ပဉ္စမမင်းသားရောက်လာခြင်း
Vol. 54 Ch. 637
ပင်လယ်ရေပြင်ပေါ်တွင်မူ သင်္ဘောကြီး (၇)စီးဖြင့် ဖွဲ့စည်းထားသော သင်္ဘောအုပ်စုကြီးတစ်စုသည် လှိုင်းလုံးများကို ကျော်ဖြတ်ကာ ခုတ်မောင်းလာကြ သည်။
ရှေ့ဆုံးမှ ဆယ်ယူရေးသင်္ဘောကြီးဘလူးဝေလ်းက ဦးဆောင်၍ လမ်းပြနေပြီး သူ့နောက်တွင်မူ ကေလာ ဝေးလ် သယ်ယူပို့ဆောင်ရေးသင်္ဘောကြီးက ကပ် လျက်လိုက်ပါလာ၏။
ကျန်သင်္ဘောကြီး ၅စီးမှာလည်း တစ်စီးလျှင် တန် ချိန် ၁၀၀,၀၀၀ ကျော်အထိ တင်ဆောင်နိုင်သည့် ဧ ရာမသင်္ဘောကြီးများ ဖြစ်ကြသည်။၎င်းတို့သည် ဟွ ာဟိုင်းမြို့မှ ထွက်ခွာလာခဲ့သည်မှာ ရက်အနည်းင ယ်ရှိနေပြီး ယခုအခါ ကျွန်းငယ်လေးဆီရောက်ဖို့ သိပ်မလိုတော့ပေ။
ဘလူးဝေးလ်သင်္ဘောကြီးပေါ်မှ ကပ္ပတိန်ရမ်ဇီကွမ်း က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။မှန်ပြောင်း အ ကူအညီမပါဘဲ သာမာန်မျက်စိဖြင့်ကြည့်ရုံနှင့်ပင် အ နက်ရောင်အစက်အပြောက်လေးတစ်ခုကို သူ လှမ်း မြင်နေရပြီဖြစ်ရာ ၎င်းမှာ သူတို့သွားရမည့် ကျွန်းင ယ်လေးပင် ဖြစ်ပေသည်။
သင်္ဘောအားတစ်နာရီခန့် ထပ်မံခုတ်မောင်းပြီးနော က် ကျွန်းငယ်လေးနှင့် နီးကပ်လာသောအခါ ကပ္ပတိ န် ရမ်ဇီကွမ်းက ကိုဩဒိနိတ်အမှတ်များကိုကြည့်ကာ ထပ်မံအတည်ပြုလိုက်သည်။
"ဟုတ်တယ်..နေရာပဲ.."
ကျန်သင်္ဘောအုပ်စုကြီးမှာလည်း ခဏရပ်နား၍ အမိ န့်ကို စောင့်ဆိုင်းနေကြသော်လည်း ဘလူးဝေးလ်က မူ ကျွန်းငယ်လေး၏ အရှေ့တောင်ဘက်သို့ ဆက်လ က်မောင်းလာခဲ့သည်။
"ရောက်ပြီ..သင်္ဘောကို ဒီနေရာမှာပဲ..ရပ်လိုက်ရေ အောက်ရှာဖွေရေးယာဉ်ကို အမြန်ချလိုက်..."
ဘလူးဝေးလ်သင်္ဘောရပ်တန့်သွားသည်နှင့်တစ်ပြိုင် နက် ကျွမ်းကျင်လှသော ဝန်ထမ်းများက လုပ်ငန်းစ ဉ်အတိုင်း ရေအောက်ရှာဖွေရေးယာဉ်ကို ပင်လယ် ထဲသို့ ချက်ချင်း ချလိုက်ကြ၏။
ပင်လယ်ရေအောက်၏ မြင်ကွင်းများကို ထိုရှာဖွေ ရေးယာဉ်မှတစ်ဆင့် ရုပ်သံပုံရိပ်များအဖြစ် သင်္ဘော ပေါ်ရှိမော်နီတာမျက်နှာပြင်ပေါ်တွင် ရှင်းလင်းစွာ ပြ သထားပေသည်။
မကြာမီမှာပင် ထိုမြင်ကွင်းကို ကြည့်နေကြသူများ ထံမှ အံ့အားသင့်တုန်လှုပ်သွားသည့် အာမေဍိတ် သံ များ အသီးသီး ထွက်လာခဲ့၏။
"ဘုရားရေ..ဒီ... ဒီလိုမြင်ကွင်းမျိုးကို ကျွန်တော့်တစ် ဘဝလုံး တစ်ခါမှ မမြင်ဖူးဘူးဗျာ.."
"ကြည့်စမ်းပါဦး...တောင်ကြီးတစ်တောင်လိုပဲဗျာ.. အနည်းဆုံး သတ္တုတန်ချိန် သိန်းနဲ့ချီ ရှိနေမှာပဲ..."
လူတိုင်း၏ အံ့ဩမှင်သက်နေမှုကို ကြည့်ပြီးနောက် ကပ္ပတိန်ရမ်ဇီကွမ်းက ကျေနပ်အားရစွာ ပြုံးရင်း အ သံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ဒီပင်လယ်အောက်မှာ သတ္တုပစ္စည်း တန်ချိန် ၁ သန် း ကျော် ရှိတယ်...အများစုက မီးခိုးနက်ရောင်သ တ္တုတွေ ဖြစ်ပြီး ကျန်တာတွေကတော့ အနက်ရောင် သတ္တုနဲ့ ငွေဖြူရောင်သတ္တုချောင်းတွေပဲ..."
ယခင်တစ်ခါ ဆယ်ယူရေးလုပ်တုန်းကမူ ထိုငွေဖြူ ရောင်သတ္တုချောင်းများကို မြင်ရသူတိုင်းက ငွေအစ စ်များဟု ထင်မှတ်ခဲ့ကြသည်။သို့သော်လည်း ၎င်း တို့မှာ အမှန်တကယ်တွင် တန်ဖိုးဖြတ်မရသော ပုံမှန် အပူချိန်တွင် ခံနိုင်ရည်ရှိသည့် စူပါလျှပ်ကူးပစ္စည်း များ ဖြစ်ကြောင်း သိသူမှာ လူနည်းစုသာ ရှိ၏။
ပင်လယ်အောက်တွင် ထိုသတ္တုပုံကြီးကို မြင်လိုက်ရ သောအခါ ဘလူးဝေးလ်ပေါ်ရှိ သင်္ဘောသားများမှာ တက်ကြွဖြတ်လတ်လာပြီး အလုပ်စတင်ရန် အားခဲ ထားကြပေသည်။
ကပ္ပတိန်ရမ်ဇီကွမ်းကိုယ်တိုင် ဦးစီးကွပ်ကဲမှုဖြင့် ဆ ယ်ယူရေးလုပ်ငန်းကြီးကို စတင်လိုက်ကြ၏။
မကြာမီမှာပင် ကေလာဝေးလ်သင်္ဘောကြီးက အနီး သို့ ကပ်လာပြီး ပထမဆုံးအသုတ်အဖြစ် ဆယ်ယူရ ရှိလာသည့် သတ္တုချောင်းကြီးများကို သင်္ဘောပေါ် သို့ စနစ်တကျ စတင်တင်ဆောင်လိုက်ကြသည်။
ဆယ်ယူရေးလုပ်ငန်းတစ်ခုလုံးသည် စနစ်တကျရှိ လှပြီး မည်သည့်အမှားအယွင်း၊ မည်သည့်ဖရိုဖရဲ ဖြ စ်မှုမျိုးမျှ မရှိဘဲ ချောမွေ့စွာ လည်ပတ်နေပေသည်။
...........
ဂိုဝူကမ္ဘာတွင်မူ
အိမ်တော်ထိန်းထန်ဟုန်ယိီ၏ စိတ်ထဲတွင် ယခုအချိ န်ထိတိုင် မယုံနိုင်စရာကောင်းသော ခံစားချက်တစ်ခု ကိန်းအောင်းနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်စဉ်တိုးတက်မှု အရှိန်မှာ အံ့မခန်း မြန်ဆန်လွန်းနေသောကြောင့် ဖြစ် ၏။နှစ်ရက်ခန့်အတွင်းမှာပင် သူက အဆင့်များစွာ ကို ကျော်ဖြတ်ကာ ယခုအခါ ရွှမ်အဆင့် ၇ သို့ပင် ရောက်နေပြီဖြစ်သည်။
ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မစ ဉ်းစားမိခဲ့ပေ။ထိုအမြန်နူန်းအတိုင်းသာ သူ ဆက်သွ ားမည်ဆိုပါက နောက်ထပ်ရက်အနည်းငယ်လော က်ဆိုလျှင် မြေကမ္ဘာဆင့် ရောက်တော့မည်ကို သူ ကောင်းကောင်းသိနေခဲ့သည်။
"ဘုရားရေ..ငါက မြေကမ္ဘာအဆင့်ကို ရောက်တော့မှ ာလား....."
တစ်ချိန်တုန်းက ထိုအဆင့်မှာ သူ့အတွက်မူ အလှမ်း ဝေးလွန်းပြီး အလွန်လေးစားအားကျရသည့် အဆင့် တစ်ခုဖြစ်ခဲ့သော်လည်း ယခုမူ ထိုပန်းတိုင်မှာ သူ၏ လက်တစ်ကမ်းသို့ ရောက်ရှိနေပြီဟု ခံစားနေရသည် ။
ထန်ဟုန်ယီက စိတ်ထဲမှ ရေရွတ်မိလိုက်၏။
"ဟူး သခင်က ထွက်သွားတာ ဆယ်ရက်လောက် တောင် ရှိနေပြီ..ဘယ်တော့များမှ ပြန်လာပါ့မလဲ မ သိဘူးကွာ.."
ထိုစဉ်မှာပင် အိမ်တော်တံခါးပြင်ဘက်မှ အပြေးအ လွား ဝင် လာသည့် ခြေသံများအား သူ ကြားလိုက် ရသည်။ပြေးလာသူမှာ တံခါးဝတွင် နေ့စဥ် ကင်းစေ ာင့်နေရသည့် တံခါးစောင့်ပင် ဖြစ်၏။
သူသည် အမောတကောဖြင့် ပြေးဝင်လာပြီး အော် ပြောလိုက်သည်။
"အိမ်တော်ထိန်းထန်... အိမ်တော်ထိန်းထန်.. အပြင်မှ ာ အရမ်းအရေးကြီးတဲ့ ဧည့်သည်တော်တစ်ဦး ရေ ာက်နေပါတယ်..."
ထန်ဟုန်ယိီက ချက်ချင်း ထရပ်လိုက်ပြီး စိုးရိမ်တ ကြီး ပြန်မေးလိုက်၏။
"ဧည့်သည်တော်က ဘယ်သူလဲ.. သူက ဘယ်သူဘ ယ်ဝါဆိုတာကိုရော ပြောပြသေးလား"
"ဧည့်သည်တော်က သူ့ကိုယ်သူ ပဉ္စမမင်းသားလို့ ပြောပါတယ်..သခင်နဲ့ တွေ့ဖို့ မြို့တော်ကနေ အထူး တလည် ကြွလာတာလို့ ပြောပါတယ်ခင်ဗျ.."
"ဘာလဲ ပဉ္စမမင်းသားလား.."
ထိုဘွဲ့အမည်ကို ကြားလိုက်ရသည်နှင့် ထန်ဟုန်ယိီ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန် ယင်လာခဲ့သည်။သူက အခြေအနေမဟန်မှန်းရိပ်မိ သဖြင့် အမြန် အမိန့်ပေးလိုက်၏။
"မြန်မြန်...ခေါင်းဆောင်ဆွန်ကို အခုချက်ချင်း လာဖို့ သွားပြောချေ.."
ပြီးခဲ့သည့်တစ်ခေါက်က ပထမမင်းသားသည် လူအ င်အား ရာနှင့်ချီခေါ်ဆောင်ကာ သတ်ဖြတ်ရန် အိမ် တော်သို့ ရောက်လာခဲ့ဖူးသည်။
ထိုစဉ်က ကံကောင်းထောက်မစွာဖြင့် သခင်လျူ ကို ယ်တိုင် သူ၏အစွမ်းအစကို ပြသပြီး မြေကမ္ဘာအဆ င့်သခင် ငါးဦးကို ဆက်တိုက်သတ်ဖြတ်ကာ ပထမမ င်းသားကိုပင် ခြေဖဝါးအောက်တွင် နင်းခြေ၍ ဆုံးမ ခဲ့ရ၏။
ယခု ပထမမင်းသား အရေးနိမ့်သွားသည်မှာ ၁၀ ရ က်ခန့်သာ ရှိသေးချိန်တွင် ပဉ္စမမင်းသား ထပ်မံရော က်ရှိလာခြင်းမှာ ပြဿနာရှာရန် ဖြစ်နိုင်သည်ဟု သူ တွေးမိလိုက်သည်။
ထို့ကြောင့်ပင် အိမ်တော်စောင့်တပ်ခေါင်းဆောင် ဆွ န်လိီယောင်ကို အဖော်အဖြစ် အမြန်ခေါ်ခိုင်းလိုက်ခြ င်းဖြစ်၏။
သူနှင့် ဆွန်လိီယောင်ဆိုလျှင် မြေကမ္ဘာအဆင့်သို့ မ ရောက်သေးသဖြင့် ပဉ္စမမင်းသား၏အင်အားကို ခုခံ နိုင်စွမ်း မရှိသော်လည်း လူနှစ်ယောက်ဖြစ်နေပါက စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကိုးရာရမည်ဟု သူ ကယူ ဆမိလိုက်သည်။
ထန်ဟုန်ယိီသည် စိုးရိမ်စိတ်ဖြင့် အိမ်တော်တံခါးဝ သို့ အပြေးအလွှား သွားလိုက်၏။
သို့သော်လည်း အိမ်တော်ရှေ့သို့ သူ ရောက်လာသေ ာအခါ ထင် မှတ်ထားသကဲ့သို့ တံခါးဝတွင် လူရာ နှင့်ချီ၍ ဝိုင်းရံခြင်းမျိုး မရှိသည်ကို တွေ့လိုက်ရသ ဖြင့် သူ အံ့အားသင့်ခဲ့ရသည်။
အိမ်တော်၏ အပြင်တွင် လူတစ်ဒါဇင်ခန့်သာရှိပြီး ခေါင်းဆောင်ဖြစ်သူမှာ ခန့်ညားထည်ဝါစွာ ဝတ်ဆ င်ထားသည့် လူငယ်တစ်ဦးဖြစ်၏။အသက် ၂၀ ခန့် သာရှိကာ ထိုလူငယ်၏ အင်္ကျီပေါ်တွင် နဂါးရုပ်ပုံ အ လွှာများကို လက်ရာမြောက်စွာ ပန်းထိုးထားခဲ့သည်။
ကြည့်ရုံနှင့်ပင် ထိုလူငယ်သည် ပဉ္စမမင်းသားဖြစ် ကြောင်း သိသာ ထင်ရှားနေပေသည်။
ထိုလူငယ်ထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက် မျိုး လုံးဝမခံစားရသည့်အပြင် အခြွေအရံ လူတစ်ဒ ါဇင်ခန့်သာ ပါလာခြင်းကြောင့် ထန်ဟုန်ယိီ အံ့ဩ သွားခဲ့ရသည်။သို့သော်လည်း သူသည် သတိ အပြ ည့်ထားကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက် ပြီး လက်နှစ်ဖက်ကို ယှက်၍ အရိုအသေပေးလိုက် ၏။
"အရှင်မင်းသားက ပဉ္စမမင်းသားလားခင်ဗျ.. ကျွန် တော်ကတော့ ဒီအိမ်တော်ရဲ့ အိမ်တော်ထိန်း ထန်ဟု န်ယိီပါ..."
ပဉ္စမမင်းသားက ယဉ်ကျေးစွာ ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ်..ကျွန်တော်က မြို့တော်ကနေ ခဗျား တို့ရဲ့ သခင်ကို တွေ့ဖို့ တကူးတက လာခဲ့တာပါ"
ထန်ဟုန်ယိီက တည်ငြိမ်စွာဖြင့်ပင် ပြန်ပြောလိုက်၏ ။
"ကျွန်တော့်သခင်က ခရီးထွက်နေလို့ အခုလောလော ဆယ် အိမ်တော်မှာ မရှိပါဘူးခင်ဗျာ"
"အာ..သခင်လျူ မရှိဘူးဆိုတော့ ခက်တာပဲဗျာ...."
ပဉ္စမမင်းသား၏ လေသံမှာ သိသိသာသာ စိုးရိမ် ပူ ပန်နေပေသည်။
"အိမ်တော်ထိန်းထန်..ခင်ဗျားတို့သခင် ဘယ်အချိန် လောက် ပြန်လာမလဲဆိုတာ ခန့်မှန်းလို့ ရနိုင်မလား"
ထန်ဟုန်ယိီက အားနာသည့်လေသံဖြင့် ရှင်းပြလိုက် ၏။
"ဒါကိုတော့ ကျွန်တော်လည်း သေသေချာချာ မသိပ ါဘူး..သခင်လျူက ၁၀ ရက်လောက်လည်း ကြာနို င်သလို.. တစ်လ ဒါမှမဟုတ် နှစ်လလောက်နေမှ ပြ န်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်ခဗျ.."
ပဉ္စမမင်းသား၏ မျက်နှာပေါ်တွင် စိတ်ပျက်အား င ယ်မှုများ ထင်ရှားစွာ ပေါ်လွင်နေ၏။
"အဲ့ဒီလိုလား..."
ရောက်လာသည့် ဧည့်သည်သည် အမှန်တကယ်ပင် ပြဿနာရှာရန် လာခြင်းမဟုတ်ကြောင်း ရိပ်မိသွား သောအခါ ထန်ဟုန်ယိီက သူတို့ကို အိမ်တော်ထဲသို့ ယဉ်ကျေးစွာ ဖိတ်ခေါ်ပြီး ဧည့်ခံလိုက်သည်။
လက်ဖက်ရည်သောက်ရင်း စကားစမြည် အနည်းင ယ် ပြောဆိုပြီးနောက် ပဉ္စမမင်းသားက ထရပ်၍ နှု တ်ဆက်ကာ ပြန်လည်ထွက်ခွာသွား၏။သို့သော်လ ည်း သူသည် မြို့တော်သို့ ချက်ချင်းပြန်မသွားသေး ဘဲ ဟိုင်ကျိုးမြို့အတွင်း၌ပင် နေထိုင်ခဲ့ပေသည်။
ပဉ္စမမင်းသား၏ ဆုံးဖြတ်ချက်က ရှင်းလင်းပြတ် သားလှသည်။၎င်းမှာ သခင်လျူယောင်ပြန်လာသ ည်အထိ သူက စောင့်နေရန်ပင်။ထိုမျှဝေးကွာလှသ ည့် ခရီးကို ခက်ခဲပင်ပန်းစွာ လာခဲ့ရပြီးမှ လက်ဗလာ ဖြင့် ပြန်လှည့်သွားရန်မှာ သူ့အတွက်မူ လုံးဝမဖြစ်နို င်ပေ။
မကြာမီမှာပင် ဟိုင်ကျိုးမြို့သို့ ပဉ္စမမင်းသား ရော က်နေသည့်သတင်းမှာ တစ်မြို့လုံးသို့ တောမီးအလ ား ပျံ့နှံ့သွားခဲ့ပြီး အရပ်သားအားလုံး၏ ပါးစပ်ဖျာ းတွင်အယမူ ရေပန်းစားသော ခေါင်းစဉ်တစ်ခု ဖြစ် လာခဲ့သည်။
အစပိုင်းတွင် လူအများစုက ပဉ္စမမင်းသားသည် ပ ထမမင်းသားအတွက် လက်စားချေရန် ရောက်လာ ခြင်းဖြစ်မည်ဟု လူတိုင်းက ထင်ကြေးပေးခဲ့ကြသေ ာ်လည်း ထိုမင်းသားသည် မည်သည့်ရန်လိုမှုမျှမပြ ဘဲ မြို့ထဲ၌သာ အေးဆေးစွာ တည်းခိုနေသည်ကို မြ င်သောအခါ လူတိုင်း၏ ဝေဖန်ဆွေးနွေးမှုများက ပို မို ဆူညံလာခဲ့၏။
"ဟေး..ပထမမင်းသားက သခင်လျူရဲ့ ဆုံးမတာကို အကြီးအကျယ် ခံလိုက်ရတာတောင် ပဉ္စမမင်းသား က လက်စားချေဖို့ မလုပ်ဘူးဆိုတာ တကယ်ကို ထူ းဆန်းတယ်ဗျာ.."
"သူက လက်စားချေဖို့ လာတာမှ မဟုတ်တာ.. သခင် လျူကို အရိုအသေပေးဖို့ သီးသန့်လာခဲ့တာလို့ ငါ ကြားတယ်ဟ..."
"သခင်လျူကတော့ တကယ်ကို အံ့မခန်းပါပဲကွာ.. တော်ဝင်မင်းသားတစ်ပါးကို အဲ့ဒီလောက်အထိ ပည ာပေးခဲ့တာတောင် ဘာအန္တရာယ်မှ မကျရောက်တဲ့ အပြင် နောက်ထပ်မင်းသားတစ်ပါးကတောင် လာ တွေ့ရတယ်ဆိုတော့..မိုက်လိုက်တာကွာ..."
"ဒါက ခွန်အားကသာ အရာရာကို ဆုံးဖြတ်တယ်ဆို တာ သက်သေပဲလေ..သခင်လျူရဲ့ ခွန်အားက.. ဒီ လောက်သန်မာတာ ဘယ်သူကများ လာပြီး ပြဿ နာရှာရဲမှာလဲ.."
ပဉ္စမမင်းသား၏ ရောက်လာမှုသည် လျူယောင်အ ပေါ်တွင် ဟိုင်ကျိုးမြို့သူမြို့သားများက ပိုမိုကြည် ညိုလေးစားလာရုံသာမက "အင်အားကြီးမားခြင်းသ ည် လေးစားမှုကို ရရှိစေသည်" ဟူသော ဆို့ရိုးစကား ကိုပါ ထပ်လောင်း အတည်ပြုပေးလိုက်သကဲ့သို့ ရှိ နေပေသည်။
သခင်လျူကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက်မူ ပထမမ င်းသားကို ပြင်းထန်စွာ ဆုံးမခဲ့ခြင်းက မည်သည့် ဆို းကျိုးမျှ ရှိမလာခဲ့ပေ။နန်းတော်ကပင် သူ၏အရှိန် အဝါကို ကြောက်ရွံ့ရသဖြင့် ပြဿနာရှာရန် ရည်ရွ ယ်ချက် လုံးဝမရှိခဲ့ကြချေ။
.......
ထိုအချိန်တွင် လျူယောင်သည် ပဉ္စမမင်းသား သူ့ ထံ လာရောက်လည်ပတ်သည်အား မသိဘဲ ဆိပ်ခံ တံတားပေါ်တွင် မတ်တပ်ရပ်လျက် ကျယ်ပြောလှ သော ပင် လယ်ပြင်ကြီးကို ငေးမောကာ ကြည့်နေခဲ့ သည်။သူ့ နောက်တွင်မူ ရှင်းဖေးဝမ်နှင့်အတူ ယူနီဗာ ဆဲလ်မှ အဆင့်မြင့်ဝန်ထမ်းအချို့က ရိုသေစွာ ရှိနေ ကြ၏။
ပင်လယ်ပြင်၏ အဝေးတစ်နေရာတွင်မူ သင်္ဘောအု ပ်စုကြီး၏ ပုံရိပ်ကို စတင်မြင်တွေ့နေရပြီဖြစ်သည်။ ရက်အနည်းငယ်ကြာ မောင်းနှင်ခဲ့ပြီးနောက် ယူနီဗာ ဆဲလ်မှ သင်္ဘောကြီး(၇) စီးလုံးသည် ဟွာဟိုင်းမြို့မှ ဆိပ်ကမ်းသို့ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လ ည်ဆိုက်ကပ်လာကြပြီ ဖြစ်၏။
ယခုတစ်ခေါက်တွင်မူ ထိုသင်္ဘောကြီးတစ်စီးချင်းစီ တွင်သတ္တုများ အပြည့် တင်လာခဲ့ကြသည်။