← Chapters

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း ၂၇၄

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါပေါ့ ပြေးနဲ့အခါမှာလည်း ဘယ်လိုပြေးရမယ်ဆိုတဲ့ ကျွမ်းကျင်မှုစကေးတွေလိုသေးတယ်။ အားစိုက်မှုနည်းနည်းနဲ့ အချိန်အကြာကြီးပြေးနိုင်ဖို့၊ ခန္ဓာကိုယ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမယ့် ပြေးပုံပြေးနည်းတွေ ရှိတယ်။”

ဘူးနှင့် အခြားသူများသည် ထိုစကားကိုကြားလိုက်ပြီးနောက် အချိန်တစ်ခုကြာအောင် ကြောင်အသွားခဲ့ကြသည်။

ရှောင်းယီက ခေါင်းခါကာ ပြောလိုက်၏။

“ဦးလေးအန်းတို့ ဆက်ပြေးလိုက်ပါ။ အစ်ကိုကျန်းက သူတို့ကို ဒီမှာအရင်ဆုံးသင်ပေးရမယ်။”

“ကောင်းပြီ”

အန်းယွဲ့က ပြန်ဖြေပြီးနောက် အန်းရန်အပါအဝင် အခြားသူများနှင့်အတူ ဆက်လက်၍ ပြေးထွက်သွားလေသည်။

နောက်ထပ်အချိန်တစ်နာရီသည် ဒေသခံများ၏ အမြင်များကို အပြည့်အဝ ပြောင်းလဲသွားစေခဲ့သည်။

အရိုးရှင်းဆုံးသော ပြေးခြင်းတစ်ခုတည်းမှာပင် ကျွမ်းကျင်မှုများစွာရှိပြီး စတင်ရန် အမိန့်ပေးချက်များသည် ၎င်းတို့၏ မျက်လုံးများတွင် အလွန်ဆန်းသစ်နေလေသည်။

“ကောင်းပြီ ဒီနေ့တော့ ဒီမှာပဲရပ်လိုက်မယ်။ နောက်ပိုင်းမှာ ပြေးတဲ့အခါ ဆရာကြီးကျန်းပြောတဲ့အတိုင်းလိုက်နာရမယ်။”

ထို့သို့ပြောပြီးနောက် ရှောင်းယီက ကျန်းယွင်ထျန်းကိုကြည့်ကာ ထပ်ပြောလိုက်သည်။

“မနက်ဖြန်ကစပြီး သူတို့ကိုပါ ခေါ်သွားလိုက်ပါ။”

“ကောင်းပြီ”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ဘူးက ခေါင်းညိတ်ကာ ဒေသခံများကို ပြန်ခေါ်သွား၏။

လောလောဆယ်တွင် သူတို့ကို ပြေးခိုင်းခြင်းဖြင့် ရှောင်းယီတို့၏၏ ဘာသာစကားကို အကြမ်းဖျင်းနားလည်နိုင်ပါက စနစ်တကျ လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

“ရှောင်းယီ မနက်စာပြင်ဆင်ပြီးပြီ။ ပြန်လာစားလို့ရပြီ။”

အန်းရန်က ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ပြောလိုက်သည်။

ရှောင်းယီ ပင်လယ်ကို တစ်ချက်ကြည့်ရင်း တစ်ကိုယ်တည်းရေရွတ်လိုက်၏။

“ချင်းလုံ ဘယ်အချိန်မှာ ရေကူးပြီး ပြနမလာနိုင်မလဲဆိုတာ သိချင်မိတယ်။ ဘာပဲပြောပြော အဲ့ဒါက ကီလိုမီတာ ၂၀၀၀၀ တောင်ဝေးတာပဲ။”

ထို့နောက် ခေါင်းခါကာ ကျန်းယွင်ထျန်းနှင့်အတူ ဗီလာသို့ ပြန်လျှောက်သွားလိုက်သည်။

“ရှောင်းယီ ဒီဒေသခံတွေကို အချိန်တိုင်း ပင်လယ်ငါးချည်းပဲ စားခိုင်းလို့မရဘူးမဟုတ်လား။”

ရှောင်းယီကိုမြင်လိုက်ရပြီးနောက် ယွမ်နွန်က မေးလိုက်၏။

“သူတို့ကို သာမန်သီးနှံမျိုးစေ့တွေ ပေးသင့်လား”

“အရင်ဆုံး ကြီးထွားရလွယ်ကူတဲ့ အပင်နှစ်မျိုးကို အရင်ပေးထားလိုက်ပါ။ နောက်ပိုင်းမှာ သူတို့တွေ ကျွန်တော်တို့ဘာသာစကားကိုသင်ယူပြီးရင် အခြားစိုက်ပျိုးနည်းတွေသင်ပေးပြီး ပိုပေးလိုက်ပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ပြီ”

ယွမ်နွန်က ခေါင်းညိတ်ကာ ပြန်ဖြေ၏။

“ကျောက်စရစ်ခဲ!”

ရှောင်းယီက ခေါ်လိုက်သည်။

ယွမ်ရှိသည် ချက်ချင်းပင် အပြင်ဘက်မှ အထဲသို့ဝင်လာ၏။

“အရှင် ဘာကိစ္စရှိလို့ပါလဲ။”

ယွမ်ရှီနှင့် အခြားဒေသခံ ၁၀ ဦးသည် ဗီလာခြံဝန်းထဲရှိ အပန်းဖြေဆောင်လေးတွင်သာ စားသောက်ကြသည်။

“ဘူးကိုပြောလိုက်ပါ၊ နောက်ထပ် နှစ်ရက် ဒါမဟုတ် သုံးရက်အတွင်း အလုပ်မလုပ်စရာမလိုတော့ဘူး။ ငါ့တို့ဘာသာစကားကို မြန်မြန်သင်ယူရမယ်လို့။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အရှင်!”

ယွမ်ရှိက ဝမ်းသာအားရပြောလိုက်၏။

ဘာသာစကားအခက်အခဲကြောင့် သူတို့သည် ဆရာကြီးများထံမှ အကြံတောင်းလိုသည့်အခါတိုင်း ဆက်သွယ်ရန်မတတ်နိုင်ခြင်းမှာ အလွန်နာကျင်စရာကောင်းလှပေသည်။

ယခု ရှောင်းယီက သူတို့အား အလုပ်များကိုချန်လှပ်ထားပြီး သူတို့၏ဘာသာစကားကို အာရုံစိုက်သင်ယူရန် တောင်းဆိုခြင်းသည် သူအိပ်မက်မက်ခဲ့ရသည့်အရာပင် ဖြစ်လေသည်။

ယွမ်ရှိသည် အလွန်စိတ်လှုပ်ရှားနေပြီး စားသောက်နေခြင်းကိုပင် ရပ်တန့်က ချက်ချင်း နံရံအပြင်ဘက်သို့ထွက်သွားလိုက်၏။ သူသည် ဘူးထံသို့ ထိုသတင်းကောင်းကို ပြောပြချင်နေခဲ့လေသည်။

ဘူးသည်လည်း သတင်းကိုကြားလိုက်ရပြီးနောက် အလွန်စိတ်လှုပ်ရှားသွား၏။ အကယ်၍ ၎င်းတို့သည် တူညီသောဘာသာစကားကိုသာ ပြောနိုင်ပါက ကျွန်းပေါ်တွင် အလျင်အမြန် ပေါင်းစည်းနိုင်မည်ဖြစ်သည်။

ယွမ်ရှိသည် သူတို့ကို ချက်ချင်းပင် ကျေးလက်အိမ်သို့ခေါ်ဆောင်သွားကာ ရှောင်းယီ၏ဘာသာစကားကို စတင်လေ့လာလိုက်ကြသည်။

တကယ်တမ်းတွင် လူတိုင်း၏ လက်ခံနိုင်စွမ်းသည်လည်း ကွဲပြားပေသည်။ အချို့ဒေသခံများသည် အလွန်လျင်မြန်စွာသင်ယူနိုင်ပြီး အချို့မှာ နှေးကွေးစွာသာ သင်ယူနိုင်ကြသည်။

ကျောက်စရစ်ခဲသည် အလျင်အမြန်သင်ယူနိုင်သော ဒေသခံအားလုံးကို အခန်းတစ်ခန်းတည်းထဲသို့ ခွဲထည့်လိုက်၏။

၎င်းတို့ထဲမှ အချို့သည် ရှောင်းယီ၏ဘာသာစကားကို အမြန်ဆုံးသင်ယူနိုင်ပါက ရှောင်းယီနှင့် အခြားသူများနှင့် ဆက်သွယ်ရန် အလွန်လွယ်ကူသွားမည်ဖြစ်သည်။

ရှောင်းယီနှင့် အခြားသူများ မနက်စာစားပြီးချိန်တွင် ရှောင်ရှန်း(ပဏ္ဍိတငယ်လေး)သည် မျောက်အုပ်စုတစ်စုနှင့်အတူ သူတို့ဆီသို့ ရောက်ရှိလာခဲ့လေသည်။

၎င်းတို့ကိုင်ထားသော ဝါးလုံးများကိုမြင်သောအခါ ရှောင်းယီသည် ချက်ချင်းပင် အနားတိုးသွားကာ မေးလိုက်၏။

“အများကြီးရှိတာလား။”

“ကျိကျိကျိ!! (ဟုတ်တယ် သူတို့က အဲ့ဒါကို သောက်ရတာမကြိုက်ဘူး။ အသီးစားရတာက ပိုကောင်းတယ်။ ငါ့လိုမျောက်တစ်ကောင်တည်းနဲ့ ကုန်အောင်မသောနိုင်ဘူးလေ။)”

ရှောင်ရှန်းက ပြန်ဖြေ၏။

“အင်း ဒါတွေအားလုံးကို အရင်ဆုံး ဘေးဖယ်ထားလိုက်ဦး။”

ရှောင်းယီက ပြောလိုက်သည်။

မျောက်များသည် ၎င်းတို့လက်ထဲရှိ ဝါးပြွန်များအားလုံးကို ခြံထဲတွင် ထားလိုက်ကြသည်။

“အဲ့ဒါတွေက ဘာတွေလဲ”

ယွမ်နွန်သည် ထိုဝါးလုံးပြွန်များကို စူးစမ်းကာကြည့်ရှုရင်း မေးလိုက်သည်။

ရှောင်းယီက သူ့ဘေးမှ ဝါးလုံးတစ်လုံးကို ထုတ်ယူကာ ပြောလိုက်၏။

“မှန်းကြည့်လေ။”

သူသည် စကားပြောနေစဉ်မှာပင် ဝါးလုံးကိုဖွင့်လိုက်သောအခါ အလွန်သင်းပျံဝိုင်၏ရနံ့သည် ချက်ချင်းပင် လေထုအတွင်း၌ ပျံ့နှံ့သွားတော့သည်။

ယွမ်နွန်၏ အနီရောက်မျက်လုံးများမှာ တောက်ကလာပြီး ပြောလိုက်၏။

“ဒါက ဝိုင်လား”

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီမျောက်ကလေးတွေ ဘယ်လိုနည်းနဲ့ မတော်တဆပြီး အသီးဝိုင်လုပ်မိလဲမသိဘူး။ အရက်ပါဝင်မှုကလည်း သိပ်မများဘူး ကွက်တိပဲ။”

“သစ်သီးဝိုင်က အမျိုးသမီးတွေအတွက် သင့်တော်တယ်”

အန်းရန်က ပြုံးရင်း ပြောလိုက်၏။

“အမျိုးသားတွေကတော့ အရက်နဲဘီယာပဲ သောက်သင့်တယ်မဟုတ်လား။”

“ကျစ်! အမျိုးသားတွေ သစ်သီးဝိုင်မသောက်ရဘူးလို့ ဘယ်သူပြောလဲ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

ထို့နောက် ယွမ်နွန်က ပြုံးရင်းပြောလိုက်၏။

“ပဏ္ဍိတငယ်လေးက ဝိုင်လုပ်ဖို့ကူညီနိုင်မှတော့ စမ်းသပ်စရာမလိုတော့ဘူး။”

“ကိုယ်တိုင်စမ်းကြည့်လိုက် အရသာက တကယ်ကောင်းတယ်။”

ရှောင်းယီက ပြောလိုက်သည်။

ထို့နောက် လူတိုင်း ရှေ့တက်လာကြပြီး ဝါးလုံးတစ်လုံးစီယူကာ အရသာခံကြည့်လိုက်ကြသည်။

“ဝိုင်မသောက်ရတာ ကြာလို့လားမသိဘူး အရမ်းကောင်းတာပဲ။”

အန်းယွဲ့ ပျော်ရွှင်နေသောမျက်နှာအမူအယာဖြင့် ပြောလိုက်သည်။

လီယန်သည် ချက်ချင်းပင် သူ့ကိုရိုက်လိုက်ပြီး ပြောလိုက်၏။

“နည်းနည်းပဲသောက် ပြီးရင် အလုပ်လုပ်ရဦးမယ်။”

အန်းယွဲ့က သူ၏နှုတ်ခမ်းကိုတွန့်ကာ ပြန်ပြောလိုက်သည်။

“ငါဘယ်တုန်းကမှ မမူးဖူးပါဘူးကွာ။ ဒီလိုမျိုး အရက်ပါဝင်မှုနည်းတဲ့ သစ်သီးဝိုင်ကို ရေလိုတောင် သောက်ပစ်လို့ရတယ်။”

“ဟမ့် ရှင်က မကြွားရရင် သေသွားမှာကျလို့။ ရှင်လူမှုရေးပွဲကပြန်လာတိုင် ရှင့်ကို ကူမတွဲတဲ့အချိန် ဘယ်တုန်းက ရှိဖူးလို့လဲ။ အလုပ်ကို မြန်မြန်သွားတော့။”

လီယန်က မျက်စောင်းထိုးကာ ပြောလိုက်၏။

အန်းယွဲ့သည် ညည်းညူရင်း အပြင်ဘက်သို့ထွက်သွားရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ ထွက်သွားရင်း နောက်ထပ်ဝါးလုံးတစ်လုံးကိုပင် ယူသွားလိုက်သေးသည်။

လူတိုင်း ရယ်မောလိုက်ကြသည်။

လူတိုင်း အလုပ်သို့ ပြန်သွားလိုက်ကြပြီးနောက် ရှောင်းယီသည် သူ၏အိပ်ခန်းထဲသို့ ပြန်ဝင်လာကာ လျှို့ဝှက်စွာပြောလိုက်သည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အသေးစားအများသုံးသန့်စင်ခန်း (SSS အဆင့်)”

ရှောင်းယီသည် သူ၏မျက်ခုံးများပင့်တင်လိုက်ကာ နောက်ထပ် အသုံးမဝင်သောအရာတစ်ခု ထပ်မံရရှိလိုက်သည်ဟု ခံစားလိုက်ရသည်။

သူတို့တွင် အခန်းများစွာရှိပြီး အခန်းတစ်ခန်းစီတွင် ရေချိုးခန်းရှိသည်။ ဤအများသုံးသန့်စင်ခန်းသည် အနည်းငယ်ပိုနေဟုပင် ထင်ရသည်။

“အသေးစားအများသုံးသန့်စင်ခန်း (SSS အဆင့်)- အဆင့်မြင့်သန့်ရှင်းရေးအဆောက်အဦ။ မိမိဘာသာသန့်စင်နိုင်စွမ်းရှိပြီး လူ ၅၀၀ ထက်မပိုသော သန့်ရှင်းရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည်။ အိမ်သာနှင့် ရေချိုးခန်းများပါဝင်သည်။”

အများသုံးသန့်စင်ခန်း၏ ဖော်ပြချက်ကိုမြင်သောအခါ ရှောင်းယီ စနစ်၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားခဲ့သည်။ ၎င်းသည် အပြင်ဘက်ရှိ ဒေသခံများအတွက် ပြင်ဆင်ပေးထားခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့် ဤအသေးစားအများသုံးသန့်စင်ခန်းကို တံတိုင်းအပြင်ဘက်ရှိ နက်မျိုးနွယ်စုနှင့်နီးသောနေရာတွင် တွန့်ဆုတ်မနေဘဲ နေရာချလိုက်၏။

ထိုနေရာသည် ကျန်းယွင်ထျန်း အရင်ကတည်းက သန့်ရှင်းရေးလုပ်ထားသောနေရာဖြစ်သည်။

နေရာချပြီးနောက် ရှောင်းယီ ထရပ်ကာ တံတိုင်းအပြင်ဘက်သို့ ထွက်သွားလိုက်၏။ သူသည် ထိူအသေးစားအများသုံးသန့်စင်ခန်း၏ပုံစံကို ကြည့်ရှုလိုနေခဲ့သည်။

သူတံတိုင်းအပြင်ဘက်သို့ ထွက်လာသည်နှင့် အနည်းဆုံး ဧရိယာ ၁၀၀ စတုရန်းမီတာရှိသော အဆောက်အဦတစ်ခုကို တွေ့လိုက်ရလေသည်။

“ဒါက သေးတဲ့အရာလား။”

ရှောင်းယီ အနည်းအံ့အားသင့်သွားပြီး ထိုနေရာသို့ လျှောက်သွားလိုက်သည်။

သန့်စင်ခန်းသည် ကြွေပြားများဖြင့်ပြုလုပ်ထားပြီး အိမ်သာနှင့် ရေချိုးခန်းဟူ၍ နှစ်ပိုင်းခွဲထားလေသည်။ လေအေးပေးစက်၊ လေစုပ်စက်စသည့် ပစ္စည်းများပင် ပါရှိသည်။

“လျှပ်စစ်ဓာတ်အားက ဒီကိုသွယ်ရဦးမှာလား”

ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“မဟုတ်ပါ။ အဆောက်အဦ၏အမိုးသည် ဆိုလာပြားများဖြင့်ဖွဲ့စည်းထားပြီး နေ့စဉ်သုံးစွဲမှုအတွက် လုံလောက်သည်။”

စနစ်က ပြန်ဖြေ၏။

ရှောင်းယီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရုတ်တရက်တစ်စုံတစ်ခုကို စဉ်းစားမိလိုက်ပြီး စနစ်ကို မေးလိုက်သည်။

“ဒီသန့်စင်ခန်းထဲက အညစ်အကြေးတွေကို ဇီဝဓာတ်ငွေ့အိုးထဲ ပို့ပေးမှာလား။”

“ပိုက်လိုင်းချိတ်ဆက်မှုများ ပြုလုပ်ပြီးဖြစ်ပါသည်။ ကျေးဇူးပြ၍ စိတ်မပူပါနှင့်။”

“စနစ်က ယုံကြည်စိတ်ချရတုန်းပဲ။”

ရှောင်းယီ ညင်သာစွာ သက်ပြင်းချလိုက်ပြီး အနောက်သို့ ပြန်လှည့်သွားလိုက်သည်။

“ရှောင်းယီ ခဏစောင့်ဦး”

အနောက်ဘက်မှ ကျန်းယွင်ထျန်း၏ စိုးရိမ်ပူပန်းသောအသံ ထွက်ပေါ်လာ၏။

ရှောင်းယီက နောက်ပြန်လှည့်ကာ မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

“ငါပင်လယ်သတ္တဝါတိုက်ခိုက်မှုကို ကိုင်တွယ်နေတုန်းက ပင်လယ်ပြင်ရဲ့ ခပ်လှမ်းလှမ်းမှာ တိမ်မည်းတွေနဲ့ လျှပ်စီးတွေလက်နေတာကို မြင်လိုက်ရတယ်။ ဒေသခံတွေ ထပ်ရောက်လာတာဖြစ်နိုင်မလား။”

ကျန်းယွင်ထျန်းက အလျင်အမြန်ပြောလိုက်၏။

အခန်း ၂၇၅

ရှောင်းယီ သူ၏မျက်ခုံးများကို ပင့်တင်လိုက်ပြီး ကျင်းယွင်ထျန်းကို ပြောလိုက်သည်။

“မြန်မြန် ငါ့ကိုကြည့်ရအောင်ခေါ်သွားပေး!”

ရှောင်းယီသည်ကျန်းယွင်ထျန်းနှင့်အတူ ကမ်းခြေဆီသို့သွားနေရင်း စိတ်ထဲတွင် တိတ်တဆိတ်ညည်းတွားလိုက်၏။

“လယ်သမားရဲ့စကားက မှန်နေပြီလားမသိဘူး။”

ရှောင်းယီသည် သူတို့ကို လမ်းညွှန်ကျောက်အား အသက်သွင်းပြီးနောက် အခြေအနေကို ပြောပြခဲ့ဖူးပြီး ထိုအရာမှာ ကျန်းယွင်ထျန်းဖော်ပြခဲ့သည့်အရာနှင့် အလွန်ဆင်တူနေလေသည်။

သူနှစ်ဦး ကမ်းစပ်သို့ရောက်သောအခါ ကျန်းယွင်ထျန်းက ပင်လယ်ပြင်ကို ညွှန်ပြလိုင်သည်။ မိုးကောင်းကင်သည် ကြည်လင်ပြီး မြင်ကွင်းက အလွန်ရှင်းလင်းနေ၏။

ကျွန်းမှ ကီလိုမီတာ ၁၀ ခန့်အကွာတွင် လျှပ်စီးကြောင်းများနှင့်ရောယှက်နေသော မိုးတိမ်တစ်ခုအမှန်တကယ်ရှိနေခဲ့သည်။

ရှောင်းယီ မျက်မှောင်ကြုံ့လိုက်သည်။ ဤဖြစ်စဉ်သည် လမ်းညွှန်ကျောက်ကို အသက်သွင်းလိုက်သောအခါတွင် ဖြစ်ပေါ်သော မြင်ကွင်းမျိုးပင်ဖြစ်သည်။

“အရင်က အဲဒီမျိုးနွယ်စုက အရမ်းဂရုစိုက်ပြီး ငါတို့ကိုတိုက်ဖို့လာတဲ့အခါ အကြိမ်ကြိမ်အခါခါ နေရာကူးပြောင်းခဲ့ရတယ်။ ဒီမျိုးနွယ်စုက ဘယ်လိုတောင်အတင့်ရဲပြီး ငါတို့ကျွန်းအနီးကို တိုက်ရိုက်ပြောင်းရွှေ့နိုင်ရတာလဲ။”

ရှောင်းယီ အနည်းငယ် ပဟေဠိဖြစ်နေခဲ့သည်။

“ပြီးတော့ ရောက်လာတာကလည်းမြန်လွန်းတယ်။ သူတို့က အမိန့်ပေးလိုက်ပြီပဲ!”

ရှောင်းယီ နက်မျိုးနွယ်စုကို ကိုင်တွယ်ဖြေရှင်းပြီးနောက် သူတို့က နောက်ထပ်မျိုးနွယ်စုတစ်ခုကို သူ့အတွက် စီစဉ်ပေးခဲ့လေပြီ။

“မင်း လောက်လေးစင်ကို သွားရွှေ့ခဲ့။ ငါ ဒူးလေးကြီးကိုပြန်ယူပြီး ဦးလေးအန်းကိုခေါ်လိုက်မယ်။”

ရှောင်းယီက နက်ရှိုင်းသည့်လေသံဖြင့် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ကျန်းယွင်ထျန်းသည် ချက်ချင်းပင် လောက်လေးခွစင်ကိုရွှေ့ရန် ပြေးထွက်သွားခဲ့သည်။

ရှောင်းယီသည် ဆိပ်ကမ်းရှိ အလတ်စားရွက်လှေပေါ်တွင်ရှိသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုရှာကာ အုပ်စုထဲတွင်ထားရှိထားသော ဒူးလေးကြီးကို ပြန်ယူလိုက်သည်။

ကံကောင်းစွာဖြင့် ဤအချိန်တွင် ဘယ်သူမှ ငှားရမ်းထားခြင်းမရှိခဲ့ပေ။

အုပ်စုထဲရှိ အသက်ရှင်ကျန်ရစ်သူများသည် ရှောင်းယီ၏လုပ်ရပ်ကို အလျင်အမြန်ပင် သိရှိသွားခဲ့ကြလေသည်။

“ဟေး သူဌေးက ဘာလို့ ဒူးလေးကြီးကို ဖယ်ရှားလိုက်တာလဲ။”

“တကယ်လား။ သူဌေးက ဒေသခံတွေနဲ့ထပ်တွေ့ပြီး ထပ်တိုက်နေရတာလား။”

“မဟုတ်လောက်ပါဘူး။ သူဌေးက အရင်တစ်ကြိမ်ကတည်းက တိုက်ထုတ်ပြီးသားမဟုတ်ဘူးလား။”

“ဟုတ်တယ်။ ငါလည်း မနေ့ကတင် သူတို့ကို တိုက်ထုတ်ထားတာ။ အခုထိ ဘယ်သူမှ ထပ်ရောက်မလာကြသေးဘူး။”

“သူဌေးက ဒေသခံတွေရဲ့အခြေစိုက်စခန်းကိုသွားပြီး ဒေသခံတွေကိုဒေါသထွက်စေခဲ့တာများလား။”

“အဲ့လိုပြောရရင် ဒါက ဖြစ်နိုင်ခြေများတယ်။ သူဌေး! မင်းတောင့်ခံထားရမယ်နော်။”

သို့သော် ရှောင်းယီသည် ၎င်းတို့၏ဆွေးနွေးမှုများကို မမြင်နိုင်တော့ပေ။ ထိုအချိန်တွင် သူသည် ဒေသခံများ တိုက်ခိုက်နိုင်သည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး ဖြစ်ပျက်နေသောနေရာကို ကြည့်နေခဲ့သည်။

မကြာမီ အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းမှာ ပျောက်ကွယ်သွားပြီး ပင်လယ်ပြင်တွင် သင်္ဘောကြီးသုံးစီးပေါ်လာခဲ့လေသည်။

ရေဒါထောက်လှမ်းရေးစက်မှ ချက်ချင်းပင် အချက်ပေးသံများ မြည်ဟီးလာခဲ့သည်။

ရှောင်းယီသည် မော်နီတာပေါ်ရှိ အနီရောင်အစက်သုံးစက်ကို ချဲ့ကြည့်လိုက်၏။ သင်္ဘောကုန်းပတ်ပေါ်ရှိ ခေါင်းပေါ်တွင် ကြက်မွေးများပါသော မသဲမကွဲလူပုံရိပ်များသည် ထိုသင်္ဘောကြီးသုံးစင်းမှာ မည်သူမည်ဝါဖြစ်ကြောင်း ညွှန်ပြနေခဲ့‌လေသည်။

“ဟမ့်! မင်းက ငါ့ကို တကယ်ကို မြင့်မြင့်တွေးထားတာပဲ။ မနေ့ကတင် သင်္ဘောကြီးနှစ်စီး စီစဉ်ပေးထားပြီးပြီကို ဒီနေ့တစ်စီးထပ်တိုးလာတယ်။”

ရှောင်းယီ စိတ်ထဲမှ သူကိုယ်သူပြောလိုက်သည်။

မနေ့ကလေးတင် ထုတ်လုပ်ထားသော ဒူးလေးကြီးအပါအဝင် စုစုပေါင်း ဒူးလေးကြီးနှစ်ခုနှင့် လောက်လေးခွစင်တစ်ခုရှိပါက ဤဒေသခံသင်္ဘောကြီးသုံးစီးကို ကိုင်တွယ်ရန်မှာ ပြဿနာမရှိပေ။

အန်းယွဲ့သည်လည်း အခြားတစ်ဖက်မှ အပြေးရောက်လာကာ မေးလိုက်၏။

“ဘာတွေဖြစ်နေတာလဲ။ ဒေသခံတွေ ထပ်ရောက်လာပြန်ပြီလား။

ရှောင်းယီက ခေါင်းညိတ်ကာ ခပ်လှမ်းလှမ်းရှိ မြင်ကွင်းကို ညွှန်ပြလိုက်သည်။

“သင်္ဘောသုံးစီးလား။”

အန်းယွဲ့က အံ့ဪတကြီးဖြင့် မေးလိုက်၏။

“ဟုတ်တယ်။ ခဏနေရင် ဦးလေးက လက်ဝဲဘက်အကျဆုံးသင်္ဘောကို ဒူးလေးကြီးနဲ့တိုက်ခိုက်ပါ။ ညာဘက်ကသင်္ဘောကို အစ်ကိုကျန်းကိုပေးလိုက်မယ်။ အလယ်ကသင်္ဘောကတော့ ကျွန်တော့်အတွက်ပဲ။”

ရှောင်းယီက ပြောလိုက်သည်။

အန်းယွဲ့က ခေါင်းညိတ်လိုက်သည်။

မကြာမီ ကျန်းယွင်ထျန်းသည်လည်း လောက်လေးခွစင်ကိုတွန်းကာ ပြန်ရောက်လာခဲ့သည်။

“ငါတို့ မျိုးနွယ်စုတစ်စုကို ဖြေရှင်းပြီးတာနဲ့ နောက်ထပ်မျိုးနွယ်စုတစ်စုက ချက်ချင်းပေါ်လာတာပဲ။ အခြားအသက်ရှင်သူတွေမှာ ဒီလိုအခြေအနေမျိုးမကြုံဖူးဘူးထင်တယ်။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုများကို စောင့်ကြည့်ရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် အမြဲနေရသောကြောင့် ယီထျန်းအုပ်စုထဲရှိ စကားပြောဆိုမှုများကို မြင်နိုင်ပြီး အခြားသူများထံမှ ဤကဲ့သို့အခြေအနေကို မကြားဖူးကြောင်း သူသိထားပေသည်။

ရှောင်းယီက ခေါင်းညိတ်ကာ ခဏကြာအောင်တွေးတောလိုက်ပြီး ပြောလိုက်၏။

“ငါတို့က အရင်မျိုးနွယ်စုတစ်ခုလုံးကို ဖြေရှင်းလိုက်လို့ ဒီမျိုးနွယ်စုက ဒီလောက်မြန်မြန်ပေါ်လာတာဖြစ်နိုင်တယ်။”

“ဟမ်!”

အန်းယွဲ့က ထိုစကားကိုကြားလိုက်ရသောအခါ မျက်မှောင်ကြုံ့သွားခဲ့သည်။ အချိန်ခဏကြာပြီးနောက်မှသာ သူနားလည်သွားပုံရလေသည်။

ကျန်းယွင်ထျန်းက အံ့အားသင့်စွာကြည့်ရင်း ပြောလိုက်၏။

“မင်းက အကယ်၍ ငါတို့ အဲဒီမျိုးနွယ်စုကိုမဖြေရှင်းခဲ့ဘူးဆိုရင် ဒီမျိုးနွယ်စုလည်း ဒီလောက်မြန်မြန်မပေါ်လာနိုင်ဘူးလို့ ဆိုလိုချင်တာလား။”

“အဲ့ဒါက အရမ်းဖြစ်နိုင်ခြေရှိတယ်။ ဒီကမ္ဘာကြီးက ငါတို့ကို ဖယ်ရှားရုံတင်မကဘူး လေ့ကျင့်ပေးနေတာပဲ။ ငါတို့က အဲ့ဒီမျိုးနွယ်စုကို အရမ်းမြန်မြန် ဖြေရှင်းနိုင်ခဲ့တာက သူတို့ရဲ့လေ့ကျင့်ပေးရတဲ့ ရည်ရွယ်ချက်ကို လုံးဝကျရှုံးသွားစေခဲ့တယ်။ သူက အခြားတစ်ခုကို စီစဉ်ပေးနိုင်တယ်။”

ရှောင်းယီက ဆန်းစစ်လိုက်သည်။

“အာ! အဲဒါဆိုရင် ငါတို့က သူတို့ကို လုံးဝနိုင်ယူလိုက်မယ်ဆိုရင် ဒီမျိုးနွယ်စုပြီးရင် တခြားမျိုးနွယ်စုတွေထပ်လာဦးမှာပေါ့။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ရှောင်းယီက သူ၏မျက်လုံးများကို မှေးကျဉ်းကာ ပြောလိုက်၏။

“အခုပြဿနာက အထက်လူကြီးတွေက ငါတို့သူတို့ကို လုံးဝအနိုင်ပိုင်းတယ်ဆိုတာကို ဘယ်လိုဆုံးဖြတ်မလဲဆိုတာပဲ။ အခုအချိန်မှာ သေချာတာတစ်ခုက သူတို့ကိုနိုင်ယူလိုက်တယ်ဆိုရင်တောင် လုံးဝနိုင်ပွဲတစ်ခုမဟုတ်ဘူး။”

“ဒါဆို ငါတို့က သူတို့ကို တွန်းလှန်ရုံပဲရပြီး ဖမ်းဆီးလို့မရဘူးပေါ့။”

အန်းယွဲ့က ပြောလိုက်သည်။

ရှောင်းယီသည် နီးကပ်လာသော သင်္ဘောများကိုကြည့်ကာ ပြောလိုက်၏။

“ဒါဆို စမ်းစပ်ကြည့်ကြရအောင်။ ခဏနေရင် မင်းတို့နှစ်ယောက်က ဘေးနှစ်ဘက်က သင်္ဘောတွေကိုတိုက်၊ ငါ မင်းတို့ကို ကူညီပေးမယ်။”

ကျန်းယွင်ထျန်းတို့နှစ်ဦး အလေးအနက် ခေါင်းညိတ်လိုက်ကြသည်။

သင်္ဘောသည် သူတို့ကျွန်းဆီသို့မကြာမီ ကမ်းခြေမှ မီတာ ၃၀၀ ခန့်အကွာသို့ ရောက်ရှိလာခဲ့လေသည်။

ကျန်းယွင်ထျန်းနှင့် အန်းယွဲ့တို့သည် ချက်ချင်းပင် သူတို့၏ဒူးလေးကြီးများကိုအသုံးပြုကာ စတင်ပစ်ခတ်လိုက်ကြသည်။

ဝှစ်!!!!?

ဒူးလေး၏မြားများသည် လျင်မြန်စွာပျံသန်းသွားပြီး ဘေးနှစ်ဖက်ရှိ သင်္ဘောများကို တိကျစွာ ထိမှန်သွားလေသည်။

သို့သော် ရှောင်းယီသည် ဤအကြိမ်ရောက်လာသော သင်္ဘောကြီးသည် နက်မျိုးနွယ်စု၏ ယခင်သင်္ဘောကြီးထက် ပိုမိုခိုင်ခံ့သည်ကို အံ့အားသင့်စွာတွေ့ရှိလိုက်ရလေသည်။

ယခင်က ဒူးလေးကြီးမှ ပစ်ချက်တစ်ချက်တည်းဖြင့် အပေါက်တစ်ခုဖောက်နိုင်ခဲ့သော်လည်း ယခုအခါ၌ ၎င်းသည် သင်္ဘောကိုယ်ထည်တွင် သံမှိုစွဲနေရုံသာတတ်နိုင်ခဲ့၏။

“ရှောင်းယီ ဒီသင်္ဘောက အရမ်းခိုင်ခံ့တယ်။”

ကျန်းယွင်ထျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ကာ ချက်ချင်းပင် လောက်လေးခွစင်ကိုချိန်ညှိပြီး ဘေးဘက်ရှိသင်္ဘောကိုပစ်မှတ်ထားကာ သူအထူးပြုလုပ်ထားသော ကျောက်ဆူးလုံးများဖြင့် ပစ်လွှတ်လိုက်လေသည်။

ဘမ်း!

ကလစ်!

ထိုသင်္ဘော၏ လေဦးပိုင်းကုန်းပတ်ပေါ်ရှိ ပျဉ်ပြားများသည် သစ်သားစများနှင့်အတူ ပျံထွက်သွား၏။

“ကံကောင်းလို့ လောက်လေးခွရဲ့စွမ်းအားက သင်္ဘောကိုပျက်စီးအောင်လုပ်နိုင်သေးတယ်။”

ရှောင်းယီက ပြောလိုက်သည်။

နောက်ပိုင်းတွင် ကျန်းယွင်ထျန်းနှင့် အန်းယွဲ့တို့သည် သူတို့၏ပစ်မှတ်များအား သင်္ဘောပေါ်ရှိ ဒေသခံများဆီသို့ ပြောင်းလဲကာ ပစ်ခတ်ကြပြီး သင်္ဘောကိုမူ လောက်လေးခွအတွက် ချန်ထားခဲ့လိုက်သည်။

အဆက်မပြတ်ပစ်ခတ်လာသော ကျောက်ဆူးလုံးများ၏စွမ်းအားသည် ချဉ်းကပ်လာသော ဒေသခံများကို အလွန်တုန်လှုပ်သွားစေခဲ့သည်။

သင်္ဘောကြီးသုံးစီးပေါ်ရှိ ဒေသခံများသည် စတင်၍ ကြောက်လန့်တကြားအော်ဟစ်လိုက်ကြကာ သင်္ဘောများကို စတင်ကာ နောက်ပြန်လှည့်လိုက်ကြသည်။

နောက်ဆုံးမီတာ ၂၀၀ သည် သူတို့အတွက် ကမ်းပေါ်တက်ရောက်ရန် မဖြတ်ကျော်နိုင်သော ချောက်ကမ်းပါးကြီးတစ်ခုပမာ ဖြစ်လာခဲ့လေသည်။

“တစ်ခုကတော့ ထာဝရနေခဲ့ရမယ်!”

ရှောင်းယီက လှောင်ရယ်လိုက်၏။ ထို့နောက် သူသည် သင်္ဘောတစ်စီးကို ပစ်မှတ်ထားပြီး ကျောက်ဆူးလုံးများဖြင့် ဆက်တိုက်ပစ်ခတ်လိုက်လေသည်။

နောက်ဆုံးတွင် ထိုသင်္ဘောသည် သူ့လက်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ပြီး သင်္ဘောပေါ်ရှိ ဒေသခံများသည်လည်း ချက်ချင်းပင် ပင်လယ်ထဲသို့ ခုန်ချလိုက်ကြရလေသည်။

“ယခု ဒီနေရာမှာ အပျော်စီးသင်္ဘောသာရှိနေရင် ပင်လယ်ထဲကိုသွားပြီး သုန့်ပန်းတွေကို ကောက်ယူနိုင်လိမ့်မယ်။”

ကျန်းယွင်ထျန်းက နောင်တရနေဟန်ဖြင့် ပြောလိုက်သည်။

နေ့ခင်းဘက်တွင် အပျော်စီးလှော်သင်္ဘောကို စင်းလုံးငှားထားခဲ့ခြင်းဖြစ်ပေသည်။

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဲ့ဒီသင်္ဘောနှစ်စီး အဝေးရောက်သွားပြီးမှ သွားကြည့်ရတာပေါ့။”

“ဒီလောက်ထိဂရုစိုက်စရာမလိုလောပါဘူး ဟုတ်တယ်မလား။”

အန်းယွဲ့က သံသယဖြင့် မေးလိုက်သည်။

ရှောင်းယီက ပြုံးကာ ပြန်ဖြေသည်။

“ပထမဆုံးအနေနဲ့ ဒါကစမ်းသပ်မှုသက်သက်ပဲ။ သူတို့ကို ကျွန်တော်မထိန်းထားချင်ဘူး။ ဒုတိယအနေနဲ့ ကျွန်တော်တို့က အခုချိန်မှာ အင်အားကြီးနေပြီဆိုပေမယ့် အဲ့ဒီဒေသခံတွေက သူတို့ရဲ့နောက်ကွယ်ကသူတွေဆီကနေ မထင်မှတ်ထားတဲ့အရာတွေကို ရနိုင်တယ်။ သတိထားတာက မမှားဘူး။”

ရှောင်းယီသည် နက်မျိုးနွယ်စုမှော်ဆရာ၏ လိုဏ်ဂူထဲသို့သို့ သွားသည့်အခါတုန်းက တစ်ဖက်လူ၌ အမှန်တကယ်ပင် အကာအကွယ်ရှိနေခဲ့၏။ ရှောင်းယီသာ S အဆင့်သို့ ရောက်နေခြင်းမရှိပါက အလွန်ဒုက္ခများနိုင်ပေသည်။

အန်းယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဟုတ်တယ် အားနည်းချက်ကို သင့်တော်သလိုပြသခြင်းက နောက်ကွယ်ကကြိုးကိုင်သူတွေကို ရှုပ်ထွေးသွားစေနိုင်တယ်။”

“ရှုပ်ထွေးစေတယ်လား!”

ရှောင်းယီက ခေါင်းခါကာ ပြောလိုက်သည်။

“နောက်ကွယ်ကကြိုးကိုင်သူတွေအတွက် ကျွန်တော်တို့ကအရမ်းအားနည်းတယ်။ သူတို့ကို စိတ်ရှုပ်ထွေးစေဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

ထိုစကားကိုပြောပြီးနောက် ရှောင်းယီက ရပ်တန့်လိုက်ပြီးနောက် တိတ်တဆိတ်ပြောလိုက်သည်။

“သူတို့ရဲ့ ကျွန်တော်တို့အပေါ်မှာထားတဲ့ သဘောထားက မထီမဲ့မြင်ပြုတာမျိုးပဲဖြစ်သင့်တယ်။”

အခန်း ၂၇၆

“မထီမဲ့မြင်ပြုတာလား။”

ကျန်းယွင်ထျန်းနှင့် အန်းယွဲ့တို့နှစ်ဦးစလုံးသည် ရှောင်းယီကို အံ့အားသင့်စွာကြည့်လိုက်မိကြသော်လည်း နောက်အချိုက်အတန့်တွင် သူတို့သည် ရှောင်းယီ၏ဆိုလိုရင်းကို နားလည်သွားခဲ့ကြသည်။

ဤကမ္ဘာ၏စည်းမျဉ်းများကို ပြုလုပ်နိုင်သော နောက်ကွယ်မှကြိုးကိုင်ခြယ်လှယ်နေသူများအတွက် ရှောင်းယီနှင့် အခြားသူများသည် မြေပေါ်ရှိပုရွက်ဆိတ်များနှင့် အလားတူပင်ဖြစ်သည်။

မေးခွန်းထုတ်စရာရှိသည်မှာ မည်သူကများ မိမိတို့ခြေထောက်အောက်ရှိ ပုရွက်ဆိတ်များကို ဂရုစိုက်မည်နည်း။

ရှောင်းယီသည် အလွန်အားကောင်းသော ပုရွက်ဆိတ်ဖြစ်နိုင်သော်လည်း သူသည် ပုရွက်ဆိတ်တစ်ကောင်သာဖြစ်၏။ သူတို့၏ခြေထောက်ဖြင့် အမှတ်မထင်ကန်ထုတ်လိုက်ရုံဖြင့်ပင် Xiao Yi ၏ကံကြမ္မာမှာ ပြီးဆုံးသွားနိုင်ပေသည်။

ရှောင်းယီက သူစခေါင်းကို ဖြည်းဖြည်းချင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“ကျွန်တော်တို့ကို အထက်လူကြီးများက တစ်ချက်လောက်ကြည့်ရှုနိုင်ဖို့ ဘယ်အတိုင်းအတူအထိ ဖွံ့ဖြိုးတိုးတက်ရမလဲမသိဘူး။”

မည်သူမျှ အဖြေကိုမသိကြသော်လည်း သူတို့သိသည်မှာ သူတို့၏အားသာချက်ကို ထိန်းသိမ်းထားနိုင်ပါက တစ်နေ့တွင် နောက်ကွယ်မှကြိုးကိုင်ခြယ်လှယ်နေသူများနှင့် တွေ့ဆုံရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်အပတ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏သတိပေးချက်တွင် သူသည် ကျွန်ုပ်တို့ထွက်ပေါ်လာရန် စောင့်မျှော်နေသည်ဟု ဖော်ပြထားသောကြောင့်ဖြစ်သည်။

ပင်လယ်ပြင်တွင် ဒေသခံများသည် ပင်လယ်ထဲသို့ခုန်ချခဲ့သော ၎င်းတို့၏အဖော်အချို့ကို ကယ်တင်ပြီး အလျင်အမြန် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

သူတို့ အဝေးသို့ရောက်သွားကြောင်း မြင်လိုက်ရပြီးနောက် ကျန်းယွင်ထျန်းသည် အလတ်စားရွက်လှေနှင့် နစ်မြုပ်နေသည့်သင်္ဘောဆီသို့ မောင်းသွားခဲ့သည်။

နစ်မြုပ်နေသောသင်္ဘောနှင့် နီးကပ်လာသောအခါတွင် ကြိုးကိုအသုံးပြု၍ သင်္ဘောကို ဆိပ်ကမ်းသို့ ဆွဲယူလာခဲ့သည်။

ဒေသခံနှစ်ဦးသည်လည်း ပင်လယ်ပြင်ပေါ်တွင် ရေပြည့်နေသည့်အလား ပေါလောမျောနေသည်ကို တွေ့လိုက်ရ၏။

ရှောင်းယီသည် ၎င်းတို့ကို အလွယ်တကူဖမ်းဆီးပြီး သူတို့၏ဝမ်းဗိုက်ကို ကြမ်းကြမ်းတမ်းတမ်း တစ်ချက်ကန်လိုက်လေသည်။

သူတို့နှစ်ဦးစလုံးသည် သူတို့၏ပါးစပ်ထဲမှ ပင်လယ်ရေများကို စမ်းချောင်းတစ်ခုပမာ ချက်ချင်းပင် အန်ထွက်သွားပြီး ဖြည်းဖြည်းချင်း သတိရလာခဲ့ကြသည်။

ရှောင်းယီက သူတို့ကိုကြည့်ကာ မေးလိုက်၏။

“မင်းတို့က ဘယ်မျိုးနွယ်စုကလဲ။”

သူတို့နှစ်ယောက်လုံးသည် သူတို့ရှေ့တွင်ရှိနေသည့်လူကို ကြည့်ကာ အလွန်အမင်းအံ့အားသင့်သွားခဲ့ကြသည်။ ထိုလူပြောလိုက်သည့်စကားများကို သူတို့ အမှန်တကယ်နားလည်နိုင်နေသည်။

“ဟမ်! မင်းတို့ကျူးကျော်သူတွေ ငါတို့ဆီက သတင်းနှိုက်ဖို့စဉ်းတောင်မစဉ်းစားနဲ့။ ငါတို့ဘာမှပြောမှာမဟုတ်ဘူး။”

သူတို့ထဲမှာ တစ်ယောက်က ပြန်ဖြေလိုက်သည်။

ရှောင်းယီက ထိုနှစ်ဦးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ထိုလူနှစ်ဦး၏ တုံ့ပြန်မှုသည် နက်မျိုးနွယ်စုရှိ ဒေသခံများ၏ ယခင်ကတုံ့ပြန်မှုများထက်ပင် ပိုမိုပြင်းထန်နေပုံရသည်။

ရှောင်းယီအတွက် ဤမျိုးနွယ်စု၏ စိတ်ပိုင်းဆိုင်ရာပြုစုပျိုးထောင်မှုသည် နက်မျိုးနွယ်စုထက် ပိုမိုကောင်းမွန်သည်ဟု ခံစားနေရ၏။

“ကောင်းပြီ၊ ဒါဆို မင်းတို့ဒီမှာပဲနေလိုက်ကြတော့။”

ရှောင်းယီက ဆက်လက်မေးမြန်းရန် ပျင်းရိလာခဲ့သည်။

ကမ်းစပ်သို့ပြန်ရောက်သောအခါ ရှောင်းယီက အမိန်းပေးလိုက်သည်။

“သူတို့နှစ်ယောက်ကို သစ်ပင်မှာ ကြိုးနဲ့ချည်ထားလိုက်။ သူတို့တစ်ခုခုပြောချင်တဲ့အခါ ငါလာနားထောင်ပေးမယ်။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် တံတိုင်းအတွင်းသို့ဝင်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ပြန်သွားကာ ဒူးလေးကြီးများထဲမှ တစ်ခုကို ယီထျန်းအုပ်စုထဲသို့ ပြန်ထည့်လိုက်သည်။

“သူဌေးက ဒူးလေးကြီးကို ပြန်တင်လိုက်ပြီ။ ဒေသခံတွေရဲ့တိုက်ခိုက်မှုကို တွန်းလှန်လိုက်နိုင်ပြီထင်တယ်။”

“ဒီလိုပဲဖြစ်သင့်တယ်။ သူဌေးက အရမ်းအားကောင်းတာ အဲ့ဒီဒေသခံတွေကို အနိုင်ယူဖို့ဆိုတာ ပြဿနာမရှိဘူး။”

“ကျွန်တော်ပိုသိချင်တာက ဒီတစ်ခါတွေ့တဲ့ ဒေသခံတွေက အရင်ဒေသခံတွေနဲ့ အတူတူပဲလား”

“ဟုတ်တယ်။ အကယ်၍ မျိုးနွယ်စုတစ်ခုတည်းကမဟုတ်ရင် ငါတို့တော့ ဒုက္ခအကြီးကြီးရောက်ပြီပဲ။”

“ဘာကိုဒုက္ခရောက်တာလဲ။ သူတို့လာရင် ရိုက်ထုတ်လိုက်ရုံပဲတဟုတ်ဘူးလား။ တခြားရွေးချယ်စရာရော ရှိသေးလို့လား။”

“အခြားရွေးချယ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် မတူညီတဲ့မျိုးနွယ်စုတွေသာ အမှန်တကယ်ရောက်လာခဲ့ရင် မျိုးနွယ်စုနှစ်စုပေါင်းပြီး မင်းကိုတိုက်ခိုက်တယ်လို့ စဉ်းစားကြည့်စမ်းပါ။ မင်းခံနိုင်ရည်ရှိမှာလား။”

“ချီး! ဘယ်သူမှ ဒါကိုမခံနိုင်လောက်ဘူး။”

“အစ်ကိုကြီး ကျေးဇူးပြုပြီး အမြန်ပြောပြပါဦး!”

လူတိုင်းက တောင်းဆိုလိုက်ကြသည်။

ရှောင်းယီက ပြောပြလိုက်၏။

“လောလောဆယ်တော့ ငါတို့တစ်ယောက်ချင်းစီကို မျိုးနွယ်စုတစ်စုနဲ့ပဲ ဖြစ်သင့်တယ်။ မျိုးနွယ်စုနှစ်စုက ကျွန်းတစ်ကျွန်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်တာမျိုးတော့ မရှိသေးဘူး။”

ရှောင်းယီသည် အမှန်တရားတစ်ခုလုံးကို မပြောခဲ့သော်လည်း လူအများကိုလည်း လိမ်ညာနေခြင်းမျိုးလည်းမဟုတ်ပေ။

သူသည် မျိုးနွယ်စုနှစ်စုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မျိုးနွယ်စုနှစ်စုက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ပေ။

“ဒါကောင်းတယ် တော်သေးတာပေါ့။ အဲ့ဒါက ငါ့ကိုတော်တော်လေးလန့်စေတယ်။ အဲ့ဒီမျိုးနွယ်စုတစ်ခုတည်းနဲ့တင် အရမ်းခက်ခဲနေပြီ။ မျိုးနွယ်စုနှစ်စုက သင်္ဘောနှစ်စီးနဲ့လာရင် ငါကိုယ့်ကိုယ်ကိုယ်ပဲ စွန့်လွှတ်လိုက်တော့မယ်။”

“ဟုတ်တယ်။ ကျူးချန်ကလန်ကဲ့ ခရီးသည်တင်ပို့ဆောင်ရေးက အခုထိနှေးနေတုန်းပဲ၊ သူဌေးရဲ့အပျော်စီးသင်္ဘောကလည်း နေ့ခင်းဘက်မှာပဲ သုံးလို့ရတယ်။ သူတို့နဲ့ ချိတ်ဆက်နိုင်ဖို့ကလည်း မလွယ်ကူးဘူး။”

“ဧကရာဇ်လင်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက သူတို့ရဲ့အဖွဲ့ထဲမှာ သင်္ဘောဦးပိုင်းရုပ်တုတစ်ခု ရလိုက်တယ်လို့ ကြားခဲ့တယ်။”

“တကယ်လား!”

“တကယ်ဖြစ်သင့်တယ်၊ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ရဲ့အဖွဲ့ဝင်တွေအတွက်ပဲ ဖွင့်ထားတယ်။ တရားဝင် ချမပြသေးဘူး။”

“မင်းဘာလို့ စောစောကပြောမတာလဲ။ အဲ့လိုဆိုရင် လင်းအင်ပါယာထဲထဲဝင်ဖို့ ငါလျှောက်ထားမိမှာပဲ။”

“လင်းအင်ပါယာထဲဝင်ဖို့က အခုချိန်မှာ အရမ်းနောက်ကျနေပြီ။ သူတို့ရဲ့လိုအပ်ချက်တွေက အရမ်းမြင့်တယ်။ သူတို့အင်ပါယာထဲဝင်ဖို့အတွက် အုတ်မြစ်ကျောက်တွေတောင်ပေးရတယ်။”

“ငါအထင်က လင်းအင်ပါယာ ထဲဝင်ဖို့ အုတ်မြစ်ကျောက်တွေပေးစရာမလိုပါဘူး ဟုတ်တယ်မလား။”

“အရင်ကတော့ မလိုဘူး။ ဒါပေမယ့် အခုတော့ လိုတယ်။”

“အဆင့်မြင့်ပစ္စည်းတွေရှိလာတာနဲ့အမျှ အခွင့်အရေးတွေလည်း မြင့်တက်လာတာပါပဲ။”

“အစကတည်းက လင်းအင်ပါယာတပ်ဖွဲ့ထဲ ဝင်ခဲ့သူတွေကို တကယ်အားကျမိတယ်။ အထူးခရီးသည်တင်ယာဉ်ရှိရတာ အရမ်းမိုက်တာပဲ။”

“ပြောရရင် ဒီနေ့က ပဉ္စမအပတ်ရဲ့ ခြောက်ရက်မြောက်နေ့ပဲ။ တစ်ရက်ပဲလိုတော့တယ်။ ပြီးရင် ဒီအပတ်ကို ကျော်လွန်သွားပြီ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က နောက်ထပ်သတိပေးချက်တွေပေးဦးမလားမသိဘူး။”

“မင်းက အရမ်းတွေးနေတာပဲ။ အရင်ကမပြောခဲ့ဘူးလား။ အဲ့ဒါက နောက်ဆုံးသတိပေးချက်ပဲ။ ဒီအပတ်အတွက် နောက်ထပ် ထပ်မရှိတော့ဘူး။”

“ဖြစ်နိုင်တယ်။ နောက်ဆုံးသတိပေးချက်က အလိုအလျောက်စနစ်မဟုတ်ဘဲ အသိဉာဏ်ရှိတဲ့သတ္တဝါတစ်ကောင်ကြောင့်ပဲ။ အသိဉာဏ်ရှိတဲ့သတ္တဝါဖြစ်တဲ့အတွက် သူ့စိတ်ကြိုက်ပြောင်းလဲနိုင်တယ်။ စကားနည်းနည်းလောက် ပြောတာလည်းဖြစ်နိုင်တာပဲလေ။”

“ငါလည်း မျှော်လင့်မိတယ်။ အကယ်၍ သတိပေးချက်ကိုသာ မမြင်ရဘူးဆိုရင် တကယ်ကို မသေချာဘူးလို့ ခံစားရတယ်။”

ထိုအချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ကုထောင်ချွေ့ရှန်းမှ သီးသန့်စကားပြောရန် တောင်းဆိုကြောင့် အချက်ပေးလာခဲ့သည်။

“သူဌေး၊ ဒီမှာဒေသခံတွေထပ်ရောက်လာပြန်ပြီ။ အုပ်စုထဲက ဒူးလေးကြီးတွေလည်း အခြသူတွေ ငှားထားပုံရတယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“ဒီတစ်ခါက အရင်ကမျိုးနွယ်စုနဲ့အတူတူပဲလား။”

ရှောင်းယီက မေးလိုက်သည်။

ထိုမေးခွန်းကိုကြားလိုက်ရသောအခါ ကုထောင်ချွေ့ရှန်း ခဏကြောင်အသွားပြီးနောက် ရှုံ့မဲ့နေသောပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“နောက်ဆုံးအကြိမ်တုန်းက ကျွန်တော်တို့ အားလုံးကိုရှင်းလင်းခဲ့တယ်။ အကျဉ်းသားတစ်ဦးပဲရှိတာ။ သူတို့ကိုခွဲခြားဖို့ နည်းလမ်းမရှိပါဘူး။”

“အကျဉ်းသားကိုကြည့်ခိုင်းလိုက်။ မျိုးနွယ်စုတစ်ခုစီမှာ သူတို့ရဲ့ကိုယ်ပိုင်မျိုးနွယ်စုသင်္ကေတတွေရှိတယ်။ အဲ့ဒီသင်္ကေတတွေကို သင်္ဘောပေါ်မှာ ထွင်းထားနိုင်တယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ။”

ကုထောင်ချွေ့ရှန်း တုံ့ပြန်လိုက်၏။

“[ဒူးလေးကြီး] ၆ နာရီကြာ အသုံးပြုခွင့် ၁ - လဲလှယ်မှုမရှိပါ။”

ကုထောင်ချွေ့ရှန်းသည် အပြင်ဘက်မှလာနေသော သင်္ဘော၏ အထောက်အထားကို အတည်ပြုရန် အကျဉ်းသားကို ခေါ်ထုတ်လိုက်သည်။ သူသည် ထိုလဲလှယ်မှုကို မြင်လိုက်ရသောအခါ ကြောင်အသွားခဲ့၏။

“သူဌေး သူဌေးမှာ ဒူးလေးကြီးနှစ်ခုတောင်ရှိတာလား။”

ကုထောင်ချွေ့ရှန်းက အံ့အားသင့်စွာ မေးလိုက်သည်။

“အင်း မနေ့ကမှ ရခဲ့တာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သူဌေးက တကယ့်ကို အံ့ဖွယ်တစ်ပါးပဲ။”

ကုထောင်ချွေ့ရှန်းသည် ထိုလဲလှယ်မှုကို သဘောတူလိုက်ပြီးနောက် ဒူးလေးကြီးကို ဒေသခံများဝင်ရောက်လာသည့်နေရာသို့ ချထားလိုက်သည်။

အပြင်သို့ထွက်လာပြီးနောက် ကုထောင်ချွေ့ရှန်းသည် သူ၏ဘေးတွင် ကြိုးတုတ်ထားသော အကျဉ်းသားကိုဆွဲယူကာ ကမ်းခြေသို့ သွားလိုက်သည်။

“ကြည့်စမ်း အဲ့ဒါက မင်းမျိုးနွယ်စုရဲ့ သင်္ဘောကြီးလား။”

ကုထောင်ချွေ့ရှန်းက မေးလိုက်၏။

အကျဉ်းသားသည် သင်္ဘောကို သံသယအကြည့်များဖြင့်ကြည့်ပြီး ကုထောင်ချွေ့ရှန်းကို ပြန်ကြည့်လိုက်သည်။

“ဖက်ခ်! ငါအဲ့ဒါကိုမေ့သွားတာပဲ။”

ကုထောင်ချွေ့ရှန်းက ကျိန်ဆဲပြီး အကျဉ်းသားကိုချက်ချင်းပင် ဆွဲသွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီပြန်သွားကာ ရှောင်းယီထံသို့ အကူအညီတောင်းလိုက်သည်။

“သူဌေး၊ ဒီကောင်က ကျွန်တော့်စကားကို နားမလည်ဘူးဆိုတာ ကျွန်တော်မေ့သွားတယ်။ သူ့မျိုးနွယ်စုရဲ့သင်္ဘောဆိုရင် ခေါင်းညိတ်ပြီး မဟုတ်ရင် ခေါင်းခါဖို့ပြောပေးပါဦး။”

ကုထောင်ချွေ့ရှန်းက ရှောင်းယီကိုသီးသန့်မက်ဆေ့ချ်ပို့ကာ ပြောလိုက်သည်။

ရှောင်းယီသည် ချက်ချင်းပင် ဗီဒီယိုဖြင့်ချိတ်ဆက်ကာ အကျဉ်းသားကို ပြောပြလိုက်ပြီး သူက ချက်ချင်းပင် သဘောတူခဲ့သည်။

သူသည် အကျဉ်းသားဖြစ်သော်လည်း ဤနှစ်ရက်အတွင်း စားစရာ၊ သောက်စရာများ ရရှိခဲ့ပြီး သူ၏ဘဝမှာ အလွန်ကောင်းမွန်နေခဲ့သည်။

အထူးသဖြင့် အစားအစာတွေက အရမ်းစားလို့ကောင်းတယ်။

ဘာသာစကားအခက်အခဲသာမရှိလျှင် ကုထောင်ချွေ့ရှန်းအား သူ့ကို ညီငယ်လေးအဖြစ်လက်ခံရန် တောင်းဆိုမိပေလိမ့်မည်။

ကုထောင်ချွေ့ရှန်းက သူ့ကို နောက်တစ်ခါ ခေါ်ထုတ်သွားခဲ့သည်။ သူသည် ချက်ချင်းပင် ချဉ်းကပ်လာသောသင်္ဘောကို သေချာစွာကြည့်ရှုပြီး ခဏအကြာတွင် ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်လေသည်။

All Chapters