← Chapters

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အခန်း ၂၈၀

ရှောင်းယီ သစ်သားစက်ရုံအတွင်းသို့ ဝင်လာသောအခါ လုပင်းအာသည် ဂါဝန်တစ်ထည်ကိုင်ဆောင်ထားပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် အမူအရာများလုပ်ပြနေသည်ကို မြင်လိုက်ရလေသည်။

“အင်း အဲ့ဒါက တော်တော်လေးကြည့်ကောင်းတယ်!”

ရှောင်းယီက ထိုဂါဝန်ကိုကြည့်ပြီး ပြုံးရယ်ကာ ပြောလိုက်သည်။

လုပင်းအာသည် ချက်ချင်းပင် ရှက်ကိုးရှက်ကန်းဖြင့် ဂါဝန်ကို ပတ်စကိုက်သည့်စားပွဲပေါ်သို့ တင်ကာလိုက်ကာ လေသံတိုးတိုးလေးဖြင့် ပြောလိုက်၏။

“ဒါက ကျွန်မရဲ့ပထမဆုံးအကြိမ်လုပ်တဲ့ ဂါဝန်မို့လို့ ကောင်းကောင်းလုပ်နိုင်မှာကို ကြောက်နေတာ။”

“ပင်းအာ မင်းယုံကြည်မှုရှိရမယ်။ ငါအရင်က လက်အောက်ငယ်သားတွေအများကြီးကို ဦးဆောင်ခဲ့ဖူးတယ်။ မင်းက တကယ်ပဲ အရာအားလုံးကို အမြန်ဆုံးသင်ယူတဲ့နိုင်သူပဲ။”

လီယန်က ပြောလိုက်သည်။

“ဟုတ်တယ် မင်းက အရာရာကို အရမ်းမြန်မြန်သင်ယူနိုင်တာပဲ။ အခုဆို ဂါဝန်တွေအထိတောင် ကောင်းကောင်းလုပ်နိုင်နေပြီ။ ပိုပြီး ယုံကြည်မှုရှိစမ်းပါ။”

ရှောင်းယီက ပြောလိုက်သည်။

လုပင်အားသည် သူတို့နှစ်ဦးထံမှ ချီးကျူးမှုကိုခံလိုက်ရပြီးနောက် မျက်နှာတစ်ပြင်လေားနီရဲလာကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်၏။

“မဖြစ်နိုင်ပါဘူးနော်။”

ရှောင်းယီသည် မျှော်လင့်ချက်မဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

“ဖြည်းဖြည်းချင်းပဲ လုပ်ပါ။ လူတစ်ယောက်ရဲ့သဘောသဘာဝက တစ်ခါတည်းနဲ့ ပြောင်းလဲလို့မရဘူး။”

လီယန်က ခေါင်းညိတ်ပြီး ရှောင်းယီကိုကြည့်ကာ မေးလိုက်၏။

“မင်း အန်တီ့ကို လာရှာတာလား။”

ရှောင်းယီက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ဟုတ်တယ် ရာဘာပင်ကရတဲ့အရည်ကနေ ရာဘာဘယ်လိုလုပ်ရတာလဲဆိုတာ မေးဖို့လာခဲ့တာ။”

လီယန်က သူမ၏ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။

“မင်းပြောနေတဲ့အရည်ကို ရာဘာစေးလို့ခေါ်တယ်။ ရာဘာစေးကို ခဲအောင်လုပ်ပြီး ဆေးကြောရမယ်။ ဆေးပြီးရင် ပုံသွင်းပြီး အခြောက်ခံရမယ်။ ခြောက်သွားပြီးရင် သဘာဝရာဘာကို ရနိုင်ပြီ။”

ရှောင်းယီက ပခုံးတွန့်ကာ ပြောလိုက်၏။

“ဒါက အန့်တီရဲ့ကျွမ်းကျင်မှုပဲ။ အဲ့ဒီအဆင့်လေးဆင့်အတွက် ဘာတွေလိုအပ်လဲဆိုတာ ပြောပါဦး။ ကျွန်တော် ကြိုတင်ပြင်ဆင်ထားနိုင်အောင်လို့။”

“ရာဘာစေးကို စုဆောင်းပြီးရင် အဲ့ဒါကို အားပျော့သွားအောင် ရေရယ်၊ အက်ဆစ်ရယ်နဲ့ ရောစပ်ရမယ်။ ပြီးရင် သူ့ကို ခဲအောင်လုပ်ရမယ်။ ကျန်တဲ့အဆင့်တွေကိုတော့ လက်နဲ့လုပ်လို့ရတယ်။”

လီယန်က ပြန်ဖြေလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြီး ထပ်မေးလိုက်၏။

“ဆိုလိုတာက ကျွန်တော်တို့မှာ အက်စစ်မရှိသေးဘူးလို့ ပြောချင်တာလား။”

“ဟုတ်တယ် ဒါပေမယ့် ရာဘာစေးကို စုဆောင်းတဲ့အခါ အခဲနည်းနည်းတော့ရှိလိမ့်မယ်။ အဲဒါတွေကို ဆေးကြောအခြောက်ခံပြီးရင် တိုက်ရိုက်သုံးလို့ရတယ်။”

လီယန်က ပြောလိုက်သည်။

“အဲ့ဒါကြောင့် အက်ဆစ်ကို အရမ်းအရေးတကြီးလိုအပ်နေတာမျိုးတော့ မဟုတ်သေးဘူး။”

ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကောင်းပြီ ဒါဆို ကျွန်တော် အက်ဆစ်လုပ်ဖို့ကုန်ကြမ်းပစ္စည်းတွေနဲ့ လုပ်ငန်းစဉ်တွေကို အရင်ရှာကြည့်ထားလိုက်မယ်။”

“အင်း!”

ရှောင်းယီသည် သူမေးချင်သည့်မေးခွန်း၏အဖြေကိုရရှိသွားပြီးနောက် ဗီလာသို့ ပြန်လျှောက်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ရောက်လာခဲ့သည်။

“ဒီဒီ!! ကုထောင်ချွေ့ရှန်းက သင်နဲ့စကားပြောဖို့တောင်းဆိုနေပါတယ်။”

ရှောင်းယီသည် ချက်ချင်းပင် ဆက်သွယ်ကာ မေးလိုက်သည်။

“ဘာဖြစ်တာလဲ။ တခြားဒေသခံတွေက မင်းတို့ကို ထပ်ပြီးတိုက်ခိုက်ဖို့လာကြတာလား။”

“မဟုတ်ဘူး ဒီမှာ ပြဿနာတစ်ခု တွေ့နေလို့ပါ။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“အဲ့ဒါ ပင်လယ်သတ္တဝါတွေက အုတ်မြစ်ကျောက်ကိုတိုက်ခိုင်တဲ့ပြဿနာနဲ့ ပတ်သက်နေတယ်။’

“ဘာဖြစ်နေတာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ဒီနေ့ ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုကို ကာကွယ်နေတုန်း ဒါကိုဖမ်းမိခဲ့တယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“ဟဲတေးငါး (C အဆင့်) ၁”

ရှောင်းယီသည် ခဏကြာအောင် ကြောင်အသွားပြီးနောက် မေးလိုက်သည်။

“မင်းရဲ့ကျွန်းကို C အဆင့် ပင်လယ်သတ္တဝါတွေ တိုက်ခိုက်နေတာလား။ ဘယ်တုန်းကစခဲ့တာလဲ။”

ကုထောင်ချွေ့ရှန်းက ခေါင်းခါကာ ပြောလိုက်သည်။

“ဘယ်တုန်းကစခဲ့တာလဲဆိုတာတော့ ကျွန်တော်မသိဘူး။ အရင်တုန်းက ပင်လယ်သတ္တဝါတွေက ကျွန်တော့်ဆီက ဒဏ်ရာရပြီးတာနဲ့ ထွက်ပြေးသွားကြတာ။ ဖမ်းမိတာက တော်တော်‌လေးနည်းတယ်။ ဒီတစ်ခါတော့ သုံးယောက်ပေါင်းပြီး နောက်ဆုံးမှာ ဒီငါးကိုဖမ်းမိခဲ့တယ်။ ဒါပေမယ့် C အဆင့်ဖြစ်နေမယ်လို့တြော မထင်ထားခဲ့ဘူး။”

ရှောင်းယီ မျက်မှောင်ကြုံ့ကာ ထပ်မေးလိုက်သည်။

“ဒါဆို မင်းတိုက်ခိုက်တဲ့အချိန်မှာ ခံစားချက်အနည်းငယ်ရှိသင့်တယ်။ C အဆင့်နဲ့ သာမန်ပင်လယ်သတ္တဝါတွေကို ကိုင်တွယ်ရတာက မတူဘူး။”

ကုထောင်ချွေ့ရှန်းက ခဏကြာအောင် စဉ်းစားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“သူဌေးပြောတဲ့အတိုင်းဆိုရင် သူတို့နှစ်ယောက် ကျွန်းပေါ်ရောက်လာပြီးနောက်မှာပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ခံစားချက်တွေ မှားနေမှာကို စိုးရိမ်မိတယ်။”

ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ငါ အုပ်စုထဲမှာရှိတဲ့လူတွေကို အခြေအနေမေးကြည့်လိုက်ဦးမယ်။”

“ဟုတ်ကဲ့ပါ သူဌေး။ ကျွန်တော်က ဒီလိုမျိုးပုံမှန်မဟုတ်တဲ့အချက်ကို သူဌေးကိုအစီရင်ခံတာပါ။ ဒီဟဲတေးငါးကိုလည်း သူဌေးကိုပေးလိုက်ပါ့မယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။ ထို့နောက် သူသည် ရှောင်းယီဆီသို့ ငွေကြေးလဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။

“[ဟဲတေးငါး] (C အဆင့်) ၁ - လဲလှယ်မှုမရှိပါ။”

ထိုလဲလှယ်မှုကိုမြင်သောအခါ ရှောင်းယီက ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

“မလိုပါဘူး။ အဲ့ငါးကို မင်းကိုယ်တိုင်စားပြီး မင်းရဲ့ခန္ဓာကိုယ်ကို အမြန်ဆုံးတိုးတက်အောင်လုပ်ပါ။ ဒေသခဲတွေရဲ့တိုက်ခိုက်မှုက တဖြည်းဖြည်း ပိုပြီးပြင်းထန်လာတော့မှာ။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး!”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေပြီးနောက် စကားပြောဆိုမှုကို အဆုံးသတ်လိုက်သည်။

ထို့နောက် ရှောင်းယီသည် ယီထျန်းအုပ်စုထဲတွင် တိုက်ရိုက်မေးလိုက်သည်။

“ကျွန်းပေါ်မှာ လူတစ်ဦးထက်ပိုရှိတဲ့ ညီအစ်ကိုတို့ မင်းတို့ကျွန်းကိုတိုက်ခိုက်လာတဲ့ ပင်လယ်သတ္တဝါတွေ အဆင့်မြင့်လာသေးလား။”

သူထိုမေးခွန်းမေးလိုက်ပြီး မကြာခင်မှာပင် လူတိုင်း ထိုအကြောင်းကို အပူတပြင်း ဆွေးနွေးကြ‌လေတော့သည်။

“လခွမ်း! ဘာတွေဖြစ်နေတာလဲ။ လူများလာတာနဲ့အမျှ ပင်လယ်သတ္တဝါတွေရဲ့အဆင့်တွေကလည်း တက်လာမှာလား။”

“ဒါက လူတွေ အသက်ရှင်နိုင်အောင် ခွင့်ပြုပေးထားရောဟုတ်ရဲ့လား။”

ရှောင်းယီသည် ရွေးချယ်စရာမရှိဘဲ ဆက်လက်ပြောလိုက်ရတော့သည်။

“ဒီနေ့တစ်စုံတစ်ယောက်က သူတို့လူတွေနဲ့ ပူးပေါင်းပြီးတဲ့နောက်မှာ သူတို့ကျွန်းရဲ့အုတ်မြစ်ကျောက်ကိုတိုက်ခိုက်တဲ့ C အဆင့် ဟဲတေးငါးတစ်ကောင်ကို ဖမ်းမိတယ်လို့ အစီရင်ခံခဲ့တယ်။”

“ဝိုး၊ C အဆင့် ဟဲတေးငါးလား။ အဲ့ဒီငါးက အရသာရှိရုံတင်မကဘူး ခန္ဓာကိုယ်ကိုပါ တိုးတက်စေတယ်။ ငါလည်းစားချင်လိုက်တာ။”

“အပေါ်ကလူက အစားကြူးတဲ့လူပဲ။ ငါအကဲဖြတ်ပြီးပြီ။”

“ဒီအချိန်မှာ မင်းရဲ့အာရုံက C အဆင့် ပင်လယ်သတ္တဝါတွေ ကျွန်းကိုတိုက်နေတယ်ဆိုတာကို အာရုံစိုက်သင့်တာမဟုတ်ဘူးလား။”

“ဟုတ်တယ် ငါ့ကျွန်းမှာ လူနှစ်ယောက်ရှိတယ်။ ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုက တကယ်ပဲပြင်းထန်တယ်။ ဒါပေမယ့် C အဆင့် ဟုတ်မဟုတ်တော့ ပြောဖို့ခက်တယ်။”

“ဟုတ်တယ် တစ်ကောင်ကိုမှ မဖမ်းမိဘူးဆိုရင် အဆင့်ဘယ်လောက်ရှိမှန်းလည်း သိမှာမဟုတ်ဘူး။”

“ပင်လယ်သတ္တဝါရဲ့တိုက်ခိုက်မှုကို ပြန်တွန်းလှန်နိုင်ရင်ကို ကောင်းနေပြီ။ မင်းက ဖမ်းပြီး အကဲဖြတ်ဖို့တောင်စဉ်းစားနေသေးတာလား။”

“မှန်တယ်။ သူဌေး မင်းကအရမ်းစွမ်းအားကြီးတာပဲဟာ။ နေ့စဉ်လာတိုက်တဲ့ ပင်လယ်သတ္တဝါတွေကို အတည်ပြုလို့မရဘူးလား။”

ရှောင်းယီ ခေါင်းခါကာ အုပ်စုထဲတွင် ပြန်ဖြေလိုင်သည်။

“ငါနဲ့ငါ့အဖွဲ့ဟာ ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုကို ဂရုမစိုက်တော့တာ ကြာပြီ။”

“ဟမ်! သူဌေးပြောချင်တဲ့အဓိပ္ပါယ်က ဘာလဲ။ ငါ နားမလည်ဘူး။”

“ငါရောပဲ။ သူဌေးရဲ့ကျွန်းက အရမ်းကြီးနေလို့ နေ့စဉ်ပင်လယ်သတ္တဝါတွေ လာဖျက်ဆီးတာကို ဂရုမစိုက်တော့တာလား။”

“မင်းဘာတွေးနေတာလဲ။ အခုချိန်မှာသာ ပင်လယ်သတ္တဝါတွေကို ဂရုမစိုက်ရင် သူတို့က ဆက်ပြီးဖျက်ဆီးနေမှာပဲ။ မင်းရဲ့ကျွန်းက ဘယ်လောက်ပဲကြီးကြီး ဒီလိုညှင်းပန်းမှုမျိုးကိုတော့ ခံနိုင်မှာမဟုတ်ဘူး။”

“အမှန်ပဲ။ သူဌေးမှာ ကျွန်းရဲ့အုတ်မြစ်ကျောက်ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ရေးပစ္စည်းတွေရှိတယ်လို့ ငါသံသယရှိမိတယ်။”

“ဟမ်! ပစ္စည်းလား။ အဲ့ဒါက ဘယ်လောက်ကြီးလောက်လဲ။ ကျွန်းတစ်ခုလုံးကို ဖုံးအုပ်နိုင်လောက်လား။”

“အဲ့ဒီလိုပစ္စည်းမျိုး မရှိဘူး။ ငါကတော့ သူဌေးက အဲ့ဒီတာဝန်ကို အခြားသူတွေလက်ထဲ အပ်ထားတာလို့ထင်တယ်။”

“အပေါ်ကလူ မင်းမေးခွန်းကို သေချာပြန်ဖတ်စမ်းပါ။ သူဌေးပြောတာက သူနဲ့သူ့အဖွဲ့က ဂရုမစိုက်တော့ဘူးလို့ ပြောထားတာတာ။ ကျွန်းကိုကာကွယ်ဖို့ အပြင်လူတွေကို ငှားရမ်းတယ်လို့ ဆိုလိုချင်တာများလား။”

“ဘာလဲ။ ဒါကိုလည်း အပြင်လူတွေကို ငှားရမ်းလို့ရတာလား။ ဈေးနှုန်းမှန်ရင် ငါလည်းငှားချင်တယ်။”

“မင်းဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ။ ကိုယ့်ရဲ့အသက်ရှင်ရေးအတွက် အရေးကြီးတဲ့အရာကို အပြင်လူတွေကို ဘယ်လိုအပ်နှံနိုင်မှာလဲ။”

“ဒါဆို သူဌေးက ပင်လယ်သတ္တဝါတွေကို ဘယ်လိုကာကွယ်တယ်လို့ မင်းထင်လဲ။”

“ငါကတော့ အပေါ်ကလူရဲ့ အမြင်ကိုပဲ ယုံကြည်တယ်။ အဲ့ဒါက ငါးမောင်ထုတ်စက်နဲ့ အလားတူတဲ့ ပစ္စည်းမျိုးဖြစ်သင့်တယ်။”

“ဟုတ်တယ် သူဌေးရဲ့ အပျော်စီးသင်္ဘောပေါ်က ငါးမောင်းထုတ်စက်တစ်ခု တပ်ဆင်ထားတယ်ဆိုတာ ငါမှတ်မိတယ်။ အဲ့ဒါက အရမ်းကိုမှ ခေတ်ရှေ့ပြေးနေတဲ့ အဆင်မြင့်ငါးမောင်ထုတ်စက်ပဲ။”

“ဟုတ်တယ် အဲ့ဒါပဲဖြစ်သင့်တယ်။”

“မှန်ပါတယ်။ ဒါပေမယ့် အပျော်စီးသင်္ဘောပေါ်မှာ နပ်ဆင်ထားတဲ့ ငါးမောင်ထုတ်စက်က SSS အဆင့်ပဲ။ ပြီးတော့ အခုချိန်မှာ အဲ့ဒါကို အပျော်စီးသင်္ဘောနဲ့အတူ ငှားရမ်းထားတယ်လေ။ အဲ့ဒါကို ကျွန်းပေါ်မှာဘယ်လိုထားထားနိုင်မှာလဲ။”

“သူဌေးမှာ အဲ့လိုငါးမောင်းထုတ်စက်မျိုး နှစ်ခုရှိနေရင်ရော။”

“မင်းတွေးနေတာတွေက အဓိပ္ပာယ်မရှိဘူး။ အခုထိ SSS အဆင့် ပစ္စည်းတစ်ခု ရထားတဲ့သူရှိပြီလား။ တစ်ခုတစ်လေ ရဖို့တာတောင်မှ အရမ်းရှားပါးနေတာ။ SSS အဆင့် ငါးမောင်းထုတ်စက်တစ်မျိုးတည်းကို နှစ်ခုရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်းမှာ ဦးနှောက်မရှိဘူးလား။”

အခန်း ၂၈၁

“မင်းဘယ်သူ့ကိုဦးနှောက်မရှိဘူးလို့ပြောနေတာလဲကွ။ သူဌေးရထားတဲ့ SSS အဆင့် ပစ္စည်းဘယ်နှစ်ခုရှိနေပြီလဲဆိုတာ မင်းရေတွက်ကြည့်ဖူးလား။ တူညီတဲ့ပစ္စည်းတစ်မျိုးတည်း နောက်တစ်ခုထပ်ရှိနေတယ်ဆိုရင်တောင် ပြဿနာရှိလို့လား။”

“ဟမ့်! ငါက ဒါကို ဖြစ်နိုင်ခြေရှုထောင့်ကနေ ဆန်းစစ်ကြည့်နေတာ။ စဉ်းစားဆင်ခြင်မှုမရှိဘဲ ဟိတ်ဟန်ထုတ်နေတာမဟုတ်ဘူး။”

ရှောင်းယီသည် ထိုစကားဝိုင်းကိုကြည့်ကာ အနည်းငယ်မျှော်လင့်ချက်မဲ့နေခဲ့ပြီး သူတို့သည် သူတို့ဆွေးနွေးနေတဲ့အကြောင်းအရာများကို မေ့သွားကြပုံပင်။ ထို့ကြောင့် သူက ထပ်ပြောလိုက်၏။

“အားလုံးပဲ ငါက အားကောင်းတဲ့သားရဲတစ်ကောင်နဲ့ စာချုပ်ချုပ်ခဲ့တာပါ။ သူက ငါတို့အစား ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုတွေကို အမြဲတမ်း ကိုင်တွယ်ဖြေရှင်းဖို့ ကူညီပေးတယ်။ အခုလူတိုင်းသတိထားရမယ့်အရာက လူဦးရေတိုးလာတာနဲ့အမျှ ပင်လယ်သတ္တဝါတွေရဲ့အဆင့်ကလည်း မြင့်လာနိုင်ခြေရှိမရှိဆိုတာပဲ။ အသေးအဖွဲကိစ္စတွေနဲ့ အချိန်ဖြုန်းမနေကြပါနဲ့။”

“သူဌေးပြောတာမှန်တယ်။ သူဌေးမှာ အဆင့်မြင့်ပစ္စည်းတွေအများကြီးရှိတယ်ဆိုရင်တောင် အဲ့ဒါက ငါတို့နဲ့ဘာဆိုင်လို့လဲ။”

“သူဌေးက တကယ်ပဲ အားကောင်းတဲ့သားရဲတစ်ကောင်နဲ့တောင် စာချုပ်ချုပ်နိုင်ခဲ့တယ်။ တကယ်ကို အံ့သြစရာကောင်းတာပဲ။”

“ဟုတ်သားပဲ။ ငါဘာလို့သားရဲနဲ့စာချုပ်ချုပ်ဖို့ မတွေးမိခဲ့တာလဲ။ စာချုပ်ကတ်က ငါတို့ပူးပေါင်းဖို့အတွက်လို့ပဲ အမြဲထင်နေမိတာ။”

“ငါလည်း အဆင့်မြင့်သားရဲတစ်ကောင်ရှာပြီး စာချုပ်ချုပ်ဖို့ အမြန်ဆုံးလုပ်ရမယ်။”

“ပထမဆုံးအနေနဲ့ မင်းက အဆင့်မြင့်သားရဲတွေကို အနိုင်ယူနိုင်ရမယ်။ ဒုတိယအနေနဲ့ စာချုပ်ချုပ်တဲ့အခါမှာ မကျရှုံးဖို့လည်းလိုသေးတယ်။”

“အပေါ်ကလူ မင်းက ငါ့ကို ရေအေးနဲ့လောင်းချနေသလိုပဲ။”

“ငါက လူတိုင်းကို နိုးကြားစေဖို့ ပြောနေရုံပါပဲ!”

အုပ်စုထဲမှ အသုံးဝင်သော အချက်အလက်များ မရနိုင်တော့သည်ကို မြင်လိုက်ရသောအခါ ရှောင်းယီလည်း ခေါင်းခါကာ ထွက်သွားခဲ့သည်။

သူ အိမ်ယာခြံဝန်းအတွင်းသို့ ရောက်လာသောအခါ ယခင်က ထောက်ပံ့ပစ္စည်းသေတ္တာများမှ ထုတ်ယူခဲ့သော မြားဝါး(ကျန်းကျူး)မျိုးစေ့များမှာ မြားဝါးတောကြီးတစ်ခုအဖြစ်ပင် ကြီးထွားနေကြပြီဖြစ်လေသည်။

(A/N: မြားဝါးက မြားလုပ်တဲ့ဝါးကိုပြောတာပါ။)

ဝါးသည် သူ၏ပင်ကိုယ်သဘာဝအရပင်လျှင် အလွန်လျင်မြန်စွာ ကြီးထွားနိုင်ပြီး ယွမ်နွန်၏ ဂရုတစိုက်ပြုစုပျိုးထောင်မှုအောက်တွင် အားမန်အပြည့်ဖြင့် ကြီးထွားလာခဲ့ကြလေသည်။

ရှောင်းယီသည် ယခင်က မြားဝါးကို မြားတံအဖြစ်အသုံးပြုရန် လိုအပ်သော မြားထုတ်လုပ်မှုပုံစံတစ်ခုကို ရရှိခဲ့ပြီး ယခုအခါ ကုန်ကြမ်းပစ္စည်းအားလုံး စုစည်းမိသွားခဲ့ပြီဖြစ်သည်။

မြားဝါးအချို့ကို ရိတ်သိမ်းပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားကာ ထုတ်လုပ်မှုစာမျက်နှာသို့ပြောင်းလဲပြီး မြားများပြုလုပ်ရန် စတင်လုပ်ဆောင်လိုက်သည်။

သက်ဆိုင်ရာကုန်ကြမ်းပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် မြားအချောင်း ၂၀ သည် ရှောင်းယီ၏လက်ထဲ၌ ပေါ်လာခဲ့လေသည်။

“မြား (B အဆင့်): ကောင်းစွာပြုလုပ်ထားသောမြား။ ပျံသန်းမှုအမြန်နှုန်း ၄၀% တိုးမြင့်သည်။ တည်ငြိမ်မှု ၄၀% တိုးမြင့်မည်၊ ဖောက်ထွင်းနိုင်မှု ၄၀% တိုးမြင့်မည်။”

“တကယ်ပဲ B အဆင့်မြားပီသပါပေတယ်။ သစ်သားမြားတွေထက် ပိုကောင်းတယ်။”

ရှောင်းယီက ပြောလိုက်သည်။

လက်ရှိမြားပုံစံကွက်အတွက် လိုအပ်သော ပစ္စည်းများမှာ မြားဝါး၊ သံနှင့် ကြက်ဖ၏အမွှေးအတောင်များဖြစ်သည်။

မြားဝါးကို ယခုအခါ အကြီးစားစိုက်ပျိုးထားပြီးဖြစ်သည်။ သံသည် အခြေခံပစ္စည်းဖြစ်ပြီး ဂိုဒေါင်ထဲတွင် အများအပြားရှိနေ၏။

ခြံဝင်းထဲရှိ ကြက်မွေးမြူရေးမြေကို ကြက်များက လွှမ်းမိုးထားပြီးဖြစ်သည်။ထို့ကြောင့် ကြက်တောင်များကိုမူ ထည့်ပြောစရာပင် မလိုအပ်တော့ပေ။

ထို့ကြောင့် B အဆင့် မြားများကို အကန့်အသတ်မရှိ လုနီးပါး ထောက်ပံ့နိုင်ပေးနိုင်ပြီဖြစ်သည်။

ရှောင်းယီသည် B အဆင့်မြားများကို နောက်ထပ်တစ်သုတ် ပြုလုပ်ပြီးနောက် ဂိုဒေါင်ထဲတွင် ထည့်ထားလိုက်သည်။

“ငါမြားပုံစံကွက်ကိုသုံးပြီး မြားတစ်ချို့ပြုလုပ်ထားတယ်။ လူတိုင်းပဲ ဂိုဒေါင်ကိုသွားပြီး ယူထားလိုက်ကြဦး။ အဲ့ဒါတွေက သစ်သားမြားတွေထက် ပိုကောင်းတယ်။”

ရှောင်းယီက ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်။

“နားလည်ပြီ!”

လူတိုင်းက ပြန်ဖြေလိုက်ကြသည်။

ကျန်းယွင်ထျန်းသည် တိုက်ခိုက်ရေးကို အရူးအမူးစွဲလမ်း‌နေသူဖြစ်၏။ သူသည် ပထမဆုံး ဂိုဒေါင်သို့ပြေးသွားပြီး မြားအချောင်း ၄၀ ကိုယူကာ သစ်တောထဲသို့ ဝင်သွားခဲ့လေသည်။

ကောင်းတဲ့အရာတွေရှိလာပြီဆိုတော့ ငါအမြဲတမ်း စမ်းကြည့်ချင်နေတာနဲ့အတော်ပဲ။

သစ်တောထဲသို့ လျှောက်ဝင်လာပြီး မကြာမီမှာပင် ကျန်းယွင်ထျန်းသည် တဖြောက်ဖြောက်မြည်သံများကို ကြားလိုက်ရလေသည်။

“ဝက်ရိုင်းတစ်ကောင်ပဲ!”

ကျန်းယွင်ထျန်းသည် မြားတစ်ချောင်းကို ထုတ်ယူကာ လေးကြိုးပေါ်တင်လိုက်၏။ သို့သော် သူသည် ချက်ချင်း မပစ်လိုက်သေးပေ။

နောက်အခိုက်အတန့်တွင် ဝက်ရိုင်းသည် ပုံမှန်မဟုတ်သောအနံ့ကို ရှူမိလိုက်ပုံရသည်။ ထိုဝက်ရိုင်းသည် သူ၏ခေါင်းကိုမော့ကာ ပတ်ပတ်လည်ကို လိုက်ကြည့်နေပြီး သူ၏ရွှံ့နွံများပေကျံနေသော နှာခေါင်းသည်လည်း တရှုံ့ရှုံ့ဖြင့် အနံ့ခံနေလေသည်။

ဝှစ်ရှ်!

ထိုစဉ် ကျန်းယွင်ထျန်းသည် ချက်ချင်းပင် လေးကြိုးကိုလွတ်လိုက်၏။ လေးကြိုးမှလွတ်ထွက်သွားသော မြားသည် အလျင်အမြန်ပင် ဝက်ဝံ၏မျက်လုံးဆီသို့ ပစ်ဝင်သွားလေသည်။

“ဒါက အရမ်းမြန်လွန်းတယ်!”

ကျန်းယွင်ထျန်းသည် ယခင်သစ်သားမြားများဖြင့် အကြိမ်မည်မျှပစ်ခဲ့ဖူးသည်ကိုပင် မမှတိမိတော့ပေ။ သူသည် သစ်သားမြား၏အမြန်နှုန်းဖြင့် အကျင့်ပါနေပြီးသားဖြစ်လေသည်။

ဤမြားဝါးဖြင့်ပြုလုပ်ထားသောမြားသည် သစ်သားမြားများထက် အဆများသွာ ပိုမိုမြန်ဆန်ပေသည်။

ဝက်ရိုင်းသည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ မြားဝါးဖြင့်ပြုလုပ်ထားသောမြားက ဝက်ဝံ၏မျက်လုံးအိမ်ထဲသို့ လုံဝစိုက်ဝင်သွားခဲ့တော့သည်။

မြား၏အမွှေးအတောင်များကိုသာ အပြင်ဘက်တွင် ချန်ထားခဲ့ပေသည်။

ဘမ်း!

ဝက်ရိုင်းသည် ကြောက်လန့်တကြားပင် မအော်ဟစ်လိုက်နိုင်ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက်လဲကျသွားခဲ့သည်။

“တကယ့်ကို ပစ္စည်းကောင်းပဲ!”

ကျန်းယွင်ထျန်း ထပ်မံသက်ပြင်းချလိုက်ကာ သစ်ပင်ပေါ်မှခုန်ချလိုက်ပြီး ဝက်ရိုင်းကိုဆွဲယူရန် ပြင်လိုက်၏။

ကျန်းယွင်ထျန်း မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ဘေးဘက်မှ တရှဲရှအသံတစ်သံကို ထပ်ကြားလိုက်ရသည်။

သူသည် မပေါ့ဆရဲဘဲ နောက်ထပ်မြားတစ်ချောင်းထုတ်ယူကာ လေးကြိုးပေါ်သို့ တင်လိုက်သည်။

ဝေါင်း!

နောက်ထပ်ဝက်ရိုင်းတစ်ကောင်သည် ဘေးဘက်ရှိ ချုံပုတ်များထဲမှ ထွက်လာခဲ့၏။ ၎င်းသည် ကျန်းယွင်ထျန်း သတ်လိုက်သော ဝက်ရိုင်းထက်ပင် ပိုမိုကြီးမားလေသည်။

ကျန်းယွင်ထျန်းသည် ထပ်၍တုံ့ဆိုင်းမ‌နေတော့ဘဲ လေးကြိုးကိုဆွဲကာ ပစ်လွှတ်လိုက်သည်။

ဝှစ်ရှ်!

ဝက်ရိုင်း၏ခန္ဓာကိုယ်သည် အလွန်ပျော့ပြောင်းပြီး သူ၏ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ သူ့ဆီသို့ပျံသန်းလာသော မြားကို လွယ်ကူစွာ ရှောင်တိမ်းသွားလေသည်။

ကျန်းယွင်ထျန်းသည်လည်း လုံးဝမရပ်တန့်သွားခဲ့ပေ။ သူသည် မြားများကို တစ်ချောင်းပြီးတစ်ချောင်း ဆက်တိုက်ထုတ်ယူကာ ဝက်ရိုင်းဆီသို့ အဆက်မပြတ်ပစ်လွှတ်လိုက်သည်။

ဖူး!

မြားများကို တစ်ချောင်းပြီးတစ်ချောင်း ခြောက်ကြိမ်ဆက်တိုက် ပစ်လွှတ်ပြီး နောက်ဆုံးတွင် သူသည် မူလက သူ့ကိုပစ်မှတ်ထားခဲ့သော ဝက်ရိုင်း၏လည်ပင်းကို ထိမှန်သွားခဲ့လေသည်။

ထိုမြားသည် ဝက်ရိုင်း၏အရေပြားကိုသာ ဖောက်ထွင်းနိုင်ခဲ့သော်လည်း ပိုမိုများပြားသည့် အစိတ်အပိုင်းများကိုမူ ပွင့်ဟသွားစေခဲ့သည်။

“အမ်းးးးး!”

ဝက်ရိုင်းသည် စူးစူးဝါးဝါးအော်ဟစ်လိုက်၏။ ထို့နောက် သူသည် ကျန်းယွင်ထျန်းဆီသို့ ရူးသွပ်စွာ ပြေးဝင်လာလေသည်။

ကျန်းယွင်ထျန်းသည် ချက်ချင်း ကြီးမားသောသစ်ပင်ကြီးတစ်ပင်ပေါ်သို့ တွယ်တက်လိုက်၏။

ဝက်ရိုင်းသည် သစ်ပင်ပေါ်သို့ လိုက်မတက်နိုင်သော်လည်း ၎င်းသည် သူ့ရှေ့ရှိသစ်ပင်ကို အရူးအမူးတိုက်ခိုက်နေခဲ့သည်။ ၎င်းသည် သစ်ပင်ကိုချိုးပစ်ပြီး ကျန်းယွင်ထျန်းကို တိုက်ခိုက်လိုနေခဲ့လေသည်။

သို့သော် ကျန်းယွက်ထျန်းသည် ဝက်ရိုင်းကို ထိုသို့အခွင့်အရေးကို မပေးဘဲ အမြင့်ပေါ်မှ ဆက်လက်ပစ်ခတ်နေခဲ့သည်။ မကြာမီပင် ဝက်ရိုင်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် မြားများဖြင့် ပြည့်နှက်သွားပြီး ဖြူးကောင်တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့လေသည်။

ဝက်ရိုင်း၏ သစ်ပင်ကို တိုက်ခိုက်သည့့်အင်အားသည်လည်း တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။

“ဟက်! ကြည့်ရတာတော့ ဒီနေ့ ဝက်ရိုင်းနှစ်ကောင် ရိတ်သိမ်းနိုင်လိုက်ပုံပဲ!”

ကျန်းယွင်ထျန်းက ပျော်ရွှင်စွာ တွေးလိုက်၏။

ဤအချိန်တွင် ချုံပုတ်များထဲမှ နောက်ထပ် လှုပ်လှုပ်ရှားရှားအသံတစ်သံ ကြားလိုက်ရပြန်သည်။ ကျန်းယွင်ထျန်းသည် တအံ့တဩဖြင့် ချုံပုတ်များထဲသို့ ကြည့်ရှုလိုက်သည်။

ခဏအကြာတွင် ဝံပုလွေ ၆ကောင် ၇ ကောင် ချုံပုတ်များထဲမှ ထွက်လာခဲ့လေသည်။ ထိုဝံပုလွေများသည် ဒဏ်ရာရကာ သေဆုံးနေသော ဝက်ရိုင်းများကို ကြည့်ရှုရင်း သူတို့၏ပါးစပ်ထဲမှ သွားရည်များပင် ထွက်ကျလုနီးပါးဖြစ်နေခဲ့ကြသည်။

“ဒါက သစ်တောအပြင်ဘက်ပဲရှိသေးတာပါ။ ဒီလောက်များတဲ့ သားရိုင်းတိရစ္ဆာန်တွေက ဒီနေရာကို ဘယ်လိုရောက်နေရတာလဲ။”

ကျန်းယွင်ထျန်း အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။

သို့သော် သူ၏လက်ထဲတွင် မြားများ မရှိတော့ပေ။ ထို့ကြောင့် လက်ဗလာဖြင့် ဤဝံပုလွေရိုင်း ၇ ကောင်နှင့် ရင်ဆိုင်ရန်မှာ အန္တရာယ်ရှိနေသေးပေသည်။

ထို့ကြောင့် သူသည် သူဖမ်းမိခဲ့သော ဝက်ဝံနှစ်ကောင်ကို စွန့်လွှတ်ကာ မျောက်တစ်ကောင်ကဲ့သို့ သစ်ပင်တစ်ပင်မှ အခြားသစ်ပင်တစ်ပင်သို့ ခုန်ကူးလိုက်လေသည်။

ဝံပုလွေများသည် ကျန်းယွင်ထျန်း ထွက်ခွာသွားသည်ကို မြင်လိုက်ကြသော်လည်း သူ့ကို လိုက်မဖမ်းခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် အရသာရှိသော အစားအစာများ ရှိနေပြီးဖြစ်ကာ သူတို့စားသောက်ရန်အတွက် လုံလောက်သွားပြီဖြစ်လေသည်။ ထို့ကြောင့် အသေသတ်နိုင်ရန် မသေချာသော သားကောင်ကို အဘယ်ကြောင့် လိုက်ဖမ်းရမည်နည်း။

ဝံပုလွေ ၇ ကောင်သည် သူတို့၏ပွဲတော်အတွက် ဝမ်းသာအားရ ပြင်ဆင်နေစဉ်တွင် ခြင်္သေ့မ ၃ ကောင်က အခြားတစ်ဖက်မှ ခုန်ထွက်လာခဲ့သည်။

နှစ်ဖက်ကြားတိုက်ပွဲမှာ ချက်ချင်းပင် စတင်ခဲ့လေတော့သည်။

ကျန်းယွန်ထျန်းသာ ထွက်ခွာသွားခဲ့ခြင်းမရှိပါက သူသည် သစ်တောအပြင်ဘက်၌ ဤမျှများပြားသော ရက်စက်ကြမ်းကြုတ်သည့် သားရိုင်းတိရစ္ဆာန်များရှိနေသည်ကိုမြင်ရလျှင် ပို၍ပင် အံ့အားသင့်သွားခဲ့မည်ဖြစ်သည်။

ဗီလာသို့ပြန်ရောက်သောအခါ ကျန်းယွင်ထျန်းက ချက်ချင်းပင် ရှောင်းယီကို ရှာဖွေလိုက်၏။

“ရှောင်း ငါမြားဝါးနဲ့လုပ်ထားတဲ့မြားတွေကို စမ်းကြည့်တာ အရမ်းအသုံးဝင်တယ်။”

ကျန်းယွင်ထျန်းက ပြုံးရွှင်ကာ ပြောလိုက်သည်။

“ဒါပေါ့! ဘာပဲပြောပြော အဲ့ဒါက B အဆင့် မြားဝါးမြားပဲလေ။ အမြန်နှုန်း၊ တည်ငြိမ်မှု၊ ဖောက်ထွင်းနိုင်မှု အရာအားလုံး တိုးမြင့်သွားတယ်။ အဲ့လိုဆိုမှတော့ အသုံးပြုံရတာလည်း အရမ်းလွယ်ကူသွားတာပေါ့။”

ရှောင်းယီက ရှင်းပြလိုက်သည်။

ရှောင်းယီသာ မရှင်းပြပါက ကျန်းယွင်ထျန်းသည် ထိုအကြောင်းကို အမှန်တကယ် သိလိမ့်မည်ပေ။ သူက ရှောင်းယီကို လက်မထောင်ပြလိုက်မိသည်။

“ဒါပေမယ့် ငါတို့သစ်တောထဲမှာ ငါတွေ့ခဲ့ရတဲ့ သားရိုင်းတိရစ္ဆာန်တွေ အရမ်းများနေသလိုပဲ။”

ကျန်းယွင်ထျန်းက အနည်းငယ်မသေချာမရေရာဟန်ဖြင့် ပြောလိုက်လေသည်။

အခန်း ၂၈၂

“အရမ်းများနေတာလား။”

ရှောင်းယီက ကျန်းယွင်ထျန်းကို စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ကြည့်လိုက်သည်။

ကျန်းယွင်ထျန်းသည် ချက်ချင်းပင် သူဝက်ရိုင်းများကို အမဲလိုက်ခဲ့စဉ်က ဖြစ်ပျက်ခဲ့သည့်အရာများကို ပြောပြလိုက်လေသည်။

ရှောင်းယီက ပြုံးရယ်ကာ ပြောလိုက်၏။

“ဒါပုံမှန်ပဲ ဖြစ်သင့်ပါတယ်။ မင်းဝက်ရိုင်းတွေကို အမဲလိုက်တဲ့အခါ သွေးအနံ့တွေရှိမှာပဲ။ အဲ့ဒီဝံပုလွေတွေက သွေးအနံ့ရဲ့ဆွဲဆောင်ခြင်းကို ခံခဲ့ရတာဖြစ်နိုင်တယ်။”

“ဖြစ်နိုင်တယ်!”

ကျန်းယွင်ထျန်းသည်လည်း ထိုဝံပုလွေများမှာ သွေးနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရတာဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။

ထိုအချိန်တွင် အန်းရန်က အထဲသို့ လျှောက်ဝင်လာပြီး ပြောလိုက်သည်။

“ရှောင်းယီ ဈေးကွက်ကိုကြည့်လိုက်ဦး။”

“ဘာဖြစ်တာလဲ။ ဈေးကွက်ထဲမှာ ပုံမှန်မဟုတ်တဲ့အရာတစ်ခုခု ဖြစ်သွားတာလား “

ရှောင်းယီ ဇဝေဇဝါဖြင့် မေးလိုက်သည်။

ယခုအခါ ရှောင်ယီသည် အခြေခံအားဖြင့် ယီထျန်းအဖွဲ့ထဲတွင်သာရှိပြီး ဈေးကွက်ကို အန်းရန်တို့မိန်းကလေးနှစ်ဦးထံသို့ အပြည့်အဝအပ်နှံထားခဲ့သည်။ သူတို့သည် နေ့စဉ် ပင်လယ်ငါးအချို့နှင့် ရေနွေးအချို့ကို အခြေခံအရင်းအမြစ်များနှင့် လဲလှယ်ရန် ဈေးကွက်ပေါ်တွင် တင်ထားကြ၏။

“တစ်ယောက်က ပြောင်းဖူးတွေကို ဈေးကွက်ပေါ်တင်ထားတယ်။”

အန်းရန်က ပြောလိုက်သည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အင်တာဖေ့စ်ကို ဈေးကွက်သို့ ပြောင်းလဲလိုက်သည်။

အမှန်တကယ်ပင် အချို့သော ကောက်ပဲသီးနှံထွက်ကုန်များ ပေါ်လာခဲ့ကြလေပြီ။

“အဲ့ဒါကို နားလည်ပေးနိုင်ပါတယ်။ ဒီလောက်အချိန်တွေကြာနေပြီဆိုတော့ လူတချို့က မြေဆီလွှာပြုပြင်ရေးကတ်တွေကို သေချာပေါက်ရထားကြလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း သစ်တောတွေကို တိုက်ရိုက်မီးရှို့ပြီး လယ်ကွင်းတွေဖောက်လိုက်ကြတာမျိုးပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“အနာဂတ်မှာ အစားအစာဈေးနှုန်းတွေ အတက်အကျရှိလာတော့မယ့်ပုံပဲ။”

“ဒါဆို ငါတို့ပစ္စည်းတွေရဲ့ဈေးနှုန်းတွေကို လျှော့ချလိုက်ရမှာလား။”

အန်းရန်က မေးလိုက်သည်။

“ခဏစောင့်ကြည့်လိုက်ပါဦး။ လူတိုင်းရဲ့ လယ်ယာစိုက်ပျိုးရေးကျွမ်းကျင်မှုက ဘယ်လိုရှိလဲဆိုတာကို အရင်ဆုံး ကြည့်ကြတာပေါ့!”

ရှောင်းယီက ပြုံးရယ်ကာ ပြောလိုက်သည်။

ကောက်ပဲသီးနှံစိုက်ပျိုးခြင်းသည် ရိုးရှင်းသောအလုပ်မဟုတ်ကြောင်း သိထားရမည်ဖြစ်သည်။ ဂရုစိုက်နိုင်ရုံသာမက ရေချိုသည်လည်း အလွန်အရေးကြီးပေသည်။ ဆည်မြောင်းစနစ်ဖြင့် ပင်လယ်ရေကို လယ်ကွင်းထံသို့ တိုက်ရိုက်ထည့်သွင်းပေး၍ မရပေ။

အလွန်တန်ဖိုးကြီးသော ရေအရင်းအမြစ်များကို အသုံးပြုရမည်ဖြစ်သည်။ စိုက်ပျိုးရေးနည်းပညာသာ မကောင်းမွန်ပါက ရိတ်သိမ်းမှုသည်လည်း အလွန်နည်းပါးမည်ဖြစ်ပြီး သက်ဆိုင်ရာကောက်ပဲသီးနှံများ၏ ဈေးနှုန်းများသည်လည်း ပိုမိုမြင့်တက်လာမည်ဖြစ်သည်။

ဒီလိုသာဆိုရင် ငါတို့ ပင်လယ်ငါးတွေရဲ့ ဈေးနှုန်းကို ချိန်ညှိဖို့ လိုအပ်တော့မှာမဟုတ်ဘူး။

ဤအချိန်တွင် ရှောင်းယီ၏ကျွန်းမှ ကီလိုမီတာတစ်ထောင်ကျော်အကွာ အရှေ့တောင်ဘက်တွင် စတုရန်းမီတာ ၁၀၀ နီးပါးရှိသော ကျွန်းငယ်တစ်ခုရှိလေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူ့ရှေ့ရှိ လယ်ကွင်းထဲတွင် ကောင်းစွာကြီးထွားနေသော ပြောင်းဖူးများကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုနေပြီး ပျော်ရွှင်စွာ ကခုန်နေခဲ့သည်။

ရုတ်တရက် ပင်လယ်ပြင်တွင် မူမမှန်သည့်လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့လေသည်။ ထိုအချင်းအရာကို တွေ့လိုက်ရသောအခါ သူသည် ချက်ချင်းပင် တုန်လှုပ်သွားကာ ဘေးရှိဒူးလေးကို ကောက်ကိုင်ပြီး ထွက်သွားခဲ့လေသည်။

အဝေးတစ်နေရာ၌ သင်္ဘောတစ်စီး ထွက်ပေါ်လာပြီဖြစ်သည်။ ကျူးချန်းမျိုးနွယ်၏ လိုဂိုကို ရွက်ပေါ်တွင် ရေးဆွဲထားသည်အား မြင်လိုက်ရသောအခါ သူသည် အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း သူ့လက်ထဲရှိ ဒူးလေးကိုမူ သင်္ဘော၏ဦးတည်ရာဘက်သို့ ဆက်လက်၍ ချိန်ရွယ်ထားခဲ့သည်။

သင်္ဘောသည် သူ၏ကျွန်းမှ မီတာ ၃၀ ခန့်အကွာတွင် ရပ်တန့်သွားခဲ့သည်။

ချူရှန်းသည် ကုန်းပတ်ပေါ်တွင် ရပ်နေပြီး သူ၏ရှေ့တွင်ရှိနေသောကျွန်းကို ကြည့်ကာ တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။

“ဒီကျွန်းက ငါမြင်ဖူးသမျှကျွန်းတွေထဲမှာ အကြီးဆုံးကျွန်းတစ်ခုဖြစ်ပုံပဲ။”

“မင်္ဂလာပါ ကျွန်းပေါ်က အသက်ရှင်ကျန်ရစ်သူ။ ကျွန်တော်က ချူရှန်းပါ။ ခင်ဗျားနဲ့ ပူးပေါင်းမယ့်သူတွေကို ကျွန်တော်တို့ခေါ်ဆောင်လာခဲ့ပါတယ်။ ကျေးဇူးပြုပြီး အပြင်ထွက်လာပြီး လက်ခံပေးပါ။!”

ချူရှန်းက အော်ပြောလိုက်၏။

သက်လတ်ပိုင်းအမျိုးသားသည် ကျွန်း၏ဘေးရှိ ကျောက်တုံးနောက်မှ သတိကြီးကြီးထားကာ ထွက်လာခဲ့ပြီး သူ့လက်ထဲရှိ ဒူးလေးကိုတော့ ဆက်လက်ကိုင်ဆောင်ထားခဲ့သည်။

“မင်္ဂလာပါ သူမကို လှေနဲ့လာခိုင်းလိုက်ပါ။”

သက်လတ်ပိုင်းအမျိုးသားက ပြန်ဖြေလိုက်သည်။

ချူရှန်းသည် သက်လတ်ပိုင်းအမျိုးသား၏လက်ထဲရှိ ဒူးလေးကို မြင်လိုက်ရသောအခါ အနည်းငယ်အားကျသွားခဲ့မိသည်။ ဤလက်နက်သည် လေးနှင့်မြှားထက် ပိုမိုတိကျပြီး လုပ်ဆောင်ရသည်မှာလည်း ပိုမိုလွယ်ကူပေသည်။

သို့သော် ထိုအရာမှာ အားကျမှုသာဖြစ်ပေသည်။ ဤပစ္စည်းကြောင့်ဖြင့် သူသည် သူတို့၏ခရီးသည်တင်လုပ်ငန်းကို ပျက်စီးစေအောင် လုပ်မည်မဟုတ်ပေ။

ချူရှန်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် လှေတစ်စီးပေါ်တွင် အမျိုးသမီးတစ်ဦးကို တင်ပေးလိုက်ရန် လူတစ်ဦးကိုခိုင်းလိုက်၏။ ထိုလှေကို ကြိုးဖြင့်ချည်ထားလေသည်။

ထိုအမျိုးသမီးသည် လှေကိုလှော်ခတ်ကာ ကျွန်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။ ကမ်းစပ်သို့ရောက်သောအခါ သက်လတ်ပိုင်းအမျိုးသားသည် ဒူးလေးဖြင့် ထိုအမျိုးသမီးကိုထောက်လိုက်ပြီး ဘေးတစ်ဖက်တွင် ရပ်ခိုင်းလိုက်သည်။

ကျူးချန်းကလန် သူတို့၏လှေကို ပြန်လည်ဆွဲယူသွားခဲ့၏။

“ကောင်းပြီ အရောင်းအဝယ် အောင်မြင်သွားပါပြီ။ ကံကောင်းပါစေ။”

ချူရှန်းက ပြောလိုက်သည်။ ထို့နောက် သင်္ဘောများသည် နောက်ပြန်လှည့်ကာ နောက်ထပ်ဦးတည်ရာတစ်ခုသို့ ထွက်ခွာသွားခဲ့ကြလေတော့သည်။

သက်လတ်ပိုင်းအမျိုးသားသည် သင်္ဘောများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီးနောက် ထိုအမျိုးသမီးကိုကြည့်ကာ မေးလိုက်သည်။

“သူတို့က မင်းကိုဘာမှမလုပ်ခဲ့ဘူးလား။”

“မလုပ်ပါဘူး သူတို့က အုတ်မြစ်ကျောက်ကိုယူပြီးတာနဲ့ ကျွန်မကို ဒီနေရာဆီ တစ်ခါတည်းပို့ပေးခဲ့တာ။ ကျွန်မက သန့်ရှင်းပါတယ်။”

ထိုအမျိုးသမီးသည် အရှက်ရသွားခဲ့ ချက်ချင်းပင် ပြန်ပြောလိုက်သည်။ သူမသည် သုမ၏ရှေ့တွင်ရှိနေသော သက်လတ်ပိုင်းအမျိုးသားက သူ့ကို နေရာမှာ ပစ်သတ်လိုက်မည်ကို အမှန်တကယ် ကြောက်လန့်နေခဲ့မိလေသည်။

သက်လတ်ပိုင်းအမျိုးသားက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“အရင်ဆုံး စာချုပ်ကတ်ကိုသုံးရမယ်။!”

“ဟုတ်ကဲ့ပါ အစ်ကို ကျေးဇူးပြုပြီး သုံးလိုက်ပါ။”

ထိုအမျိုးသမီးက ချက်ချင်းပြောလိုက်သည်။

သက်လတ်ပိုင်းအမျိုးသားသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် စာချုပ်ကတ်ကို အောင်မြင်စွာအသုံးပြုနိုင်ခဲ့သည်။ ထို့နောက် သူသည် သူ၏ဒူးလေးကိုချပြီး အမျိုးသမီးကို သူ့ဆီသို့ဆွဲယူလိုက်လေသည်။

“သွားကြရအောင်။ ငါ အဲ့ဒါကို အချိန်တွေအကြာကြီး သည်းခံထားခဲ့ရတာ။ အခု လွှတ်ပေးရမယ်။”

သက်လတ်ပိုင်းအမျိုးသားသည် ထိုအမျိုးသမီးကို ကျွန်း၏အတွင်းပိုင်းသို့ ဆွဲခေါ်သွားခဲ့လေသည်။

ထိုအမျိုးသမီးသည်လည်း မခုခံခဲ့ပေ။ ဤသည်မှာ သူမ၏တန်ဖိုးတစ်ခုဖြစ်သည်ကို သူမသိပေသည်။

သစ်တောငယ်လေးတစ်ခုကို ဖြတ်သန်းလာခဲ့ကြပြီးနောက် သူမသည် အတွင်းဘက်၌ သစ်သားအိမ်တစ်လုံး အမှန်တကယ်တည်ရှိနေသည်ကို တွေ့လိုက်ရလေသည်။

“အစ်ကို ရှင့်မှာ သစ်သားအိမ်ရှိတာပဲ!”

အမျိုးသမီး၏မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

“ဒါပေါ့။ ငါ့နောက်ကို သေချာလိုက်ခဲ့။ ပူပူနွေးနွေး အစားအစာတွေကို မင်းကြိုက်လိမ့်မယ်လို့ ငါအာမခံတယ်။”

သက်လတ်ပိုင်းအမျိုးသားသည် အမျိုးသမီး၏ အံ့အားသင့်ခြင်း၊ အားကျခြင်းနှင့် စွဲလန်းမက်မောနေသောအကြည့်များကို တွေ့လိုက်ရပြီး အလွန်သောကျသွားခဲ့လေသည်။

အမျိုးသမီးသည် ရုတ်တရက် တစ်စုံတစ်ခု စဉ်းစားမိသွားပုံရပြီး မေးလိုက်သာ်။

“ဒီသစ်သားအိမ်ကို ဘယ်တုန်းကရခဲ့တာလဲ။”

“အရမ်းစောတယ်။ ဒီကိုရောက်ပြီး တတိယနေ့မှာပဲ ရခဲ့တာ။”

သက်လတ်ပိုင်းအမျိုးသားက ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

“အာ! ဥက္ကဌက ဂရုထဲမှာ အိမ်ရှာနေတုန်းက ဘာလို့မထောက်ပံ့ပေးခဲ့တာလဲ။”

အမျိုးသမီးက အံ့အားသင့်စွာ ပြောလိုက်သည်။

“မင်းက တကယ်ကို မိုက်မဲတာပဲ။ ငါက ဒီဟာကို လုံးဝအပ်လိုက်လို့မရဘူး။ မင်းလည်း ဘယ်သူ့ကိုမှမပြောနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူမှသိတာမှမဟုတ်တာ။ ငါလည်း အခုချိန်ထိ အုပ်စုထဲမှာ အကျိုးကျေးဇူးတွေ ခံစားနေရတုန်းပဲလေ။ ပစ္စည်းကောင်းတွေကို ကိုယ့်အတွက်ပဲ ကိုယ်သိမ်းထားရမှာပေါ့။”

သက်လတ်ပိုင်းအမျိုးသားက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“အစ်ကို အရမ်းအံ့ဩစရာကောင်းတာပဲ!”

အမျိုးသမီးက ချက်ချင်းပင် မျက်နှာချို‌သွေးလိုက်လေသည်။

“ငါ့မှာ အဲ့ထက်ပိုကောင်းတဲ့အရာတွေ ရှိသေးတယ်။”

သက်လတ်ပိုင်းအမျိုးသားက အဓိပ္ပါယ်ပါပါ ပြောလိုက်၏။

“အစ်ကို ရှင်ဘယ်လို...”

အမျိုးသမီး၏ စကားမဆုံးသေးမှာပင် သက်လတ်ပိုင်းအမျိုးသားက သူမကို သစ်သားအိမ်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။

ဤကမ္ဘာတွင် အင်အားစုများကို စုစည်းနိုင်သော ခေါင်းဆောင်များသာ ကံကောင်းကြခြင်းမဟုတ်ပေ။ ထိုအင်အားစုများ၏ အဖွဲ့ဝင်များသည်လည်း သူတို့၏ကိုယ်ပိုင်အစီအစဥ်များ ရှိကြပေသည်။ ကောင်းသောအရာများကို တစ်ပါးသူထံ အပ်နှံချင်သည့်သူ မည်သူရှိမည်နည်း။

ကိုယ်တိုင်အသုံးပြုပြီး ကိုယ်ရဲ့ဘဝကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းက ပိုပြီးကြည်နူးစရာမကောင်းဘူးလား။

ခဏအကြာတွင် သက်လတ်ပိုင်းအမျိုးသားသည် သူ့ရင်ခွင်ထဲတွင် လှဲနေသောအမျိုးသမီးအား ပြောလိုက်၏။

“ငါ့နာမည်က ရှို့ကျိုး။ အနာဂတ်မှာ ငါ့ကို အစ်ကိုကျိုး လို့ပဲခေါ်ရမယ်!”

“ဟုတ်ကဲ့ပါ အစ်ကိုကျိုး!”

အမျိုးသမီးက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ထတော့။ အခုကစပြီး လယ်ကွင်းထဲမှာရှိတဲ့အရာတွေကို မင်းတာဝန်ယူရမယ်။ ငါက အပြင်ဘက်မှာရှိတဲ့အရာတွေကို တာဝန်ယူမယ်။”

ရှို့ကျိုးက ပြောလိုက်သည်။

အမျိုးသမီးသည် ရှို့ကျိုးကို အံ့အားသင့်စွာကြည့်ကာ မေးလိုက်၏။

“ရှင့်မှာ လယ်ကွင်းလည်းရှိတာလား။”

“ဒါပေါ့။ လူတိုင်းက သူတို့ဘာတွေရထားသလဲဆိုတာ လူတိုင်းကိုသိစေချင်တာမဟုတ်ဘူး။”

ရှို့ကျိုးသည် အုပ်စုထဲတွင် သူတို့ရရှိထားသော ပစ္စည်းကောင်းများအား ကြေညာချင်သူများကို အလွန်အထင်သေးနေပုံရလေသည်။

အမျိုးသမီးသည် ချက်ချင်းပင် သူမ၏အဝတ်အစားများကို ပြန်လည်ပြင်ဆင်ကာ ပြောလိုက်၏။

“အစ်ကိုကျိုး ရှင်က အရမ်းတော်တာပဲ။ ကျွန်မအခုပဲ အလုပ်သွားလုပ်တော့မယ်။”

နေထိုင်ရန် အိမ်တစ်လုံ၊ စိုက်ပျိုးရန် လယ်ကွင်းတစ်ကွက်နှင့် သူမကို ကာကွယ်ပေးမည့် လူတစ်ဦးရှိနေပြီဖြစ်၏။ သူမဆီ၌ နောကိထပ်ဘာမှတောင်းဆိုစရာမရှိတော့ပေ။

ရှို့ကျိုးသည် အမျိုးသမီး၏လှုပ်ရှားမှုများကို ကျေနပ်စွာ ကြည့်ရှုကာ သူ့ကိုယ်သူပြောလိုက်၏။

“မဆိုးဘူးပဲ။”

သူသည် သူ၏ကျွန်းပေါ်တွင် အလှပန်းအိုးတစ်လုံးကို တင်ခေါ်ထားမည်မဟုတ်ပေ။

အမျိုးသမီးကို သူမ၏ခရီးပန်းတိုင်သို့ ပို့ဆောင်ပြီးနောက် ချူရှန်းသည် သူ၏အစီအစဉ်ချထားသော ခရီးစဉ်ကို ကြည့်ရှုကာ နောက်ထပ်ဦးတည်ရာတစ်ခုသို့ ဆက်လက်ရွက်လွှင့်ခဲ့လေသည်။

နောက်ထပ်ကျွန်းနှစ်ခုသည် တစ်ခုထက်တစ်ခု ပို၍ ကြီးမားလေသည်။ ချူရှန်းတစ်ယောက် သူ၏စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

“ပြောရရင် သူတို့ကိုယ်သူတို့ လျှိုထားတဲ့သူဌေးတွေ အများကြီးရှိနေတာပဲ။”

များစွာသောအသက်ရှင်ကျန်ရစ်သူများသည် အုပ်စုထဲတွင် အမည်မဖော်ကြဘဲ တိတ်တဆိတ်ဖြင့် သူတို့၏ကျွန်းများကို တိုးချဲ့နေခဲ့ကြလေသည်။

ချူရှန်းသည် ကျွန်းတစ်ခုစီသို့ အမျိုးသမီးတစ်ဦးစီကို ပို့ဆောင်သည့်အခါတိုင်း သူသည် အခြားကျွန်း၏ဧရိယာကို အကြမ်းဖျင်းခန့်မှန်းပြီး ထင်းများကိုမီးရှို့၍ မီးသွေးများပြုလုပ်ကာ သစ်သားပြားပေါ်တွင် မှတ်တမ်းတင်ထားခဲ့သည်။

“ဟူး စာရွက်နဲ့ဘော့ပင်ရှိရင် အရမ်းကောင်းမှာပဲ။”

ချူရှန်းသည် သူ၏လက်ထဲရှိ ကြမ်းတမ်းသောသစ်သားပြားကို ကြည့်ရင်း မျှော်လင့်ချက်မဲ့စွာ ပြောလိုက်မိ‌လေသည်။

All Chapters