နယ်နှင်ဒဏ်ပေးခံရသည့် ပထမမင်းသား
Vol. 54 Ch. 634
"ဒါ ဒါက မဖြစ်နိုင်ဘူး.. ငါ အိပ်မက်မက်နေတာလား ..ဟုတ်တယ်.ဒါ ငါ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ် .."
လျူယောင်က ဆွန်လိီယောင်ရဲ့ အမူအရာကို သတိ ထားမိကာ ပြုံး၍ ထပ်ပြောလိုက်၏။
"ခဗျား ငိုင်မနေနဲ့..ခဗျားကို ဒီသိုလှောင်အိတ် တက ယ်ပေးနေတာပါ..ကျွန်တော် နောက်နေတာ မဟုတ် ဘူး.."
ဆွန်လိီယောင်က မယုံကြည်နိုင်ဘဲ သူ့ကိုယ်သူ ဆိ တ်ဆွဲကြည့်လိုက်သည်။
"အား..နာတယ်ဟ.."
နာကျင်မှုကို ခံစားရပြီးနောက် ဒါက အိပ်မက်မဟုတ် ဘဲ အမှန်တကယ်ဖြစ်နေတယ်လို့ သူ ခံစားလိုက်ရ သည်။ထို့ကြောင့် သူ အရမ်းစိတ်လှုပ်ရှားသွားခဲ့ရသ ည်။
သူက တုန်ယင်နေသည့်လက်တွေဖြင့် အလယ်အလ တ်အဆင့်သိုလှောင်အိတ်ကို ယူပြီး ရိုသေစွာပြောလို က်၏။
" ကျေးဇူးတင်ပါတယ်..သခင်.. ဒါက အိပ်မက်တ စ်ခုလိုပါပဲဗျာ. တစ်နေ့မှာအလယ်အလတ်အဆင့် သို လှောင်အိတ်တစ်လုံး ပိုင်ဆိုင်ရလိမ့်မယ်လို့ ဘယ်တု န်းကမှ ကျွန်တော် မတွေးခဲ့ဖူးဘူး.."
ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်တွင် သိုလှောင် အိတ်မရှိသည်မှာ ပုံမှန်ပင်။
လျူယောင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး သူ့စိတ်ထဲ ကနေ ရေရွတ်လိုက်မိ၏။
"ပထမမင်းသားရဲ့ သိုလှောင်လက်စွပ်ထဲမှာ အလယ် အလတ်အဆင့် သိုလှောင်အိတ် အလုံး ၂၀ ကျော်နဲ့ အဆင့်မြင့်သိုလှောင်အိတ် ငါးလုံးတောင်ရှိနေတယ် လေ..ဟဲဟဲ"
"ခဗျား..ကြိုးစားပြီး လေ့ကျင့်ပါ.. ပြီးတော့ ဒီထက် ပိုကောင်းအောင် ကြိုးစားရင် ကျွန်တော် ခင်ဗျားကို အဆင့်မြင့်အိတ်တစ်လုံးနဲ့ လဲပေးမယ်.. ကျွန်တော့်မှ ာ အဆင့်မြင့် သိုလှောင်အိတ် ငါးလုံးတောင်ရှိသေး တယ်.."
"ဘာ.."
ဆွန်လိီယောင်က ခဏလောက် စွံ့အသွားပြီးတော့ သူ့ စိတ်ထဲမှာမူ လေးစားမှုတွေ ပြည့်နှက်လာ၏။
"တကယ်ပဲ သခင်ဆိုတဲ့အတိုင်းပဲကွာ.. အဆင့်မြင့် သိုလှောင်အိတ်တစ်လုံး ပိုင်ဆိုင်ရတာက တခြားသူ တွေအတွက် ခက်ခဲနိုင်ပေမဲ့ သူ့မှာ ငါးလုံးတောင် ရှိ နေတယ်ဟ..."
လျူယောင်က ထပ်မံ ခိုင်းစေလိုက်၏။
"ဒါ့အပြင် ဒီရက်အနည်းငယ်အတွင်းမှာ လူသစ်တွေ ကို ပိုပြီး စုဆောင်းပါ.. ငါတို့ အိမ်တော်ရဲ့ အိမ်စောင့် တပ်မှာ အနည်းဆုံး လူ ၅၀၊၆၀ လောက် ရှိရမယ်..."
"စိတ်မပူပါနဲ့ သခင်..ကျွန်တော် ဒီကိစ္စကို ချက်ချင်း ဆောင်ရွက်ပါ့မယ်.. ဟိုင်ကျိုးတစ်မြို့လုံးမှာ ရွှမ်အ ဆင့် ကျင့်ကြံသူတွေကို စုဆောင်းဖို့ ခက်ခဲပေမဲ့ ဟွမ် အဆင့် ကျင့်ကြံသူတွေကတော့ အတော်လေး များ ပါတယ်..."
"ကောင်းပြီ.. သွားတော့.. အိမ်တော်ထိန်းထန်ကိုလာ ဖို့ ပြောလိုက်..သူ့ကိုလည်း ငါ သိုလှောင်အိတ်ပေးစ ရာ ရှိသေးတယ်.."
"ဟုတ်ကဲ့..ကျွန်တော် အခုပဲ သူ့ကို သွားပြောလိုက်ပါ့ မယ်…သခင်."
ဆွန်လိီယောင် ထွက်သွားပြီး မကြာခင်မှာပဲ အိမ်တေ ာ်ထိန်းခေါင်းဆောင်ထန်ဟုန်ယိီက တံခါးခေါက်ပြီး ဝင်လာခဲ့သည်။
"ကျွန်တော့်ကို ရှာနေတာလား..သခင်.."
သူ့အသံက နည်းနည်း တုန်ယင်နေ၏။အိမ်စောင့်တ ပ်ခေါင်းဆောင်ဆွန်လိီယောင်က သိုလှောင်အိတ်တ စ်လုံး ရထားသည်ဆိုတာကိုမူ သူက သိနှင့်ပြီးသား ဖြစ်၏။
ထန်ဟုန်ယိမှာမူ အရင်က ဟွမ်အဆင့် လေးသာရှိ သည့် ကျင့်ကြံသူတစ်ယောက်ပြီးပြီး သူ့ထံတွင် ငွေ လည်း သိပ်မရှိပေ။အဆင့်နိမ့်အိတ်တစ်လုံးဆိုလျှင် ရွှေဒ င်္ဂါး ၁၀၀,၀၀၀ ကျော် ရှိ၏။
လျူယောင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"မင်းက အခု ငါ့ရဲ့ အိမ်တော်ထိန်းပဲ..သိုလှောင်အိတ် မရှိတာက မင်းရဲ့ လက်ရှိအဆင့်အတန်းနဲ့ မကိုက်ညီ ဘူး..ရော့. ဒီသိုလှောင်အိတ်က မင်းအတွက်ပဲ"
"ဘာ.."
ထန်ဟုန်ယီတစ်ယောက် ခဏလောက် တုံ့ဆိုင်းသွား ကာ အံ့အားသင့်သွားခဲ့သည်။အဆင့်မြင့်သိုလှောင် အိတ်ကို လက်နှစ်ဖက်ဖြင့် ယူပြီး သူက ကျေးဇူးတ င်စကား အကြိမ်ကြိမ် ပြောလိုက်၏။
လျူယောင်က လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သ ည်။
"ဒါကို မင်း ကိုယ်တိုင်သုံးတတ်လိမ့်မယ် ထင်တယ်"
ထန်ဟုန်ယိက အမြန်ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့..ကျွန်တော် လုပ်နိုင်ပါတယ်..ဘယ်လို သုံး ရမယ်ဆိုတာ ကျွန်တော် သိပါတယ်..သခင် သင်ပေး ဖို့ မလိုပါဘူးခဗျ.."
လျူယောင်က နောက်ထပ် တစ်သိန်းတန်ရွှေလက်မှ တ်ကို ထုတ်ယူပြီး ပြောလိုက်၏။
"ဒါက မင်းအတွက်ပဲ..မင်းသုံးသင့်တဲ့နေရာမှာ သုံး ပါ ..မစုဆောင်းထားနဲ့"
ပထမမင်းသား၏ သိုလှောင်လက်စွပ်ထဲတွင်ရွှေဒင်္ဂ ါး သန်း ၂၀ မှ ၃၀ အထိ ရှိနေ၏။နည်းနည်းလေး ပေးလိုက်ယုံဖြင့် သူက ဘာမျှ ဖြစ်မသွားပေ။
တစ်သိန်းတန်ရွှေလက်မှတ် ကို လက်ခံရရှိပြီးနော က် ထန်ဟုန်ယိီက ထပ်ပြီး ကျေးဇူးတင်ကြောင်း ပြေ ာလိုက်သည်။
……..
ဂိုဝူကမ္ဘာမှာရှိသည့် မဟာရှအင်ပါယာ၏ မြို့တော် က နန်ကျင်းမှာ ရှိသော်လည်း ၎င်းကို နန်ကျင်းဟု မခေါ်ဘဲ မြို့တော်လို့ပဲ ခေါ်၏။နောက်ဆုံးမှာတော့ ပ ထမမင်းသားက ရှက်ရွံ့သည့် ပုံစံဖြင့် မြို့တော်ကို ပြန်ရောက် လာခဲ့သည်။
ပထမမင်းသား၏ သူ့မျက်နှာက မှုန်မှိုင်းနေပြီး ဟိုင် ကျိုးမြို့မှာ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို တွေး ကာ သူ့စိတ်ထဲမှာ မွန်းကျပ်နေပေသည်။
သူသည် မတရားခံရသည်ဟု ခံစားရရုံသာမက သူ့ ကို ပိုပြီး နာကျင်စေသည်မှာ သူ၏ အဖိုးတန် သို လှောင်လက်စွပ် ဆုံးရူံးသွားခြင်းပင် ဖြစ်၏။ထိုအ ထဲတွင် ရွှေဒင်္ဂါး သန်း ၃၀ ကျော်၊ကျင့်စဥ်စာအုပ်မျို းစုံ၊တန်ဖိုးကြီး ဆေးဘက်ဝင်ပစ္စည်းတွေနှင့် ဆေး လုံးတွေ ရှိနေသည်။
၎င်းတိုမှာ သူ အနည်းဆုံး ၁၀ နှစ်ကြာ စုဆောင်းမှုနဲ့ ကြိုးစားအားထုတ်မှုဖြစ်ပြီး သူက တခြားသူကို အ ကျိုးပြုရလိမ့်မယ်လို့ ဘယ်တုန်းကမျှ မတွေးခဲ့ဖူး ပေ။
သို့ပေမဲ့ ထိုလက်စားချေမှုမျိုးကို တွေးဖို့ အချိန်မရ ခင်မှာပင် သူ ပြန်ရောက်သည်နှင့် နန်းတွင်းအမတ် တစ်ယောက်က အမိန့်တော်ကို ကြေညာဖို့ ရောက် လာခဲ့သည်။၎င်းမှာ ဧကရာဇ်က သူ့ကို ခေါ်တွေ့ ခြ င်းပင် ဖြစ်၏။
ချက်ချင်းဆိုသလိုပင် ပထမမင်းသားက စိတ်လှုပ်ရှ ားလာကာ စိန်ထဲမှ ရရွတ်လိုက်သည်။
"အခုတော့ လက်စားချေမှုကိစ္စကို ငါ ခဏမေ့ထားရ လိမ့်မယ်ကွာ.."
မင်းသားတွေ၏ မျက်လုံးထဲတွင်မူ သူတို့၏ ခမည်း တော် လက်ရှိဧကရာဇ်က ကောင်းကင်ပင် ဖြစ်၏။
နန်းတွင်းအမတ်တစ်ယောက်က အမိန့်တော်ကို ကြေ ညာဖို့ ရောက်လာသည့်အတွက် လုံးဝမတွန့်ဆုတ် ဘဲ ပထမမင်းသားက ချက်ချင်းပင် နန်းတော်ထဲကို ဝင်လာခဲသည်။
......
နန်းတော်ထဲရှိ ခန်းမထဲတွင်..
ဧကရာဇ်လုံချွမ်းသည် ပထမမင်းသားကို ရှေ့တော် သို့ ခေါ်ယူလိုက်၏။ခန့်ညားထည်ဝါလှသော ပလ္လင် ပေါ်တွင် ထိုင်နေသည့် ဧကရာဇ်၏ မျက်နှာတော်မှာ ရေပြင်ကဲ့သို့ တည်ညိမ်နေပြီး အလိုမကျမှု ဝမ်းနည် းမှု သို့မဟုတ် ပျော်ရွှင်မှု စသည့် ခံစားချက်အရိပ် အယောင်တို့ကို လုံးဝခန့်မှန်း၍မရနိုင်ပေ။
သို့သော်လည်း ထိုတည်ညိမ်မှုများ၏ နောက်ကွယ် တွင်မူ ဧကရာဇ်၏ ရင်တွင်း၌ ပထမမင်းသားအပေါ် မကျေနပ်မှုများက အရှိန်အဟုန်ဖြင့် စီးဆင်းနေ၏။ ဤသည်မှာလည်း ပထမမင်းသားမှာ ထုံးတန်း အစ ဉ်အလာအရ အကြီးဆုံးသားဖြစ်သော်လည်း အိမ် ရှေ့စံအဖြစ် ယနေ့တိုင် အသိအမှတ်မပြုရခြင်း၏ အဓိကအကြောင်းရင်းပင် ဖြစ်၏။
သူထံတွင် အိမ်ရှေ့စံတစ်ပါးတွင် ရှိသင့်ရှိထိုက်သေ ာ အရည်အချင်းနှင့် စွမ်းဆောင်ရည်မျိုးများ လုံး ဝမရှိဘဲ စိတ်ပျက်စရာများဖြင့်သာ ပြည့်နှက်နေသ ည်။အထူးသဖြင့် မကြာသေးမီက ဟိုင်ကျိုးမြို့တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များမှာ ဧကရာဇ်၏ သည်းခံ နိုင်စွမ်းကို အဆုံးစွန်ထိ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွ ားခဲ့ရသည်။
"မင်းသား... ဟိုင်ကျိုးမြို့ရဲ့ အရှုပ်အထွေးတွေကို ငါ ကိုယ်တော် သိပြီးသွားပြီ..ဒီတော့ ငါ့ဆုံးဖြတ်ချက် ကို မှတ်ထားလိုက်... မနက်ဖြန်ကစပြီး မင်း တာရွှ ယ်ကို သွားရမယ်..အဲ့ဒီမှာ သုံးနှစ်ကြာအောင် ပညာ သင်ကြားပြီး မင်းကိုယ်မင်း ပြန်ဆင်ခြင်နေလိုက်.."
ဧကရာဇ်၏ လေသံမှာ အေးစက်လှ၏။
မင်းသားအနေဖြင့် အမှန်တကယ်ပင် ဉာဏ်နည်းသူ မဟုတ်ပါက ထိုအမိန့်၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင် းလင်း နားလည်ပေလိမ့်မည်။
အသက်သုံးဆယ်ကျော် အရွယ်ရောက်ပြီးသူ တစ်ဦး အား ပညာသင်ရန် အကြောင်းပြချက်ဖြင့် နယ်စပ် ဒေသသို့ ပို့ဆောင်ခြင်းသည် အမှန်တကယ်တွင် မူ ၎င်းအား နန်းအာဏာဆက်ခံခွင့်မှ ဖယ်ထုတ်လိုက် ပြီဖြစ်ကြောင်းအား မျက်စိမမြင်သူတောင် သိနိုင် လောက်သည့် 'ရာထူးချခြင်း'ပင် ဖြစ်၏။
ပထမမင်းသားက စိတ်ပူသွားပြီး အလျင်အမြန်ပင် ပြောလိုက်သည်။
"ဖခမည်းတော်..ဒီလျူယောင်က အရမ်းမာနကြီးပြီး အနိုင်ကျင့်တယ်..ကျွန်တော့်လက်အောက်က မြေက မ္ဘာအဆင့် ငါးယောက်ကို ဒီလူကတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်..ပြီးတော့ သူ့ရဲ့ ဓားကို ကျွန် တော့်ရဲ့ လည်ပင်းမှာ ထောက်ထားတာ..တာ."
သူ စကားမဆုံးခင်မှာပဲ ဧကရာဇ်လုံချွမ်းရဲ့ မျက်နှာ အမူအရာက ပြောင်းလဲသွားကာ အော်ပြောလိုက်၏ ။
"ဆက်မပြောနဲ့တော့.. မင်းရဲ့လုပ်ရပ်က နန်းတော်ရဲ့ ဂုဏ်သိက္ခာကို လုံးဝကျဆင်းစေတယ်.."
ဧကရာဇ်က ကျယ်လောင်စွာ အော်ပြောပြီးနောက် နောက်ကိုပင် လှည့်မကြည့်ဘဲ ထွက်သွားပေသည်။
ဧကရာဇ်ရဲ့ဘေးမှ နန်းတွင်းအမတ်က ပထမမင်းသ ား၏ ဘေးကနေ ဖြတ်သွားသောအခါ သတိပေး စ ကား ပြောလိုက်၏။
"အရှင်မင်းသား..အရှင်မင်းကြီးက အခု ဒေါသထွက် နေပါတယ်.. ဒါကြောင့် မင်းသားက တာရွှယ်ကို ရိုး သားစွာနဲ့ လေ့လာဖို့ သွားသင့်တယ်..."
ပထမမင်းသား၏ ပုံစံမှာ နွမ်းနယ်ပင်ပန်းနေသည့် အရိပ်အယောင်များ အထင်အသား ပေါ်လွင်လာခဲ့ သည်။သူ့ဘဝတွင် ထိုထက် ပိုမိုဆိုးရွားသော အခြေ အနေမျိုး ရှိနိုင်ပါဦးမည်လော။
လောကီသဘာဝအရ သာမာန်ကလေးငယ်များ အပြ င်တွင် ရန်စခံရပါက မိဘထံ ပြေး၍ ငိုယိုတိုင်တန်း လေ့ရှိပြီး မိဘများကလည်း မိမိရင်သွေးအတွက် မ ခံမရပ်နိုင်ဖြစ်ကာ ရှေ့ကနေ ရပ်တည်ပေးလေ့ရှိကြ သည်။သို့သော်လည်း ဧကရာဇ် လုံချွမ်းမှာမူ ထိုသို့ မဟုတ်ပေ။
သူသည် ပထမမင်းသားအတွက် ရပ်တည်ပေးရန် အနည်းငယ်မျှ ဆန္ဒမရှိသည့်အပြင် တော်ဝင်နန်း တော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့သည်ဟုသာ ပြင်းပြင်း ထန်ထန် ဝေဖန်ကဲ့ရဲ့ခဲ့သည်။
ပထမမင်းသားသည် အေးစက်လှသော ကြမ်းပြင် ပေါ်တွင် အချိန်အတော်ကြာအောင် ဒူးထောက်နေခဲ့ ရသည်။နောက်ဆုံးတွင်မူ သူသည် အားကိုးရာမဲ့သေ ာ အမူအရာဖြင့် နန်းတော်ထဲမှ တရွေ့ရွေ့ ထွက်ခွာ သွားပေသည်။
.....
ပထမမင်းသား ဟိုင်ကျိုးမြို့တွင် အရှက်တကွဲ အနို င်ကျင့်ခံရပြီး.ဧကရာဇ်၏ ငြိုငြင်မှုကို ခံလိုက်ရသ ည့် သတင်းသည် မင်းသားများကြားတွင် တောမီးကဲ့ သို့ အလျင်အမြန် ပျံ့နှံ့သွား၏။
ထိုသတင်းကြောင့် အပျော်ဆုံးလူများမှာ ဒုတိယမင် းသား အပါအဝင် အခြားသော ညီတော်မင်းသား များပင် ဖြစ်သည်။နဂါးပလ္လင်ကို ဆက်ခံခွင့်ဟူသော နေရာကို သိမ်းပိုက်နိုင်ရန်အတွက် သူတို့အားလုံးမှာ ချောင်းမြောင်းနေကြသူများ ဖြစ်၏။
သူတို့က အပြင်ပန်းတွင်မူ တစ်ဦးနှင့်တစ်ဦး ညီအစ် ကိုရင်းကဲ့သို့ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေသော်လ ည်း၊ အမှန်စင်စစ် နောက်ကွယ်တွင်မူ တစ်ဖက်လူကို ထိုးနှက်ရန်အတွက် ဓားမြှောင်များအား ကိုယ်စီ ဝှ က်ထားသူများသာ ဖြစ်ပေသည်။
ထိုမင်းသားတစ်ဒါဇင်ကျော်က အဖွဲ့အအနည်းငယ် ဖွဲ့ထားပြီး ပထမဆုံးမင်းသားက တစ်ဖွဲ့၊ဒုတိယမင်း သားကတစ်ဖွဲ့နှင့် စတုတ္ထမင်းသားက အဖွဲ့တစ်ဖွဲ့ ဖြ စ်သည်။
မင်းသားတွေ၏ အဓိကရည်ရွယ်ချက်မှာမူ မဟာရှ အင်ပါယာရဲ့ နောက်တက်လာမည့် ဧကရာဇ်ဖြစ်လာ ဖို့ပင် ဖြစ်၏။လက်ရှိအခြေအနေတွင် မင်း သားတို င်းက ထိုအခွင့်အရေးရှိနေသည်။ဧကရာဇ်လုံချွမ်း က ယခုတိုင် အိမ်ရှေ့မင်းသားကို မချီးမြှောက်ရသေ းပေ။
ထိုမင်းသားများထဲတွင် အထင်ရှားဆုံးမင်းသားမှာ ဒုတိယမင်းသား လုံကျွမ်းယိီဖြစ်ပြီး သူသည် တစ် နှစ်ပတ်လုံး သိုင်းပညာကိုသာ လေ့ကျင့်နေသော ကြောင့် သူ့ပုံစံမှာ အသက်အရွယ်ထက်ပင် ပို ငယ် ရွယ်သည့်ပုံ ပေါက်နေ၏။