← Chapters

ပေးအပ်ခြင်း

Vol. 10 Ch. 927

ပေးအပ်ခြင်း

Vol. 10 Ch. 927

ဆန်းလျန်က အဝေးကြီးသို့ ထွက်သွားခြင်း မဟုတ်ပေ။

သူက မြက်ခင်းလွင်ပြင်ထက်တွင် အပြာရောင်ဝတ်ဆင်ထားသည့် လူတစ်ယောက်အဖြစ် ဖန်ဆင်းအသွင်ပြောင်းထားခြင်း ဖြစ်သည်။ သူ့ပုံစံက မြက်ခင်းလွင်ပြင်ထဲတွင် လွင့်မျောနေသည့် လေပြေအလား ထင်မှတ်ရသည်။

ကောင်းကင်တမာန်တော်ချုပ် (၄)ပါးက ကားတိုင်များကို ကိုင်ဆောင်ကာ ဓမ္မတေးများကို သီဆိုလျှက်ရှိကြသည်။

ထိုအရာက ဖန်ဆင်းရှင်ကို ကြောက်ရွံ့ခြင်း ၊ ဖန်းဆင်းခြင်းတရားများကို ချီးမွမ်းခြင်းနှင့်အတူ တန်ခိုးစွမ်းအားများ အဆက်မပြတ်စီးဆင်းထွက်ပေါ်လာပြီး ပီလျဲ့ကို ထောင်ချောက်သဖွယ် ထိန်းချုပ်ထားလိုက်လေသည်။

ဆန်းလျန်သာ တိုက်ပွဲကို ဝင်ရောက်မစွက်ဖက်လျှင် ယနေ့တိုက်ပွဲသည် ပီလျဲ့အတွက် မမေ့ပျောက်နိုင်သည့် ဖြစ်ရပ်ဆိုးကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။ ထိုနတ်ဆိုးသည် မမေ့နိုင်သည့် သင်ခန်းစာတစ်ခုကို မှတ်လောက်သားလောက်အောင် ရသွားပေမည်။

ဆန်းလျန်က အခြေအနေကို တိတ်တဆိတ် လေ့လာနေပြီး လောလောဆယ်တွင်တော့ ဝင်ရောက်စွက်ဖက်လိုစိတ် မရှိသေးပေ။

ဆန်းလျန်၏ ဝိညာဉ်စွမ်းအားများက ပင့်ကူအိမ်အလား ယှက်ဖြာသွားပြီး တိုက်ပွဲ၏ နေရာတိုင်းသို့ ဖြန့်ကျက်ထားလေသည်။ ထို့ကြောင့် တိုက်ပွဲအတွင်းမှ သက်ရှိသတ္တဝါတိုင်း၏ တိုက်ခိုက်မှုများကို သိမြင်နိုင်စွမ်းရှိသည်။

ယခုအချိန်က ယိလမ်းစဉ်ကို အသုံးပြုရမည့်အချိန်ဖြစ်သည်။ သတ္တဝါများ လက်ရှိတိုက်ခိုက်နေသည့် အကျိုးဆက်သည် နောက်ထပ်တိုက်ခိုက်မှုကို ဖြစ်ပေါ်စေမည့် အကြောင်းဆက်ဖြစ်သည်။

ဆန်းလျန်က မမြင်နိုင်သော ကံကြမ္မာ၏ သွေးခုန်နှုန်းကို ဆုပ်ကိုင်နိုင်ဟန် ရှိသည်။ သတ္တဝါများ၏ ဦးခေါင်းများထက်တွင် မမြင်ရသည့်ချည်မျှင်များရှိနေလျှင် ၎င်းတို့ကို ဆွဲယူပြီး တိကျသည့်အဆုံးသတ်ဆီသို့ ရွှေ့ပြောင်းပေးနိုင်မည် ဖြစ်သည်။

ထိုသို့သာဆိုလျှင် ကံကြမ္မာ၏ဆန်းကျယ်မှု ပျောက်ကွယ်သွားပြီး အမှန်တရား ထွက်ပေါ်လာပေမည်။

ရုတ်တရက် … မြင့်မြတ်သောမြို့တော်အတွင်းမှ မိစ္ဆာနတ်ဘုရားတစ်ပါး ထွက်ပေါ်လာလေသည်။ ထိုမိစ္ဆာနတ်ဘုရားက ကောင်းကင်တမန်များဘက်မှ ကူညီတိုက်ခိုက်ပေးမည့်သူဖြစ်ပြီး သူ့အနောက်တွင်လည်း မိစ္ဆာများစွာ ပါရှိလေသည်။

မိစ္ဆာနတ်ဘုရားက တောက်ပသည့် ငွေရောင်သံချပ်ကာများကို ဝတ်ဆင်ထားပြီး သူ၏ခြေထောက်အောက်တွင် တောင်ကုန်းတစ်ခုအလားကြီးမားသည့် သားရဲကြီးတစ်ကောင် ပေါ်လာလေ၏။

သူက ထိုသားရဲကို စီးနှင်ပြီး တိုက်ပွဲဝင်လေသည်။ စီးတော်ယဉ်သားရဲက သူနှင့် အံဝင်ခွင်ကျဖြစ်သည်။

နှစ်ယောက်လုံးသည် ဘဝ၏ အခမ်းနားဆုံးအချိန်ကို အတူတကွ ဖြတ်ကျော်နေကြသည့်အလားပင်ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ ကြုံးဝါးသံများဖြင့် လေထဲတွင် အလွန်မှ ခမ်းနားတင့်တယ်စွာ ကြိုးကြာငှက်တစ်ကောင်အလား ပျံသန်းလျှက် ရှိလေသည်။

ထို့နောက် ကောင်းကင်ထက်တွင် အနီရောင်သက်တံ့တစ်စင်းထွက်ပေါ်လာသည်။ ထိုသက်တံ့သည် လခြမ်းကွေးအလား ၊ မိုးမခနွယ်ပင်အလား ဖြစ်လေ၏။

သို့သော်… သွေးနီရောင်သက်တံ့က မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားပြီး မိစ္ဆာနတ်ဘုရားနှင့်သူ၏စီးတော်သားရဲကြီးမှာလည်း ပျောက်ကွယ်သွားလေသည်။

အမှန်တော့ ကွေးနေသည့် သွေးနီရောင်သက်တံ့သည် စီးတော်သားရဲကြီး၏ ကြီးမားလှသည့် ဧရာမလည်ပင်းကြီးကို တစ်ချက်တည်းဖြင့် ခုတ်ပိုင်းကာ သတ်ဖြတ်ပစ်လိုက်ခြင်းဖြစ်သည်။

တောင်ပူဆာတစ်ခုပမာ ကြီးမားလွန်းသည့် ဧရာမစီးတော်သားရဲကြီး အသက်ပျောက်သွားပြီး မြေပြင်ထက်သို့ ပြုတ်ကျလာလေသည်။ တစ်ချိန်တည်းမှာပင်… ငလျင်များလှုပ်ခတ်လာပြီး ဟွမ်ချွမ်နတ်ဆိုးစစ်သည်တော်အချို့နှင့် မိစ္ဆာနတ်ဘုရား၏နောက်လိုက် မိစ္ဆာအချို့မှာ ကြေမွပျက်စီးကုန်ကြသည်။

ဆန်းလျန်က ထိုအဖြစ်အပျက်များအားလုံးကို အစအဆုံး ကြည့်နေလေသည်။

ဧရာမစီးတော်သားရဲကြီး သေဆုံးသွားပြီဖြစ်ကြောင်း ဆန်းလျန် သိရှိလိုက်သည်။ ခန္ဓာကိုယ်ကြီးထွားသူများသည် ဝိညာဉ်အားနည်းတတ်သည်။

ထို့ကြောင့် စီးတော်သားရဲကြီးမှာ မြေပြင်ထက်သို့ပြုတ်ကျသည်နှင့် အသက်ပျောက်သွားလေတော့သည်။

သို့သော်… မိစ္ဆာသားရဲကြီး၏ ခန္ဓာကိုယ်မှာ အသက်ဓတ်စွမ်းအားများနှင့် ပြည့်နေသည့်အတွက် အသက်မရှိတော့သည့်တိုင် မြေပြင်ထက်သို့ရောက်သည်နှင့် ရရှိထားသည့်ဒဏ်ရာများက ချက်ချင်းပြန်လည်ပျောက်ကင်းသွားကြသည်။

ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးစစ်သည်တော်များက သားရဲကြီးပတ်ပတ်လည်တွင် အရံအတားတစ်ခုကို ချက်ချင်းပြုလုပ်လိုက်ကြပြီး နတ်ဆိုးတစ်ယောက်က မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

ထိုအခါ တိုက်ပွဲအတွင်း ပျံ့နှံ့နေကြသည့် သေဆုံးသွားသူများ၏ ဝိညာဉ်များအားလုံး သားရဲကြီး၏ ခန္ဓာကိုယ်ဆီသို့ စုဝေးရောက်ရှိလာကြသည်။

သိပ်မကြာမီပင် သားရဲကောင်ကြီး မျက်လုံးဖွင့်ကြည့်လာလေသည်။ သို့သော်… သူ့မျက်ဝန်းက ဗလာကျင်းလျှက်ရှိပြီး အမျက်ဒေါသတရားများက မီးခိုးရောင်တောက်ပလျှက် ရှိသည်။

ထိုဂါထာအကြောင်းကို ဆန်းလျန် ကောင်းကောင်းသိသည်။

ရဲ့လျိုယွင် သင်ပြပေးထားသည့် ဟွမ်ချွမ်နတ်ဆိုးများသည် အရည်အချင်းကိုယ်စီတော့ ရှိကြသည်။ သူတို့က သေဆုံးသွားပြီဖြစ်သည့် သားရဲကြီးတစ်ကောင်ကိုပင် တန်ပြန်တိုက်စစ်ဆင်အသုံးပြုရန်အတွက် အသက်သွင်းကာ ပြောင်းလဲနိုင်စွမ်း ရှိကြသည်။

သားရဲကြီး၏ ခန္ဓာကိုယ်အတွင်းသို့ မရေမတွက်နိုင်သည့် ဝိညာဉ်များ ဝင်ရောက်သွားသည့်အတွက် များစွာသော တိုက်ခိုက်မှုနည်းလမ်းများကို သိရှိသွားကာ အသက်ရှင်စဉ်ကထက်ပင် တိုက်ခိုက်နိုင်စွမ်း ပိုမိုကောင်းမွန်လာသည်။

မြင့်မြတ်သောမြို့တော်မှ ကောင်းကင်တမာန်များမှာ ထိုသို့သော မြင်ကွင်းမျိုးကို ပထမဆုံး မြင်တွေ့ဖူးခြင်း မဟုတ်သည့်တိုင် ကြောက်ရွံ့ထိတ်လန့် သွားမိကြသည်။

နောက်ဆုံးတော့ သားရဲကြီး၏ တန်ခိုးစွမ်းအားများ အရင်အတိုင်းပြန်လည်ပြည့်ဝလာပြီး နတ်ဘုရားများကိုပင် ယှဉ်ပြိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။

ဤကဲ့သို့ ကြီးမားသည့်သားရဲကြီး စစ်ပွဲအတွင်းသို့ ဝင်ရောက်လာခြင်းက လူသတ်စက်ကြီးတစ်ခု ရောက်ရှိလာသည့်အလားပင် ဖြစ်သည်။

မြင့်မြတ်သောမြို့တော်မှ ထပ်မံထွက်ပေါ်လာသည့် အခြားသော သားရဲကြီးများက သူတို့၏ မျိုးတူသားရဲကြီးကို ပြန်လည်တိုက်ခိုက်ရန် မဝံ့မရဲဖြစ်နေကြပြီး တမင်ရှောင်ကွင်းသွားကြလေသည်။

ထို့နောက်… ဟွမ်ချွမ်နတ်ဆိုးစစ်သည်များက ရန်သူများကို စနစ်တကျ ချီတက်တိုက်ခိုက်ကြသည်။ သူတို့၏ တိုက်ခိုက်နည်းက တပ်ဆုတ် ၊ တပ်တက် အလွန်စနစ်ကျပြီး စည်းလုံးမှုလည်း ရှိသည်။

ဟွမ်ချွမ်နတ်ဆိုးစစ်သည်များဆိုသည်က တစ်ချိန်တုန်းက မိုးကောင်းကင်ခုံရုံးမှ နတ်စစ်သည်များကိုပင် အနိုင်ယူတိုက်ခိုက်ခဲ့ကြသူများ မဟုတ်ပါလား။

သူတို့သည် မပြိုကွဲနိုင်သည့် စစ်တပ်ကြီးတစ်ခုဖြစ်ပြီး တာ့လော်အဆင့် နတ်ဘုရားတစ်ပါးကိုပင် ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပေ၏။

ရဲ့လျိုယွင်က အမှန်တကယ်ပင် စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်သည်။ ဟွမ်ချွမ်နတ်ဆိုးစစ်သည်တော်များကို အကောင်းဆုံး လေ့ကျင့်ပေးထားခဲ့လေသည်။

ဆန်းလျန်ခန့်မှန်းချက်အရဆိုလျှင် ဟွမ်ချွမ်နတ်ဆိုးစစ်သည်အများစုမှာ မှော်စွမ်းအားကျင့်စဉ်တစ်ရာကျော်ခန့်ကိုပင် လေ့ကျင့်ထားကြလေသည်။

တိုက်ပွဲဖြစ်ပွားနေရာ ကောင်းကင်ထက်တွင်တော့ ပီလျဲ့မှာ ကားတိုင်များမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများဖြင့် ဝန်းရံခံထားရလေသည်။ အလင်းတန်းများက အဖြူရောင်သံကြိုးများအလား သူ့ကို ချုပ်နှောင်ထားပြီး မလွတ်မြောက်နိုင်သည့် ကံကြမ္မာလှောင်အိမ်ထဲတွင် ပိတ်မိနေလေသည်။

အစပိုင်းတွင် ပီလျဲ့ ကြောက်ရွံ့တုန်လှုပ်သွားသော်လည်း နောက်ပိုင်းတွင်တော့ စိတ်ကိုတည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

သူ၏ အနက်ရောင်အတောင်ပံများမှ အလင်းတန်းများ ဖြာထွက်လာပြီး သူ၏ခန္ဓာကိုယ်ထဲမှ မြစ်တစ်စင်းစီးဆင်းသံများ ထွက်ပေါ်လာသည်။

သူက အနက်ရောင်အတောင်ပံများကို ရုတ်တရက် ခတ်လိုက်သည့်အခါ… ပေ (၁၀၀)ပတ်လည်ဝန်းကျင်သည် အမှောင်ထုဖြင့် ဖုံးလွှမ်းသွားတော့၏။

အမှောင်ထုက ထူထပ်ပြီး စီးဆင်းနေသည့်ရေအလားဖြစ်လေသည်။ အမှောင်ထုထဲတွင် ကံကြမ္မာနှောင်ကြိုးများဖြင့် ပြည့်နက်နေပြီး ပြင်ပလောကသို့ပင် နွယ်ပင်အကိုင်းအခက်များအလား ပျံ့နှံ့သွားသည်။

ကားတိုင်းများကိုင် ကိုင်ဆောင်ထားသည့် ကောင်းကင်တမာန်တော်ချုပ် (၄)ပါး၏ မျက်နှာများ ၊ လည်ပင်းများနှင့် လှပသည့် အတောင်ပံများတွင် အမှောင်ထု၏ ညစ်နွမ်းမှုများ စွန်းထင်းကုန်ကြသည်။ အမှောင်ထုက သူတို့၏ ပြင်ပလောကနှင့် ဆက်သွယ်နိုင်မှုစွမ်းအားများကို ပိတ်ဆို့ပစ်လိုက်သည့်အတွက် ထိတ်လန့်တုန်လှုပ်လာကြသည်။

ထိုခံစားချက်က လူသားများ ရေနစ်သည့်အခံ ခံစားရသည့်ခံစားချက်ကဲ့သို့ မရှူနိုင်မကယ်နိုင် ဖြစ်စေလေသည်။

ကားတိုင်များမှ အလင်းတန်းများ မှေးမှိန်သွားသည်။

ထို့ထက်ပိုပြီး ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ပီလျဲ့သည် အမှောင်ထုထဲတွင် ဘွားကနဲပေါ်လာပြီး ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားများ ထပ်မံထုတ်လွှတ်လိုက်ခြင်း ဖြစ်လေသည်။

သူ၏ပုံစံမှာ လောကကို ဖျက်စီးပစ်တော့မည့် မူလမိစ္ဆာနတ်ဘုရားတစ်ပါးနှင့် ဆင်တူနေသည်။

အမှန်တော့ သူ့အဆင့်အတန်းက အားလော်ဟယ်ထက် အနည်းငယ်နိမ့်ကျသည်မှလွဲပြီး သူကိုယ်တိုင်က မူလမိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်သည် မဟုတ်ပါလား။

ကောင်းကင်တမာန်တော်ချုပ် (၄)ပါးကို မည်သူမှ မကူညီနိုင်ကြတော့ပေ။

ထိုအချိန်… လေထုထဲတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် အားလော်ဟယ် ထွက်ပေါ်လာလေသည်။

ပီလျဲ့ကလည်း ထိုအချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သူက အားလော်ဟယ်ထွက်ပေါ်လာသည်ကိုတွေ့မြင်လိုက်သည့်အခါ တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် အတောင်ပံများကို ဖြန့်ကားလိုက်သည်။

ထိုအခါ အတောင်ပံများအတွင်းမှ အဆိပ်ပြင်းသည့် မြွေဟောက်တစ်ကောင်ထွက်ပေါ်လာလေသည်။

ထိုမြွေဟောက်က အမှောင်ထုထဲသို့ ကြိုးရှည်တစ်ခုအလားထွက်ခွာသွားလေသည်။ ထို့နောက် အားလော်ဟယ်ကို ရစ်ပတ်ချုပ်နှောင်လိုက်ပြီး အသူရာချောက်နက်အတွင်းသို့ဆွဲချသွားလေသည်။

သို့သော်… အားလော်ဟယ်၏ ဖြောင့်မတ်သည့်ခန္ဓာကိုယ်ကတော့ အရှေ့တည့်တည့်သို့ စိုက်ကြည့်နေလေ၏။ သူ့လက်ထဲတွင် ထူးဆန်းသည့်တံဆိပ်တော်တစ်ခုကိုကိုင်ထားပြီး ထိုတံဆိပ်တော်မှ ဓမ္မတန်ခိုးစွမ်းအားတစ်ခုထွက်ပေါ်လာကာ ရုတ်တရက် လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ထိုတံဆိပ်တော်ကို ဗုဒ္ဓဘာသာတွင် ဆန္ဒပြုစည်းတံဆိပ်ဟုလည်းခေါ်လေသည်။ ဗုဒ္ဓက သက်ရှိသတ္တဝါများအားလုံးကို အပ်နှင်းရန်အတွက် ထိုစည်းတံဆိပ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုတံဆိပ်တော်တွင် ကျောသားရင်သားမခွဲခြားဘဲ သက်ရှိသတ္တဝါအားလုံးကို အကြွင်းမဲ့ချစ်ခြင်းမေတ္တာဖြင့် ချစ်ခင်နိုင်သည့် စစ်မှန်သည့်ဖန်ဆင်းရှင်၏ မေတ္တာတရားများ ပါဝင်သည်။ အဓိပ္ပါယ်နက်ရှိုင်းသလို တန်ခိုးစွမ်းအားလည်း နက်ရှိုင်းလှသည်။

အားလော်ဟယ်က ဖန်ဆင်းရှင်ဖြစ်လေ၏။

ထို့ကြောင့်… သူပြုလုပ်လိုက်သည့် တံဆိပ်တော်တွင် ဖန်ဆင်းခြင်းတရား ၊ ချစ်ခြင်းမေတ္တာများနှင့် ပြည့်ဝနေသည်။

မည်သည့်အမှောင်တရား ၊ မည်သည့်တန်ခိုးစွမ်းအားမဆို ထိုတံဆိပ်တော်၏ အသက်နှင့်ဖန်ဆင်းခြင်းရှေ့တွင် အချည်းနှီးဖြစ်ရမည် ဖြစ်သည်။

ထိုစည်းတံဆိပ်က မြေမျက်နှာသွင်ပြင်လှုပ်ရှားမှုနှင့်ဆင်တူသည်။ မြင့်မားသည့်တောင်များဆီသို့လည်း ဝင်ရောက်နိုင်ပြီး ကျယ်ပြန့်သည့်မြစ်များကိုလည်း ဖွင့်လှစ်ကာ ဘဝ၏ပျော်ရွှင်မှုကို သယ်ဆောင်ကာ သက်ရှိများအားလုံးထံ စီးဆင်းသွားတော့မည့်အလား ဖြစ်လေသည်။

အားလော်ဟယ်၏ တိုက်ခိုက်မှုက ရိုးရှင်းသည်။ သူ၏တန်ခိုးစွမ်းအားက စကြာဝဠာနှင့်အညီ မြင့်မားလွန်းပြီး ကြယ်စင်များက သူ့ဖဝါးအောက်တွင် ဝပ်တွားလျှက်ရှိသည်။

ပီလျဲ့ အကြီးအကျယ် မျက်နှာပျက်သွားလေသည်။ သူ၏ တန်ခိုးစွမ်းအားများမှာ ကောင်းကင်တမာန်တော်ချုပ် (၄)ပါး၏ ကားတိုင်များက စုပ်ယူခြင်းကို ခံရသည့်အတွက် အတော်များများ ကုန်ခမ်းနေပြီဖြစ်သည်။

ယခု အားလော်ဟယ်က ထူးခြားသည့် တိုက်ခိုက်မှုဖြင့် ထိုးနှက်လာသည်ကို ရင်ဆိုင်ရသည့်အခါ သူ့အနေဖြင့် အနည်းငယ် ဟန်ချက်ပျက်သွားရသည်။ သူ အနိုင်မရနိုင်တော့ဟူ၍လည်း ခံစားမိသည်။

တံဆိပ်တော်မှာ ကြီးမားသည့်တောင်ကြီးတစ်လုံးအလား အရှိန်အဟုန်ပြင်းထန်လေရာ အားနည်းနေသည့်ပီလျဲ့မှာ မည်သို့ ရင်ဆိုင်ရမည်ကို မသိတော့ပေ။

ထိုအချိန်မှာပင်… လျှို့ဝှက်ဆန်းကျယ်သည့် တံခါးတစ်ချပ် အားလော်ဟယ်ရှေ့တွင် ပေါ်လာလေသည်။ တံခါးက ရုတ်တရက် ပွင့်သွားပြီး အားလော်ဟယ်၏ တန်ခိုးစွမ်းအားများအားလုံးကို စုပ်ယူမျိုချလိုက်သည်။

ပီလျဲ့၏ အနက်ရောင်အတောင်ပံများမှ အမွှေးများကျွတ်ထွက်သွားပြီး အနက်ရောင်မီးတောက်များအဖြစ် လေထဲသို့ လွင့်စင်ထွက်သွားလေသည်။ထိုအနက်ရောင်မီးတောက်များသည် မရေမတွက်နိုင်သည့်နှစ်ပေါင်းများစွာတိုင်အောင် သူ ကျင့်ကြံခဲ့သည့် တန်ခိုးစွမ်းအား အနှစ်သာရများ ဖြစ်၏။

တံခါးက အားလော်ဟယ်၏ မြင့်မြတ်သည့်တန်ခိုးစွမ်းအားများကို စုပ်ယူပြီးမှ ပြင်းထန်လွန်းသည့်တန်ခိုးစွမ်းအားများကို လက်မခံနိုင်သည့်အလား ပြန်လည်အန်ထုတ်လိုက်သည်။ ထို့နောက် တံခါးထံမှ အက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

ထိုအဘိုးကြီး ထိုမျှ တန်ခိုးစွမ်းအားမြင့်မားလိမ့်မည်ဟု ပီလျဲ့ ထင်မထားခဲ့မိပေ။

ပီလျဲ့တွင် ရွေးခြယ်စရာ မရှိတော့ပေ။

အားလော်ဟယ်ကို မရရသည့်နည်းဖြင့် အနိုင်တိုက်ခိုက်မည်ဆိုပါက ပေးဆပ်ရသည့်တန်ဖိုးကလည်း ကြီးမားပေးလိမ့်မည်။ ထို့ကြောင့် လျှင်မြန်စွာ ထွက်ပြေးပြီး ရဲ့လျိုယွင်ကို ရှာဖွေရန် ဆုံဖြတ်ချက်ချလိုက်လေတော့သည်။

***

All Chapters