အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
အခန်း ၂၈၃
ချူရှန်းသည် သူ့ရှေ့တွင်ရှိသောကျွန်းကို ထပ်မံ၍လှမ်းကြည့်လိုက်ပြီး သစ်သားပြားပေါ်တွင် ၅၀၀ ဟူသော ကိန်းဂဏန်းကို ရေးသားလိုက်သည်။
သူ၏ခန့်မှန်းချက်အရ ရှေ့တွင်ရှိနေသောကျွန်းသည် စတုရန်းမီတာ ၅၀၀ ခန့်ရှိပေလိမ့်မည်။
“ရှောင်းယီရဲ့ကျွန်းက ဒီကျွန်းလောက်ကြီးမလားဆိုနာ သိချင်မိတယ်။”
ထိုသို့ပြောလိုက်ပြီးနောက် ချူရှန်း ရှောင်းယီဆီသို့ သီးသန့်စာပို့လိုက်သည်။
“သူဌေး မကြာသေးမီက ကျုပ်တို့ အခုလေးတင်တွေ့ခဲ့ရတဲ့ ကျွန်းတွေက အရမ်းကြီးနေပြီ။ အသက်ရှင်ကျန်ရစ်သူတွေအများကြီးက သူတို့ရဲ့အင်အားကို ဖုံးကွယ်ထားကြတယ်။”
ရှောင်းယီ ချူရှန်း၏သတင်းကိုမြင်လိုက်ရသောအခါ အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။
“ဒါကပုံမှန်ပဲမဟုတ်ဘူးလား။ ဘာပဲပြောပြော သူတို့ရဲ့ကိုယ်ရေးကိုယ်တာကို အခြားသူတွေကို ချပြရတာကို သိပ်မကြိုက်တဲ့သူတွေလည်ူ ရှိတာပဲလေ။”
ချူရှန်းက ခဏတာကြောင်အသွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။
“သူဌေးရဲ့အမြင်က တကယ်ကို ရိုးရှင်းနေဆဲပါပဲ! ကျုပ်တို့ရဲ့နောက်ထပ်ခရီးစဉ်က ရွှမ်းယွမ်ဝူဝေ့ရဲ့ကျွန်းပဲ။ သူ့ရဲ့တည်နေရာကို သိချင်လား။”
“ငါသူ့ကိုစိတ်မဝင်စားဘူး။ သူဘက်က ငါ့ကိုနှောင့်ယှက်မလာသ၍ပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သူဌေးကတော့ တကယ့်ကို သူဌေးပီသပါပေတယ်။ အရမ်းစိုးမိုးခြယ်လှယ်လွန်းတယ်!”
ချူရှန်းက ပြန်ဖြေလိုက်သည်။
“သူဌေး စိတ်ဝင်စားတယ်ဆိုရင် ဘယ်အချိန်မဆို ကျုပ်ကိုမေးလိုက်ပါ။”
ရှောင်းယီ သူ၏ခေါင်းကို ခါယမ်းကာ ချူရှန်းနှင့် စကားပြောဆိုမှုကို အဆုံးသတ်လိုက်သည်။
ချူရှန်း နောက်ထပ်ဦးတည်ရာတစ်ခုကို ကြည့်ရလိုက်၏။ သင်္ဘောပေါ်တွင် ကျန်ရှိနေသောသော ကိုးယောက်လုံးက ရွှမ်းယွမ်ဝူဝေ့၏ကျွန်းဆီသို့ သွားကြမည်ဖြစ်သည်။
“ရွှမ်းယွမ်ဝူဝေ့ရဲ့ကျွန်းက ဘယ်လောက်ကြီးလောက်မလဲ။”
ချူရှန်းက ရေရွတ်လိုက်မိသည်။
“အဲ့ဒါက ဘယ်လောက်ပဲကြီးကြီး ကိစ္စတော့မရှိပါဘူး။ ဒီလောက်များတဲ့လူတွေသာ ပါဝင်လာမယ်ဆိုရင် အရမ်းကိုမှ မြန်မြန်ဆန်ဆန်တိုးတက်လာလိမ့်မယ်။”
ကျူးချန်းကလန်၏ သင်္ဘောများသည် ရွှမ်းယွမ်ဝူဝေ့၏ကျွန်းဆီသို့ အရှိန်အပြည့်ဖြင့်ရွက်လွှင့်သွားခဲ့လေတော့သည်။
သူတို့ ကံကောင်းခဲ့လေသည်။ သူတို့သည် နေ့စဉ်ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသော်လည်း ကိုင်တွယ်နိုင်ဆဲဖြစ်သည်။
ထို့အပြင် ရှောင်းယီကလည်း သူတို့ကို C အဆင့်အစားအစာအချို့ ထောက်ပံ့ပေးထားပြီး လူငါးဦးပါသော အဖွဲ့တစ်ဖွဲ့ကို အထူးလေ့ကျင့်ပေးထားခဲ့သည်။ ထိုအဆင့်သတ်မှတ်ထားသည့့် အစားအစာအားလုံးကို ထိုအဖွဲ့အား အရင်ဆုံး ထောက်ပံ့ပေးထားခဲ့လေသည်။
သူတို့၏လက်ရှိခန္ဓာကိုယ်အင်အားသည်လည်း အများကြီးတိုးတက်လာခဲ့ပြီဖြစ်သည်။
ထိုလူငါးဦးအဖွဲ့၏ခေါင်းဆောင်မှာ ချူရှန်း၏ညီ ချူဖုန်းဖြစ်ပေသည်။
ထိုစဉ် ချူဖုန်းသည် အပြင်ဘက်မှ ဝင်လာခဲ့ပြီး သူ၏ကျောပေါ်တွင်လည်း ဝါးလေးတစ်ခုကို သယ်ဆောင်ထားခဲ့သည်။
ထိုဝါးလေးကို ကျူချန်းကလန်က ပေါင်လွမ်ထံ၌ အထူးအပ်နှံ၍ ပြုလုပ်ထားခဲ့ခြင်းဖြစ်ပေသည်။ အသေအချာပင် ပစ္စည်းများကိုမူ ရှောင်းယီမှ ထောက်ပံ့ပေးထားခဲ့ခြင်းပင်ဖြစ်သည်။
“ချူရှန်း နောက်ထပ်ပန်းတိုင်က ဘယ်လောက်ဝေးသေးလဲ။”
ချူဖုန်းက မေးလိုက်သည်။
ချူရှန်းက အကွာအဝေးကို အတည်ပြုလိုက်ပြီးနောက် ပြန်ဖြေလိုက်၏။
“မနက်ဖြန်မွန်းလွဲပိုင်းလောက်တော့ ရောက်လိမ့်မယ်။”
“ဘာလို့အရမ်းဝေးနေသေးတာလဲ။”
ချူဖုန်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“အဲ့ကောင် ရွှမ်းယွမ်ဝူဝေ့က ငါတို့ကိုဈေးနှုန်းအမြင့်ကြီးနဲ့ ကမ်းလှမ်းထားတယ်လေ။ သူ့လူတွေကို အရင်ပို့ပေးဖို့တောင် တောင်းဆိုထားသေးတယ်။ သူက အဲ့ဒီလောက်တောင် ရိုးသားနေမှတော့ ငါတို့ကလည်း သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးရမှာပေါ့။”
ချူရှန်းက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ အရင်ဆုံး နေ့လယ်စာစားကြတာပေါ့။”
ထိုသို့ပြောလိုက်ပြီးနောက် ချူဖုန်းသည် ချူရှန်းနှင့်အတူ သင်္ဘောအတွင်းရှိ ထမင်းစားခန်းသို့ လိုက်သွားခဲ့သည်။
မွှေးရနံ့များ သင်းပျံ့သော ကြော်ချက်ဟင်းပွဲအချို့ကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် အန်းရန် အပေါ်ထပ်တွင်ရှိနေသော ရှောင်းယီကို အော်ခေါ်လိုက်၏။
“ရှောင်းယီ ထမင်းစားမယ် ဆင်းလာခဲ့တော့!”
ထို့နောက် အခြားသူများကိုလည်း ဆက်သွယ်ရေးစက်ဖြင့် လှမ်းခေါ်လိုက်သည်။
ရှောင်းယီသည် တတိယထပ်မှ ထမင်းစားခန်းထဲသို့ဆင်းလာခဲ့ပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။
“ရှောင်းယီ ငါတို့အတွက် ပင်လယ်ဆားတွေ သိပ်မကျန်တော့ဘူး။ ဒေသခံတွေကို လုံးဝမပေးဘူးဆိုရင်တော့ ငါတို့စားဖို့လုံလောက်တယ်။”
အန်းရန်က ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်၏။
“မင်းသာမပြောခဲ့ရင် ငါမေ့တော့မလို့။ ငါတို့ အရင်က ဆုဝမ်ရထားခဲ့တဲ့ B အဆင့်ပင်လယ်ဆားထုတ်စက်ကိုသုံးနေတုန်းပဲ။ သူ့ရဲ့လည်ပတ်မှုနှုန်းနဲ့ဆိုရင် ထိန်းထားနိုင်မှာမဟုတ်တော့ဘူး။”
အန်းရန်က သဘောတူညီဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။ ထိုစဉ် ဆုဝမ်သည် အခြားတစ်ဘက်မှ လျှောက်လာကာ ပြောလိုက်သည်။
“ဟုတ်တယ်။ ငါတို့ရဲ့လူဦးရေ တိုးလာတာနဲ့အမျှ ဆားက မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လာပြီ။ ငါတို့တွေ ဆားထုတ်လုပ်နိုင်ပစ္စည်းတွေကို ပိုပြီးရှာဖွေဖို့လိုတယ်။”
ယခုအခါ ဆုဝမ်သည် သူမ၏အချိန်အများစုကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အများသုံးချန်နယ်ပေါ်ရှိ သတင်းများကိုသာ အာရုံစိုက်နေခဲ့သည်။ အန်းရန်အကူအညီလိုအပ်မှသာ သူမသည် လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ထွက်ခွာမည်ဖြစ်သည်။
ရှောင်းယီသည် အချိန်ခဏကြာအောင် ချင့်ချိန်ပြီးနောက် ပြောလိုက်သည်။
“မွန်းလွဲပိုင်းကျရင် မင်းအများသုံးချင်နယ်မှာမေးကြည့်လိုက်။ ငါလည်း ယီထျန်းအဖွဲ့ထဲမှာ မေးကြည့်မယ်။ ပင်လယ်ဆားထုတ်စက်ရောင်းမယ့်သူရှိမလားဆိုတာ ကြည့်ရတာပေါ့။!”
“ကောင်းပြီ!”
ဆုဝမ်က ပြန်ဖြေလိုက်သည်။
သူတို့စကားပြောနေစဉ်အတွင်း ခွေးတစ်ကောင်၊ ဝက်ဝံတစ်ကောင်နှင့် ကျားတစ်ကောင်အပါအဝင် လူတိုင်းပြန်ရောက်လာကြလေသည်။ သူတို့သည် ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုများကို ကိုင်တွယ်နေခဲ့ကြခြင်းဖြစ်ချေသည်။
အန်းရန်က သူတို့အတွက် အကင်များ ပြင်ဆင်ပေးထားခဲ့လေသည်။
“စကားမစပ် ပဏ္ဍိတငယ်လေးက အခုနေ့လယ်စာစားဖို့ မလာဘူးလား။”
ရှောင်းယီက သူ၏ထမင်းပန်းကန်ကို ဆွဲယူရင်း မေးလိုက်သည်။
“မနေ့ကတော့လာတယ်။ ဒါပေမယ့် ဒီနေ့တော့ အခုထိလာတာမတွေ့မိသေးဘူး။!”
အန်းရန်က ပြန်ဖြေလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတွင် သစ်တောသည် ပဏ္ဍိတငယ်လေး၏အိမ်ပင်ဖြစ်သည်။ သူသည် S အဆင့် မက်မွန်သီးမှလွဲ၍ ရှောင်းယီ၏ အခြားအစားအစာများကို အထူးစိတ်ဝင်စားဟန်မရှိပေ။
နေ့လယ်စာစားပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ပြန်သွားပြီး အဖွဲ့ထဲတွင် မေးလိုက်၏။
“ပင်လယ်ဆားထုတ်စက် ဒါမှမဟုတ် တခြားဆားထုတ်လုပ်တဲ့ကိရိယာရှိတဲ့သူရှိလား။ ငါဈေးကောင်းပေးဝယ်ပါ့မယ်။”
“ဘာလို့ သူဌေးက ရုတ်တရက်ကြီး ဆားထုတ်လုပ်တဲ့ပစ္စည်းတွေကို လိုချင်နေပြန်တာလဲ။ သူဌေးမှာ တစ်ခုရှိတယ်မဟုတ်ဘူးလား။”
“သူဌေးမှာ ရှိတာပေါ့ဟ။ သူဌေးမှာ ဆားထုတ်စက်မရှိဘူးဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။”
“အဲ့ဒါဆို သူဌေးက ဘာလို့ ထပ်လိုချင်နေရတာလဲ။ အရင်ဆားထုတ်စက်ကနေ ထုတ်တဲ့ဆားတွေက စားဖို့မလောက်တော့လို့လား။”
“အာ! သူဌေးက ခပ်ပြင်းပြင်းအရသာကိုကြိုက်တာတာလား။”
“ဘာကို ခပ်ပြင်းပြင်းအရသာလဲ။ မင်းကလူလား တိရစ္ဆာန်လား။”
“ငါလခွမ်း! မေးခွန်းမမေးခင် စာသားကိုအရင်ဖတ်ဟ။ မင်းလာတိုင်း မောင်းပဲ မောင်းမနေနဲ့။”
“တောင်းပန်ပါတယ်။ ခပ်ပြင်ူပြင်းအရသာကိုမြင်တော့ ငါ့ရဲ့အသိစိတ်တွေကို ဆုံးရှုံးသွားလို့ပါ။ ငါမျှော်လင့်ချက်မဲ့နေပြီလား။”
“အပေါ်က ဒရိုက်ဘာအစ်ကိုကြီး မင်းက တကယ်ကို မျှော်လင့်ချက်မဲ့နေပြီ”
“အကယ်၍ အစ်ကိုကြီးမှာ အရင်က ဆားထုတ်စက်ရှိခဲ့တယ်ဆိုရင် ယခု ထပ်လိုချင်နေရတဲ့အကြောင်းအရင်းက အစ်ကိုကြီးရဲ့ကျွန်းပေါ်မှာ လူတွေပိုများလာလို့ဆိုတာ သေချာတယ်။”
“ဟုတ်တယ် အရင်ဆားထုတ်စက်က အရင်လူတွေအတွက်ပဲ လုံလောက်တယ်။”
“အာ! သူဌေးက လူခေါ်လိုက်ပြီလား။ ဘာလို့ ကျွန်မကိုမပြောတာလဲ။ ကျွန်မ လိုလိုလားလားနဲ့ စာချုပ်ချုပ်ဖို့ အဆင်သင့်ပဲ။ သူဌေးဆီမှာ အညံ့ခံပြီး ကျွန်မရဲ့ပိုင်ဆိုင်မှုအားလုံးရော၊ ကျွန်မရဲ့အပြစ်ကင်းတဲ့ခန္ဓာကိုယ်ကိုပါ သူဌေးဆီကို နှလုံးသားတစ်ခုလုံးနဲ့အပ်နှံပါ့မယ်။”
“ဟုတ်တယ်။ ငါလည်း သူဌေးရဲ့ကျွန်းကိုသွားပြီး သူ့ကို မျောက်တစ်ကောင်လောက် မွေးပေးချင်တယ်။”
“အဲ့အကြောင်းနဲ့ပနိသက်ပြီး အိပ်မက်တောင်မမက်နဲ့။ ပထမဦးဆုံးအနေ မင်းက သူဌေးရဲ့မျက်လုံးထဲဝင်ဖို့ တန်ဖိုးရှိရမယ်။ ဒုတိယအနေနဲ့ သူဌေးရဲ့ယုံကြည်မှုကို ရဖို့လိုတယ်။ သူဌေးက စာချုပ်ချုပ်ရုံတင်မကဘူး တစ်ယောက်နဲ့တစ်ယောက် သဟဇာတမဖြစ်နိုင်တဲ့သူတွေကိုလည်း မလိုချင်လောက်ဘူး။”
“အစ်ကိုကြီးလန်ရွှေ ပြန်ရောက်လာပြန်ပြီ။ မင်းက အချိန်မှန်မှန် ငါတို့ကိုရေအေးနဲ့ လာလာလောင်းချနေတာပဲ။”
“ငါက တကယ့်ကို သူဌေးကြီးမှာ စိတ်ရင်းမှန်နဲ့ အညံ့ခံမှာပါ။ ငါ့ရဲ့တန်ဖိုးက ဘယ်လောက်ရှိလဲဆိုတာ ငါသိတယ်။ ငါ့မှာ နည်းဗျူဟာကျွမ်းကျင်မှုမရှိဘူး။ ငါ အလံလှုပ်ပြရတဲ့သူတစ်ယောက်သက်သက်ပဲ။ ငါအသက်ရှင်နိုင်ရင်ကို ရပြီ။”
“ငါရောပဲ။ သူဌေး ကျေးဇူးပြုပြီး ကျွန်တော့်ကိုလက်ခံပါ။”
“သူဌေး ကျေးဇူးပြုပြီး ကျွန်မကိုလက်ခံပါ +10086။”
Xiao Yi သည် အဖွဲ့ထဲရှိ တုံ့ပြန်မှုများကို ကြည့်ပြီး ခေါင်းခါလိုက်မိသည်။ ပင်လယ်ဆားထုတ်စက်ရရှိသူထားသူများသည်လည်း မည်သူမျှ ရောင်းရန်မဖြစ်နိုင်ပေ။
နောက်ဆုံးတွင် ဆားသည် နည်းဗျူဟာမြောက်ပစ္စည်းဖြစ်ပြီး ဘာပြဿနာမှရှိစေ၍မရပေ။
“ဒီဒီ!! သူစိမ်းတစ်ဦးက သင်နှင့် သီးသန့်စကားပြောလိုနေပါသည်!”
ထိုစဉ် ကျွန်းအထိမ်းမ်းအမှန်ကျောက်တိုင်မှ အသိပေးသံ မြည်လာခဲ့သည်။
ရှောင်းယီ၏မျက်လုံးများ အနည်းငယ်တောက်ပသွားခဲ့သည်။ ထို့နောက် သူသည် ချက်ချင်းပင် သီးသန့်စကားပြောခန်းကို ဖွင့်ကြည့်လိုက်သည်။ စကားလာပြောသူမှာ သူ၏အသိအကျွမ်းတစ်ဦးဖြစ်သည့် သေမင်းနတ်ဘုရားပင်ဖြစ်လေသည်။
ပြီးခဲ့သည့်အကြိမ်က ရှောင်းယီသည် သူ့အား ဒူးလေးပစ်ကြီးကို ငှားရမ်းပေးခဲ့သောကြောင့် ဒေသခံများ၏ တိုက်ခိုက်မှုများကို ပြန်လည်တွန်းလှန်နိုင်ခဲ့သည်။
“ယီရန်ပင်း ခင်ဗျား ပင်လယ်ဆားထုတ်စက်လိုချင်တာ ဆားမလုံလောက်တော့လို့လား။”
သေမင်းနတ်ဘုရားက မေးလိုက်သည်။
ရှောင်းယီ ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်။ မင်းမှာ ပင်လယ်ဆားထုတ်စက်ရှိလား။”
“ရှိတယ်!”
သေမင်းနတ်ဘုရားက သေချာပေါက်ပြန်ဖြေလိုက်သည်။
“ရောင်းချင်လား။”
ရှောင်းယီက ထပ်မေးလိုက်သည်။
“တောင်းပန်ပါတယ် ဒီပစ္စည်းကိုတော့ ရောင်းဖို့မဖြစ်နိုင်ပါဘူး။”
သေမင်းနတ်ဘုရားက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် မျှော်လင့်ချက်မဲ့သွားခဲ့ပြီး မေးလိုက်၏။
“ရောင်းဖို့မဟုတ်ဘူးဆိုရင် အခုဆက်သွယ်ခြင်းရဲ့ အကြောင်းအရင်းက ဘာလဲ။”
အခန်း ၂၈၄
သေမင်းနတ်ဘုရားက ဆက်ပြောလိုက်သည်။
“ကျွန်တော့်အတွက် အဲ့ဒါကိုမရောင်းနိုင်ဘူးဆိုပေမယ့် ဆားအချို့ကိုတော့ လဲလှယ်ပေးလို့ရတယ်။ ဒီလိုဆိုရင် ခင်ဗျားရဲ့ဆားချို့တဲ့မှုကိုလည်း သက်သာစေနိုင်လိမ့်မယ်။”
ရှောင်းယီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“အဲ့လိုဆိုရင်လည်း အဆင်ပြေပါတယ်။ မင်းဘာလိုချင်လဲ။”
“အဆင့်သတ်မှတ်ထားတဲ့ အစားအစာတွေရှိရင်တော့ အကောင်းဆုံးပါပဲ။ ခင်ဗျားအတွက်တော့ ဒါက မခက်ခဲလောက်ဘူးလို့ ကျွန်တော်ထင်တယ်။”
သေမင်းနတ်ဘုရားက ဆို၏။
ရှောင်းယီ အနည်းငယ်စဉ်းစားပြီး ပြောလိုက်သည်။
“Cအဆင့်အစားအစာတွေကို တူညီပမာဏအတိုင်း လဲမယ်။ ဆိုလိုတာက Cအဆင့်အစားအစာ ၁ဂရမ်ကို ဆား ၁ဂရမ်နဲ့လဲရမယ်။”
“ကောင်းပြီ!”
သေမင်းနတ်ဘုရားက ဈေးမဆစ်ခဲ့ပေ။ အကြောင်းမှာ ရှောင်းယီသည် ယခင်က သူ့ကိုကူညီခဲ့သောကြောင့်ဖြစ်သည်။
“ဒါပေမယ့် အခုတော့ ကျွန်တော့်လက်ထဲမှာ ဆား ၅၀ ဂရမ်ပဲရှိတယ်။ ဒီကနေစပြီး တစ်ပတ်ကို ၃၀ဂရမ် လဲလှယ်ပေးနိုင်တယ်။”
“တစ်ပတ်ကို ၃၀ဂရမ်လား။ ဒါက အရမ်းနည်းနေသေးတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျွန်တော့်ဆီမှာရှိတာက အဆင့်အနိမ့်ဆုံး ပင်လယ်ဆားထုတ်စက်ပါ။ အဲ့ဒါကတစ်ရက်ကို ပင်လယ်ဆား ၁၀ဂရမ်ပဲ ထုတ်လုပ်ပေးနိုင်တယ်။ ကျွန်တော်ကိုယ်တိုင်သုံးတာက ၅ဂရမ်လောက်ရှိတော့ ဒီလောက်ပဲစုပေးနိုင်ပါတယ်။”
သေမင်းနတ်ဘုရားက မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။ သူ့၏လက်ထဲ၌ ရှိနေသော Bအဆင့် ပင်လယ်ဆားထုတ်စက်သည် တစ်ရက်လျှင် ဆား ၄၀ဂရမ်သာထုတ်လုပ်နိုင်ပြီး လူရှစ်ယောက်စာလောက်သာ လုံလောက်ပေသည်။
ယခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က လူသားတစ်ဦး၏ တစ်ရက်စာ ဆားစားသုံးမှုပမာဏသည် ၅ဂရမ်ထက်မပိုသင့်ကြောင်း အကြံပြုထားခဲ့သည်။
သို့သော် အရသာပြင်းပြင်းကြိုက်သူများလည်း ရှိတတ်ကြပေသည်။ လက်ရှိ ရှောင်းယီ၏ကျွန်းပေါ်တွင် အသက်ရှင်ကျန်ရစ်သူရှစ်ယောက်ရှိပြီး ပင်လယ်ဆားထုတ်စက်မှထုတ်သောဆားများကို ချွေတာအသုံးပြုပါက ဆက်လက်၍ ခံနိုင်ရည်ရှိပေသည်။
ယခုတွင် ထိုဌာနေလူမျိုး ၇၀၊ ၈၀ကိုပါ ထည့်သွင်းစဥ်းစားရမည်ဆိုလျှင် ဤပမာဏမှာ မလုံလောက်တော့ပေ။ သေမင်းနတ်နတ်ဘုရားနှင့်လဲလှယ်မည့် ပမာဏကိုပါ ထည့်တွက်လျှင်ပင် မလုံလောက်သေးပေ။
“ဒီဒီ!! ပေါင်ယွမ်က သင့်နှင့်သီးသန့်စကားပြောရန် တောင်းဆိုနေပါသည်!”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်ပေးသံ မြည်လာ၏။
ရှောင်းယီသည် ချက်ချင်းပင် သီးသန့်စကားပြောရန် ချိတ်ဆက်ကာ မေးလိုက်သည်။
“မင်းဘယ်လိုရောင်လာတာလဲ။ ရှင်သန်မှုဆိုင်ရာအထူးကျွမ်းကျင်သူကြီး မင်းမှာ ငါ့နဲ့သီးသန့်စကားပြောဖို့အချိန်ရှိသေးတယ်ပေါ့။”
(A/N: E tran ထဲမှာ ပေါင်ယွမ်နဲ့ ပေါင်လွမ်ဆိုပြီး အမျိုးမျိုးသုံးထားတာကို တွေ့ရပါတယ်။ ဒါလေးကိုတော့ သည်းခံပြီးဖတ်ပေးပါနော်။)
ပေါင်ယွမ်က ပြန်ဖြေလိုက်သည်။
“အုပ်စုထဲမှာ မင်း ဆားအကြောင်းမေးနေတာမြင်လို့ မင်းကိုပြောဖို့စဉ်းစားမိတာ။ ပင်လယ်ရေနဲ့လည်း ဆားခြောက်လုပ်လို့ရတယ်။”
“အဲဒါကို ငါလည်းသိပါတယ်။ ဒါပေမယ့် နေပူလှန်းပြီးမှရလာတဲ့ဆားက နည်းနည်းခါးတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ပေါင်ယွမ်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“မင်း ဈေးကွက်ပေါ်မှာ ရေနွေးကြမ်းတွေ အမြဲတမ်းတင်ထားကို ငါမြင်တယ်။ အဲ့တော့ မင်းမှာ ရေချိုလည်းချို့တဲ့နေမယ်မထင်ဘူး။”
“ဟုတ်တယ်!”
ရှောင်းယီက တုန့်ပြန်လိုက်သည်။
“ဒါဆိုရင် အကြိမ်ကြိမ် ပုံဆောင်ခဲဖွဲ့လိုက်။!”
ပေါင်ယွမ်က ပြောလိုက်သည်။
“ပျော်ဝင်ပြီးတဲ့အခါတိုင်း ပိတ်စနဲ့စစ်ပြီး အညစ်အကြေးတွေကို ဖယ်ရှားရမယ်။ အဲ့ဒီနည်းလမ်းနဲ့ထုတ်လုပ်ထားတဲ့ဆားရဲ့အရည်အသွေးက နည်းနည်းညံ့တယ်ဆိုပေမယ့် အသုံးပြုလို့တော့ရပါတယ်။”
ရှောင်းယီက ခေါင်းညိတ်ကာ မေးလိုက်၏။
“အိုကေ ကျေးဇူးတင်ပါတယ် မင်းဘာလိုချင်တာရှိလဲ။”
ဤနေရာတွင် အကြောင်းပြချက်မရှိဘဲ သင့်ကိုကူညီမည့်သူမရှိပေ။ သင်တွင်တန်ဖိုးရှိမှသာ အခြားသူများက လက်လှမ်းကာ ကူညီပေးမည်ဖြစ်သည်။
“[ပင်လယ်ငါး] (Cအဆင့်) ၅၀၀ဂရမ် - လဲလှယ်မှုမရှိပါ။”
ပေါင်ယွမ်က ထိုလဲလှယ်မှုကို သဘောတူပြီး ပြန်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်!”
ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ဗီလာမှထွက်လာကာ ကမ်းခြေသို့ လျှောက်သွားလိုက်သည်။ သူသည် နေရောင်ခြည်နှင့် ပင်လယ်လေ ကောင်းစွာရရှိနိုင်သော နေရာတစ်ခုကို ရှာဖွေကာ ကျန်းယွင်ထျန်းနှင့် အန်းယွဲ့ကို ခေါ်လိုက်၏။
“ငါတို့အတူတူ တွင်းတစ်ခုတူးကြရအောင်။” ရီ
ရှောင်းယီက သူတို့ကို သူရှေ့ရှိနေရာအား ညွှန်ပြကာ ပြောလိုက်သည်။
ကျန်းယွင်ထျန်းနှင့် အန်ယွဲ့တို့သည် ချက်ချင်းပင် သူတို့ဘေးတွင်ရှိသော ပစ္စည်းကိရိယာများကိုကောက်ယူကာ စတင်တူးဖော်လိုက်ကြသည်။
“ရှောင်းယီ မင်း ဘာလုပ်မလို့ တွင်းတူးနေတာလဲ။”
ကျန်းယွင်ထျန်ူက တူးဖော်နေရင်းဖြင့် မေးလိုက်သည်။
အန်းယွဲ့ကလည်း ရှောင်းယီကို သိချင်နေသောမျက်လုံးများဖြင့် ကြည့်နေခဲ့လေသည်။
“ဆားကွင်းတစ်ခုတည်ဆောက်ဖို့ပဲ။ ပေါင်ယွမ်က ငါ့ကို ဆားခြောက်ဘယ်လိုလုပ်ရတယ်ဆိုတာ ပြောပြခဲ့တယ်။”
ရှောင်းယီက ဖြေလိုက်သည်။
“အနာဂတ်မှာ ငါတို့က ပင်လယ်ဆားထုတ်စက်နဲ့ ထုတ်လုပ်ထားတဲ့ဆားကိုသုံးမယ်။ ဒေသခံတွေကတော့ ဒီဆားကိုသုံးရမယ်။”
ကျန်းယွင်ထျန်းနှင့် အန်ယွဲ့တို့က ခေါင်းညိတ်လိုက်ကြသည်။
ယောက်ျားသုံးယောက်၏ခွန်အားဖြင့် ဆားကွင်းတစ်ခုကို မြန်မြန်ဆန်ဆန်ပင် တူးဖော်၍ပြီးသွားခဲ့လေသည်။ ထို့နောက် ပင်လယ်ရေကို ဆားကွင်းထဲသို့ ဖောက်ချကာ ရေများကို သဘာဝအတိုင်း အငွေ့ပျံအောင် လုပ်လိုက်ကြသည်။
“ပင်လယ်ရေကနေ ဆားကပုံဆောင်ခဲဖွဲ့ဖို့မှာကို စောင့်နေဖို့ပဲလိုတော့တယ်။”
ရှောင်းယီ သူ့အရှေ့ရှိဆားကွင်းကိုကြည့်ရင်း ပြောလိုက်သည်။
အန်ယွဲ့က ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်၏။
“အခုရက်ပိုင်းမှာ ရာသီဥတုကလည်း တော်တော်လေးကောင်းနေတာဆိုတော့ သိပ်မကြာခင်မှာပဲ ပုံဆောင်ခဲဖွဲ့နိုင်မယ်ထင်တယ်။”
“ဟုတ်တယ်။ ဒီမှာထားပြီး နေပူလှန်းထားရုံပဲ။”
ရှောင်းယီက ထိုသို့ပြောလိုက်ပြီး ပစ္စည်းကိရိယာများနှင့်အတူ နံရံဘက်သို့ လျှောက်သွားခဲ့သည်။
ဝှစ်ရှ်!
ထိုစဉ် မီးခိုးရောင်အရိပ်တစ်ခု သစ်တောထဲမှ ရှောင်းယီ၏ဘယ်ဘက်ခြမ်းသို့ ခုန်ထွက်လာခဲ့လေသည်။
ရှောင်းယီ၏မျက်စိမှာ အလွန်လျင်မြန်ပြီး ထိုမီးခိုးရောင်အရိပ်ကို ခြေထောက်ဖြင့် ပြန်းထန်စွာ ကန်ထုတ်ပစ်လိုက်၏။ ထိုပုံရိပ်သည် ၅ မီတာ၊ ၆ မီတာလောက်အထိ လွင့်ထွက်သွားပြီး မရပ်တန့်ခင်အချိန်အထိ မြေပြင်ပေါ်တွင် အကြိမ်ကြိမ်လူးလိမ့်သွားခဲ့လေသည်။
“အစားအစာတွေက အိမ်တံခါးဝအထိ ရောက်လာမယ်လို့ မထင်ထားမိဘူး။”
ရှောင်းယီက ပြုံးလိုက်မိပြီး သူ ခြေထောက်ဖြင့်ကန်ကာ သတ်ပစ်လိုက်သော ယုန်ကိုကောက်ယူလိုက်သည်။
သူသည် ထိုယုန်ကိုကိုင်ကာ နှစ်လှမ်းပင်မလျှောက်ရသေးမီ နောက်ထပ်ရစ်ငှက်တစ်ကောင် အခြားတစ်ဖက်မှပြေးထွက်လာခဲ့သည်။ ရှောင်းယီကိုမြင်သောအခါ သူသည် ချက်ချင်းပင် သစ်တောထဲသို့ ပြန်လည်ဝင်ပြေးသွားခဲ့သည်။
ရှောင်းယီ အနည်းငယ်ကြောင်အ,သွားကာ ရေရွတ်လိုက်မိသည်။
“ကျွန်းပေါ်က ပတ်ဝန်းကျင်က ဒီလောက်တောင် ကောင်းနေပြီလား။”
ယုန်ကို အန်ရန်းထံအပ်နှံလိုက်ပြီးနောက် ရှောင်းယီသည် ဗီလာထဲမှ ထပ်မံ၍ထွက်ခွာလာခဲ့သည်။ သူသည် သူကိုယ်တိုင်ဖန်တီးထားသော ရေချိုမြစ်ကို မကြည့်ရှုဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်၏။
သူသည် မြောက်ဘက်တံတိုင်း၏တံခါးပေါက်မှ အပြင်သို့ထွက်လိုက်သောအခါ နောက်ဘက်ရှိတောင်များမှာ ပိုမြင့်မားလာပြီး ရေချိုမြစ်မှာ ပိုကျယ်ပြန့်လာသည်ကို တွေ့လိုက်ရလေသည်။
ရှောင်းယီ မြစ်အနီးသို့လျှောက်လာသောအခါ ရေထဲတွင် ရေစက်များ လေထဲသို့ လွင့်စင်သွားပြီး ငါးများ ရေထဲသို့ ပြန်လည်ခုန်ဆင်းသွားကြသည်ကို တွေ့လိုက်ရသည်။
“ငါးတွေအများကြီးပါလား။”
ရှောင်းယီသည် မြစ်ထဲရှိ ပြွတ်သိပ်ကျပ်နေသော ရေချိုငါးများကို အံ့အားသင့်စွာ ကြည့်ရှုနေခဲ့သည်။
သမင်ကို တုတ်ဖြင့်ရိုက်သတ်ခြင်း၊ ဘူးသီးခွက်ဖြင့် ငါးများကိုခပ်ယူခြင်း၊ ရစ်ငှက်များ ထမင်းအိုးထဲသို့ ပျံဝင်လာခြင်းတို့သည် ယခင်ကမ္ဘာတွင် အထွက်နှုန်းကြွယ်ဝခြင်းကိုဖော်ပြရန် အသုံးပြုသောစကားလုံးများဖြစ်သော်လည်း ယခုအခါတွင် ထိုစကားလုံးများကို သူတို့၏ကိုယ်ပိုင်ကျွန်းပေါ်တွင် အသုံးပြုနိုင်ပြီဖြစ်သည်။
ရေချိုမြစ်တစ်လျှောက် လျှောက်သွားရင်းဖြင့် ရှောင်းယီသည် ထိုမြစ်ထဲတွင် မြစ်လက်တက်များပင် ရှိနေကြောင်း အံ့အားသင့်စွာ တွေ့လိုက်ရလေသည်။
“ငါ့ကျွန်းရဲ့ဆင့်ကဲဖြစ်စဉ်ကို ဂရုမစိုက်မိတာ အရမ်းကြာနေခဲ့ပုံပဲ!”
ရှောင်းယီက တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။
ရှောင်းယီသည် မြစ်လက်တက်လမ်းကြောင်းဆီသို့လျှောက်သွားတော့မည့်အချိန်တွင် သူ၏ဝေါ်ကီတော်ကီမှ အသံမြည်လာခဲ့လေသည်။
“ရှောင်းယီ ငါတို့ရဲ့အရှေ့မြောက်ဘက် ၃၂ကီလိုမီတာအကွာမှာ အလတ်စားရွက်လှေတစ်စင်းတွေ့တယ်။”
ကျန်းယွင်ထျန်း၏အသံက ဝေါ်ကီတော်ကီထဲမှ ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီ မျက်မှောင်ကြုံ့လိုက်မိ၏။
“သူတို့ ထပ်ရောက်လာတာလား။”
“ဟိုဒေသခံသင်္ဘောနှစ်စင်းရော ရှိနေသေးလား။”
ရှောင်းယီက မေးလိုက်သည်။
“ရှိနေတုန်းပဲ!”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ရေဒါတိုင်းတာမှုအရ ခုနကပေါ်လာတဲ့အလတ်စားရွက်လှေက ငါတို့ဆီကို လာနေတဲ့ပုံမပေါ်ဘူး။”
ရှောင်းယီ ပိုမိုအံ့ဩသွားခဲ့သည်။
“မင်း ဘာကိုဆိုလိုတာလဲ။”
“သူတို့ရဲ့မောင်းနှင်တဲ့ဦးတည်ချက်သာ မပြောင်းဘူးဆိုရင် ငါတို့ကျွန်းရဲ့ ၁၀ကီလိုမီတာအကွာကနေ။ဖြတ်သွားနိုင်တယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
‘သူတို့ရဲ့ဦးတည်ချက်မှာ အခြားအသက်ရှင်ကျန်ရစ်သူတွေရှိနေတာများလား။’
ရှောင်းယီ တွေးလိုက်မိသည်။
ဒေသခံသင်္ဘောများတွင် ဦးတည်ချက်ကျောက်များရှိသည်ကို သိထားရပေမည်။။ သူတို့၏ဦးတည်ချက်များမှာ အလွန်ရှင်းလင်းပြီး လုံးဝလမ်းလွဲသွားမည်မဟုတ်ပေ။
ကျန်းယွင်ထျန်း ဖော်ပြထားသောသင်္ဘောမှာ သူတို့အတွက် ရောက်လာခြင်းမဟုတ်ကြောင်းပေ။ ထိုဖြစ်နိုင်ချေမှာ အလွန်မြင့်မားပေသည်။
ရှောင်းယီသည် ပင်မရေချိုမြစ်မှတစ်ဆင့် ဆိပ်ကမ်းဆီသို့ လျှောက်သွားလိုက်သည်။
“ရှောင်းယီ ကြည့်လိုက်ဦး!”
ကျန်းယွင်ထျန်းသည် သူ၏လက်ထဲရှိ ရေဒါလက်ခံစက်ကို ရှောင်းယီလက်ထဲသို့ အပ်လိုက်သည်။
ရှောင်းယီကြည့်လိုက်သောအခါ သင်္ဘောသည် အမှန်တကယ်ပင် သူတို့ဆီသို့ လာနေခြင်းမဟုတ်ပေ။ သင်္ဘော၏ကုန်းပတ်ပေါ်တွင်လည်း မည်သူမျှပေါ်မလာကြောင်း တွေ့လိုက်ရသည်။
“ဦးတည်ချက်ကျောက်ရဲ့ တည်နေရာခုန်ကူးတဲ့လုပ်ဆောင်ချက်ကို အသက်သွင်းထားတာများလား။”
ရှောင်းယီက ခန့်မှန်းလိုက်သည်။
သာမန်အားဖြင့် ဦးတည်ချက်ကျောက်ကို အသက်သွင်းသည့်အခါမှသာ ဒေသခံအားလုံးသည် သင်္ဘောခန်းမအတွင်း၌ ပုန်းနေကြရမည်ဖြစ်သည်။
သို့သော် ထူးဆန်းသည်မှာ သင်္ဘောအနီးတွင် ပုံမှန်မဟုတ်သောအခြေအနေများမရှိဘဲ ပုံမှန်အတိုင်းပင် အေးဆေးတည်ငြိမ်စွာ ရွေ့လျားနေခြင်းဖြစ်သည်။
ရှောင်းယီ အံ့ဩနေစဉ်မှာပင် သင်္ဘောခန်းအတွင်းမှ လူတစ်ဦးထွက်လာပြီး သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်လိုက်လေသည်။
ရှောင်းယီသည် သင်္ဘောကုန်းပတ်ပေါ်တွင်ရှိနေသောလူကိုကြည့်ကာ ပြောလိုက်၏။
“ဒီသင်္ဘောရဲ့လှုပ်ရှားမှုကို သေချာအာရုံစိုက်ထား။ ဒါကအသက်ရှင်ကျန်ရစ်သူတွေရဲ့သင်္ဘောဖြစ်ဖို့များတယ်။”
အခန်း ၂၈၅
“အသက်ရှင်ကျန်ရစ်သူတွေလား။”
ကျန်းယွင်ထျန်းသည် ရေဒါလက်ခံစက်ပေါ်က ပုံရိပ်များကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ သူတို့၏ခေါင်းပေါ်တွင် အမွေးအတောင်များ မရှိခဲ့ပေ။
ခေါင်းပေါ်တွင် အမွေးအတောင်များ တပ်ဆင်ခြင်းသည် ဤနေရာရှိ ဌာနေများ၏ အထူးလက္ခဏာရပ်ဖြစ်သောကြောင့် ရှောင်းယီသည် ထိုသင်္ဘောမှာ အသက်ရှင်ကျန်ရစ်သူများ၏ သင်္ဘောဖြစ်နိုင်ခြေအရှိဆုံးဟု ပြောခဲ့ခြင်းဖြစ်ပေသည်။
တကယ်တမ်းတွင် ကမ္ဘာကြီးသည် အလွန်ရူးသွပ်လှပြီး မဖြစ်နိုင်ဘူးဟုထင်ထားသည့်အချိန်တွင် ရုတ်တရက်ရောက်လာကာ သင့်ကိုတိုက်ခိုက်သွားနိုင်သည့် အလားအလာကိုလည်း ဖယ်ရှားပစ်၍မရပါပေ။
ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကျူးချန်းကလန်မှာပဲ လုံခြုံစိတ်ချရတဲ့ ရေကြောင်းသွားလာရေးလက်နက်ရှိတယ်လို့ထင်ရပေမယ့် ကမ္ဘာပေါ်မှာ လူတွေအများကြီးရှိတယ်။ အဲ့တော့ အဲ့ဒီလက်နက်မျိုး တစ်ခုတည်းရှိတယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ။ တစ်စုံတစ်ယောက်မှာ အဲ့ထက်ပိုပြီး အကျိုးသက်ရောက်မှုများတဲ့ အရာတစ်ခုခုရှိမယ်လို့တောင် ငါသံသယရှိနေတယ်။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
နေ့စဉ် ထောက်ပံ့ပို့ဆောင်ရေးသေတ္တာများ ဖွင့်ရခြင်းသည် ကံစမ်းမဲသေတ္တာဖွင့်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ မည့်သည့်ပစ္စည်းများရရှိနိုင်သလဲဆိုသည်မှာ ကံတရားပေါ်တွင်သာ လုံးဝမူတည်နေပေသည်။
အခြားသူများမသိသော်လည်း ရှောင်းယီသည် သူ့ကိုယ်ကို သိပေသည်။ သူ၏ကံကြမ္မာသည် အလယ်အလတ်သာဖြစ်ပြီး ရံဖန်ရံခါမှသာကောင်းမွန်သောပစ္စည်းတစ်ခုကို ရရှိနိုင်ပေသည်။
သူ့လက်ထဲတွင်ရှိနေသော S အဆင့်နှင့်အထက်ပစ္စည်းအားလုံးနီးပါးမှာ လက်မှတ်ထိုးဝင်ပြီးရရှိထားသော ဆုလာဘ်များသာ ဖြစ်ပေသည်။
ယထိုလက်မှတ်ထိုးဝင်ရာမှ ရရှိထားသော ဆုလာဘ်များမှလွဲ၍ သူရရှိထားသောပစ္စည်းများသည် အခြားအသက်ရှင်ကျန်ရစ်သူများနှင့်ယှဉ်လျှင် မည်သည့်အားသာချက်မျှ မရှိပေ။
“အဲ့ဒါက ကျူးချန်းကလန်ရဲ့သင်္ဘောလို့ မင်းထင်လား။”
ကျန်းယွင်ထျန်းက ခန့်မှန်းလိုက်သည်။
ရှောင်းယီက သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
“ကျူးချန်းကလန်ရဲ့ သင်္ဘောတွေက တပ်ဖွဲ့တစ်ခုပဲ။ သင်္ဘောတစ်စင်းတည်းမဟုတ်ဘူး။ သူတို့မှာ ရုပ်တုတစ်ခုတည်းရှိတာမို့လို့ ခွဲထွက်လို့မရဘူး။”
“အင်း သူတို့ရဲ့အမြန်နှုန်းအရ နောက်တစ်နာရီခွဲလောက်ဆိုရင် ငါတို့ကျွန်းနဲ့အနီးဆုံးကို ရောက်လာလိမ့်မယ်။”
ကျန်းယွင်ထျန်းက ခန့်မှန်းလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်၏။
“အင်း နောက်တစ်နာရီကြာရင် ငါပြန်လာခဲ့မယ်။ အရင်ဆုံး အုပ်စုထဲသွားပြီး အခြေအနေမေးလိုက်ဦးမယ်။”
ထိုသို့ပြောပြီးသည်နှင့် ရှောင်းယီသည် ဗီလာသို့ ပြန်လျှောက်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ရောက်လာခဲ့သည်။
“ကျူးချန်းကလန်ကလွဲလို့ ပင်လယ်ပြင်မှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောက်နေတဲ့သူတွေ ရှိသေးလား။”
ရှောင်းယီက မေးလိုက်သည်။
“ငါအစတုန်းက ပင်လယ်ပြင်မှာ ဖွံ့ဖြိုးအောင်လုပ်ဖို့စီစဉ်ထားခဲ့တာ။ ဒါပေမယ့် သးဌေးပြောတဲ့ ရှေးဦးသတ္တဝါကြီးတွေအကြောင်းကြားတော့ ငါကြောက်သွားတယ်ဆိုတာ ဝန်ခံရမယ်။”
“ဟုတ်တယ်။ ငါ မိုင် ၁၀၀၀ သင်္ဘောတစ်စီး ရခဲ့တယ်။ ဒါပေမယ့် လူအင်အားလည်းမရှိ၊ ပင်လယ်သတ္တဝါတွေရဲ့အန္တရာယ်ကလည်း ရှိနေသေးတော့ ပင်လယ်ပြင်မှာ ဖွံ့ဖြိုးဖို့ မရွေးချယ်ခဲ့ဘူး။”
“မိုင် ၁၀၀၀ သင်္ဘောဆိုတာ ဘာလဲ။”
“အဲ့ဒါကို ငါသိတယ်။ မိုင် ၁၀၀၀ သင်္ဘောကို တရုတ်နိုင်ငံသိပ္ပံပညာရှင် ဇူချုန်းကျိက ဒီဇိုင်းဆွဲခဲ့တာ။ လူအင်အားသုံးပြီး ခြေထောက်နဲ့နင်းပြီးလှော်ရတဲ့ သဘောတရားကိုသုံးထားတာ။ သူ့ရဲ့အရှိန်ကလည်း အရမ်းမြန်တယ်။”
“အပေါ်ကလူက အရမ်းအံ့ဩစရာကောင်းတာပဲ။ မင်းက ဒါတောင်သိတယ်ပေါ့။”
“ငါ အရင်က သင်္ဘောဆင့်ကဲဖြစ်စဉ်သမိုင်းကြောင်းကို ဖတ်ဖူးထားလို့ မှတ်မိသွားတာ။”
“အံ့ဖွယ်ပဲ! မိုင် ၁၀၀၀ သင်္ဘောကို ရောင်းမလား။ ဈေးကြီးပေးမယ်လေ။”
“မရောင်းဘူး ငါ့အတွက်ငါသိမ်းထားတာ။”
“မင်းမှာ လူအင်အားမလုံလောက်ဘူး။ အဲ့ဒါကို သိမ်းထားလည်း အကျိုးမရှိဘူး။ ငါ့ကိုရောင်းလိုက်ပါလား။ ငါ့ကျွန်းမှာ လူလေးယောက်ရှိတယ်။”
“ဝိုး! မင်း ဘယ်လိုတောင် ပါတနာတစ်ယောက်ရခဲ့တာလဲ။
“ငါတို့ တစ်ယောက်တည်းနေဖို့ သဘောတူခဲ့ပေမယ့် ငါကလူပြက်တစ်ယောက်ဖြစ်သွားမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ မင်းတို့နှစ်ယောက်ဘယ်လိုလုပ်ပြီး မြန်မြန်စုံတွဲဖြစ်သွားကြတာလဲ။”
ထိုဆွေးနွေးမှုများကိုကြည့်ရင်း ရှောင်းယီစိတ်ထဲ၌ ရေရွတ်လိုက်မိသည်။
‘ပင်လယ်ပြင်မှာဖွံ့ဖြိုးဖို့ရွေးချယ်တဲ့သူတွေ သိပ်များမယ်မထင်ဘူး။’
“စကားမစပ် သူဌေး မင်းဒီမေးခွန်းကို ဘာလို့ရုတ်တရက်ကြီးမေးရတာလဲ။”
အုပ်စုထဲကတစ်ယောက်က စူးစမ်းစွာမေးလိုက်သည်။
“ငါဒီမှာ သင်္ဘောတစ်စင်းတွေ့တယ်။ အဲ့ဒါက အသက်ရှင်ကျန်ရစ်သူတစ်ဦးရဲ့သင်္ဘောနဲ့တူတယ်။”
ရှောင်းယီက အနည်းငယ်တွေးတောလိုက်ပြီးနောက် အမှန်အတိုင်း ဖြေလိုက်သည်။
“အဲ့ဒါက ငါတို့အုပ်စုထဲက သင်္ဘောဖြစ်မယ်ဆိုရင် သင်္ဘောဦးမှာ ပိတ်စနဲ့ချည်ထားပါ။ အဲ့လိုမှမဟုတ်ရင် တစ်ယောက်နဲ့တစ်ယောက် မတော်တဆထိခိုက်မှုတွေ ဖြစ်သွားနိုင်တယ်။”
“ဘာလဲ။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်က သူဌေးရဲ့ကျွန်းကိုတွေ့သွားတာလား။”
“ငါအရမ်းမနာလိုတာပဲ။ အဲ့ဒါက ဘာလို့ငါမဟုတ်ရတာလဲ။”
“ဒါဆို မင်းအရင်ဆုံး ပင်လယ်ပြင်မှာ ဖွံ့ဖြိုးဖို့ရွေးချယ်မှရမယ်။”
အလွန်နည်းပါးသောလူများသာ ပင်လယ်ပြင်တွင် ဖွံ့ဖြိုးတိုးတက်ရန် ရွေးချယ်ခဲ့ကြသည်။ အုပ်စုထဲတွင် ရှောင်းယီ၏စကားကိုကြားပြီးနောက် ထိုလူများသည် သူတို့၏လူများကို သင်္ဘောကုန်ပတ်ပေါ်မှ ပတ်ဝန်းကျိင်တွင် ကျွန်းတစ်ခုတွေ့ရှိ၊မရှိ စောင့်ကြည့်ရန် ချက်ချင်းတောင်းဆိုလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ရှောင်းယီ၏တောင်းဆိုချက်အတိုင်း သူတို့၏သင်္ဘောဦးတွင် လီနင်ပိတ်စကို အသုံးပြု ချည်နှောင်ထားလိုက်ကြသည်။
ဤအရာအားလုံးကို ပြောဆိုပြီးနောက် ရှောင်းယီသည် သူ၏ဘေးရှိ လှေကားထစ်ဆီသို့သွားကာ အဝေးရှိပင်လယ်ပြင်ကို လှမ်းကြည့်လိုက်သည်။
“ရှောင်းယီ ပဏ္ဍိတငယ်လေးဒဏ်ရာရသွားပြီ!”
အန်းယွဲ့၏အသံက ဝေါ်ကီတော်ကီမှ ထွက်လာခဲ့သည်။
“ဟင်! ဘယ်မှာလဲ။”
ရှောင်းယီက မေးလိုက်၏။
“ကျွန်းရဲ့အနောက်တောင်ထောင့်မှာ ပင်လယ်ကမ်းစပ်နားနဲ့နီးတယ်။”
အန်ယွဲ့က ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် ချက်ချင်းပင် ထိုနေရာသို့ ပြေးထွက်သွားလိုက်သည်။
ရှောင်းယီ အန်းယွဲ့ဖော်ပြခဲ့သောနေရာသို့ ရောက်သွားသောအခါ အန်းယွဲ့က သံလှံတစ်ချောင်းနှင့် ဝံပုလွေသုံးကောင်ကို ရင်ဆိုင်နေရပြီဖြစ်သည်။
ပဏ္ဍိတငယ်လေးသည်လည်း သူ၏လက်မောင်းကို ဆုပ်ကိုင်ကာ ဘေးနားမှ ကြောက်လန့်တကြား အော်ဟစ်နေခဲ့သည်။
ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ဆွဲထုတ်ပြီး ဝံပုလွေများကြားထဲသို့ တန်းတန်းမတ်မတ် ခုန်ဝင်လိုက်၏။ ဝံပုလွေသုံးကောင်သည် ရွှမ်းယွမ်ဓား၏ဖိအားအောက်တွင် ဖိနှိပ်ခံရလိုက်လေသည်။ ထိုအချိန်တွင် ရှောင်းယီသည် ထိုသားရဲအုပ်စုတစ်ခုလုံးကို အလျားလိုက်တွန်းကာ ဝံပုလွေသုံးကောင်၏ ဦးခေါင်းများမှာ ထက်ပိုင်းပြတ်သွားခဲ့လေသည်။
စနစ်၏အချက်ပြမှုအရ ထိုဝံပုလွေသုံးကောင်မှာ B အဆင့်သာဖြစ်သည်။ အဘယ်ကြောင့် A အဆင့်ရှိသည် ပဏ္ဍိတငယ်လေးကို ထိခိုက်စေနိုင်ရသနည်း။
ဝံပုလွေသုံးကောင်ကို ကိုင်တွယ်ပြီးနောက် ရှောင်းယီသည် ပဏ္ဍိတငယ်လေးဆီသို့ ချက်ချင်းသွားလိုက်ပြီး သူ၏ဒဏ်ရာများကို ကြည့်ရှုလိုက်၏။
သူ၏ဘယ်ဘက်လက်မောင်းတွင် ကြီးမားသောဒဏ်ရာတစ်ခုရှိပြီး တစ်စုံတစ်ခုက စုပ်ဖြဲထားပုံရသည်။
“ရှောင်ရှန်း ဘာတွေဖြစ်နေတာလဲ။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
ရှောင်ရှန်းသည် တုန်တုန်ယင်ယင်ဖြင့် ရှင်းပြလိုက်သည်။
ရှောင်းယီသည် ပိုမိုနားထောင်လေလေ သူ့သူ၏မျက်နှာမှာ ပိုမိုတင်းမာလာလေလေဖြစ်လာခဲ့သည်။
ရှောင်ရှန်းသည် ထိုဝံပုလွေသုံးကောင်ကြောင့် ဒဏ်ရာရခဲ့ခြင်းမဟုတ်ပေ။ ထိုဒဏ်ရာမှာ ငှက်ကြီးတစ်ကောင်ကြောင့် ရခဲ့ခြင်းဖြစ်၏။ သူသည် ဒဏ်ရာရပြီးနောက် ထိုငှက်ကြီး၏လက်မှ လွတ်မြောက်ရန် ကြိုးစားခဲ့ရသည်။ ထိုအခါ ဝံပုလွေသုံးကောင်သည် သူ၏သွေးအနံ့ကို ရှူမိသွားကြပြီး အခွင့်ကောင်းယူခဲ့ခြင်းဖြစ်ပေသည်။
ထို့အပြင် ရှောင်ရှန်း၏ အစီရင်ခံတင်ပြချက်အရ တောထဲရှိ တိရစ္ဆာန်များသည် ရှောင်းယီနှင့် သူ၏မိသားစု နေထိုင်ရာဘက်သို့ ရွေ့လျားလာနေပုံရ၏။
“ရှောင်းယီ ဘာတွေဖြစ်နေတာလဲ။”
အန်းယွဲ့သည် ရှောင်းယီ၏တင်းမာနေသော မျက်နှာအမူအရာကိုကြည့်ကာ မေးလိုက်သည်။
“တောထဲမှာ တောရိုင်းတိရစ္ဆာန်တွေ အရမ်းများနေပြီ။ သူတို့အဓိကရုဏ်းတစ်ခု ဖြစ်နေပုံရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဘာလဲ!”
အန်းယွဲ့၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“တောထဲမှာ တိရိစ္ဆာန်တွေ အဓိကရုဏ်းဖြစ်နေတာလား။ သူတို့တွေ ငါတို့ကိုတိုက်ခိုက်ဖို့ စုရုံးနေကြတာလား။”
“ဖြစ်နိုင်တယ်!”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“အစ်ကိုကျန်းက မနေ့ကမနက်က ဝက်ရိုင်းတွေတင်မကဘဲ ဝံပုလွေတွေပါ တွေ့ခဲ့တယ်လို့ ကျွန်တော့်ကိုပြောခဲ့တယ်။ အဲဒီအချိန်တုန်းက သူဝက်ရိုင်းကိုပစ်လိုက်တဲ့အခါ ထွက်လာတဲ့သွေးအနံ့ကြောင့် ဝံပုလွေတွေကို ဆွဲဆောင်မိတယ်လို့ထင်ခဲ့တာ။ အခုကြည့်ရတော့ အဲဒီအချိန်တုန်းကတည်းက လက္ခဏာတွေရှိနေခဲ့ပုံပဲ။”
“အခု ငါဘာလုပ်သင့်လဲ။”
အန်းယွဲ့က မေးလိုက်သည်။
“ဦးလေး ရှောင်ရှန်းကိုအရင်ပြန်ပို့လိုက်ပါ။ တံတိုင်းအတွင်းမှာရှိတဲ့ ဘယ်သူမှ အပြင်ကို ထွက်ခွာခွင့်မရှိဘူး။ ကျွန်တော် အစ်ကိုကျန်းကို သွားရှာလိုက်ဦးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ!”
အန်းယွဲ့သည် ရှောင်ရှန်းကိုခေါ်ဆောင်ကာ နံရံဆီသို့ ဦးတည်သွားလိုက်သည်။
ရှောင်းယီသည် ချက်ချင်းပင် ဆိပ်ကမ်းသို့သွားကာ ကျန်းယွင်ထျန်းကိုတွေ့သည်နှင့် ပြောလိုက်၏။
“သစ်တောထဲမှာ တိရစ္ဆာန်ဆူပူအုံကြွမှုတွေဖြစ်နေတယ်။ ဒီနေရာကို ဝမ်ချိုင် နဲ့ တပိုင်တို့ကို အရင်လွှဲထားခဲ့လိုက် မင်းနဲ့ သားရဲဘုရင်က ငါနဲ့လိုက်ခဲ့!”
ကျန်းယွင်ထျန်း တစ်ခဏတာအံ့အားသင့်သွားပြီး ပြောလိုက်သည်။
“အင်း ဒီမနက်အပြင်ဘက်မှာ တောရိုင်းတိရစ္ဆာန်တွေပိုများလာတာ အံ့သြစရာမရှိတော့ဘူး။”
ရှောင်းယီသည် ကျန်းယွင်ထျန်းနှင့် သားရဲဘုရင်တို့ကိုခေါ်ဆောင်ကာ နံရံဆီသို့ ပြန်သွားလိုက်၏။
မူလက ယွမ်နွန်သည် အပြင်ထွက်ကာ ကျွန်းပေါ်ရှိ သစ်တောထဲမှ အပင်များကို စစ်ဆေးရန်ရည်ရွယ်ခဲ့သော်လည်း အန်းယွဲ့က တားမြစ်ထားခဲ့သည်။
ရှောင်းယီကိုမြင်သောအခါ ယွမ်နွန်က ချက်ချင်းပင် မေးလိုက်၏။
“အခု အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲ။”
“တောထဲမှာ တိရစ္ဆာန်ဆူပူအုံကြွမှုတွေဖြစ်နေတယ်။ သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်လာနိုင်တယ်။ အဲ့ဒါကြောင့် ကြိုတင်ပြင်ဆင်ထားပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“တကယ်ပဲ လုံဝကို မရပ်တန့်နိုင်တော့ဘူး။”
ယွမ်နွန်က သက်ပြင်းချလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်၏။
“အဲ့ဒီဒေသခံတွေကို သွားခေါ်ထုတ်လာခဲ့။ ဒီသားရဲတွေကို အတူတူ ခုခံကာကွယ်ကြရမယ်”
“ဟုတ်ကဲ့!”
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ကျေးလက်အိမ်သို့ သွားလိုက်သည်။
ယခုအချိန်၌ ညနေစောင့်နေပြီဖြစ်သည်။ ဒေသခံများသည် တစ်နေကုန် ကျေးလက်အိမ်ထဲတွင် နေထိုင်ခဲ့ရပြီး ရှောင်းယီတို့၏ဘာသာစကားကိုလေ့လာနေခဲ့ကြသည်။
နေ့လယ်စာကိုပင် အန်းရန်က သွားပို့ပေးခဲ့ရသည်။
“ဘမ်း ဘမ်း ဘမ်း”
ကျန်းယွင်ထျန်းသည် ကျေးလက်အိမ်၏ဧည့်ခန်းထဲသို့ ရောက်ရှိလာခဲ့ပြီး လက်ခုပ်တီးကာ ပြောလိုက်၏။
“လူတိုင်းပဲ ငါနဲ့အတူ အခုချက်ချင်းထွက်လာခဲ့ကြ။”
သူသည် ထိုသို့ပြောနေစဉ် ထိုဒေသခံများ နားမလည်မည်စိုးသောကြောင့် အပြင်ဘက်ကိုပင် ညွှန်ပြထားခဲ့သည်။