← Chapters

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

အခန်း ၂၇၇

“သေချာတာပေါ့၊ သူတို့က စလစ်ပါကျွန်းက ဟွားမင်မျိုးနွယ်စုပဲ!”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

မဂတ္တမနှင့် ဟွားလန်တို့သည် သူတို့၏ဘေးတွင် ရုတ်တရက်ပေါ်လာသော ဒူးလေးကြီးကို လက်ဖြင့်လျှောက်ထိကိုင်ကြည့်နေကြ၏။

ကုထောင်ချွေ့ရှန်း သူတို့ဆီသို့ လာနေသည်ကိုမြင်သောအခါ မဂတ္တမက မေးလိုက်သည်။

“အစ်ကိုကြီး ဒါက သူဌေးကြီးငှားပေးလိုက်တာလား။”

“ဟုတ်တယ်”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေပြီးနောက် သူတို့နှစ်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။

“မဂတ္တမ မင်းက ဆက်တိုက်လေးကိုသုံး၊ ဟွားလန် မင်းက လေးနဲ့မြားကိုသုံး၊ တိုက်ဖို့ပြင်ဆင်တော့။”

ထိုသို့ပြောရင်းဖြင့် ကုထောင်ချွေ့ရှန်း ဒူးလေးကြီးဆီကိုလျှောက်သွားပြီး ချဉ်းကပ်လာသည့် သင်္ဘောကိုကြည့်ကာ ရေရွတ်လိုက်၏။

“ဒီတစ်ခါတော့ နောက်တစ်ခေါက်ကနဲ့မတူဘူး။”

သူထိုသို့ပြောနေစဉ်မှာပင် သင်္ဘောသည် ဒူးလေးကြီး၏ ပစ်ကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။ ကုထောင်ချွေ့ရှန်းသည် လုံးမတွန့်ဆုတ်ဘဲ သင်္ဘောကိုယ်ထည်ကို ချက်ချင်း ပစ်ခတ်လိုက်သည်။

ဝှစ်ရှ်!

ကလစ်!

သင်္ဘောကိုယ်ထည်ပြိုကွဲသွားသည့်အသံ ထွက်ပေါ်လာ၏။

“ကောင်းတယ်!”

မဂတ္တမက အော်ဟစ်ကြွေးကြော်လိုက်၏။

“ငါမင်းတို့ပြောလိုက်မယ်။ အရင်တစ်ခါက်က မင်းတို့က ငါ့ပေါင်ကို ကျောက်လှံနဲ့ထိုးခဲ့တယ်။ ဒီတစ်ခါတော့ အဲ့ဒီအတွင် မင်းတို့ပြန်ပေးဆပ်ရမယ်ကွ!။”

ကုထောင်ချွေ့ရှန်းသည် လုံးဝရပ်တန့်ခြင်းမရှိဘဲ မြားများကို တစ်ချောင်းပြီးတစ်ချောင်း အဆက်မပြတ်ပစ်ခတ်နေခဲ့သည်။

သင်္ဘောပေါ်က ဒေသခံများသည် သူတို့ထံ၌ ဤကဲ့သို့ အားကောင်းသည့်လက်နက်များ ရှိနေသည်ကိုသိသွားသောအခါ သင်္ဘောကို ချက်ချင်းပင် နောက်ပြန်လှည့်ပြီး ထွက်ခွာရန် ပြင်ဆင်ကြ‌လေတော့သည်။

သို့သော်လည်း ကုထောင်ချွေ့ရှန်း၏မြားများသည် သင်္ဘောဘေးတစ်ဖက်ကို အပိုင်းပိုင်း ဖြိုခွဲပစ်လိုက်ပြီဖြစ်သည်။

သင်္ဘောတစ်စီးလုံး ယိမ်းထိုးသွား၏။

သင်္ဘောပေါ်တွင် အပိုလှေငယ်တစ်စီးသာရှိပြီး ထိုလှေသည်လည်း လူခြောက်ယောက် ခုနစ်ယောက်သာ ဆန့်သောကြောင့် ဒေသခံအများစုမှာ ပင်လယ်ထဲသို့ ခုန်ချလိုက်ကြရလေသည်။

အဆင့်မြင့်ခေါင်းဆောင်များသာ ထိုလှေပေါ်တက်စီးနိုင်ကြသည်။

ပင်လယ်ထဲသို့ ခုန်ချလိုက်ကြပြီးနောက် ဒေသခံများသည် ကုထောင်ချွေ့ရှန်း၏ကျွန်းဆီသို့ ကူးခတ်ရန်အပြင် သူတို့၌ အခြားရွေးချယ်စရာမရှိတော့ပေ။

ဤကဲ့သို့ကျယ်ပြန့်လှသည့် ပင်လယ်ပြင်ထဲတွင် စိမ်နေရလျှင် သေချာပေါက် သေဆုံးသွားမည်ဖြစ်ပေသည်။

ကျွန်းပေါ်ရောက်အောင်ပဲ ကြိုးစားကြည့်တာပေါ့!

ထိုအချင်းအရာကိုတွေ့သောအခါ ကုထောင်ချွေ့ရှန်းက သူ၏ညီငယ်နှစ်ယောက်ကိုကြည့်ကာ အကြင်နာကင်းမဲ့စွာပြောလိုက်၏။

“မင်းတို့နှစ်ယောက်ရဲ့ ဒီနှစ်ရက်အတွင်း လေ့ကျင့်မှုရလဒ်တွေကို စမ်းသပ်ကြည့်ကြတာပေါ့။ မင်းတို့နှစ်စီမှာ မြားအချောင်း ၂၀ စီရှိတယ်။ ၉၅% အထက်ပိုပြီး ပစ်မှတ်ကိုမထိမှန်ရင် အပြစ်ပေးခံကဖို့ပြင်ထား။”

“စိတ်မပူပါနဲ့ အစ်ကိုကြီးရ”

မဂတ္တမက ပြန်ဖြေလိုက်သည်။

သူသည် ဆက်တိုက်ဒူးလေးကို အသုံးပြုခြင်းဖြစ်ပြီး ထိုဆက်တိုက်ဒူးလေးသည် လေးနှင့်မြားထက် အနည်းငယ်ပို၍ တည်ငြိမ်ပေသည်။

“ဒါက အရမ်းအနိုင်ကျင့်တာပဲ။”

ဟွားလန်၏နှုတ်ခမ်းထောင့်စွန်းများ တဆတ်ဆတ်တုန်ခါသွားလေသည်။

“အဓိပ္ပာယ်မရှိတဲ့စကားတွေပြောနေတာကို ရပ်လိုက်တော့။ မြန်မြန်လုပ်။”

ကုထောင်ချွေ့ရှန့်က အော်ဟစ်လိုက်၏။ ထို့နောက် တစ်ချိန်တည်းမှာပင် သူသည် သူ၏လေးနှင့်မြားကို ကောက်ယူကာ ရေထဲရှိ ဒေသခံများကို စတင်ပစ်ခတ်လိုက်လေသည်။

ထိုဒေသခံများသည် ရေထဲ၌ရှိနေခြင်းဖြစ်သောကြောင့် ထိုမြားများကို လွယ်လွယ်ကူကူ ရှောင်တမ်း၍ မရနိုင်ပေ။ ထို့ကြောင့် သူတို့သည် ပင်လယ်ထဲက ဒေသခံများကို တစ်ယောက်ပြီးတစ်ယောက် အမည်ပေးလိုက်လေသည်။

ယခင်က အကျဉ်းသားသည် ကမ်းစပ်တွင်ရပ်ကာ ကုထောင်ချွေ့ရှန်းတို့ သူ၏ယခင်မျိုးနွယ်တူများကို မညှာမတာပစ်ခတ်နေသည်ကိုကြည့်ပြီး ချက်ချင်းပင် အော်ဟစ်လိုက်၏။

သို့သော်လည်း ကုထောင်ချွေ့ရှန်းသည် သူပြောသောစကားများကို နားမလည်ပေ။

ရေထဲ၌ လူလေးယောက်သာကျန်တော့သည်ကို မြင်လိုက်ရသောအခါမှသာ ကုထောင်ချြွေရှန်းက ရပ်တန့်လိုက်ပြီး ထိုအကျဉ်းသားကိုဆွဲကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ခေါ်သွားလိုက်သည်။ ထို့နောက် ရှောင်းယီဆီသို့ ဗီဒီယိုတောင်းဆိုချက်တစ်ခု ပြုလုပ်လိုက်လေသည်။

“သူဌေး ကျွန်တော်တို့ ပင်လယ်ထဲခုန်ချသွားတဲ့ ဒေသခံတွေကို ရှင်းနေတုန်းက သူက ဘေးကနေ အော်ဟစ်ပြီး ဘာပြောနေမှန်းမသိဘူး။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်၏။

ရှောင်းယီက အကျဉ်းသားကိုကြည့်ကာ မေးလိုက်သည်။

“မင်း ဘာပြောချင်လို့လဲ”

“အရှင် ကျေးဇူးပြုပြီး သူတို့ကိုမသတ်ပါနဲ့။ ကျွန်တော်သူတို့ကိုအညံ့ခံဖို့ပြောပေးနိုင်ပါတယ်။”

အကျဉ်းသားက ချက်ချင်းပင် ပြောလိုက်သည်။

“ကောင်းပြီ၊ သူတို့ကို ကမ်းစပ်နား တစ်ယောက်ချင်းစီ ချဉ်းကပ်ခွင့်ပြုလိုက်။ လူနှစ်ယောက်ကို တစ်ပြိုင်နက် တည်း ကမ်းစပ်ကို ချဉ်းကပ်ခွင့်မပြုဘူး။ ကမ်းပေါ်ရောက်ပြီးရင် လက်ကိုမြင့်မြင့်မြှောက်ထားခိုင်းပြီး ဘာမှမလုပ်စေနဲ့။ မဟုတ်ရင် သေရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

ယခုလို ကုထောင်ချွေ့ရှန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီလာပြီး သူနှင့်စကားပြောနေခြင်းမှာ အပြင်ဘက်တွင် သေချာပေါက် အသက်ရှင်နေသူ အများကြီးမရှိတော့သောကြောင့်ပင် ဖြစ်ရပေမည်။ အကျဉ်းသားအနည်းငယ်ကိုသာ ထပ်ဖမ်းမိလျှင် ကုထောင်ချွေ့ရှန်း၏ လုပ်သားအင်အားများကို တိုးတက်စေနိုင်မည်ဖြစ်သည်။

အကျဉ်းသားက ချက်ချင်း အရူးအမူးခေါင်းညိမ့်ပြလိုက်၏။

ရှောင်းယီသည် အကျဉ်းသား၏သဘောဆန္ဒကို ကုထောင်ချွေ့ရှန်းအား ပြောပြကာ သတိပေးလိုက်သည်။

“ဒူးလေးကြီးနဲ့ လှံတွေတောင် အဆင်သင့်ဖြစ်နေရင်တောင် ဂရုစိုက်ထားရမယ်။ သူတို့သာလှုပ်ရှားရဲရင် သူတို့ကိုသတ်ပစ်လိုက်။”

“နားလည်ပါပြီ”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေပြီး အကျဉ်းသားကိုဆွဲထုတ်ကာ ကမ်းစပ်ဆီသို့ ပြန်လျှောက်သွားလိုက်သည်။

ထို့နောက် အကျဉ်းသားကို ကမ်းစပ်ဆီသို့ တွန်းထုတ်လိုက်၏။ သူသည် ရေထဲတွင် ကျန်နေသော လူလေးယောက်နှင့် ချက်ချင်းပင် စကားစလိုက်လေသည်။

ငါးမိနစ်ခန့်စကားပြောပြီးနောက် အကျဉ်းသားသည် ချက်ချင်းပင် နောက်ပြန်လှည့်လာပြီး ကုထောင်ချွေ့ရှန်းကို ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ တစ်ယောက်ချင်းစီတက်လာခိုင်းလိုက်။ ဟွားလန်တွေ ကြိုးတွေအသင့်ပြင်ထား။”

ကုထောင်ချွေ့ရှန်းက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ဟွားလန်က ပြန်ဖြေပြီး ကျောက်တုံးအိမ်ထဲမှ လျှော်ကြိုးများကို ထုတ်ယူလိုက်၏။ သဘာဝအတိုင်းပင် ထိုလျှော်ကြိုးများကိုလည်း ရှောင်းယီဆီမှ ရထားခဲ့ခြင်းဖြစ်ပေသည်။

ဒေသခံတစ်ယောက်က ပင်လယ်ထဲမှ ကမ်းပေါ်သို့ တက်လာ၏။ မဂတ္တမက သူ၏ဆက်တိုက်ဒူးလေးဖြင့် ထိုလူကိုချိန်ရွယ်ထားသည်။ ကုထောင်ချွေ့ရှန်းကလည်း သူ၏လည်တိုင်ကို သံလှံဖြင့် ထောက်ထားလေသည်။

ဒေသခံသည်လည်း မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ရဲချေ။ ထို့နောက် ဟွားလန်က ရှေ့ကိုတိုးပြီး သူ့ကိုကြိုးတုတ်ကာ ဘေးဖယ်ထားလိုက်သည်။

“နောက်တစ်ယောက်!”

ကုထောင်ချွေ့ရှန်းက အော်ဟစ်လိုက်သည်။

ဤနည်းလမ်းအတိုင်းပင် ကျန်ရှိနေသည့် ဒေသခံလေးယောက်လုံးကို ချည်နှောင်လိုက်လေသည်။

အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ကုထောင်ချွေ့ရှန်းက ရှောင်းယီနှင့် ထပ်မံဆက်သွယ်လိုက်၏။

“သူဌေး ကျွန်တော်တို့ အားလုံးကိုင်တွယ်ပြီးသွားပါပြီ။ သူတို့ကို ထပ်ပြီး စစ်ဆေးမေးမြန်းဖို့ လိုသေးလား။”

ကုထောင်ချွေ့ရှန်းက မေးလိုက်သည်။

“မေးမယ်။”

ရှောင်းယီက ထိုသို့ပြောလိုက်ပြီးနောက် အကျဉ်းသားလေးယောက်ကိုကြည့်ကာ မေးလိုက်သည်။

“မင်းတို့မျိုးနွယ်စုမှာ သင်္ဘောကြီးဘယ်နှစ်စီးရှိလဲ။”

သူတို့၏ဘေးတွင် သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ရပ်နေသော ကုထောင်ချွေ့ရှန်းကိုကြည့်ကာ အကျဉ်းသားလေးယောက်မှာ ဘာတစ်ခုမှ မဖုံးကွယ်ထားရဲတော့ပေ။

“မရှိတော့ဘူး ဒါက ကျွန်တော်တို့ရဲ့နောက်ဆုံးသင်္ဘောကြီးပဲ။”

အကျဉ်းသားတစ်ယောက်က ပြောလိုက်သည်။

ရှောင်းယီက မျက်ခုံးပင့်လိုက်သည်။

“မင်းတို့မျိုးနွယ်စုမှာ လူပေါင်း ၅၀၀ ကျော်ရှိတယ်လို့ငါထင်တယ်။ ဒီလောက်လူအများကြီးနဲ့ ဘာလို့သင်္ဘောတွေထပ်မဆောက်တာလဲ။”

“အရှင် ကျွန်တော်တို့ သင်္ဘောစဆောက်ထားတာ မကြာသေးပါဘူး။ အရင်တုန်းက ကျွန်တော်တို့က ကိုယ့်ကျွန်းမှာပဲကိုယ် အလုပ်လုပ်ကြပြီး ဘာသင်္ဘောမလိုခဲ့ဘူး။”

ထိုလူက ပြန်ဖြေ၏။

“မှော်ဆရာက မင်းတို့ကို သင်္ဘောဆောက်ဖို့ပြောတာလား။”

ရှောင်းယီက မေးလိုက်သည်။

ထိုလူက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

“ဟုတ်ပါတယ် အခုလည်း သင်္ဘောတွေကို အလျင်အမြန် တည်ဆောက်နေရတုန်းပါပဲ။”

“မင်းတို့ သင်္ဘောတစ်စီးတည်ဆောက်ဖို့ အချိန်ဘယ်လောက်ယူရလဲ။”

ရှောင်းယီက ဆက်မေးလိုက်သည်။

“ကျွန်တော်တို့လည်း အစတုန်းက ဒီလိုမျိုးသင်္ဘောကြီးတွေ တည်ဆောက်ဖို့ဆိုရင် အချိန်အများကြီးလိုမယ်လို့ထင်ခဲ့တာ ဒါပေမယ့် မှော်ဆရာက နတ်ဘုရားရဲ့စွမ်းအားကို ပိုင်ဆိုင်ထားခဲ့တယ်။ သူက သင်္ဘောတည်ဆောက်တဲ့အချိန်ကို သုံးရက်အထိ လျှော့ချစေနိုင်တယ်။”

ရှောင်ယီက အနည်းငယ်ခေါင်းညိတ်၏။ နောက်ကွယ်ရှိကြိုးကိုင်ခြယ်လှယ်နေသူများက ထိုအရာကို ထပ်လုပ်ခဲ့ဟုသာ ယူဆရန်ရှိပေသည်။

ရှောင်းယီက ထိူအချက်အလက်အားလုံးကို ကုထောင်ချွေ့ရှန်းအား ပြောပြလိုက်လေသည်။

“ဆိုလိုတာက ကျွန်တော်တို့အတွက် အနည်းဆုံးသုံးရက်လောက်တော့ အေးအေးဆေးဆေးနေလို့ရဦးမှာပေါ့။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“အဲ့လိုပဲ ဖြစ်သင့်တယ်။ ဒါပေမယ့် သတိတော့ထား။ သူတို့ရဲ့သင်္ဘောတွေက ပိုပြီးမာကျောလာနိုင်တယ်။ ဒီနေ့ငါတွေ့ခဲ့ရတဲ့သင်္ဘောတွေက ဒူးလေးကြီးနဲ့တောင် ဖျက်ဆီးဖို့ခက်ခဲတယ်။”

ရှောင်းယီက သတိပေးလိုက်သည်။

“ဘာ!”

ကုထောင်ချွေ့ရှန့် ထိတ်လန့်တကြားဖြစ်သွားကာ ပြောလိုက်၏။

“အဲ့ဒီဒေသခံမျိုးနွယ်စုတွေက ဖွံ့ဖြိုးတိုးတက်မှုက အရမ်းမြန်လွန်မနေဘူးလား။”

မနေ့ကအထိ သင်္ဘောကိုယ်ထည်ကို ဒူစလေးကြီးဖြင့့် ဖြိုခွဲနိုင်နေဆဲဖြစ်သော်လည်း နောက်တစ်နေ့တွင်မူ ထိုသို့မဖြစ်နိုင်တော့ဟု ဆိုနေခြင်းပေလော။

ဒီလောက်ထိ အရမ်းမြန်မြန်ဖွံ့ဖြိုးလာတာဆိုရင်တော့ လုံးဝကစားနိုင်တော့မှာမဟုတ်ဘူး။

ရှောင်းယီက သူ့ကို ဖြေသိမ့်ပေးလိုက်၏။

“မင်းအရမ်းလည်းစိုးရိမ်စရာမလိုပါဘူး။ တူညီတဲ့မျိုးနွယ်စုရဲ့ဖွံ့ဖြိုးတိုးတက်မှုက အရမ်းမမြန်နိုင်ဘူးလို့ငါထင်တယ်။ အဲ့ဒီအချက်ကို သတိထားဖို့ပဲ ငါကသတိပေးချင်တာ။”

ထိုတော့မှ ကုထောင်ချွေ့ရှန်း စိတ်သက်သာရာရသွားခဲ့သည်။ ထို့နောက် ရုတ်တရက် သူ၏မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်၏။

“သူဌေး ဆိုလိုတာက ဒီနေ့တွေ့တဲ့မျိုးနွယ်စုက မနေ့ကနေ့ကတွေ့တဲ့မျိုးနွယ်စုနဲ့မတူဘူးလား။”

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေမယ့် သူဌေးအုပ်စုထဲမှာပြောခဲ့တာက အဲ့လိုမျိုးမဟုတ်ပါဘူး...”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“အုပ်စုထဲမှာ ငါပြောခဲ့တာက မျိုးနွယ်စုနှစ်စုက တစ်ပြိုင်နက်တည်း မတိုက်ဘူးဆိုတာပဲ။ ဒါပေမယ့် တစ်ကြိမ်တိုင်းမှာ မျိုးနွယ်စုတစ်ခုတည်းကပဲ တိုက်ခိုက်ရမယ်လို့ ပြောခဲ့ဘူး။”

ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။

ကုထောင်ချွေ့ရှန်းက အံ့အားသင့်စွာ ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။

“ကျွန်တော်နားလည်ပါပြီ။ သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် သူဌေး။”

“အင်း အဲ့ဒီအကျဉ်းသားတွေကို ကောင်းကောင်းအသုံးချ။ ဘာသာစကားနဲ့ပတ်သက်လာရင်တော့ မင်ူအတွက် အချိန်ယူရဦးမယ်။”

ရှောင်းယီက ပြောလိုက်သည်။

ကုထောင်ချွေ့ရှန်းသည် သူနှင့် အလွန်ဝေးလွန်းသောကြောင့် အကျဉ်းသားများကို ဘာသာစကားသင်ရန်ကြားရန်အတွက် ခေါ်လာပေး၍မရပေ။ သူတို့ကိုယ်သူတို့သာ အားကိုးရမည်ဖြစ်သည်။

ထိုအချိန်တွင် ဘေးတွင်ထားထားသော ဆက်သွယ်ရေးစက်မှ မြည်လာခဲ့လေသည်။

“ရှောင်းယီ ထွက်ပြေးသွားတဲ့သင်္ဘောနှစ်စီးက ငါတို့ဆီကနေ ကီလိုမီတာ ၂၀ အကွာမှာ ရပ်နေတယ်။”

အခန်း ၂၇၈

ကျန်းယွင်ထျန်း၏ အစီရင်ခံမှုကို ကြားလိုက်ပြီးနောက် ရှောင်းယီက ပြန်ပြောလိုက်သည်။

“သူတို့ရဲ့လှုပ်ရှားမှုတွေကို သေချာဂရုစိုက်ထား။ စိတ်မလှုပ်ရှားနဲ့။ သူတို့က ကျောက်တုံးအားပြန်ဖြည့်ဖို့ စောင့်နေတာဖြစ်နိုင်တယ်။”

“ဟုတ်ကဲ့!”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီတို့အဖွဲ့၏ ယခင်တိုက်ခိုက်မှုသည် သူတို့အား အရှုက်ထိစေခဲ့ပြီးဖြစ်၏။ သူတို့သည် သူတို့၏လုပ်နိုင်စွမ်းကို အလွန်အမင်းမျှော်လင့်ထားခြင်းမရှိဘဲ ထပ်မံတိုက်ရန်မှာ မဖြစ်နိုင်ပေ။

ပင်လယ်ပြင်ထက်တွင် ဒေသခံသင်္ဘောတစ်စင်းသည် ကျွန်းငယ်တစ်ခုဆီသို့ ရွက်လွှင့်လာနေခဲ့သည်။

တိလင်းထျန်းရှားသည် အဝေးရှိ ဒေသခံသင်္ဘောများကို ကြည့်ရှုကာ မျက်မှောင်ကြုံ့လိုက်၏။

“မနေ့ကတင် ငါ သူတို့ကို ပြန်ပြီးတွန်းလှန်ခဲ့တာလေ။ ဘာလို့ထပ်ရောက်လာကြပြန်တာလဲ။”

မနေ့က ဧကရာဇ်လင်းထျန်းရှားသည် သူ၏လက်ထဲရှိ လေးနှင့် ကိုယ်တိုင်ပြုလုပ်ထားသောကရိယာကို အသုံးပြုကာ သူတို့ကို အနိုင်ယူခဲ့သည်။

မျှော်လင့်မထားဘဲ ပင်လယ်ထက်တွင် သူတို့၏သင်္ဘောပျက်စီးနေသော အစိတ်အပိုင်းများကို ပြုပြင်နေသော ထိုဒေသခံများသည် ဤနေရာသို့ ပြန်ရောက်လာနေကြလေသည်။

“သေစမ်း! အဲ့ဒီသေသင့်တဲ့ယီရန်ပင်း! မင်းက ဘာကြောင့် ငါ့ကိုပိတ်ဆို့ချင်ရတာလဲ။ မဟုတ်ရင် ယီထျန်းအဖွဲ့ထဲဝင်ပြီး အဲ့ဒူးလေးကြီးကို ငှားရမ်းနိုင်လိမ့်မယ်။ ဒါဆို ငါလည်း အခုလောက်ထိ ဒုက္ခရောက်ရမှာမဟုတ်ဘူး။”

တိလင်ထျန်းရှားက ဆဲဆိုလိုက်၏။

သို့သော် ယခုအခါတွင် သူသည် သူ၏ကိုယ်ပိုင်ပြုလုပ်ထားသော အဝေးပစ်ကရိယာကို အသုံးပြု၍ ဌာနေတိုင်းရင်းသားများ လာရောက်သည့်နေရာသို့ ပစ်ကရိယာကို ရွေ့လျားရန် လိုအပ်သည်။

သူပြုလုပ်ခဲ့သော အဝေးပစ်ကရိယာသည် အလွန်အကြမ်းဆန်ပြီး ပစ်ခတ်မှုအင်အား နည်းပါးကာ တိကျမှုလည်းသိပ်မရှိပေ။ ဧကရာဇ်လင်းထျန်းရှားသည် သူတိုက်ခိုက်ချင်သည့် တည်နေရာသို့ ရောက်ရှိရန် အကြိမ်အနည်းးငယ်ပိုမိုပစ်ခတ်ရန် လိုအပ်ပေသည်။

တိလင်းထျန်းရှားသည် ထိုဒေသခံသင်္ဘောများ ပို၍ပို၍နီးကပ်လာသည်ကို ကြည့်လိုက်ပြီး ချက်ချင်းပင် ကျောက်တုံးများဖြင့် စတင်ပစ်ခတ်ရန် ပြင်လိုက်သည်။

သူသည် ကျောက်တုံးကို ပျဉ်ပြား၏တစ်ဖက်စွန်းတွင် တင်ထားပြီး ကျောက်တုံးကြီးတစ်လုံးကို သူ၏လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ကာ သစ်သားပြား၏အခြားအစွန်းတစ်ဖက်သို့ ခုန်တက်လိုက်လေသည်။

ကျောက်တုံးသည် ဝှစ်ရှ်ဆိုသည့်သံနှင့်အတူ ပျံသန်းထွက်သွား၏။

ဒေသခံများသည် သူတို့ဆီသို့ ပျံသန်းလာသော ကျောက်တုံးကို စိုးရိမ်တကြီး ကြည့်ရှုနေခဲ့ကြသည်။

သို့သော် ဗွမ်းဟူသည့်သံတစ်ချက်နှင့်အတူ ကျောက်တုံးသည် အံ့ဩဖွယ်ကောင်းသော မျဉ်းကွေးတစ်ခုကို ရေးဆွဲပြီး ပင်လယ်ထဲသို့ ကျသွားလေတော့သည်။

တိလင်းထျန်းရှား၏ တိုက်ခိုက်မှုကို ကြည့်ပြီးနောက် ဒေသခံများက ဟားတိုက်ကာ ရယ်မောကြလေတော့သည်။

ဤတိုက်ခိုက်မှုများအပြီးတွင် ဒေသခံများသည် တိလင်းထျန်းရှား၏ တိုက်ခိုက်မှုသည် အလွန်မတည်ငြိမ်ကြောင်း နားလည်သွားကြလေသည်။ အကယ်၍ သူတို့သာ ပို၍လျင်မြန်စွာ ပြေးလွှားနိုင်လျှင် သူတို့သည် အမြဲတမ်း ပြိုင်ဘက်၏ကျွန်းပေါ်သို့ ဆိုက်ရောက်နိုင်ပေသည်။

“ချီးဘဲ! နောက်တစ်ခါ လွဲသွားပြန်ပြီ။”

တိလင်းထျန်းရှားက ကျိန်ဆဲပြီး ချက်ချင်းပင် သူ၏အဝေးပစ်ကရိယာကို ချိန်ညှိကာ နောက်တစ်ကြိမ် ပစ်လွှတ်လိုက်၏။

ပလုံ!

ဤတစ်ကြိမ်တွင်လည်း ကျောက်တုံးသည် ပင်လယ်ထဲသို့သာ ပြုတ်ကျသွားပြီး ဒေသခံသင်္ဘောများမှာ ပိုမို၍သာ နီးကပ်လာခဲ့လေသည်။

“နောက်တစ်ခေါက်!”

တိလင်းထျန်းရှားသည် သူ၏အဝေးပစ်ကရိယာကို ထပ်မံချိန်ညှိလိုက်ပြီး နောက်တစ်ကြိမ် ပစ်လွှတ်လိုက်လေသည်။

နှစ်ကြိမ်ပစ်ပြီးနောက် သင်္ဘောသည် ကျွန်းမှ ၆၀ မီတာအကွာအဝေးသို့ ရောက်ရှိလာခဲ့သည်။

“ဒီတစ်ကြိမ်တော့ ငါတို့ အနိုင်ရမှဖြစ်မယ်!”

တိလင်ထျးန်းရှားက ကြိတ်၍ဆုတောင်းလိုက်သည်။

ဝှစ်ရှ်!

ကလစ်!

တိလင်းထျန်းရှား၏ဆုတောင်းခြင်းမှာ အကျိုးသက်ရောက်မှုရှိပုံရ၏။ ကျောက်တုံးသည် ဒေသခံသင်္ဘော၏ ညာဘက်လက်ရန်းကို အပြင်းအထန် ထိမှန်ကာ လက်ရန်းကို ကျိုးပဲ့သွားစေခဲ့လေသည်။

သူ၏တိုက်ခိုက်မှု ထိမှန်သွားသည်ကို မြင်လိုက်ရသော တိလင်းထျန်းရှားသည် ပျော်ရွှင်စွာဖြင့် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်မိ၏။

သို့သော် နောက်အခိုက်အတန့်တွင် သူသည် သူ၏တိုက်ခိုက်မှုမှာ ပျက်စီးမှုများစွာ ဖြစ်စေခဲ့ခြင်းမရှိဘဲ သင်္ဘောသည် ကမ်းစပ်ဆီသို့ အလျင်အမြန်ဦးတည်နေဆဲဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့လေသည်။

သူသည် ချက်ချင်းပင် သူ၏လေးကို ဆွဲထုတ်ကာ သင်္ဘောကုန်းပတ်ပေါ်ရှိ ဒေသခံများကို ဘေးဘက်မှနေ၍ စတင်ပစ်ခတ်လေတော့သည်။

အဝေးပစ်ကရိယာနှင့်နှိုင်းယှဉ်လျှင် တိလင်းထျန်းရှား၏ လေးနှင့်မြားမှာ ပိုမိုကောင်းမွန်ပေသည်။

နောက်ဆုံးတိုက်ပွဲအပြီးတွင် ဒေသခံများသည် တိလင်းထျန်းရှား၏လေးမှာ အားကောင်းကြောင်း သိရှိထားခဲ့ကြပြီးဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ကြပြီး တိလင်းထျန်းရှား၏ မြားများကို ပြန်လည်ခုခံရန်အတွက် သင်္ဘောပေါ်ရှိ အပိုသစ်သားပြားများကို သင်္ဘောဦးတွင် သံဖြင့်ရိုက်ထားခဲ့ကြလေသည်။

တိလင်းထျန်းရှားသည် မြားများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သော်လည်း သင်္ဘောပေါ်ရှိ မည်သူ့ကိုမျှ မထိခိုက်စေခဲ့ပေ။

“ငါဒီလိုနဲ့ပဲ ရှုံးနိမ့်သွားတော့မှာလား။”

တိလင်းထျန်းရှား၏ နှလုံးသားတစ်လုံးမှာ မကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

ဒေသခံသင်္ဘောမှာ ပိုမိုနီးကပ်လာပြီဖြစ်ပြီး တိလင်းထျန်းရှားသည် ကျောက်တုံးအနည်းငယ်ကို ထပ်မံပစ်ချခဲ့သော်လည်း ပျက်စီးမှုမှာ အလွန်အမင်း ကန့်သတ်ချက်ရှိနေဆဲပင်သည်။

ထို့အပြင် ဤအကြိမ်တွင် ဒေသခံများသည် သူ၏ကျွန်းပေါ်သို့ တက်ရောက်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ သင်္ဘောကိုယ်ထည် မည်မျှပင်ပျက်စီးနေစေကာမူ သူတို့သည် မည်သည့်တုံ့ပြန်မှုမျှပင်မပြုလုပ်ဘဲ ရပ်တန့်မနေခဲ့ကြပေ။

ဒေသခံများသည် သူတို့ ကျွန်းနှင့် ပိုမိုနီးကပ်လာသည်ကို မြင်တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် အော်ပင်အော်ဟစ်လိုက်ကြသေး၏။

တိလင်းထျန်းရှားသည် သူတို့၏ စိတ်လှုပ်ရှားကာ အော်ဟစ်နေသောအသံများကို စိတ်ထဲမှ တီးတိုးရေရွတ်လိုက်လေသည်။

“အရမ်းအပျော်စောမနေကြနဲ့။ မင်းတို့တက်လာခဲ့ရင်တောင် ငါ့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လွယ်လွယ်လေးယူလို့မရစေရဘူး။”

ဤသို့စဉ်းစားပြီးနောက် တိလင်းထျန်းရှားသည် ဒေသခံများကို မြားများဖြင့်အနှောင့်အယှက်ပေးရင်း ကျွန်းဆီသို့ ဆုတ်ခွာသွားခဲ့သည်။ သူ၏ကျွန်းသည် မကြီးမားသော်လည်း သေးငယ်သည်လည်း မဟုတ်ပေ။

ထို့အပြင် မကြာသေးမီကမှ ပြန်လည်ဖြစ်ပေါ်လာသော အပင်များကို မည်သူမျှ မခုတ်လှဲရသေးဘဲ ကျွန်းပေါ်တွင် ၂၀၀ စတုရန်းမီတာရှိသော သစ်တောငယ်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ထိုဒေသခံများ ကျွန်းပေါ်တက်လာပါက ဤသစ်တောငယ်လေးသည် သူတို့၏နောက်ဆုံးစစ်မြေပြင်ဖြစ်လာမည်ဖြစ်၏။

တိလင်ထျန်းရှား ဆုတ်ခွာနေစဉ်မှာပင် ဒေသခံသင်္ဘောသည် ကမ်းစပ်သို့ ရောက်ရှိလာခဲ့လေသည်။

ဒေသခံတစ်ဦးသည် ကျွန်း၏အခြေအနေကို လေ့လာရန် သတိဖြင့် သူ၏ဦးခေါင်းကို သစ်သားပြားများ၏အပြင်သို့ ထုတ်လိုက်သည်။

ဝှစ်ရှ်!

ထိုအခိုက်အတွင် ကျွန်းပေါ်မှ သစ်သားမြှားတစ်ချောင်း ပျံသန်းလာပြီး သူ၏ဦးခေါင်းကို ပြင်းထန်စွာ ထိမှန်သွားလေတော့သည်။

ထိုဒေသထံသည် စူးစူးဝါးဝါးအော်ဟစ်ရင်း ပင်လယ်ထဲသို့ ထိုးကျသွားလေသည်။

ယခုအချိန်တွင် အခြားဒေသခံများသည်လည်း အလောတကြီးမလုပ်ရဲကြတော့ပေ။

ခဏအကြာတွင် သင်္ဘောပေါ်မှ တဒေါက်ဒေါက်သံများ ကြားလိုက်ရလေသည်။

တိလင်းထျန်းရှားသည် ဒေသခံများက သင်္ဘောဦးတွင် သံဖြင့်ရိုက်ထည့်ထားသော သစ်သားပြားများကို ဖယ်ရှားကာ ထိုသစ်သားပြားများကို ကိုင်ဆောင်၍ သင်္ဘောမှဆင်းလာကြသည်ကို မြင်လိုက်ရ၏။

ဤနည်းဖြင့် တိလင်းထျန်းရှားသည် ထိုဒေသခံများကို မြားဖြင့်ပစ်ခတ်နိုင်မည် မဟုတ်တော့ပေ။

တိလင်းထျန်းရှားသည် ချက်ချင်းပင် သူ၏တည်နေရာကို ပြောင်းလဲလိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုဒေသခံများသည် သစ်သားပြားကို ကိုင်ဆောင်ထားသော်လည်း ၎င်းသည်ဒိုင်များကဲ့သို့မဟုတ်ဘဲ ပြောင်းလွယ်ပြင်လွယ် မရှိသောကြောင့်ဖြစ်သည်။

သူသည် အခြားတစ်ဖက်သို့ ပြေးသွားပြီး ဒေသခံများကို မြားဖြင့်ပစ်ခတ်လိုက်လေသည်။

တိလင်းထျန်းရှားသည် ဒေသခံနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် သူတို့သည်လည်း သစ်သားပြားကို ချိန်ညှိလိုက်ကြသည်။

သူတို့ ချိန်ညှိပြီးရုံသာရှိသေးသော်လည်း တိလင်းထျန်းရှားသည် အခြားတစ်ဖက်သို့ ထပ်မံရောက်ရှိသွားပြီဖြစ်ကာ နောက်ထပ်ဒေသခံနှစ်ဦးကို ထပ်မံသတ်ဖြတ်လိုက်လေသည်။

ဤအချိန်တွင် သင်္ဘောမှဆင်းလာသော ဒေသခံလေးဦးစလုံးသည် မြှားဖြင့်ထိမှန်ကာ ပင်လယ်ထဲသို့ ကျသွားခဲ့ကြလေသည်။

သင်္ဘောပေါ်ရှိ ဒေသခံများမှာ စူးစူးဝါးဝါးအော်ဟစ်လိုက်ကြ၏။

ထို့နောက် ကျောက်လှံများစွာသည် သင်္ဘောဆီမှ ပျံသန်းထွက်လာခဲ့သည်။ သို့သော် တိလင်းထျန်းရှားသည်လည်း သာမန်လူမဟုတ်ပေ။ သူ၏ခန္ဓာကိုယ်သည် D အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီးဖြစ်ကာ သာမန်လူများထက် များစွာသာလွန်နေပေပြီ။

ထိုကျောက်လှံများကို အလွယ်တကူ ရှောင်တိမ်းလိုက်နိုင်ပြီးနောက် တိလင်းထျန်းရှားသည် သင်္ဘောပေါ်မှ ဒေသခံအုပ်စုတစ်စု ထပ်မံဆင်းသက်လာသည်ကို တွေ့ရှိလိုက်လေသည်။

တိလင်းထျန်းရှားသည် ချက်ချင်းပင် သူ၏တည်နေရာကို စတင်ချိန်ညှိလိုက်၏။ သို့သော် ဤတစ်ကြိမ်တွင် သူသည် ထိုလူများမှာ သူတို့၏ဘေးတစ်ဖက်တစ်ချက်စီတွင် သစ်သားပြားတစ်ခုစီ ကိုင်ဆောင်ထားကြောင်း အံ့အားသင့်စွာပင် တွေ့ရှိလိုက်ရလေသည်။

သူတို့သည် သူတို့၏ရှေ့ဘက်တွင်ပင်လျှင် မည်သည့်ကွာဟချက်ကိုမျှ မထားရှိခဲ့ကြပေ။

“ချီးဘဲ! ဒါက ဒေသခံတွေလား။ ဒေသခံတွေဆိုတာ ယဉ်ကျေးမှုမရှိတဲ့ လူရိုင်းတွေသက်သက်ပဲ မဟုတ်ဘူးလား။ သူတို့က မျောက်တွေလိုမျိုး ဘယ်လိုတောင်ညဏ်ကောင်းနိုင်ရတာလဲ။”

တိလင်းထျန်းရှားက ကျိန်ဆဲလိုက်၏။

ထိုဒေသခံများ ကြီးမားသောသင်္ဘောပေါ်မှ နတါဘုရား၏အပိုင်ဖြစ်သောကျွန်းပေါ်သို့ ဆင်းလာတော့မည့်အချိန်တွင် ရုတ်တရက် ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရလေသည်။

တိလင်ထျးန်းရှားသည် အလတ်စားရွက်သင်္ဘောတစ်စင်းက ကမ်းစပ်တွင်ရပ်နေသော ဒေသခံသင်္ဘောကြီးကို ပြင်းထန်စွာဝင်တိုက်လိုက်သည်အား အံ့အားသင့်စွာဖြင့် ကြည့်ရှုနေခဲ့သည်။

ကလစ်!

ကြီးမားသော ဒေသခံသင်္ဘောကြီးသည် ထိုအလတ်စားရွက်သင်္ဘောဖြင့် ဝင်တိုက်မိပြီး အလယ်မှ ကျိုးပဲ့သွားလေသည်။ အလတ်စားရွက်သင်္ဘောသည်လည်း သက်သာခဲ့ခြင်းမရှိပေ။ သင်္ဘောဦးပိုင်းတစ်ခုလုံး လုံးဝပျက်စီးသွားခဲ့သည်။

ကြိုးလှေကားပေါ်တွင် ရှိနေသေးသော ဒေသခံများသည်လည်း ပြင်းထန်စွာထိခိုက်သွားပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ကြသည်။

တိလင်းထျန်းရှား၌ ထိုအရာကို မည်သူပြုလုပ်လိုက်ကြောင်း ကြည့်ရှုရန် အချိန်မရှိပေ။ သူသည် သူ၏လေးကြိုးကို ဆွဲတင်ကာ ပင်လယ်ထဲသို့ ကျသွားသော ဒေသခံများကို စတင်ပစ်ခတ်တော့လေသည်။

ဝှစ်ရှ်! ဝှစ်ရှ်!

မြှားများ တစ်ချောင်းပြီးတစ်ချောင်း ပျံသန်းထွက်ပေါ်လာခဲ့သည်။ တိလင်းထျန်းရှားသည် ပင်လယ်ထဲသို့ ကျသွားသော ဒေသခံခြောက်ဦးကို အမြန်ဆုံးသုတ်သင်နိုင်ခဲ့လေသည်။

ထို့အပြင် သင်္ဘောကျိုးပဲ့သွားသောကြောင့် ဒေသခံသင်္ဘောကြီးပေါ်ရှိ ဒေသခံများသည် ကမ်းစပ်ပေါ်သို့ အရူးအမူးခုန်ချကြလေတော့သည်။

တိလင်းထျန်းရှားသည် ကမ်းစပ်ပေါ်သို့ ခုန်ချလာသော ဒေသခံများကို ဆက်၍ပစ်ခတ်လိုက်သည်။

ခုန်ချလာသော ဒေသခံများမှာ အယောက် ၂၀ ကျော်ရှိ၏။ ထို့ကြောင့် တိလင်းထျန်းရှားသည် မည်မျှပင် အလျင်အမြန် ပစ်ခတ်နိုင်စေကာမူ သူသည် ထိုလူများအားလုံးကိုတော့ အချိန်မီကိုင်တွယ်နိုင်မည် မဟုတ်ပေ။

“ဥက္ကဌ စိတ်မပူနဲ့ ကျွန်တော်ရောက်လာပြီ။”

ထိုအချိန်တွင် အလတ်စားရွက်သင်္ဘောပေါ်မှ လူတစ်ဦးသည် ပျက်စီးနေသော လေးတစ်ခုကို ကိုင်ဆောင်ကာ ခုန်ချလာခဲ့သည်။ သူသည် ချက်ချင်းပင် လေးနှင့်မြှားကိုကိုင်ဆောင်ကာ ဒေသခံများကို စတင်ပစ်ခတ်လေတော့သည်။

ထိုသူမှာ ဧကရာဇ်လင်းချင်းလုံပင် ဖြစ်လေသည်။

အခန်း ၂၇၉

“ချင်းလုံ!”

ဧကရာဇ်တိလင်းထျန်းရှားသည် အလွန့်အလွန်ဝမ်းသာသွားပြီး ချက်ချင်းပင် အော်ဟစ်မိလိုက်သည်။

“ကောင်းတယ်! အရမ်းကောင်းတယ်! နတ်ဘုရားတွေက တကယ်ပဲ ငါ့ကိုကူညီနေတာပဲ။ ငါ့ကိုကူညီပြီး ဒီဒေသခံတွေကို အမြန်ဆုံးဖယ်ရှားလိုက်ရအောင်။”

“ဟုတ်ကဲ့!”

တိလင်းချင်းလုံက ပြန်ဖြေလိုက်သည်။

သူတို့နှစ်ဦးစလုံးတွင် လေးနှင့်မြှားများရှိ၏။ ထိုဒေသခံများမှာမူ ကြောက်စိတ်မွှန်နေပြီး သင်္ဘောပေါ်မှ အလျင်အမြန်ခုန်ချလာခဲ့ရသောကြောင့် ဒေသခံအချို့သာ လက်ထဲတွင် လက်နက်များကိုင်ဆောင်ထားခဲ့ကြပြီး ကျန်သူများမှာ လက်ဗလာဖြစ်နေကြလေသည်။

ဧကရာဇ်လင်းထျန်းရှားတွင် လေးနှင့်မြှားများသာမက သူတို့၏ကျောပေါ်တွင် သံလှံများလည်းရှိနေသေး၏။ ထိုဒေသခံများ၏ ကံကြမ္မာမှာ ကံဆိုးမိုးမှောင်ကျပေတော့မည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ကမ်းခြေပေါ်တွင် အလောင်းများစွာ လဲလျောင်းကျနေပြီး ဒေသခံနှစ်ဦးကိုတော့ တိလင်းထျန်းရှားက ဖမ်းဆီးထားခဲ့သည်။

ဒေသခံနှစ်ဦးကို ကြိုးတုတ်ပြီးနောက် တိလင်းထျန်းရှားသည် တိလင်းချင်းလုံကိုကြည့်ကာ ပြောလိုက်သည်။

“ပထမဆုံး စာချုပ်ကတ်ကို အသုံးပြုရမယ်!”

တိလင်းချင်းလုံ၏ မျက်လုံးထဲတွင် မကျေနပ်မှုအလင်းရောင်များ တစ်စွန်းတစ်စ ဖြတ်ပြေးသွားသော်လည်း သူသည် အလျင်အမြန်ဖုံးကွယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ!”

“စာချုပ်ကတ်ကို တိလင်စချင်းလုံဆီမှာ အသုံးပြုမယ်!”

တိလင်းထျန်းရှားက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် စာချုပ်ကတ်ကို အသုံးပြုရန် ရွေးချယ်လိုက်သည်။

ဧကရာဇ်လင်းချင်းလုံသည် အနီနက်ရောင်သံကြိုးများ သူ့ဆီသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသော်လည်း ခုခံမှုမပြုခဲ့ပေ။

ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်အင်အားသည် တိလင်းထျန်းရှား၏ခန္ဓာကိုယ်အင်အားထက် သာလွန်နိုင်မည်မဟုတ်ပေ။ အကယ်၍ သူသာ ဤအချိန်တွင် ခုခံလိုက်မည်ဆိုပါက သေချာပေါက် သေရပေလိမ့်မည်။

ပစ်မှတ်က ခုခံမှုမပြုသောကြောင့် စာချုပ်ချုပ်ဆိုမှုလုပ်ငန်းစဉ်မှာ အလွန်ချောမွေ့စွာ ပြီးဆုံးသွားခဲ့လေသည်။

“အသုံးပြုမှု အောင်မြင်ပါသည်။ ချင်ချင်းလုံသည် သင့်၏ စာချုပ်ချုပ်ဆိုသူ ဖြစ်လာပါမည်။”

စာချုပ်ချုပ်ဆိုခြင်းပြီးစီးပြီးနောက် တိလင်းထျန်းရှားသည် လုံးဝစိတ်သက်သာရာရသွားပြီး ပြုံးရယ်ကာပြောလိုက်သည်။

“ချင်းလုံ မင်း အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်။ အခုကစပြီး မင်းက ငါတို့ တိလင်းအင်ပါယာရဲ့ ဒုခေါင်းဆောင်ဖြစ်လာလိမ့်မယ်။”

“ဥက္ကဌကို ကျေးဇူးတင်ပါတယ်။”

ချင်ချင်းလုံသည် ဒူးတစ်ဖက်ထောက်ကာ သူ၏လက်တစ်ဖက်ကိုရင်ဘက်တွင်အပ်ရင်း ပြောလိုက်သည်။

“ထပါ ပြီးတော့ မင်းဘာလို့ ငါ့ဆီကို ဒီလောက်မြန်မြန်ရောက်လာတာလဲ။ အရင်က တွက်ချက်မှုတွေအရဆိုရင် ဒီနေ့မွန်းလွဲပိုင်း ဒါမှမဟုတ် ညနေပိုင်းမှ ရောက်လာရမှာ။”

တိလင်းထျန်းရှားက အနည်းငယ်ဒွိဟဖြစ်နေဟန်ဖြင့် မေးလိုက်သည်။

“နတ်ဘုရားတွေ ကျွန်တော့်ကို ဥက္ကဌရဲ့ကျွန်းပေါ်ကို အချိန်မတိုင်မီ ရောက်စေချင်တာဖြစ်နိုင်တယ်။ ကျွန်တော်လာတဲ့လမ်းတစ်လျှောက်က ချေမွေ့နေပြီး လေကလည်း အရမ်းပြင်းတယ်။ အဲ့ဒါကြောင့် ကျွန်တော် နာရီအနည်းငယ်စောပြီး ရောက်လာနိုင်ခဲ့တာ။”

“ကောင်းပြီ ဘုရားသခင်က ငါ့ကိုအခုထိ စောင့်ရှောက်နေတုန်းပဲ! မင်းသာမရှိရင် ဒီနေ့ငါအန္တရာယ်တော့ထဲ ကျရောက်သွားနိုင်တယ်။”

တိလင်းထျန်းရှားက ပျော်ရွှင်စွာ ပြောလိုက်သည်။

“ကျွန်တော်တို့သင်္ဘောကို အမြန်ပြန်ပြင်ရမယ်။ သင်္ဘောဦးပိုင်းရုပ်တုပျောက်သွားသလားဆိုတာ ကျွန်တော်သိချင်နေတယ်။”

ချင်ချင်းလုံက ချက်ချင်းပင် သတိပေးလိုက်သည်။

(A/N : ချင်ချင်းလုံဆိုတာက တိလင်းချင်းလုံရဲ့ အမည်အစစ်ပါ။ တိလင်းချင်လုံဆိုတာက ကျွန်းအထိမ်းအမှတ်ကျော်တိုင်မှာသုံးတယ် nickname ပါ။)

တိလင်းထျန်းရှားက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ချက်ချင်းပင် အလတ်စားရွက်သင်္ဘောကို ပြန်လည်ပြင်ဆင်ရန် ရွေးချယ်လိုက်လေသည်။

“ပြင်ဆင်ရန် လိုအပ်သော ပစ္စည်းများ- သစ်သားပြား ၃၅၊ သံ ၆၊ ကြေး ၄။ ပြင်ဆင်မှုကို အတည်ပြုပါသလား။”

“အတည်ပြုမယ်!”

တိလင်းထျန်းရှားက ရွေးချယ်လိုက်သည်။

ဤအရာများသည် အခြေခံပစ္စည်းများဖြစ်ပြီး တိလင်းထျန်းရှားသည်လည်း အများအပြားစုဆောင်းကာ သူ၏ကိုယ်ပိုင်ကျွန်းပေါ်တွင် ထားရှိထားခဲ့သည်။

“ပြင်ဆင်မှု အောင်မြင်ပါပြီ!”

တိလင်းထျန်းရှားသည် ချက်ချင်းပင် ကမ်းခြေဆီသို့ ပြေးသွားပြီး ပြင်ဆင်ပြီးသွားသော အလတ်စားရွက်သင်္ဘောပေါ်သို့ တက်သွားလိုက်၏။ သင်္ဘောဦးပိုင်းရှိနေသေးသည်ကို မြင်လိုက်ရသောအခါမှသာ သူ စိတ်သက်သာရာရသွားခဲ့လေသည်။

ဤအရာသည် အနာဂတ်တွင် သူ၏ကျွန်းပေါ်သို့ လူများပိုမိုလာရောက်နိုင်မည့် အရေးကြီးသော အရာဖြစ်သည်။

“ရှိနေသေးလို့တော်သေးတာပေါ့!”

ချက်ချင်းလုံသည် သင်္ဘောဦးပိုင်းရုပ်တုကို မြင်လိုက်ဪပြီးနောက် ပျော်ရွှင်စွာ ပြောလိုက်၏။

“ကောင်းပြီ မင်း အရင်ဆုံး ပျက်စီးနေတဲ့သင်္ဘောကို အရင်ဆုံးသိမ်းယူလိုက်ပါ။”

တိလင်းထျန်းရှားက ပြောလိုက်သည်။

ချင်ချင်းလုံသည် သင်္ဘောမောင်းခန်းအတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သက်ပြင်းချကာ သင်္ဘောမှဆင်းသွားခဲ့သည်။

ဧကရာဇ်တိလင်းထျန်းရှားသည် သူ့ကို ဒေသခံသင်္ဘောကို သိမ်းယူရန် တောင်းဆိုခြင်းမှာ သူ့ကို ထိုသင်္ဘောပေါ်မှ ဖယ်ရှားရန်အတွက်သာဖြစ်ပေသည်။

ယခုအခါတွင် လူတိုင်းသိထားသည်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပိုင်ရှင်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထောက်လှမ်းနိုင်သည့် အကွာအဝေးအတွင်းတွင် မရှိပါက အခြားသူများသည် ထိုကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ် လက်ခံနိုင်ပေသည်။

တိလင်းထျန်းရှား၏အမြင်တွင် ချင်ချင်းလုံသည် သူနှင့် စာချုပ်ချုပ်ဆိုပြီးသွားပြီဖြစ်သောကြောင့် ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သူ၏လက်အောက်ထံအဖြစ် ထည့်သွင်းမည်မှာ သဘာဝကျပေသည်။

ဧကရာဇ်လင်းထျန်ရှား ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ထိလိုက်သည်နှင့်တပြိုင်နက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဖျက်ဆီးမည်လား သို့မဟုတ် လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ် သိမ်းယူမည်လား။”

“လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ် သိမ်းယူမယ်။”

ဧကရာဇ်လင်းထျန်ရှားက ပြန်ဖြေလိုက်သည်။

ချင်ချင်းလုံသည် နစ်မြုပ်လုနီးပါးဖြစ်နေသော ဒေသခံသင်္ဘောပေါ်သို့ တက်လာခဲ့လိုက်၏။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရှိနေသော ဧကရာဇ်လင်းထျန်းရှားက အသိပေးချက်တစ်ခုကို ရရှိခဲ့သည်။

“သင်၏စာချုပ်ချုပ်ဆိုသူသည် ပျက်စီးနေသော အလတ်စားရွက်သင်္ဘောတစ်စင်းကို သိမ်းယူထားပါသည်။ ပြင်ဆင်လိုပါသလား။”

“ပြင်မယ်!”

တိလင်းထျန်းရှားက ချက်ချင်းပင် ရွေးချယ်လိုက်သည်။

ပျက်စီးနေသော အလတ်စားရွက်သင်္ဘောအတွက် ပစ္စည်းများကို ပိုမိုသုံးစွဲခဲ့ရသော်လည်း တိလင်းထျန်းရှားအတွက်မူ ထိုပမာဏမှာ ဖော်ပြရန်ပင် မထိုက်တန်ပေ။

“ဒီနေ့ဟာ တကယ်ကိုရက်ရာဇာပဲ!”

တိလင်းထျန်းရှား ပြောလိုက်သည်။

“ငါတို့ ဒေသခံတွေရဲ့ တိုက်ခိုက်မှုကို ဖြေရှင်းနိုင်ခဲ့ရုံတင်မကဘူး အလတ်စားရွက်သင်္ဘောတစ်စင်းကိုလည်း ရရှိခဲ့တယ်။ မင်းလည်း ငါ့ကျွန်းပေါ်ကို အောင်အောင်မြင်မြင်နဲ့ရောက်ရှိလာခဲ့တယ်။ ဒါက သုံးထပ်ကွမ်းကံ့ကောင်းခြင်းပဲ။”

ထိုစဉ် ချင်ချင်းလုံက သတိပေးလိုက်သည်။

“ကျွန်တော်တို့မှာ ဒေသခံအကျဉ်းသားနှစ်ဦး ရှိနေသေးတယ်။”

“ဟုတ်သား အကျဉ်းသားတွေ ရှိနေသေးတာပဲ။ သွားကြည့်ရအောင်။”

တိလင်းထျန်းရှားက ပြုံးရယ်ကာ ပြောလိုက်၏။ ထို့နောက် ကြိုးတုတ်ခံထားရသော အကျဉ်းသားနှစ်ဦးရှိရာနေရာဆီသို့ လျှောက်သွားခဲ့လေသည်။

အကျဉ်းသားနှစ်ဦးသည် တိလင်းထျန်းရှားရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဗလုံးဗထွေးဖြင့် အော်ဟစ်ကြလေတော့သည်။

သို့သော် တိလင်းထျန်းရှားနှင့် ချင်ချင်းလုံတို့သည် တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးမှုများစွာဖြင့် ကြည့်မိလိုက်ကြ၏။

“ယီရန်းပင်းက ဒီလိုဘာသာစကားမျိုးကို နားလည်နိုင်တယ်လား။ မင်းလိမ်နေတာလား။”

တိလင်းထျန်းရှားက ပြောလိုက်လေသည်။

“သူက အရင်တုန်းက ဒီလိုမျိုး ဒေသခံဘာသာစကားတွေကို လေ့လာတဲ့ ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့တာဖြစ်နိုင်တယ်။”

ချင်ချင်းလုံက ခန့်မှန်းလိုက်သည်။

တိလင်းထျန်းရှားက သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။

“မဟုတ်ဘူး ဒေသခံဘာသာစကား ကျွမ်းကျင်သူတွေတောင် သူတို့ရဲ့ဘာသာစကားကို ဖော်ထုတ်ဖို့ အချိန်လိုသေးတယ်။ ဒီလောက်ထိ မြန်မြန်လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

“သူက မှော်ပညာတွေကိုသိထားဖြစ်ပြီး တစ်ဖက်လူရဲ့ ဘာသာစကားကို တိုက်ရိုက်ဖော်ထုတ်နိုင်တာများ ဖြစ်နိုင်လောက်မလား။”

ချင်ချင်းလုံက ပြောလိုက်၏။

“သူမှာ တကယ်ပဲ အဲ့ဒီလိုမှော်အတတ်မျိုးရှိရင် အခြားသူတွေအတွက် သူ့နောက်ကို အမီလိုက်ဖို့ ခက်ခဲသွားလိမ့်မယ်!”

တိလင်းထျန်းရှားက ပြောလိုက်သည်။

ဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိပါက အချက်အလက်များစွာကို ရရှိနိုင်မည်မဟုတ်ဘဲ အချက်အလက်များလည်း ညီမျှတော့မည်မဟုတ်ပေ။ ရှောင်းယီသည်မူ ထိုအခွင့်အလမ်းများကို ရရှိပြီးသားဖြစ်လေသည်။

“မှတ်ထားပါ၊ ငါတို့အဖွဲ့ထဲကလူတွေကို ယီထျန်းအဖွဲ့ထဲက ဒေသခံတွေအကြောင်း အချက်အလက်တွေ ပိုမိုရှာဖွေဖို့ ပြောထားလိုက်။ ပြီးရင် အချက်အလက်ရပြီဆိုတာနဲ့ ငါ့ကို ချက်ချင်းအစီရင်ခံရမယ်။”

တိလင်းထျန်းရှားက သတိပေးလိုက်သည်။

“ဟုတ်ကဲ့!”

ချင်ချင်းလုံက ပြန်ဖြေသည်။

“မင်း ဒီမှာရောက်နေပြီဆိုတော့ အနီးအနားက အဖွဲ့ဝင် ငါးယောက်ကိုရှာပြီး ငါနဲ့ပူးပေါင်းဖို့အတွက် သူတို့ကိုသွားခေါ်လာခဲ့!”

တိလင်းထျန်းရှားက ပြောလိုက်သည်။

“ဟုတ်ကဲ့၊ ကျွန်တော် သူတို့နဲ့ ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်!”

ချင်ချင်းလုံက ပြန်ဖြေလိုက်သည်။

ချင်ချင်းလုံနှင့်အတူ တိလင်းထျန်းရှားသည် အလုပ်များအားလုံးကို သူ့ဆီသို့ လွှဲအပ်ပေးလိုက်နိုင်ပြီး နောက်ဆုံးတွင် အရာအားလုံးကို ကိုယ်တိုင် လိုက်လုပ်စရာမလိုတော့ပေ။

ရှောင်းယီ၏ကျွန်း အိမ်ယာခြံဝင်းအနီးရှိ ကုန်းမြေပေါ်တွင် ယွမ်နွန်သည် ဓားတစ်လက်နှင့် ရာဘာပင်ဘေးတွင် ရပ်နေခဲ့လေသည်။

သူသည် သူ၏ဘယ်ဘက်လက်ထဲတွင် ဓားကိုင်ထားပြီး လက်ကောက်ဝတ်ကို ကောင်းထည့်ကာ ဓားကိုတည်ငြိမ်စေရန် ညာဘက်လက်ညှိုးဖြင့် ဓားနောက်ကို ဖိကိုင်ထားသည်အား မြင်လိုက်ရသည်။ သူသည် ဓားကို အတွင်းဘက်သို့စောင်းကာ သစ်ခေါက်အတွင်းသို့ ထိုးသွင်းပြီး ရှေ့သို့ ဆတ်ခနဲဆွဲယူလိုက်သည်။

သစ်ခေါက်ပေါ်ရှိဓားရာမှ အဖြူရောင်အရည်တစ်ခုသည် စီးထွက်လာ၏။

ဓားတစ်ချက် တစ်ချက်ပြီးတစ်ချက်ဖြင့် သစ်ပင်ပေါ်ရှိ သစ်ခေါက်ပေါ်တွင် စတုရန်းပုံစံ ဖြတ်ထုတ်ကာ ဓားဖြင့်ခြစ်ထုတ်ပစ်လိုက်ပြီး ဓားကို ဝေးဝေးတွင် ပြန်ထားလိုက်သည်။

တစ်ကြိမ်တည်းဖြင့် အလုပ်ပြီးစီးသွား၏။

ရှောင်းယီသည် အစောပိုင်းကတည်းက ဘေးနားတွင် ရပ်ကာ ယွမ်နွန်၏ လှုပ်ရှားမှုများကို ကြည့်ရှုနေခဲ့သည်။ သူ၏လှုပ်ရှားမှုများ ပြီးဆုံးသွားသောအခါ လက်ခုပ်တီးပြီး ပြောလိုက်၏။

“တကယ်ကိုကျွမ်းကျင်တာပဲ!”

သစ်ပင်အောက်တွင်လည်း ထိုအရည်များကို ဖမ်းယူရန် အထူးပြုလုပ်ထားသော သစ်သားပုံးတစ်လုံး ရှိနေပြီးသားဖြစ်သည်။

“ငါအရင်ကသင်ယူခဲ့တာတွေကို မမေ့သေးတာ ကံကောင်းတယ်။”

ယွမ်နွန်က ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် ထွက်လာသောအရည်များကို ကြည့်ကာ မေးလိုက်၏။

“အဲ့ဒါကနေ ရာဘာအဖြစ် ဘယ်လိုပြောင်းသွားတာလဲ။”

“ဒီအကြောင်းတော့ ငါသိဘူး။ လီယန်ကို မေးလိုက်။ သူမက ဒါကိုအသုံးပြုတတ်တယ်ဆိုတော့ အကြမ်းဖျင်းတော့နားလည်သင့်တယ်။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ကောင်းပြီ ကျွန်တော်သူမကို အခုချက်ချင်းသွားရှာပြီး မေးလိုက်မယ်။ အထူးလိုအပ်တာတွေရှိရင် အစောကြီးပြင်ဆင်ထားလိုက်ဦး။”

ထိုသို့ပြောပြီးနောက် ရှောင်းယီ သစ်သားစက်ရုံဆီသို့ လျှောက်သွားလိုက်သည်။

“ဟုတ်တယ် ဒါပဲ။ ဒါက ငါ့ရဲ့ပထမဆုံးအကြိမ် ဂါဝန်ချုပ်တာဆိုပေမယ့် အရမ်းကောင်းနေပြီ။”

ရှောင်းယီသည် အဝေးကြီးကနေပင် လီယန်၏အသံကို ကြားနေရလေသည်။

All Chapters