အဲ့နေရာမှာ သတ္တု တစ်သန်းကျော် ရှိတယ်
Vol. 54 Ch. 636
ယူနီဗာဆဲလ်အထူးသတ္တုဌာနမှ ဒါရိုက်တာရှင်းဖေးဝ မ်မှာမူ စိတ်ထဲတွင် ကြည်နူးအားရမှုတို့ဖြင့် ပြည့်နှ က်နေ၏။
ဟွာဟိုင်းမြို့၏ နိုင်ငံတကာဆိပ်ကမ်းကြီးနှင့် မနီးမ ဝေး၌ ဧက ၂၀၀ ကျော်ကျယ်ဝန်းသော မြေကွက် ကြီးပေါ်၌ ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းများ အားလုံး ပြီးစီးသွားခဲ့သည်။
ထိုနေရာတွင် စက်ရုံများ မရှိသော်လည်း ယခုအခါ တွင်မူ သိုလှောင်ရုံကြီးတစ်ရုံ ရှိလာပေသည်။ ကုန်တင်ကားကြီးများစွာ တစ်ပြိုင်နက် ဝင်ထွက်၊ သွားလာနိုင်သည့် ကြီးမားသော တံခါးမကြီးများလ ည်း ပါရှိ၏။
လုံခြုံရေးအတွက်လည်း ပတ်ပတ်လည်တွင် မြင့်မား သည့် တံတိုင်းများ၊ဆူးကြိုးအတားအဆီးများနှင့် ကင်မရာများကို နေရာအနှံ့တပ်ဆင်ထားခဲ့သည်။ သိုလှောင်ရုံ၏ အောက်ခြေကိုလည်း အလွန်လေးလံ သော ဝန်များကို ခံနိုင်ရည်ရှိစေရန် ထူထဲမာကျော သည့် ကွန်ကရစ်များဖြင့် စနစ်တကျ ခင်းကျင်းထား ၏။
ထို့အပြင် တန်ချိန် ၂၀၀၊ ၃၀၀ မက လေးလံသည့် သတ္တုချောင်းကြီးများကို အလွယ်တကူ မတင်မချ ပြုလုပ်နိုင်သော ဧရာမကရိန်းကြီးများကိုလည်း အ သင့်တပ်ဆင်ထားပြီးသား ဖြစ်သည်။
ယနေ့တွင်မူ ရှင်းဖေးဝမ်သည် ယူနီဗာဆဲလ်မှ အ ဆင့်မြင့်ဝန်ထမ်းများအား ထိုသိုလှောင်ရုံကြီးဆီသို့ ခေါ်လာခဲ့၏။လူတိုင်းက ပြည့်စုံလှသည့် သိုလှောင် ရုံကြီး၏ အခြေအနေကို ကြည့်ရှုကာ ကျေနပ်အားရ နေပေသည်။
ရှင်းဖေးဝမ်က ကွင်းပြင်ကျယ်ကြီးကို လက်ညှိုးညွှ န်ပြရင်း လူတိုင်းကို ယုံကြည်မှုအပြည့်ဖြင့် ပြောလို က်သည်။
"ဒီလောက်ကျယ်တဲ့ နေရာမျိုးမှာဆိုရင် သတ္တုတန် ချိန် ၂ သန်း၊ ၃ သန်းလောက်အထိ စုပုံထားလည်း ဘာပြဿနာမှ မရှိဘူးတော့ဘူးလေ.."
သို့သော်လည်း အဆင့်မြင့်ဝန်ထမ်းတစ်ဦးကမူ အ နည်းငယ် တွန့်ဆုတ်စွာဖြင့် ပြန်ပြောလိုက်၏။
"ကျွန်တော်တို့ဆီမှာ စုပုံထားရမယ့် သတ္တုက ဒီလော က်အများကြီး ရှိလာမှာ မဟုတ်ဘူးထင်တယ်.. ဒီသို လှောင်ရုံက လိုတာထက်တောင် ပိုကြီးနေမလားလို့ ပါ..."
ရှင်းဖေးဝမ်က ဗလာဖြစ်နေသည့် သိုလှောင်ရုံကြီး ကို ကြည့်ရင်း ခိုင်မာစွာ ပြန်ပြောလိုက်သည်။
"ပိုကြီးလည်း ကိစ္စမရှိပါဘူး.. အနည်းဆုံးတော့ ကုန် တင်ကားတွေ ဝင်ထွက်ရတာ ပိုလွယ်တာပေါ့ကွာ.."
ထိုအဆင့်မြင့်ဝန်ထမ်းများက အချင်းချင်း ရယ်မော ရင်း လှည့်လည်ကြည့် ရှုနေကြ၏။
"ကျွန်တော်တို့လည်း အဲ့ဒီအတိုင်းပဲ မျှော်လင့်ပါတ ယ် .."
"တင်.."
ခဏအကြာတွင်မူ ရှင်းဖေးဝိန်၏ ဖုန်းထဲသို့ မက် ဆေ့တစ်စောင့် ဝင်လာခဲ့သည်။ပေးပို့သူက မည်သူ နည်းဆိုသည်ကို ရှင်းဖေးဝမ် ကြည့်လိုက်ရာ သူ၏ သူဌေးလျူယောင် ဖြစ်နေ၏။
ထိုမက်ဆေ့စ်ကို မြင်လိုက်သည်နှင့် ရှင်းဖေးဝမ်က ချက်ချင်းဆိုလိုပင် ဝမ်းသာအားရ ဖြစ်လာခဲ့သည်။ သူဌေးဖြစ်သူ လျူယောင်သည် ခုနစ်ရက်၊ရှစ်ရက်ခ န့် ပျောက်နေခဲ့ရာမှ ယခုအခါ ပြန်လည် ရောက်ရှိလ ာတော့မည် ဖြစ်သောကြောင့်ပင်။
ထိုသို့ ကြီးမားသော သိုလှောင်ရုံကြီး အောင်မြင်စွာ ပြီးစီးသွားပြီဖြစ်၍ သူဌေးလျူယောင်ထံသို့ သတင် းပို့ရန် ပြင်ဆင်လိုက်သည်။
တစ်ဆက်တည်းမှာပင် သတ္တုများကို ယခင်ကထက် ပိုမိုသယ်ယူပို့ဆောင်ခွင့်ရမလားဆိုသည်ကိုလည်း သူက မေးမြန်းချင်နေမိ၏။သိုလှောင်ရုံထဲတွင် သ တ္တုတွေ အပြည့်ပုံမနေရင်တောင်မှ အနည်းဆုံး တန် ချိန် တစ်သိန်းခန့်သာ ရှိနေမည်ဆိုပါက ကုန်ကြမ်းပြ တ်လပ်မှုကို စိုးရိမ်စရာမလိုတော့ဘဲ သူ စိတ်အေး ရ မည်ဖြစ်သည်။
......
ယူနီဗာဆဲလ်တာဝါ၌.....
လျူယောင်က တကယ်ပင် ပြန်ရောက်လာ၏။
အမှန်အတိုင်းပြောရလျှင် သူသည် ဟွာဟိုင်းမြို့သို့ မနေ့ကတည်းက ရောက်နေခဲ့ခြင်းဖြစ်သည်။ရောက် ရောက်ချင်းနေ့တွင်မူ သူသည် လီချန်လဲ့နှင့်အတူ အ ချိန် ဖြုန်းခဲ့သောကြောင့် ယူနီဗာဆဲလ်တာဝါသို့ ခြေ ဦးပင် မလှည့်ဖြစ်ခဲ့ပေ။
ယနေ့သည် သူ ပြန်ရောက်ပြီး ဒုတိယမြောက်နေ့ပင် ဖြစ်၏။ ခရီးဝေးသို့ ရက်အတော်ကြာ ထွက်ခွာခဲ့သူ ဖြစ်၍ ကုမ္ပဏီ၏ အခြေအနေကို သွားရောက် စစ် ဆေးရန် လိုအပ်သည်ဟု သူ ခံစားမိလိုက်သည်။
ရုံးခန်းထဲရှိ ဆိုဖာထိုင်ခုံပေါ်တွင် ထိုင်ရင်း လျူယော င်သည် မကြာသေးမီက တင်ထားခဲ့သော စာရွက်စာ တမ်းများနှင့် အစီရင်ခံစာများကို ဖတ်ကြည့်လိုက် ၏။သူက ကုမ္ပဏီ၏ တိုးတက်မှု အခြေအနေအရပ် ရပ်ကို သူ အသေးစိတ် လေ့လာနေခြင်းဖြစ်သည်။
ကုမ္ပဏီ၏ အခြေအနေကို ကြည့်ပြီး သူ အလွန်ကျေ နပ်ခဲ့ရ၏။အချိန်အတော်ကြာ သူ မရှိသော်လည်း ကုမ္ပဏီ၏ လည်ပတ်မှုမှာ အထစ်အငေါ့မရှိဘဲ စနစ် တကျ ရှိနေသောကြောင့်ပင်။
ဤသည်မှာ ကျိုးယန်၊ဟူဂျွန်းရှီနှင့် ဟွမ်ကွမ်းတို့၏ ထူးချွန်လှသော စီမံခန့်ခွဲမှုစွမ်းရည်များကြောင့် ဖြစ် ကြောင်းလည်း သူ ကောင်းကောင်းသိနေ၏။၎င်း တို့ကဲ့သို့ လူယုံများရှိခြင်းကြောင့်သာ ထိုမျှ ကြီးမား သည့် လုပ်ငန်းအုပ်စုကြီးကို အဆင်ပြေပြေ ချောမွေ့ စွာ ထိန်းကျောင်းနိုင်ခြင်း ဖြစ်ပေသည်။
စာရွက်စာတမ်းများကို ဖတ်ရှုစစ်ဆေးပြီးနောက် လျူယောင်သည် အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို ဖွင့် ကာ လိပ်ကြီး၏ အခြေအနေကို ကြည့်လိုက်၏။
လိပ်ကြီးသည် တစ်နာရီလျှင် ရေမိုင် ၄၀၀ ကျော်နှုန် းဖြင့် ကျွန်းငယ်လေးဆီသို့ ဦးတည်၍ လျင်မြန်စွာ ကူးခတ်နေပေသည်။သူ့ လည်ပင်းတွင် ဆွဲထားသေ ာ သိုလှောင်လက်စွပ်ထဲတွင်မူ သတ္တုတန်ချိန် သန် းပေါင်းများစွာ ပါလာခဲ့၏။
ထိုသတ္တုများထဲတွင် မီးခိုးနက်ရောင် သတ္တုချောင်း များက အများဆုံးဖြစ်ပြီး အနက်ရောင်သတ္တုချောင် းများနှင့် ငွေဖြူရောင်သတ္တုချောင်းအချို့လည်း ရောနှောကာ ပါဝင်နေသည်။ ထိုငွေဖြူရောင် သတ္တု ချောင်းများမှာ တန်ဖိုးဖြတ်မရသည့် ပုံမှန်အပူချိန် ကို ခံနိုင်ရည်ရှိသော စူပါလျှပ်ကူးပစ္စည်းများပင် ဖြ စ်၏။
လိပ်ကြီးအား ကျွန်းအနီးသို့ရောက်လျှင် သတ္တုများ ကို ချထားရန် လျူယောင်က ညွှန်ကြားလိုက်သည်။
ထိုလျှို့ဝှက်ချက်ကို အချိန်အတော်ကြာအောင် ထိန်း သိမ်းခဲ့ပြီးနောက် ယခုအခါတွင်မူ ထို စူပါလျှပ်ကူးပ စ္စည်းများကို ကမ္ဘာ့မျက်မှောက်သို့ ချပြရန် အချိန် တန်ပြီဟု သူ ဆုံးဖြတ်လိုက်၏။
အမှန်တကယ်တွင်လည်း ထိုသတင်းကိုကြာကြာဖုံး ကွယ်ထားရန်လည်း မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ယန်နိုင်ငံတွင် ပထမဆုံး သော စူပါလျှပ်ကူးပစ္စည်း သွယ်တန်းမှုကွန်ရက်ကို စတင်တည်ဆောက်နေပြီ ဖြစ်သောကြောင့်ပင်။
သူသည် လိပ်ကြီးနှင့် စိတ်ချင်းဆက်သွယ်ကာ စကာ း အနည်းငယ် ပြောလိုက်ပြီးနောက်၊သတ္တုတန်ချိန် သန်းပေါင်းများစွာကို ကျွန်းနှင့် ရေမိုင်အနည်းငယ် အကွာရှိ ရေတိမ်ပိုင်းနေရာတွင် စုပုံထားရန် ခိုင်းလို က်၏။ယခင်တစ်ခါကလည်း သတ္တုတန်ချိန် နှစ်သိန် းကျော်ကို ကျွန်း၏ အရှေ့ဘက် ရေတိမ်ပိုင်းနေရာ တွင် ထားခဲ့ဖူးသည့် အစဉ်အလာ ရှိခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ လျူယောင်သည် အမျိုးအစား သုံးမျိုးပါဝင်သည့် သတ္တုတန်ချိန် ၁ သန်းကျော်ကို ကျွန်း၏ တောင်ဘက်ဘက်ခြမ်းရှိ ရေတိမ်ပိုင်းနေရာ တွင် စုပုံရန်သာ ဆုံးဖြတ်လိုက်၏။
ထိုနေရာသည် ဧရိယာအလွန်ကျယ်ဝန်းပြီး ရေအန က်မှာလည်း မီတာ ၃၀ မှ ၄၀ ခန့်သာ ရှိသဖြင့် သ တ္တုများစွာကို သိုလှောင်ထားရန် အကောင်းဆုံးနေရ ာပင် ဖြစ်သည်။
............
ကျွန်းပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများသည်လ ည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့၏။ဆိပ်ခံတံတ ားမှာလည်း ပုံကြမ်းပေါ်နေပြီဖြစ်ပြီး နောက်ထပ် လအနည်းငယ်အတွင်း၌ ထိုနေရာတွင် သင်္ဘောကြီး များ စတင်ဆိုက်ကပ်နိုင်တော့မည်ဟု ခန့်မှန်းရသည် ။
ကျွန်းပတ်လမ်းကိုလည်း ပြီးစီးသွားပြီဖြစ်ကာ လက် ရှိတွင် လမ်းဘေးတည်ဆောက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြ၏။
ဧရာမဂိုဒေါင်ကြီးဆောက်လုပ်မည့် နေရာကို အတ ည် ပြုရွေးချယ်ပြီးဖြစ်၍ ယခုအခါ မြေညှိခြင်း လုပ် ငန်းများကို စတင်လုပ်ဆောင်နေပေသည်။
"ဒေါက်... ဒေါက်... ဒေါက်.."
တံခါးခေါက်သံနှင့်အတူ ရှင်းဖေးဝမ်က တံခါးကို တွ န်းဖွင့်ကာ ရုံးခန်းထဲသို့ စိတ်လှုပ်ရှားစွာ ဝင်လာခဲ့သ ည်။
"သူဌေး..ပြန်ရောက်လာပြီပဲ...ဟဲ"
လျူယောင်က ပြုံးလျက် ပြန်မေးလိုက်၏။
"အင်း ငါ မနေ့ကမှ ပြန်ရောက်တာ..ဒီနေ့ကတော့ အ လုပ်ပြန်ဝင်တဲ့ ပထမဆုံးနေ့ပေါ့..မင်း.ပြောစရာ ရှိ လို့လား.."
ရှင်းဖေးဝမ်က ခေါင်းညိတ်ပြရင်း သူယူလာသည့် အချက်အလက်ဖိုင်များကို လျူယောင်၏ စားပွဲပေါ် သို့ တလေးတစား တင်လိုက်သည်။၎င်းတို့မှာ အသ စ် ဆောက်လုပ်ပြီးစီးသွားသည့် သိုလှောင်ရုံကြီးနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များပ င် ဖြစ်၏။
ထိုဖိုင်ထဲတွင်မူ သိုလှောင်ရုံ၏ တည်နေရာပြ မြေပုံ များ၊မြေပြင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် အထက်စီးမှ ရိုက်ကူးထားသော ဓာတ်ပုံများ စုံလင် စွာ ပါဝင်ပေသည်။
"ကျွန်တော်တို့ရဲ့ သိုလှောင်ရုံက အားလုံးဆောက်လို့ ပြီးသွားပါပြီ သူဌေး.. စုစုပေါင်း ဧရိယာ ၂၆၁ ဧက တောင် ကျယ်ဝန်းပြီး ကရိန်းအကြီးစား လေးလုံး တပ်ဆင်ထားပါတယ်.. တစ်လုံးချင်းစီက တန်ချိန် ၃၀၀ ကျော်အထိ အေးအေးဆေးဆေး အတင် အချ လုပ်နိုင်စွမ်း ရှိပါတယ်ခဗျ..."
လျူယောင်က သူ့ ရှေ့မှစာရွက်စာတမ်းများကို တစ် ရွက်ချင်း လှန်ကြည့်ရင်း ရှင်းဖေးဝမ် ရှင်းပြသည်ကို အာရုံစိုက်နားထောင်လိုက်၏။ထို့နောက် သူက သ ဘောကျစွာ ပြုံးကာ ပြန်ဖြေလိုက်သည်။
"အင်း မဆိုးဘူးပဲ..ဒီလောက်ကြီးတဲ့ သိုလှောင်ရုံမျိုး ဆိုရင် သတ္တု တန်သန်းပေါင်းများစွာကို စုပုံထားဖို့ က လုံလောက်တာပဲ..."
ရှင်းဖေးဝမ်က အားတက်သရောဖြင့် ပြောလိုက်၏။
"သတ္တုတန်ချိန် သန်းပေါင်းများစွာအထိတော့ ကျွန် တော် မပြောရဲသေးပေမဲ့ တန်ချိန် ၁ သန်းကျော်လေ ာက် စုပုံထားဖို့ကတော့ ဘာမှ ပြဿနာမရှိပါဘူး. .အခု ကျွန်တော် အစိုးရိမ်ဆုံးက အနာဂတ်မှာ ကျွန် တော်တို့ဆီမှာ စုပုံထားစရာ သတ္တုတွေ ဒီလောက် အများကြီး တကယ် ရှိလာပါ့မလား ဆိုတာပါပဲ..သူ ဌေး.."
လျူယောင်က အေးအေးဆေးဆေးပင် ပြန်ပြောလို က်သည်။
"သေချာပေါက် ရှိလာမှာပါကွာ.. ငါ ခုနလေးတင်ပဲ ဘလူးဝေးလ်နဲ့ အခြားသင်္ဘောကြီးတွေကို သတ္တု တွေ သယ်ဖို့ လွှတ်လိုက်ပြီ...."
သူက ခဏရပ်ပြီး ရှင်းဖေးဝမ်ကို ကြည့်ကာ ဆက် ပြောသည်။
"အော် ဒါနဲ့ ခင်ဗျား မသိသေးဘူးနဲ့တူတယ်.. ကျွန်းင ယ်လေးနားက ပင်လယ်အောက်ထဲမှာ သတ္တု တန်ချိ န် ၁ သန်းကျော်ရှိတယ်လေ..”
ရှင်းဖေးဝမ် တစ်ယောက် အံ့အားသင့်ကာ ရေရွတ်မိ လိုက်၏။
"အိုး... ဘုရားရေ.."
တစ်ချိန်တည်းမှာပင် သူသည် အလွန်အမင်း စိတ်လှု ပ်ရှားခဲ့ရသည်။သတ္တုများ ထိုမျှအမြောက်အမြား ရှိ နေသည်မှာ အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်နေ သောကြောင့်ပင်။
ရှင်းဖေးဝမ်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ရင်း လျူယောင်က ဆက်ပြောလိုက်သည်။
"ဒီလောက်တန်ဖိုးရှိတဲ့ သတ္တုတွေ အများကြီးကို စု ပုံထားတဲ့အခါ တချို့လူတွေက မနာလိုဖြစ်ပြီး မျက် စိကျလာနိုင်တယ်...ခိုးယူတာမျိုး မဖြစ်အောင် လုံ ခြုံရေးနဲ့ စီမံခန့်ခွဲမှု အပိုင်းကို ခဗျား အထူးဂရုစိုက် ရမယ်နော်..."
ရှင်းဖေးဝမ်က ရဲရင့်ပြတ်သားသော လေသံဖြင့် ပြန် ဖြေလိုက်၏။
"ဒီလိုအခြေအနေမျိုး လုံးဝ ဖြစ်မလာစေရပါဘူး သူ ဌေး...စိတ်ချပါခဗျ..”
ထိုအချက်နှင့် ပတ်သက်၍ လျူယောင်လည်း စိတ် အေးသွားရသည်။အမှန်တကယ်တွင်လည်း သူ၏ ကိုယ်ပိုင်သတ္တုပစ္စည်းများကို လာရောက်ခိုးယူရန် ကြိုးစားခြင်းမှာ ကောင်းကင်သို့ တက်ရန်ကြိုးစား သည်ထက်ပင် ပိုမို ခက်ခဲပေလိမ့်မည်။