← Chapters

ပထမမင်းသား၏ သိုလှောင်လက်စွပ် ထဲမှ ပစ္စည်းများ

Vol. 54 Ch. 633

ပထမမင်းသား၏ သိုလှောင်လက်စွပ် ထဲမှ ပစ္စည်းများ

Vol. 54 Ch. 633

လျူယောင်က လက်စွပ်ထဲကို ကြည့်လိုက်ရာ တေ ာင်ပုံရာပုံ စု ပုံနေသော ရွှေများ၏ အလင်းပြန်မှု ကြောင့် သူ့ မျက်စိ ပင်ကျိန်းစပ်သွားရကာ မျက်လုံး ကို ခဏမှိတ်ထားရသည်အထိပင်။

လျူယောင်က အံ့အားသင့်ကာ စိတ်ထဲမှ ရေရွတ်မိ လိုက်၏။

​"လခွမ်း..ဒီမင်းသားက နိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက် တစ်ခုလုံးကိုများ လက်စွပ်ထဲ သိမ်းကျုံးထည့်ထား တာလားဟ.."

​

လက်စွပ်အတွင်း၌မူ ရွှေဒင်္ဂါးများ၊ရွှေတုံးများနှင့် ရွှေချောင်းများက အစီအရီ ရှိနေ၏။သူ၏ ခန့်မှန်း ချက်အရ ရွှေဒင်္ဂါးအရေအတွက်မှာ ၁၀ သန်းခန့်ရှိ နိုင်ပြီး ရွှေတုံးနှင့် ရွှေချောင်းများမှာလည်း တန်ချိန် ရာနှင့်ချီ၍ ရှိနေမည်မှာ အသေအချာပင်။

​

​ထိုမျှပင် မကသေးဘဲ တန်ဖိုးအမျိုးမျိုးရှိသည့် ရွှေ လက်မှတ်အစည်းများလည်း ရှိနေသေးသည်။ထိုလ က်မှတ်များမှာ-၁,၀၀၀ တန် ​၁၀,၀၀၀ တန်၊၂၀၀၀ ၀ တန် ​၅၀,၀၀၀ တန်၊၁၀၀,၀၀၀ တန်နှင့်​ထိုထက်ပိုမိုမြ င့်မားသည့် တန်ဖိုးကြီးရွှေလက်မှတ်များလည်း ရှိနေ ၏။

​

လျူယောင့်အနေဖြင့် ထိုလက်မှတ်များကို အသေး စိတ်ရေတွက်ရန် အချိန်မရသော်လည်း စုစုပေါင်း ပ မာဏမှာ အနည်းဆုံး ၁၀ သန်းနှင့်အထက် ရှိမည်ဟု ခန့်မှန်းလိုက်သည်။ဤသည်မှာ တွေးကြည့်ရုံနှင့်ပင် ကြောက်ခမန်းလိလိ ပိုင်ဆိုင်မှုပင်။

​ထိုများပြားလှသော ရွှေငွေများအပြင် လက်စွပ်ထဲ၌ သိုလှောင်အိတ်များစွာကိုလည်း လျူယောင် တွေ့လို က်ရသည်။၎င်းတို့မှာ အဆင့်မြင့် သိုလှောင်အိတ် ၅ လုံး၊အလယ်အလတ်အဆင့် သိုလှောင်အိတ် အလုံး ၂၀ ကျော်တို့ပင် ဖြစ်၏။

​

ယခုမူ ထိုအရာအားလုံးက လျူယောင်အတွက် အ လကားနီးပါး ရလိုက်သည့် ရတနာသိုက်ကြီး ဖြစ်သွ ားခဲ့ရသည်။

​အထဲတွင် အစီအရီရှိနေသော သိုလှောင်အိတ်များ ကို ကြည့်ရင်း သူ အံ့အားသင့်ခဲ့ရ၏။ပုံမှန်အားဖြင့် အထဲတွင် ပစ္စည်းအပြည့်ရှိနေသော သိုလှောင်အိတ် များကို တစ်ခုနှင့်တစ်ခု ထပ်ထည့်၍မရသော်လည်း သိုလှောင်အိတ်အလွတ်များကိုမူ သိုလှောင်လက်စွပ် ထဲတွင် စုပြုံကာ ထည့်၍ ရပေသည်။

​ပထမမင်းသားက သိုလှောင်လက်စွပ်ထဲတွင် အဖိုး တန် သိုလှောင်အိတ် များစွာကို သိမ်းဆည်းထားလိ မ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။​ထိုအရာအားလုံ း မှာ ယခုမူ သူ့ လက်ထဲသို့ ရောက်လာခဲ့၏။

ထိုပိုင်ဆိုင်မှုမှာ ရွှေဒင်္ဂါးများဖြင့်ပင် နှိုင်းယှဉ်၍ မရ နိုင်လောက်အောင် တန်ဖိုးကြီးမားလှပေသည်။

​ဤဂိုဝူကမ္ဘာတွင် အဆင့်မြင့်သိုလှောင်အိတ်တစ်လုံး ၏ ဈေးကွက်တန်ဖိုးမှာ ရွှေဒင်္ဂါး သန်းနှင့်ချီ၍ တန် ကြေးရှိသည့်အပြင် ငွေရှိသော်လည်း ဝယ်ယူရန် အ လွန်ခက်ခဲလှသော ပစ္စည်းမျိုးပင်ဖြစ်၏။

​ယခုမူ ထိုအိတ်မျိုး အိတ်၅လုံးတိတိ အလကားနီး ပါးပင် သူ ရရှိခဲ့သည်။

သိုလှောင်​အိတ်များအပြင် လက်စွပ်ထဲ၌ နေ့စဉ်သုံး ပစ္စည်းအချို့နှင့် လက်နက်အချို့ကိုလည်း လျူယေ ာင် တွေ့လိုက်ရ၏။သို့သော်လည်း ထို​နေ့စဉ်သုံးပစ္စ ည်းများမှာ သူ့ မျက်လုံးထဲတွင် အမှိုက်သရိုက်များ ကဲ့သို့ပင် ဖြစ်သဖြင့် လုံးဝ လျစ်လျူရှုထားလိုက်သ ည်။

၎င်းတို့မှာ ​လက်နက်များ၊အနက်ရောင် သတ္တုများဖြ င့် သွန်းလုပ်ထားသော ဓားအချို့ ပါဝင်သော်လည်း လျူယောင်က စိတ်မဝင်စားခဲ့ပေ။သူ့အတွက်မူ ထို လက်နက်များမှာ အသုံးမဝင်သည့် ပစ္စည်းများသာ ဖြစ်ပေသည်။

​လက်စွပ်အတွင်းရှိ အမှိုက်သရိုက်ပစ္စည်းများကို ကျော်ကြည့်ပြီးနောက် စာအုပ်အမျိုးမျိုးအား လျူ ယောင် တွေ့လိုက်ရ၏။ထိုအထဲတွင် အခြေခံကျင့် စဥ်များဖြစ်သော စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုနည်းလ မ်းများနှင့် တိုက်ခိုက်ရေးဆိုင်ရာ သိုင်းကျမ်းများစွာ ပါဝင်နေ၏။

​

လျူယောင်က ထိုသိုင်းကျမ်းအားလုံးကို လက်စွပ် ထဲမှ ထုတ်ယူလိုက်ရာ အုပ်ရေ ၁၀၀ ကျော်ပင် ရှိနေ သည်။၎င်းတို့ကို အကုန်ဖတ်ရှုရန်ဆိုလျှင် အချိန် အ တော်ပေးရမည် ဖြစ်သောကြောင့် သူ စိတ်မဝင်စား တော့ပေ။

​ထိုစာအုပ်များထဲတွင် ဟွမ်ကျင့်စဥ် စာအုပ်အချို့ကို လည်း သူတွေ့လိုက်ရပြီး အများစုမှာ အခြေခံအဆ င့်များသာ ဖြစ်၏။​ရွှမ်ကျင့်စဥ်စာအုပ်မှာမူအနည်းင ယ်သာ ပါဝင်ပြီး ထိုအထဲတွင် အဆင့်မြင့် ဓားသိုင်း ကျမ်း တစ်စောင်လည်း ပါဝင်နေသည်။

​

​အကယ်၍ လျူယောင်သည် ဤကမ္ဘာသို့ စတင်ရော က်ရှိခါစ အခြေအနေမျိုးဆိုလျှင် ထိုကဲ့သို့သော ရွှမ် အဆင့် ဓားသိုင်းကျမ်းကို မြင်ရသည်နှင့် ပျော်ရွှင်မိ လိမ့်မည်။သို့သော်လည်း ယခုအချိန်တွင်မူ သူက အေးဆေးတည်ညိမ်နေဆဲပင်။

​အကြောင်းရင်းမှာ.တာအိုအသက်ရူခြင်းကျင့်စဉ် ကို လေ့ကျင့်အောင်မြင်ပြီးနောက်၌ လျူယောင်၏ ကျ င့်ကြံခြင်းအဆင့်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေ သောကြောင့်ပင်။

​"ဟူး..ဒီလို သိုင်းကွက်တွေက ငါ့အတွက် ဘာမှအ သုံးမဝင်တော့ဘူး..."

​သူ၏ ခွန်အားနှင့် အမြန်နူန်းကိုသာ အမှီပြုလိုက်ရုံ ဖြင့် ဤကမ္ဘာပေါ်ရှိ ကောင်းကင်အဆင့်ကျင့်ကြံသူ များကို မည်သည့်သိုင်းကွက်မှ အသုံးပြုစရာမလိုဘဲ အ လွယ်တကူ အနိုင်ယူနိုင်စွမ်းရှိနေ၏။

ရွှမ်အမြင့်ဆုံး ဓားသိုင်းပညာရပ်များသည်ပင် လျူ ယောင်အတွက်မူ လေ့ကျင့်ရန် ထိုက်တန်မူ မရှိပေ။ နောင်တစ်ချိန်တွင် ကောင်းကင်အမြင့်ဆုံးအဆင့် ဓာ းသိုင်းမျိုးနှင့် ကြုံကြိုက်ရမှသာ သူ စိတ်ဝင်တစား လေ့ကျင့်မိပေလိမ့်မည်။

​ထိုနေရာတွင် ရွှမ်အဆင့်မြင့် ဓားသိုင်းစာအုပ်များသ ာမက အလယ်အလတ်နှင့် အနိမ့်စားအဆင့်ရှိသော ဓားသိုင်းများ၊ဓားရှည်သိုင်းများနှင့် လက်ဝှေ့ပညာရ ပ် အနည်းငယ်လည်း ရှိနေသည်။အခြား လူများအ တွက်မူ ထိုပညာရပ်များသည် အဖိုးတန်လှသဖြင့် လျူယောင်သည် ၎င်းတို့ကို ခဏသိမ်းဆည်းထားပြီ း နောင်တွင် လိုအပ်မည့်သူများကို ပေးကမ်းရန် စီ စဉ်ထားလိုက်၏။

​ထိုနောက် သူ ဆက်ကြည့်လိုက်ရာ လက်စွပ်အတွင်း ၌ တန်ဖိုးကြီးလှသော ဆေးဘက်ဝင်ပစ္စည်းများနှ င့် ဆေးလုံးအမျိုးမျိုးကိုလည်း သူ တွေ့လိုက်ရသည်။ အသုံးဝင်သည်များကို စနစ်တကျ စီစစ်၍ သူ၏ သို လှောင်လက်စွပ်ထဲသို့ ပြောင်းရွှေ့လိုက်ပြီး ကျန် အ မှိုက်သရိုက်များကိုမူ လွှင့်ပစ်လိုက်၏။

​အချိန်အတော်ကြာအောင် သေချာ စီစစ်ပြီးနောက် လက်စွပ်ကိုမူ လိပ်ကြီး အသုံးပြုရန်အတွက် လျူ ယောင်က သီးသန့်ဖယ်ထားလိုက်၏။လိပ်ကြီးထံတွ င်လည်း အဆင့်မြင့်သိုလှောင်အိတ်တစ်လုံး ရှိနေ သော်လည်း သိုလှောင်လက်စွပ်နှင့်မူ မည်သို့မျှ နှိုင် းယှဉ်၍ မရနိုင်ပေ။

သိုလှောင်လက်စွပ်မှာမူ အဆင့်မြင့်သိုလှောင်အိတ် ထက်ဆယ်ဆမျှ ပိုမို သိုလှောင်နိုင်စွမ်းရှိပေသည်။

​ထိုအရာများကို သူ စနစ်တကျ စီစဉ်ပြီးနောက် စိတ် ထဲတွင် တက်ကြွပျော်ရွှင်နေသဖြင့် စိတ်တည်ညိမ် မှု ပြန်လည်ရရှိရန် လျူယောင်က ဆယ့်ငါးမိနစ်ခန့် အချိန်ယူလိုက်ရ၏။

.....

​ထန်ဟုန်ယိီနှင့် ဆွန်လီယောင်တို့သည်လည်း အားသွ န်ခွန်စိုက် လေ့ကျင့်နေကြသည်။အထူးသဖြင့် ဆွန် လီယောင်မှာမူ အချိန်တစ်စက္ကန့်ကိုပင် အလဟဿ မဖြစ်စေရန် အသည်းအသန် ကြိုးစားနေ၏။ထိုဆေ းကို သောက်သုံးပြီးကတည်းက သူ၏ ကျင့်ကြံခြင် း အမြန်နူန်းမှာ သိသိသာသာ တိုးတက်လာသည်အ ား သူ ကိုယ်တိုင် သတိပြုမိခဲ့သည်။

​မူလက သူသည်.ရွှမ်အဆင့် အဆင့် (၁) တွင်သာ နှ စ်ပေါင်းများစွာ ရပ်တန့်နေခဲ့ပြီး မည်သို့မျှ တိုးတက် မှု မရှိခဲ့ပေ။သို့သော်လည်း ယခုအခါတွင်မူ နှစ်နာ ရီ၊ သုံးနာရီခန့်မျှ သူ လေ့ကျင့်လိုက်ရုံဖြင့်ပင် ကျင့် ကြံ့နူန်း တိုးတက်လာသည်အား ခံစားခဲ့ရသည်။

​ဆွန်လီယောင်သည် စိတ်လှုပ်ရှားမှုများကို အမြန်ဆုံ း ထိန်းချုပ်ကာ အာရုံစူးစိုက်၍ ဆက်လက်ကျင့် ကြံနေခဲ့၏။ဤကဲ့သို့သော ကျင့်ကြံမှု အရှိန်အတိုင်း ဆိုလျှင် သူသည် ရွှမ်အဆင့် ၁ မှ အဆင့် ၂ သို့ အ လွန်ဆုံး တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း တက် လှမ်းနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေမိသည် ။

ရွှမ်အဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးအဖို့ အဆင့်တ က်လှမ်းရန် တစ်ရက်၊ နှစ်ရက်မျှသာ အချိန်လိုသည် ဟူသောအချက်မှာ ဆွန်လိီယောင်အတွက်မူ အိမ်မ က်ပင် မမက်ဖူးခဲ့သည့် ကိစ္စပင် ဖြစ်သည်။

ကျင့်ကြံပြီး​သောအခါ ဆွန်လီယောင်သည် အိမ်စော င့်တပ်သားရှစ်ဦးကို ခေါ်လာကာ လျူယောင်ထံသို့ ရောက်လာခဲ့သည်။သူတို့အားလုံး၏ မျက်နှာများပေ ါ် တွင်လည်း စိတ်လှုပ်ရှားမှုများက အထင်သားပေ ါ်လွင်နေ၏။

​လျူယောင်သည် အိမ်တော်စောင့်တပ်သားရှစ်ဦး လုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် တည်ကြ ည်လေးနက်စွာ မေးလိုက်သည်။

​"မင်းတို့အားလုံး ဆုံးဖြတ်ချက် ချပြီးပြီလား..ငါ့ ရဲ့ ဆေးရည်ကို သောက်ဖို့ သေချာပြီလား.."

​"ကျွန်တော်မျိုးတို့ ဆုံးဖြတ်ပြီးပါပြီ.သခင် ကျေးဇူး ပြုပြီး ကျွန်တော်မျိုးတို့ကို ဆေးရည် ချီးမြှင့်ပေးပါ ခဗျ.."

​သူတို့အားလုံးကမူ တညီတညွတ်တည်း ပြန်ဖြေလို က်၏။သည်။သူတို့၏ မျက်နှာများပေါ်တွင် တုံ့ဆိုင်း နေသည့် အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ ရပေ။

​လျူယောင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး စိတ်အာရုံကို အသုံးပြုကာ သူ၏ သိုလှောင်လက်စွ ပ် ထဲမှ မျိုးရိုးဗီဇပြောင်းဆေး ရှစ်လုံးကို ထုတ်ယူလို က်သည်။ထို့နောက် လူတိုင်း၏ရှေ့တွင် ဆေးပုလင်း များကို ပြသရင်း သတိပေးစကား ပြောလိုက်၏။

​"ငါ့ရဲ့ဆေးကို သောက်တာက ဘာပြဿနာမရှိဘူး... ဒါ ပေမဲ့ ဒီနေ့ကစပြီး မင်းတို့အားလုံးက ငါ့အပေါ် အ ကြွင်းမဲ့ သစ္စာရှိရမယ်.. ဘယ်သောအခါမှ သစ္စာမ ဖော က်ရဘူး ကြားလား.."

ထိုလူတွေ၏ သစ္စာဆိုသံမှာ အလွန်ပင် ပြတ်သား လှ၏။

​"သခင့်အတွက် ကျွန်တော်တို့ အသက်ကို ပေးပြီး သ စ္စာရှိပါ့မယ်... သခင့်အတွက် ကျွန်တော်တို့ အသက် ကို ပေးပြီး သစ္စာရှိပါ့မယ်ခဗျ.."

​

​လျူယောင်သည် သူ့လက်ထဲရှိ မျိုးရိုးဗီဇပြောင်း ဆေးများကို တစ်ဦးချင်းစီသို့ ကမ်းပေးလိုက်ရာ အိ မ်စောင့်တပ်သားရှစ်ဦးလုံးသည် လျူယောင့် ရှေ့မှေ ာက်မှာပင် ဆေးရည်များကို တစ်ကျိုက်တည်း မေ ာ့ချလိုက်၏။

​ထို့နောက် လျူယောင်သည် သူတို့တစ်ဦးချင်းစီအား စွမ်းရည် အမှတ် ၃၀၀စီ ခွဲဝေပေးလိုက်သည်။ သို့သော်လည်း အဆင့်အတန်းခွဲခြားမှုအရ ထန်ဟုန် ယိီ နှင့် ဆွန်လိယောင် တို့ကိုမူ စွမ်းရည်အမှတ် ၅၀၀ စီ သူ ချီးမြှင့်ခဲ့၏။

​အကြောင်းရင်းမှာ တစ်ဦးမှာ အိမ်တော်ထိန်းဖြစ်ပြီး အခြားတစ်ဦးမှာ အိမ်တော်စောင့်တပ်ဖွဲ့၏ ခေါင်း ဆောင် ဖြစ်နေသောကြောင့်ပင်။

​မည်သို့ပင်ဆိုစေကာမူ အမှတ် ၃၀၀ ရရှိပြီးနောက် ထိုလူတွေ၏ ကျင့်ကြံမှုအမြန်နူန်းမှာ ဤကမ္ဘာမှ မ ည်သည့်ပါရမီရှင်နှင့်မဆို အဆမတန် မြန်ဆန်နေမ ည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ဆေးရည်ကို လူတိုင်း သောက်ပြီးနောက် လျူယော င်က ညွှန်ကြားလိုက်၏။

​"ကဲ ဆေးရည်ကိုလည်း မင်းတို့ သောက်ပြီးကြပြီ.. ဒီနေ့ကစပြီး မင်းတို့ရဲ့ ကျင့်ကြံမှုမြင့်မားလာအောင် အစွမ်းကုန် ကြိုးစားအားထုတ်ကြရမယ် "

​"ကျွန်တော်တို့ ကြိုးစားပါ့မယ်သခင်..."

​သူတို့အားလုံးက တညီတညွတ် ပြန်ဖြေပြီးနောက် စိ တ်လှုပ်ရှားမှုအပြည့်ဖြင့် အတူတကွ ထွက်ခွာသွား ပေသည်။ဆွန်လိီယောင်လည်း လိုက်ပါသွားရန် ပြ င်ဆင်နေစဉ်မှာပင် လျူယောင်က သူ့အား တားလို က်၏။

​"ခေါင်းဆောင်ဆွန်...ခဗျားမှာ သိုလှောင်အိတ် မရှိ သေးဘူးမို့လား..”

​ထိုမေးခွန်းကြောင့် ဆွန်လိီယောင်၏ မျက်နှာတစ်ပြ င်လုံး နီမြန်းသွားကာ အလွန်ရှက်ရွံ့သွားရသည်။သူ သည် ရွှမ်အဆင့် ၁သာ ရှိသည့် ကျင့်ကြံသူ တစ်ဦး သာ ဖြစ်သော်လည်း အဆင့်နိမ့် သိုလှောင်အိတ် တ စ်လုံးကိုပင် ပိုင်ဆိုင်နိုင်ခြင်း မရှိသေးပေ။

ထို သိုလှောင်အိတ်တစ်လုံး ပိုင်ဆိုင်ခွင့်ရရေးမှာ သူ တစ်ဘဝလုံး မက်ခဲ့ရသည့် အိမ်မက်ပင် ဖြစ်၏။

​သို့သော်လည်း သူ့ကို အံ့အားသင့်သွားစေသည်မှာ လျူယောင်က သို​လှောင်အိတ်တစ်လုံးကို ထုတ်ယူ ကာ သူ့အား ကမ်းပေးလိုက်ခြင်းပင်။

​"ငါ မင်းကို ဒီ သိုလှောင်အိတ် ပေးလိုက်မယ်"

​ဆွန်လိီယောင်မှာမူ ထင်မှတ်မထားသော လက်ဆော င်ကြောင့် အချိန်အတော်ကြာအောင် သူ မှင်သက် ကာ ငိုင်နေမိသည်။သူ့ ရင်ထဲတွင်မူ ဝမ်းသာအားရ ဖြင့် အကျယ်ကြီး အော်ဟစ်လိုက်ချင်၏။

"ဘုရားရေ.. ဒါက အလယ်အလတ်အဆင့် သိုလှော င်အိတ်လေ.. ဒါက ငါ့အတွက်ဆိုတာ တကယ်လား.. ငါများ နားကြား မှားနေတာလားကွာ.."

All Chapters