ငါ အကုန် ရှင်းပစ်လိုက်ပြီ
Vol. 54 Ch. 631
"ဒါ... ဒါက တကယ်ပဲလား.."
သခင်လေးလျူက ထိုမျှအထိ အစွမ်းထက်လိမ့်မည် ဟု ဝူရွှမ်းတစ်ယောက် တစ်ခါမျှ မတွေးထားခဲ့ပေ။
အချိန်အတော်ကြာအောင် ဆွံ့အနေပြီးမှ သတိပြန်ဝ င်လာသည့် ဝူရွှမ်း၏ မျက်လုံးများထဲတွင်မူ အံ့ဩ တုန်လှုပ်မှုများ ပြည့်နှက်နေ၏။သခင်လေးလျူအ တွက် သူစိုးရိမ်ခဲ့သမျှသည် ယခုမူ လုံးဝ ဆန့်ကျင် ဘက်သို့ ဖြစ်သွားခဲ့ရသည်။
ဝူရွမ်းတစ်ယောက် စိတ်ကို တည်ညိမ်အောင် ပြန်လ ည် ထိန်းချုပ်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။
"ဟေး... ပြင်ဆင်လိုက်ကျ..ငါ သခင်လျူဆီ အခုပဲ သွားလည်မယ်.."
အိမ်တော်တံခါးဝတွင် ရပ်နေသော လျူယောင်သည် ရန်သူများ ဖရိုဖရဲ ဆုတ်ခွာသွားသည်အား တည်ညိ မ်စွာ ကြည့်နေခဲ့၏။ထို့နောက် သူ့ ဘေးတွင်ရှိနေသေ ာ ထန်ဟုန်ယိီနှင့် လူယုံများကို လှည့်ကြည့်ကာ အေ းအေးဆေးဆေးပင် မေးလိုက်သည်။
"ခုနက... မင်းတို့ ကြောက်သွားလား..."
ထန်ဟုန်ယိက ရိုးသားစွာပင် ပြန်ဖြေလိုက်၏။
"နည်းနည်းတော့ တုန်လှုပ်မိတာ အမှန်ပဲ သခင်.. ဒါ ပေမဲ့ သခင်က ဒီလောက်အထိ အစွမ်းထက်နေတာ ကို မြင်လိုက်ရတော့ ကျွန်တော်တို့ ကြောက်စရာ မ လိုတော့ဘူးဆိုတာ..သိလိုက်ရပါတယ်ခဗျ.."
လျူယောင်က ခေါင်းတစ်ချက်ညိတ်ပြကာ ရှေ့ဆ က်လုပ်ရမည့်ကိစ္စများအား ခိုင်းစေလိုက်၏။
"ဒီနေရာကို ရှင်းလင်းခိုင်းလိုက်..သွေးကွက်တွေကို ပြောင်စင်အောင် ဆေးကြောခိုင်းလိုက်ဦး.. ပြီးတော့ ... ဒီတိုက်ပွဲမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုကို လ စာနှစ်ဆ တိုးပေးလိုက်ပါ..."
"သူတို့မိသားစုကိုယ်စား ကျွန်တော် ကျေးဇူးတင်ပါ တယ် သခင်"
လျူယောင်က ထန်ဟုန်ယိီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက အခုမှ ဟွမ်အဆင့် ၉ မှာပဲ ရှိသေးတာလား နည်းနည်းတော့ အားနည်းနေသေးတယ်.. အချိန် ဖြု န်းမနေဘဲ အမြန်ဆုံး လေ့ကျင့်.."
ထန်ဟုန်ယိီက ချက်ခြင်းပင် ရိုသေစွာ ပြန်ဖြေလိုက် ၏။
"ဟုတ်ကဲ့ပါသခင်.. ကျွန်တော် အစွမ်းကုန် ကြိုးစား ပါ့မယ်ခဗျ.."
အမှန်တကယ်တွင်မူ ပြီးခဲ့သည့် နှစ်ရက်အတွင်း ထ န်ဟုန်ယိသည် အချိန်အတော်များများကို ကျင့်စဉ် ၌သာ မြှုပ်နှံထားခဲ့ခြင်းဖြစ်သည်။
ရလဒ်မှာလည်း မယုံနိုင်လောက်အောင်ပင်။
တစ်ညတည်းနှင့် အဆင့်များစွာ ခုန်တက်ခဲ့ပြီး နေ့ခ င်းဘက် နာရီအနည်းငယ် လေ့ကျင့်ရုံဖြင့် ဟွမ်အဆ င့် ၅ မှ ယခု ဟွမ်အဆင့် ၉ သို့ ရောက်ရှိလာခြင်း ဖြ စ်၏။
ဘေးနားတွင်ရှိနေသည့် အိမ်စောင့်တပ်ခေါင်းဆော င် ဆွန်လိယောင်မှာမူ ထန်ဟုန်ယိီကို ကြည့်ရင်း အံ့ အားသင့်လွန်း၍ ဘာပြောရမှန်းပင် မသိတော့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဟွမ် အဆင့်၄သာ ရှိသေးသော ထန်ဟုန်ယိမှာ ယခုအခါဟွမ် အဆင့်၉ သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်ကိုမူ သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။
ဆွန်လိီယောင်နှင့် ထန်ဟုန်ယိီတို့မှာ ရင်းနှီးသော မိ တ်ဆွေများဖြစ်ကြရာ တစ်ဦးအကြောင်းတစ်ဦးကေ ာင်းကောင်းသိထားကြ၏။ထန်ဟုန်ယိသည်ဟွမ်အ ဆင့် ၄ တွင် ဆယ်စုနှစ်ကြာသည်အထိ ရပ်တန့် နေ သူဖြစ် ကြောင်း ဆွန်လိီယောင် အသိဆုံးပင်။
ဆွန်လိီယောင် တစ်ယောက် စိတ်ထဲမှ ရေရွတ်ရင်း အံ့သြမှင်သက်နေမိသည်။
"လခွမ်း..ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး... ဘာတွေဖြစ် ကုန်တာလဲဆိုတာ ငါ အမြန်ဆုံး မေးကြည့်မှဖြစ်မယ် "
ထိုစဉ်မှာပင် အိမ်အကူများမှာလည်း အလုပ်ရှုပ်နေ ကြ၏။သွေးအလိမ်းလိမ်းနှင့် အလောင်းများကို သ ယ်ယူကာ သွေးစွန်းနေသော မြေပြင်ကို အပြေးအ လွှား သန့်ရှင်းရေး လုပ်နေရသည်။
မကြာမီမှာပင် ဝူရွှမ်းသည် လူအနည်းငယ်ကို ခေါ်လ ာကာ အဝေးမှပင် လက်နှစ်ဖက်ယှက်၍ အရိုအ သေပေးရင်း အော်ပြောလိုက်၏။
"သခင်လေးလျူ... ဒီမှာ ပြဿနာတစ်ခုခု ဖြစ်နေတ ယ်လို့ ကြားတာနဲ့ ကျွန်တော် ချက်ချင်း လာခဲ့တာပါ ဗျ..."
လျူယောင်က တည်ငြိမ်အေးဆေးသော လေသံဖြ င့်ပင် ပြန်ပြောလိုက်သည်။
"ဟုတ်တယ် တချို့လူတွေက ငါ့ဆီလာရိုင်းပြနေလို့ ရှင်းပစ်လိုက်ပြီ..ခဗျားလည်း သူတို့ကို သိကောင်း သိလောက်မယ်.."
လျူယောင်က ဝူရွှမ်းကို အလောင်းများရှိရာသို့ ခေါ် သွားပြီး ဝမ်ယွမ်ကျီ၊ဝမ်မိသားစု၏ ဘိုးဘေးနှစ်ဦးနှ င့် ကျားချိန်ဝမ်တို့၏ အလောင်းများကို လက်ညှိုးထို းပြကာ ပြောလိုက်၏။
"ဒီလူတွေကို ခဗျားသိမှာပါ..သူတို့က ကျုပ် ရှေ့မှာ လာပြီး အစွမ်းပြနေကြလို့ အကုန် ရှင်းပစ်လိုက်ပြီ.."
ဝူရွှမ်းတစ်ယောက် အလောင်းများကို မြင်လိုက်ရ သည့် အချိန်တွင်မူ တုန်လှုပ်ခြောက်ခြားခဲ့ရသည်။
လျူယောင်က ထိုလူများကို သတ်လိုက်ပြီဖြစ်ကြော င်း ကြိုတင်သိထားသော်လည်း မျက်စိဖြင့် ကိုယ်တို င်မြင်တွေ့လိုက်ရသောအခါ ဝူရွှမ်း၏ နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားရ၏။သူသည် ထိတ်လန့်မှုနှင့်အတူ ဝမ်းသာအားရဖြစ်မှုတို့မှာလည်း ဒွန်တွဲ နေ၏။
ဝမ်မိသားစု၏ အဓိကဒေါက်တိုင်ဖြစ်သော ဘိုးဘေး နှစ်ဦးနှင့် ဝမ်ယွမ်ကျီတို့ သေဆုံးသွားပြီဖြစ်ရာ ဝမ်မိ သားစုခေတ်မှာလည်း ယနေ့တွင်ပင် အပြီးတိုင် နိဂုံး ချုပ်သွားခဲ့ရသည်။
နှစ်ပေါင်းများစွာ ပြိုင်ဘက်ဖြစ်ခဲ့ပြီး ရင်ဆိုင်ရခက် ခဲလှသည့် ရန်သူတစ်ဦး ရုတ်တရက် ပြိုလဲသွားသ ည်ကို မြင်ရသောအခါ ဝူရွှမ်း၏စိတ်ထဲတွင် စကား လုံးဖြင့် ဖော်ပြ၍မရနိုင်သော ဝမ်းသာပီတိတို့က လှို က်တက်လာ၏။
"သခင်လေးလျူ... ခင်ဗျားက တကယ်ကို ကောင်း တဲ့အလုပ်တစ်ခု လုပ်လိုက်တာပဲဗျာ.. ဒီဝမ်မိသားစု ဟာ ဟိုင်ကျိုးမြို့မှာ အာဏာအလွဲသုံးစားလုပ်ပြီး လူတွေကို အမျိုးမျိုး နှိပ်စက်ညှဉ်းပန်းနေခဲ့တာ ကြာ ပြီဗျ .လူများစွာက သူတို့ကို ရှင်းပစ်ချင်ပေမဲ့ အစွမ်း မရှိတော့ သူတို့ရဲ့.. ဒေါသတွေကို မျိုသိပ်ထားရတာ လေ.."
ဝူရွှမ်း၏ စကားကိုနားထောင်ရင်း လျူယောင်က တည်ငြိမ်စွာပင် ခိုင်းလိုက်သည်။
"ခဗျားကို အလုပ်တစ်ခု ပေးမယ်.. ဝမ်မိသားစုဆီ လူလွှတ်ပြီး အလောင်းလာယူဖို့ အကြောင်းကြားလို က်ပါ..အလောင်း ၃လောင်းရှိတယ်..အလောင်းတစ် လောင်းကို ရွှေဒင်္ဂါးပြား တစ်သန်း ပေးရမယ်လို့ပြေ ာလိုက်ပါ.."
လျူယောင်၏ အတွေးမှာ ရှင်းလင်းလှ၏။
ဝမ်မိသားစုသည် မကြာမီ ပြိုလဲတော့မည်ဖြစ်ရာ သူ တို့၏ ပိုင်ဆိုင်မှုများက အခြားသူများလက်ထဲ အလ ဟဿ ရောက်သွားမည့်အစား သူ့ဆီသို့ ရနိုင်သမျှ ကြိုတင် သိမ်းယူထားခြင်းပင် ဖြစ်သည်။
ရွှေဒင်္ဂါး ၃သန်းဆိုသည်မှာ ဝမ်မိသားစု၏ ရှိသမျှ ပို င်ဆိုင်မှုအားလုံးနီးပါးကို ပြောင်သလင်းခါ သွားစေမ ည့် ပမာဏပင် ဖြစ်၏။
ဝူရွှမ်းက လျူယောင်၏ အကြံကို ချက်ချင်းပင် သ ဘောပေါက်သွားပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက် သည်။
"နားလည်ပါပြီဗျ..ကျွန်တော် အခုချက်ချင်းပဲ လူလွှ တ်ပြီး အကြောင်းကြားလိုက်ပါ့မယ်.."
ဝူရွှမ်းသည် မိသားစု၏ အဓိကအမူထမ်းတစ်ဦးကို ချက်ချင်းခေါ်၍ ဝမ်မိသားစုအိမ်တော်သို့ လွှတ်လို က်သည်။အဓိကမှာမူ အလောင်းတစ်လောင်းလျှင် ရွှေဒင်္ဂါးတစ်သန်းဖြင့် ပြန်ရွေးရမည်ဟူသော အချ က်ကို အတိအလင်း အသိပေးရန်ပင် ဖြစ်သည်။
ထို့နောက် လျူယောင်က ဆက်ပြောလိုက်၏။
"ငါ့မှာ မှော်လက်နက်တစ်ဒါဇင်ကျော် ကျန်သေးတ ယ် ..အဲဒါတွေ အကုန်လုံးကို မင်းဆီ အပ်ထားမယ်.. နောက် ၁၀ ရက်အတွင်း လေလံပွဲတစ်ပွဲ ထပ်ပြီး ကျ င်းပပေါ့..”
ထိုသို့ပြောရင်း လျူယောင်သည် သိုလှောင်လက်စွပ် ထဲမှ လက်နက်တစ်ဒါဇင်ကျော်ကို ထုတ်ယူလိုက်၏ ။၎င်းတို့မှာ သတ္တုအနက်ဖြင့် သွန်းလုပ်ထားသဖြင့် နက်မှောင်ပြောင်လက်နေသည်။ထိုလက်နက်များထဲ တွင် ဓားများ၊ လှံများ၊လှံရှည်များအပြင် အခြားသေ ာ လက်နက်ဆန်းများစွာလည်း ပါဝင်နေ၏။
"အိုး..ဒါတွေက... နတ်ဘုရားတွေရဲ့ လက်နက်တွေ ပဲဗျာ.."
ဝူရွှမ်းတစ်ယောက် သူ့ရှေ့ရှိ လက်နက်များကို ကြည့် ရင်း တအံ့တဩ ရေရွတ်မိလိုက်သည်။
"စိတ်ချပါ သခင်လေးလျူ.. ဒီမှော်လက်နက် တစ်လ က်ချင်းစီကို ထိုက်တန်တဲ့ ဈေး ကောင်းရအောင် ကျွ န်တော် လုပ်ပေးပါ့မယ်.."
လျူယောင်ကမူ အေးအေးဆေးဆေးပင်။
ထိုမျှများပြားသော လက်နက်များကို လေလံတင်ရ ခြင်း၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှ၏။သူသည် ငွေများစွာ လိုအပ်နေသောကြောင့်ပင် ဖြစ်သည်။
"ဒေါက် ဒေါက် ဒေါက်.."
တစ်ဖက်တွင်လည်း အိမ်တော်ထိန်းထန်ဟုန်ယိီသည် အိမ်အကူများကို အလုပ်များ စီစဉ်ပေးပြီးနောက် ကျင့်ကြံရန် ပြင်ဆင်နေစဉ်မှာပင် အခန်းတံခါးခေါ က်သံအား ကြားလိုက်ရသည်။တံခါးကို သူ ဖွင့်ကြ ည့်လိုက်ရာ ဆွန်လိီယောင် ဖြစ်နေသည်ကို တွေ့ရသ ဖြင့် မေးမြန်းလိုက်၏။
"အိုး... အဘိုးကြီးဆွန်ပါလား..ဘာကိစ္စရှိလို့လဲ"
သူတို့နှစ်ဦးမှာ အိမ်တော်ထိန်းနှင့် အိမ်စောင့်တပ်ခေါ င်းဆောင်များ ဖြစ်သည့်အလျောက် အလုပ်သဘော အရရော လူမှုရေးအရပါ အလွန်ရင်းနှီးကြသူများ ဖြ စ်သည်။ဆွန်လိီယောင်က တံခါးကို ဂရုတစိုက် ပြန်ပိ တ်လိုက်ပြီးနောက် လေသံကို လျှော့ကာ မေးလိုက် ၏။
"အဘိုးကြီးထန်... မင်းကို ငါတစ်ခုလောက် မေးမယ် .ငါ့ကို အမှန်အတိုင်း မင်း ဖြေရမယ်နော်..."
ထန်ဟုန်ယိီက ထူးဆန်းသလို ကြည့်ကာ ပြန်ပြောလိုက်သည်။
"မေးလေ... ဘာများလဲ"
"မင်းရဲ့ လက်ရှိကျင့်စဉ်အဆင့်က ဟွမ် ဘယ်အဆ င့်ကို ရောက်နေပြီလဲ..."
ဆွန်လိီယောင်တစ်ယောက် ဘာကို သိချင်နေလဲ ဆို သည်အား ထန်ဟုန်ယီ ချက်ချင်း သဘောပေါက်သွာ းသည်။သူ ခဏမျှ တွန့်ဆုတ်နေသော်လည်း အမှန် အတိုင်းပင် ဖြေလိုက်၏။
"ငါက အခု ဟွမ်အဆင့်၉ကို ရောက်နေပြီကွ.. ရွှမ်အ ဆင့်ကို တက်ဖို့ လက်တစ်ကမ်းပဲ လိုတော့တယ် ဟဲ ဟဲ.."
ဆွန်လိီယောင်၏ မျက်လုံးများမှာမူ ပြူးကျယ်နေ ပေသည်။
"မဖြစ်နိုင်တာကွာ.."
လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဟွမ်အဆင့်၄ တွင် ဆယ်နှစ်ကျော် တစ်ဆို့နေခဲ့သူက ရက်ပိုင်းအတွင်း မှာပင် ဟွမ်အဆင့်၉သို့ ရောက်သွားသည်မှာ အဓိပ္ပာ ယ်မရှိသလိုပင်။
ဆွန်လိီယောင်က ထန်ဟုန်ယိီကို မယုံကြည်နိုင်သလို စိုက်ကြည့်ရင်း ထပ်မေးလိုက်၏။
"အဘိုးကြီးထန်... မင်း တကယ်ပဲ ဟွမ်အဆင့် ၉ ကို ရောက်နေပြီဆိုတာ သေချာလား.."
"ဟုတ်တယ်..ငါက ဟွမ်အဆင့် ၉ ပဲ.. ငါ အာမခံတ ယ် ..."
ဆွန်လိီယောင်ခဗျာ မအောင့်အီးနိုင်တော့ဘဲ အံ့သြ တကြီး အော်ပြောလိုက်မိသည်။
"ဘုရားရေ...ရက်ပိုင်းလေးအတွင်းမှာတင် မင်းက အဆင့် ၄ ကနေ အခုလို ခုန်တက်သွားတယ်ဆိုတာ ချည်းက..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွာ.."
ထန်ဟုန်ယိီက ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြန်ပြောလိုက်၏။
"ဒါတွေ အကုန်လုံးက 'သခင်အသစ်ရဲ့ ကျေးဇူးတွေ ကြောင့်ပဲကွ.."
ဆွန်လိီယောင်က စိတ်မရှည်စွာ အတင်းအကျပ် မေး မြန်းလိုက်၏။
"မြန်မြန်ပြောပြစမ်းပါ အဘိုးကြီးထန်ရာ..လူကို အ သည်းယားအောင် မလုပ်နဲ့..ဘာတွေဖြစ်နေတာလဲ"
ထိုအခါမှသာ သခင်အသစ်ထံတွင် ကျင့်ကြံသူ တစ် ဦး၏ အရည်အချင်းကို မြှင့်တင်ပေးနိုင်သော အစွမ် းထက်သည့်ဆေးရှိကြောင်း လျှို့ဝှက်ချက်ကို ထန် ဟုန်ယီက ပြောပြလိုက်သည်။
ထိုဆေးသောက်ခဲ့ ခြင်းကြောင့်သာ သူက နှစ်ပေါင်း များစွာ တစ်ဆို့နေသည့် ဟွမ်အဆင့် ၄ မှ ယခုကဲ့သို့ ဟွမ် အဆင့် ၉ သို့ မျက်စိတစ်မှိတ်အတွင်း တိုးတ က်လာရခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။
"သြော်... ဒီလိုကိုး.."
အကြောင်းရင်းမှန်ကို သိလိုက်ရသောအခါ ဆွန်လိီ ယောင်တစ်ယောက် စိတ်လှုပ်ရှားလွန်း၍ မတည်ငြိမ် နိုင်တော့ပေ။သူတို့သခင်တွင် ထိုမျှ အံ့သြစရာကော င်းသော ဆေးမျိုး ရှိနေလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ဖူးခဲ့ချေ။
"မဟုတ်သေးဘူး... ငါလည်း ဒီဆေးကို ရအောင် တောင်းရမယ်.. ပြီးရင် အဘိုးကြီးထန်လိုပဲ နေ့တိုင်း အဆင့်တက်အောင် လေ့ကျင့်ပြီး နောင်တစ်ချိန်မှာ မြေကမ္ဘာနဲ့ 'ကောင်းကင်အဆင့်' ကျင့်ကြံသူဖြစ်လာ အောင် ငါ ကြိုးစားရမယ်..."
မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့်မှာ သူ့ ဘဝ တွင် တစ်ခါမျှ မမှန်းရဲခဲ့သော အဆင့်ပင် ဖြစ်သည်။ သူ့တစ်ဘဝလုံး ထိုအဆင့်သို့ ရောက်ရန် မည်သို့မျှ မဖြစ်နိုင်ဟု ယူဆထားခဲ့သော်လည်း ယခုမူ မျှော်လ င့်ချက်အလင်းရောင်အား ဆွန်လီယောင် မြင်တွေ့နေ ရ၏။
သို့သော်လည်း သူက စိုးရိမ်မိပြန်သည်။
သခင်၌ ဆေးရှိနေသည်မှာ မှန်သော်လည်း သူ့ကဲ့သို့ သောသူကို ပေးကမ်းရန် ဆန္ဒရှိမည်လော။
ဆွန်လိီယောင်င်သည် အတွေ့အကြုံရှိသူဖြစ်ရာ ထို ကဲ့သို့သော ဆေးမျိုးမှာ အဖိုးတန်မည်ကို သူက ကေ ာင်း င်းကောင်းသိနေ၏။
အချိန်အတော်ကြာအောင် သူ စဉ်းစားပြီးနောက်တွ င်မူ ပြင်းပြလှသော ဆန္ဒကြောင့် ရှက်စိတ်တို့ကို ဘေ းဖယ်လိုက်ကာ သခင်အသစ်ထံသို့ သွားရောက် တောင်းဆိုရန်သာ ဆုံးဖြတ်လိုက်ပေသည်။