← Chapters

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း ၂၆၅

ရှောင်းယီသည် မကြာသေးမီက မှော်ဆရာနှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေကို အကျဉ်းချုပ်ပြောပြလိုက်သည်။

အန်းရန်က စိုးရိမ်စွာပြောလိုက်သည် ။

“နောက်တစ်ခါဒီလိုမလုပ်ပါနဲ့တော့။ အရမ်းအန္တရာယ်များတယ်။ မှော်ဆရာက ပိုပြီးအဆင့်မြင့်တဲ့ အကာအကွယ်အတားအဆီးကိုသာ ရထားခဲ့ရင် အကျိုးဆက်က ဆိုးရွားသွားနိုင်တယ်။”

“အခုတော့ သူတို့ရဲ့ အလုပ်လုပ်ပုံကို ငါသိသွားပါပြီ။ သူတို့မှာ လက်အောက်ငယ်သားတွေလည်း အများကြီးရှိတယ်။ အခုကစပြီး ငါတိုက်ရိုက်လာစရာမလိုတော့ဘူး။”

ရှောင်းယီက ပြုံးရင်း ပြန်ဖြေလိုက်သည်။

“နင်က ဒေသခံတွေအားလုံးကို စုဆောင်းမယ်လို့ ဆိုလိုချင်တာလား”

အန်းရန်က အနည်းငယ် အံ့ဩသွားပြီး မေးလိုက်၏။

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ဒီဒေသခံတွေက အခုချိန်ထိ ယဉ်ကျေးမှုမရှိသေးဘူး။ သူတို့ကိုသာ ကောင်းကောင်းဆက်ဆံရင် သစ္စာဖောက်မှာကို စိတ်ပူစရာမလိုဘူး။ ဒါပေမယ့် သူတို့ရဲ့ခေါင်းဆောင်တွေကိုတော့ စာချုပ်ကဒ်သုံးဖို့လိုတယ်။ ငါတို့ကျွန်းက အနာဂတ်မှာ ကြီးမားလာလိမ့်မယ်။ စိတ်မချရတဲ့သူတွေထက် သစ္စာရှိတဲ့ ဒေသခံတွေကိုရှာတာက ပိုကောင်းတယ်။”

ကျွန်းပေါ်သို့ လူသစ်များခေါ်ယူရာတွင် စာချုပ်ကဒ်ကိုအသုံးပြုရန် လိုအပ်ပေသည်။ ခေတ်သစ်လူသားများ၏ဉာဏ်ရည်ဖြင့် စာချုပ်ကဒ်ကိုသာ အသုံးမပြုပါက ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် စာချုပ်ကဒ်အရေအတွက်မှာ အကန့်အသတ်ရှိနေ၏။

ဒေသခံများက အများကြီး ပိုမို၍ အဆင်ပြေပေသည်။ သူတို့၏ခေါင်းဆောင်ကိုသာ ထိန်းချုပ်နိုင်လျှင် လုံလောက်ပြီဖြစ်သည်။

ထိုအကြောင်းကို စဉ်းစားကြည့်ပါက ဤကဲ့သို့ရက်စက်ကြမ်းကြုတ်သောမှော်ဆရာပင်လျှင် မျိုးနွယ်စုတစ်ခုလုံးကို ထိန်းချုပ်နိုင်ပေသည်။ ပိုမိုကောင်းမွန်သော ခေါင်းဆောင်တစ်ဦးကိုရှာဖွေပြီး မျိုးနွယ်စုအား အကျိုးကျေးဇူးများစွာပေးလိုက်ပါက သူတို့၏ကျေးဇူးတင်မှုကို ရရှိပြီး သစ္စာရှိကြမည်သာဖြစ်သည်။

အနာဂတ်တွင် စာချုပ်ကဒီတစ်ခုဖြင့် မျိုးနွယ်စုတစ်စုကိုထိန်းချုပ်နိုင်ပေလိမ့်မည်။ ဤသည်မှာ စာချုပ်ကဒ်အား မှန်ကန်စွာ အသုံးပြုနည်းပင် ဖြစ်ပေသည်။

“ကောင်းပါပြီ နင်ဘယ်တော့ပြန်လာမှာလဲ။”

အန်းရန်က မေးလိုက်သည်။

“မနက်ဖြန်ကျရင် သူတို့ကျွန်းပေါ်မှာ ထူးခြားရှားပါးတဲ့ အရင်းအမြစ်တွေရှိ၊မရှိ ကြည့်ပြီးတာနဲ့ ပြန်ထွက်လာခဲ့မယ်။”

ရှောင်းယီက ဖြေလိုက်သည်။

“ကောင်းပြီ တစ်ခုခုဖြစ်ရင် ချက်ချင်းဆက်သွယ်နော်။”

အန်းရန်က တုံ့ပြန်လိုက်၏။

“အင်း မင်းတို့လည်း အနားယူကြတော့လေ။”

ရှောင်းယီသည် စကားပြောခြင်းကိုရပ်တန့်ကာ ဘူးကိုခေါ်လိုက်သည်။

“မင်း တကယ်ပဲ ငါကို နောက်လိုက်ချင်တာ သေချာလား။”

ရှောင်းယီက မေးလိုက်သည်။

ဘူးသည် ချက်ချင်းပင် သူ၏ခေါင်းကို လေးလေးနက်နက်ညိမ့်လိုက်၏။

“ငါ့နောက်လိုက်ရင် ဒီကျွန်းကို စွန့်လွှတ်ရမယ်။ မင်းသဘောတူလား။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့!”

ဘူးက ချက်ချင်းပင် ပြန်ဖြေ၏။ သို့သော်လည်း ချက်ချင်းပင် တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။

“မျိုးနွယ်စုထဲက မိတ်ဆွေတွေလည်း ကျွန်တော်နဲ့အတူ လိုက်လို့ရနိုင်မလား။”

ရှောင်းယီက စိုးရိမ်ပူပန်နေသောဘူးကိုကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုင်၏။

“သူတို့သာ သဘောတူရင်ရတယ်။”

“ကျွန်တော် အာမခံတယ်။ သူတို့ အရမ်းပျော်သွားကြလိမ့်မယ်”

ဘူးက ဖြေလိုက်၏။

ရှောင်းယီက ခေါင်းကို အသာအယာညိမ့်ကာ ပြောလိုက်သည်။

“ငါ မင်းကို သူတို့ရဲ့ခေါင်းဆောင်ဖြစ်စေချင်တယ်”

“အာ!”

ဘူး ကြောင်အသွားခဲ့သည်။

“အရှင် ဒါမှမဟုတ် ကျောက်စရစ်ခဲက ခေါင်းဆောင်ဖြစ်သင့်တာ မဟုတ်ဘူးလား။”

“ငါ့မှာအချိန်မရှိဘူး။ ယွမ်ရှီကလည်း အခြားလူတွေနောက်ကို လျှောက်လိုက်ဖို့ အချိန်မရှိဘူး။”

ရှောင်းယီက ဖြေလိုက်သည်။

ဘူးသည် အနည်းငယ်စဥ်းစားပြီးနောက် ချက်ချင်းပင် ဒူးထောက်ကာ ပြောလိုက်၏။

“ခေါင်းဆောင်လုပ်ဖို့ ကျွန်တော်သဘောတူပါတယ်။”

ရှောင်းယီက ခေါင်းညိတ်ကာ သူအဆင်သင့်ပြင်ထားသော စာချုပ်ကဒ်ကို သုံးပြုလိုက်သည်။

ဘူးကိုယ်တိုင်က ရိုးသားစွာကတိသစ္စာပြုထားသူဖြစ်သောကြောင့် စာချုပ်ချုပ်ဆိုမှုမှာ အဆင်ပြေချောမွေ့ခဲ့ပေသည်။

“ခဏနေလို့ ငါ မင်းနဲ့အပြင်ပြန်ထွက်လာရင် လူတွေရှေ့မှာ ဒဏ်ရာရတဲ့မိတ်ဆွေတွေကို ငါ့ကိုပြန်ကုခိုင်းဖို့လိုတယ်။ မင်း နားလည်တယ်မဟုတ်လား။”

ရှောင်းယီက ပြောလိုက်သည်။

ဘူးသည် တစ်ခဏကြောင်အသွားပြီး ချက်ချင်းပင် “ဟုတ်ကဲ့” ဟု ပြန်ဖြေလိုက်၏။

ရှောင်းယီနှင့် ဘူးတို့သည် ဒေသခံအုပ်စုထံသို့ ပြန်သွားခဲ့ကြသည်။ သားရဲဘုရင်ကြောင့် ဒဏ်ရာရထားသူများအားလုံးသည် သူတို့၏သက်ငယ်အိမ်များထွတွင် လှဲလျောင်းကာ ညည်းညူးနေကြလေသည်။

သူ့မိတ်ဆွေများ၏ဒုက္ခကိုမြင်သောအခါ ဘူးသည် ချက်ချင်းပင် ရှောင်းယီရှေ့တွင် ဒူးထောက်ချကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

“အရှင် ကျေးဇူးပြုပြီးသူတို့ရဲ့ဒဏ်ရာတွေ ကုပေးသပါ။ သူ့တို့ကို နာကျင်မှုတွေ မခံစားရအောင် လုပ်ဆောင်ပေးပါ။”

ရှောင်းယီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ မင်းတို့ရဲ့ အရင်က သစ္စာရှိစွာ ကာကွယ်ပေးခဲ့တဲ့အတွက် မင်းရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးလိုက်မယ်။ နာနာ!”

အန်းရန်သည် ယခုလေးတင် နာနာကို ရှောင်းယီထံသို့ လွှဲပြောင်းပေးထားခဲ့ခြင်း ဖြစ်ပေသည်။

နာနာသည် ချက်ချင်းပင် အရိပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ထိုသတ္တုဖြင့်ပြုလုပ်ထားသော လှုပ်ရှားနိုင်သည့် စက်ပစ္စည်းကိုမြင်လိုက်ရသော ဒေသခံများသည် သူတို့၏နေရာများမှ မရွေ့လျားနိုင်တော့ဘဲ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြလေသည်။

“ဒါက ဘာလဲ။”

“ဒါက ဘယ်လိုလုပ်ပြီး လှုပ်ရှားနိုင်တာလဲ။ လက်တွေခြေတွေလည်း အများကြီးပါတယ်။ နတ်ဆိုးလား။”

“ကယ်ကြပါ။ တိုင်းတစ်ပါးကျူးကျော်သူတွေက အရမ်းကြောက်စရာကောင်းတယ်။”

ဘူးသည် နာနာကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့သော်လည်း ရှောင်းယီအားယုံကြည်မှုကြောင့် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“အားလုံးပဲ စိတ်မပူကြပါနဲ့။ အရှင်သာ ငါတို့ကိုသတ်ချင်ရင် ဒီလိုထူးဆန်းတဲ့ပစ္စည်းကိုတောင် မလိုအပ်ပါဘူး။ ဒါက မင်းတို့ကိုကုသဖို့အတွက် ဆုလာဘ်ပဲ။”

“ဘာ! ဒီပစ္စည်းက ဒဏ်ရာတွေကို ကုသနိုင်တယ်ပေါ့။ ငါမယုံဘူး။”

“ငါလည်းမယုံဘူး။ ဒဏ်ရာကို ဖြည်းဖြည်းချင်းပဲ ပျောက်သွားအောင် နေချင်တယ်”

“ငါ့ဆီက ဝေးဝေးသွားစမ်း!”

ရှောင်းယီသည် သူတို့ကိုကြည့်ပြီး သားရဲဘုရင်ကိုကြည့်ကာ ပြောလိုက်၏။

“သားရဲဘုရင် ကုသမှုကိုငြင်းဆန်သူတွေရှိရင် သူတို့ကို ဖြတ်ရိုက်ပစ်လိုက်။”

“ဝေါင်း!”

သားရဲဘုရင်က တုံ့ပြန်ပြီး နာနာနှင့်အတူ ပထမဆုံးဒဏ်ရာရသူထံသို့ သွားလိုက်လေသည်။

ထိုသူသည် အရင်က အသံအကျယ်ဆုံး အော်ဟစ်ခဲ့သူဖြစ်သော်လည်း သားရဲဘုရင်ကိုကြည့်ပြီး အသံမထွက်ရဲတော့ဘဲ နာနာကို ကုသခွင့်ပေးလိုက်ရလေသည်။

ထိုလူများထဲမှ လူအများစုမှာ အရေပြားဒဏ်ရာများဖြစ်ပြီး အရိုးကျိုးသူမှာ အနည်းငယ်သာရှိသည်။ နာနာက အလျင်အမြန်ပင် ကုသပေးလိုက်၏။

ဒဏ်ရာရရှိသူအားလုံးကို နှစ်နာရီအတွင်း ကုသ၍ ပြီးစီးသွားခဲ့သည်။

“ဟေ့! ငါနာတာပျောက်သွားသလိုပဲ။”

“ငါ့အရိုးကျိုးတာလည်း ပြန်ဆက်သွားသလိုပဲ။ ဒါက ဘယ်လိုလုပ်လိုက်တာလဲ။”

“ငါ အရင်ကနံရိုးကျိုးတုန်းက သုံးလလောက်နားခဲ့ရတယ်။ အခုတော့ ပိုကောင်းသွားသလို ခံစားရတယ်။”

“ဒါက တကယ်ပဲ ငါတို့ကို ကုသပေးဖို့လား။”

“ဟုတ်တယ် အရှင်က တကယ်ပဲ ငါတို့ကိုကယ်တင်ခဲ့တဲ့ နတ်ဘုရားပဲ။”

ဒေသခံများသည် ချက်ချင်းပင် ရှောင်းယီကို ဦးချကာ ရှိခိုးလိုက်ကြ၏။

ရှောင်းယီသည် သူတို့ကို လုံးဝဂရုမစိုက်ဘဲ ဘူးက ချက်ချင်းပင် ပြောလိုက်သည်။

“အရှင်က တကယ်ပဲ ငါတို့ကိုကယ်တင်ခဲ့တဲ့ နတ်ဘုရားဖြစ်တယ်။ အရင်က မျက်စိကန်းပြီး အရှင့်ကိုတိုက်ခိုက်ခဲ့မိတာအတွက် ဘာလို့ မြန်မြန်မတောင်းပန်သေးတာလဲ။”

“တောင်းပန်ပါတယ် အရှင်။ ကျွန်တော်တို့ မျက်စိကန်းပြီး အရှင့်ကို တိုက်ခိုက်ခဲ့မိတာကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။”

“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါအရှင်!”

လူအားလုံးက တစ်ညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။

“အခုကစပြီး ဘူးက မင်းတို့ရဲ့ ခေါင်းဆောင်ဖြစ်လာလိမ့်မယ်။ ကန့်ကွက်မယ့်သူရှိလား။”

ရှောင်းယီက မေးလိုက်သည်။

“မရှိပါဘူး။”

လူတိုင်းက မြေပြင်ပေါ်တွင် ဒူးထောက်နေရင်း ပြန်ဖြေလိုက်ကြ၏။

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဘူး ငါနဲ့လိုက်ခဲ့။”

ဘူးသည် ရှောင်းယီနှင့်အတူ အလတ်စားရွက်လှေဆီသို့ ပြန်လိုက်သွားခဲ့သည်။ ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကို သူ့ဆီသို့ပေးကာ ပြောလိုက်၏။

“မင်းရဲ့သွေးကို လက်စွပ်ပေါ်ချလိုက်။”

ဘူးသည် ချက်ချင်းပင် သူ၏ညွှန်ကြားချက်အတိုင်း သူ၏လက်ချောင်းကို လှီးဖြတ်ပြီး သွေးတစ်စက်ချလိုက်လေသည်။

ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်တွင် တောက်ပသောအလင်းများဖြင့် လင်းလက်လာခဲ့သည်။

ထိုအခိုက်တွင် လှေထဲရှိကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးချက်ထွက်ပေါ်လာခဲ့လေသည်။

“ချည်နှောင်ထားသော ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်အား ချည်နှောင်သူပြောင်းလိုပါသလား။”

ရှောင်းယီသည် တစ်ခဏတွေဝေသွားပြီးနောက် ချက်ချင်းပင် ပြန်ဖြေလိုက်၏။

“ပြောင်းမယ်”

ယခင်က မှော်ဆရာနှင့် ချည်နှောင်ထားသော ချည်နှောင်မှုကို ဤနည်းဖြင့် ဖျက်သိမ်းလိုက်လေသည်။

ရှောင်းယီ၏အမိန့်ဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်နှင့် ဘူးတို့သည် အောင်မြင်စွာ ချည်နှောင်သွားခဲ့ကြလေသည်။

“ဒါကို မင်းနဲ့အတူယူထား။ အမိန့်တစ်ခုခုပေးချင်ရင် ဒါမှမဟုတ် ပစ္စည်းတစ်ခုခုပေးချင်ရင် ဒီဟာကနေ ပေးလို့ရတယ်။”

ရှောင်းယီက ရှင်းပြလိုက်သည်။

ဘူးက ခေါင်းညိတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူသည် လက်စွပ်နှင့်ချည်နှောင်ပြီးနောက် လက်စွပ်နှင့်ထူးခြားသောဆက်သွယ်မှုတစ်ခုကို ခံစားခဲ့ရသောကြောင့်ဖြစ်သည်။

“ကောင်းပြီ နားလိုက်ကြဦး။ မနက်ဖြန်ကျရင် မင်းတို့ကျွန်းကို ရှာဖွေပြီးတာနဲ့ ပြန်ထွက်မယ်။”

ရှောင်းယီက ပြောလိုက်၏။

“ငါတို့ရဲ့ ရေကြောင်းခရီးအတွက် ရက်အတော်ကြာမယ်ထင်တယ်”

“အရှင် ကျွန်တော်တို့ရဲ့ အပြန်ခရီးအတွက် ရက်အတော်ကြာ ရွက်လွင့်စရာ မလိုလောက်ပါဘူး”

ဘူးက မရေရာစွာ ပြောလိုက်သည်။

ရှောင်းယီက ဘူးကို သံသယနှင့် ကြည့်လိုက်ပြီး သူ၏နောက်ထပ်ပြောမည့်စကားကို စောင့်နေလိုက်သည်။

အခန်း ၂၆၆

ဘူးက ရှင်းပြလိုက်သည်။

“ကျွန်တော် ဒီကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်နဲ့ ချည်နှောင်လိုက်တုန်းက ဦးတည်ချက်ကျောက်ကို ဘယ်လိုသုံးရမယ်ဆိုတာကို နားလည်သွားသလိုပဲ။”

“သဘောပေါက်သလိုပဲလား။”

ရှောင်းယီက မေးလိုက်သည်။

“ဒီဦးတည်ချက်ကျောက်ကို အသက်ဝင်အောင် ထိန်းချုပ်နိုင်တာလား။”

ဘူးက ခေါင်းညိတ်လိုက်ပြီး ဦးတည်ချက်ကျောက်ထံသို့သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကို ၎င်းနှင့် နီးကပ်စွာ ထားလိုက်၏။

ဦးတည်ချက်ကျောက်သည် ချက်ချင်းပင် ရူးသွပ်စွာလည်ပတ်ကာ ကျောက်ခွက်ထဲရှိရေတိမ်လွှာများကိုလေဆင်နှာမောင်းအသေးတစ်ခုအဖြစ် လှုပ်ခတ်လိုက်လေသည်။

ဦးတည်ချက်ကျောက်အပေါ်တွင်လည်း အနီရောင်အလင်းတစ်စ ထွက်ပေါ်လာခဲ့သည်။

ရှောင်းယီသည် ဦးတည်ချက်ကျောက်၏ ထူးဆန်းသောလှုပ်ရှားမှုကို အံ့အားသင့်စွာ ကြည့်နေမိခဲ့သည်။

ခဏကြာပြီးနောက် ဘူးက ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကို အဝေးသို့ ပြန်ရွှေ့ကာ ပြောလိုက်သည်။

“အရှင် ဦးတည်ချက်ကျောက်က စိမ်းအင်ကုန်ခန်းသွားပါပြီ။ သူ့ကို ဖြည်းဖြည်းချင်း အားပြန်သွင်းပေးဖို့ လိုပါတယ်။”

“စွမ်းအင်မကျန်တော့ဘူးလား။ ဖြစ်နိုင်တာက ဒီဦးတည်ချက်ကျောက်ကို စိမ်းအားအပြည့်နဲ့တစ်ခါပဲသုံးလို့ရတာလား။”

ရှောင်းယီက သံသယဖြင့် မေးလိုက်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကနေ ပြန်လည်ရရှိတဲ့အချက်အလက်တွေအရ ဦးတည်ချက်ကျောက်ကို အသုံးမပြုတဲ့အခါမှာ စွမ်းအင်ကိုဖြည်းဖြည်းချင်း စုပ်ယူနိုင်ပါတယ်။ စုပ်ယူလိုက်တဲ့စွမ်းအင်နဲ့ဆိုရင် တစ်ရက်အတွင်း ကီလိုမီတာလေးထောင်ကျော်သွားနိုင်ပြီး စွမ်းအင်အားလုံးကို တစ်ခါတည်းအသုံးပြုမယ်ဆိုရင်တော့ ကီလိုမီတာနှစ်သောင်းကျော်အထိ သွားနိုင်ပါတယ်။”

ဘူးက ဖြေလိုက်သည်။

ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။

“ဒါဆို မင်းငါ့ကျွန်းကိုလာတုန်း တစ်ရက်ကို တစ်ခါပဲအသုံးပြုရမယ်။ ဒီလိုဆိုရင် ဦးတည်ချက်ကျောက်ရဲ့စွမ်းအင်က အမြဲတမ်းပြည့်နေမှာပဲ။ ဒီကျွန်းကို ပြန်လာတဲ့အခါကျ တစ်ခါတည်းစွမ်းအားကုန်ထုတ်လိုက်လို့ ငါတို့ဒီလိုမြန်မြန်ပြန်လာနိုင်ခဲ့တာပဲ။”

“အဲ့လိုပဲဖြစ်မယ်ထင်တယ်။”

ဘူးက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“အဲ့ဒီစွမ်းအင်အားသုံးစွဲမှုကို ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်နဲ့ ထိန်းချုပ်လို့ရလား။”

ရှောင်းယီက မေးလိုက်သည်။

“ရပါတယ် အဲ့ဒါကို ကြိုတင်သတ်မှတ်ထားလို့ရတယ်။”

ဘူးက ပြန်ဖြေ၏။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“အဲ့ဒီမှော်ဆရာက တကယ်ပဲ စိတ်မရှည်နိုင်ခဲ့ဘူးထင်တယ်။ သူက အသွားတုန်းကကျ မင်းတို့ကို ပင်လယ်ထဲမှာ လေးငါးရက်လောက် လှည့်ပတ်စေခဲ့တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရပြီးလို့ ပြန်လာတဲ့ခရီးမှာကျ စွမ်းအားကုန်အောင် သုံးခိုင်းခဲ့တာပဲ။”

အဆုံးတွင် မှော်ဆရာသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပိုဂရုစိုက်ပေသည်။ ရှောင်းယီတို့ကို တိုက်ခိုက်ရန် ဦးတည်ချက်ကျောက်၏ စွမ်းအင်ကိုတစ်ခါတည်း အသုံးပြုခဲ့၏။ ကျောက်စရစ်ခဲတို့သည် ရှောင်းယီ၏ကျွန်းကို မြန်မြန်ရောက်ရှိလာနိုင်သော်လည်း ထိုခရီးအတွက် ငါးရက်ကြာမြင့်ခဲ့ပေသည်။

ပင်လယ်ထဲတွင် ငါးရက်ကြာ ရွက်လွင့်ရန်ဆိုသည်မှာ မမျှော်လင့်ထားသည့်အရာများစွာ ဖြစ်သွားနိုင်ပေသည်။

လမ်းခရီးတွင် မတော်တဆမှုများကို အနည်းဆုံးဖြစ်စေရန်နှင့် မျိုးနွယ်စုဆီသို့ မြန်မြန်ပြန်ဖို့အတွက် သူတို့သည် ကျောက်စရစ်ခဲနှင့် အခြားသူကို သူ၏ကျွန်းပေါ်တွင် ထားရစ်ခဲ့ရပေသည်။

“ဒါဆို ငါတို့ပြန်ဖို့ဆိုရင်လည်း လေးငါးရက်လောက် ကြာမှာပေါ့။”

ရှောင်းယီက မအီမသာဖြင့် ပြောလိုက်သည်။

“အဲ့လိုပဲဖြစ်မယ်ထင်တယ်”

ဘူးက တုံ့ပြန်လိုက်သည်။

“ကောင်းပြီ အရင်ဆုံး အနားယူကြရတာပေါ့။ ဒီကိစ္စကို မနက်ဖြန်မှ ပြန်စဉ်းစားမယ်။”

ရှောင်းယီက သူစလက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ဘူးသည် သူ၏ကိုယ်ကို ကိုင်းညွှတ်ကာ ဆုတ်ခွာသွားခဲ့၏။

ထိုအချိန်တွင် နံနက်တစ်နာရီခွဲရှိပြီဖြစ်သည်။ ရှောင်းယီသည် လှေခန်းထဲရှိ ထိုင်ခုံပေါ်တွင် တိုက်ရိုက်ပင် အိပ်ပျော်သွားခဲ့လေသည်။

သားရဲဘုရင်က ဘေးတွင်စောင့်ကြပ်ပေးနေသောကြောင့် ဘာမှစိုးရိမ်စရာမလိုပေ။

တစ်ညလုံး မည်သည့်အရာမှ မဖြစ်ပျက်ခဲ့ဘဲ ရှောင်းယီသည် မနက် ၆ နာရီခွဲတွင် နိုးလာခဲ့လေသည်။

သို့သော် ဘူးနှင့် မျိုးနွယ်စုဝင်များ ကမ်းခြေတွင်ရပ်နေသည်ကို တွေ့လိုက်ရသောအခါ သူနောက်ကျသွားသည်ဟုပင် ထင်လိုက်မိ၏။

“မင်းတို့ပစ္စည်းတွေကို အရင်ဆုံး လှေပေါ်တင်ထားလိုက်။ ပြီးရင် ငါ့ကိုစောင့်နေ။ ငါ မင်းတို့ကျွန်းကို ပတ်ပြီးလျှောက်ကြည့်ချင်သေးတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ဘူးကတုံ့ပြန်ပြီး မျိုးနွယ်စုဝင်များကို လှေပေါ်သို့ ပစ္စည်းများတင်ခိုင်းလိုက်သည်။

ရှောင်းယီသည် သူတို့တင်လိုက်သောပစ္စည်းများကိုကြည့်ကာ ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့သည်။

“ဘူး ဒီပစ္စည်းတွေကို မလိုအပ်ဘူး”

“အရှင် အရှင့်ဆီမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူတို့က ဒါတွေသုံးနေကျဆိုတော့ ယူသွားကြပါစေ။”

ဘူးက ဖြေလိုက်သည်။

“ကောင်းပြီ မင်းစိတ်တိုင်းကျသာလုပ်လိုက်တော့။ ဒါပေမယ့် ငါတို့မထွက်ခွာခင်မှာ အဲ့ဒါတွေကို ငါ့ကျွန်းဆီကို အရင်ပို့ရမယ်။ အလေးချိန်များနေရင် ငါတို့ရဲ့အမြန်နှုန်းကို ထိခိုက်စေလိမ့်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့!”

ဘူးက တုံ့ပြန်လိုက်၏။

အရှိန်မြန်စေရန်အတွက် ဘူးသည် သူကိုယ်တိုင် ရှေ့သို့သွားကာ ပစ္စည်းများကို ကူသယ်လိုက်လေသည်။

ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းကာ စိတ်ထဲမှပြောလိုက်၏။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - စွမ်းအင်ပြွန်”

“စွမ်းအင်ပြွန်ဆိုတာက ဘာလဲ။”

ရှောင်းယီက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ယခင်ကဆုလာဘ်များသည် အမည်ကိုကြည့်ကာ ခန့်မှန်းနိုင်သော်လည်း ယခုတစ်ခုကတော့ ဆန်းသစ်နေသည်။

“စွမ်းအင်ပြွန် - တစ်ခါသုံးစွမ်းအားသွင်းကိရိယာ။ ဦးတည်ချက်ကျောက်ကို အားသွင်းနိုင်သည်။”

“အိပ်ချင်တဲ့အချိန် ခေါင်းအုံးပေးလိုက်သလိုပါပဲလား။”

ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်မိ၏။

မနေ့က ဘူးသည် ဦးတည်ချက်ကျောက် (သို့) သံလိုက်အိမ်မြှောင်ကျောက်တွင် စွမ်းအင်မရှိတော့သောကြောင့် ဖြည်းဖြည်းချင်း အားပြန်သွင်းရမည်ဖြစ်ပြီး တစ်ရက်လျှင် ၄၀၀၀ ကီလိုမီတာသာသွားနိုင်ကြောင်း ပြောထားခဲ့သည်။

စနစ်သည် ယနေ့တွင် စွမ်းအားသွင်းကိရိယာကို ပေးလိုက်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သို့သော် တစ်ခါသုံးဆိုသည်မှာတော့ ဝမ်းနည်းစရာပင်ဖြစ်သည်။

လူ၏စိတ်သည် မြွေက ဆင်ကိုမျိုချင်သကဲ့သို့ပင် ဖြစ်ပေသည်။

ဘူးနှင့် မျိုးနွယ်စုဝင်များသည် သူတို့၏ပစ္စည်းများအားလုံးကို သိမ်းဆည်းပြီးနောက် ရှောင်းယီထံသို့ ရောက်လာခဲ့ကြသည်။

“အရှင် အားလုံးသိမ်းဆည်းပြီးပါပြီ။”

ဘူးက ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်၏။

“အားကောင်းမောင်းသန် လူသုံးယောက်လောင်ခေါ်ပြီး ငါနဲ့ကျွန်းကို ပတ်ကြည့်မယ်။ ကျန်တဲ့သူတွေကတော့ ဒီမှာပဲစောင့်နေကြ။”

“ဟုတ်ကဲ့”

ဘူးက တုံ့ပြန်ပြီး လူသုံးဦးကို ရှောင်းယီနှင့်အတူ ကျွန်းကိုပတ်ကြည့်စေရန် ထည့်ပေးလိုက်လေသည်။

ရှောင်းယီသည်လည်း သူ၏ကိုယ်ပိုင်ကျွန်းပေါ်တွင် သစ်တောထဲသို့ အကြိမ်များစွာဝင်ဖူးပေသည်။ အပင်အများစုမှာ သူနှင့် ရင်းနှီးပြီးသားဖြစ်သဖြင့် လျစ်လျူရှုထားခဲ့လိုက်သည်။

မမြင်ဖူးသောအပင်များကိုသာ အထူးဂရုပြုခဲ့‌ပေသည်။ သို့သော် ဤမျှနှင့်လည်း များစွာရှိနေပေသေးသည်။

ရှောင်းယီ စိုးရိမ်သွားခဲ့သည်။

“ဒီလိုမှန်းသာသိခဲ့ရင် လယ်သမား ခေါ်လာခဲ့ပါတယ်။ ဒီလိုပရောဖက်ရှင်နယ်ပစ္စည်းတွေကို ကျွမ်းကျင်ပညာရှင်တွေကပဲ ကိုင်တွယ်နိုင်တယ်။”

သူသည် စနစ်သတိပေးချက်ဖြင့်သာ တစ်ခုချင်းသွားနေရပြီး မျောက်နှစ်ရောက်သည်အထိ သွားနေရမလားပင် မသိတော့ပေ။ ရှောင်းယီသည် သူမြင်ဖူးခြင်းမရှိသော အပင်အချို့ကိုသာ နှုတ်ယူခဲ့လေသည်။

ခြောက်နာရီကြာအောင် ကြိုးစားပြီးနောက် ကျွန်းတစ်ခုလုံးကို လည်ပတ်နိုင်ခဲ့သည်။

လူတိုင်းသည် သစ်ပင်များဖြင့် ဖုံးလွှမ်းနေသည်ကိုမြင်သောအခါ ရှောင်းယီက “ဒါဆိုရင်ရပြီ” ဟုဆိုကာ ဆုံးဖြတ်ချက်ချလိုက်လေသည်။

ထို့နောက် သူသာ် သူတို့ကိုပြန်ခေါ်၍ သစ်တောတစ်ခုကို ဖြတ်သွားရာ သူမမြင်ဖူးသောသစ်ပင်များကိုတွေ့လိုက်ရလေသည်။

စနစ်က သတိပေးလာခဲ့သည်။

“ရာဘာပင် - နို့ရည်ပါသောအရွက်ပြတ်ပင်၊ အစေ့နှင့်အရွက်များတွင် အဆိပ်ရှိပြီး သဘာဝရာဘာကို ထုတ်လုပ်နိုင်သည်။”

“သံဖိနပ်စီးထားရင်တောင်မှ ရှာမတွေ့နိုင်တဲ့ဟာကို အခုတော့ ဒီမှာလွယ်လွယ်နဲ့တွေ့ရပြီ။”

ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။

“မင်းတို့အရင်ပြန်သွားနှင့် ငါသစ်ပင်နည်းနည်းတူးလိုက်ဦးမယ်။”

ဘူးနှင့် အခြားသူများသည် ရှောင်းယီ၏လုပ်ရပ်ကို နားမလည်နိုင်ခဲ့ကြပေ။

ဒီဟာတွေကို လုံးဝမစားနိုင်ဘူးလေ။ ဘာကြောင့်တူးနေရတာလဲ။

အထူးသဖြင့် သူတူးလိုသောသစ်ပင်သည် အစေ့များကိုစားမိပါက အဆိပ်ဖြစ်စေနိုင်ပေသည်။

သူတို့သည် ကျရှုံးမှုများမှ သင်ယူခဲ့ခြင်းဖြစ်သည်။

မသေချာမရေရာဖြစ်နေကြသော်လည်း ဘူးသည်အများကြီးအမေးဘဲ ရှောင်းယီတူးထားပြီးသောအပင်များကို လှေပေါ်သို့တင်လိုက်ပြီးနောက် ရှောင်းယီကို သစ်ပင်တူးရန် ပြန်ကူညီလိုက်သည်။

ဒေသခံများ၏အကူအညီဖြင့် ရှောင်းယီသည် ရာဘာပင်ကြီးနှစ်ပင်၊ အသေး ၆ပင် စုစုပေါင်း ၈ ပင်ကို အလျင်အမြန် တူးယူနိုင်ခဲ့သည်။

ထိုသစ်ပင်အားလုံး လှေပေါ်သို့ သယ်ဆောင်သွားခဲ့ကြသည်။

လှေပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် သူ၏ကျွန်းနှင့် ချက်ချင်းပင် ဆက်သွယ်လိုက်လေသည်။

“အိမ်မှာလူရှိလား”

ရှောင်းယီက မေးလိုက်သည်။

“ရှိတယ် ငါဆုဝမ်ပါ”

တစ်ဖက်လူက ပြန်ဖြေသည်။

“ဒီမှာ အပင်တွေ ပို့လိုက်မယ်။ လယ်သမားကူပြီးစိုက်ခိုင်းလိုက်။ အဆင့်မြင့်ရေလည်း သုံးခိုင်းလိုက်ဦး။”

ရှောင်းယီက သတိပေးလိုက်သည်။

ဆုဝမ်သည် ရှောင်းယီပို့လိုက်သော များပြားလှသည့်အပင်များကိုကြည့်ကာ အံ့အားသင့်သွားခဲ့သည်။

“လယ်သမား ရှောင်းယီက အပင်တွေအများကြီးပို့ထားတယ်။ ကျွန်မ အဲ့ဒါတွေကို အိမ်ယာခြံဝင်းထဲထည့်ထားပြီးပြီ။ ရှင် ဖြစ်နိုင်သမျှ မြန်မြန်လာကြည့်လိုက်ဦး။”

ဆုဝမ်က ဝေါ်ကီတော်ကီကိုကောက်ကိုင်ကာ ပြောလိုက်သည်။

“ကောင်းပြီ ငါအခုချက်ချင်း သွားကြည့်လိုက်မယ်။”

ယွမ်နွန်သည် ချက်ချင်းပင် တုံ့ပြန်လိုက်၏။ သူ၏အသံကိုနားထောင်ခြင်းဖြင့် သူသည် အလွန်အမင်းစိတ်လှုပ်ရှားနေသည်မှာ ထင်ရှားနေပေသည်။

အခန်း ၂၆၇

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ခဏနေရင် ငါတို့ရဲ့တံတိုင်းအပြင်ဘက်မှာနေရာလွတ်တစ်ခုရှာပြီး အစ်ကိုကျန်းကိုနည်းနည်းရှင်းခိုင်းထားလိုက်။ ငါ အခု မင်းတို့ဆီ ပို့ပေးမယ့်ပစ္စည်းတွေကို အဲ့ဒီနေရာလွတ်မှာထားထားလိုက်။”

“ကောင်းပြီ!”

‌ဆုဝမ်က တုံ့ပြန်လိုက်သည်။

ထို့နောက် ဆုဝမ်သည် ရှုပ်ရှပ်ခတ်နေသော ပစ္စည်းများကို အပုံလိုက်အခေါင်းလိုက် တွေ့လိုက်ရလေသည်။

“[ကျောက်ပန်းကန်] ၆၀၊ [ကျောက်အိုး] ၇၊ [ကျောက်လှံ] ၅၃၊...လဲလှယ်မှုမရှိပါ။”

ဆူဝမ်သည် လဲလှယ်မှူကို သဘောတူလက်ခံလိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။

“ဒါတွေကိုသူတို့ကို ဘာလို့ယူခိုင်းတာလဲ။”

“အခြားနည်းလမ်းမရှိဘူး။ သူတို့ရဲ့ခေါင်းဆောင်ဘူးက သူတို့က ဒါတွေသုံးနေကျဖြစ်ပြီး လွှန်မပစ်ချင်ကြဘူးဆိုတာနဲ့ ယူခိုင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် ဒါတွေကို လဲလှယ်ပေးလိုက်ရုံပဲလေ။”

ရှောင်းယီ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

ဆူဝမ်သည် ထိုလဲလှယ်ထားသောပစ္စည်းများကိုတံတိုင်းအပြင်ဘက်ရှိ နေရာလွတ်တွင်ထားလိုက်ပြီး ကျန်းယွင်ထျန်းကို နေရာတစ်ခုရှင်းခိုင်းလိုက်သည်။

“ရာဘာပင်ကလွဲရင် ရှောင်းယီတွေ့ထားတဲ့ သစ်ပင်တွေအားလုံးကျွန်းမှာရှိပြီးသားတွေချည်းပဲ။”

ယွမ်နွန်က ဝေါ်ကီတော်ကီမှတစ်ဆင့် မျှော်လင့်ချက်မဲ့စွာ ပြောလိုက်သည်။

“ရှောင်းယီက အဲ့ဒီအပင်တွေနဲ့ မရင်းနှီးလို့ သူမမြင်ဖူးတဲ့အပင်တွေကို တူးလာတာဖြစ်မယ်။”

ဆုဝမ်သည် သူမ၏လက်ဖြင့် ပါးစပ်ကိုကာကာ ရယ်မောရင်း ပြန်ဖြေလိုက်သည်။

“ရှောင်းယီသာ ဒီလိုမျိုးရလဒ်ကို သိသွားခဲ့ရင် နောက်တစ်ခါဒီလိုမျိုး ဘယ်တော့မှလုပ်မှာမဟုတ်လောက်တော့ဘူးထင်တယ်။”

ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီးနောင် ရှောင်းယီသည် အိမ်ပြန်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ရှောင်းယီသည် ဦးတည်ချက်ကျောက်ကိုကြည့်ကာ တွေးလိုက်မိ၏။

“ဒါကိုဘယ်လိုအားသွင်းရမှာလဲ။”

“စွမ်းအင်ပြွန်ကို ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်နဲ့ လဲလှယ်လိုက်ပါ။ ပြီးရင်ကျောက်လက်စွပ်ကို ဦးတည်ချက်ကျောက်နားကို ကပ်လိုက်ရုံပါပဲ။”

စနစ်က အကြံပေးလိုက်သည်။

ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်၏ စာမျက်နှာသို့ပြောင်းကာ မကြာသေးမီက လက်မှတ်ထိုးဝင်ရာမှ ရရှိထားသောစွမ်းအင်ပြွန်ကို လဲလှယ်လိုက်သည်။

ဘူးသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်မှ အသိပေးချက်ကို ရလိုက်၏။

“သင့်ထံ [စွမ်းအင်ပြွန်] ၁ ရရှိပါသည်။”

တစ်ခဏတာ ကြောင်အသွားပြီးနောက် ဘူးသည် ချက်ချင်းပင် လှေထဲသို့ဝင်လာကာ ရှောင်းယီအား ပြောလိုက်၏။

“အရှင် ဒီမှာ ကျွန်တော်စွမ်းအင်ပြွန်ရတဲ့တယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“မင်းကိုပေးလိုက်တာ။ ဦးတည်ချက်ကျောက်အားသွင်းဖို့ အဲ့ဒါကို အသုံးပြုလိုက်။”

ဘူးသည် ရှောင်းယီအား ထိတ်လန့်စွာကြည့်ကာ သူ၏နှလုံးသားထဲမှ တွေးလိုက်မိလေသည်။

“အရှင်က ဒီလိုပစ္စသည်းမျိုးကိုတောင်ရနိုင်တယ်ဆိုတော့ တကယ့်နတ်ဘုရားပဲ။” ။

ဦးတည်ချက်ကျောက်ကိုယ်တိုင်က နတ်ဘုရား၏လက်ဆောင်ဖြစ်သည်ဟု ယခင်မှော်ဆရာက ပြောထားခဲ့လေသည်။

ရှောင်းယီသည် နတ်ပစ္စည်းကိုအားသွင်းနိုင်သည့်ပစ္စည်းကို ရှာဖွေနိုင်သည်ဆိုလျှင် ထိုပစ္စည်းသည်လည်း နတ်ပစ္စည်းပင်ဖြစ်ရပေမည်။

“ငေးမနေနဲ့။ ဦးတည်ချက်ကျောက်အားသွင်းပြီးရင် မြန်မြန်ပြန်ကြမယ်။”

ရှောင်းယီက တိုက်တွန်းလိုက်သည်။

ဘူးသည် ချက်ချင်းပင် ရှောင်းယီသင်ပေးသည့်နည်းအတိုင်း ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကိုဦးတည်ချက်ကျောက်နားသို့ ရွှေ့လိုက်လေသည်။

ဦးတည်ချက်ကျောက်သည် ပြန်လည်၍ လျင်မြန်စွာလည်ပတ်လာကာ အစိမ်းရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။ မူလက အနီရောင်အလင်းမှာ အစိမ်းရောင်သို့ ပြောင်းလဲသွားခဲ့လေသည်။

အစိမ်းရောင်အလင်းများ ပိုမိုတောက်ပလာပြီးနောက် ခဏအကြာတွင် ရုတ်တရက် မှေးမှိန်သွားကာ ဦးတည်ချက်ကျောက်သည်လည်း လည်ပတ်‌နေခြင်းမှ ရပ်တန့်သွားခဲ့သည်။

“ရပြီ!”

ဘူးက စိတ်လှုပ်ရှားစွာပြောလိုက်သည်။

အခု အားပြည့်သွားပြီဆိုတော့ အရှင့်ရဲ့ကျွန်းကို မြန်မြန်ရောက်နိုင်လိမ့်မယ်။ တွေးကြည့်ရုံနဲ့တင် ပျော်စရာကောင်းနေပြီ။

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဦးတည်ချက်ကျောက်ရဲ့စွမအင်အား တစ်ခါတည်းသုံးဖို့မေ့မနေနဲ့။ ငါတို့ တတ်နိုင်သမျှ မြန်မြန်ပြန်ကြမယ်။”

“ဟုတ်ကဲ့ပါ အရှင် ကျွန်တော် သတ်မှတ်ပြီးသွားပါပြီ။”

ဘူးက တုံ့ပြန်လိုက်သည်။

“ဒါဆို ထွက်ခွာကြမယ်။”

ရှောင်းယီက ပြောလိုက်သည်။

ဘူးသည် ချက်ချင်းပင် လူအားလုံးကို ရွက်လွှင့်ခိုင်းလိုက်လေတော့သည်။

အချိန်မှာ နေ့လည်တစ်နာရီကျော်သွားပြီဖြစ်၏။ သူတို့သီ ညသန်းခေါင်ယံမတိုင်မီ ပြန်ရောက်လိမ့်မည်ဟု ခန့်မှန်းရပေသည်။

“ဘူး ဦးတည်ချက်ကျောက်ရဲ့ နေရာခုန်ကူးနိုင်တဲ့စွမ်းရည်က ဘယ်အချိန်မှ ဖြစ်လာမှာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“အနည်းဆုံးတော့ တစ်နာရီလောက်ကြာလိမ့်မယ်။”

ဘူးက ပြန်ဖြေလိုက်သည်။ သူသည် ဘာကြောင့်တစ်နာရီကြာမည်မှန်းမသိသော်လည်း ဦးတည်ချက်ကျောက်က ထိုကဲ့သို့သတ်မှတ်ထားခြင်းဖြစ်ပေသည်။

ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး ပိုနေသောတစ်နာရီကိုဂရုမစိုက်ဘဲ ထိုင်ခုံပေါ်တွင်ထိုင်ကာ မျက်စိမှိတ်၍ အနားယူလိုက်လေသည်။

ရှောင်းယီ အိပ်ပျော်တော့မည့်အချိန် တဂျွတ်ဂျွတ်မြည်သံနှင့်အတူ အလတ်စားရွက်လှေသည် ဘယ်ဘက်သို့ ငိုက်ကျသွားခဲ့၏။

ရှောင်းယီသည် ချက်ချင်းပင် ဘေးရှိလက်ရန်းကို ဆုပ်ကိုင်လိုက်ကာ “ဘာဖြစ်တာလဲ” ဟု မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“ကျွန်တော် မသိဘူး! ကျွန်တော်တို့လှေအောက်မှာတစ်ခုခုရှိနေသလိုပဲ။”

ဘူး၏အသံက အပြင်ဘက်မှ ထွက်လာခဲ့သည်။

ဘေးတွင်လှဲလျောင်းနေသော သားရဲဘုရင်သည် ချက်ချင်းပင် ထရပ်ကာ ဟိန်းဟောက်လိုက်၏။

သားရဲဘုရင်သည် အလွန်အားကောင်းသော စွမ်းအားကို သူခံစားရသည်ဟု ရှောင်းယီကိုသတိပေးနေခဲ့သည်။

လှေအောက်မှာ အလွန်အားကောင်းတဲ့ ပင်လယ်သတ္တဝါတစ်ကောင်ရှိနေတယ်။

ရှောင်းယီသည် ချက်ချင်းပင် ကုန်းပတ်ပေါ်သို့ ထွက်ကာ မေးလိုက်၏။

“အဲ့ဒါက ဘယ်မှာလဲ”

“အရင်က ကျွန်တော်တို့လှေရဲ့ ညာဘက်မှာရှိနေတာ အခု မရှိတော့ဘူး။”

ဘူးက ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် ပင်လယ်ပြင်ကို သေချာရှာဖွေလိုက်သည်။ လှေ၏ပတ်ပတ်လည်တွင် ဒေသခံများအားလုံးသည်လည်း လှေကိုတိုက်မိခဲ့သည့်သတ္တဝါကို ရှာဖွေနေကြလေသည်။

ရုတ်တရက် ငါးအမြီးနှင့်တူသော ရှည်လျားသည့်အပြာရောင်အရာတစ်ခုသည် ပင်လယ်ထဲမှ ထွက်ပေါ်လာကာ လှေဦးပိုင်းကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်၏။

ကရက်! ကရက်!

လှေဦးပိုင်းမှ သစ်သားစများ လွင့်ပျံထွက်သွားပြီး အပြာရောင်ငါးအမြီးကြောင့် စုတ်ပြဲသွားခဲ့သည်။

ထိုအမြီးကိုမြင်လိုက်သည်နှင့် စနစ်၏ သတိပေးချက်က အသံမြည်လာခဲ့သည်။

“နဂါး (Sအဆင့်) - ပင်လယ်ထဲရှိ လျို့ဝှက်ဆန်းကြယ်သောသတ္တဝါ။ အကြေးခွံရှိအင်းဆက်များ၏ခေါင်းဆောင်ဖြစ်ပြီး သားရဲများ၏ဘုရင်ဖြစ်သည်။ သတိထားပါ။ ပင်လယ်ထဲတွင် ထိုသတ္တဝါနှင့်တွေ့ပါက အလွန်အန္တရာယ်ရှိသည်။”

ရှောင်းယီသည် စနစ်၏ သတိပေးချက်ကို ကြည့်လိုက်ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။

“နဂါးဆိုတာ ဒဏ္ဍာရီထဲက သတ္တဝါမဟုတ်ဘူးလား။ ဒီလိုသတ္တဝါမျိုးက တကယ်ရှိနေတာလား။”

ရှောင်းယီသည် မျက်လုံးများပြူးကျယ်နေလျက် ပျက်စီးသွားသောလှေကို ပြန်လည်ပြုပြင်ရန်ပင် မေ့သွားခဲ့သည်။

ဘမ်း!

ခရက်! ခရက်!

နဂါးသည် လှေ၏ဘယ်ဘက်ခြမ်းကို ထပ်မံ၍ တိုက်ခိုက်လိုက်လေသည်။ လှေသည် စုတ်ပြဲသွားပြီး ပင်လယ်ရေများ တရဟောစီးဝင်လာကြ၏။

“အရှင် ကျွန်တော်တို့ ဒိထက်ပိုပြီးမခံနိုင်တော့ဘူး။ ကျွန်တော်တို့လှေ ပျက်စီးသွားပြီး နစ်မြုပ်တော့မယ်။”

ဘူးက အော်ဟစ်လိုက်သည်။

ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကလည်းသတိပေးနေပြီဖြစ်သည်။

“လှေကိုယ်ထည်ပျက်စီးနေပါသည်၊ အချိန်မီပြုပြင်ပါ! ၂၀မိနစ်အတွင်းနစ်မြုပ်တော့မည်!”

ရှောင်းယီသည် ချက်ချင်းပင် လှေအခန်းထဲသို့ ပြေးဝင်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အလျင်အမြန်မေးလိုက်၏။

“အိမ်မှာလူရှိလား။ သစ်သား၊ သံ၊ ကြေးနီတွေပို့ပေးပါ။ လှေကိုပြန်ပြုပြင်ဖို့လိုနေတယ်။”

တစ်ချိန်တည်းမှာပင် သူလိုအပ်သောပစ္စည်းပမာဏကိုပါ ပို့လိုက်လေသည်။

ရှောင်းယီ၏ အရေးတကြီးဖြစ်နေသောအသံကို ကြားလိုက်ရသောအခါ ဆုဝမ်သည် ဘာမှမေးမနေတော့ဘဲ ချက်ချင်းပင် လိုအပ်သောပစ္စည်းများကို လဲလှယ်ပေးလိုက်သည်။

“ပြုပြင်မယ်။”

ရှောင်းယီသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပြုပြင်ရန်ရွေးချယ်လိုက်သည်။

ပျက်စီးနေသောနေရာများသည် ချက်ချင်းပင် မူလအတိုင်းပြန်ဖြစ်သွားပြီး ဘေးတွင်ရှိနေသော ဒေသခံများသည်လည်း ကြောင်အသွားကြသည်။

“အရှင်က ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။”

“အရှင်က အစစ်အမှန်နတ်ဘုရားပဲ။ ဒီလိုမှမဟုတ်ရင် ပျက်စီးနေတဲ့လှေကို ချက်ချင်းပြန်ကောင်းအောင်လုပ်နိုင်မှာမဟုတ်ဘူး။”

“အရမ်းကောင်းတယ် ငါတို့လုံခြုံသွားပြီ။”

သူတို့သည် ရှောင်းယီရှိရာလှေအခန်းဆီသို့ ဒူးထောက်လိုက်ကြ၏။

ကလစ်!

သို့သော်လည်း သူတို့ အပြည့်အဝဝမ်းမသာနိုင်ခင်မှာပင် နောက်ထပ်အသံတစ်ခု ထပ်ကြားလိုက်ပြီး လှေ၏ကိုယ်ထည်သည်လည်း ထပ်မံပျက်စီးသွားခဲ့သည်။

ကုန်းပတ်ပေါ်တွင် ဒူးထောက်နေသော ဒေသခံများသည် သူတို့၏စိတ်အနက်ရှိုင်းဆုံးနေရာအထိ တုန်ယင်သွားခဲ့ပြီး တစ်ဖက်ရှိလက်ရန်း ပျက်စီးသွားသည်ကိုမြင်လိုက်ရသောအခါ ထပ်မံကြောက်ရွံ့သွားခဲ့ကြရလေသည်။

ဤသတ္တဝါမှ ချပြထားသော တိုက်ခိုက်အင်အားသည် သူတို့ ယဉ်ပြိုင်နိုင်သည့်အရာတစ်ခုမဟုတ်သာ်မှာ သေချာပေသည်။ သူတို့၏ အရှင်သည်သာလျှင် ဤပင်လယ်သတ္တဝါကို ကိုင်တွယ်နိုင်မည်ဟု ဆုတောင်းနေရကြလေသည်။

“မှော်ဆရာကို အနိုင်ယူပြီးတာနဲ့ သူတို့က ငါ့အတွက် ဒီလိုမျိုး စွမ်းအားကြီးတဲ့ပင်လယ်သတ္တဝါတွေကို စီစဉ်ပေးလိုက်တာပဲ။ သူတို့က ငါ့ကိုတကယ်မြင့်မြင့်တွေးထားပုံပဲရတယ်။”

ရှောင်းယီက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

အစိမ်းရောင်နဂါး၏ဖျက်စီးနိုင်စွမ်းက အရမ်းအံ့ဩစရာကောင်းတယ်။ ငါ့ရဲဘအရင်းအမြစ်အားလုံး ကုန်သွားရင်တောင် သူ့ကို အထိန်းထားနိုင်လောက်မယ်မထင်ဘူး။

ရုတ်တရက် သူ၏အတွေးထဲတွင် အလင်းတစ်ခုဖြတ်ပြေးသွားပြီး ရှောင်းယီသည် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိလိုက်၏။ သူသည် လှေပျက်စီးမှုကိုဂရုမစိုက်ဘဲ SSS အဆင့်စာချုပ်ကဒ်ကို စနစ်အာကာသထဲမှ တိုက်ရိုက်ထုတ်ယူလိုက်သည်။

“သင့်တွင် SSS အဆင့် စာချုပ်ကဒ်ရရှိကြောင်း တွေ့ရှိရပါသည်။ အသုံးပြုလိုပါသလား။”

All Chapters