ထက်မြက်သည့် ဒုတိယမင်းသား
Vol. 54 Ch. 635
ဒုတိယမင်းသား၏ အဖွဲ့ဖြစ်သော မင်းသားအချို့မှာ လက်ဖက်ရည်အတူတူသောက်နေကြပြီး ထိုကိစ္စကို ပြောဆိုနေကြသည်။
ထိပ်ဆုံးမှာတော့ ပိုးသားအင်္ကျီဝတ်ထားသည့် ဒုတိ ယမင်းသား လုံကျွမ်းယီ ရှိနေ၏။ ကျန်မင်းသားတွေ က ဒုတိယမင်းသားကို ဗဟိုပြုပြီး ပထမမင်းသားအ ကြောင်းအား ရယ်မောကာ ပြောဆိုနေကြခြင်းပင်။
"အကြီးဆုံးအကိုက ကံအရမ်းဆိုးတာပဲဗျာ. .ခမည်း တော်က သူ့ကို တာရွှယ်မှာ သုံးနှစ်လေ့လာဖို့ အမိန့် ပေးလိုက်တယ်..."
"သူ ဒီတစ်ခါလုပ်ခဲ့တဲ့ အရာက ဥာဏ်နည်းနေပုံရတ ယ်..ဒါကြောင့် ခမည်းတော် အရမ်းဒေါသထွက်တာ အံ့သြစရာ မဟုတ်ဘူး.."
"ဟုတ်တယ်..လျူယောင်လိုမျိုး ထိပ်သီးကျင့်ကြံ သူ တစ်ယောက်ကို ရန်စတာက အတော်မှားတာပဲ.."
"ကျွန်တော်ကြားတာတော့ အကြီးဆုံးအကိုက နန်း တော်ကို ခေါ်ခံရပြီး သူ့ကို နယ်နှင်ဒဏ်ပေးခဲ့တယ် တဲ့.."
မင်းသားအချို့က ထိုအကြောင်းတွေကိုသာ ပြောဆို နေ၏။ဒုတိယမင်းသားအဖွဲ့က မင်းသားများမှာမူ ပ ထမမင်းသားအား ဤသို့ ဖြစ်နေသည်ကို သူတို့က ပျော်ရွှင်နေပုံရသည်။
ဒုတိယမင်းသားက လက်ဖက်ရည်ကိုပဲ သောက်နေ ပြီးမှ စကားနည်းနည်း ဝင်ပြောလိုက်၏။
"ငါ ကြားထားတာကတော့ ဒီလျူယောင်က ကောင်း ကင်အဆင့် ရှစ် ဒါမှမဟုတ် ကိုးအဆင့်မှာတောင် ရှိ နေနိုင်တယ်...ဒါကြောင့် ငါတို့က သူ့နဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်ရမယ်.."
"ဟုတ်ပါတယ်..ဒုတိယမင်းသား ပြောတာ လုံးဝမှန် ပါတယ်..ကျွန်တော်တို့သာ လျူယောင်နဲ့ ဆက်ဆံ ရေးကောင်းရင် အကျိုးကျေးဇူးတွေ အများကြီး ရ လာလိမ့်မယ်ထင်တယ်..."
"ကျွန်တော်လည်း ဒီအချက်ကို လုံးဝသဘောတူပါ တယ်..အကြီးဆုံးအကိုက ပန်ယီလုံနဲ့ ဆက်ဆံရေး ကောင်းခဲ့တယ်.. ဒါက ခွန်အားကို ပြတဲ့ အရာတစ် ခုပဲ.. ကျွန်တော်တို့က ဘာမှမလုပ်ရဲခဲ့ဘူး.."
"အခု ပန်ယီလုံ ထွက်ပြေးသွားပြီဆိုတော့ ..အကြီး ဆုံးအကိုက အထောက်အပံ့အများကြီး ဆုံးရှုံးသွား ပြီ.. ကျွန်တော်တို့သာ သခင်လေးလျူနဲ့ ဆက်ဆံရေ းကောင်းအောင် လုပ်နိုင်မယ်ဆိုရင် အကောင်းဆုံး ဖြစ်လာလိမ့်မယ်.."
ဒုတိယမင်းသား လုံကျွမ်းယိီက သူ့လက်ထဲက လက် ဖက်ရည်ခွက်ကို ချပြီးနောက် မေးလိုက်၏။
"လျူယောင်ကို မြို့တော်ကိုလာဖို့အတွက် ဟိုင်ကျိုး မြို့ကို သွားဖို့ ငါ ဘယ်သူ့ကို စေလွှတ်ရမလဲ..."
"ဒုတိယမင်းသား..ဒီရက်ပိုင်းမှာ ကျွန်တော် အားနေ ပါတယ်..ကျွန်တော်က ဟိုင်ကျိုးမြို့ကို ဘာလို့မသွာ း ရမှာလဲ.."
ထိုသို့ပြောလိုက်သည်မှာ ပဉ္စမမင်းသားဖြစ်ပြီး သူ က အသက်နှစ်ဆယ်ကျော်သာ ရှိကာ အရမ်းငယ်ရွ ယ်ပုံရသော်လည်း အလျင်စလို မလုပ်တတ်ပေ။
"ကောင်းပြီ..ဒါဆို သခင်လေးလျူကို ဖိတ်ခေါ်ဖို့ ကြိုးစားကြည့်ပါ ပဉ္စမညီ.. မြို့တော်မှာ မင်းရဲ့သတ င်းကောင်းကို ငါ စောင့်နေမယ်"
ထိုသို့ ပြောပြီးနောက် ဒုတိယမင်းသားလုံကျွမ်းယိီ က ဆက်ပြောလိုက်သည်။
"ငါ တကယ်ကို မြို့တော်ကနေ မထွက်ခွာနိုင်လို့ကွာ .. မဟုတ်ရင်..ငါကိုယ်တိုင် ဟိုင်ကျိုးမြို့ကို သွားပြီး လျူယောင်ဆိုတဲ့ လူကို တကယ်ပဲ တွေ့ချင်တယ်.."
" စိတ်မပူပါနဲ့ ဒုတိယအကို..သခင်လေးလျူယောင် နဲ့ ဆက်ဆံရေးကောင်းအောင် ကျွန်တော် ကြိုးစားပါ့ မယ်..”
လျူယောင်မှာမူ မြို့တော်မှာ ဘာတွေဖြစ်ပျက်နေလ ည်း ဆိုသည်အား မသိသေး။ပဉ္စမမင်းသားက ဟိုင် ကျိုးမြို့မှာ သူ့ကို လာတွေ့လိမ့်မာ်ဆိုတာကိုလည်း သူ မသိသေးပေ။
ဤရက်ပိုင်းအတွင်း၌ သူက အချိန်အများစုကို ကျင့် ကြံတာနှင့်သာ ကုန်ဆုံးခဲ့ပြီး သူ့ ကျင့်ကြံခြင်း အဆ င့်ကလည်း ထက်မံမြင့်တက်လာ၏။ယခုမူ သူ့ ကျင့် ကြံမှုက ကောင်းကင်အဆင့် တစ်အဆင့်ကို ရောက် ရှိလာပြီးနောက်သိသိသာသာ နှေးကွေးလာတယ်ဟု လျူယောင်က ခံစားနေရသည်။
မြေကမ္ဘာအဆင့်မှာဆိုလျှင် သူသည် တစ်နေ့တည်း ဖြင့်ပင် အဆင့် နှစ်ဆင့် တစ်ခါတည်း တက်ခဲ့၏။ ကောင်းကင်အဆင့်ကို ဝင်ရောက်ပြီးနောက်တွင်မူ သူ၏ကျင့်ကြံနူန်းက အဆင့်အနည်းငယ် မြင့်တက် ဖို့ဆိုလျှင် အနည်းဆုံး ၁၀ ရက်ကနေ ရှစ်ရက်လော က် ကြာမြင့်ခဲ့သည်။
ကျင့်ကြံမူနူန်းက သိသိသာသာ နှေးကွေးလာပေမဲ့ လျူယောင်က လုံးဝ စိတ်မပျက်ပေ။အဲဒီအစား သူ က ပျော်နေသေးသည်။ကောင်းကင်အဆင့်တွင် ရှစ် ရက်၊၁၀ ရက်လောက်နှင့် အဆင့်အနည်းငယ် တက် သည့် အရှိန်ကလည်း မဆိုးလှပေ။
ဤဂိုဝူကမ္ဘာတွင် ကောင်းကင်အဆင့်ကို ရောက်လာ သည့် ကျင့်ကြံသူတွေမှာ အရမ်းကို နည်းသည့်အပြ င် သူတို့က အဆင့်အနည်းငယ် မြင့်တက်ဖို့အတွက် ဆယ်နှစ်ကျော်ကျော် ဒါမှမဟုတ် ဆယ်စုနှစ်ပေါင်း များစွာတောင် ကြာတတ်သည်။
သို့သော်လည်း သူ့ ကျင့်ကြံမူအရှိန်က နှေးကွေးသွား သော်လည်း သူ့လက်အောက်က လူတွေ၏ ကျင့်ကြံ နူန်းမှာမူ အလွန်မြန်ဆန်လာခဲ့သည်။
ထန်ဟုန်ယိီနဲ့ ဆွန်လိီယောင်တို့နှစ်ယောက်လုံးက ရွှ မ် အဆင့်မှာ ရှိနေကြသော်လည်း နောက် ၁၀ ရက်ဆို လျှင် သူတို့က မြေကမ္ဘာအဆင့်ကို ဝင်ရောက်လိမ့်မ ည်ဟု ခန့်မှန်းရ၏။
နှစ်ယောက်စလုံးက နှစ်ရက်အတွင်းမှာပင် အဆ င့် အနည်းငယ် တက်နေကြပြီး အများဆုံး သုံးရက်ထ က် မကျော်ခဲ့ပေ။
ဥပမာအားဖြင့် ဆွန်လိီယောင်ဟာ ယခင်က ရွှမ်အ ဆင့်တစ်မှာပဲ ရှိနေကာ နှစ်ရက် သို့ သုံးရက်အတွင်း သူသည် အဆင့်အနည်းငယ် တက်လာခဲ့သည်။ယခု မူ သူသည် ရွှမ်အဆင့်လေးသို့ ရောက်နေ၏။
သူ့ ကျင့်ကြံနူန်းအရှိန် နည်းနည်းနှေးကွေးလာသည့် အတွက် သူ့ကမ္ဘာကို အရင်ဆုံး ပြန်သင့်လားဆိုသ ည်အား လျူယောင် စဥ်းစားနေခဲ့သည်။
ယခုတစ်ခေါက် သူ ထွက်လာသည်မှာ ခုနစ်ရက်၊ရှစ် ရက်လောက်ရှိပြီး ၎င်းမှာ အရင်တစ်ခါထက် ပိုကြာ သော်လည်း ရိတ်သိမ်းမူများကလည်း မဆိုးလှပေ။
သူသည် ပထမမင်းသား၏ သိုလှောင်လက်စွပ်ထဲမှ တန်ဖိုးရှိသည့် ပစ္စည်းများစွာ ရလာခဲ့ပြီး ဤကမ္ဘာ တွင် သူ၏ ကိုယ်ပိုင်အဖွဲ့ကိုလည်း တည်ထောင်နိုင် ခဲ့သည်။
အချိန်တစ်ခုကြာပြီးနောက် ထန်ဟုန်ယိီနှင့် ဆွန်လိီ ယောင်တို့၏ ကျင့်ကြံမှုက မြေကမ္ဘာအဆင့်ကို ရော က်လာသည့်အခါ အောက်မှာရှိနေသော သာမာန် အိ မ်စောင့်တပ်သားတွေက ရွှမ်အဆင့်ကို ဝင်ရောက်လိ မ့်မည်ဟု လျူယောင်က မျှော်လင့်ထားသည်။
အချိန်ပိုကြာလာလျှင် ထိုလူတွေအများကြီးက မြေ ကမ္ဘာအဆင့်ကို ဝင်ရောက်လာကာ တချို့ လူတွေဆို လျှင် ကောင်းကင်အဆင့်ကိုတောင် ရောက်လာပါလိ မ့်မည်။
"အင်း ငါ..ပြန်ဖို့ အချိန်တန်ပြီပဲ.."
"လဲ့လဲ့က ငါ အကြာကြီး ပျောက်နေရင် စိတ်ပူနေလိ မ့်မယ်.."
ဆုံးဖြတ်ချက်ချပြီးနောက် လျူယောင်က တွန့်ဆုတ် မနေဘဲ ထန်ဟုန်ယိီနှင့် ဆွန်လိီယောင်တို့အား ခေါ်လို က်ကာ သူက အချိန်အတိုင်းအတာတစ်ခုအထိ ခ ဏ ထွက်သွားရလိမ့်မည်ဟု ပြောလိုက်သည်။
ထိုလူတွေအား မြန်မြန်ကျင့်ကြံဖို့ တောင်းဆိုလိုက် သည့်အပြင် သူတို့က လူအချို့ကိုလည်း ထပ်မံစု ဆောင်းခိုင်းခဲ့၏။
သူတို့ကို အမိန့်ပေးပြီးနောက် လျူယောင်က အိမ် တော်ကနေ ကားမောင်း၍ ထွက်လာကာ ပင်လယ်ဘ က်သို့ ဦးတည်လိုက်သည်။ဤကားကို သူ မောင်းရ သည်မှာ မြင်းစီးတာ သို့မဟုတ် ရထားစီးတာထက် အများကြီး ပိုမြန်ဆန်နေ၏။
ဟိုင်ကျိုးမြို့ကနေ ပင်လယ်ကမ်းခြေကို ရောက်ဖို့အ တွက် သူက နာရီအနည်းငယ်ပဲ ကြာခဲ့သည်။
ပင်လယ်ကမ်းခြေကို သူ ရောက်လာပြီးနောက် စိတ် အာရုံကို သုံးလိုက်ကာ သူ့ကားအား သှောင်လှောင် လက်စွတ်ထဲထည့်လိုက်ပြီး ပတ်ပတ်လည်တွင် မည် သူမှ မရှိသည်ကို သေချာစေမှသာ လျူယောင်က ပ င်လယ်ထဲသို့ ခုန်ဆင်းလိုက်၏။
ပင်လယ်အောက်ခြေက အလင်းတံခါးကနေ ထွက် လာတော့ လိပ်ကြီးကို သူ မြင်လိုက်ရပြီးအံ့သြသွား မိသည်။
"အိုး ငါ့ကောင်ကြီး မင်းက ဘာလို့ ဒီမှာရှိနေတာလဲ ဟ .."
"အာ.. ခင်ဗျား ထွက်လာတာ အရမ်းကောင်းတယ် သခင်ရ ကျနော်က ခဗျား ကြာနေလို့ စိတ်ပူနေတာ.. ဒီနေရာမှာပဲ နေ့တိုင်း ကျနော်စောင့်နေခဲ့တာဗျ."
ဤသည်မှာ အမှန်တရားပင်။လိပ်ကြီးက ရံဖန်ရံခါ မှသာ အစာရှာဖို့ ထိုနေရာမှ ထွက်ခွာပြီး ဗိုက်ပြည့် သည့်အခါမှသာ အလင်းတံခါးဆီသို့ ပြန်လာကာ သူ့ သခင် လျူယောင် ပြန်လာသည်အား စောင့်နေခြင်း ပင်။
လျူယောင်က စိတ်ထဲမှာ ကျေနပ်သွားပြီး အဆင် မြင့် သိုလှောင်လက်စွပ်ကို ထုတ်ကာ ပြောလိုက်၏ ။
"ရော့..ဒါက မင်းအတွက်ပဲ..အခု မင်းကို ဘယ်လို သုံးရမလဲဆိုတာ ငါ သင်ပေးမယ်.."
"ဒါကို သုံးတဲ့နည်းလမ်းက အခြေခံအားဖြင့် သိုလှေ ာင်အိတ် အတူတူပဲကွ.. ဒါပေမဲ့ နည်းနည်းပိုရှုပ် တယ်..မင်း သေချာမှတ်ထား..."
သိုလှောင်လက်စွပ်အား ဘယ်လိုသုံးရမည်ဆိုသည် ကို လိပ်ကြီးက အလျင်အမြန် သင်ယူလိုက်သည်။ လက်စွပ်ကို ဖွင့်လိုက်သည့်အခါ၌ လိပ်ကြီးက အံ့ ဩသွားခဲ့ရသည်။
"အထဲက နေရာက တကယ်ကို အရမ်းကျယ်တာပဲ သခင်ရ..ကျွန်တော့်ရဲ့ သိုလှောင်အိတ်ထဲက နေရာ ထက် အများကြီး ပိုကျယ်တာပဲ..."
"ဟုတ်တာပေါ့ကွာ..."
လိပ်ကြီး၏ သိုလှောင်အိတ်က သိုလှောင်လက်စွပ်နှ င့် နှိုင်းယှဉ်ရင် အများကြီး ကွာခြားပေသည်။
သိုလှောင်အိတ်နှင့် သိုလှောင်လက်စွပ်နှစ်ခုလုံးက အတွင်းပိုင်းတွင်း ဘောလုံးပုံစံ နေရာတစ်ခုရှိကာ အ ဆင့်မြင့် သိုလှောင်အိတ်ရဲ့ ဘောလုံးပုံစံ နေရာက ပေ ၃၀ လောက်သာရှိပြီး လက်စွပ်ထဲမှာမူ ပေ ၁၀၀ ရှိ၏။
ထိုလက်စွပ်အား လိပ်ကြီး၏လည်ပင်းမှာ လျူယေ ာင် ချိတ်ဆွဲပေးလိုက်ပြီး သိုလှောင်အိတ်ကိုမူ ပြန် ယူထားလိုက်သည်။
"ငါ့ကောင်ကြီး ဒီနေ့ကစပြီး ဒီလက်စွပ်က မင်းအတွ က်ပဲ"
လိပ်ကြီးမှာ အလွန် ပျော်ရွှင်နေသည်။အဆင့်မြင့်သို လှောင်အိတ်ကနေ အဆင့်မြှင့်လက်စွပ်ကို ရလိမ့်မ ည် ဟူ၍ သူ မထင်ထားခဲ့ပေ။သူ့ လှံ အရှည်က မီတ ာ ၁၀၀ ရှိ၏။၎င်းကို သိုလှောင်အိတ်ထဲ ထည့်ဖို့ န ည်းနည်းတော့ ခက်ခဲပေမဲ့ လက်စွပ်ထဲ ထည့်လိုက် သည့်အခါမှာမူ မတူတော့ပေ။
သိုလှောင်လက်စွပ်ထဲတွင်မူ သူက လှံကြီးအား လွ တ်လွတ်လပ်လပ် ထားနိုင်ပေသည်။