ခွန်အားကြီးသူသာလျှင် မှန်ကန်သည်
Vol. 54 Ch. 632
ဟိုင်ကျိုးမြို့ရဲ့ လေထုဟာ တစ်နေ့တည်းနှင့်ပင် သိ သိသာသာ ပြောင်းလဲသွားပေသည်။မြို့သူမြို့သား များ၏ ပါးစပ်ဖျားမှာမူ ဟိုးဟိုးကျော်သွားသည့် သ တင်းကြီး နှစ်ခု ရှိနေ၏။
ပထမသတင်းမှာ မင်းသားကြီးက နောက်လိုက်များ စွာအပြင် မြေကမ္ဘာအဆင့် ကျင့်ကြံသူ ၅ ယောက် ကိုပါ ခေါ်လာကာ လျူယောင်အား သတ်ဖြတ်ဖို့ ကြိ မ်းဝါးလာခဲ့၏။
သို့ပေမဲ့ ဖြစ်ရပ်က ပြောင်းပြန်ဖြစ်ခဲ့ရသည်။ လျူယောင်၏ လက်ချက်ကြောင့် လူတစ်ဒါဇင်ကျေ ာ် သေဆုံးခဲ့ရပြီး ထိုအထဲ၌ မြေကမ္ဘာအဆင့် ၅ ယောက်စလုံး ပါဝင်ခဲ့၏။
ထိုအခြေအနေကို မြင်လိုက်ရသည့် ပထမမင်းသား ခဗျာ အသည်းတုန်အောင် ကြောက်လန့်သွားပြီး သူ့ လူတွေကို ဦးဆောင်ကာ မြို့တော်သို့ ခွေးပြေး၊ဝက် ပြေး ထွက်ပြေးသွားခဲ့ရသည်။
ဒုတိယသတင်းမှာမူ ဟိုင်ကျိုးမြို့မှာ ရာစုနှစ်ပေါင်း များစွာ သြဇာအာဏာကြီးမားခဲ့သည့် ဝမ်မိသားစုမှ ာလည်း ထိုနေ့မှာပင် လုံးဝ ပျက်စီးသွားခဲ့ရ၏။
ဤဖြစ်ရပ်တွေကြောင့် ဟိုင်ကျိုးမြို့သူမြို့သားတွေ က လျူယောင်အပေါ် အရင်ကထက် ထိတ်လန့် လာ ကြသလို နှလုံးသားထဲကနေပါ လှိုက်လှိုက်လှဲလှဲ လေးစားလာကြသည်။
ဤဂိုဝူကမ္ဘာ၏ နိယာမအရ "ခွန်အားကြီးသူကသာ အမှန်တရား" ဖြစ်သောကြောင့် လျူယောင်ဟာ လူ များစွာကို သတ်ဖြတ်ခဲ့သော်လည်း မည်သူကမျှ သူ့ အား မတရားဘူးလို့ မမြင်ခဲ့ပေ။လူအများစုက သူ ၏ ခွန်အားကိုသာ အံ့သြတကြီးနှင့် လေးစားနေကြ ၏။
လျူယောင့်အတွက်မူ ထိုမျှကြီးကျယ်သော အဖြစ် အပျက်အား ပုံမှန်ကိစ္စတစ်ခုကို ဆောင်ရွက်ခဲ့သလို သာ ရှိပေသည်။ဝူမိသားစု၏ ဖိတ်ကြားချက်အရ ဂု ဏ်ပြုပွဲသို့ပင် သူက တည်ညိမ်စွာ တက်ရောက်ခဲ့၏ ။
ညစာစားပွဲမှအပြန် အိမ်တော်သို့ ပြန်ရောက်သောအ ခါတွင်လည်း လျူယောင်သည် သူ့စိတ်ထဲ၌ အတွေး ပွားနေမိ၏။ဤတစ်ခေါက် သူ ယူလာခဲ့သော အဖိုး တန် လက်နက် တစ်ဒါဇင်ကျော်ကိုမူ လေလံတင်ရေ ာင်းချရန် ဝူရွှမ်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့ကြောင့် သူသည် ချက်ချင်းပင် မိမိကမ္ဘာသို့ ပြန် သင့်သလော သို့မဟုတ် ဤမြို့၌ပင် ရက်အနည်းင ယ်မျှ ထပ်နေသင့်သလောဟု ချင့်ချိန်နေခြင်းပင်။
နောက်ဆုံးတွင်မူ သူသည် ဤမြို၌ပင် ရက်အနည်းင ယ်မျှ ဆက်လက်နေထိုင်ရန်သာ ဆုံးဖြတ်လိုက်၏။
ဤဂိုဝူကမ္ဘာတွင် သဘာဝစွမ်းအင်များမှာ အလွန်ပေ ါ များလှသဖြင့် သူ ကျင့်ကြံရသည်မှာ အလွန်ပင် စိတ်ကြည်နူးစရာ ကောင်းလှသည်။သွေးကြောများ မှတစ်ဆင့်ပြီးတစ်ဆင့် တိုးလာသည့် ခံစားချက်နှင့် အတူ ကျင့်ကြံမှု၌ လျင်မြန်စွာ ခရီးပေါက်နေသည့် အရသာကို သူ အမှန်တကယ်ပင် နှစ်သက်နေမိ၏။
ဝူမိသားစုထံမှ ပြန်လာပြီး မကြာမီအချိန်၌ပင် လျူ ယောင်သည် စာကြည့်ခန်းအတွင်း လက်ဖက်ရည်ကို အေးအေးဆေးဆေးသောက်ရင်း စာဖတ်နေခဲ့သည်။ ထိုစဉ်မှာပင် အပြင်ဘက်မှ တံခါးခေါက်သံအား လျူယောင် ကြားလိုက်ရ၏။
တံခါးခေါက်သူမှာ ထန်ဟုန်ယိီသာ ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း အခန်းတွင်းသို့ ဝင်ရော က်လာသူမှာမူ ဆွန်လိီယောင် ဖြစ်နေသည်ကို အံ့အာ းသင့်ကာ သူ တွေ့လိုက်ရသည်။။
အိမ်စောင့်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဆွန်လိီယေ ာင်နှင့် သူသည် နှစ်ကြိမ်တိုင်တိုင် ဆုံဖူးသူများ ဖြစ် ကြသဖြင့် မစိမ်းသက်တော့ဟု ဆိုနိုင်သော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင် ထိုလူက အဘယ်ကြောင့် ရောက်လာသည်အား သူ အနည်းငယ် အံ့အားသင့် မိ၏။
လျူယောင်သည် မိမိရှေ့မှ ဆွန်လိီယောင်ကို သံသ ယအကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။သူ့ မျက် လုံးထဲတွင်မူ "ဒီလူက ဘာကြောင့် ရောက်လာသန ည်း" ဟူသော မေးခွန်းတို့မှာ သိသိသာသာ ထင်ဟပ် နေ၏။
ဆွန်လိီယောင်သည် လျူယောင်၏ရှေ့၌ ဦးစွာ ဒူး ထောက်လိုက်ပြီးနောက် မိမိ၏ ရဲစွမ်းသတ္တိတို့ကို စု စည်းကာ အသံကို ထိန်း၍ ပြောရန် ပြင်လိုက်သည်။
လျူယောင်က သိလိုစိတ်ဖြင့် အရင် မေးမြန်းလိုက် ၏။
"မင်း ဘာကိစ္စနဲ့ လာလဲဆိုတာကို အရင် ပြောပြပါဦး ..."
"ဒီလိုပါ သခင် ကျွန်တော့်ရဲ့ ပင်ကိုယ်အရည်အချင်း က အရမ်း ညံ့ဖျင်းလှပါတယ်..အခုထက်ထိ ကျွန် တော်ဟာ ရွှမ်အဆင့်တစ်မှာ ရပ်နေတာ နှစ်အတော် ကြာနေပါပြီ..."
ဆွန်လိယောင်သည် ခဏမျှ အသက်ရှူပြီးနောက် ဆ က်ပြောလိုက်၏။
"သခင်ဆီမှာ ကျင့်ကြံသူတွေရဲ့ ပင်ကိုယ်အရည်အ ချင်းကို မြှင့်တင်ပေးနိုင်တဲ့ ဆေးရှိတယ်လို့ ကျွန် တော် ကြားသိရပါတယ်..ဒါကြောင့် ကျွန်တော့်ကို အဲ့ဒီဆေး ပေးသနားဖို့ တောင်း ဆိုချင်ပါတယ်.. ဒီနေ့ ဒီအချိန်ကစပြီး ကျွန်တော် ဆွန်လိီယောင်က သခင်ခိုင်းစေသမျှကို မီးထဲရေထဲပါမကျန် သစ္စာရှိရှိ ဆောင်ရွက်သွားပါ့မယ်..ဘယ်လိုအကြောင်းမျိုးနဲ့မှ နောက်တွန့်သွားမှာ မဟုတ်ပါဘူးခဗျ..."
အမှန်တကယ်တွင်မူ ဆွန်လိီယောင်က သူ့ထံသို့ အရ င်လာမတွေ့ခဲ့လျှင်ပင် မနက်ဖြန် သို့မဟုတ် သန်ဘ က်ခါ၌ သူကိုယ်တိုင် ခေါ်ယူတွေ့ဆုံရန် လျူယော င်က စိတ်ကူးထားပြီးသား ဖြစ်သည်။
ဤကမ္ဘာ၌ ခွန်အားကြီးသူတို့သာ လေးစားခံရပြီး အ စွမ်းသတ္တိဖြင့်သာ စကားပြောကြသည် မဟုတ်ပေ လော။
ထိုမျှ ကျယ်ဝန်းသော အိမ်တော်ကြီးတွင် မိမိတစ်ဦး တည်းမှလွဲ၍ ကျန်လူတို့၏ ကျင့်ကြံမှုအဆင့်မှာ အ ားနည်းလွန်းနေသည်ဟု လျူယောင် ခံစားရသည်။ အိမ်စောင့်တပ်ဖွဲ့၌ လူခုနစ်ယောက်၊ရှစ်ယောက်ခန့် ရှိသော်လည်း ရွှမ်အဆင့်တစ် ရှိသည့် ဆွန်လိီယော င်မှလွဲ၍ ကျန်လူများမှာမူ ဟွမ်အဆင့်တွင်သာ ရှိနေ သောကြောင့် ဖြစ်၏။
သူ၏ အိမ်တော်အား ခိုင်မာစွာ အကာအကွယ်ပေးနို င်ရန်အတွက် အစွမ်းထက်သော တိုက်ခိုက်ရေးအဖွဲ့ တစ်ဖွဲ့ ရှိရန် လိုအပ်သည်ဟု လျူယောင် စဥ်းစားမိခဲ့ သည်။
ဤလူများဖြင့်သာ သူက စတင်ရမည်ဖြစ်၏။
သူတို့၏ ပင်ကိုယ်အရည်အချင်းများကို မြှင့်တင် ပေးကာ အချိန်တိုအတွင်း၌ မြေကမ္ဘာအဆင့် သို့မ ဟုတ် ကောင်းကင်အဆင့် ကျင့်ကြံသူများ ဖြစ်လာ စေစေရန် သူ လေ့ကျင့်ပေးရမည် ဖြစ်၏။
သူ့ အတွက်မူ ထိုသို့လုပ်ဆောင်နိုင်ရန် အပြည့်အဝ ယုံကြည်မှု ရှိနေသည်။ယခုအခါ လိပ်ကြီး၏ အလေ းချိန်မှာ တန် ၂,၀၀၀ ကျော် ရှိနေပြီဖြစ်သလို သူ စု ဆောင်းမိသော အမှတ်များမှာလည်း သိန်းဂဏန်းအ ထိ ရှိနေပြီ မဟုတ်ပေလော။
သူက အမှတ်အနည်းငယ်မျှသာ သုံးစွဲလိုက်ရုံဖြင့် ထိုလူတွေ၏ လေ့ကျင့်မှုစွမ်းရည်ကို မြှင့်တင် ပေး နိုင်ရုံသာမက မိမိအပေါ်တွင်လည်း မည်သည့်အခါ မျှ သစ္စာဖောက်ခြင်း မရှိစေရန်လည်း ပြုလုပ်နိုင်ပေ သည်။ဤနည်းလမ်းမှာ မည်သည့်ကတိကဝတ် သို့မ ဟုတ် စာချုပ်စာတမ်းထက်ပင် ပိုမို စိတ်ချရ၏။
မြေပြင်ပေါ်တွင် ဒူးထောက်ကာ တောင်းဆိုနေသော ဆွန်လိယောင်ကို ကြည့်ရင်း လျူယောင်က အေး ဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"မင်းကို ဆေးပေးဖို့က ပြဿနာမရှိပါဘူး.. မင်းတင် မကဘူး... ကျန်တဲ့ အိမ်စောင့်တွေလည်း ငါ့ရဲ့ဆေး ကို သောက်သုံးခွင့်ရှိတယ်.. ဒါပေမဲ့ သူတို့ကိုယ်တိုင် ကလည်း စိတ်ပါလက်ပါ ရှိဖို့တော့ လိုအပ်လိမ့်မယ် . .."
သခင်အသစ်ဖြစ်သူက ထိုမျှအထိ ရက်ရောလိမ့်မ ည်ဟု ဆွန်လိီယောင် တစ်ခါမျှ မတွေးမိခဲ့ပေ။
လျူယောင်က မတွန့်မဆုတ်ဘဲ သဘောတူလိုက်သ ည့်အခါ သူသည် ကောင်းကင်ယံမှ မုန့်လုံးကြီး ကျ လာသကဲ့သို့ အတိုင်းအဆမရှိ ဝမ်းမြောက်သွားရသ ည်။
ပင်ကိုယ်အရည်အချင်းကို ပြောင်းလဲပစ်ကာ ကျင့် ကြံမှုခရီး၌ လျင်မြန်စွာ တိုးတက်နိုင်ခြင်းသည် သို င်းပညာရှင်တိုင်း၏ အမြင့်မြတ်ဆုံးသော အိပ်မက် ပင် ဖြစ်၏။ဆွန်လိယောင်တစ်ယောက် စိတ်လှုပ်ရှာ းနေသဖြင့် သူ့ ခန္ဓာကိုယ်ပင် တုန်ယင်နေပေသည်။
ထိုစဉ်မှာပင် လျူယောင်က သိုလှောင်လက်စွတ်အ တွင်းမှ မျိုးရိုးဗီဇပြောင်းဆေးပုလင်းငယ်တစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်ရင်း ပြောလိုက်၏။
"ဒါက မင်းရဲ့ ကျင့်ကြံမှုအရည်အချင်းကို အခြေခံ ကအစ ပြောင်းလဲပေးနိုင်တဲ့ ဆေးပဲ.. အခု သောက် လို့ရပြီ"
တုန်ယင်နေသော လက်နှစ်ဖက်ဖြင့် ဆွန်လီယောင် က ဆေးပုလင်းကို ရိုသေစွာ လက်ခံယူကာ လျူယေ ာင့်ရှေ့တွင်ပင် တစ်ကျိုက်တည်း မော့လိုက်သည်။
တစ်ချိန်တည်းမှာပင် လျူယောင်သည် သူ၏ အိမ် မွေးတိရစ္ဆာန်ချပ်ပြားကို ဖွင့်ကာ ဆွန်လိယောင်အ တွက် စွမ်းရည်အမှတ် ၅၀ဝ ပေါင်းထည့်ပေးလိုက် ၏။
သူ၏ ယခင်အတွေ့အကြုံများအရ စွမ်းရည်အမှတ် ၅၀၀ ဆိုသည်မှာ လုံလောက်သည့် ပမာဏဖြစ်ကြေ ာင်း လျူယောင် သိထားခဲ့သည်။ထန်ဟုန်ယိီက အ ကောင်းဆုံး သက်သေပင် မဟုတ်ပေလော။
မူလက ထန်ဟုန်ယိီ၏ ကျင့်ကြံမှုအရည်အချင်းမှာ အလွန်ပင် နိမ့်ပါးခဲ့သော်လည်း ယခုအခါတွင်မူ သူ သည် နေ့စဉ်နှင့်အမျှ အဆင့်များစွာ တိုးတက်လာခဲ့ သည်။
ထန်ဟုန်ယိီ၏ လက်ရှိကျင့်ကြံမှုအဆင့်မှာ ဟွမ်အ ဆ င့်၌သာ ရှိနေသေးသဖြင့် အဆင့်တက်ရန် နှိုင်း ယှဉ်ချက်အရ လွယ်ကူသည်ဟု ဆိုနိုင်သော်လည်း ထိုကဲ့သို့ ကျင့်ကြံခြင်းကမ္ဘာတွင် တစ်ရက်တည်းနှင့် အဆင့်တစ်ခုထက်မက တက်လှမ်းနိုင်ခြင်းမျိုးမှာမူ တစ်ခါမျှ မရှိခဲ့ဖူးချေ။
ဆွန်လိီယောင် ဆေးသောက်သည်ကို ကြည့်ရင်း အ မှတ် ၅၀၀ ပေးအပ်ပြီးနောက် လျူယောင်က သူ့အာ း တာဝန်တစ်ခု ပေးလိုက်သည်။
"မင်း ပြန်သွားတဲ့အခါ ကြိုးကြိုးစားစား ကျင့်ကြံဖို့ တင်မကဘဲ တခြားအိမ်စောင့်တွေကိုလည်း မေးမြန် းကြည့်လိုက်ဦး..တကယ်လို့ သူတို့လည်း အစွမ်းထ က်ချင်တယ်ဆိုရင် မနက်ဖြန် ငါ့ဆီလာပြီး ဆေးထု တ်ယူနိုင်တယ်လို့ ပြောလိုက်ပါ.."
ဆွန်လိီယောင်က ဝမ်းသာအားရ ပြန်ဖြေလိုက်၏။
"မှန်လှပါ သခင်... သူတို့ကိုယ်စား ကျွန်တော်မျိုးက ပဲ အရင်ဆုံး ကျေးဇူးတင်စကား ပြောပါရစေ.. ဒီလို အဖိုးတန်တဲ့ အခွင့်အရေးမျိုးကို ရဖို့ အားလုံးကအ ပြေးအလွှား ရောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံ ကြည်ပါတယ်.."
လျူယောင်က ထပ်မံ ညွှန်ကြားလိုက်သည်။
"ပြီးတော့... ဒီအိမ်တော်ကြီးမှာ အစောင့်နည်းနည်းပဲ ရှိနေတယ်.. လူအင်အားက အရမ်းကို နည်းလွန်းနေ သေးတယ်. ဒါက ရွှေဒင်္ဂါးပြား ၅၀,၀၀၀ပဲ.. မင်းအ နေနဲ့ ကျင့်ကြံခြင်းအပြင် ဒီရက်ပိုင်းအတွင်း ငါ့အတွ က် လူသစ်တွေ ထပ်မံစုဆောင်းပေးဖို့ကိုလည်း ငါ တာဝန်ပေးချင်တယ်"
ဆွန်လိီယောင်သည် ရွှေလက်မှတ်ကို ရိုသေစွာ လက် ခံယူကာ ကျေးဇူးတင်စကား ပြောပြီးနောက် ကျေန ပ်အားရသော အမူအရာဖြင့် ထွက်ခွာသွားပေသည်။
ထွက်ခွာသွားသော ဆွန်လိီယောင်၏ ကျောပြင်ကို ကြည့်ရင်း လျူယောင်က စိတ်ထဲမှ ရေရွတ်နေမိ၏ ။
"ငါ့မှာသာ သစ္စာရှိတဲ့ အိမ်စောင့်အဖွဲ့တစ်ဖွဲ့ရှိပြီး သူ တို့အားလုံးက မြေကမ္ဘာအဆင့် ဒါမှမဟုတ် ကောင်း ကင်အဆင့် ကျင့်ကြံသူတွေသာ ဖြစ်နေမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲကွာ.."
အမှန်တကယ်တွင်မူ ဤကျင့်ကြံခြင်းကမ္ဘာတွင် မြေကမ္ဘာအဆင့် ကျင့်ကြံသူဟူသည် အလွန်အမင်း ပေါများလှသည်မဟုတ်ပေ။တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကြည့်လျှင် အလွန်ဆုံးရှိလှမှ သုံးရာခန့် သာ ရှိနိုင်ပြီး ကောင်းကင်အဆင့် ကျင့်ကြံသူ များမှ ာမူ ထိုထက်ပင် အဆပေါင်းများစွာ ရှားပါးလှပေ သည်။
တစ်သီးပုဂ္ဂလ ကျင့်ကြံနေသူများ အပါအဝင် ဤက မ္ဘာတစ်ခုလုံး၌ ကောင်းကင်အဆင့် ကျင့်ကြံသူသည် ဆယ်ဂဏန်းဝန်းကျင်ခန့်သာ ရှိလိမ့်မည်ဟု လျူ ယောင် ခန့်မှန်းထား၏။
သို့ဖြစ်ရာ မိမိ၏ အိမ်စောင့်များမှာပင် ကောင်းကင် အဆင့် ကျင့်ကြံသူများ ဖြစ်လာပြီး အရေအတွက် အားဖြင့်လည်း များပြားနေမည်ဆိုပါက ဤကမ္ဘာတွ င် အစွမ်းထက်ဆုံးနှင့် မနာလိုစရာအကောင်းဆုံး အ င်အားစုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
"ဟုတ်ပြီ... ဒီအတိုင်းပဲ လုပ်ကြတာပေါ့..ငါ့မှာ အမှ တ်တွေ အများကြီး ရှိနေတာပဲ..မြေကမ္ဘာအဆင့်နဲ့ ကောင်းကင်အဆင့် ကျင့်ကြံသူတွေ ဖြစ်လာဖို့ လအ နည်းငယ်လောက်ပဲ ငါ အချိန်ပေးရမှာပါ.."
ထိုသို့ ခိုင်မာစွာ ဆုံးဖြတ်ချက်ချပြီးနောက် လျူယေ ာင်သည် ပထမမင်းသား၏ သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။(Note -ပြီးခဲ့သော အပိုင်းတွင် သိုလှောင်အိတ်ဟု မှားရေးထားသည်။)
တိုက်ပွဲဖြစ်ပွားပြီးကတည်းက ယခုအချိန်အထိထို လက်စွပ်ကို ဖွင့်ကြည့်ရန် သူ အချိန်မရခဲ့ပေ။မင်း သားတစ်ပါး၏ ပိုင်ဆိုင်မှုများဖြစ်သဖြင့် လက်စွပ် အတွင်း၌ မည်မျှအထိ အဖိုးတန်သော ရတနာများ ရှိနေမည်နည်းဟု လျူယောင်က စိတ်ဝင်တစား ရှိ နေမိသည်။
ဂိုဝူကမ္ဘာတွင် ကျင့်ကြံသူတစ်ဦးအနေဖြင့် အဆင့်မြ င့် သိုလှောင်တစ်လုံး ပိုင်ဆိုင်ထားလျှင်ပင် အခြား သူများ မနာလိုဖြစ်ရလောက်သည့် အခြေအနေမျိုး ဖြစ်သည်။သို့သော်လည်း မဟာရှအင်ပါယာ၏ ပထ မမင်းသားမှာမူ သိုလှောင်လက်စွပ်တစ်ကွင်းကိုပင် ပိုင်ဆိုင်ထား၏။
ဤသည်မှာ လျူယောင်အတွက် ဒုတိယမြောက် ပိုင် ဆိုင်ခွင့်ရသည့် သိုလှောင်လက်စွပ်ပင် ဖြစ်သည်။ သိုလှောင်လက်စွပ် နှစ်ကွင်းအား ပိုင်ဆိုင်ထားနိုင် ခြင်းမှာ သူ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ဖေ ာ်ပြနေသည့် ပြယုဂ်တစ်ခုပင် မဟုတ်ပေလော။
လက်စွပ်မှ အစီအမံအချို့အား ဖျက်စီးပြီးနောက် ထိုမင်းသား၏လက်စွပ်အား နောက်ဆုံး၌ သူ ဖွင့်နိုင် ခဲ့ပေသည်။လက်စွပ်အတွင်းရှိ အရာဝတ္ထုတို့ကို မြင် လိုက်ရချိန်၌မူ သူ အံ့အားသင့်ခဲ့ရ၏။
ပထမမင်းသား၏ လက်စွပ်ပီပီ အတွင်း၌ ရှိနေသော ပစ္စည်းများမှာ သူ့အား အနည်းငယ်မျှပင် စိတ်ပျက် စေခြင်း မရှိခဲ့ပေ။