညံ့ခံရင် ငါ မင်းတို့ကို မသတ်ဘူးလို့ ကတိပေးနိုင်တယ်။”
“သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားမထောင်နဲ့။ ခုနက သူမွေးထားတဲ့ ကျားက သူ့နောက်မလိုက်တဲ့သူတွေအားလုံးကို သတ်ပစ်တာကို မင်းတို့အားလုံးမြင်ခဲ့ကြရတာပဲ။ ဘယ်သူတွေ သူ့နောက်ကို လိုက်မှာလဲ။”
မှော်ဆရာ၏အသံက အတွင်းထဲမှ ထွက်ပေါ်လာခဲ့လေသည်။
ရှောင်းယီက ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မင်းတို့ရဲ့ မှော်ဆရာက စကားပြောတဲ့နေရာမှာ တကယ်ကို အရှက်မရှိတာပဲ။ မင်းရဲ့အဖော်တွေအားလုံးကို မှော်ဆရာက သားရဲဘုရင်ကို တားဆီးဖို့ နေခိုင်းခဲ့တာပဲ။ သူတို့က သားရဲဘုရင်ရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ သူသိပြီးသားပဲလေ။ သူအသက်ရှင်နိုင်ဖို့အတွက် သူတို့ကို သားရဲဘုရင်ကို တားဆီးဖို့ တောင်းဆိုခဲ့တာက ဘယ်လောက်တောင် ရက်စက်လိုက်သလဲ။”
“ဟမ့်! မင်းရဲ့လှည့်စားထားတဲ့ မုသားစကားတွေနဲ့ လူတွေကို စိတ်ရှုပ်ထွေးအောင် လုပ်မနေနဲ့။ သူတို့က မင်းကို ယုံမှာမဟုတ်ဘူး “
မှော်ဆရာက အေးစက်စွာ ပြောလိုက်သည်။
“အားလုံးပဲ ကျေးဇူးပြု၍ ဘာမှမလုပ်ကြပါနဲ့!”
ထိုအချိန်တွင် ဘူးသည် အဝေးမှပြေးလာပြီး အော်ဟစ်လိုက်၏။
“ငါတို့အဖော်တွေပ ဒဏ်ရာရထားရုံပဲ ရထားကြတာပါ။ ဘယ်သူမှ မသေကြဘူး။”
ဘူး၏စကားကို ကြားလိုက်ရသောအခါ တောင်ကြားဝင်ပေါက်တွင် စောင့်ကြပ်နေကြသော ဒေသခံများ အနည်းငယ်တုန်လှုပ်သွားခဲ့ကြသည်။
သူတို့ရဲ့အဖော်များတွေက မသေဆုံးကြသေးဘူး။ ဆိုလိုတာက ကျားက သေချာပေါက် သနားကြင်နာမှုကို ပြသခဲ့တာပဲ။
မှော်ဆရာ၏ အမိန့်သည် လူ့အသက်များဖြင့် သားရဲဘုရင်ကို တားဆီးရန် ဖြစ်ပြီး ထိုစကားများက ၎င်းတို့၏နှလုံးသားများကို နာကျင်စေခဲ့ပေသည်။
ဘူက ဆက်ပြောသည်။
“အားလုံး ငါမျိုးနွယ်စုထဲကို ပထမဆုံး ပြန်ရောက်တဲ့အချိန်တုန်းက မှော်ဆရာကို ကျောက်စရစ်ခဲတို့အဖွဲ့ သေဆုံးသွားကြပြီလို့ ပြောခဲ့တယ်။ ဒါပေမယ့် သူက လုံးဝဂရုမစိုက်ဘူး။ လူတွေအားလုံး ဆာလောင်နေကြတယ်ဆိုတာကို ပြောတဲ့အခါမှာတောင် သူက သူယူလာခိုင်းတဲ့ အနက်ရောင်ကျောက်ပြားကိုပဲ ဂရုစိုက်နေတယ်။ ခုနက သူက မင်းတို့ရဲ့အသက်တွေကို စတေးပြီး သူ့ကိုအသက်ကယ်တင်ဖို့ အမိန့်ပေးခဲ့သေးတယ်။ မင်းတို့က ဘာကြောင့် ဒီလိုမှော်ဆရာမျိုးကို လုံးဝကြည်ညိုလေးစားပြီး သစ္စာစောင့်သိနေကြတာလဲ။”
“မင်းပါးစပ်ကိုပိတ်ထားစမ်း သစ္စာဖောက်ကောင်!”
မှော်ဆရာ၏ ဒေါသထွက်နေသောအသံက တောင်ကြားအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
ထိုစကားများကိုကြားသောအခါ တောင်ကြားဝင်ပေါက်ရှိ တိုင်းရင်းသားများသည် သူတို့၏လက်ထဲတွင် ကိုင်ဆောင်ထားသော ကျောက်လှံများကို ဖြည်းဖြည်းချင်း အောက်ချလိုက်ကြပြီး ရှောင်းယီကို မျက်နှာချင်းဆိုင်လိုက်ကြလေသည်။
“မင်းတို့ဘာလုပ်နေကြတာလဲ။ ဘူးက အဲ့ဒီလူရဲ့ ပြုစားတာကို ခံထားရတာပဲ။”
မှော်ဆရာက ကျယ်လောက်စွာ အော်ဟစ်လိုက်၏။
ဘူး ဆက်လက်ပြောသည်။
“ငါရဲ့စိတ်က အခုချိန်မှာ အရမ်းကို ပြတ်သားတည်ငြိိမ်နေတယ်။ ပြီးတော့ ငါ မင်းတို့ကို ပြောပြချင်တာက ကျောက်စရစ်ခဲနဲ့ အဖွဲ့ခေါင်းဆောင်တွေက အမှန်တော့ မသေကြသေးဘူး။ သူတို့ကို အရှင်တို့ကျွန်းမှာ ထားခဲ့ရုံပဲ။ သူတို့က နာနာခံခံနဲ့ အလုပ်ကြိုးစားမယ်ဆိုရင် ငါတို့ထက်ပိုပြီး ကောင်းကောင်းမွန်မွန်အသက်ရှင်နိုင်လိမ့်မယ်။”
ဤစကားများကို ပြောလိုက်သောအခါ တောင်ကြားဝင်ပေါက်ရှိ ဒေသခံများ အလုံးစုံ အံ့အားသင့်သွားကြလေသည်။
“မင်းပြောတဲ့အရာတွေအားလုံးက အမှန်ပဲလား။”
ဒေသခံတစ်ဦးက မေးလိုက်သည်။
“နတ်ဘုရားကို ကျိန်ဆိုပြီး ငါပြောတဲ့အရာတွေအားလုံး အမှန်ဆိုတာ အာမခံနိုင်ပါတယ်။”
ဘူးက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
မျိုးနွယ်စုထဲတွင် နတ်ဘုရားကို ကျိန်ဆိုခြင်းသည် အလွန်လေးနက်သောကိစ္စဖြစ်ကြောင်း သိထားရပေမည်။
လူတစ်ဦးသည် နတ်ဘုရားကို ကျိန်ဆိုရန် ဝန်မလေးပါက သူပြောသည့်အရာသည် အမှန်ဖြစ်သည်ဟု ဆိုလိုပေသည်။
ဤနေရာရှိ ဒေသခံများသည် ယခင်ကမ္ဘာရှိ ယဉ်ကျေးသောမှုထွန်းကားပြီးသူများကဲ့သို့ အရောင်အသွေးစုံလင်ခြင်း မရှိပေ။
တောင်ကြားဝင်ပေါက်တွင် စောင့်ကြပ်နေကြသော ဒေသခံများသည် ဘူး၏ စောစောက ကျိန်ဆိုချက်ကို ကြားသောအခါ သူတို့သည် နောက်ထပ်မတွန့်ဆုတ်တော့ဘဲ သူတို့၏ကျောက်လှံများကို ချကာ လမ်းကြောင်းဖွင့်ပေးလိုက်ကြသည်။ ရှောင်းယီသည်လည်း ထိုလမ်းကြောင်းမှတစ်ဆင့် သားရဲဘုရင်နှင့်အတူ အတွင်းသို့ ဝင်သွားလိုက်လေသည်။
“မှော်ဆရာရဲ့နေရာက ဘယ်မှာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ကျွန်တော် အရှင့်ကို အဲ့နေရာဆီ ခေါ်သွားပေးပါမယ်။”
ဘူးက ဝမ်းသာအားရလုပ်ဆောင်လိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြီး ဘူး၏နောက်သို့လိုက်ကာ ပိုမိနက်ရှိုင်းသောနေရာသို့ ဝင်သွားခဲ့ကြသည်။
မကြာမီ သူတို့သည် ဂူတစ်ခု၏အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြလေသည်။
ထိုနေရာရောက်သောအခါ ဘူးက ရပ်တန့်ပြီး ပြောလိုက်သည်။
“ဒီမှာပါ အရှင်။”
ရှောင်းယီသည် ထိုလှိုဏ်ဂူကိုကြည့်ပြီး သံသယဖြင့်မေးလိုက်သည်။
“မင်းတို့မှာ ကောက်ရိုးအိမ်တွေလည်း ရှိတာကို ငါတွေ့ခဲ့ပါတယ်။ သူကကျ ဘာကြောင့် ဂူထဲမှာ နေချင်ရတာလဲ။”
ဘူးက ခေါင်းခါကာ ဖြေလိုက်သည်။
“ကျွန်တော်တို့လည်း မသိဘူး။ သူက ကျွန်တော်တို့ကို ဂူထဲကို ဝင်ခွင့်မပေးဘူး။”
ရှောင်းယီသည် မျက်မှောင်ကြုံ့ကာ ရွှမ်းယွမ်ဓားကိုဆွဲထုတ်ပြီး ဂူအတွင်းသို့ သတိထားကာ လျှောက်သွားလိုက်၏။
သားရဲဘုရင်က ဟိန်းဟောက်လိုက်ပြီး ရှောင်းယီကို ဖြေးဖြေးသွားရန်နှင့် သူအရင်ရှေ့ကသွားမည်ဟု ပြောလိုက်သည်။
သူသည် ရှောင်းယီရှေ့မှ တစ်လှမ်းချင်းလျှောက်သွားပြီး မီတာ ၁၀ ခန့်သွားပြီးသောအခါ မြက်ပင်အစုပေါ်တွင် ထိုင်နေသော မှော်ဆရာကို တွေ့လိုက်ရလေသည်။ မှော်ဆရာ ရှောင်းယီနှင့် သားရဲဘုရင်ကို အလွန်မုန်းတီးစွာဖြင့် ကြည့်နေခဲ့သည်။
လမ်းတစ်လျှောက်လုံး ထောင်ချောက်များ မတွေ့ခဲ့ရပေ။ မှော်ဆရာသည် သူ၏ဂူထဲသို့ လူတစ်ဦးဝင်လာမည်ကို မမျှော်လင့်ခဲ့ဟန်တူလေသည်။
“မင်းရဲ့ခုခံမှုကို စွန့်လွှတ်လိုက်ပြီလား။”
ရှောင်းယီက ပြုံးပြီးမေးလိုက်၏။
“ဟမ့်! ခုခံမှုကို စွန့်လွှတ်တယ်တဲ့လား။”
မှော်ဆရာက လှောင်ပြောင်ကာ ပြောလိုက်သည်။
“ငါက မင်းတို့ကို ငါနဲ့အတူ မြှုပ်ပစ်ဖို့စောင့်နေတာကွ!”
ထိုသို့ပြောပြီးနောက် မှော်ဆရာသည် သူ့လက်ထဲရှိ သတ္တုလုံးကို ရုတ်တရက်ကြိတ်ချေလိုက်လေသည်။
ရှောင်းယီသည် ထူးဆန်းသောအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး ထိတ်လန့်သွားကာ ရွှမ်းယွမ်ထားကို သူ့ရှေ့တွင် မြှောက်ထားလိုက်မိသည်။
သို့သော် ပုံမှန်မဟုတ်သော အရာများမဖြစ်ပွားသွားဘဲ ထိုအားလှိုင်းသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။
“ဟားဟား!! ငါနဲ့အတူ ဒီမှာပဲ နေလိုက်ကြစမ်း!”
မှော်ဆရာသည် အားရပါးရရယ်မောလိုက်လေသည်။
ရှောင်းယီက မျက်မှောင်ကြုံကာ မေးလိုက်၏။
“မင်းက ငါတို့ကို ထိန်းချုပ်ချင်နေတာလား။”
“မင်းကိုဘာလို့ထိန်းချုပ်ရမှာလဲ။ ဒီနေရာမှာ ငါနဲ့အတူ ချန်ထားခဲ့ချင်ရုံပဲ။”
ထို့နောက် မှော်ဆရာသည် လှောင်ပြုံးပြုံးကာ သူတို့နောက်သို့ ညွှန်ပြလိုက်လေသည်။
သားရဲဘုရင်သည် နောက်လှည့်ပြီး ဂူအပြင်ဘက်သို့ ခြေနှစ်လှမ်းပြေးထွက်လိုက်သည်။
ဗုံး!
သားရဲဘုရင်သည် မမြင်ရသော အတားအဆီးတစ်ခုဖြင့် တိုက်မိသွားခဲ့ပုံရ၏။
ဝေါင်း!
သားရဲဘုရင်သည် ၎င်း၏ခြေသည်းများဖြင့် အရှေ့ရှိ အတားအဆီးကို ကုတ်ဖဲ့လိုက်သော်လည်း အကျိုးသက်ရောက်မှုမရှိပေ။ သူသည် ထိုအတားအဆီးကို မချိုးဖြတ်နိုင်ချေ။
“ဟားဟားဟား!!! ဒါက နတ်ဘုရားကိုယ်တိုင် ပေးထားတဲ့ အကာအကွယ်ပဲ။ A အဆင့်အောက် တိုက်ခိုက်မှုတွေနဲ့ အဲ့ဒါကို ချိုးဖြတ်လို့မရဘူး “
မှော်ဆရာက ရူးသွပ်စွာရယ်မောပြီး ပြောလိုက်သည်။
“ငါတို့ဒီမှာ ပိတ်မိနေတဲ့အခါ ဘယ်သူမှ အသက်မရှင်နိုင်ဘူး။”
မှော်ဆရာ၏စကားကို ကြားသောအခါ ရှောင်းယီသည် အတားအဆီးကို ဆက်လက်တိုက်ခိုက်နေသော သားရဲဘုရင်ကို ပုတ်ကာ စိတ်ငြိမ်ငြိမ်ထားရန် ပြောလိုက်သည်။
“ငါတို့အားလုံး အပြင်မထွက်နိုင်တော့ဘူးဆိုမှတော့ မင်းဘယ်လိုနည်းနဲ့ နတ်ဘုရားတွေနဲ့ ဆက်သွယ်ခဲ့တာလဲဆိုတာ ပြောပြနိုင်မလား။”
ရှောင်းယီက စူးစမ်းကာ မေးလိုက်သည်။
အခန်း ၂၆၄
ရှောင်းယီသည် ဤကဲ့သို့ပိတ်မိနေသည်ကို လုံးဝထိတ်လန့်မနေကြောင်း မြင်လိုက်ရသောအခါ မှော်ဆရာက အနည်းငယ်ရှုပ်ထွေးသွားသော်လည်း သူသည် အေးစက်စွာနှာမှုတ်ပြီး ပြောလိုက်လေသည်။
“နတ်ဘုရားနဲ့ ဆက်သွယ်ခြင်းက ငါတို့မှော်ဆရာတွေရဲ့ အထူးကျွမ်းကျင်မှုပဲ။ မင်းတို့လိုမျိုး အပြင်လူတွေက ဒါက သင်ယူလို့မရဘူး။”
ရှောင်းယီသည် မှော်ဆရာကို အပေါ်အောက်စုံဆန်ကြည့်လိုက်ပြီးနောက် သူ့လက်ထဲရှိ အနက်ရောင်လက်စွပ်ပေါ်တွင် မျက်စိကျသွားခဲ့သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ် - ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့် တူညီသော ပစ္စည်းဖြစ်ပြီး အသံစာတိုများကို အလိုအလျောက်လက်ခံနိုင်ပြီး အရောင်းအဝယ်များကို အလိုအလျောက်လက်ခံနိုင်သည်။”
ရှောင်းယီက ပြုံးပြီး ပြောလိုက်၏။
“ဒါဆို ဒီအနက်ရောင်လက်စွပ်ကြောင့်ပေါ့ ဟုတ်လား။”
“မင်းဘယ်လိုသိတာလဲ။”
မှော်ဆရာသည် ထိုသို့မေးလိုက်မိပြီးနောက် သူပြောလိုက်သည့်စကားအတွက် နောင်တရသွားခဲ့သည်။
“ဒါဆို ဒါက မင်းရဲ့ကျွမ်းကျင်မှုမဟုတ်ဘူးပေါ့။”
ရှောင်းယီက ပြုံးပြီးမေးလိုက်သည်။
“ဟမ့်! မင်းသိသွားတော့ရော ဘာဖြစ်လဲ။”
မှော်ဆရာက အေးစက်စွာ ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာရှိနေတဲ့လူတိုင်းသေရမှာပဲ။”
ရှောင်းယီက ခေါင်းခါကာ ထပ်မေးလိုက်သည်။
“မင်းရဲ့ခန္ဓာကိုယ်က တခြားသူတွေထက် ဘာလို့အများကြီးပိုအားကောင်းနေရတာလဲဆိုတာ ငါသိချင်နေသေးတယ်။”
“ဟမ့်! ဒါက နတ်ဘုရားပေးတဲ့ လက်ဆောင်ပဲ။”
မှော်ဆရာက ပြန်ဖြေ၏။
ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်၏ လုပ်ဆောင်ချက်များကို စဉ်းစားကြည့်လိုက်သောအခါ ရှောင်းယီသည် နောက်ကွယ်မှလူက ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကို အသုံးပြု၍ အဆင့်မြင့်အစားအစာများကို သူ့ထံသို့ ရောင်းချခဲ့ခြင်းဖြစ်ကြောင့် သဘောပေါက်သွားခဲ့လေသည်။
“ဒါဆို မင်းတို့ နတ်ဘုရားကို ငါတို့လိုအပြင်လူတွေကို ဘာကြောင့်တိုက်ခိုက်ခိုင်းတာလဲလို့ မေးခဲ့ဖူးလား။”
ရှောင်းယီက ဆက်မေးလိုက်သည်။
“ဟမ့်! မင်းတို့လိုကျူးကျော်သူတွေကို တိုက်ခိုက်ဖို့ အကြောင်းပြချက်လိုအပ်သေးလို့လား။”
မှော်ဆရာက ပြန်မေး၏။
“လမ်းညွှန်ကျောက်တုံးကိုလည်း အဲ့ဒီနတ်ဘုရားက မင်းကိုပေးထားတာလား။”
ရှောင်းယီ ဆက်မေးလိုက်သည်။
“အမှန်ပဲ အံ့သြစရာမကောင်းဘူးလား “
မှော်ဆရာက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
ရှောင်ယီသည် မှော်ဆရာပြောသည်မှာ မှန်သလား၊ မှားသလားဆိုသည်ကို မသိသော်လည်း နောက်ကွယ်မှလူ၏လုပ်ရပ်များကိုမူ နားလည်သွားခဲ့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကို အသုံးပြု၍ အမျိုးမျိုးသောမျိုးနွယ်စုများထံသို့ တာဝန်များပေးအပ်ပြီး ဤယဉ်ကျေးမှုမရှိသော ဒေသခံများသည်လည်း ၎င်းတို့၏အမိန့်များကို အတိအကျလိုက်နာကြပေလိမ့်မည်။
တစ်ချိန်တည်းတွင် ဤဒေသခံများကို ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်မှတစ်ဆင့် အဆင့်မြင့်ပစ္စည်းများကို ပေးအပ်ကာ ၎င်းတို့တွင် တစ်စုံတစ်ရာသော တိုက်ခိုက်နိုင်စွမ်းကို ရရှိစေခဲ့သည်။
ဤနည်းဖြင့် နှစ်ဖက်စလုံး၏အင်အားကို မျှတသွားစေနိုင်လေသည်။
ဥပမာ အကယ်၍ အသက်ရှင်ကျန်ရစ်သူများသည် အထူးအားကောင်းလာပါက နောက်ကွယ်မှလူများသည် ဒေသခံများအား ပိုမိုများပြားသော အကျိုးကျေးဇူးများကို ပေးအပ်ပြီး တူညီသောအားသာချက်ရှိသည့်ပြိုင်ဘက်များကို ဖန်တီးနိုင်ပေသည်။
ထို့အပြင် ဤနောက်ကွယ်မှလူများသည် ကျွန်းတစ်ကျွန်းစီအတွက် တူညီသောပြိုင်ဘက်များကို စီစဉ်ပေးမည်ဖြစ်သည်။
သင့်ပြိုင်ဘက်များကို စီစဉ်ရန် နည်းလမ်းမှာ လမ်းညွှန်ကျောက်တုံးကို အသုံးပြုခြင်းဖြစ်ပေသည်။ ၎င်းကို ဤဒေသခံများက လမ်းညွှန်ကျောက်တုံးဟု ခေါ်ကြသည်။
“နောက်ကွယ်က ဒီလူက တကယ်ကို ကောင်းကောင်းကစားတတ်တဲ့သူပဲ။”
ရှောင်းယီက တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
ရှောင်းယီသည် သူ့ကိုလျစ်လျူရှုပြီး သူ့ဘာသာ စကားပြောနေသည်ကို မြင်သောအခါ မှော်ဆရာက ပြောလိုက်သည်။
“အကယ်၍ မင်းက အဲ့ဒီကျားကိုသတ်ပစ်ပြီး မင်းကိုယ်ပိုင်လက်ခြေတွေထဲက တစ်ခုကို ဖြတ်တောက်လိုက်မယ်ဆိုရင် ငါ မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးနိုင်တယ်။”
ထိုစကားကိုကြားသောအခါ ရှောင်းယီသည် သူ့ကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။
“မင်းဆီကနေ ဘာမှမေးလို့မရတော့ဘူးထင်တယ်။ သားရဲဘုရင် သူ့ကိုကိုင်တွယ်ပြီး ငရဲထဲကိုပို့လိုက်တော့။”
သားရဲဘုရင်သည် အချိန်ကြာမြင့်စွာကတည်းက သည်းခံထားခဲ့ရခြင်းဖြစ်ပြီး ရှောင်းယီ၏အမိန့်ကိုကြားသောအခါ ချက်ချင်းပင် မှော်ဆရာဆီသို့ ပြေးဝင်သွားလေသည်။
မှော်ဆရာ၏မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွား၏။
“မင်းရဲ့အသက်ကို မလိုချင်တော့ဘူးလား။”
ရှောင်းယီက ခေါင်းခါကာ ပြန်ဖြေ၏။
“ဟုတ်တာပေါ့။ ငါက ငါ့ရဲ့အသက်ကို တန်ဖိုးထားပါတယ်။”
ထို့နောက် ရှောင်းယီသည် နောက်သို့လှည့်လိုက်ပြီး အတားအဆီးဆီနားသို့သွားကာ သူ၏လက်ဖြင့်ထိကြည့်ပြီး သူ့ဘာသာ ပြောလိုက်သည်။
“ဒါက ကုထောင်ချွေ့ရှန်းတွေ့ရှိခဲ့တဲ့ အတားအဆီးနဲ့ တူတူပဲဖြစ်ရမယ်။”
ထို့နောက် ရွှမ်းယွမ်ဓားကို ဆွဲထုတ်လိုက်လေသည်။
မှော်ဆရာသည် ဒဏ်ရာရထားပြီးသားဖြစ်သောကြောင့် ယခုအခါ သားရဲဘုရင်နှင့် မယှဉ်နိုင်တော့ပေ။
သူသည် သားရဲဘုရင်၏ခုန်အုပ်မှုမှ လွတ်မြောက်သွားခဲ့သော်လည်း သားရဲဘုရင်၏အမြီးဖြင့် အပြင်းအထန်ရိုက်နှက်ခြင်းကို ခံလိုက်ရလေသည်။
ဖောင်း!
မှော်ဆရာသည် သွေးအလုံးအရင်းဖြင့် အန်ထုတ်လိုက်ရပြီး ဂူနံရံနှင့်တိုက်မိကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခန္ဓာကိုယ်ရှိအရိုးအများစုမှာ ကျိုးကြေသွားခဲ့သည်။
သူသည် မကြာမီသေဆုံးတော့မည်ကို သိသောကြောင့် ရူးသွပ်စွာရယ်မောပြီး ပြောလိုက်သည်။
“မင်းက ဒီအတားအဆီးကို ချိုးဖျက်ချင်တာလား။ အိမ်...အဟွတ်!... အိပ်မက်မက်နေတာပဲ။”
မှော်ဆရာ၏ စကားမဆုံးမီမှာပင် ရှောင်းယီသည် အတားအဆီးကို ဓားဖြင့်ထိုးစိုက်လိုက်လေသည်။
ဖောင်း!
ရွှမ်းယွမ်ဓားသည် အတားအဆီးကို အလွယ်တကူဖောက်ထွင်းသွားပြီး ရိုးရိုးရှင်းရှင်း တစ်ချက်ဆွဲလိုက်ရုံဖြင့် အတားအဆီးတစ်ခုလုံး ကြေမွသွားခဲ့သည်။
ထိုအတားအဆီးသည် ကုထောင်ချွေ့ရှန်းသည် တစ်ယောက်တည်းဖြင့် ချိုးဖျက်ခဲ့စဉ်ကထက်ပင် ပိုမို၍ လွယ်ကူနေခဲ့ပေသည်။
မှော်ဆရာသည် ရှောင်းယီက အတားအဆီးကို ဤမျှလွယ်ကူစွာ ချိုးဖျက်နိုင်လိုက်သည်ကို မြင်သောအခါ သူ၏မျက်လုံးများ ပြူးကျယ်လာပြီး မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်နေခဲ့သည်။
ထို့နောက် ရှောင်းယီသည် သူ့ထံသို့ချဉ်းကပ်သွားပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“ငါမင်းကို ပြောဖို့မေ့သွားတယ်။ တကာ်တော့ ငါက S အဆင့်ပါ။”
“ဒါမဖြစ်နိုင်ဘူး... ဘုရားသခင် ဘာကြောင့် ကျွန်တော့်ကို ဒီလိုအားကောင်းတဲ့ရန်သူမျိုးနဲ့ ရင်ဆိုင်ခိုင်းရတာလဲ...ဝေါ့!”
မှော်ဆရာသည် သွေးတစ်လုံးအန်ထုတ်လိုက်ရပြီးနောက် ခေါင်းတခြမ်းစောင်းသွားကာ အသက်ရှူသံများ ပျောက်ကွယ်သွားလေတော့သည်။
ရှောင်းယီသည် သူ့လက်မှ ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကိုချွတ်ပြီး မေးလိုက်၏။
“ဒါကိုဘယ်လိုသုံးရမှာလဲ။”
“ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ဆီ ယူသွားပြီး ချည်နှောင်လိုက်ပါ။ အသုံးပြုသူသည် သွေးဖြင့်ချည်နှောင်ရမည်ဖြစ်သည်။”
စနစ်က အသိပေးလိုက်သည်။
စနစ်၏အသိပေးချက်ကိုကြားသောအခါ ရှောင်းယီက တအံ့တဩပြောလိုက်မိ၏။
“သွေးနဲ့စစ်ဆေးပြီး ပိုင်ရှင်ကိုခွဲခြားတာလား။ ဒါက အရမ်းရိုးနေပြီ။”
“ရိုးတာမဟုတ်ပါဘူး။ လူတိုင်းရဲ့သွေးထဲမှာ သူတို့ရဲ့ DNA တွေပါဝင်နေတယ်။ ဒီချည်နှောင်မှုက အမှန်ကန်ဆုံးပါပဲ။”
“ကောင်းပြီ”
ရှောင်းယှသည် ကူကယ်ရာမဲ့စွာ ပြောလိုက်ပြီး သူ၏သွေးဖြင့် ချည်နှောင်ရန် ပြင်လိုက်သည်။
ထိုအခါ စနစ်က နောက်ထပ် အသိပေးလိုက်၏။
“ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကို ဒေသခံများနှင့်သာ ချည်နှောင်နိုင်ပြီး အပြင်ပယလူများ၏သွေးသည် အကျိုးမရှိပါ။”
ရှောင်းယီသည် ချက်ချင်းပင် ကိုယ့်ကိုယ်ကိုဒဏ်ရာရစေခြင်းကို ရပ်တန့်ပြီး ပြောလိုက်၏။
“ကျေးဇူးပြုပြီး နောက်တစ်ခါစကားပြောတဲ့အခါ တစ်ဆက်တည်းပြောပေးလို့မရဘူးလား။ ငါ့လက်ချောင်းကို ထိုးဖောက်မိတော့မလို့။”
စနစ်က ရှောင်းယီကို လျစ်လျူရှုလိုက်သည်။
ရှောင်းယီသည် ပခုံးတွန့်လိုက်ပြီး ဂူထဲတွင် ထပ်မံရှာဖွေလိုက်ကာ အခြားဘာမှမတွေ့တော့သောကြောင့် ကျောက်လက်စွပ်နှင့်အတူ ဂူထဲမှ ပြန်ထွက်လာခဲ့တော့သည်။
ဂူအပြင်ဘက်တွင် ဘူးသည် ဂူဝ၌ ခေါက်တုံ့ခေါက်ပြန် လှည့်ပတ်နေပြီး ဂူထဲသို့ စိုးရိမ်စွာ လှန်းလှမ်းကြည့်နေ၏။
သူသည် မီးဖွားခန်းအပြင်ဘက်တွင် စောင့်နေရသော အဖေတစ်ယောက်ကဲ့ပင် ဖြစ်နေခဲ့လေသည်။
“အရှင်က အထဲဝင်သွားတာ အရမ်းကြာနေပြီ။ ဘာမှမဖြစ်ပါစေနဲ့။”
ဘူးက သူ့ဘာသာပြောနေ၏။
“မဟုတ်ဘူး။ အရှင်က အရမ်းစွမ်းအားကြီးတယ်။ မှော်ဆရာက အရှင့်ရဲ့ပြိုင်ဘက်မဟုတ်ဘူး။”
ဘူး ထိုသို့ပြောဆိုနေစဉ်မှာပင် ရှောင်းယီသည် သားရဲဘုရင်နှင့်အတူ ဂူထဲမှ ပြန်ထွက်လာခဲ့သည်။
လူးသည် ရှောင်းယီကို အံ့အားသင့်စွာကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်ချကာ မေးလိုက်သည်။
“အရှင်၊ နောက်ဆုံးတော့ ထွက်လာပြီ။ မှော်ဆရာရော ဘာဖြစ်သွားပြီလဲလို့ မေးပါရစေ။”
“သေပြီ”
ရှောင်းယီက ဖြေလိုက်သည်။
“ထပါ”
ဘူးသည် မတ်ထရပ်လိုက်ပြီးနောက် ပြောလိုက်၏။
“အရှင် ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဖြစ်လာပေးပါ။”
“ဒီအကြောင်းကို နောက်မှပြောကြတာပေါ့။”
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် ကမ်းခြေဘက်သို့ လျှောက်သွားလိုက်၏။
သူအလတ်စားရွက်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်ရောက်သောအခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသိပေးသံမြည်လာခဲ့သည်။
“သင့်တွင် ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ရှိကြောင်း တွေ့ရှိပါသည်။ ချည်နှောင်လိုပါသလား။”
“ချည်နှောင်မယ်။”
ရှောင်းယီက ဖြေလိုက်၏။
မူလက အနက်ရောင်ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်သည် ရုတ်တရက်တောက်ပလာပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ချည်နှောင်မှုအောင်မြင်ကြောင်း ဖော်ပြခဲ့သည်။
သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ သီးသန့်ချန်နယ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်အမျိုးအစားကို ရှာဖွေနိုင်ပေသည်။
ထိုအချိန်တွင် ရှောင်းယီသည် သီးသန့်ချန်နယ်တွင် သီးသန့်စာတိုများစွာရှိနေကြောင်း တွေ့လိုက်ရလေသည်။
“အခြေအနေဘယ်လိုရှိလဲ။”
“အဲ့ဒီဒေသခံတွေက နာခံကြရဲ့လား။ မှော်ဆရာကရော အားကောင်းလား။”
“ဘာတွေဖြစ်နေတာလဲပြောပါဦး။ ငါအရမ်းစိတ်ပူနေပြီ။”
ရှောင်းယီသည် ပြုံးပြီး ပြန်ဖြေလိုက်၏။
“ပြီးသွားပြီ နာနာကိုပို့လိုက်တော့။”
“နောက်ဆုံးတော့ အကြောင်းပြန်လာပြီ။ ငါအခုချက်ချင်း နာနာကိုအခုပို့လိုက်မယ်။ အဲ့ဒီမှော်ဆရာက အရမ်းအားကောင်းလား။”
အန်းရန်က အံ့အားသင့်စွာမေးလိုက်သည်။
“တကယ်တော့ မလွယ်ကူဘူး။ ငါဒီကိုလာခဲ့တာ ကံကောင်းတယ်။ အစ်ကိုကျန်းသာ ဒီကိုရောက်လာတာဆိုရင် ဒီမှာပိတ်မိနေလိမ့်မယ်ယ”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဲ့လောက်တောင် အားကောင်းတာလား”
အန်းရန်က အံ့အားသင့်စွာမေးလိုက်၏။
“မှော်ဆရာက အားကောင်းတာမဟုတ်ဘူး။ တစ်ယောက်ယောက်ကလှည့်စားထားတာပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ကံကောင်းတာက ငါ့ရဲ့လှည့်ကွက်တွေက သူ့ထက်ပိုကောင်းနေတာပဲ။”