အခန်း (၂၆၈-၂၇၀)
Vol. 18 Ch. 268-270
အခန်း ၂၆၈
“သုံးမယ်!”
ရှောင်းယီက ပြောလိုက်သည်။
“လှေကိုယ်ထည်နားက နဂါးနဲ့ အတင်းအကျပ်စာချုပ်ချုပ်လိုက်။”
စာချုပ်ကဒ်သည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ရွှေရောင်သံကြိုးတစ်ချောင်းသည် ပင်လယ်ထဲသို့ ထိုးစင်းကာ ပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သတိပေးချက်ထုတ်ပြန်လိုက်၏။
“စာချုပ်ချုပ်ဆိုခြင်းအောင်မြင်ပါသည်။”
ကုန်းပတ်ပေါ်ရှိ ဒေသခံများသည် ထိုရွှေရောင်သံကြိုးကိုမြင်လိုက်ကြရပြီးနောက် အရှင်၏ စွမ်းအားအတတ်တစ်မျိုးဖြစ်မည်ဟု ခန့်မှန်းလိုက်ကြလေသည်။
လူတိုင်းသည် ရေထဲသို့ စိုးရိမ်စွာ စိုက်ကြည့်နေကြ၏။ ရွှေရောင်သံကြိုးသည် ပင်လယ်အတွင်းရှိသတ္တဝါကို ထိန်းချုပ်နိုင်မည်လားဆိုသည်မှာ မသေချာသေးပေ။
ခဏကြာအောင် စောင့်ကြည့်ပြီးနောက် ပင်လယ်အတွင်းရှိသတ္တဝါသည် ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ပေ။
“အဲဒါက အရှင် သတ်တာ ခံလိုက်ရပြီလား။”
တစ်စုံတစ်ယောက်က တိုးတိုးလေး မေးလိုက်သည်။
လူတိုင်းက သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။
“အရှင်က အောင်မြင်သွားပြီထင်တယ်။ ငါတို့လုံခြုံသွားပြီ။”
ဘူးက ရေပြင်ကိုကြည့်ကာ လှုပ်ရှားမှုမရှိသည်ကိုမြင်ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။
“အရမ်းကောင်းတယ်။”
လူတိုင်းသည် ချက်ချင်းပင် ဝမ်းသာအားရ ကြွေးကြော်လိုက်ကြသည်။
“ငါ့ရဲ့အရှင်က မှော်ဆရာထက် အများကြီး ပိုပြီးစွမ်းအားကြီးတယ်။”
“ဟုတ်တယ်။ အစက ငါတို့က အရှင့်နောက်ကို မလိုက်ချင်ခဲ့ကြဘူး။ ငါတို့ တကယ်မလုပ်ခဲ့သင့်ဘူး။”
“ဒီနေ့ကစပြီး ငါက အရှင့်ရဲ့အမိန့်ကိုပဲ နာခံမယ်။”
လူတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေကြစဉ် တဂျွတ်ဂျွတ်မြည်သံများနှင့်အတူ ဧရာမဦးခေါင်းကြီးတစ်ခု ရေထဲမှ ထွက်ပေါ်လာလေသည်။
ဦးချိုများ၊ ယုန်မျက်လုံး၊ မြွေနှင့်တူသောကိုယ်နှင့် အကြေးခွံများဖြင့်ဖုံးအုပ်ထားသော သတ္တဝါတစ်ကောင်သည် လှေ၏ညာဘက်ခြမ်းတွင် ထွက်ပေါ်လာခဲ့လေသည်။
ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသော ဒေသခံများသည် ချက်ချင်းပင် အေးခဲသွားကြပြီး ရေထဲမှပေါ်လာသော နဂါးကို မျက်လုံးအဝိုင်းကြီးများဖြင့် ငေးကြည့်နေခဲ့ကြသည်။ သူတို့၏ မျက်နှာပေါ်တွင်လည်း ချွေးစက်ကြီးများ စီးကျနေကြလေသည်။
ဤမျှကြီးမားသော ကြောက်စရာကောင်းသည့်သတ္တဝါကို သူတို့ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ကြပေ။
သားရဲဘုရင်လည်း တုန်လှုပ်နေသော်လည်း ရှောင်းယီ၏ရှေ့တွင် ခိုင်မြဲစွာ ရပ်တည်နေခဲ့လေသည်။
ရှောင်းယီသည် သာစရဲဘုရင်ကိုကွေ့ပတ်ပြီး လှေအခန်းထဲမှ ထွက်လာခဲ့သည်။ ဘူးက ချက်ချင်းပင် တားဆီးကာ ပြောလိုက်၏။
“အရှင် ကျေးဇူးပြုပြီး ထွက်မလာပါနဲ့။ အဲ့ဒါက အန္တရာယ်ရှိတယ်။”
ရှောင်းယီသည် တုန်ယင်နေသောဘူးကိုကြည့်ကာ သူ၏ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။”
ထို့နောက် သူသည် ဘူးကိုဖြတ်ကျော်ကာ လှေ၏ညာဘက်ခြမ်းသို့ လျှောက်သွားလိုက်၏။
ချင်းလုံသည် ချက်ချင်းပင် သူ၏ခေါင်းငုံ့ပေးလိုက်သည်။ ရှောင်းယီသည် သူ့ကိုထိတွေ့ကာ ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။
“ငါနောက်လိုက်လာခဲ့။ ဒီတစ်ခါတော့ ငါမင်းကို တစ်ခါတည်း မခေါ်သွားနိုင်သေးဘူး။ ငါမင်းကိုပေးထားတဲ့လမ်းကြောင်းအတိုင်း လိုက်လာလို့ရတယ်။ ငါသွားတော့မယ်။”
ထိုသို့ပြောကာ ရှောင်းယီသည် အသေးစားတည်နေရာပြစက်ကို ချင်းလုံ၏နားထဲသို့ထည့်ပေးလိုက်သည်။
ထိုတည်နေရာပြစက်သည် ချင်းလုံအသုံးပြုရန်အတွက်မဟုတ်ဘဲ ရှောင်းယီအား နဂါး၏တည်နေရာအတိအကျကို သိရှိစေရန်ဖြစ်သည်။
“ဝေါင်း!”
ချင်းလုံက တုံ့ပြန်လိုက်ပြီးနောက် ရေထဲသို့ဆင်းသွားကာ လှေ၏အောက်ဘက်တွင် စောင့်ကြပ်နေခဲ့သည်။
ကုန်းပတ်ပေါ်ရှိ ဒေသခံများမှာ လုံးဝအသိစိတ်ကင်းမဲ့သွားခဲ့ကြလေသည်။ ဤကဲ့သို့ အလွန်စွမ်းအားကြီးသောသတ္တဝါသည်ပင် ရှောင်းယီ၏အမိန့်ကို နာခံနေရ၏။
ဘူးသည် တံတွေးကိုမျိုချကာ သူ၏စိတ်ထဲဲမှ တွေးတောမိလိုက်သည်။
“အရှင်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ။ ဒီလိုစွမ်းအားကြိးတဲ့သတ္တဝါကိုတောင် လွယ်လွယ်လေး အနိုင်ယူနိုင်တယ်။”
ထိုအခိုက်တွင် ကြည်လင်နေသောကောင်းကင်ကြီးသည် ရုတ်တရက် မှောင်သွားခဲ့သည်။
“အရှင် ဦးတည်ချက်ကျောက် အလုပ်လုပ်တော့မယ်ထင်တယ်။”
ဘူးသည် ထိုသို့ပြောပြီးနောက် ချက်ချင်းပင် လူတိုင်းကို လှေအခန်းထဲသို့ ဝင်ခိုင်းလိုက်လေသည်။
ရှောင်းယီသည် ပင်လယ်ထဲသို့ အော်ပြောလိုက်၏။
“ဘေးကင်းရေးကို ဂရုစိုက်နေနော်!”
ဤစကားမှာ ချင်းလုံအတွက်ဖြစ်သည်။
ထို့နောက် နောက်လှည့်ပြီး လှေအခန်းထဲသို့ ဝင်သွားလိုက်လေသည်။
ငါတို့ဒီကိုလာခဲ့တဲ့ အရင်တစ်ခါကလိုပဲ မုန်တိုင်းက နာရီဝက်နီးပါးကြာမယ်ထင်တယ်။
လျှပ်စီးသည် လှေဦးပိုင်းကို ထိမှန်သွားပြီးနောက် နဂိုကရှိမနေခဲ့သော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။
မုန်တိုင်း ပုန်လည်ငြိမ်သက်သွားပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် မြေပုံကိုဖွင့်ကြည့်လိုက်လေသည်။
မူလက သူ့ကျွန်းနှင့် ကီလိုမီတာ၂၀၀၀၀ ကွာဝေးနေသော်လည်း ယခုအခါ ကီလိုမီတာ၂၀သာ ကွာဝေးတော့လေသည်။
“ဒီလိုအမြန်နှုန်းမျိုးနဲ့ဆိုရင် ညနေ၄နာရီမတိုင်ခင် အိမ်ကိုပြန်ရောက်လိမ့်မယ်။ ညစာစားဖို့ အချိန်မီလောက်တယ်။”
ရှောင်းယီသည် ထိုသို့တွေးလိုက်ပြီးနောက် လှေအခန်းထဲမှထွက်လာကာ ပင်လယ်ကိုကြည့်ပြီး “ချင်းလုံ” ဟုအော်ခေါ်လိုက်သည်။
အချိန်အတော်ကြာသည့်အထိ အဖြေမရသောအခါ ရှောင်းယီက တွေးလိုက်မိသည်။
“ဦးတည်ချက်ကျောက်က လှေကို အဝေးကြီးအထိသယ်ဆောင်နိုင်ပေမယ့် ချင်းလုံကတော့ ကိုယ်တိုင်ရေကူးလာရမှာပဲ။”
တည်နေရာပြစက်တစ်ခုသာ လက်ထဲရှိမှာရှိပါက အခြားတည်နေရာပြစက်များ၏ညတည်နေရာကိုစစ်ဆေးနိုင်ပေသည်။
ရှောင်းယီသည် အသေးစားတည်နေရာပြစက်ကို ချင်းလုံ၏နားထဲသို့ ထည့်ပေးထားသဖြင့် ချင်းလုံသည် ယခုအခါ မည်သည့်နေရာတွင်ရှိနေကြောင်း မသိနိုင်ပေ။ ကျွန်းကိုပြန်ရောက်မှသာ သေချာသိနိုင်မည်ဖြစ်သည်။
ထိုစဥ် ကျန်းယွင်ထျန်းသည် ဗီလာ၏ဧည့်ခန်းတွင်ရှိသော လက်အောက်ခံ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အနားတွင် ရှိနေပေသည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်ပါရှိသော အလတ်စားအရွာ်ရွက်လှေကို ယူဆောင်သွားခဲ့ပြီးနောက် သူသည် ပင်လယ်သတ္တဝါတိုက်ခိုက်မှုကို ဤနေရာတွင်သာ စောင့်ကြည့်နိုင်ပေသည်။
ထိုအခိုက်တွင် ရေဒါလက်ခံစက်မှ ကျယ်လောင်သောအသိပေးချက်တစ်ခု မြည်ဟီးလာခဲ့သည်။
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် လက်ခံစက်ကိုကောက်ယူကြည့်လိုက်သောအခါ အနီရောင်အစက်တစ်စက် သူတို့၏ကျွန်းဆီသို့ ရွေ့လျားလာနေသည်ကို တွေ့လိုက်ရလေသည်။
သူ့အား အံ့အားသင့်စေသည်မှာ ထိုအနီရောင်အစက်သည် သူတို့၏ကျွန်းနှင့် ကီလိုမီတာ ၂၀ အောက်အကွာအဝေးတွင် ရှိနေခြင်းပင်ဖြစ်သည်။
“ဒီရေဒါလကိခံစက်က ကီလိုမီတာ ၃၂ အတွင်းမှာရှိ တဲ့ အခြေအနေတွေကို တိုင်းတာနိုင်တယ်မဟုတ်ဘူးလား။ အခုကျ ဘာလို့ တဖက်လူ အရမ်းနီးကပ်လာမှ သတိပေးသံ မြည်လာရတာလဲ။”
ကျန်းယွင်ထျန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် ထရပ်ကာ ကမ်းစပ်သို့ လျှောက်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဝေါ်ကီတော်ကီမှတစ်ဆင့် အန်းယွဲ့ကို သတိပေးလိုက်ပြီး လောက်လေးခွစင်ကို သစ်ဘောချဉ်းကပ်လာသည့် တည်နေရာဘက်သို့ ရွှေ့ခိုင်းထားလိုက်၏။
“ဒေသခံတွေက နောက်တစ်ခါတိုက်ခိုက်ဖို့ ရောက်လာကြတာလား။”
အန်ယွဲ့က ဝေါ်ကီတော်ကီမှတစ်ဆင့် အံ့အားသင့်စွာမေးလိုက်သည်။
“ဖြစ်လောက်တယ်။”
ကျန်းယွင်ထျန်းက သူ့ကိုတုံ့ပြန်လိုက်ရင်း အနီရောင်အစက်ကို ချဲ့ကြည့်လိုက်သည်။
“ဟေ့! ဒါက ရှောင်းယီနဲ့တူသလိုပဲ။”
ကျန်းယွင်ထျန်းသည် လှေဦးပိုင်းတွင်ရပ်နေသောလူကိုကြည့်လိုက်ပြီး အံ့အားသင့်ခဲ့သည်။
“ဒါပေမယ့် သူက ဒီလောက်မြန်မြန်ပြန်ရောက်လာမှာ မဟုတ်ဘူးလေ။”
အဆုံးတွင် ရေဒါတိုင်းတာမှုသည် ကင်မရာတစ်လုံးကဲ့သို့ မဟုတ်ပေ။ ရှင်းလင်းသောပုံရိပ်ဖမ်းနည်းပညာမရှိဘဲ အကြမ်းဖျင်းသာ ကြည့်နိုင်ပေသည်။
ကျန်းယွင်ထျန်းသည် တိုင်ပိုင်ကိုငါ ခေါ်ပြီး အတူတူစောင့်ကြည့်လိုက်သည်။
ဤကမ္ဘာသည် ရှောင်းယီတို့အတွက် S အဆင့် နဂါးတစ်ကောင်ကိုသာ စီစဉ်ပေးထားခဲ့ပြီး ကျန်ခရီးစဥ်သည် အလွန်အေးချမ်းခဲ့လေသည်။ သို့မဟုတ် သူတို့ကျွန်းနှင့် နီးကပ်နေသောကြောင့်လည်း ဖြစ်နိုင်ပေသည်။
ယခုအထိ ကျွန်းအနီးတွင် ဧရာမရှေးဦးသတ္တဝါကြီးများကို မတွေ့ရသေးပေ။
အဘယ်ကြောင့်ဆိုသော မည်သည့်ကျွန်းမျှ ဧရာမရှေးဦးသတ္တဝါကြီးများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိသောကြောင့်ဖြစ်ပေသည်။
တစ်နာရီအကြာတွင် ရှောင်းယီသည် သူ့ကျွန်း၏ကမ်းစပ်ရှိ ဆိပ်ကမ်းနှစ်ခုကို လှမ်းမြင်နေရပြီဖြစ်သည်။
ကျန်းယွင်ထျန်းနှင့် အန်ယွဲ့တို့သည် ကမ်းခြေတွင်ရပ်နေကြပြီး တပိုင်က သူတို့၏ဘေးတွင် လှဲလျောင်းနေခဲ့သည်။
“ဟေ့! လှေဦးပိုင်းမှာရပ်နေတာက ရှောင်းယီမဟုတ်ဘူးလား။”
အန်ယွဲ့ကလှေဦးပိုင်းရှိလူကို ကြည့်ပြီးအံ့အားသင့်ခဲ့သည်။
သူတို့အားလုံးထင်ထားခဲ့ကြသည်မှာ ရှောင်းယီသည် ကျွန်းကိုပြန်ရောက်ရန် အနည်းဆုံး လေးငါးရက်ခန့် ကြာမြင့်လိမ့်မည်ဟူ၍ဖြစ်သည်။
နောက်ဆုံး ဒေသခံများကို စစ်ဆေးမေးမြန်းရာမှ ရရှိခဲ့သောရလဒ်များအရ ထိုဒေသခံများသည် ပင်လယ်ထဲတွင် လေးငါးရက်ကြာခရီးနှင်ခဲ့ပြီးမှ ဤနေရာသို့ရောက်ရှိခဲ့ကြောင်း သိထားခဲ့ကြသည်။
ရှောင်းယီသည် ဒေသခံကျွန်းသို့သွားပါက အချိန်၁၅နာရီကျော် ကြာမြင့်မည်ဖြစ်သည်။
ကျန်းယွင်ထျန်းသည် ရှောင်းယီကို မြင်ပြီးပြီဖြစ်သည်။ သားရဲဘုရင်သည်လည်း လှေဦးပိုင်းရှိလက်ရန်းကိုမှီကာ ကျွန်းကို လှမ်းကြည့်နေခဲ့သည်။
နောက်ဆုံးတွင် သားရဲဘုရင်ကိုမြင်ပြီးနောက် အဆင်ပြေကြောင်း သေချာသွားခဲ့သည်။
ရှောင်းယီနှင့်တူသောလူတစ်ဦး ရှိနိုင်သော်လည်း ဆိုက်ဘေးရီးယားကျားတစ်ကောင်ကို တိုက်တိုက်ဆိုင်ဆိုင်စာချုပ်ချုပ်မိရန်မှာမူ မဖြစ်နိုင်ပေ။
“ရှောင်းယီ ပြန်လာပြီ အချိန်ရရင်လာကြိုဦး။”
ကျန်းယွင်ထျန်းက ဝေါ်ကီတော်ကီမှတစ်ဆင့် ပြောလိုက်၏။
အန်းရန်နှင့် အခြားသူများသည် ထိုသတင်းကြားလိုက်ရပြီးနောက် ချက်ချင်းပင် သူတို့၏ လုပ်လက်စအလုပ်များကို ပသ်ချကာ ကမ်းစပ်ဆိပ်ကမ်းသို့ ပြေးလာခဲ့ကြသည်။
ဒေသခံ ၁၀ယောက်သည်လည်း ထိုအချင်းအရာကိုမြင်လိုက်ရပြီးနောက် ချက်ချင်းပင် ပြေးလိုက်သွားကြ၏။
တစ်ရက်သာကြာသေးသော်လည်း ကျောက်စရစ်ခဲနှင့် အခြားသူများသည် သူတို့၏လက်ရှိဘဝကို အလွန်ကျေနပ်နေခဲ့ကြသည်။
သူတို့သည် ဤမျှလောက်ကောင်းမွန်သောအဝတ်အစားများ၊ ဤမျှအရသာရှိသောအစာများ၊ ဤမျှကြီးကျယ်မြင့်မြတ်သောနေအိမ်တို့ကို ဘယ်တုန်းကမှ မဝတ်ဖူး၊ မစားဖူး၊ မနေဖူးခဲ့ကြပေ။
ဤနေရာတွင် စိုက်ပျိုးထားသော အစားအစာများစွာလည်းရှိပြီး ပင်လယ်ငါးများဖြင့် ပြည့်နှက်နေသော ရေကန်များရှိသဖြင့် နေ့စဉ်ဆာလောင်မှုကို စိုးရိမ်စရာမလိုအပ်ပေ။
ကြီးကျယ်မြင့်မားသောတံတိုင်းများလည်းရှိသောကြောင့် တောရိုင်းတိရစ္ဆာန်များလည်း ဝင်ရောက်လာနိုင်မည်မဟုတ်ပေ။
ဝင်ရောက်လာနိုင်သည့်တိရစ္ဆာန်များကိုလည်း တံတိုင်းအတွင်းရှိ ဝက်ဝံကြီးက ပြန်လမ်းမရှိအောင်လုပ်ပစ်နိုင်မည်ဟု သူတို့ယုံကြည်ကြပေသည်။
အဘယ်ကြောင့်ဆိုသော် ယွမ်ရှီသည် ယွမ်နွန်နှင့်အတူတောအုပ်ထဲသို့ သွားခဲ့စဉ်က ဝက်ဝံကြီးတစ်ကောင်က ဝက်ရိုင်းတစ်ကောင်ကိုတစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်ကို မျက်ဝါးထင်ထင်မြင်ခဲ့ရသောကြောင့်ဖြစ်ပေသည်။
ကမ်းစပ်သို့ရောက်သောအခါ ကျောက်စရစ်ခဲတို့သည် ယွမ်နွန်တို့၏ နောက်တွင်ရပ်ကာ လူတိုင်းဤအချိန်၌ ကမ်းခြေတွင် ဘာရပ်လုပ်နေကြသည်ကို စူးစမ်းနေကြခဲ့သည်။
အခန်း ၂၆၉
မကြာမီမှာပင် သူတို့သည် ပင်လယ်ထဲမှ ကြီးမားသောရွက်သင်္ဘောတစ်စင်း လာနေသည်ကို တွေ့လိုက်ကြရလေသည်။
“အရှင် ပြန်ရောက်လာပြီလား။”
ယွမ်ရှီ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အရှင်သာလျှင် သူတို့နှင့်ဆက်သွယ်နိုင်ပြီး သူတို့ကို ဤနေရာတွင်ထားရှိခဲ့သူမှာလည်း သူတို့၏အရှင်ပင်ဖြစ်ပေသည်။
မကြာမီ လှေသည် ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ပြီး ရှောင်းယီသည် သားရဲဘုရင်ကို အရင်ဦးဆုံး ပွဲထုတ်လိုက်လေသည်။
အန်းရန်နှင့် အခြားသူများသည် ချက်ချင်းပင် ရှေ့သို့ တက်လာခဲ့ကြသည်။
“ဘာလို့ ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ။”
အန်းရန်က အံ့အားသင့်စွာ ပြောလိုက်၏။
“ငါက ဆုဝမ်ဆီကနေ နေ့လည်ကမှ ထွက်သွားတယ်လို့ကြားထားတာ။”
အခြားသူများသည်းလည်း ရှောင်းယီကို အံ့အားသင့်စွာ ကြည့်နေကြသည်။
ရှောင်းယီက ပြုံးရင်း ပြန်ဖြေလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါကကံကောင်းပြီး ဦးတည်ချက်ကျောက်ကို စွမ်းအင်ကိုဖြည့်ဖို့ စွမ်းအင်ပြွန်တစ်ခုရှာတွေ့ခဲ့ရတယ်လေ။ နောက်တော့ ချက်ချင်းဆိုသလိုပဲ ကီလိုမီတာနှစ်သောင်းကို ဖြတ်ကျော်လာခဲ့တာပဲ။”
ရှောင်းယီသည် ဦးတည်ချက်ကျောက်၏လုပ်ဆောင်ချက်ကို အတိုချုပ်ရှင်းပြလိုက်သည်။
“အိုး! အဲ့ဒါကြောင့် မင်းပြန်ထွက်တဲ့အချိန်မှာ ချက်ချင်း ကီလိုမီတာနှစ်သောင်းကျော် ရောက်သွားခဲ့တာပေါ့။”
ကျန်းယွင်ထျန်းက ရုတ်တရက်သဘောပေါက်သွားခဲ့သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
ကျန်းယွင်ထျန်းက ဆက်ပြောသည်သည်။
“ဒီပစ္စည်းကအရမ်းအစွမ်းထက်တယ်။ အဲ့ဒါရှိရင် ပင်လယ်ပေါ်မှာ လွတ်လွတ်လပ်လပ်သွားလာနိုင်တယ်လို့ ဆိုလိုနေတာပဲမဟုတ်ဘူးလား။”
ရှောင်းယီက ခေါင်းခါကာ ပြောလိုက်၏။
“မဟုတ်ဘူး! ဒီဦးတည်ချက်ကျောက်က ဒေသခံကျွန်းနဲ့ ငါ့တို့ကျွန်းအကြား ခရီးသွားဖို့ပဲ လမ်းညွှန်ပေးတာ။ အင်အားကုန်သွားရင် ဖြည်းဖြည်းပြန်ဖြည့်ရတယ်။”
အန်ယွဲ့က ထိုစကားကြားသောအခါ မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“အဲ့ဒီဒေသခံတွေက ငါတို့ကျွန်းကို လမ်းညွှန်လာတယ်လို့ပြောတာလား။”
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ဒေသခံတွေ ငါတို့ကျွန်းကိုတိုက်ခိုက်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ငါ့မှာအကြံအစည်တစ်ချို့ရှိတယ်။ မင်းတို့ကို နောက်မှပြောပြမယ်။ အရင်ဆုံး သူတို့ကို စီစဉ်ပေးလိုက်ကြဦး။”
အသစ်ရောက်ရှိလာကြသော ဒေသခံများသည် ရှေ့တွင်မြင်နေရသောကျွန်းသည် သိပ်ပြီးကြီးမားဟန်မရှိကြောင်း မြင်လိုက်ရသောအခါ စိတ်ထဲတွင် တီးတိုးညူးတွားမိလိုက်ကြသည်။
“ခေါင်းဆောင် ဒီကျွန်းကအရမ်းသေးတယ်။ အစားအစာ အလုံအလောက်ရနိုင်ပါ့မလား။”
လူတစ်ယောက်က ဘူးကို တိုးတို လေးကပ်မေးလိုက်သည်။
ဘူးသည် အထဲမဝင်ဖူးသောကြောင့် သေချာမသိသော်လည်း ရှောင်းယီသည် နေ့စဉ် အစားအစာများ အလုံအလောက်ပေးနေသောကြောင့် လုံလောက်မည်ဟု ယုံကြည်ထားပေသည်။
“စိတ်မပူပါနဲ့ ဒီနေ့အတွက် မင်းတို့ဗိုက်မဆာစေရပါဘူး”
ဘူးသည် ရှောင်းယီအား ယုံကြည်စွာဖြင့် ဖြေလိုက်၏။
ထိုလူသည် ခေါင်းညိတ်ကာ ဘာမှစကားမပြောတော့ဘဲ ရပ်နေခဲ့သော်လည်း လူတိုင်း၏မျက်နှာတွင်တော့ စိုးရိမ်မှုများရှိနေဆဲဖြစ်သည်။
ယခင်က သူတို့ကျွန်းသည် ရှေ့တွင်ရှိသောကျွန်းထက် အဆများစွာ ပိုမိုကြီးမားပြီးသော်လည်း တစ်ခါတစ်ရံတွင် ဆာလောင်မွတ်သိပ်ခြင်းဒဏ်ကို ခံစားခဲ့ကြရသေးသည်။ သူတို့တွင် တောရိုင်းအသီးအနှံများ မလုံလောက်သကဲ့သို့ တိရစ္ဆာန်များကိုလည်း လုံလောက်စွာ အမဲမလိုက်နိုင်ခဲ့ကြပေ။
ရှောင်းယီသည် ယွမ်ရှီတို့ရှိနေသည်ကိုမြင်သောအခါ သူတို့ကို ပြောလိုက်၏။
“ယွမ်ရှီ သူတို့ကိုနေရာချဖို့ကူညီပေးလိုက်ပါ။ ဒီနေရာက တံတိုင်းအပြင်ဘက်နဲ့ သိပ်မဝေးဘူး။ အစ်ကိုကျန်း သူတို့ကိုခေါ်သွားပေးလိုက်ပါ။”
“ကောင်းပြီ”
ထိုသို့ပြောလိုက်ပြီးနောက် ကျန်းယွင်ထျန်းသည် သူ၏လက်ကိုဝှေ့ယမ်းပြီး ကျွန်းဆီသို့ ဦးတည်သွားလိုက်သည်။
ရှောင်းယီသည် ယွမ်နွန်နှင့် အခြားသူများကို တံတိုင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
“နောက်ပိုင်းမှာ ဒီဒေသခံတွေကို တံတိုင်းအပြင်ဘက်မှာ နေခွင့်ပေးမလို့လား။”
ယွမ်နွန်က မေးလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြန်ဖြေ၏။
“ဟုတ်တယ် တောထဲမှာ သားရဲဘုရင်က စောင့်ကြည့်နေတာပဲဆိုတော့ အဲဒီတိရစ္ဆာတွေက လွယ်လွယ်နဲ့တော့ ထွက်လာမှာမဟုတ်ဘူး။ သူတို့ရဲ့ ဘေးကင်းမှုကို အာမခံနိုင်ပါတယ်။”
“ဟုတ်တယ်။ ပဏ္ဍိတငယ်လေးကလည်း တောတောင်တွေကို စောင့်ကြပ်ပေးနိုင်တယ်။ သူ့မှာမျိုးနွယ်စုတွေလည်း အများကြီးရှိတယ်။ အရင်က မင်း ငါ့ကိုကာကွယ်ပေးဖို့ သူ့ကိုခိုင်းတုန်းက သူက မျောက်တွေအားလုံးကို ခေါ်လာခဲ့တယ်လေ။”
ယွမ်နွန်က ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
ရှောင်းယီ ခဏတာကြောင်အသွားခဲ့ပြီး ပြောလိုက်၏။
“အင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ ကျွန်တော် သူ့ကိုမျောက်ဘုရင်ကို စံထားပြီး လေ့ကျင့်ပေးခဲ့တာ။”
လူတိုင်း ရယ်မောလိုက်ကြသည်။
ကျန်းယွင်ထျန်းသည် ထိုလူများကို သူရှင်းလင်းထားသောနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ အန်ယွဲ့သည်လည်း သူတို့အတွက် သက်ငယ်အိမ်များ ဆောက်လုပ်ရန် ကိရိယာနှင့်ပစ္စည်းများကို ပြင်ဆင်ပေးထားခဲ့သည်။
“ဒါကိုဒီလိုသုံးလို့ရတယ်။”
ကျန်းယွင်ထျန်းသည် သူတို့နားလည်မလားမသိသော်လည်း ပြောပြီးသရုပ်ပြလိုက်သည်။
ဒေသခံများသည် ကျန်းယွင်ထျန်းလက်ထဲရှိ အဆင့်မြင့်ကိရိယာများကို အံ့အားသင့်စွာကြည့်နေကြသည်။ ထိုကိရိယာများသည် သူတို့၏လက်ဖြင့် ကိုင်တိုင်လုပ်ဆောင်ခြင်းထက် အဆပေါင်းများစွာကိုမိုမြန်ဆန်ပေသည်။
“မင်းတို့ကောင်တွေ အရင်ဆုံး မင်းတို့နေဖို့ ကိုင်ပိုင်အိမ်ဆောက်လိုက်ကြ။ ယွမ်ရှီ မင်းသူတို့ကို ရှေ့ဆက်ကူညီနိုင်တယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ယွမ်ရှီသည် နားလည်မလားမသိသော်လာ်း ခေါင်းညိတ်ပြလိုက်လေသည်။
ကျန်းယွင်ထျန်းသည် မျှော်လင့်ချက်မဲ့စွာဖြင့် ခေါင်းခါကာ ထွက်ခွာသွားခဲ့သည်။ သူတို့နှင့်စကားပြောရန်မှာ အလွန်ပင်ပန်းလွန်းလှပေသည်။
ကျန်းယွင်ထျန်းထွက်သွားပြီးနောက် ဘူးသည် ချက်ချင်းပင် သူ၏အနားသို့ ရောက်လာပြီး မေးလိုက်၏။
“ခေါင်းဆောင် မင်းတို့ ဒီမှာဘယ်လိုနေကြလဲ။”
ဇေရှီက ဘူး၏ပခုံးကို ပုတ်ကာပြောလိုက်သည်။
“အခု ငါက ခေါင်းဆောင်မဟုတ်တော့ဘူး။ မင်းဖြစ်သွားပြီ။”
ထို့နောက် ယွမ်ရှိသည် လူတိုင်းကိုကြည့်ကာ ဆက်ပြောလိုင်သည်။
“မင်းတို့ အရှင့်နောက်လိုက်ဖို့ ဒီကိုလာခဲ့တဲ့ ရွေးချယ်လိုက်တာက မင်းတို့မှာ အရမ်းကောင်းတဲ့အမြင်ရှိတယ်ဆိုတာကို ပြသနေတာပဲ။”
ဒေသခံများသည် ကျောက်စရစ်ခဲကိုကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးနေကြပြီး တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
“ဒီနေရာကသေးတယ်လို့ ငါထင်တယ်။ အစားအစာရော အလုံအလောက်ရှိပါ့မလား။”
ဒေသခံတစ်ယောက်အတွက် ဗိုက်ဝခြင်းသည်သာ ပထမဦးစားပေးဖြစ်သည်။
ယွမ်ရှီသည် လူတိုင်းကို အပြုံးတစ်ခုဖြင့် ကြည့်ကာ ပြောလိုက်၏။
“ပထမဆုံးအနေနဲ့ ရေနှင့်အစားအစာပြဿနာကို လုံးဝစိတ်ပူစရာမလိုဘူး။ ပင်လယ်ထဲက ဖမ်းမိတဲ့ ငါးတွေဆိုရင် အများကြီးရှိတယ်။ စားလို့တောင် မကုန်နိုင်ဘူး။ ဒါ့အပြင် အရှင်က ဒီမှာ ငါတို့မစားဖူးတဲ့အပင်တွေလည်း အများကြီးစိုက်ထားတယ်။
ဒုတိယအနေနဲ့ ဒီကလူတွေမှာ အဆင့်မြင့်ပစ္စည်းကိရိယာတွေအများကြီးရှိတယ်။ အရှင်ပြောသလိုပဲ ငါတို့ရဲ့ ကိရိယာတွေထက် အဆပေါင်းများစွာသာလွန်တယ်။
နောက်ဆုံးအချက်က သူတို့က ငါတို့ထက် အများကြီးပိုပြီး သိပညာကြွယ်ဝတယ်။ သူတို့နောက်ကို လိုက်မယ်ဆိုရင် ငါတို့လည်း ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တယ်။”
လူတိုင်းသည် ယွမ်ရှီ၏စကားကြားလိုက်ရပြီးနောက် သူ့ကို ကြောင်အကာ ကြည့်နေခဲ့ကြသည်။
“ဒီအရာတွေကို ချက်ချင်းရှင်းပြလို့မရဘူး။ အရှင့်ကို ငါတို့ကို အခြေခံပညာနဲ့ ကျွမ်းကျင်မှုတချို့သင်ပေးဖို့ အကြံပေးရမယ်။ နောက်ပိုင်းမှာ မင်းတို့ရဲ့ ရွေးချယ်မှုက ဘယ်လောက်ပညာရှိတဲ့လုပ်ရပ်လဲဆိုတာ မင်းတို့သိလာပါလိမ့်မယ်။”
ယွမ်ရှီက ပြောလိုက်သည်။
လူတိုင်းသည် အတူတကွလုပ်ဆောင်လိုက်ကြပြီးနောက် တစ်နာရီအတွင်း သက်ငယ်အိမ်များ တည်ဆောက်ပြီးစီးသွားခဲ့ကြလေသည်။
“ကောင်းပြီ ငါကိရိယာတွေကို သွားပြန်ပို့လိုက်ဦးမယ်။ မင်းတို့ အရင်ဆုံး အနားယူထားပြီး အမိန့်ကို စောင့်နေပါ။”
ယွမ်ရှီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
လူတိုင်း တုံ့ပြန်လိုက်ကြသည်။
ယွမ်ရှီသည် အခြားလူကိုးဦးကိုခေါ်ဆောင်ကာ ကိရိယာများနှင့်အတူ တံတိုင်းဆီသို့ လျှောက်သွားလိုက်သည်။
ရှောင်းယီနှင့် အခြားသူများသည် ဗီလာသို့ ပြန်ရောက်နေပြီဖြစ်သည်။
“မင်းက ဒေသခံတွေ ငါတို့ကိုတိုက်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်ခုခုရှိတယ်လို့ပြောတာက ဘာကိုဆိုလိုတာလဲ။”
ကျန်းယွင်ထျန်းသည်လည်း အပြေးအလွှား ပြန်ရောက်လာပြီး ချက်ချင်းပင် မေးလိုက်သည်။
ရှောင်းယီသည် သူ၏ယခင်မှန်းဆချက်များကို ရှင်းပြလိုက်၏။
လူတိုင်း အလွန်အမင်း အံ့အားသင့်သွားခဲ့ကြသည်။
“မင်းဆိုလိုတာက နောက်ကွယ်ကထိန်းချုပ်သူက စစ်တုရင်ကစားသလိုမျိုး မျိုးနွယ်စုတစ်စုကို ကျွန်းတစ်ကျွန်းနဲ့ ကစားခိုင်းနေတာလား။”
အန်ယွဲ့က ပြောလိုက်သည်။
“အဲ့လိုမျိုးဖြစ်နိုင်တယ်။”
ရှောင်းယီက ဖြေလိုက်သည်။
“ဒါဆို ငါတို့အတွက် အနာဂတ်မှာ စိတ်အေးလက်အေး နေရမှာမဟုတ်တော့ဘူး။”
ယွမ်နွန်က ပြောလိုက်သည်။
“ငါတို့ ဒေသခံတိုက်ခိုက်မှုလှိုင်းတစ်ခုကို တွန်းလှန်လိုက်နိုင်တဲ့အတွက် ဒုတိယတစ်ခါလည်း ထပ်ပြီးစီစဉ်ထားနိုင်တယ်။ ဒုတိယတစ်ကြိမ်မှာ ဒေသခံတွေက ပထမတစ်ခါထက် ပိုပြီးအားကောင်းလာလိမ့်မယ်။”
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်တယ် အဲ့ဒါကြောင့်ပဲ ဒီဒေသခံတွေကို ငါလက်ခံချင်တာ”
“ကမ္ဘာကို နောက်ထပ်ကမ္ဘာတစ်ခုနဲ့ ပြန်ထိန်းချုပ်ချင်တာလား။”
ကျန်းယွင်ထျန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။
ဤဒေသခံများကို လေ့ကျင့်ပေးပြီး နောက်တစ်ကြိမ်ဝင်ရောက်တိုက်ခိုက်သည့်အခါ သူတို့ကိုတိုက်ခိုက်ခိုင်းခြင်းဖြင့် ရှောင်းယီနှင့်အဖွဲ့သည် ဒေသခံများနှင့် အန္တရာယ်များကြားတွင် အသက်စွန့်ကာ တိုက်ခိုက်ရန် လိုအပ်တော့မည်မဟုတ်ပေ။
“ဟုတ်တယ် ငါတို့လူတွေကို တစ်ယောက်မှ အန္တရာယ်မဖြစ်စေချင်ဘူး။”
ရှောင်းယီက ဖြေ၏။
ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါက တကယ်ကိုကို စိတ်ကူးကောင်းပဲ။”
ထိုအချိန်တွင် ယွမ်ရှီက တံခါးနားတွင်ရပ်ကာ တံခါးခေါက်လိုက်သည်။
ဤသည်မှာ ရှောင်းယီ၏တောင်းဆိုချက်ဖြစ်သည်။ မည်သည့်အခန်းထဲကိုမဆို ဝင်မည်ဆိုပါက တံခါးပိတ်ထားသည်ဖြစ်စေ ဖွင့်ထားသည်ဖြစ်စေ တံခါးခေါက်ရန် လိုအပ်သည်။
ရှောင်းယီသည် ကမ္ဘာနှင့် ကမ္ဘာကို ထိန်းချုပ်မည့်အကြောင်း မဆွေးနွေးတော့ရန် အချက်ပြလိုက်ပြီးနောက် “ဝင်ခဲ့ပါ” ဟုပြောလိုက်သည်။
ယွမ်ရှီသည် တံခါးကိုဖွင့်ကာ ဝင်လာပြီးနောက် ရှောင်းယီ၏မျက်နှာချင်းဆိုင်တည့်တည့်တွင် တိုက်ရိုက်ဒူးထောက်ချလိုက်လေသည်။
ရှောင်းယီသည် သူနှင့်တွေ့သောအခါ ဒူးမထောက်ရန်မပြောထားခဲ့ရသေးပေ။ သူသည် ဤကျောက်စရစ်ခဲကို သေချာပေါက်ပြောရပေတော့မည်။
အခန်း ၂၇၀
“ဘာကိစ္စလဲ။”
ရှောင်းယီက မေးလိုက်သည်။
“အရှင် ကျွန်တော်တို့ကို အရှင့်ရဲ့ဘာသာစကားသင်ပေးဖို့နဲ့ ဒီဆရာကြီးကို စိုက်ပျိုးရေးနည်းပညာသင်ပေးဖို့ တောင်းဆိုပါတယ်။”
ယွမ်ရှီက ရှောင်းယီနှင့် ယွမ်နွန်ကိုကြည့်ကာ ပြောလိုက်သည်။
ရှောင်းယီ တစ်ခဏတာ တွေးတောလိုက်ပြီးနောက် ဖြေလိုက်သည်။
“ငါတို့ရဲ့ ဘာသာစကားနဲ့ပတ်သက်ရင်တော့ သင်ပေးဖို့အဆင်သင့်ဖြစ်ပါပဲ။ လယ်သမားက မင်းတို့ကိုသင်ပေးချင်ပါ့မလားဆိုတာတော့ မင်းတို့ကိုယ်တိုင်ပဲ မေးကြည့်လိုက်ပါ။”
ယွမ်နွန်က ပြုံးလိုင်၏။
“သူတို့မှာ သင်ယူချင်စိတ်ရှိနေသရွေ့ ငါသင်ပေးမယ်။”
စာချုပ်ကဒ်ရှိသည်နှင့်အညီ ဤဒေသခံများကို မိမိတို့၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူနိုင်ပြီး ယွမ်နွန်သည် မိမိတို့၏လူများအား အသိပညာများ လွှဲပြောင်းပေးရန် ဝန်လေးနေမည်မဟုတ်ပေ။
ရှောင်းယီက ယွမ်နွန်၏စကားကို ဘာသာပြန်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
ယွမ်ရှီက စိတ်လှုပ်ရှားစွာဖြင့် နောက်တစ်ကြိမ်ဒူးထောက်လိုက်၏။
“ဒါ့အပြင် မင်းတို့ ငါ့ကျွန်းမှာနေတာနဲ့အညီ ကျွန်းရဲ့လုံခြုံရေးကိုလည်း တာဝန်ယူရမယ်။ ကျွန်းကိုစောင့်ရှောက်ဖို့ အဖွဲ့တစ်ဖွဲ့ဖွဲ့ရမယ်။ ဒီအဖွဲ့ကလည်း အရမ်းခက်ခဲတဲ့သင်တန်းတွေတက်ရမယ်။ နားလည်လား။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင် ကျွန်တော်တို့ ဒီကျွန်းကို သေချာပေါက် ကာကွယ်ပေးပါ့မယ်။”
ယွမ်ရှီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အရှင့်ဆီမှ လေ့ကျင့်ပေးခံရခြင်းဆိုသည်မှာ အလွန်ဂုဏ်ယူစရာကောင်းသောကိစ္စဖြစ်ပေသည်။ ခက်ခဲမှုနှင့်ပတ်သက်၍မူ ဒေသခံများ၏နေထိုင်မှုအခြေအနေများသည် ဤစကားလုံးနှစ်လုံးမှ ဘယ်တုန်းကမှ လွတ်မြောက်ခဲ့ဖူးခြင်းမရှိပေ။
“မင်းအခုနပြောတဲ့စကားတွေကို ဘူးကိုပြန်ပြောပြရမယ်။ သူက အခု မျိုးနွယ်စုရဲ့ခေါင်းဆောင်ဖြစ်နေပြီ။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်”
ယွမ်ရှီက ရိုသေစွာ တုံ့ပြန်လိုက်သည်။
“ကောင်းပြီ မီးဖိုချောင်ကိုသွားပြီး ပင်လယ်ငါး၊ ဆီနဲ့ဟင်းခတ်အမွှေးအကြိုင်တွေယူပြီး ဘူးတို့ဆီပို့ပေးလိုက်။ မလုံလောက်သေးရင် ငါးကန်ကနေဖမ်းခိုင်းလိုက်ပါ။ ငါးကန်ဘယ်မှာဆိုတာတော့ မင်းသိမှာပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“သူတို့အားလုံးကို အရသာရှိရှိစားသောက်ပြီး အလုပ်လုပ်ကြပါစေ။”
ကျောက်စရစ်ခဲက ဦးညွတ်ကာ ပြန်ထွက်သွားခဲ့လေသည်။
“အခုချိန်မှာ လူတွေကိုများလာပြီ။ ဦးလေးအန်း အဲ့ဒါက ဦးလေးရဲ့အလုပ်ပဲ။ ဒီဒေသခံတွေမှာ အကျင့်ဆိုးတွေရှိတယ်။ သူတို့အားလုံး သန်မာအားကောင်းလာစေဖို့ ဦးလေးပေါ်မှာ မူတည်တယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်၏။ အန်းယွဲ့ ခေါင်းညိတ်လိုက်သည်။
“ငါဒီအချိန်ကို အကြာကြီးစောင့်နေခဲ့ရတာကွ။ ဒါပေမယ့် အကြီးမားဆုံးပြဿနာက ဘာသာစကားမတူညီမှုပဲ။”
ရှောင်းယီက မျက်မှောင်ကြုံ့လိုက်သည်။ သူတို့အထဲတွင် ဆရာများမရှိပေ။ ထိုဒေသခံများအား ဘာသာစကားသင်ပေးရန်ဆိုသည်မှာ သူတို့အတွက် ခက်ခဲမှုကြီးမားပြီး အမှန်တကယ် ဖိအားဖြစ်စေပေသည်။
သူတို့အားလုံး မျက်မှောက်ကြုံ့၍ အတန်ကြာအောင် စဉ်းစားလိုက်ကြပြီးနောက် ဘေးတွင်ရှိနေသော ကျွင်းကျွင်းက ရုတ်တရက်ပြောလိုက်၏။
“ဦးလေးအန်း ကျွန်တော့်မှာ အဲ့ဒီဒေသခံတွေကို ကျွန်တော်တို့ရဲ့စကားလုံးတွေကို သင်ကြားပေးတဲ့နေရာမှာ အချိန်မကုန်စေတဲ့ နည်းလမ်းတစ်ခုရှိတယ်။”
လူတိုင်း ကြောင်အသွားကြ၏။ သူတို့ထဲက တစ်ယောက်ကမှ အကောင်းဆုံးနည်းလမ်းကို မစဉ်းစားနိုင်ခဲ့ကြပေ။
ဒါပေမယ့် ကလေးတစ်ယောက်က အဲ့ဒီအတွက် တကယ်ပဲ စိတ်ကူးရသွားခဲ့ပြီလား။
ရှောင်းယီက ပြုံးပြီးမေးလိုက်သည်။
“အဲ့ဒါကဘာနည်းလမ်းလဲဆိုတာ ဦးလေးကိုပြောပြပေးနိုင်မလား။”
ကျွင်းကျွင်းသည် ချက်ချင်းပင် သူ၏ဘေးနားက TV ရီမုကို ကောက်ကိုင်လိုက်ပြီး TV ကိုဖွင့်ကာ ချန်နယ်တစ်ခုကို တိုက်ရိုက်နှိပ်လိုက်သည်။
“အဖေရဲ့အဖေကို အဖိုးလို့ခေါ်တယ်။ အဖေ့ရဲ့အမေကို အဖွားလို့ခေါ်တယ်....”
လူတိုင်၏မျက်လုံးများသည် ကျွင်းကျွင်းဖွင့်လိုက်သော ကလေးချန်နယ်ကိုကြည့်ကာ အရောက်လက်သွားခဲ့ကြသည်။
ကလေးချန်နယ်တွင် ကလေးများ၏ သင်ယူလေ့လာမှုကို လေ့ကျင့်ပေးရန်အတွက် ဗီဒီယိုများစွာရှိနေပြီး ထိုဗီဒီယိုများကို တီဗွီ၏မန်မိုရီထဲတွင် သိမ်းဆည်းထားခဲ့သည်။
ကလေးတွေကို စကားပြောသင်ပေးသလိုမျိုး ဒီဒေသခံတွေကိုလည်း သင်ပေးလို့မရဘူးလား။
“ကျွင်းကျွင်း မင်းကအရမ်းအံ့ဩစရာကောင်းတာပဲ။”
ရှောင်းယီသည် ကျွင်းကျွင်းကို တိုက်ရိုက်ပွေ့ဖက်လိုက်ကာ ပြောလိုက်၏။
“မင်း ဒီဗီဒီယိုတွေကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။”
“အဖေ့က ကျွန်တော့်ကို တစ်နေ့ကို TV တစ်နာရီကြည့်နိုင်တယ်လို့ပြောတယ်။ ကျွန်တော်က အဲ့ဒီရုပ်ရှင်တွေကို နားမလည်နိုင်ဘူး။ အဲ့ဒါနဲ့ ကျွန်တော်လှန်လှောရှာဖွေကြည့်လိုက်ပြီးမှ ဒီတစ်ခုကိုတွေ့ခဲ့တာ။”
ကျွင်းကျွင်းက ပြန်ဖြေလိုက်သည်။
“အံ့ဩစရာပဲ။”
ရှောင်းယီသည် သူ့ကို လက်တစ်ဖက်ဖြင့် ပွေ့ချီထားပြီး အခြားလက်တစ်ဖက်ဖြင့် လက်မထောင်ပြလိုက်၏။
ထိုဗီဒီယိုများနှင့်ဆိုလျှင် ရှောင်းယီနှင့် အခြားသူများအတွက် အများကြီးအဆင်ပြေသွားပြီဖြစ်သည်။ သူတို့သည် ထိုဒေသခံများကို စုစည်းပြီး ထိုဗီဒီယိုများကို နေ့တိုင်းကြည့်ခိုင်းရုံသာ လိုအပ်ပေသည်။
ဤသို့ နေ့စဉ်ဆက်သွယ်ပြောဆိုခြင်းဖြင့် သူတို့သည် ထိုစကားလုံးများကို အလျင်အမြန် နားလည်သွားနိုင်မည်ဖြစ်ပေသည်။
ကျောက်စရစ်ခဲသည် ပြင်ဆင်ထားတာငါးများကို ယူဆောင်ရန် မီးဖိုချောင်သို့ မသွားခဲ့ဘဲ ဘူးကိုတိုက်ရိုက်ခေါ်ကာ ဒေသခံအချို့ကို ငါးကန်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ဘူးနှင့် အခြားသူများသည် ငါးကန်ထဲတွင် ငါးများ သိပ်သည်းစွာရှိနေသည်ကိုမြင်လိုက်ရသောအခါ အားလုံး ထိတ်လန့်သွားခဲ့ကြလေသည်။
“အရှင်က ငါတို့အားလုံး ဝဝလင်လင်စားကြရမယ်လို့ပြောခဲ့တယ်။”
ယွမ်ရှီက ဘေးမှာရှိနေသည့် ငါးဖမ်းပိုက်အား ဘူးကိုပေးလိုက်ပြီး ပြောလိုက်၏။
“မင်းတို့လိုသလောက်ဖမ်းလိုက်ကြ။ ငါဟင်းခတ်အမွှေးအကြိုင်တွေ ယူလာခဲ့မယ်။”
ဘူးက ခေါင်းညိတ်လိုက်ပြီး သေးငယ်သောငါးဖမ်းပိုက်နှင့် စတင်ကာငါးဖမ်းတော့လေသည်။
ငါးများမှာ အလွန်များပြားလွန်းသောကြောင့် ပိုက်ခါပစ်လျှင် ငါးသုံး၊လေးကောင်ဖမ်းမိပြီး အကြိမ်အနည်းငယ် ပစ်လိုက်ရုံနှင့်တင် သူတို့အတွက် လုံလောက်သွားပြီဖြစ်လေသည်။
“ခေါင်းဆောင် ဒီငါးတွေအားလုံးကို အရှင်မွေးထားတာလား။”
ဘေးဘက်တွင်ရှိနေသော ဒေသခံက မေးလိုက်သည်။
“ငါမသိဘူး အရှင်က အဲ့ဒီငါးတွေကို ပင်လယ်ထဲက ဖမ်းလာတာဖြစ်မယ်။”
ဘူးက ဖြေလိုက်သည်။
“ပင်လယ်ထဲကနေ ဒီလောက်ငါးတွေအများကြီးကို ဖမ်းဆီးဖို့ဆိုရင် အချိန်ဘယ်လောက်တောင် ယူရလိမ့်မလဲ။”
ဒေသခံများမှာ အနည်းငယ် မယုံနိုင်စရာကောင်းသည်ဟု ခံစားလိုက်ကြရသည်။
သူတို့သည်လည်း ပင်လယ်ငါးများကို ဖမ်းယူရန် ကြိုးစားခဲဲ့ဖူးသော်လည်း အနည်းငယ်သာ ရရှိခဲ့ပေသည်။
အဓိကအားဖြင့် သူတို့ထံ၌ ပစ္စည်းကောင်းများ မရှိသည့်အပြင် ငါးဖမ်းသည့်အတွေ့အကြုံလည်း မရှိသောကြောင့် ရလဒ်မှာ မှေးမှိန်လှပေသည်။
“အရှင့်ရဲ့စွမ်းရည်တွေကို ငါတို့မှန်းလို့မရနိုင်ဘူး။”
ဘူးက ပြောလိုက်ပြီးနောက် ငါးဖမ်းပိုက်ကို ဘေးတွင်ပြန်ချထားလိုက်ကာ သူ့လူများနှင့်အတူ ပြန်လာခဲ့ကြလေသည်။
ကျောင်စရစ်ခဲသည်လည်း ဟင်းခတ်အမွှေးအကြိုင်များနှင့် အကင်စက်ကို ယူလာခဲ့ပြီးပြီဖြစ်သည်။
“ဒီဟာကိုငါးရဲ့အပေါ်မှာလိမ်းပြီး နောက်ဆုံးမှာ ဒီဟာလေးဖြူးလိုက်ရင် ငါးကအရမ်းအရသာရှိလာလိမ့်မယ်။”
ယွမ်ရှီက လူအများကို မိတ်ဆက်ပေးလိုက်၏။
မျိုးနွယ်စုထဲရှိ အမျိုးသမီးများက ပင်လယ်ငါးများကို စတင်ပြင်ဆင်နေပြီဖြစ်လေသည်။ သူတို့စွန့်ပစ်လိုက်သည့်ငါးအူများကိုကြည့်ပြီး ယွမ်ရှီက မျက်မှောင်ကြုံ့သွားခဲ့သည်။
ဆရာကြီးတို့သည် ထိုကဲ့သို့ ကြုံရာကျပန်း မစွန့်ပစ်ကြောင်း သူ့မှတ်ဉာဏ်ထဲတွင် ရှိနေ၏။ သူသည် ချက်ချင်းပင် ပြောလိုက်သည်။
“ပင်လယ်ငါးတွေအားလုံးကို တစ်နေရာတည်းမှာပြင်ဆင်ပါ။ အူနဲ့အကြေးခွံတွေကို အတူတူစုပုံထားလိုက်။”
ဘူးသည် အနည်းငယ်ရှုပ်ထွေးသော်လည်း ယွမ်ရှီ၏တောင်းဆိုချက်အတိုင်း လိုက်နာစေလိုက်သည်။
ယွမ်ရှီသည် တစ်ဖက်တွင် ငါးကင်နည်းကိုပြသပေးလိုက်ပြီး အခြားသူများကို လုပ်ကြည့်ခိုင်းလိုက်သည်။
သူသည် ဘူးကို ဘေးကိုဆွဲခေါ်လိုက်ပြီး စကားအနည်းငယ် စတင်ပြောဆိုလိုက်သည်။
“အရှင်က ငါတို့ကို သူတို့ရဲ့ဘာသာစကားသင်ပေးဖို့ကတိပေးလိုက်ပြီ။”
ယွမ်ရှီက ပြောလိုက်သည်။
“အရမ်းကောင်းတယ်။”
ဘူးက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ယွမ်ရှီက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“နောက်ထပ်နှစ်ခုလည်း ထပ်ပြောပြရဦးမယ်။ ပထမတစ်ခုက မျိုးနွယ်စုအတွင်းမှာ ကျွန်းလုံခြုံရေးအတွက် စောင့်ကြပ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရမယ်။ အရှင်က လေ့ကျင့်ပေးလိမ့်မယ်။ ဒုတိယတစ်ခုက နောင်ထပ်ဆရာကြီးတစ်ယောက်ဆီက စိုက်ပျိုးရေးနည်းပညာကို သင်ယူရမယ်။”
“ဒါက မပြဿနာဘူး။”
ဘူးက တုံ့ပြန်လိုက်သည်။
“ကောင်းပြီ ဒီနေရာမှာ အရှင်နဲ့ ဆရာကြီးတို့ရဲ့အမိန့်ကိုနာခံဖို့ လူတိုင်းကိုပြောပြရမယ်ဆိုတာ မမေ့နဲ့။”
ယွမ်ရှီက အလေးပေး ပြောကြားလိုက်သည်။
“စိတ်မပူပါနဲ့ ငါသူတို့ကိုအကြိမ်ကြိမ်ပြောထားပြီးပြီ။”
ဘူးက ဖြေလိုက်သည်။
“ဒါက ငါတို့ရဲ့မျိုးနွယ်စုအတွက် အမြင့်ကိုတက်နိုင်မယ့် အခွင့်အရေးပဲ။ ဒါကိုသာဆုပ်ကိုင်ထားနိုင်ရင် ငါတို့အားလုံး ကောင်ကင်ဘုံအထိ ပျံတက်နိုင်လိမ့်မယ်။”
ယွမ်ရှီက ပြောလိုက်သည်။
“နားလည်ပြီ”
ဘူးက အလေးအနက်ထားကာ ခေါင်းညိတ်လိုက်သည်။
ဗီလာထဲတွင် ရှောင်းယီက ယွမ်နွန်ကို မေးလိုက်သည်။
“ကျွန်တော်ပြန်ယူလာတဲ့အပင်တွေမှာ ကျွန်တော်တို့ကျွန်းမှာမရှိတဲ့အပင်တွေရှိလား။”
ယွမ်နွန်က ခေါင်းခါကာ ပြောလိုက်၏။
“ရာဘာပင်တွေကလွဲလို့ ကျန်တာတွေက ကျွန်းမှာအားလုံးရှိပြီးသားပဲ။”
ရှောင်းယီက သူ၏မျက်လုံးလှိမ့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ငါတစ်နေ့လုံးနီးပါး အချိန်ဖြုန်းမိခဲ့တာပဲ။ နောက်ပိုင်းမှာ ပညာရှင်တွေကို ပဲခိုင်းရမယ်။”
“ဒါပေမယ့် လယ်သမားက အပြင်ထွက်ပြီး ဒါမျိုးတွေလုပ်ဖို့ဆိုရင် သိပ်မကောင်းဘူး။”
အန်းရန်က ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ။ ငါက အခုဆိုရင် အရမ်းသန်မာနေပြီ။ အဲ့ဒီဒေသခံတွေတောင် ငါ့ကိုမထိန်းထားနိုင်ဘူး။”
ယွမ်နွန်က ချက်ချင်းပြောလိုက်သည်။ သူသည် ရှောင်းယီအား ကျွန်းပေါ်ရှိအပင်များကို ကြွယ်ဝစေရန် အလွန်ကူညီပေးလို၏။
ရှောင်းယီက ပြောလိုက်သည်။
“ငါ လယ်သမားကို သေချာပေါက် အပြင်မထွက်ခိုင်းပါဘူး။ အခုလူတွေလည်း အများကြီးရှိနေပြီပဲ။ သူတို့ကိုပဲ ထွက်ခိုင်းလိုက်မယ်။ နောက်ပိုင်းမှာ လယ်သမား ဦးလေးက သူတို့ကိုကောင်းကောင်းသင်ပေးရမယ်။ ကျွန်တော့်လိုမျိုး တစ်နေ့လုံးနီးပါး အချိန်ဖြုန်းမိတာမျိုး မဖြစ်စေနဲ့။”